Thursday, July 12, 2012

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုကို ဂျပန်နည်းပညာက အထောက်အကူပြုလိမ့်မည်ပာု မြန်မာဝန်ကြီးပြောကြား


(The Japan Times မှ 11 Jan 2012 ရက်စွဲပါ “Myanmar aninister view Japanese tech hopes it will help nation develop”သတင်းကို ဘာသာပြန်ဆိုသည်)

တိုကျိုမြို့ အသေးစားစက်ရုံတစ်ခုသို့လာရောက်လည်ပတ်သော မြန်မာစီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်က ၎င်းအနေနှင့် ဂျပန်နိုင်ငံ၏ နည်းပညာကို နှစ်သက်ချီးကျူးကြောင်းနှင့် ယင်းကဲ့သို့သော လုပ်ငန်းငယ်များသည် မြန်မာ့စီးပွားရေးဖွံ့ဖြိုးအောင်မောင်းနှင်ရာတွင် အထောက်အကူ ပြုနိုင်ကြောင်း ပြောဆိုလိုက်သည်။

“ ကျွန်တော်တို့ကို ဂျပန်နည်းပညာနဲ့ လုပ်နည်းကိုင်နည်းတွေ သင်ကြားပေးဖို့အခွင့်အလမ်းကို ခင်ဗျားတို့ ရယူဖမ်းဆုပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”ပာု ဦးဝင်းမြင့်က တိုကျိုမြို့စက်ရုံငယ်များတည်ရှိရာ အိုတာရပ်ကွက်ရှိ ခွဲစိတ်လေ့ကျင့်သင်တန်းသုံးပစ္စည်းများထုတ်လုပ်သော EMB Crop သို့ တနလာင်္နေ့တွင် လာရောက်လည်ပတ်ပြီးနောက် သတင်းထောက်များအား ပြောကြားခြင်းဖြစ်သည်။

အင်္ဂါနေ့တွင် တိုကျိုမြို့နှင့် ကြာသပတေးနေ့တွင် အိုဆာကာတို့၌ စီးပွားရေးဆွေးနွေးပွဲများတက်ရောက်ရန် ဂျပန်နိုင်ငံသို့ရောက်ရှိလာသော ဝန်ကြီးဦးဝင်းမြင့်နှင့်အတူ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၂၅ ဦးလိုက်ပါလာသည်ပာု သိရသည်။

၂၀၀၆ ခုနှစ်တွင် ပတ်ယွန်ကွမ်က ချေးငွေဖြင့်စတင်ထူထောင်ခဲ့သော EBM Corp သည် အိုတာရပ်ကွက်၌ အခြားစက်ရုံငယ် ၄၅ ခုအကြားရှိ အဆောက်အဦးတစ်ခုတွင် တည်ရှိသည်။ ပတ်ယွန်ကွမ်က ၎င်း၏ စက်ရုံထုတ် ဆေးပစ္စည်းကိရိယာများကို ဂျပန်နိုင်ငံရှိ ဆေးရုံပေါင်း ၁၀၀ ခန့်တွင် အသုံးပြုနေကြပြီး၊ အမေရိကန်၊ တရုတ်နှင့် ဂျာမဏီကဲ့သို့ နိုင်ငံများသို့လည်း တင်ပို့ရောင်းချနေသည်ပာု ပြောကြားသည်။

“ဒီလိုနေရာ ကျဉ်းကျဉ်းလေးမှာ ငွေအရင်းအနှီးနည်းနည်းနဲ့ ဒီလိုထုတ်လုပ်ရေးလုပ်ငန်းတွေ လည်ပတ်နေတာကို ကျွန်တော်အထင်ကြီး လေးစားမိပါတယ်။ ဒီလိုတိုက်ခန်းပုံစံစက်ရုံမျိုးပာာ မြေကွက်တန်ဖိုးဈေးကြီးတဲ့ မြန်မာနိုင်ငံအတွင်း အသုံးတည့်ပါတယ်။ အလားတူစနစ်ပုံစံမျိုး ထူထောင်ရာမှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို တခြားဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးနိုင်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်”ပာု ဦးဝင်းမြင့်က ဆိုသည်။

ထို့ပြင် ဦးဝင်းမြင့်က “ပစ္စည်းအစိတ်အပိုင်းထုတ်လုပ်တဲ့ အလတ်စား၊ အသေးစားကုမ္ပဏီတွေက ကုမ္ပဏီကြီးတွေရဲ့ ထုတ်လုပ်မှုကို အထောက်အကူပေးနေတယ်ဆိုတာကိုသိရတာ အလွန်အသုံးဝင်ပါတယ်”ပာု ဆက်လက်ပြောကြားသည်။

အထက်ပါစက်ရုံသို့ ဦးဝင်းမြင့်ရောက်ရှိစဉ်အတွင်း ပတ်ယွန်ကွမ်၏ညွှန်ပြမှုဖြင့် နှလုံးခွဲစိတ်မှု(heart bypass surgery) လေ့ကျင့်ရာတွင်အသုံးပြုသော Simulator ကို လက်တွေ့ကိုင်တွယ်ခွင့်ရရှိခဲ့သည်။

ပတ်ယွန်ကွမ်က “၎င်းကဲ့သို့ စက်ရုံငယ်များ၏ အားသာချက်မှာ ခွဲစိတ်ဆရာဝန်များ၏ လိုအပ်ချက်နှင့်ကိုက်ညီသော ကိရိယာကို လျင်မြန်စွာ ထုတ်လုပ်ပေးနိုင်ခြင်းပင်ဖြစ်ပြီး၊ မြန်မာတို့နှင့် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါသည်”ပာု ပြောကြားသည်။

ဦးဝင်းမြင့်သည် အဆိုပါ စက်ရုံခရီးစဉ်အပြီးတွင် ဂျပန်နိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ တာဒါရှီကာမူရာနှင့် ဆက်လက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ဂျပန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုကို အားပေးရန်အတွက် ဂျပန်ကုန်သည်ကြီးများအသင်း၏ အကူအညီကို တောင်းခံခဲ့သည်ပာု သိရသည်။

“မြန်မာနိုင်ငံသည် အခွန်နှုန်းထား၊ နိုင်ငံခြားငွေလဲနှုန်း၊ အစိုးရစည်းမျဉ်း၊ စည်းကမ်းများ စသော ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ နယ်ပယ်များကို တိုးတက်အောင်ကြိုးပမ်းလျက်ရှိပြီး လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကိုလည်း စတင်လည်ပတ်ဆောင်ရွက်နေသည်”ပာု ဦးဝင်းမြင့်က အိုကာမူရာအား ပြောကြားသည်။

အိုကာမူရာကလည်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအရှိန်ရလာလိမ့်မည်ပာုမျှော်လင့်ကြောင်းနှင့် ဂျပန်အသေးစားနှင့် အလတ်စားကုမ္ပဏီများ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံကြအောင် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

စက်တင်ဘာလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့စေလွှတ်မည်ပာု ဂျပန်ကုန်သည်ကြီးများအသင်းက ထုတ်ပြန် ကြေညာထားသည်။
yangonchronicle

No comments:

Post a Comment