Thursday, July 19, 2012
ကြယ်တာရာတွေ မြေခ ၊ သောက ပင်လယ်ဝေတဲ့နေ့...။
ကမ္ဘာမြေကြီး ပြောင်းပြန်လည်ပတ်
ပြောင်းလဲခြင်းများလည်း ဗြောင်းဆန်
ရင်ကွဲနာကျ အိပ်မက်တွေ ရှည်လျား
လူရမ်းကားများ ယမ်းငွေ့မှာ ပျော်ပါး
ကောင်းကင် တစ်ပြင်လုံး ပြိုကျ
ကြယ်တာရာတွေ မြေခတဲ့ နေ့.....။
တိမ်ကောခါနီး မြစ်တစ်တစ်စင်းလို စီးဆင်း
လောင်းရိပ်မိ သစ်တစ်ပင်လို ရှင်သန်
မနက်ဖြန် သက္ကရာဇ်များ ရင်ကို တစစ်စစ် နာကျင်
အဖြစ်အပျက်များ အရင်လို ဟောင်းနွမ်း မသစ်လွင်တော့
ဘ၀ မီးတောင်တွေ နှလုံးသားထဲ ပေါက်ကွဲနေတဲ့ တိုင်းပြည်မှာ...။
ဖောက်ပြန်သူတွေရဲ့ ဦးနှောက်တစ်ချက် အဖောက်
ကံကြမ္မာဆိုးက မွှေနှောက်
တိုင်းပြည်ဟာ မျက်မမြင် ဒုက္ခိတ လို လမ်းလျှောက်
ပြဿနာတွေ မုန်တိုင်းထန်ခဲ့တယ်....။
အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေထဲ
အမွေဆိုးတွေ တပွေ့တပိုက်နဲ့ နိုင်ငံတော်
မကောင်းမှုများ ဒုနဲ့ဒေး ချီတက်
သွေးစွန်းတဲ့ နေ့ရက်တွေ မေ့ပျောက်လို့ မရနိုင်တော့ ..။
အနာဂတ် မျှော်လင့်ချက်တွေ အရုပ်ဆိုး
လွတ်လပ်ရေး ပန်းကောင်း အညွှန့်ကျိုး
လှိုင်းကြမ်းမှာ လှေလှော်ရင်း တက်ကျိုးသလို
မျက်ရည်တာရိုး ကျိုးကျ ၊ သောက ပင်လယ်ဝေတဲ့နေ့...။
အောင်ခိုင်မြင့်
၁၉ ဇူလိုင် ၂၀၁၂
ဖခင်ဗိုလ်ချုပ်စကား ဒို့နှလုံးသားထဲဝယ်
ဆရာတက္ကသိုလ် ဘုန်းကြွယ်
by Victor Tan on Thursday, July 19, 2012 at 7:49am ·
ဖခင်ဗိုလ်ချုပ်စကား ဒို့နှလုံးသားထဲဝယ်
ဖခင်ဗိုလ်ချုပ်…
သင့်အား မနာလို ၀န်တိုစိတ်နဲ့
သင့်အတိတ်ကဇာတ်ထုပ်ကို
ဘယ်လိုပင် ဇာတ်မြှုပ်မြှုပ်…။
သင့်၏ကျော်ကြား မိန့်ခွန်းစကားများကို
ပပျောက်သွားအောင်
ဘယ်လိုပင်ဖျောက်ထားဖျောက်ထား…။
သင်နှင့်တကွ ကျဆုံးသွားလေပြီဖြစ်သော
ခေါင်းဆောင်များကို ဘယ်လိုပင်
မေ့ပစ်ထား မေ့ပစ်ထား…။
သင့်တို့အားအမှူးထား ဦးစားပေးတွေးရှု
အလေးပြုခဲ့တဲ့ အာဇာနည်းနေ့အခမ်းအနား
ကျင်းပမှုများကို ဘယ်လိုပင်တားတား…။
သင်တို့၏စိတ်ဓါတ် သင်တို့်၏လုပ်ရပ်များသည်
ပြည်သူတရပ်လုံး၏ နှလုံးသားထဲဝယ်
စုံးစုံးမြှုပ်ထား လုံးလုံးထုတ်မသွားနိုင်ပါ…။
ဒင်းတို့ဘယ်လိုထုတ်ထုတ်
မဖြုတ်နိုင် မထုတ်နိုင်
မြဲခိုင်ခိုင် ပြည်သူ့ရင်ထဲ
သံမှိုစွဲသည်သို့ စွဲနေမည်မှာ အမှန်မလွဲ…။
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီသောအာဇာနည်
ခေါင်းဆောင်များကို ရှေးရှု အလေးပြုပါသည်။
တက္ကသိုလ်ဘုန်းကြွယ် (ဇူလိုင် ၁၉ ၂၀၁၂)
အောက်ပါလင့်များ Copy & Pasteလုပ်ပြီး ဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းများ သီချင်းများ ကိုကြားနာနိုင်မည်။
http://www.youtube.com/watch?v=7jcJHxDQbzg http://www.youtube.com/watch?v=NJRyf2DdZcY
http://www.youtube.com/watch?v=ks9oZQ8zE-c
http://www.youtube.com/watch?v=sgr5DT2FpzY
http://www.youtube.com/watch?v=mcJQNTRM494
http://www.youtube.com/watch?v=keeNpbp-ckU&feature=youtu.be
အထက်ပါ လင့်များကို Copy & Paste လုပ်ပြီး
အတိတ်ကမိန့်ကြားခဲ့တဲ့ဖခင်ဗိုလ်ချုပ်အောင်ဆန်းရဲ့
မိန့်ခွန်းများနှင့်သီချင်းများကိုကြားနာနိုင်မည်။
အာဇာနည်မျိုး သေရိုးမရှိပါ...။
ဘယ်လိုသတ်သတ် သတ်လို့မသေတာ
အာဇာနည်တွေပါ..
ဆရာတက္ကသိုလ် ဘုန်းကြွယ်
ရှားပါးပျောက်ကွယ်လုနီးပါးဖြစ်နေသည့် အာဇာနည်နေ့ ဥသြဆွဲသံ နှင့် အာဇာနည်နေ့ မော်ကွန်းဝင် မေလှမြိုင် တေးသီချင်း
19.7.2012 မနက်ပိုင်း သတင်းများ
★ဇူလိုင်လ (၁၉) ရက်၊ မြန်မာစံတော်ချိန်နံနက် ၁၀း ၃၇ နာရီ တိတိတွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားစွာ ဂါရ၀ဖြင့် ဥသြဆွဲသံနဲ့ အတူ ဦးညွှတ် အလေးပြုအပ်ပါသည်★
★ ★ ★ ★ ★ ★ ★ ★ ★
★ အလေးပြုပါသည် ★
သီဆိုသူ - မေလှမြိုင်
ရေးစပ်သီကုံးသူ - ဂီတာတင်အုံး
(နှစ်လဌာနီ အခါရာသီရွေ့ပေမယ့် အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ…♫ ♪ ♫ ♪ ♫ ♪…ယနေ့ဖြင့် သတိ တရားထားဖို့ အခြေ …♫ ♪ ♫ ♪ ♫ ♪…အများပြည်သူတွေ အများပြည်သူတွေ …♫ ♪ ♫ ♪ ♫ ♪…အာဇာနည်နေ့ကိုလေ တွေးရှုကာပဲ …♫ ♪ ♫ ♪ ♫ ♪…အလေးပြုပါမယ်လေ…♫ ♪ ♫ ♪ ♫ ♪… )၂
စနစ်အနေပြောင်းခဲ့ပေမယ့် အဖြစ်ဟောင်းက ဖြေသော်မပြေ …♫ ♪ ♫ ♪ ♫ ♪… လွမ်း ... မျက်ရည် မြေခပြီမို့ တွေးတသသ ဆွေးစမရွှင်ပေ …♫ ♪ ♫ ♪ ♫ ♪… ရွှေရင်ဆူ ကဲ ကြေကွဲဝမ်းနည်းရပုံတွေ ယနေ့ထက်တိုင် အခြေ မမေ့ရက်နိုင်ပါလေ…♫ ♪ ♫ ♪ ♫ ♪…
အာဇာနည်ခေါင်းဆောင်ကြီးတွေ …♫ ♪ ♫ ♪ ♫ ♪ ♫ ♪…
အာဇာနည်ခေါင်းဆောင်ကြီးတွေ …♫ ♪ ♫ ♪ ♫ ♪ ♫ ♪…
ကောင်းရာသုဂတိရောက်ရှိကြပြီလေ…♫ ♪ ♫ ♪ ♫ ♪ ♫ ♪…
တေးကဗျာ အနုစာခွေရေးကာ တေးပြု …♫ ♪ ♫ ♪... အလေးပြုပါတယ်လေ …♫ ♪ ♫ ♪ ♫ ♪ ♫ ♪…
(အစအဆုံး ပြန်ဆို) shared by: Ko Myoe
လွမ်းမပြေတဲ့ပန်းခွေ(စိန်ပါတီ)
ဗိုလ်ချုပ်မရှိတဲ့ အချိန် ရင်နင့်စရာ ရှားပါး ဓါတ်ပုံ ပါ
ဒီနေ့ အာဇာနည်နေ့အကြိုအဖြစ် အလွန်တန်ဖိုးရှိတဲ့ ရှားပါးဓာတ်ပုံလေးတစ်ပုံ ရခဲ့ပါတယ်။
ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီး ထွက်ရှိလာတဲ့ ဒီးဒုတ်ဂျာနယ်(၄.၈.၁၉၄၇) ထုတ်မှာ ပါခဲ့တဲ့ ပုံလေးပါ။
ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၊ သခင်သန်းထွန်းကတော် ဒေါ်ခင်ခင်ကြီးတို့ ညီအစ်မ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ဆန်းဦးတို့ ကလေးဘ၀။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီး ရိုက်ကူးခဲ့တဲ့ သမိုင်းဝင်ပုံလေးဖြစ်ပါတယ်။
သိမ်းဆည်းထားပြီး မျှဝေထုတ်ပေးခဲ့တဲ့ ဆောင်းပါးရှင် ဆရာချမ်းငြိမ်းကို ကျေးဇူးအထူးတင်ပါ တယ်။
(ဖေဖေ-ဒက်ဒီ- ပါပါ ဟု တတွတ်တွတ် ဆိုငို မြည်တမ်းလျှက်ရှိသော လူမမယ်ကလေးငယ်များကို ဒေါ်ခင်ကြည်သည် အမျိုးမျိုး နှစ်သိမ့်ရတော့၏..... ဆိုတဲ့ ပုံစာလေးက ရင်နင့်စရာပါ)
အဘ ဥက္ကာကိုကို
ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီး ထွက်ရှိလာတဲ့ ဒီးဒုတ်ဂျာနယ်(၄.၈.၁၉၄၇) ထုတ်မှာ ပါခဲ့တဲ့ ပုံလေးပါ။
ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၊ သခင်သန်းထွန်းကတော် ဒေါ်ခင်ခင်ကြီးတို့ ညီအစ်မ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ဆန်းဦးတို့ ကလေးဘ၀။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီး ရိုက်ကူးခဲ့တဲ့ သမိုင်းဝင်ပုံလေးဖြစ်ပါတယ်။
သိမ်းဆည်းထားပြီး မျှဝေထုတ်ပေးခဲ့တဲ့ ဆောင်းပါးရှင် ဆရာချမ်းငြိမ်းကို ကျေးဇူးအထူးတင်ပါ တယ်။
(ဖေဖေ-ဒက်ဒီ- ပါပါ ဟု တတွတ်တွတ် ဆိုငို မြည်တမ်းလျှက်ရှိသော လူမမယ်ကလေးငယ်များကို ဒေါ်ခင်ကြည်သည် အမျိုးမျိုး နှစ်သိမ့်ရတော့၏..... ဆိုတဲ့ ပုံစာလေးက ရင်နင့်စရာပါ)
အဘ ဥက္ကာကိုကို
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(မအူပင်ခရိုင်)
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(မအူပင်ခရိုင်)
"(၆၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အတွက် ဗကသများအဖွဲ့ချုပ်
(မအူပင်ခရိုင်)မှ ပေးပို့သော ၀မ်းနည်းကြောင်းသ၀ဏ်လွှာ "
"(၆၅)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အတွက် ဗကသများအဖွဲ့ချုပ်
(မအူပင်ခရိုင်)မှ ပေးပို့သော ၀မ်းနည်းကြောင်းသ၀ဏ်လွှာ "
zay ya ရဲ့ ငြိမ်းချမ်းစွာ နေရစ်တော့။
ဘယ်သူတွေ ထားလို့ ဘယ်သူတွေ စားခဲ့ရသလဲ
ဘယ်သူတွေ သေလို့ ဘယ်သူတွေ နေခဲ့ရသလဲ
သူသာလျှင် အမိ၊ သူသာလျှင် အဖ လို့
ဘယ် အခါ ကများ ပြောခဲ့ဖူးသလဲ၊
ပြည်သူတွေ လက်မခံပါဘူး ဆိုတဲ့ တစ်နေ့မယ်
ကျုပ်တို့လည်း မနေပါဘူး ဆိုခဲ့တဲ့ -
ကျုပ်ရဲ့ အဖေ
ခင်ဗျားရဲ့ အဖေ
သူတို့တွေ မေ့ဖို့ ကြိုးစား တဲ့
ကျုပ်တို့ရဲ့ ဘာမထီတွေ
သည်ကနေ့ - သည်ရက်မှာ -
မိုးလည်း ညိုခဲ့၊ မြေလည်း ပြိုခဲ့တယ်၊
သူရို့တွေလည်း
အားမနာ လျာမကျိုး
ဆက်လက်ပြီး မြိုခဲ့တယ်
ပြန်လှည့် မကြည့်ပါနဲ့ ဒီမြေကို
ပြန်လှည့် မသိပါစေနဲ့ ဒီလူတွေကို၊
သမိုင်းဟာ အထပ်ထပ်ကျော့တယ် ကြားဖူးလား
သမိုင်းဟာ အထပ်ထပ်အပြင်ခံရသတဲ့ ကြားဖူးလား
သပိတ် မသွပ်၊ ဆွမ်း မသွတ်ရ
ဓာတ်ပုံ မချိတ်၊ သံဃာ မပင့်ရ
ဆင်ဖြူကို ရင်မှာ ပိုက် - ငုတ်တုတ် မိုက်နေတဲ့ သူတို့တွေ
ခုထက်ထိ - အဖေ့ ကို ကြောက်နေကြတုန်းပဲ။
- အဟက် -
အဖေ...
ပြန်လှည့် မကြည့်ပါနဲ့ ဒီမြေကို
ပြန်လှည့် မသိပါစေနဲ့ ဒီလူတွေကို
ငြိမ်းချမ်းစွာ နေရစ်တော့။
.........................
July 19th 2012 at 7:30 AM
Global Citizen Award လက်ခံရန် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်သွားမည်
(VOA News မှ 18 July 2012 ရက်စွဲပါ “Aung San SuuKyi to accept award in US” သတင်းကိုဘာသာပြန်ဆိုသည်)
မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် Global Citizen Award ဆုကို လက်ခံရန်အတွက် စက်တင်ဘာလတွင် နယူးယောက်မြို့သို့ ရောက်ရှိလာမည်ဟု အမေရိကန်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားမှုအုပ်စုက ထုတ်ပြန်ကြေညာသည်။
Atlantic Council အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက “မြန်မာ့အတိုက်အခံခေါင်းဆောင်သည် ၄င်းဆုကို ကိုယ်တိုင်လက်ခံရယူမည် ဖြစ်သည်”ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ယခုခရီးစဉ်သည် ကုလသမဂ္ဂတွင် သူမအလုပ်လုပ်ခဲ့သော ၁၉၈၀ခုနှစ်များကာလနောက်ပိုင်း အမေရိကန်ပြည်ထောင်စုသို့ ပထမဆုံးပြန်လည်လာရောက်လည်ပတ်သည့် ခရီးစဉ်ဖြစ်လိမ့်မည်ဟုသိရသည်။
“ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက်မဆုတ်မနစ်သောလုံ့လဝီရိယဖြင့်တစ်စိုက်မတ်မတ်အားထုတ်ခဲ့ခြင်းအတွက် ဒေါ်အောင်ဆန်းစုကြည်အား ဆုချီးမြှင့်ခြင်းဖြစ်ပြီး သူမသည် လွတ်လပ်ခွင့်နှင့် လူ့ဂုဏ်သိက္ခာဆိုင်ရာ နိုင်ငံတကာ သင်္ကေတတစ်ခုဖြစ်သည်”ဟု Atlantic Council က ပြောကြားသည်။
ယခုအခါ လျင်မြန်စွာပြုပြင်ပြောင်းလဲနေသော မြန်မာနိုင်ငံမှ ကြီးကြီးမားမားအခွင့်အလမ်းများကို အမေရိကန်ကုမ္ပဏီကြီးများ၏ အကြီးအကဲများ ပါဝင်သော ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့က သွားရောက်လေ့လာနေချိန်တွင် ယခုဖိတ်ကြားမှုပေါ်ထွက်လာခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ပြုပြင်ပြောင်းလဲနေသော်လည်း သံသယဖြစ်ဖွယ် စစ်အုပ်ချုပ်ရေးအငွေ့အသက်များ ကျန်ရှိနေသေးသော မြန်မာနိုင်ငံအပေါ် Sactions များ ဖြေလျော့ပေးရာတွင် သတိရှိကြရန် အနောက်အုပ်စုနိုင်ငံများကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားထားသည်။
ပြီးခဲ့သောသီတင်းပတ်တွင် အမေရိကန်ပြည်ထောင်စုက မြန်မာ Sactions အချို့ကို ဖြေလျော့ပေးလိုက်ပြီး ၁၅ နှစ်တာ ကာလအတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံ၌ အမေရိကန်ကုမ္ပဏီများ ရင်းနှီးမြှပ်နှံခြင်းကို ခွင့်ပြုလိုက်ပြီဖြစ်သည်။
yangonchronicle
Subscribe to:
Posts (Atom)