Sunday, July 29, 2012

သူရဲကောင်း ဒိုင်ယာရီထဲက လူထု ဦးစိန်ဝင်း

PDF Print E-mail
Written by ခင်ဆွေဦး   
Friday, 27 July 2012 14:14


 


























၁။နွေ၊ မိုး၊ ဆောင်း ရာသီ အလှည့်အပြောင်း နှစ်၊ လ၊ နာရီပေါင်းတွေ ဖြတ်သန်း ကျော်လွှားခဲ့ချိန်၊ ကျွန်မ ဆရာ ဦးစိန်ဝင်းနှင့် အသိ အကျွမ်းမက ခင်မင် ရင်းနှီးခဲ့တာ ကျွန်မ အသက် ၃၀ သာသာ ၃၂၊ ၃၃ အရွယ်၊ ဆရာက အသက်အစိတ် ၀န်းကျင်။ ဆရာ ကျွန်မထက် ၈ နှစ်နီးပါး ငယ်ပါတယ်။
လူထု သတင်းစာ မပိတ်ခင် ကာလတွေ ကျွန်မ မန္တလေး ဦးလေးလှ၊ ဒေါ်ဒေါ်မာတို့ လူထုတိုက် ခဏခဏ ရောက်တဲ့ အချိန်တွေပေါ့။ ပြောရရင် မန္တလေးမှာ ရီမြင့် ရုပ်ရှင်ပိုင် နယ်လီ (ရီရီ)ဆီ အထုပ်ချပြီး ဒေါ်ဒေါ်မာတို့ဆီ သွားတည်းခို ခဲ့တယ်။ ကျွန်မဘ၀ လူထုဦးလှ၊ ဦးလေးလှ ကျွန်မရဲ့ဒုတိယ ဖခင်၊ ဒေါ်ဒေါ်မာက ဒုတိယ မိခင်။ ကျွန်မမေမေနဲ့ ဒေါ်ဒေါ်မာတို့ကလည်း အသက်ရွယ်တူတွေ။ လူထုတိုက်သွားတိုင်း၊ အရပ်မြင့်မြင့် ကိုယ်ဟန်သွယ်သွယ် အသားဖြူဖြူ အရေပါးပါး၊ နဖူးကျယ်၊ နားရွက်ကားနှင့် မျက်လုံးအရောင် တောက်တောက်၊ အမြဲတမ်းလို ပြုံးနေတဲ့မျက်နှာကို မြင်တွေ့ရပါတယ်။

၁၉၆၄-၆၅၊ ၆၆ ခု၊ ၆၇ ခုနှစ်ထိ၊ မန္တလေးသို့ ခဏခဏရောက်ပါတယ်။ ဒီအချိန်တွေ ကျွန်မ ဒို့တိုင်းဌာနီ လုံးချင်းဝတ္ထုရေးအပြီး တစ်နှစ်တစ်အုပ်နှုန်း၊ ဘ၀နှင့် မုန်တိုင်း၊ ဥမ္မာ၊ ကံ့ကော်ဦး မိုးနှင့် ရေ ၀တ္ထုရေးခဲ့တဲ့အချိန်တွေပေါ့။ ဦးလေးလှ ကြေးနန်းရိုက်ခေါ်တိုင်း ကျွန်မ နှင့်မေမေ လေယာဉ်ပျံနှင့်အချိန် ချုံ့လာခဲ့ရတဲ့ အချိန်တွေ။ ၁၉၆၇ ခုနှစ် လူထု သတင်း စာတိုက် ပိတ်သိမ်းခံရပြီး-
“လူထုကိုစိန်ဝင်းနဲ့ အယ်ဒီတာ ၅ ယောက် အဖမ်း ခံရတယ်”

ကြားရပြီး-
“ထောင်ဒဏ် ၁၃ နှစ်၊ ကိုကိုးကျွန်း ပို့လိုက်တယ်”

“ကိုကိုးကျွန်းဆိုတာ”
ကျွန်မ မေမေနားထဲ စိမ်းနေပါတယ်။

“ဗမာပြည်တောင် ဘက်က “ကျွန်း” တစ်ကျွန်း လေ” လူငယ် တစ်ဦးက ရှင်းပြတယ်။
အဲဒီတုန်းက ကိုကိုးကျွန်း ဆိုတာ အဆန်းဖြစ်နေတာ။ ကျွန်မတို့ အံ့သြခြင်းမက အံ့သြနေမိပါတယ်။ လူထုတိုက်မှ လူငယ် တစ်ဦးက ဖြေတယ်။
“နိုင်ငံရေးအကျဉ်းသား တွေပဲထားတဲ့ ကျွန်းပေါ့”

ကျွန်မတို့ သားအမိ စိတ်မချမ်းမသာနှင့် ရန်ကုန်ကို ပြန်ခဲ့ကြပါတယ်။ ၁၉၇၆ ခုနှစ် ဆရာပြန်လွတ်လာတော့ ထောင်သက် ၉ နှစ်။ နောက် တစ်ကြိမ် ထောင်ဒဏ် ၄ နှစ်။ လွတ်လာတော့ ဆရာဦးစိန် ၀င်း ရန်ကုန်မှာ နေပါတယ်။ လူထုတိုက်ခွဲ၊ ၃၉ လမ်း ဒီက တည်းကနေခဲ့တာထင်ပါရဲ့။ ကျွန်မ ဆရာ့ဆီသွားတွေ့တော့၊ နုနု ဆရာ့ဇနီးက ဆီးကြိုပါ တယ်။ မျက်ရည်တွေ ရစ်ဝိုင်း တဲ့မျက်လုံးအိမ်နှင့်။ ကျွန်မ နုနုကို ပခုံးလှမ်းဖက် နှစ်သိမ့် တော့ နုနုက ကျွန်မ ပခုံးပေါ် မျက်နှာအပ် ငိုရှာတယ်။

“မမဦးရေ ညာဘက် ကိုယ်တစ်ခြမ်း သေသွားပြီ”

“နုနုရေ ဆေးကုရင် ပြန် ကောင်းလာမှာပါ။ ဆရာ ငယ်သေးတာပဲ”

“ကိုစိန်ဝင်းက ဇွဲ ကောင်းတယ်။ ဒီလိုပဲ နုနု ဖြေရမှာပဲ”
ကျွန်မနောက်တော့ ကြားရသမျှ ဆရာဘယ် လက်နဲ့ စာရေးကျင့်နေသတဲ့ လေ။ အို ၀မ်းသာအားတက် စရာပါလား။

၂။
ဆရာစာတွေ ဆက်ရေးဆဲ သူ့အိမ်မှာ အင်္ဂလိပ်စကားပြော သင်တန်းဖွင့်သေးတယ်။ ကျွန်မ ဆရာ့အိမ် ရောက်တော့ အိမ်မှာ စာရေးစားပွဲခုံ၊ ကုလားထိုင်တွေနဲ့ ကျောင်းသူကျောင်းသား အပြည့်ပဲ။ သူစာသင်တာ ခဏရပ်ပြီး ကျွန်မကို လာနှုတ်ဆက် စကားပြောလေ့ ရှိပါတယ်။

“ဆရာ စာဆက်သင် ပါ။ ကျွန်မ ခဏလာတာပါ”

“မပြန်ပါနဲ့ ထိုင်ပါဦး။ စကားပြောစရာတွေ ပြောရ တာပေါ့”

ကျွန်မ အားနာပြီး ခဏ ခဏ မသွားတော့ဘဲ နေ နေရာ နုနုက တောင်ကြီး အထက် တန်းကျောင်းအုပ် ဆရာမ အဖြစ် အလုပ်လုပ်ဆဲ၊ ကျွန်မကို ဧည့် သည်တွေ ဖိတ်ခေါ်ကျွေးရင်း လှမ်းခေါ်ပါတယ်။ သည်တုန်း က ဧည့်သည်တွေကတော့ ဆရာဒဂုန်တာရာ၊ ဆရာဗန်း မော်တင်အောင်၊ ဆရာမြသန်း တင့် နောက်ပြီး စာပေအား သစ်ထုတ်တဲ့ လူငယ်တွေ၊ (ကို)အောင်ကျော်ဇော၊ ကျော် ဇောဦး(ဗိုလ်ချုပ်ကျော်ဇောသား တွေ)၊ ဘူမိဗေဒကျောင်းသား (ကို)တင်မောင်ဝင်း။ ဒီစာပေ အားသစ်က လူငယ်တွေကို ဆရာ Guide (ဂိုက်) လိုင်းပေး ပါတယ်။ လူငယ်တွေ အပေါ် မေတ္တာစေတနာပွားများရုံမ ကအကြံဉဏ်ပေးလေ့ရှိပါ တယ်။

အဲဒီတုန်းက ကျွန်မလုံးချင်းဝတ္ထု စာပေအားသစ်က ထုတ်ခဲ့တာ (၁) အရုဏ်ဦးမှာ ပန်းသစ်ပွင့်တယ်၊ (၂)နေကြာ မျက်နှာနေမျက်နှာ၊ (၃)အောင် ရဲ့အောင်၊ (၄) နန္ဒမည်သာ တို့ဖြစ်ပါတယ်။ ဘယ်ဘက် လက်နဲ့ရေးတဲ့ ဆရာဦးစိန်ဝင်း (လူထု)စာတွေကတော့ အများ ကြီးပဲ။ ၀င်းဇော်နာမည်နဲ့ ရေး တာတွေကော၊ အလံမလှဲစ တမ်း၊ တောင်ဗီယက်နမ် ငရဲခန်းများ၊ အဖြူအ၀ါ(ဘာ သာပြန်)၊ ဆာယိုနာရာ ဆရာ အင်္ဂလိပ်စာသင်တန်းလည်း မရအရသင်သေးတာ။ စာ ရေးဆရာမဂျူးရယ်၊ ကျွန်မ သမီးပုလဲရယ် ဆရာ့သင်တန်း တက်သေးတာ။ ဆရာက အချိန်နည်းနည်းသင်ရုံရှိသေး။

ဘီစီမှာ Advance English (အင်္ဂလိပ်စာအဆင့် မြင့်သင်တန်း) တက်ဖို့ ဆရာ လမ်းညွှန်လိုက်တယ်။
ဆရာက လမ်းညွှန်မှု သိပ်ကောင်းပါတယ်။ ဂျူးနဲ့ ပုလဲတို့လည်းဗြိတိသျှကောင်စီ (B.C) Advance English မှ နှင့် ကွန်ပျူတာ ၄ နှစ်လုံးလုံး သွားတက်ကြတာ။ အတော် အကျိုးရှိပါတယ်။ ကျွန်မ ဆရာ့တွေ့တိုင်း တစ်နေ့နေ့ ဆရာ အတ္ထုပ္ပတ္တိရေးမယ် ပြောတော့-
“ကျွန်တော့်အကြောင်း ရေးမယ့်အစား ဆရာမဟာဆွေ အကြောင်းရေးပါ။ ကိုအောင်တို့စာပေအားသစ် မှာ မဟာဆွေ(သို့မဟုတ်)ရဲရဲ တောက်နေသူရိန် ကြော်ငြာ ထားတယ် မဟုတ်လား”

“မထွက်လောက်ဘူး ထင်တယ်။ ပြုံးစာပေက “မဟာဆွေရဲ့ မဟာဆွေ” စာအုပ်တင်တာ ခွင့်ပြုချက် မရဘူး”

“အဲဒါ ခက်နေတာပဲ။ ကိုလိုနီခေတ်က အကြောင်း တွေ ဘာဖြစ်လို့ မလွတ်ရမှာ လဲ။ ဆက်တင်ကြည့်ပါဦး”
ဆရာ သက်ပြင်းချနေတယ်။ ဒါပေ မဲ့ ဆရာ့အသံ တက်ကြွနေတယ်။ အသံက အောင်မြင်တယ်။ အောက်ဆီဂျင်နှင့် မနေရသေးတဲ့ ကာလတွေပေါ့။

၃။
ကျွန်မ ဆရာလင်းယုန်မောင်မောင် ရေးတဲ့ ချေဂွေဗားရား စာအုပ်ဖတ်ဆဲ-
“ဆရာပေးဆပ်မှုဟာ ချေတဲ့ကောင် များတယ်။ ဒါ့ကြောင့် ရေးချင်တာ”

“တစ်မျိုးစီပေါ့ဗျာ”

ဆရာ ဦးစိန်ဝင်းက သူ့ကိုယ်သူ နှိမ့်ချတဲ့ လေသံနှင့် ပြောလိုက်တယ်။ ၁၃  သြဂုတ်လဟာ ဆရာ့မွေးနေ့လို့ စာရေး ဆရာမ မိချမ်းဝေပြောလို့ သိခဲ့ရပါတယ်။ သူ ဆရာ့အိမ် သွားမလို့တဲ့။ ကျွန်မလည်း မှတ်မှတ်ရရ ကဗျာတစ်ပုဒ် အင်္ဂလိပ် ဘာသာနဲ့ရေးပြီး ပေးပို့လိုက်သေးတယ်။
To Dear Saya,
"Heroe's Diary"
I ever appreciate you for your sacrifices,
I know many episodes minute by minute in prison.
All the victims suffered worst than the reign of terror.
Heroes in the pitch black, world of darkness.
I honoured,
The most valuable deeds. You have done.
I'm sure!
သူရဲကောင်းဒိုင်ယာရီ
ကျွန်မ ဆရာ့အနစ်နာခံ ပေးဆပ်မှု တွေကို အမြဲလေးစားတန်ဖိုးထားပါ တယ်။
အကျဉ်းထောင်ထဲ မိနစ်တိုင်းဖြစ် နေတာတွေ ကျွန်မ သိပါတယ်။
အနှိပ်ကွပ်ခံရသူများ ကြောက်မက် ဖွယ် ဥရောပ ပဒေသရာဇ်ခေတ် နှိပ်စက် မှုတွေထက်ပိုခံရပါတယ်။
ထောင်များမှာ နက်မှောင်တဲ့ အမှောင်ကမ္ဘာက သူရဲကောင်းတွေကို ဂုဏ်ပြုနေပါတယ်။
အကျဉ်းသား ရဲဘော်တို့ တန်ဖိုးကြီး လှတဲ့ လုပ်ရပ်တွေဆိုတာ သေချာလှပေါ့။
ခင်ဆွေဦး
(ရွှေအမြုတေ မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)

http://www.shweamyutay.com/index.php?option=com_content&view=article&id=4264%3A2012-07-27-07-49-13&catid=90%3A2008-06-08-19-55-01&Itemid=682

အချိုမှုန့် စားခြင်း၏ အန္တရာယ်



by Moe Myat on Sunday, July 29, 2012 at 10:13am ·
ကျမ ငယ်ငယ်ကအဖွားက ပြောဘူးတယ်.. အသား၊ အသီး ၊ အရွက်အားလုံးထဲမှာ သူ့ ဓာတ်နဲ့ သူ အချိုဓာတ် ဗီတာမင်က ပါပြီးသားပဲတဲ့ ခေတ်မြန်မာများ အချိုမှုန့် သုံးသည်ကို သူနားမလည်နိုင်ဖြစ်မိတယ်တဲ့..... တောသူလည်းဖြစ် သူတို့ ခေတ်ကလည်း အချိုမှုန့် မပေါ်သေးတော့ အချိုမှုန့် နှင့် သူတို့ မအပ်စပ်သည်ကို ကျမနားလည်မိတယ်..။
ငယ်ငယ်တုန်းကတော့ အမေချက်တာ သူများတွေချက်တာ စားခဲ့ရတော့ ချေးများလို့  မရပါ.. အရွယ်ရောက်လို့ ကိုယ့်အိမ်နဲ့ ကိုယ်နေ လို့ ရတော့ ကျမ မစားခြင်တဲ့အချိုမှုန့် ကိုကျမ လွတ်လပ်စွာ မသုံးခွင့် ရခဲ့ တာကြောင့် ကျမ အခုဆို အချိုမှုန့် မစားတာ ၈နှစ် ရှိပါပြီ။ မြန်မာတွေက ဟင်းချက်တယ်ဆိုတာနဲ့ အချိုမှုန့် ၊ ဆား၊ ငံပြာရည် ဆိုတာ တွဲပြောတတ်တာလေ..
တခါတလေ အိမ်မှာ သူငယ်ချင်းများလာလည်လျှင် မီးဖိုချောင်မှာ အချိုမှုန့် မရှိသည်က သူတို့ အတွက် ပြသနာ ဖြစ်တတ်ပါသည်။ ကျမကလည်းမစားတာကြာလာတော့ ဟင်းတခုကိုစားကြည့်လိုက်တာနဲ့ အချိုမှုန့် ဘယ်လောက်များများ သုံးထားတာ တန်းသိတယ် (ကိုယ်တိုင်သာ ဟင်းမချက်တတ်တာပါ) :P .......
တချို့ များဆိုလျှင် ၄ယောက်စာလောက်စားတဲ့ ဟင်းအိုးတအိုးကို အချိုမှုန့် ဇွန်းကြီး၂ဇွန်းလောက်ခတ်ကြတယ်... ဘုရားဘုရား.. အချိုမှုန့် စားမှာလား..ဟင်းစားမှာလားလို့ ကျမပြောမိတယ်.....

ကျမကိုယ်တိုင်လည်းမစား.. မိတ်ဆွေများကိုလည်း အချိုမှုန့် သုံးခြင်း၏ ဥပါဒ်ကို သိအောင် Mg Mandalay ရေးတဲ့ ဆောင်းပါးကို မျှဝေလိုက်ပါတယ်...။

အချိုမှုန့် စားခြင်း၏ အန္တရာယ်

ရေရှည် မှန်မှန် စားသွားရင် ဒီလောက် အန္တရာယ် များပါတယ် ဆိုတဲ့ အချိုမှုန့်ဆိုတာ Monosodium glutamate (MSG) လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်ခု ဖြစ်ပါတယ်။ Glutamic Acid လို့ခေါ်တဲ့ Amino Acid တစ်မျိုး ပါဝင်ပြီး စားစရာထဲ ထည့်လိုက်ရင် Free Glumate တွေ အဖြစ်ကို ပြောင်းလဲသွားကာ အစားအသောက်တွေရဲ့ အရသာကို ဓာတုနည်းနဲ့ လျှာပေါ်မှာ ဆပွားတိုးပေးလိုက်တာ ဖြစ်ပါတယ်။

အချိုမှုန့်ဟာ ဟင်းခတ်ပစ္စည်းတစ်ခု ဟုတ်ပါသလား

ပုံမှန်သုံးသင့်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခု လုံးဝမဟုတ်ပါ။ နည်းနည်းစားစား များများစားစား ရေရှည် စားရင် အန္တရာယ်ကတော့ ရှိတာပါပဲလို့ ပညာရှင်များက ပြောကြားပါတယ်။ Good Manufacturing Practice (GMP) လို့ခေါ်တဲ့ ကမ္ဘာ့အဆင့် ထုတ်လုပ်မှု စနစ်ကောင်း (GMP စနစ်) ရဲ့ အစားအသောက်တွေ ထုတ်လုပ်တဲ့ နေရာမှာ အချိုမှုန့် လုံးဝ မပါပါဘူး။

အချိုမှုန့်ကို ရေရှည်ပုံမှန် စားသုံးသွားရင် ဘာဆိုးကျိုးတွေ ရှိလာနိုင်မလဲ

(၁) ဆီးချို မဖြစ်အောင် ထိန်းသိမ်းပေးတဲ့ အင်ဆူလင်ဟော်မုန်း (Insulin) ရဲ့ လုပ်ငန်းဆောင်တာမှာ အနှောင့်အယှက်တစ်ရပ် ဖြစ်စေလို့ ဆီးချိုဖြစ်စေဖို့ ကောင်းကောင်း အထောက်အကူပြုပါတယ်။

(၂) အစာ အလွန်အကျွံ စားချင်စိတ်ကို တိုးပွားဖြစ်ပေါ်စေသလို အ၀လွန်ခြင်းကို တားဆီးပေးတဲ့ ဟော်မုန်းများကိုပါ ပိတ်ဆို့လို့ အ၀လွန်ခြင်းကို ဖိတ်ခေါ်ပါတယ်။ အ၀လွန်ခြင်း ရောက်လာရင် သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောပိတ်စတဲ့အဖော်အပေါင်းတွေပါပါလာပါလိမ့်မယ်။

(၃) ဦးနှောက်ဆဲလ်တွေကို မြန်မြန် ပျက်စီးယိုယွင်း စေပါတယ်။ မှတ်ဥာဏ်ကို အရွယ်မတိုင်ခင် ပျောက်ဆုံးစေပြီး မေ့တတ်တဲ့ ရောဂါတွေ ဖြစ်စေဖို့ အလားအလာ အရမ်း များစေပါတယ်။ အချိုမှုန့်ကို မွေးကင်းစကတည်းကနေ စပြီး စားတဲ့ ကလေးတွေမှာ ဥာဏ်ရည်ပိုင်း ယုတ်လျော့မှု ရှိတာကို တွေ့ရှိရပါတယ်။

(၄) ဂျာမနီနိုင်ငံမှာ အချိုမှုန့် သုံးစွဲမှုကို လုံးဝဖြတ်တောက်ရှောင်ကြဉ်ဖို့ အမျိုးသားအဆင့် ကြေငြာချက်တွေ ဥပဒေတွေ အလန့်တကြား ထုတ်ခဲ့ရဖူးပါတယ်။ ဂျာမန်ကျန်းမာရေး ပညာရှင်တွေ ဘာတွေ့ရလို့လဲ ဆိုတာ စာဖတ်သူတို့ သိပါသလား။ အချိုမှုန့် စားတဲ့ ကိုယ်ဝန်ဆောင်တွေ မွေးလာတဲ့ ကလေးတွေဟာ အင်ဆူလင်ဟော်မုန်း စွမ်းရည်ကျဆင်း၍ မတိုးတော့ခြင်း (Insulin-resistant) မွေးရာပါ ဖြစ်လာတာ တွေ့ရပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ ကြီးလာရင် ဆီးချိုဖြစ်ဖို့ သေချာသလောက် ဖြစ်ပါတယ်။ ဒီအချက်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဆီးချိုဖြစ်ပွားနှုန်း မြင့်မားနေတဲ့ အချက်တွေထဲက တစ်ခု အပါအ၀င် ဖြစ်ပါတယ်။

(၅) နောက်တစ်ချက်က ကိုယ်ဝန်ဆောင် မိခင်တွေ အချိုမှုန့်စားတဲ့ အကျင့်ကြောင့် မွေးလာတဲ့ ကလေးတွေရဲ့ medulla oblongata, thalamus, or hypothalamus ဆိုတဲ့ ဦးနှောက် အစိတ်အပိုင်းတွေမှာ ရှိတဲ့ အာရုံကြောဆဲလ်တွေကို ပျက်စီးစေပါတယ်။ ဒီနေရာတွေဟာ အစားအသောက် စားချင်စိတ်ကို အဓိက ထိန်းချုပ်တဲ့ ဦးနှောက်ဧရိယာတွေ ဖြစ်လို့ ဒီလို ကလေးတွေဟာ ကြီးလာရင် အစားအသောက် အလွန်အကျွံစားတဲ့ အကျင့်ရှိကာ အ၀လွန်ပြီး ရောဂါတွေ ထူစေတတ်တာ ကမ္ဘာတစ်ဝန်း လေ့လာတွေ့ရှိ ထားပါတယ်။

(ဒါဟာ အချို့မှုန့်ကပေးတဲ့ အမျိုးသား ကျန်းမာရေး/ လူမှုရေး ၀န်ထုပ်ဝန်ပိုး (National Health/Social Burden) ဖြစ်ပါတယ်။ ဒါ့အပြင် အချိုမှုန့် ၀ယ်ယူတင်သွင်းရတဲ့အတွက် နိုင်ငံနဲ့လူမျိုး အကျိုးရှိစေမယ့် တခြားအရာတွေ ၀ယ်ယူဖို့ နိုင်ငံခြားငွေ လျော့စေလို့ တိုင်းပြည်အတွက်လဲ နစ်နာပါတယ်)

(၆) မျိုးပွားစွမ်းရည် ကျဆင်းခြင်း၊ သားသမီးရနိုင်စွမ်း ကျဆင်းခြင်းတွေ ဖြစ်နိုင်ပါတယ်။ Chinese Restaurant Syndrome ခေါ် တရုတ်စားတော်ဆက်ရောဂါစု ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါစုဟာ အချိုမှုန့် လွန်ကဲစွာ ပါတဲ့ အစားအသောက် စားပြီးပြီးချင်းမှာ မျက်နှာ၊ လည်ပင်း နဲ့ တစ်ကိုယ်လုံးမှာ အနီစက်တွေ ထွက်လာခြင်း၊ ခေါင်းအရမ်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ မျက်နှာမှာ တင်းကြပ်နေတယ်လို့ ခံစားရတတ်ခြင်း၊ မေးလှုပ် ပါးစပ်ဖွင့်ရတာ လေးခြင်း၊ ဗိုက်အောင့်ခြင်း၊ ခါးနာခြင်း စတာတွေ ခံစားရတတ်တဲ့ အချိုမှုန့်နဲ့ ဓာတ်မတည့်တဲ့ ရောဂါ ဖြစ်ပါတယ်။

(၇) ပန်ကရိယခေါ် မုန့်ချိုအိတ်ရောင်ရောဂါ အပါအ၀င် ကိုယ်တွင်းကလီစာ တစ်ခုခု ရောင်ယမ်းတဲ့ ရောဂါ ရှိနေသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ စာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ အထူးရှောင်ကြဉ် သင့်ပါတယ်။

(၈) လူအများစုက ဆားကအငန် အချိုမှုန့်က အပေါ့ ဆိုပြီး တလွဲမှတ်ယူထားကြပါတယ်။ ဒီတော့ ဆားထည့်လွန်လို့ ငန်သွားရင် အချိုမှုန့်များများ ထပ်ထည့် ပါတယ်။ အမှန်က ဆားက Sodium chloride ၊ အချိုမှုန့်က Monosodium glutamate ဖြစ်လို့ နှစ်ခုလုံး ဆိုဒီယမ် (Sodium) ဆားဓာတ်ဖြစ်ကာ နှစ်ခု ပြိုင်စားသုံးရင် သွေးတွင်းဆိုဒီယမ် မြင့်တက်မှု အရမ်းများလာစေကာ သွေးတိုးရောဂါကို ဖြစ်စေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါ ကာကွယ်လိုသူများနဲ့ ရှိသူများဟာ အချိုမှုန့်ကို အထူးရှောင်ကြဉ်သင့်ပါတယ်။

အချိုမှုန့် စွဲလမ်းနေခြင်းကို ဘယ်လို လျှော့ချ အမြစ်ဖြတ်ကြမလဲ

(၁) လျှော့ချသုံးခြင်းဖြင့် စတင်ပါ။ အချိုမှုန့်ဟာ အသားတွေရဲ့ အရသာကိုသာ မြှင့်တင်ပေးတာ ဖြစ်လို့ အသီးအနှံတွေမှာ လုံးဝမသုံးပါနဲ့။

(၂) ယေဘုယျလမ်းညွှန် (General Guideline) အရ ပြောရရင် အစားအသောက် တစ်ကီလို (၂.၂ပေါင်) ကို အချိုမှုန့် လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထက် ပိုမသုံးပါနဲ့။ ဒါဆိုရင်တော့ အန္တရာယ် နည်းတယ်လို့ သိရပါတယ်။

(၃) ရယ်ဒီမိတ် အစားအသောက်တွေ အားလုံးနီးပါးမှာ အချိုမှုန့် ပါပြီးသားဆိုတာ သတိထားပါ။ ဘယ်တော့မှ အချိုမှုန့် ထပ်မထည့်ပါနဲ့။

(၄) ရယ်ဒီမိတ် စားစရာတွေ ၀ယ်ရင် လေဘယ်လ် ပေါ်မှာ ပါတဲ့ အချိုမှုန့်ပါဝင်မှု ပမာဏကို ရှာဖွေပါ။ အဆင့်အတန်းရှိတဲ့ အစားအသောက်တံဆိပ်တွေ အားလုံးရဲ့ ပါဝင်ဖက်ပစ္စည်းစာရင်း (Ingredient List) ရဲ့ အောက်ဆုံးမှာ အချိုမှုန့် တကယ်သုံးထားရင် သုံးထားကြောင်း ပမာဏ အတိအကျ ပါပါတယ်။

(၅) ရိုးရာ ဟင်းခတ်အမွှေးအကြိုင်တွေ (ဥပမာ ပုစွန်ခြောက်၊ ငါးပိ စတာတွေ) ကို ပြန်လည်အစားထိုး သုံးသင့်ပါပြီ။ ကျွန်တော်တို့ရဲ့ ရှေးအစဉ်အဆက် ဘိုးဘွားများဟာ ထွားကျိုင်းသန်မာ ရောဂါကင်းခဲ့တာ အချိုမှုန့် မစားခဲ့ကြတာလည်း ပါပါတယ်။

Mg Mandalay 

အသင်းအဖွဲ့များပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်မြန်မာပြည် ဟောပြောဆွေးနွေးပွဲကို ဇူလိုင်လ ၂၈ရက်နေ့ကဗဟန်းမြို့နယ် တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင်ကျင်းပပြုလုပ်




အသင်းအဖွဲ့များပြုပြင်ပြောင်းလဲမှုနှင့် အနာဂတ်မြန်မာပြည် ဆွေးနွေးစကားဝိုင်းများ အစီအစဉ် အမှတ် ၃ကို
ယနေ့ ဇူလိုင်လ ၂၈ရက် စနေနေ့ နေ့လည် ၂နာရီမှ ၄နာရီထိ ရန်ကုန်မြို့ ဗဟန်းမြို့နယ်
တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ပရဟိတလုပ်ငန်းများတွင် ဦးဆောင်လှုပ်ရှားနေသည့် စာရေးဆရာမ သန်းမြင့်အောင်က
"ပရဟိတနှင့် ငြိမ်းချမ်းရေး" ဟူသည့်ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပါသည်။ ဆရာမက ပရဟိတလုပ်ငန်းများ
လုပ်ကိုင်နေသူတွေဟာ နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးအခြေအနေဆိုးများကြောင့် မိမိတို့၏ နေ့စဉ်ဘ၀နှင့်
စားဝတ်နေရေး၊ပညာရေး၊ကျန်းမာရေးတို့တွင် နိမ့်ကျဆင်းရဲပြီး မငြိမ်းချမ်းနိုင်သောသူများကို ကူညီနေခြင်းဖြစ်၍
ငြိမ်းချမ်းရေးကို တထောင့်တနေရာက ဖော်ဆောင်နေခြင်းဖြစ်သည်ဟုဆိုခဲ့သည်။ စစ်ဖြစ်မှမငြိမ်းချမ်းတာမဟုတ်
စီးပွားရေး၊နိုင်ငံရေး၊လူမှုရေးဖိနှိပ်မှုများကြောင့် ပြည်သူတွေ ဒုက္ခရောက် ငိုကြွေးနေကြရတာလည်း မငြိမ်းချမ်းတာပါပဲ
ဟုလည်းဆွေးနွေးဟောပြောခဲ့သည်။ ဒါ့အပြင် နိုင်ငံရေးနှင့် ပရဟိတ ဆက်စပ်မှုရှိပါသလားဆိုသည့် ပရိတ်သတ်တဦး၏
မေးခွန်းကိုလည်း "ပရဟိတဆိုတာ အများကောင်းကျိုးလုပ်နေတာပါ၊ နိုင်ငံသားတွေလိုအပ်နေတာကိုလုပ်ပေးနေတာ၊
နိုင်ငံသားတွေရဲ့အကျိုးကိုလုပ်ပေးနေတာ မို့ နိုင်ငံရေးပါပဲဟု" ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။ ဆွေးနွေးပွဲသို့
တက်ရောက်လာကြသော ပရိသတ်များထဲမှလည်း အပြန်အလှန်မေးခွန်းများမေးမြန်းဆွေးနွေးခဲ့ပါသည်။

ယနေ့ဆွေးနွေးပွဲတွင် အထူးအစီအစဉ်အဖြစ် ကိုမြင့်မိုးအောင်ရေးသားသော ငြိမ်းချမ်းရေးတေးသံ သီချင်းကိုဖွင့်ခဲ့ပြီး
တက်ရောက်လာသူအားလုံးက ငြိမ်းချမ်းရေးအတွက် ငြိမ်သက်စွာအာရုံပြုဆုတောင်းခဲ့ကြသည်။
ထို့နောက် အဖွဲ့အစည်းမိတ်ဆက်အစီအစဉ်အဖြစ် Generation Wave (မျိုးဆက်သစ် လူငယ်များ) အဖွဲ့၏
ပူးတွဲတည်ထောင်သူတဦးဖြစ်သည့်ကိုမိုဃ်းသွေးက ၂၀၀၇ သံဃာ့လှုပ်ရှားမှု အပြီးအောက်တိုဘာလကတည်းက
မြေအောက်ပုံစံဖြင့် စတင်ဖွဲ့စည်းခဲ့ပြီးစစ်အစိုးရ၏ဖိနှိပ်မှုများအောက်တွင် လှုပ်ရှားမှုများဆက်တိုက်လုပ်ဆောင်ခဲ့ပြီး
ယနေ့အထိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ အစုအဖွဲ့အဖြစ်ဆက်လက်လှုပ်ရှားနေသောGeneration Wave
(မျိုးဆက်သစ် လူငယ်များ)အဖွဲ့၏အကြောင်းကို အကျဉ်းချုံးမိတ်ဆက်ရှင်းလင်းခဲ့ပါသည်။

ပေးပို့သူ..ကိုမိုဃ်းသွေး
ဒေါင်းမာန်ဟုန်မှနှင့်ဟံသာဝတီ မှအထူး ကျေးဇူးတင်ရှိပါသည်...

ကိုချိုတူးဇော် ၏ ၈၈၈၈ မော်ကွန်း

1988

ဝေလငါးကြီး(တင်မိုး) ပင်လယ်ကူးပါပြီ


by Victor Tan on Saturday, July 28, 2012 at 4:09pm ·


ဝေလငါးကြီး(တင်မိုး) ပင်လယ်ကူးပါပြီ

အနံမကျယ် မြစ်ငယ်ငယ်မှာ
ကိုယ်ထည်ပြန့်လူး
ကူးချင်တိုင်းကူးလို့မရတဲ့ ဝေလငါး…။

ပက်စစ်ဖိတ်သမုဒ္ဒရာ
ရောက်လာသောခါ ရေဇလာကျယ်ပြော
ပင်လယ်ကြောမှာ မျောချင်တိုင်းမျော
ပေါလောကူးကူး ရေငုပ်ကူးကူး
ကူးချင်တိုင်းကူး မြူးချင်တိုင်းမြူးလို့ရပါပြီ..။

ပညာရေးအတွက်ဖြစ်ဖြစ်
သာသနာရေးတွက်ဖြစ်ဖြစ်
နိုင်ငံရေးအတွက်ဖြစ်ဖြစ်
စိစစ်ရေးမရှိ ကပ်ကျေးညှပ်မရှိ
လွတ်လပ်ပါဘိ
တွေးမိတွေးရာ တွေးနိုင်ပါသည်
ရေးမိရေးရာ ရေးနိုင်ပါသည်…။

စားကောင်းသောက်ကောင်းစားမိပါလျှင်
မိတ်ဟောင်း ဆွေဟောင်း
မိတ်ဆွေကောင်းတွေကို
ပြန်ပြောင်းတမ်းတ သတိရပြီး
ဝေမျှစံစား ခံစားစေချင်သည်…။

မှတ်မိပါသေးသည်
လူမှုရေး နိုင်ငံရေး ဆို ထားဘိ
သာသနာရေးမှာပင် စိစစ်ရေးက ၀င်ပါပြီး
ဇာတ်တော်လာ ယုန်မင်း ၀တ္ထုမှာ
“ယခုမှာ သာသနာလဲထွန်းခိုက်
အမြိုက်တရား ဟောကြားမည့်သူ
လူလဲမရှား သို့ပါလျက်သားနှင့်
အမှန်သို့မလိုက် အမှားကိုကြိုက်ကြလျှင်
အမိုက်တကာ့ ဗိုလ်မင်း
အဖျင်းတကာ့ ဗိုလ်ချုပ်
အပယ်လေးလီ မြစ်နဒီ၌
ပလုံစီ ငုတ်ကြလျက်
လူယုတ်ကြီးတွေဖြစ်ချည်လိမ့်”လို့

ရွတ်မိ ဟောမိခဲ့တဲ့ ကိုယ်တော်ခမျာ
မသက်သာတော့ပဲ ထောင်ထဲ
အမှောင်ထဲမှာ ထောင်ကဲဖြစ်ရပါသတဲ့ခင်ဗျာ…။

ကာတွန်းဆရာ ဦးဖေသိန်းမှာလည်း
ရင်ဝမှာမြှားစူး သွေးလူးလူးနဲ့ပုံ ဆွဲမိလို့
ထမင်းအိုးကွဲခဲ့ဘူးသတဲ့ဗျာ…။

ကဗျာဆရာ တင်မိုးကိုကြည့်ပါ
အမြင်မှာရိုးပေမဲ့ ကလောင်က မရိုးဘူး
အဆိုးလို့မြင်တဲ့နအဖက
အတိကျ အကောင်ပြ ထောင်ချလိုက်ပုံက
နာမည်တောင် မမြင်ချင်ဘူး တဲ့
အာဏာာရှင်ဆန်လိုက်ပုံများ
မခံချင်စိတ်က ပျို့တက်လာလို့
လျက်ဆားရက်ပြီး ဖြေလိုက်ရ
အသေခံပြီးတောင် တိုက်ချင်တယ်

အာဏာရှင်” “တိုက်ချင်တယ်”ပါသွားလို့
ထောင်နန်းအပို့ခံလိုက်ရတယ်ဗျ…။

အမေရိကား  နိုင်ငံခြားရောက်လာတော့မှ
ဝေလငါးကြီး ကူးချင်သလိုကူး
မြူးချင်သလိုမြူးပြီး
“အာဏာရှင်ကို”
တူးချင်သလိုတူးနိုင်ပါတော့တယ်ဗျာ..။

တက္ကသိုလ်ဘုန်းကြွယ် (ဇူလိုင် ၂၉ ၂၀၁၂)

မလွတ်မလပ် အကျဉ်းအကြပ်
ခြေချင်းခတ်ခံရတဲ့ဘ၀က
လွတ်လာတဲ့ဝေလငါးကြီးတင်မိုး

ဘယ်အချိုး ဘယ်ကဗျာမျိုးနဲ့ပင်လယ်ကူးသလဲဆိုတာကို
အောက်ပါကဗျာသာ ဖတ်ကြည့်ပါတော့ခင်ဗျာ….။

လူထုသည်ခွန်အား

စစ်တပ်အာဏာသိမ်းတယ်ဆိုတာ
ပစ်ပစ်ခတ်ခတ် ညစ်ညစ်ပတ်ပတ်နည်းနဲ့
အရာရာကိုထိန်းတာပဲ…။

မခံမရပ်နိုင်လို့ လူထုအုံကြွတာကို
သူပုန်ထတယ်လို့ စွပ်စွဲပြီး
လက်ရဲဇက်ရဲ ပစ်သတ်
သေနတ်ပြောင်းအားကိုးနဲ့
ဓါးမိုးအုပ်ချုပ်လိုက်တာပဲ…။

လူထုရဲ့အာဏာကိုသိမ်းပြီး
လူထုဆန္ဒကို ချုပ်ငြိမ်းစေတဲ့လုပ်ရပ်ပါပဲ..။

ဒီမိုကရေစီဆိုင်းဘုတ်ကို
မြေမြုပ် သဂြိုလ်ပြီး
စစ်ဗိုလ်တွေချည်း မရှက်မကြောက်
လက်ကောက်ကျလိုက်တာပဲ…။

စစ်အာဏာရှင်စနစ်အောက်
ငါတို့လက်မြှောက်အရှုံးမပေးနိုင်…။

ငါ့တို့တတွေအထူးကြောက်ပြီး
ဒူးမထောက်နိုင်…။

လူထုရဲ့ဆန္ဒအားဟာ
မတန်မဆကြီးမားတယ်…။

လူထုရဲ့ဟစ်ကြွေးသံတွေဟာ
စစ်ခွေးမှန်သမျှ ကြောက်ဒူးတုန်စေပြီး
မြေ၀သုန်ကိုပါ တုန်ဟည်း
တပြုံကြီး ကျဆုံးစေရမယ်…။

ရက်စက်မှုတွေပြပေမဲ့
လက်နက်တွေ အ-သွားမှာသေချာတယ်…။

အမှန်တရားဆိုတာ
လှံသွားထက် ထက်မြက်တယ်…။

နည်းမှန်မှန်နဲ့
သည်းခံကျင့်သုံးရင်
အမြင့်ဆုံးနေရာရောက်မှာ အမှန်ပဲ…။

ခွပ်ဒေါင်းလူထု
လွတ်ကြောင်းအတွက် စုကြစို့
ညွညွတ်မှုသည် ခွန်အားအစစ်
ထွန်သွားအသစ်…။

တင်မိုး (၁၃၊ ၉၊ ၂၀၀၂)

အလုပ်လက်မဲ့အခြေအနေ ဆိုးရွားနေကြောင်း တောင်သူတွေက ဒေါ်အောင်ဆန်းစုကြည်ကိုတင်ပြ






အလုပ်လက်မဲ့အခြေအနေ ဆိုးရွားနေကြောင်း တောင်သူတွေက
ဒေါ်အောင်ဆန်းစုကြည်ကိုတင်ပြ


နေပြည်တော် ဥတ္တရသီရိမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို ဒီကနေ့ သွားရောက်ခဲ့တဲ့ NLD ဥက္ကဋ္ဌ ကော့မှုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို ဒေသခံ တောင်သူလယ်သမားတွေက မိမိတို့လယ်ယာမြေတွေ အသိမ်းခံခဲ့ရတာကြောင့် လယ်မဲ့ယာမဲ့အပြင် အလုပ်လက်မဲ့တွေအဖြစ် ဘ၀အခြေအနေတွေ ပိုမိုဆိုးရွားနေကြောင်း တင်ပြခဲ့ကြပါတယ်

ဒါနဲ့ပတ်သက်လို့ အတူလိုက်ပါသွားတဲ့ ဇမ္ဗူသီရိမြို့နယ်ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျသော်ပြောပြတာက -

"လောလောဆယ် ဘာတွေအခက်အခဲရှိသလဲ၊ ဘာတွေလိုအပ်သလဲ ဆိုတာကိုပဲ အဓိက မေးမြန်းတာပါ။ ဒေသခံတွေ အဓိပြောတာကလည်း လယ်ယာမြေတွေ ၈၀ ရာခိုင်နှုန်းလောက် အသိမ်းခံထားရတဲ့အတွက် အလုပ်လက်မဲ့ ပြဿနာက အများဆုံးပဲလို့ ပြောပြကြပါတယ်။"

တောင်သူလယ်သမားတွေရဲ့ စားဝတ်နေရေးအတွက် အလုပ်အကိုင်
ပြန်လည်ရရှိရေးဟာ အဓိက ဦးစားပေး ဖြေရှင်းရမယ့် အဆင့်ဖြစ်နေတယ်
လို့လည်း ဦးဇေယျသော်က ပြောပါတယ်။

"လယ်ယာမြေ ဆုံးရှုံးသွားတဲ့ လယ်သမားတွေရဲ့ နစ်နာမှု အတွက် တရားမျှတမှု ရှိအောင် ဆောင်ရွက်ဖို့ဆိုရာမှာ လွှတ်တော်ထဲမှာ
ကော်မရှင်တခုအနေနဲ့ ဖွဲ့ပြီး စတင်စုံစမ်းမယ် ဆိုတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ကျနော်တို့ အနေနဲ့က လယ်ယာမြေ ပြန်ရဖို့ပဲဖြစ်ဖြစ်၊ အစားပြန်ရဖို့ပဲ ဖြစ်ဖြစ် ဒီအရာတွေကို ဒုတိယတန်းစား ဦးစားပေး အနေနဲ့ ထားပြီး အလုပ်လက်မဲ့ ဖြစ်သွားတဲ့ တောင်သူတွေ လူငယ်တွေ အတွက် အလုပ်အကိုင် ရရှိမယ့် အခွင့်အလမ်းတွေကို ဘယ်လိုပုံစံနဲ့ ဖြည့်ဆည်းပေး မလဲ ဆိုတာကို အဓိက ဦးစားပေး အနေနဲ့ တိုင်ပင် ဆွေးနွေး ဖြစ်ပါတယ်။"

ပျဉ်းမနား နေပြည်တော်က လွှတ်တော် အစည်းအဝေးကို တက်ရောက်နေ
တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ NLD ဌာနချုပ်ရုံးခွဲ ဖွင့်လှစ်မယ့် ဇမ္ဗူသီရိမြို့နယ်က ရုံးခန်း အခြေအနေကိုလည်း တဆက်တည်း သွားရောက်
ကြည့်ရှုခဲ့ပါတယ်။

ကျုပ်တို့အိမ်ခြံစည်းရိုးကို လုံအောင်ကာထားရတယ်


ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်


ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်


ရေးသူ - ခင်ငြိမ်းသစ်

ကြယ်ဆိုတာ ကိုယ်ပိုင် အလင်းရောင်ရှိတယ်။ သူတို့ရဲ့ နေရာဟာ မြင့်မားတဲ့ ကောင်းကင်ကြီးပဲ။ ရာသီဥတု ကြည်လင်တဲ့ ညတွေဆိုရင် အရောင်လက်နေတဲ့ ကြယ်တွေဟာ စိန်တွေလိုပဲ တဖျပ်ဖျပ် လက်နေတယ်ဆိုတာ လူတိုင်း သိကြသလို၊ မြင်လည်း မြင်ဖူးကြပါတယ်။

စစ်အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က သေနတ်မှန်ထားသော ကျောင်းသူလေးကို သယ်ယူပြေးလွှားနေသည့် ဒေါက်တာ စောလွင်နှင့် ဒေါက်တာ မင်းသိန်း

ကျမတို့တိုင်းပြည်မှာ ရှိတဲ့လူငယ်များစွာဟာလည်း ကြယ်တွေလိုပါပဲ။ ကိုယ်ပိုင်အရည်အချင်း အထင်အရှားရှိကြတယ်။ ဉာဏ်ပညာ ထက်မြက်တယ်။ စိတ်ဓာတ်မြင့်မားကြတယ်။ ဒါပေမယ့် ၀မ်းနည်းဖို့ ကောင်းတာက အဲ့ဒီကြယ် တွေဟာ တဖြုတ်ဖြုတ်နဲ့ ကြွေနေတယ်။ ဒါကြောင့် ကျမက ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်လို့ နာမည်ပေးထားတယ်။

၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက် နေ့က အဖြစ်အပျက်တွေကို ပြောလိုက်တာနဲ့ လူတိုင်းမြင်ဖူးပြီးသား ဖြစ်တဲ့ ဓာတ်ပုံ တပုံ အကြောင်း ပြောပြချင်ပါတယ်။

အဲဒီ ဓာတ်ပုံက သေနတ်မှန်ပြီး ဒဏ်ရာရနေတဲ့ အင်္ကျီအဖြူ လုံချည်အစိမ်းနဲ့ ကျောင်းသူလေးကို ဂျူတီကုတ်အဖြူဝတ် ထားတဲ့ ဆရာဝန်နှစ်ဦးက ဆွဲပြေးနေတဲ့ပုံပါ။ ဒီဓာတ်ပုံကိုမမြင်ဘူးတဲ့လူမရှိပါဘူး။ မြင်တဲ့လူတိုင်း ခံပြင်းဒေါသ ဖြစ်ကြ ပါတယ်။ အဲဒီဓာတ်ပုံထဲက ဆရာဝန်နှစ်ဦး ဘယ်ကိုရောက်သွားတယ်ဆိုတာ သိတဲ့လူနည်းမယ်လို့လည်း ကျမထင်ပါ တယ်။

ရှေ့ကနေကျောင်းသူလေးရဲ့ ခြေထောက်ကို ဆွဲမထားတဲ့ဆရာဝန်ရဲ့ နာမည်က ဒေါက်တာစောလွင်၊ ခေါင်းကိုမထား တဲ့ ဆရာဝန်က ဒေါက်တာမင်းသိန်းဖြစ်ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ ပညာချွန်သူတွေဖြစ်ကြပါတယ်။

ဒေါက်တာစောလွင်ဟာ ဆယ်တန်းစာမေးပွဲအောင်တုန်းက သင်္ဃန်ကျွန်းတမြို့နယ်လုံးမှာ ပထမ ရခဲ့ပါတယ်။ သူ့အစ်မ ကလည်း ဆရာဝန်ပါပဲ။

ဒေါက်တာမင်းသိန်းကလည်း ဆေးကျောင်းမှာ ထိပ်တန်းကကျောင်းသားပါ၊ သူ့ညီ ကိုဝင်းသိန်းလည်း ဆရာဝန် တယောက် ပါပဲ၊ သူတို့ရဲ့ဖခင်ကလည်း ဌာနတခုကညွှန်ကြားရေးမှူး အဆင့်ရှိတဲ့သူပါ။

ဒေါက်တာမင်းသိန်းဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ တောခိုသွားခဲ့ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF) မှာဆေးမှူးတာဝန် ထမ်းဆောင်ခဲ့ပြီး တာဝန်နဲ့ ပြည်တွင်းကို ပြန်ရောက်ခဲ့ပါ တယ်။

အဲဒီ အချိန်အတွင်းမှာပဲ ဗိုလ်ချူပ်ခင်ညွန့်က တောတွင်းက ပြန်ရောက်လာသူတွေအနေနဲ့ န၀တ ကို သတင်းပို့ဖို့ လိုကြောင်း၊ သတင်းပို့လာခဲ့လျှင် အရေးမယူပါကြောင်း သတင်းစာ ရှင်းလင်းပွဲကနေ ပြောတာကြောင့်စိုးရိမ်တတ်တဲ့ ဒေါက်တာမင်းသိန်းရဲ့ အဖေက သူကိုယ်တိုင်စစ်ဒေသကို အကြောင်းကြားခဲ့ပါတယ်။ စစ်ဆေးဖို့ မခေါ်ခင်မှာ ဒေါက်တာ မင်းသိန်း က ဒေါက်တာ စောလွင်ကို သူတာဝန်နဲ့ ပြန်လာကြောင်းကို ပြောပြခဲ့ပါတယ်။ နောက်တနေ့မှာ ဒေါက်တာမင်းသိန်းကိုမေးမြန်း စရာရှိတယ်ဆိုပြီး ခေါ်သွားပါတော့တယ်။

တပတ်လောက်ကြာတော့ ဒေါက်တာမင်းသိန်းကို ထောက်လှမ်းရေးစခန်းကနေ ပြန်လာပို့ပေးပါတယ်၊ မိဘတွေဆီ သေချာအပ်နှံသွားခဲ့ပါတယ်၊ သို့သော်လည်း ဒေါက်တာ မင်းသိန်းတယောက် ခြေလက်တွေဖောယောင်ပြီး ဆီးမသွား နိုင်တော့ပါ၊ ဒါကြောင့် ကိုဝင်းသိန်း (ဒေါက်တာ မင်းသိန်းရဲ့ညီ)က ဒေါက်တာ စောလွင်တို့ မောင်နှမကို အကြောင်း ကြားခဲ့ပါတယ်၊ ဒေါက်တာ စောလွင်ရောက်လာတော့ ဒေါက်တာ မင်းသိန်းက ပြောပြပါတယ်။ သူ့ကို ထောက်လှမ်းရေး က ဆေးတလုံး ထိုးပေးလိုက်တယ်တဲ့၊ ဘာဆေးလဲဆိုတာတော့ မပြောဘူးတဲ့၊ သူအခုဖြစ်နေတာတွေက အဲဒီ ဆေးကြောင့်ဖြစ်မယ်လို့ ဆိုပါတယ်။ အခုသူ ဗိုက်ကြီးတင်းနေပြီး အသက်ရှုရတာ ကြပ်နေတယ်လို့ ပြောပြခဲ့ပါတယ်။

ဒေါက်တာစောလွင်နဲ့ ကိုဝင်းသိန်းကဆေးရုံတင်ဖို့ စီစဉ်နေစဉ်မှာပဲ ထောက်လှမ်းရေးက ဆေရုံတင်မယ်ဆိုရင် စစ်ဆေးရုံကိုပဲ တင်ခွင့်ရှိကြောင်း၊ စစ်ဆေးရုံမှာကုသဖို့ စီစဉ်ထားကြောင်း အကြောင်းကြားလာပါတယ်။ ဒေါက်တာ မင်းသိန်းက စစ်ဆေးရုံမှာဆိုရင် ဆေးကုမခံနိုင်ဘူးလို့ဆိုပြီး အိမ်မှာပဲနေမယ်လို့ ပြောပါတယ်၊ အဲဒါနဲ့ ဒေါက်တာ စောလွင်နဲ့ ကိုဝင်းသိန်းတို့ကပဲ ကုသပေးခဲ့ပါတယ်။ ဒေါက်တာ မင်းသိန်းဟာ ဘယ်ဆေးရုံကိုမှ တက်ရောက်ကုသခြင်း မရှိခဲ့ဘဲနောက်တနေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

ဒေါက်တာ မင်းသိန်းဆုံးလျှင်ဆုံးခြင်း ဒေါက်တာ စောလွင်နဲ့ ကိုဝင်းသိန်းတို့က သူတို့ရဲ့ ဆရာ ဆရာဝန်ကြီး တဦးကို အကြောင်းကြားပြီး အဲဒီ ဆရာကြီးနဲ့အတူ ရင်ခွဲစစ်ဆေးခဲ့ကြပါတယ်၊ အဖြေကတော့ ကျောက်ကပ် အရမ်းကြုံ့သွား တာတဲ့။ ဒေါက်တာ စောလွင်တို့က မျက်မြင်သက်သေ ဖြစ်ခဲ့ကြပါတယ်။ ဒါကို သိသွားတဲ့ ထောက်လှမ်းရေးက ရင်ခွဲ စစ်ဆေးတဲ့ ဆရာဝန်ကြီးကိုမပေါက် ကြားစေရပါဘူးဆိုပြီး လက်မှတ်ထိုးခိုင်းခဲ့လို့ ထိုးခဲ့ရပြီး ဒေါက်တာ စောလွင်က တော့ ထွက်ပြေးခဲ့ရပါတယ်။

ဒေါက်တာ စောလွင်ထွက်ပြေးရတဲ့အတွက် သူ့ကို အားထားနေရတဲ့ ဆင်းရဲသားလူနာတွေ ဒုက္ခရောက်ခဲ့ကြရတာ ကျမမျက်မြင်ပါ၊ အဲဒီအချိန်က ဒေါက်တာစောလွင်ဆေးခန်းမှာ ကျမကူလုပ်ပေးခဲ့ပါတယ်၊ ဆင်းရဲတဲ့လူနာတွေကို ပိုက်ဆံမယူတဲ့အပြင် သူ့ရဲ့ဆေးဝါးတွေကိုပါ ပေးလိုက်ပါသေးတယ်။ ကင်ဆာ ဝေဒနာရှင် တဦးကိုလည်း ဆေးဖိုးဝါးခ အကုန်ခံပြီး ဆေးကုသ ပေးခဲ့တာကျမရှေ့တင်ပါ။

၁၉၉၄ ခုနှစ်ထဲမှာ ဒေါက်တာ စောလွင်ကြောင့် ပင်စင်ပေးခံခဲ့ရတဲ့ သူ့ရဲ့အဖေနှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ တိမ်းရှောင်နေတဲ့ ဒေါက်တာစောလွင်ပြန်ရောက်လာခဲ့ပါတယ်၊ ဘာမှထူးခြားမှုမရှိတဲ့အတွက် ထောက်လှမ်းရေး မေ့နေလောက်ပြီဆိုပြီး အစိုးရဆေးရုံမှာ အလုပ်လျှောက်ခဲ့ပါတယ်။ ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အတွင်းက တိုက်နယ်ဆေးရုံတရုံမှာ တာဝန်ကျခဲ့ပါတယ်၊ အစပိုင်းမှာ ဘာမှမဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထောက်လှမ်းရေး က မကြာခဏ စစ်ဆေး မေးမြန်းခဲ့ပါတယ်။

၁၉၉၅ ခုနှစ်ထဲမှာ စစ်မေးတာ ပိုစိပ်လာပြီး စိတ်အနှောင့်အယှက်လည်း ပိုဖြစ်လာပါတယ်၊ မခံနိုင်တဲ့အဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ခေတ္တ လွတ်မြောက်စဉ်မှာ တွေ့ရအောင် ခွင့်ယူပြီးရန်ကုန်တက်လာခဲ့ပါတယ်။ သို့သော် အန်တီနဲ့ မတွေ့ဖြစ်ခဲ့ပါ။ ဒါကြောင့် ဘိုကလေးကို ပြန်လာခဲ့ပါတယ်။ ဘိုကလေးကို ရောက်ရောက်ချင်း မ၀တ အတွင်း ရေးမှူးက ခေါ်လို့သွားတဲ့အခါမှာ မ၀တ ရုံးခန်းတွင်း စစ်ထောက်လှမ်းရေး ၃ ယောက်နဲ့ အချိန်အတော်ကြာ တွေ့ဆုံခဲ့ ရပါတယ်။ အဲဒီနောက် ဒေါက်တာ စောလွင်တယောက် ညှိုးညှိုးငယ်ငယ်နဲ့အိမ်ပြန်လာခဲ့ပါတယ်။

အတူနေသူတွေရဲ့ ပြောပြချက်အရ ဒေါက်တာ စောလွင်ဟာ စိတ်ဒုက္ခရောက်စရာရှိနေပုံ ရပါတယ်၊ သိသိသာသာ စကားနည်းသွားတယ်လို့လည်း ဆိုပါတယ်။ မေးရင်လည်း စကားလွှဲသွားပြီး ဘာမှသေချာမပြောခဲ့ပါဘူး။ အဲဒီလို မပြောတာကလဲဘယ်သူ့ကိုမှ သူလိုမဖြစ်စေချင်လို့ မပြောတာလို့ ယူဆရပါတယ်။

အဲဒီနောက် ခွင့်ဆက်ယူပြီး ပစ္စည်းတွေသိမ်းဆည်းနေပါတယ်၊ ဒါပေမယ့် နောက်၂ ရက်အကြာမှာ ဆရာ ဒေါက်တာ စောလွင် အခန်းက တိတ်ဆိတ်နေပြီး လှုပ်ရှားသံမကြားရလို့ အတူနေသူတွေက စိုးရိမ်ပြီး တခါးဖျက်ဝင်ခဲ့ရာ သူ့ကိုယ်သူ ဆွဲကြိုးချ သတ်သေနေခဲ့ပါတယ်။ ဆရာ သေဆုံးရခြင်း အတွက် ကျမတကယ် နှမြောဝမ်းနည်းမိပါတယ်။ ဆရာဟာ လူတော်လူကောင်းတဦးပါ။

ကျမတို့ ဗမာပြည်မှာကြယ်တွေကြွေနေပါတယ်၊ ဘယ်သူ့မှာတာဝန်ရှိပါသလဲ၊ အဖိုးတန် သားတွေဆုံးရှုံးရတဲ့ မိဘ တွေရဲ့ခံစားချက်က ဘယ်လောက်များနာကျင်နေမလဲ၊ ကျမတို့ရဲ့အဖိုးတန် လူငယ်တွေ ဘယ်လောက်အထိများ ဆုံးရှုံးနေရဦးမှာလဲ……။

ဒီဆောင်းပါးနဲ့ အညတြ သူရဲကောင်းများကို ဂုဏ်ပြုအပ်ပါတယ်။.........
''ဒီမို ၁၀ ပါတီ သဘောထားကြေညာချက် ရခိုင်ပါတီလက်မခံ ၊ ပြည်သူအချို့ကဝေဖန်''

လာမည့်ရွေးကောက်ပွဲများတွင် တစ်ပါတီတည်းအနိုင်ရမှုကိုကာကွယ်ရန် ရွေးကောက်ပွဲစံနစ်ပြုပြင်ရေးနှင့်ပတ်သတ်၍ ဒီမိုကရေစီမိတ်ဆွေပါတီများက
သဘောထားကြေည်ာချက်တစ်ရပ်ကို ဇူလိုင်လ ၂၈ ရက်နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၂၇ ရက်နေ့က ဒီမို ၁၀ ပါတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
"ေ၇ွးကောက်ပွဲကော်မရှင်က ဒါကိုလွှတ်တော်တင်ပြမယ်ပေါ့။ ပါတီတွေနဲ့ ပြည်သူတွေအားလုံးပါဝင်လာအောင်လုပ်ပါဆိုပြီးပြောတယ်။ ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီကတော့ ဒီသဘောထားကြေညာချက်ကို လက်မခံပါဘူး " ဟု ဒီမိုမိတ်ဆွေပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါသဘောထားကြေညာချက်ကို ဖတ်ရှုသိရှိပြီးသူများကလည်း လက်မခံကြောင်းဖြင့် ဝေဖန်ပြောကြားကြသည်။
သဘောထားကြောညာချက်အပြည့်အစုံကိုအောက်တွင်ဖော်ပြထားပါသည်။
 

The Voice Journal july 30


The Voice Journal

ဆိုဒ်ရိုးနားဒါး အောင်သိန်းလင်း

7Day News


    ဦးအောင်သိန်းလင်းက Southern Weekend သတင်းစာသို့ ဖြေကြားမှုကို စိစစ်လျက်ရှိပြီး တွေ့ရှိချက်ပေါ်မူတည်၍ ပါတီ၏ စည်းကမ်းအရ ဆက်လက်အရေးယူမည်ဟုဆို

    ရန်ကုန်၊ ဇူလိုင် - ၂၈

    တရုတ်နိုင်ငံတွင် အပတ်စဉ်ထုတ်ဝေလျက်ရှိသော Southern Weekend (China) သတင်းစာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းတို့ တွေ့ဆုံမေးမြန်းချက်ကို အင်တာနက်တွင် ပျံ့နှံ့လျက်ရှိပြီး ပြည်တွင်းဂျာနယ်အချို့၌လည်း ဖော်ပြလျက်ရှိရာ ဦးအောင်သိန်းလင်းက ထိုဖော်ပြချက်များအတိုင်း အမှန်တကယ် ပြောကြားခြင်းရှိ၊ မရှိကို စိစစ်ဆောင်ရွက်လျက်ရှိပြီး၊ တွေ့ရှိချက်အပေါ်မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီက ယနေ့(ဇူလိုင် ၂၈ရက်) ရက်စွဲဖြင့် တရားဝင်ကြေညာသည်။

    ဦးအောင်သိန်းလင်းက အမှန်တကယ် ပြောကြားခဲ့ခြင်းဖြစ်ပါက ၄င်း၏ ပုဂ္ဂလိကပြောဆိုချက်များသာဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သဘောထားများမဟုတ်ကြောင်းလည်း ကြေညာချက်တွင်ပါရှိသည်။

    ကြေညာချက်အပြည့်အစုံမှာ-

    (၁) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းနှင့် Southern Weekend (China) ဟု ဖော်ပြထားသော တွေ့ဆုံမေးမြန်းမှု ရေးသားဖော်ပြချက်များအား Internet စာမျက်နှာများပေါ်တွင် လည်းကောင်း၊ ပြည်တွင်းရှိ ဂျာနယ်များတွင်လည်းကောင်း ဖော်ပြလျက်ရှိနေကြပြီး အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မေးမြန်းမှုများလည်း ရှိနေကြပါသည်။

    (၂) အဆိုပါ ရေးသားဖော်ပြချက်များသည် ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းမှ အမှန်တကယ် ပြောကြားခဲ့မှုများ ဖြစ်ပါက ဦးအောင်သိန်းလင်း၏ ပုဂ္ဂလိက ပြောဆိုချက်များသာဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သဘောထားများ မဟုတ်ပါ။

    (၃) ဦးအောင်သိန်းလင်းအနေနှင့် အမှန်တကယ် ပြောကြားခြင်းရှိ၊ မရှိကိုလည်း စိစစ်ဆောင်ရွက်လျက်ရှိပြီး၊ တွေ့ရှိချက်များအပေါ် မူတည်၍ ပါတီစည်းကမ်းအရ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါသည်ဟု ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။

    http://www.usdp.org.mm/

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် (NLD) ရုံးသို့ လာရောက်စဉ် (၂၈.၇.၂၀၁၂)-ဓာတ်ပုံ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် (NLD) ရုံးသို့ လာရောက်စဉ် (၂၈.၇.၂၀၁၂)-ဓာတ်ပုံ