Wednesday, June 13, 2012

ပြည်တွင်းစစ်နဲ့ အဖိုးအို

on June 13, 2012

ရွာဦးမှာ ၂ လောင်း ရွာလယ်မှာ ၁ လောင်း
ရွာသင်္ချိုင်းမှာ ၃ လောင်း အလောင်းကြည့်လို့ ကျောင်းပျက်
တရက်လဲ မဟုတ်၊ နှစ်ရက်လဲ မဟုတ်
တလလဲ မဟုတ်၊ နှစ်လလဲ မဟုတ်
ကျောင်းအုပ်ကြီးရဲ့ ကြိမ်ဒဏ် ကျောကော့အောင်ခံရ
ဆရာမကလဲ၊ နားရွက်ဆွဲ ထိုင်ထ
သြော်…. ကာလ ကာလ ဒို့ ကာလဟဲ့၊
လူဖြစ်စမှာ ကမ္ဘာစစ်တဲ့ ကျောင်းနေစမှာ ပြည်တွင်းစစ်တဲ့။
ကမ္ဘာစစ်မှာ၊ ဗမာက ဂျပန်ကို တော်လှန်သတဲ့။
ပြည်တွင်းစစ်မှာ၊ ဗမာက ဗမာကို ဆော်ပြန်သတဲ့၊
ခေတ်ကတော့ ဗမာ့ခေတ် လွတ်လပ်ရေး ရစ၊
ဗမာက ဗမာကို ညီအစ်ကို အချင်းချင်း သားအဖချင်း၊
တူဝရီးချင်း ဆွေးချင်း မျိုချင်း၊ သူငယ်ချင်းတွေ၊
အိမ်နီးနားချင်း ရွာနီးနားချင်း မြို့နီးနားချင်း
“ဗမာချင်းချင်း တိုက်ခိုက်ခြင်းက လူ့ဘ၀” လို့ ခေတ်က သင်ခဲ့၊
သင်ခဲ့သည်မှာ သမိုင်းပါတကား “သမိုင်းဆိုတာ စစ်ပွဲပါတကား”
အထင်မှားရ အသင်မှားတဲ့ သင်ခန်းစာ။
ကမ္ဘာစစ်မှာ.. ဖက်ဆစ်ဂျပန် ကျူးကျော်ရန်ကို၊
တော်လှန်တိုက်ခိုက်၊ စစ်ထဲလိုက်တော့ လိုက်တဲ့ ရွာသား၊
ဒို့များ ဦးလေးရယ် ဦးလေးအရွယ်၊ ရွာလယ်ခြင်းဝိုင်းရယ်
တ၀ိုင်းလုံးဟာ စစ်ထဲပါသတဲ့၊
ပါသွားသူက ကိုးယောက် ဆယ်ယောက်
ပြန်လာသူက ငါးယောက်ခြောက်ယောက်
လေးငါးယောက်ဟာ၊ ပြန်လာလို့မှ ခဏမကြာ၊
တလတာလား တနှစ်တာလား၊
နားကြပြီးနောက် တယောက်က ကွန်မြူနစ်
တယောက်က ဆိုရှယ်လစ် မလစ်သူက၊ ပြည်သူ့ရဲဘော်
ရဲဘော်ထဲမှ၊ တချို့က အနီ တချို့က အဖြူ၊
တောရောက်သူရောက် တောင်ရောက်သူရောက်၊
တယောက်ကို တယောက်ကျောခိုင်း
ဂိုဏ်းမတူရင်၊ ရန်သူတွေဖြစ်
ရွာကိုပစ်ခွာ၊ ပြန်မလာတော့၊
ကမ္ဘာစစ်ကြီး၊ တချီပြီးလဲ
ပြည်တွင်းစစ်မီး၊ မပြီးပြတ်သေး
ချိုးဖြူလေးလဲ၊ ဝေးရပ်ကိုပျံ
လောက်စာမှန်သလား၊ လေးမြားမှန်သလား
ကျည်ဆံမှန်သလား ဒို့များမှာတော့၊
ကျောင်းသားကနေ ဆရာတွေဖြစ်၊
ဆရာကနေ သွားကြွေဆံဖြူ၊ တောင်ဝှေးကူရ
ချိုးဖြူလေးရေ ဘယ်မှလဲ၊ ပြန်ခဲ့ပါတော့ မျှော်နေဆဲ။
မောင်စွမ်းရည်
ဇွန် ၁၁၊ ၂၀၁၂

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီး အစီအစဉ်

~
ဒီကနေ့ အစပြုမယ့် ခရီးစဉ်အတွင်း သွားရောက်မယ့် နိုင်ငံများ နဲ့  အချိန်စာရင်း
ဆွစ်ဇာလန်၊ နော်ဝေ၊ ဗြိတိန်၊ အိုင်ယာလန်၊ ပြင်သစ်

ဇွန် ၁၃ - ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ညီလာခံ တက်ရောက် မိန့်ခွန်းပြော
ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီး Didier Burkhalter နှင့် တွေ့ဆုံဆွေးနွေး၊
ဆွစ်ဇာလန်ပါလီမန်သို့ သွားရောက်။

ဇွန် ၁၅ - နော်ဝေနိုင်ငံ အော်စလိုမြို့တော်


ဇွန် ၁၆ - အော်စလိုမြို့တော်ခန်းမ နိုဘဲလ် ငြိမ်းချမ်းရေးဆု လက်ခံရယူ၊
အော်စလိုဆိပ်ကမ်း ငြိမ်းချမ်းရေး စင်တာရောက် မြန်မာနိုင်ငံသားများ၊ တခြား ဧည့်သည်များနှင့် တွေ့ဆုံ
အော်စလိုမြို့တော်ခန်းမရှေ့ လူထု မိန့်ခွန်း

ဇွန် ၁၇ - နော်ဝေနိုင်ငံခြားရေးဝန်ကြီး အပါအ၀င် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေး
နော်ဝေးနိုင်ငံ ဒုတိယမြို့တော် ဘာဂင်မြို့ ရပ်ဖ်တို လူ့အခွင့်အရေးဆု လက်ခံရယူ

ဇွန် ၁၈ - အိုင်ယာလန်နိုင်ငံ ဒပ်ဘလင် မြို့တော် ၊ Board Gais Energy ဇာတ်ရုံ ခန်းမကြီး
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ “ယုံကြည်ချက် ခိုင်မာပြတ်သားမှု သံတမန်” ဆု လက်ခံရယူ
ကမ္ဘာကျော် U2 တေးဂီတအဖွဲ့နဲ့ အဆိုတော် Bono တို့ရဲ့ ဂုဏ်ပြုဂီတ ဖျော်ဖြေပွဲ တက်ရောက်
 
ဇွန် ၁၈ မှာပဲ -  ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်


ဇွန် ၁၉ - ဒေါ်အောင်ဆန်းစုကြည် မွေးနေ့


ဇွန် ၂၀ - Oxford တက္ကသိုလ် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ လက်ခံရယူ


ဇွန် ၂၁ - ဗြိတိသျှ အထက်အောက်လွှတ်တော်နှစ်ရပ်ပေါင်းမှာ မိန့်ခွန်းပြော


ဇွန် ၂၆ - ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တော်
ပြင်သစ်သမ္မတနှင့်တွေ့


ဇွန် ၃၀ - ရန်ကုန်ပြန်ရောက်

ညွှန်း - ဗွီအိုအေ (မြန်မာဌာန) http://www.voanews.com/burmese/news/DASSK-trip-06-09-12-158327205.html

Wednesday, June 13, 2012   
Sithu Linn

ပင်စင်စားများအတွက် e-pension စနစ်



နိုင်ငံပိုင် သတင်းစာပါ e-pension အကြောင်း

ပင်စင်စားများအတွက် မြန်ကောင်းလွယ်ကူတဲ့ စနစ်လို့ ဆိုထားတဲ့ E-pension စနစ်ပါတဲ့။ တချိန်က ပင်စင်စား များက ၄ လ ၅ လလောက်နေမှ ပင်စင်ကိုထုတ်နေခဲ့ကြရာ မကြာသေးခင်က ပင်စင် လစာတိုးမြှင့်မှုကြောင့် လစဉ်ထုတ်နိုင်တဲ့ ပမာဏအထိ တိုးလာတယ်လို့ နိုင်ငံပိုင် သတင်းစာတွေက ဆိုပါတယ်။

ပင်စင်ထုတ်ရတာလည်း လူက အရမ်းများတော့ တန်းစီးရတာ၊ အချိန်အခက်အခဲဖြစ်တာတွေကြောင့် e-pension စနစ်နဲ့ အခုလို ပင်စင်စားကြီးတွေ အဆင်ပြေအောင်လုပ်ထားတယ်လို့ ဆိုပါတယ်။ ဘကြီးအောင် မညာဘူး ဆိုရင်တော့
တကယ်အဆင်ပြေ မြန်ဆန်ချောမွေ့မှု ရှိလာမှာပါပဲ။
ပင်စင်စားတွေအပြောကတော့ သူတို့လစာက လမ်းစာရိတ်သာသာ ပဲ ဖြစ်ပါသတဲ့။ 
http://blog.irrawaddy.org/2012/06/e-pension.html 

သီလကို အစစ်ဆေးခံဖို့ စိန်ခေါ်ရဲတဲ့ ခေါင်းဆောင်တွေ များများ ပေါ်ထွန်းပါစေ (မောင်ဝံသ)


on Wednesday, June 13, 2012 
at 1:27am ·
 
ပြည်သူ့ခေတ်ဂျာနယ်  ၁၄ ဇွန် ၂၀၁၂ မှာ ဒဏ်ရာဒဏ်ချက် အနည်းငယ်နဲ့  ဖော်ပြထားတဲ့ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။

ခေါင်းဆောင်တွေရဲ့ အားသာချက် အားနည်းချက်
ခုတစ်လော ကျွန်တော် အချိန်ပေးပြီး လုပ်နေတဲ့ အလုပ်တွေထဲမှာ ဟောပြောပို့ချမှုတချို့လည်း ပါဝင်တယ်ဗျ။ အထူးသဖြင့် မြန်မာနိုင်ငံရေးအကြောင်း (အဓိကအားဖြင့် ဒုတိယကမ္ဘာစစ်ပြီးချိန်ကစလို့ မျက်မှောက်ကာလအထိ) ဆွေးနွေးဖလှယ်တာပါပဲဗျာ။

ကျွန်တော်က နိုင်ငံရေးအဖြစ်အပျက်များကို အချက်အလက်တွေအပေါ် သုံးသပ်တင်ပြတဲ့ချဉ်းကပ်မှုအပြင် နိုင်ငံရေးဇာတ်ခုံမှာ ပါဝင်ကပြခဲ့ကြတဲ့ အဓိက ပုဂ္ဂိုလ်တွေရဲ့ ထူးခြားချက်၊ အားသာချက်၊ အားနည်းချက်၊ ခေါင်းဆောင်မှုဆိုင်ရာ သင်ခန်းစာများကိုလည်း ထုတ်နှုတ်တင်ပြဖို့ ကြိုးစားတယ်ဗျ။ ဘယ်သူကစမလဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကပဲ စရတာပေါ့။ အဲဒီမှာ သတိထားမိတာက ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ကျွန်တော် ဆွေးနွေးတင်ပြတာတွေ အတော်များများကို သင်တန်းသားတွေက သိနေတာ ဖြစ်တယ်ဗျ။ ကျွန်တော့် သင်တန်းပို့ချနည်းက ဆရာတစ်ယောက်တည်းက တစ်ဖက်သတ် ပြောသွားတာမျိုး မဟုတ်ဘဲ သင်တန်းသားတွေကို များများ ပါဝင်ဆွေးနွေးခိုင်းတာဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်ပြီး သူတို့ ဘယ်လောက် ဖတ်ရှုလေ့လာထားတယ်ဆိုတာ သိရတာပေါ့။

ဗိုလ်ချုပ်ကလွဲပြီး မသိတာကများ
    သို့ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းကလွဲပြီး ကျန်တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်ကြီး တွေအကြောင်း သူတို့ခမျာ မသိတာက များနေတယ်။ ဥပမာ- ဆရာကြီး သခင်ကိုယ်တော်မှိုင်းအကြောင်းဆိုရင် စာပေပညာရှင်ကြီး တစ်ယောက် ဆိုတာလောက်ပဲ သိတယ်။ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ခေတ်အဆက်ဆက် အာဏာရ အာဏာမဲ့ နိုင်ငံရေးသမားအားလုံးလိုလိုရဲ့ ဂုရုကြီးတစ်ဆူဆိုတာကို မသိသူက ပိုများနေတယ်ဗျာ။ ရန်ကုန်မှာ အနေကြာကြပေမယ့် ရွှေတိဂုံစေတီ တော်ကြီးရဲ့ တောင်ဘက်မုခ်အနီး ရွှေတိဂုံဘုရားလမ်းမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဂူဗိမာန်ကြီး ရှိတယ်ဆိုတာကိုတောင် အတော်များများက မသိကြဘူးဗျ။ ကျွန်တော်က ဆရာကြီးမှိုင်းရဲ့ ဂူဗိမာန်ဘေးမှာ စုဖုရားလတ် ဂူဗိမာန်၊ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ဂူဗိမာန်၊ ဦးသန့်ဂူဗိမာန်တို့ပါ ရှိနေကြောင်း တစ်ဆက်တည်း ရှင်းပြရတယ်ဗျာ။
    သူတို့တွေ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်စာပေအများအပြား ဖတ်ရှုလေ့လာရင်း မလွဲမသွေ သိရှိမှတ်မိကြလိမ့်မယ်လို့ ထင်ရတဲ့ ၀န်ကြီးချုပ် ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ကွန်မြူနစ်ခေါင်းဆောင် သခင်စိုး၊ သခင်သန်းထွန်း၊ ဦးသိန်းဖေမြင့်စသူတွေအကြောင်းကို ပြောပြတော့လည်း အသစ်အဆန်းတွေ ဖြစ်နေကြတယ်ဗျ။ ဒေါက်တာဗမော်ဆိုရင် ဂျပန်ခေတ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို လေ့လာရင် တွဲပြီး သိရမယ့်ပုဂ္ဂိုလ်ဖြစ်ပေမယ့် ၀ိုးတိုးဝါးတားနဲ့ မမှတ်မိသူက များနေတယ်။ ဂဠုန် ဦးစောကျတော့ ဗိုလ်ချုပ်ကို လုပ်ကြံသူအဖြစ် သိတယ်။ သို့ပေမယ့် ကိုလိုနီခေတ်နိုင်ငံရေးသမားလက်ဟောင်းတွေထဲမှာ သူဟာ ဘယ်နည်းဘယ်ပုံ ရှေ့တန်းရောက်ခဲ့သလဲ၊ သူ့ရဲ့ တော်ကွက်၊ ရှော်ကွက်တွေက ဘာတွေလဲဆိုတာ ပြောပြတဲ့အခါ အတော်ကို အံ့သြ ကုန်ကြတယ်ဗျ။

ဦးနုအကြောင်း ပြောစရာတွေ    
    မြန်မာနိုင်ငံ လွတ်လပ်ရေးရချိန်မှာ ပထမဆုံး ၀န်ကြီးချုပ်ဖြစ်ခဲ့ပြီး ၁၉၆၂ခုနှစ်မှာ အပြီးအပြတ် အာဏာအသိမ်းခံလိုက်ရတဲ့ ဦးနုအကြောင်းကို ကျွန်တော် မကြာခဏ အလေးထားပြီး ပြောတယ်။ ၁၉၅၈ခုနှစ်မှာ ဗိုလ်ချုပ်နေ၀င်းတို့လူစုက အာဏာသိမ်းဖို့ စီစဉ်ပေမယ့် ဦးနုက  အာဏာ အသိမ်းမခံဘဲ အာဏာလွှဲပေးလိုက်တဲ့ အနေအထားမျိုးဖန်တီးပြီး ပါလီမန် ဒီမိုကရေစီ ဆက်လက်တည်တံ့အောင် တတ်နိုင်သမျှ ကြိုးစားခဲ့ပုံကို ကျွန်တော် ရှင်းပြတယ်။ ၁၉၆၁မှာ တောင်ကြီးညီလာခံကျင်းပပြီး ရှမ်းပြည်နယ်နိုင်ငံရေးခေါင်းဆောင်တွေက ပြည်ထောင်စု စစ်စစ် ဖက်ဒရယ်မူကို တောင်းဆိုကြတဲ့အခါ ဦးနုက ရန်ကုန်ကို ဖိတ်ပြီး အကျေအလည်ဆွေးနွေးတယ်။ အသံလွှင့်ရုံကြီးမှာကို ညီလာခံ ကျင်းပပေးပြီး အခြေအတင် ဆွေးနွေးခွင့်ပေးတယ်။
ဦးနုရဲ့ သိမ်မွေ့ညင်သာတဲ့ ကိုင်တွယ်မှုကြောင့် ရှမ်းခေါင်းဆောင်တွေဟာ ပြည်ထောင်စုကနေ ခွဲထွက်သွားမယ်ဆိုတဲ့ စကားကို မပြောတော့တဲ့အထိ အခြေအနေတိုးတက်လာတယ်။ တိုင်းရင်းသားလူမျိုးအားလုံး တန်းတူရေးနဲ့ ပြည်ထောင်စုအတွင်း ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးကိုပဲ အလေးထားပြောကြတော့တယ်။ အဲဒီအခိုက်မှာပဲ ဗိုလ်ချုပ်နေ၀င်းက ကောက်ခါငင်ကာ အာဏာသိမ်းလိုက်တာပါပဲဗျာ။ လက်ညှိုးထိုးပြတော့ အားလုံးသိကြတဲ့အတိုင်း ဖက်ဒရယ်မူကြောင့် ပြည်ထောင်စုကြီးပြိုကွဲတော့မှာကို လက်မတင်လေး ကယ်တင်လိုက်ရတဲ့ပုံ။

ထိန်းသိမ်းခံဘ၀ကနေ ၁၉၆၆ခုနှစ် စက်တင်ဘာလမှာ  လွတ်ငြိမ်းခွင့်ရလာတဲ့ ဦးနုကို လုပ်သားပြည်သူ့နေ့စဉ် သတင်းထောက်အနေနဲ့ ကျွန်တော် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဦးနုက ``ပြည်ထောင်စုကြီးပြိုကွဲတော့မယ့်အခြေအနေနဲ့ ကြုံနေရပြီလို့ ကျုပ်ကို ၂မိနစ်ပဲ ကြိုပြောပါ။ အာဏာသိမ်းစရာမလိုပါဘူး၊ ချက်ချင်းအာဏာလွှဲပေးလိုက်မှာပေါ့။ အဲသလိုဆိုရင် ခုလို ဒီမိုကရေစီ ပျက်စီးရတဲ့အခြေအနေ မရောက်တော့ဘူးပေါ့´´လို့ ပြောခဲ့တာ ကောင်းကောင်းမှတ်မိနေတယ်ဗျာ။

ကျုပ်ကို အာဏာပြန်အပ်ပါ
    နောက် ၁၉၆၈-၆၉ လောက်မှာ ဗိုလ်ချုပ်နေ၀င်းက ပြည်တွင်းညီညွတ်ရေးအကြံပေးအဖွဲ့ဆိုပြီး ဦးနုအပါအ၀င် နိုင်ငံရေးသမားကြီး ၃၃ ဦးနဲ့ ဖွဲ့စည်းပေးပြီး တိုင်းပြည်ရှေ့ခရီးအတွက် အကြံပေးခိုင်းတယ်။ ဦးဗဆွေ၊ ဦးကျော်ငြိမ်းအစရှိတဲ့ ပုဂ္ဂိုလ်များက ဒီမိုကရေစီ ဆိုရှယ်လစ် နိုင်ငံရေးလမ်းစဉ်ကိုတင်ပြတယ်။ အစိုးရ၊ သမ၀ါယမ၊ ပုဂ္ဂလိက၊ ဖက်စပ် တို့ပါဝင်တဲ့ ခြေလေးချောင်းထောက် စီးပွားရေးစနစ်ဆိုတာကို တင်ပြတယ်။ ၀ိဓုရ သခင်ချစ်မောင်အစရှိတဲ့ ပမညတအများစုပါဝင်တဲ့ အုပ်စုက ဆိုရှယ်လစ် ဒီမိုကရေစီလမ်းစဉ်ကို တင်ပြတယ်။ ဆိုရှယ်လစ်စီးပွားရေးစနစ်နဲ့ သွားဖို့ တိုက်တွန်းတယ်။ ဦးနုတစ်ယောက်တည်းက ဘာတင်ပြသလဲဆိုတော့ သူ့ကို အာဏာပြန်အပ်ပါ။ သူ့ကို အာဏာပြန်အပ်တယ်ဆိုတာ ပြည်သူလူထုက ရွေးကောက် တင်မြှောက်ထားခြင်းကို လေးစားတဲ့အနေနဲ့ ပြည်သူကို အာဏာပြန်အပ်တာနဲ့အတူတူပဲ။ သူ့ကို အာဏာပြန်အပ်လိုက်ပြီးတာနဲ့ သူက ချက်ချင်းပဲ ဗိုလ်ချုပ်နေ၀င်းကို အာဏာပြန်လွှဲပေးလိုက်မယ်။ အဲသလိုဆိုရင် အင်မတန်အရုပ်ဆိုးတဲ့ အာဏာသိမ်းထားတဲ့အစိုးရဆိုတာမျိုး မဟုတ်တော့ဘူး။ အဲဒီတော့မှ တိုင်းပြည်ကောင်းကျိုးအတွက် လုပ်စရာရှိတာတွေ ဆက်လုပ်ပါ တဲ့ဗျာ။ ထိုစဉ်က ကျွန်တော် လုံးဝ ဥာဏ်မမီခဲ့ပါဘူး။ ခုခါကျမှ ဦးနုရဲ့ ရပ်တည်ချက်နဲ့ သဘောထားကို ကျွန်တော်နားလည် သဘောပေါက်လာပြီး လက်ဖျားခါမိတယ်ဗျ။

အဲဒီတုန်းက ၃၃ ဦး အကြံပေးအဖွဲ့လည်း နောက်ဆုံးတော့ အဖျားရှူး သွားတာပါပဲ။ ဗိုလ်ချုပ်နေ၀င်းက ဘယ်သူ့အကြံဥာဏ်မှ မယူတဲ့အပြင် ဦးနုက အာဏာပြန်တောင်းတာကို ရှူးရှူးရှားရှား ဖြစ်ခဲ့သဗျာ။

နိုင်ငံရေးအကွက် ရှေ့ကပြေးနေတာချည်း  
    နောက် နှစ် ၂၀အကြာ ၁၉၈၈ ကျပြန်တော့ ၉ စက်တင်ဘာ ၈၈ မှာ ဦးနုက ``၁၉၆၂ခုနှစ် မတ်လ ၂ရက်နေ့တွင် မိမိထံမှ ဗိုလ်ချုပ်နေ၀င်းက သိမ်းယူသွားသော အာဏာအရပ်ရပ်ကို ပြန်လည် ရယူလိုက်ပြီ´´လို့ ကြေညာပြီး စင်ပြိုင်အစိုးရထူထောင်ခဲ့တယ်ဗျာ။ ဦးနုက သူ့ရဲ့ စင်ပြိုင်အစိုးရက ကြီးမှူးပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို အမြန်ဆုံး ကျင်းပ ပေးမည်လို့ အတိအလင်း ကြေညာပါတယ်။ ဦးနုရဲ့ နိုင်ငံရေးအကွက်တွေက သူများတွေထက် ရှေ့က ပြေးနေတာချည်းပါပဲ။ ကျွန်တော့်ရဲ့ မြန်မာ့နိုင်ငံရေး လေ့လာဆွေးနွေးချက်တွေထဲမှာ ဦးနုရဲ့ နိုင်ငံရေးလုပ်နည်းလုပ်ဟန်တွေ အကြောင်းကို ပို့ချချိန် စုစုပေါင်း ၆ နာရီလောက် ရှိတတ်ပါတယ်။ တကယ်အသေးစိတ် ပြောမယ်ဆိုရင် အဲဒီနှစ်ဆလောက် အချိန်ပေးရမယ် ထင်တယ်ဗျ။

တကယ်သန့်ရှင်းတဲ့ ဦးနု
    ဦးနုအကြောင်းပြောရင် သန့်ရှင်းဖဆပလဆိုတဲ့ နာမည်လည်း တွဲလျက်ပါတယ်။ ပညတ်သွားရာ ဓာတ်သက်ပါဆိုသလို ဦးနုရဲ့ ကိုယ်ကျင့်သိက္ခာ သန့်ရှင်းမှုနဲ့ ကိုယ်ကျိုးစီးပွားရှာမှုမှ သန့်ရှင်းမှုကိုလည်း အထူးပြု ပြောစရာရှိတယ်။        
    ဦးနု ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေချိန်မှာ ပြောခဲ့တဲ့စကားတစ်ခွန်းကို ဖဆပလကနေ သန့်ရှင်းနဲ့ တည်မြဲ ကွဲပြီးချိန် သတင်းစာတွေက အလေးထားဖော်ပြခဲ့ကြဖူးတယ်။  ``ကျွန်တော် ၀န်ကြီးချုပ် ရာထူးက ထွက်ခွာသွားချိန်မှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဥစ္စာပစ္စည်းတွေကို စစ်ဆေးပါ။ ၀န်ကြီးချုပ်မဖြစ်ခင်ကထက် တစ်ကျပ်ပိုရှိနေတာ တွေ့တယ်ဆိုရင် ကျွန်တော့်ကို သူခိုးလို့ ကြေညာပါ။ ကျွန်တော် ခံပါ့မယ်´´ ဆိုပြီး ရဲရဲဝံ့ဝံ့ ပြောဆိုခဲ့တာ ဖြစ်တယ်ဗျာ။ သူပြောခဲ့တဲ့အတိုင်းပါပဲ။။ ဦးနုနဲ့ပတ်သက်ပြီး သူ့ရဲ့အတိုက်အခံတွေဘက်က တခြား မကျေနပ်တာတွေရှိရင်ရှိမယ်။ ဒါပေမယ့် အကျင့်ပျက်ခြစားတဲ့ ဦးနုဆိုတဲ့ စွပ်စွဲမှုမျိုးတော့ ကျွန်တော် ကြားလည်း မကြားဖူး၊ ဖတ်လည်းမဖတ်ဖူးဘူးဗျ။

 နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ သမ္မတအဖြစ် ပထမဆုံးမိန့်ခွန်းမှာ  ကောင်းမွန်သော အုပ်ချုပ်ရေးနဲ့ သန့်ရှင်းသော အစိုးရဖြစ်စေရပါမယ်လို့  ကတိပေးခဲ့စဉ်က ကျွန်တော် ပထမဆုံး ပြေးသတိရလိုက်မိတာ ဦးနု စိန်ခေါ်ပြီး ပြောခဲ့တဲ့စကားထဲက ``၀န်ကြီးချုပ်မဖြစ်ခင်ကထက် တစ်ကျပ်ပိုရှိနေတာ တွေ့တယ်ဆိုရင် ကျွန်တော့်ကို သူခိုးလို့ ကြေညာပါ။ ကျွန်တော် ခံပါ့မယ်´´ဆိုတာပါပဲဗျာ။
    ကျွန်တော်တို့ တိုင်းပြည်မှာ အဲသလို သီလကို အစစ်ဆေးခံဖို့ စိန်ခေါ်ရဲတဲ့ ခေါင်းဆောင်တွေ များများ ပေါ်ထွန်းလာစေချင်ကြောင်းပါခင်ဗျ။

၀၈ ၀၆ ၁၂
maungwuntha@gmail.com

"Suu Kyi to make first trip to Europe in 24 years"

YANGON, Myanmar (AP) - When Aung San Suu Kyi last saw Europe, it was still divided into the democratic West and communist East. Her homeland of Myanmar was still under oppressive military rule.The long-time democracy activist takes her first European trip since 1988 Wednesday to make a long-awaited acceptance speech for the 1991 Nobel Peace Prize and at a time when Myanmar is making tenuous democratic progress.Her scheduled return to Myanmar by the end of the month gets her back in time to attend the July 4 reconvening of parliament, which was announced Tuesday night on state television. The parliamentary session will be considering crucial legislation, including media regulation and foreign investment.For 24 years, the opposition leader was either under house arrest or too fearful that if she left Myanmar, the former military regime would not let her return. She stayed put even as her British husband was dying of cancer in England in 1999.This will be Suu Kyi's second overseas trip after a recent, five-day tour in Thailand and will be filled with high-profile events bound to burnish Suu Kyi's image as an international political celebrity.At her first stop in Geneva, Suu Kyi will address Thursday's annual conference of the U.N.'s International Labor Organization. Her next stop is Norway for what is expected to be an emotional acceptance speech of her Nobel prize, 21 years late.She will briefly stop in Dublin to personally thank U2 frontman Bono for his support over the years. They will share the stage at a Monday concert in her honor organized by Amnesty International.
Aung Soe Min

ရခိုင်ပြည်နယ်၌ဖြစ်ပွါးနေသောအရေးအခင်းနှင့်ပတ်သက်၍.....


The government of Burma should arrange the facilities to grantee for the safety of the Burmese citizens in foreign countries especially the countries like Saudi Arabia, Malaysia, etc since there are reports of planned violent towards Burmese Buddhists and Christians by Islamic Extremists. Burmese embassies around the world should be easily accessible and contactable if in case of emergency. Burmese government should have the strategy to save Burmese citizens if they need assistance or help.


မြန်မာနိုင်ငံအစိုးရအနေဖြင့်လက်ရှိရခိုင်ပြည်နယ်၌ဖြစ်ပွါးနေသောအရေးအခင်းနှင့်ပတ်သက်၍နောက်ဆက်တွဲ
ပြည်ပ၌ရောက်ရှိနေသောမြန်မာနိုင်ငံသားတိုင်းကိုလဲအသက်အန္တာရယ်မလုံခြုံသောနေရာများ၊နိုင်ငံများ၌ရောက်ရှိနေသောနိုင်ငံသားများကိုကာကွယ်ပေးရန်အစီအစဉ်တရပ်အမြန်စီစဉ်ပေးရန်လိုအပ်ပါသည်။ ဥပမာအားဖြင့်မလေးရှားနိုင်ငံ၊ဆော်ဒီအာရေဗီးရားနိုင်ငံကဲ့သို့သောနေရာဒေသမျိုး၌ပို၍အရေးကြီးပါသည်ဖြစ်၍စီမံချက်တရပ်အလျင်အမြန်ရေးဆွဲသင့်ပါသည်။ မြန်မာနိုင်ငံဆိုင်ရာသံရုံးများကိုသေချာစွာမှာကြားလုပ်ဆောင်သင့်ပါသည်။နိုင်ငံရပ်ခြားတွင်အကြောင်းအမျိုးမျိုးကြောင့်စာရွက်စာတမ်းမပြည့်စုံသူများလဲရှိနေနိုင်ကာထိုသူများအတွက်လဲထည့်သွင်းစဉ်းစားလုပ်ဆောင်သွားရန်လိုအပ်ပါသည်။



Ohn Mar Oo


ကမ္ဘာကျော် ဘောလုံး သမား ဂိုးသွင်းကောင်းတဲ့ Leonel Messi ပြောပြီ "TERRORISTS " တဲ့

                                                     leonel Messi
ဘာဆီလိုနားမှာ ကန်နေတဲ့ ဘောလုံး သမားတောင် ယနေ့ 13ရက် မနက်မှာ ရိုဟင်ဂျာများကို ဗမာပြည်ထဲမှာ  "TERRORISTS " လို့ အမည်တပ်ပြီးကြေငြာဝင်နေပြီဖြစ်ပါတယ်။
မြန်မာအစိုးရရဲ့ လုံခြုံရေးအားနည်း တဲ့ ရခိုင်ပြည်နယ် စစ်တွေနဲ့ အခြားနေရာတွေမှာဆိုရင် ဒီပြဿနာဖြစ်လာလို့ အကျိုးမြတ်ရသွားတဲ့ အစိုးရအနေနှင့်အခုဒီပြဿနာက လွှတ်တော်ထဲက စစ်တပ်ရယူထားတဲ့ ထိုင်ခုံများကို လှုပ်မယ်ဆိုရင် အကုန်လုံး ဒုက္ခများကုန်မယ်လို့ နမူနာပြလိုက်တာ မဟုတ်ဘူးလား။
ကချင်ပြည်နယ်က ပြည်တွင်းစစ်နှင့် စစ်ဘေးဒုက္ခတွေကိစ္စ ပြောအားကျသွားတယ်။
လျှပ်စစ်မီးကိစ္စ အသံပျောက်သွားတယ်။ ပြည်က တရားဆွဲဆိုဖို့ကိစ္စ အပါဝင်ပေါ့။အလုပ်သမားပြဿနာ အထွေထွေ ဘေးချိတ်ခံရတယ်။
ကျွန်တော်တို့ မြင်သလောက်ကြားသလောက်နဲ့ တွေးလဲရတယ်၊ နည်းနည်းလေ နက်နက်နဲနဲတွေးလို့လဲ ရတယ်။ ဟိုတုန်းက ကျောင်းသားတွေ၊ သံဃာတွေ၊ ပြည်သူတွေကို ရိုက်နက်ခဲ့တာလဲ ဒီစစ်သားတွေပဲ၊ ခု ဒီရိုဟင်ဂျာအရေးကို ကိုင်တွယ်နေတာလဲ ဒီစစ်သားတွေပဲ ကွာတာတစ်ခုတော့ ရှိတယ်။ ဟိုတုန်းက အမိန့်ပေးခဲ့တာ စစ်အစိုးရ၊ ခေါင်းမရှိတဲ့ကောင်တွေ၊ ခု စီစဉ်ညွှန်ကြားနေတာက နိုင်ငံတော် သမ္မတ။ ကျွန်တော်တို့ နိုင်ငံရဲ့တည်ရှိမှုဟာ မနက်ဖြန်၊ သဘက်ခါနဲ့ ပြီးသွားမှာမဟုတ်ပါဘူး။ နိုင်ငံခေါင်းဆောင်တွေအနေနဲ့ သူတို့လုပ်ရပ်၊ ဆုံးဖြတ်ချက်တိုင်းဟာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ အကျိုးသက်ရောက်မှုအများကြီး ရှိသလို မှန်မှန်မှားမှား သမိုင်းမှာ ကျန်ခဲ့မှာပါ။ နိုင်ငံရေးရဲ့ အလျား၊အနံဆိုတာ ဘယ်သူကမှ အတိအကျမမြင်နိုင်ပါဘူး။ ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေ အပြစ်တင်မစောကြပါနဲ့။ နိုင်ငံခေါင်းဆောင်တွေမှာ ချိန်ဆစရာအများကြီး ရှိနေပါတယ်။ ကိစ္စတိုင်းကို တဖက်တည်းမကြည့်ပါနဲ့၊ တဖက်တည်းမတွေးပါနဲ့၊ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်ဖြစ်သင့်တယ်လို့ထင်တာတွေကိုပဲ မတွေးပါနဲ့။ သူတို့ စွန့်လွှတ်ခဲ့တာ၊ သူတို့စွန့်စားနာကျင်ခဲ့ရတာ ကိုယ်တွေလို facebook ပေါ်မှာ ကွန့်မန့်ပေးရုံ status ရေးရုံမဟုတ်ပါဘူး။
ဒီလိုသာအော်လိုက်ချင်တယ်...
သခင်အောင်ဆန်း!!! ရာဇ၀င် ရိုင်းရတော့မယ် အဖိုးရေ...
ကိုယ့်တိုင်းပြည်မှာ ကိုယ်နေပြီး ဒုက္ခသည်စခန်းက လူတွေလောက်တောင် မငြိမ်းချမ်းရတော့ဘူး အဖိုးရေ...
ကျွန်တော်တို့ တိုင်းပြည်မှာ ခေါင်းဆောင်ဆိုတဲ့သူတွေ
ခေါင်းရှောင်နေကြတယ် အဖိုးရေ...
ကိုယ့်အမျိုးသားတွေကို ပစ်ခဲ့တဲ့သေနတ်တွေက ခုတော့ ကျည်တွေ `အ´ နေကြပြီ အဖိုးရေ. လို့ သာအော်ပြီး တင်ပြရမလို ဖြစ်နေပါရဲ့ ဗျာ...။
MC . Hein Lay 
6.13.2012
 



























အမေရဲ့ ပီတိ ဗြဟ္မစိုရ်မိုး

















on Wednesday, June 13, 2012 
at 2:28am ·
မိထွေးတော် မဟာပဇာပတိဂေါတမီသည် ဘိက္ခုနီရဟန်းမသာသနာတော်ကို စတင်ဖော်ဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။ အမျိုးသမီးများ ဘိက္ခုနီသာသနာတော်သို့ ၀င်ရောက်ရန်အတွက် ရှေ့ဆောင်လမ်းပြအဖြစ် ကြိုးစားခဲ့သူ တစ်ဦးလည်းဖြစ်သည်။ နောက်ဆုံး ရဟန်းမဘ၀တွင် သိက္ခာဝါအကြီးဆုံး(ရတ္တညူမဟတ္တ) အရာ၌ ဧတဒဂ်ရခဲ့သည်။ မဟာပဇာပတိဂေါတမီ ထေရီမကြီး၏ ကြိုးစားမူကြောင့် သာသနာတော်သို့ အမျိုးသမီးများ များစွာဝင်ရောက်ခဲ့ကြပြီး အကျွတ်တရားရသူ တရားဖြန့်ပွားသူ သာသနာပြုအမျိုးသမီးများစွာ ပေါ်ထွန်းခဲ့သည်။ သာသနာ၌ ထူးခြားစွာ ဧတဒဂ်ရခဲ့သော အမျိုးသမီး (၁၃)ဦး ပေါ်ပေါက်ခဲ့ရသည်။ ထို့အပြင် မိထွေးတော် မဟာမပဇာပတိဂေါတမီထေရီမကြီး၏ နှစ်သက်လွန်းလို့ မိမိရင်တွင်းက ကဗျာများကို နှုတ်မှ ရွတ်ဆိုခဲ့တာ အောက်ပါ အတိုင်းဖြစ်ပါတယ်။

ရညော မာတာ မဟေသီတိ၊ သုလဘံ နာမ’မိတ္ထိနံ။
ဗုဒ္ဓမာတာတိ ယံ နာမံ၊ ဧတံ ပရမဒုလ္လဘံ။

သားတော်ကြီးဘုရား - မိန်းမသားတို့အား မင်း၏မယ်တော်၊ မင်း၏မိဖုရားဟူသော အမည်ကို ရလွယ်နိုင်၏၊ မြတ်စွာဘုရား၏ မယ်တော်ဟူသော အမည်ကိုမူ အလွန်ရခဲလှပါသည်။ ထိုရခဲလှသော အမည်ကို ဘုရားတပည့်တော်မ ရရှိပါပြီ။

မဓုရာနိ ပဟဋ္ဌာနိ၊ ဒေါသဂ္ဂါနိ ဟိတာနိ စ၊
ယေ တေ ဝါကျာနိ သုယျန္တိ၊
တေပိ ဓညာ နရုတ္တမာ။

လူတို့ထက်မြတ်တော်မူသော မြတ်စွာဘုရား - စိတ်နှလုံးကို ရွှင်ပြုံးစေတတ်ကုန်သော အပြစ်အားလုံးတို့ကို သန့်ရှင်းစေနိုင်ကုန်သော အစီးအပွားနှင့် ယှဉ်စပ်ကုန်သော အရှင်ဘုရားသားတော်ကြီး၏ ချိုမြိန်သာယာ အရသာရှိသော စကားတော်တို့ကို ကြားနာကြရကုန်သော သူတီု့သည် ဘုန်းကံ လွန်စွာ ကြီးမားကြသူတို့ ဖြစ်ကြပါ ပေကုန်သည်ဘုရား။

ယံ န ဒိဋ္ဌံ ပုရာဏေဟိ၊ တိတ္ထိကာစရိယေဟိ ပိ။
တံ ပဒံ သုကုမာရီဟိ၊ သတ္တ၀ဿာဟိ ဝေဒိတံ။

ရှေးအခါက ဖြစ်ပေါ်ခဲ့ကြသော ဘုရားအမည်ခံ တိတ္ထိဆရာကြီး အဆက်ဆက်တို့သည်ပင်လျှင် မတွေ့မမြင်ခဲ့ကြသော နိဗ္ဗာန်ကို မြတ်စွာဘုရား သားတော်ကြီး၏ ကျေးဇူးကြောင့် ယခုအခါ အသက်ခုနှစ်နှစ်အရွယ် သတို့သမီးငယ်တို့သည်ပင် သိမြင်ခံစားနေကြပါပြီဘုရား။

ဤကဲ့သို့သော် တရားများသည် အမေဖြစ်သူက သားတစ်ယောက်ကို ဝမ်းသာလွန်းလို့ သူမနှလုံးသားအတွင်းက ဖော်မပြနိုင်တဲ့ ပီတိတွေနဲ့ ချီးမြောက်တဲ့ ကဗျာလေး ဖြစ်ပါတယ်။ ဒါကြောင့် သူတော်ကောင်းတို့ရဲ့ ရင်တွင်းမှာလည်း မိဘတို့ အစဉ်အလာအတိုင်း သားသမီးတွေကို ချီးမြောက်မှု ပြုကြမည်ဆိုတာ သိရှိကြမည်ဖြစ်သည်။ အနောက်တိုင်းမှာဆိုရင် ယဉ်ကျေးမှု မတူညီမှုနဲ့ အစဉ်အလာ မတူညီမှုတွေကြောင့် တွေ့ရှိလိမ့်မည် မဟုတ်ပါ။ သို့သော် ဒီယဉ်ကျေးမှုသည် အရှေ့တိုင်းမှာသာလျှင် ရှိကြပါတယ်။ ဒါတွေဟာ ချစ်စရာကောင်းသော ယဉ်ကျေးမှုဖြစ်သလို မြတ်ဗုဒ္ဓရဲ့ သာသနာနဲ့ ကြုံတွေလို့သာ ဖြစ်ပါတယ်။ ဒါပေမဲ့ အနောက်တိုင်းမှာ ရှိတဲ့ အမေတွေက သားသမီးတွေကို မချစ်ကြဘူးလားလို့ မေးစရာဖြစ်လာလိမ့်မယ်။ အဲဒီလို မဟုတ်ပါဘူး အမေတိုင်းက သားသမီးတွေကို ချစ်ခင် မြတ်နိုးကြသလို သားသမီးတွေ တိုးတက်အောင်မြင်ရေးကို အချိန်တိုင်း အချိန်တိုင်း စောင့်ကြည့်နေကြတာပါ။ သားသမီးတွေ ဒုက္ခရောက်မည့် မိဘဆိုတာ မရှိကြပါဘူး။ အမေတိုင်း အမေတိုင်းက သားသမီးအတွက် ဘဝတွေ ပေးဆပ်လို့ အစစ အရာရာကို ပြုလုပ်ပေးခဲ့သလို မြတ်ဗုဒ္ဓ၏ တရားတော်အညီ နေတတ် ထိုင်ထတ်အောင်လည်း သင်ပြပေးခဲ့ကြတယ်။ ဒါကြောင့် ကောင်းမြတ်သော ဤကဲ့သို့သော တရားတော်တွေကို တွေ့ရသလို ကိုယ်တိုင်ကျင့်သုံးကြပါတယ်။ ထို့အပြင် မိဘမေတ္တာကို သိသာထင်ရှားသော တရားတော်လည်း ဖြစ်ပါတယ်။ ဒီတရားသည် ဓမ္မပဒမှ လာသော မိထွေးတော် မဟာပဇာပတိ ဂေါတမီကြီး၏ မိခင်တစ်ယောက်ရဲ့ ရင်တွင်းဖြစ် ကဗျာလေးပါ။ ဒီကဗျာလေးတွေကို ဖတ်ရတဲ့ သူတိုင်း အမေ့အိမ်နဲ့ ဝေးကွာနေသော်လည်း အမေ့မေတ္တာ အမေ့စေတနာတွေကို သိရှိနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

တက္ကသိုလ်မြတ်မင်း

"အသံတိတ် တိုင်းပြည်ထဲမှာ"



































အသံတိတ် တိုင်းပြည်ထဲမှာ
တဦးတယောက်ကများ
 ချောင်းနားထောင်နေရင်ဘဲ
 ဆက်မပြောရဲကြတော့ဘူးလေ။

သတင်းပေးဆိုသူတွေက လျှို့ဝှက်ချက်တွေကို ရောင်းစားကြတယ်လေ။
ပြည်သူတွေရဲ့ အသက်သွေးတွေကို ဖောက်သောက်နေကြတာလေ။

မင်းဆိုးမင်းယုတ်တွေ မကြိုက်တာဆို
ဘယ်သူကမှ မပြောရဲကြဘူးလေ။

အသံတိတ် ဗမာပြည်ထဲမှာ
ရယ်မောနေသူတွေ လည်းမရှိကြဘူး၊
ထုတ်ပြောနေသူတွေ လည်းမရှိကြဘူး။

အသံတိတ် ဗမာပြည်ထဲမှာ
လူထုတွေရဲ့ တိတ်ဆိတ်မှုတွေကြား
အဲဒီ အမှန်တရား ကို ကြားသိနိုင်တယ်လေ။

အသံတိတ် တိုင်းပြည်ထဲမှာ
မတရားဖမ်းဆီးဖို့ လာနေတဲ့
စစ်သားတွေ ကိုမြင်နေတာတောင်
ဘယ်သူကမှ မပြောရဲကြဘူးလေ။

တရုတ်တွေက လမ်းမကြီးကို လိုချင်နေကြတယ်။
ပြင်သစ်တွေက ရေနံကို လိုချင်နေကြတယ်။
ထိုင်းတွေက သစ်ကို လိုချင်နေကြတယ်။
နဝတကတော့ အရာရာကို ဖျက်စီးနေကြတယ်။

အသံတိတ် တိုင်းပြည်ထဲမှာ

အသံတိတ် တိုင်းပြည်ထဲမှာ
ဘာသံမှကြားရမယ် မဟုတ်ဘူး
လူသတ်သမားတွေက နှုတ်ပိတ်ထားလို့လေ။
အကြောက်တရားတွေက ဖုံးပိတ်ထားလို့လေ။

အင်အားသုံးပြီး ဖိနှိပ်ထားပါစေ၊
မုသားဝါဒီတွေ မတုပနိုင်တဲ့၊
ဖျောက်ဖျက် ဖုံးဖိမထားနိုင်တဲ့
အသံတသံ ကတော့ရှင်သန်နေမှာ
”လွတ်လပ်ခြင်း” တဲ့။ ။

(အောင်ဆန်းစုကြည်)။

(ဘာသာပြန်။ ။ ဘလော့ခ်ဂါ အလင်းဆက်)

စစ်တွေမြို့တွင် မီးရှို့မှုနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုရှိ

2012-06-12
စစ်တွေမြို့မှာ ဒီကနေ့ မီးရှို့မှုများ ဆက်လက်ဖြစ်ပွားနေပြီး ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုတချို့လည်းရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်တွေမြို့မှာရှိတဲ့ NGO ရုံးတချို့ကို အာဏာပိုင်တွေက ဒီကနေ့ ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
RFA
စစ်တွေမြို့တွင် ပဋိပက္ခကြောင့် မီးလောင်နေသော အိမ်များကို ဒေသခံများ မီးငြိမ်းသတ်နေကြစဉ်။
စစ်တွေမြို့အတွင်း နာဇီရပ်ကွက်နဲ့ ဓည၀တီရပ်ကွက်တွေမှာ မွန်းတည့် ၁၂ နာရီလောက်ကစပြီး မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီမီးလောင်မှုနဲ့ ပတ်သက်ပြီး အပြန်အလှန် စွပ်စွဲမူတွေ ရှိနေပါတယ်။
မီးလောင်တဲ့ နေရာမှာ ရောက်နေတဲ့ ဒေသခံတစ်ဦးက အခုလို ပြောပြပါတယ်။
" မီးကွင်းပစ်တာက ရခိုင်အိမ်တွေကို မီးကွင်းပစ်ပါတယ်ခင်ဗျ။ ရခိုင်အိမ်နဲ့ သူတို့အိမ်က ကပ်ရက်ပါ။ ဓညဝတီဆိုတဲ့ ရပ်ကွက်နဲ့ နာဇီရွာဆိုတဲ့ ရပ်ကွက်က အကုန်လုံး ကပ်ရက်ပါ။ မီးရှို့တဲ့အချိန်မှာ ရခိုင်တွေကလည်း ထပ်ပစ်တယ်။ ရှို့ပါတယ်ခင်ဗျ။ ဘယ်လိုခေါ်မလဲ။ လေက ရခိုင်ဘက်ကိုတိုက်တဲ့ အချိန်မှာ သူတို့က စပြီး မီးရှို့ပါတယ်။ ဆိုတဲ့သဘောက လေတိုက်ရာကို မီးကပါမဲ့ သဘောဖြစ်တဲ့အတွက် ရခိုင်ရွာတွေဘက်ကို လေတိုက်နေတဲ့ အချိန်မှာ သူတို့ကစပြီး မီးရှို့တာပါ။ ဆိုတော့ ရခိုင်တွေက ကိုယ့်အိမ်ကို မီးငြိမ်းဖို့ ကြိုးစားကြပါတယ်။ အဲနားမှာ လေကပြောင်းသွားတော့ သူတို့ဘက်ကို အခုစလောင်နေပါပြီ"
ဒီမီးလောင်မှု ဖြစ်ပွားတဲ့ရပ်ကွက်က အစ္စလာမ်ဘာသာဝင် ၁၀၀၀ ကျော်ကို နာဇီရွာကနေ ဘူးပင်ရွာဘက်ကို အာဏာပိုင်တွေက ပြောင်းရွေ့ ပေးပါ တယ်။ လောင်နေတဲ့မီးဟာ ကွက်ကြားဖြစ်ပြီး မီးသတ်ကား သုံးလေးစီးနဲ့ မီးငြိမ်းနေရတယ်လို့ ဆိုပါတယ်။ ဒီအတောအတွင်း စစ်တွေမြို့က NGO ရုံးတချို့ကို လုံထိန်းတပ်ဖွဲ့တွေ ၀ိုင်းပြီး ရှာဖွေရေးတွေ လုပ်တယ်လို့သိရပါတယ်။
စစ်တွေမြို့မှာ ရောက်နေတဲ့ RFA အဖွဲ့သား ကိုကျော်ကျော်အောင်က အခုလိုပြောပါတယ်။
"လန်ကက်စတာ အင်တာနေရှင်နယ် ဆိုတဲ့ရုံးကို အာဏာပိုင်တွေက သွားရောက်ရှာဖွေရာမှာ ကျွန်တော်ကိုယ်တိုင်စောင့်ကြည့် နေခဲ့ပါတယ်ခင်ဗျ။ တခြား NGO အဖွဲ့ ရုံးတွေကိုလည်း ဝင်ရောက်ရှာဖွေတယ်လို့ သိရပါတယ်ခင်ဗျ။ အစကတော့ AZV NGO အဖွဲ့ပါခင်ဗျ။ အဲဒီ AZV အဖွဲ့၊ ရခိုင်ပြည်နယ်ရဲ့ အကြီးအကဲပေါ့လေ။ ရှေ့နေဟောင်း ဦးကျော်လှအောင် ဆိုတာ AZV အကြီးအကဲပေါ့နော်။ သူ့ဆီမှာလည်း အယ်ခိုင်းဒါးနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း အထောက်အထားတွေ တွေ့ရတယ်။ သူ့ကိုလည်း အဲဒီကိစ္စနဲ့ပဲ ဖမ်းလိုက်တယ်။ လက်နက်လည်းသူ့ဆီက ရရှိတယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် စစ်တွေဘက်မှာ ထွက်နေပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေဘက်က အခုထက်ထိ တစုံတရာ ထုတ်ပြန်အတည်ပြုတာ လုံးဝ မရှိသေးပါဘူးခင်ဗျ"
မနေ့ကလည်း ဘူးသီးတောင်၊ မောင်တောဒေသ UNDP တာဝန်ခံ ဒေါက်တာထွန်းအောင်ဆိုသူနဲ့ သားတွေထံကနေ လက်နက်နဲ့ စာရွက်စာတမ်းတွေ မိတယ်ဆိုတဲ့ သတင်းတွေရသလို မနေ့ ညပိုင်းကလည်း ဒေါက်တာထွန်းအောင်ရဲ့ သမီးဖြစ်သူနဲ့ အမျိုးသမီးသုံးဦးကို စစ်တွေလေဆိပ်မှာ အာဏာပိုင်တွေက စစ်ဆေးနေတယ်လို့ သိရပါတယ်။
လက်နက်မိတယ်ဆိုတာနဲ့ ပတ်သက်ပြီး အမည်မဖော်လိုတဲ့ စစ်တွေမြို့က အာဏာပိုင်တစ်ဦးက RFAကို အတည်ပြုပေမဲ့ အသေးစိတ်ကို ပြောဆိုခြင်းမရှိပါဘူး။
လွန်ခဲ့တဲ့ တစ်ပတ်အတွင်း ရခိုင်ပြည်နယ်က ပဋိပက္ခတွေမှာ သေဆုံးသူ ၂၅ ဦး ထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရသူ ၄၁ ဦး ရှိတယ်လို့ AFP သတင်းတရပ်က အစိုးရအရာရှိတစ်ဦးကို ကိုးကားပြီး ရေးသားထားပါတယ်။

စစ်တွေမြို့တွင် မီးရှို့မှုနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုရှိ












2012-06-12
စစ်တွေမြို့မှာ ဒီကနေ့ မီးရှို့မှုများ ဆက်လက်ဖြစ်ပွားနေပြီး ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုတချို့လည်းရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်တွေမြို့မှာရှိတဲ့ NGO ရုံးတချို့ကို အာဏာပိုင်တွေက ဒီကနေ့ ရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
RFA
စစ်တွေမြို့တွင် ပဋိပက္ခကြောင့် မီးလောင်နေသော အိမ်များကို ဒေသခံများ မီးငြိမ်းသတ်နေကြစဉ်။
စစ်တွေမြို့အတွင်း နာဇီရပ်ကွက်နဲ့ ဓည၀တီရပ်ကွက်တွေမှာ မွန်းတည့် ၁၂ နာရီလောက်ကစပြီး မီးလောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီမီးလောင်မှုနဲ့ ပတ်သက်ပြီး အပြန်အလှန် စွပ်စွဲမူတွေ ရှိနေပါတယ်။
မီးလောင်တဲ့ နေရာမှာ ရောက်နေတဲ့ ဒေသခံတစ်ဦးက အခုလို ပြောပြပါတယ်။
" မီးကွင်းပစ်တာက ရခိုင်အိမ်တွေကို မီးကွင်းပစ်ပါတယ်ခင်ဗျ။ ရခိုင်အိမ်နဲ့ သူတို့အိမ်က ကပ်ရက်ပါ။ ဓညဝတီဆိုတဲ့ ရပ်ကွက်နဲ့ နာဇီရွာဆိုတဲ့ ရပ်ကွက်က အကုန်လုံး ကပ်ရက်ပါ။ မီးရှို့တဲ့အချိန်မှာ ရခိုင်တွေကလည်း ထပ်ပစ်တယ်။ ရှို့ပါတယ်ခင်ဗျ။ ဘယ်လိုခေါ်မလဲ။ လေက ရခိုင်ဘက်ကိုတိုက်တဲ့ အချိန်မှာ သူတို့က စပြီး မီးရှို့ပါတယ်။ ဆိုတဲ့သဘောက လေတိုက်ရာကို မီးကပါမဲ့ သဘောဖြစ်တဲ့အတွက် ရခိုင်ရွာတွေဘက်ကို လေတိုက်နေတဲ့ အချိန်မှာ သူတို့ကစပြီး မီးရှို့တာပါ။ ဆိုတော့ ရခိုင်တွေက ကိုယ့်အိမ်ကို မီးငြိမ်းဖို့ ကြိုးစားကြပါတယ်။ အဲနားမှာ လေကပြောင်းသွားတော့ သူတို့ဘက်ကို အခုစလောင်နေပါပြီ"
ဒီမီးလောင်မှု ဖြစ်ပွားတဲ့ရပ်ကွက်က အစ္စလာမ်ဘာသာဝင် ၁၀၀၀ ကျော်ကို နာဇီရွာကနေ ဘူးပင်ရွာဘက်ကို အာဏာပိုင်တွေက ပြောင်းရွေ့ ပေးပါ တယ်။ လောင်နေတဲ့မီးဟာ ကွက်ကြားဖြစ်ပြီး မီးသတ်ကား သုံးလေးစီးနဲ့ မီးငြိမ်းနေရတယ်လို့ ဆိုပါတယ်။ ဒီအတောအတွင်း စစ်တွေမြို့က NGO ရုံးတချို့ကို လုံထိန်းတပ်ဖွဲ့တွေ ၀ိုင်းပြီး ရှာဖွေရေးတွေ လုပ်တယ်လို့သိရပါတယ်။
စစ်တွေမြို့မှာ ရောက်နေတဲ့ RFA အဖွဲ့သား ကိုကျော်ကျော်အောင်က အခုလိုပြောပါတယ်။
"လန်ကက်စတာ အင်တာနေရှင်နယ် ဆိုတဲ့ရုံးကို အာဏာပိုင်တွေက သွားရောက်ရှာဖွေရာမှာ ကျွန်တော်ကိုယ်တိုင်စောင့်ကြည့် နေခဲ့ပါတယ်ခင်ဗျ။ တခြား NGO အဖွဲ့ ရုံးတွေကိုလည်း ဝင်ရောက်ရှာဖွေတယ်လို့ သိရပါတယ်ခင်ဗျ။ အစကတော့ AZV NGO အဖွဲ့ပါခင်ဗျ။ အဲဒီ AZV အဖွဲ့၊ ရခိုင်ပြည်နယ်ရဲ့ အကြီးအကဲပေါ့လေ။ ရှေ့နေဟောင်း ဦးကျော်လှအောင် ဆိုတာ AZV အကြီးအကဲပေါ့နော်။ သူ့ဆီမှာလည်း အယ်ခိုင်းဒါးနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်း အထောက်အထားတွေ တွေ့ရတယ်။ သူ့ကိုလည်း အဲဒီကိစ္စနဲ့ပဲ ဖမ်းလိုက်တယ်။ လက်နက်လည်းသူ့ဆီက ရရှိတယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် စစ်တွေဘက်မှာ ထွက်နေပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေဘက်က အခုထက်ထိ တစုံတရာ ထုတ်ပြန်အတည်ပြုတာ လုံးဝ မရှိသေးပါဘူးခင်ဗျ"
မနေ့ကလည်း ဘူးသီးတောင်၊ မောင်တောဒေသ UNDP တာဝန်ခံ ဒေါက်တာထွန်းအောင်ဆိုသူနဲ့ သားတွေထံကနေ လက်နက်နဲ့ စာရွက်စာတမ်းတွေ မိတယ်ဆိုတဲ့ သတင်းတွေရသလို မနေ့ ညပိုင်းကလည်း ဒေါက်တာထွန်းအောင်ရဲ့ သမီးဖြစ်သူနဲ့ အမျိုးသမီးသုံးဦးကို စစ်တွေလေဆိပ်မှာ အာဏာပိုင်တွေက စစ်ဆေးနေတယ်လို့ သိရပါတယ်။
လက်နက်မိတယ်ဆိုတာနဲ့ ပတ်သက်ပြီး အမည်မဖော်လိုတဲ့ စစ်တွေမြို့က အာဏာပိုင်တစ်ဦးက RFAကို အတည်ပြုပေမဲ့ အသေးစိတ်ကို ပြောဆိုခြင်းမရှိပါဘူး။
လွန်ခဲ့တဲ့ တစ်ပတ်အတွင်း ရခိုင်ပြည်နယ်က ပဋိပက္ခတွေမှာ သေဆုံးသူ ၂၅ ဦး ထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရသူ ၄၁ ဦး ရှိတယ်လို့ AFP သတင်းတရပ်က အစိုးရအရာရှိတစ်ဦးကို ကိုးကားပြီး ရေးသားထားပါတယ်။

အမေ့အတွက် ယုံကြည်မှု ခွန်အားတွေ အဖြစ် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။



ဥရောပ ခရီးစဉ်မှာ အမေ့မျက်ဝန်း ၀မ်းနည်း ရိပ်တွေနဲ့ ထွက်ခွာရမယ် ဆိုတာ သိနေပါတယ်။ အမေ့ရင်ကို ခိုလှုံနေတဲ့ သားသမီးတွေရဲ့ အသက် အိုးအိမ် ဖျစ်စီးခံနေရတာကို ရင်ထဲမှာ မချိအောင် နာနေမယ်ဆိုတာလည်း ယုံကြည်ပါတယ်။ အမေ့ရင်ထဲမှာရော အမေ့အတွေးထဲမှာ ဘာတွေ ရှိနေလဲဆို အတိအကျ မပြောနိုင်ပေမယ့် အမေ့မျန်းဝန်းတွေက တခုခုကို သတိပေးနေသလို ခံစားရပါတယ်။ အခု သွားတဲ့ ဒီခရီးစဉ်ဟာ ဘယ်သူတွေ အတွက်လည်း ဆိုတာ အမေ့ကို ယုံကြည်သူ၊ လေးစားသူ အားလုံးက နားလည်ကြပါတယ်။ ဒီခရီးစဉ်မှာ နိုင်ငံတကာက မေးမယ့် ခက်ခဲတဲ့ မေးခွန်းတွေနဲ့လည်း အမေ ကြုံရဦးမယ်။

စိတ်ချပါ အမေ .... စေတနာ မေတ္တာတရား ဖြူစင်တဲ့ အမေ့ မေတ္တာတွေ ရောင်ပြန်ဟတ်မှာပါ။ အမေက အရာအားလုံးကို ကျော်လွှားနိုင်ခဲ့တဲ့ သူဆိုတာ လက်တွေ့ ယုံကြည်ပြီးသားပါ။ မနက်ဖြန် အမေသွားမယ့် ခရီးစဉ်မှာ ခရီးလမ်း တလျောက် ချောမွေ့အောင်မြင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခ အစိုးရဆောင်ရွက်ချက် အားနည်းကြောင်း RNDP ဝေဖန်













2012-06-12
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အစိုးရရဲ့ လုပ်ဆောင်ချက်တွေမှာ အားနည်းမှုတွေ ရှိနေကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ဒီနေ့ ဝေဖန်ပြစ်တင်လိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်က စစ်တွေမြို့ရှိ ရပ်ကွက်များတွင် အပြန်အလှန် မီးရှို့မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။
စစ်တွေမြို့မှာ ဒီကနေ့ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အပြင် ထိခိုက်ဒဏ်ရာရတာတွေလည်း လျော့မသွားဘဲ တိုးပွားလာနေတာတွေကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ဒီ ပြဿနာရပ်တွေကို အင်အားသုံးဖြေရှင်းဖို့ လိုအပ်နေပြီလို့ RNDP ခေါင်းဆောင် ဒေါက်တာအေးမောင်က ပြောပါတယ်။
"စစ်တွေမှာတော့ လုံခြုံရေးနည်းနည်း ပိုလိုမယ်လို့ထင်တယ်။ ကျွန်တော်တို့ကလေ ရင်ဆိုင်ကြတဲ့အခါမှာ နှစ်ဘက်တော်တော်လေး အဆိုးတွေလုပ်ကြပါ တယ်။ နောက်ဒီထက်မက လုံခြုံမှုထိန်းသိမ်းရေးအဖွဲ့တွေက အင်အားသုံးဖို့လိုမယ်ထင်တယ်။ တချို့ကလည်း တားမနိုင်ဖြစ်နေတယ် ကြားပါတယ်။ အဲတော့ ကျွန်တော်တို့ကတော့ ၂၄ နာရီ မာရှယ်လော ထုတ်သင့်တဲ့သဘောတောင် ဖြစ်နေပြီလားလို့ သုံးသပ်ပါတယ်"
စစ်တွေမြို့က ရပ်ကွက်တွေမှာ ဒီကနေ့ အပြန်အလှန် မီးရှို့မှုကြောင့် နှစ်ဘက် ထိခိုက်ဒဏ်ရာရရှိသူများ ရှိတယ်လို့လည်း စစ်တွေမှာ ရောက်နေတဲ့ RFA သတင်းထောက်က ပြောပါတယ်။

ရွှေဝါရောင်သံဃာတော်များမှ ပြည်သူလူထုအပေါ် သတိပေးထုတ်ပြန်ချက်။ ရက်စွဲ ၂၀၁၂ခုနှစ်၊ ဇွန်လ (၁၁)ရက်။








မျှဝေပေးကြပါရန်။
မေတ္တာရပ်ခံပါ၏။

၁။ ပြည်သူများတွင် အများစုမှာ နေ့စဉ်ဝင်ငွေရရှိရန် ရုန်းကန်ရှာဖွေ စားသောက်နေကြရသော အခြေခံလူတန်းစားများ ဖြစ်ပါသည်။
၂။ မိမိတို့၏ ရင်သွေးငယ်များသည်လည်း ပညာသင်ကြားရေးအတွက်လည်း နေ့စဉ်ကျောင်းများတွင် ပညာသင်ကြားနေကြရပါသည်။
၃။ မိမိတို့အပါအ၀င် မိသားစုဝင်အများစုမှာ နေ့စဉ် ၀င်ငွေအတွက် လည်ပတ်နေကြသော ပုံမှန်အလုပ်ဆင်းနေရသည့် ၀န်ထမ်းများဖြစ်ကြသည်။ စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီဝန်ထမ်းများအပါအ၀င် ခေါင်းရွက်ဗျက်ထိုး လက်လုပ်လက်စား အခြေခံ အလုပ်သမားများ ဖြစ်ကြပါသည်။
၎။ လူမှုကိစ္စ၊ အိမ်မှုကိစ္စများတွင် အေးအေးချမ်းချမ်းလည်ပတ်နေကြသော ပုံမှန် တည်ငြိမ်သောဘ၀ကို လူတိုင်းကြိုက်နှစ်သက်ကြပါသည်။ သဘောလည်းကျကြပါသည်။ အဓိကရုဏ်းများ ရုန်းရင်းဆန်ခတ်မှုများဖြစ်ပေါ်လာပါက အေးချမ်းတည်ငြိမ်သော မိသားစုဘ၀များအားလုံး ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာမည်ကို အားလုံး ဆင်ခြင်တွေးတောကြပြီး ယခုဖြစ်ပေါ်နေသော လူမျိုး၊ ဘာသာ၊ စီးပွား၊ နိုင်ငံရေး စသော အဓိကရုဏ်များကို မိမိတို့အနေဖြင့် မပါဝင်ကြရန်နှင့် မိမိတို့မိသားစုဝင်များလည်း မပါဝင်ကြရန် ဆင်ခြင်ထိန်းသိမ်း ကာကွယ်ကြရမည့်အချိန်ဖြစ်ပါသည်။
၅။ ထို့ကြောင့် မိမိကိုယ်၌သော်လည်းကောင်း မိမိတို့၏ မိသားစုဝင်တစ်ဦးဦးသော်လည်းကောင်း မည်သည့် ဆူပူမှု၊ အဓိကရုဏ်များ၌ မပါဝင်ကြစေဘဲ အထူးသိတိထားဆင်ခြင်နေထိုင်ကြပါရန် သတိပေးထုတ်ပြန်လိုက်ပါသည်။

ဆရာတော် ဦးပဏ္ဍ၀ံသ
ဦးဇ၀န
ရွှေဝါရောင်သံဃာတော်များ
ရွှေတောင်ကျောင်းတိုက်။

ဒင်္ဂါးပြား ရဲ့ တစ်ဘက်မှာ . . .
















မိတ်ဆွေ တို့ရေ

မနေ့က ညတော်တော်နက်တဲ့အချိန်မှာ စင်္ကာပူမှာနေထိုင်တဲ့ မြန်မာပြည်သူ မွတ်စလင်အမျိုးသမီးတဦးက ကျနော့်ဆီကို ဂျီတော့ခ် က တဆင့် ဖုန်းဆက်
ပါတယ်။ သူက ကျနော့်ကို ရင်ဖွင့်ချင်လို့၊ ပြောစရာတွေ ရှိလို့ပါ လို့ အစချီ
ပြီး ပြောခဲ့တာတွေကတော့. . .

ဒီအမျိုးသမီးဟာ “ရိုဟင်ဂျာ” ပဲ ခေါ်ခေါ်၊ “ဘင်္ဂလီ” ပဲ ခေါ်ခေါ်၊ “မြန်မာမွတ်စလင်” ပဲ ခေါ်ခေါ်၊ “ကုလားမ” ပဲ ခေါ်ခေါ် မြန်မာပြည်ပေါက် မြန်မာပြည်သူစစ်စစ်တဦးဖြစ်ပါတယ်တဲ့။ သူ့ဘိုးဘွားတွေ လက်ထက်ကတည်းက မြန်မာပြည်မှာနေထိုင်လာခဲ့တယ်။ သူ့မိဘများသာ မက ဘိုးဘွားများက စစ်တွေမှာမွေးတာပါ။ သူကိုယ်တိုင်က
တော့ စစ်တွေ ကို တခါမှတောင် မရောက်ဖူးတဲ့ ရန်ကုန်သူ စစ်စစ်ဖြစ်ပါတယ်။
သူဟာ လက်ရှိစင်္ကာပူမှာနေထိုင်တာ ၈ နှစ်ကျော် ရှိလာပြီ ဖြစ်ပြီး၊ သူ့သားသမီးတွေဟာ စင်္ကာပူမှာမွေးတဲ့ စင်္ကာပူနိုင်ငံသားတွေလုံးလုံး ဖြစ်နေ
ပြီ လို့ ဆိုပါတယ်။
ဒီအချက်အလက်တွေကို သံသယ မဖြစ်စေပဲ လက်ခံနိုင်စရာအကြောင်းတချက်က သူ့ရဲ့ စကားပြောသံ. ၊ သူ့ရဲ့ “လေ” ပါ။ သူ့အသံက ရခိုင်တယောက်နဲ့တောင်မတူ၊ “ကုလားသံ”တောင်မစွက်တဲ့
တကယ့် မြန်မာတယောက်လို ပီပီသသပြောနိုင်ဆိုနိုင်ပါတယ်။

သူအဓိကပြောသွားခဲ့တာတွေကတော့ သူ့ဦးလေးတွေဟာ၊ စစ်တွေမြို့အောင်မင်္ဂလာရပ်ကွက်မှာနေပါတယ်။ အဲဒီမှာ မွတ်စလင်ဘာသာ
ဝင် အများစု နေကြပါတယ်။ လတ်တလော မနေ့က မနက် ၁၀ နာရီခွဲလောက် ဖုန်းနဲ့ဆက်သွယ်ပြောဆိုလို့ ရတဲ့အခြေအနေကတော့
အောင်မင်္ဂလာရပ်ကွက်ထဲမှာနေထိုင်တဲ့ မွတ်စလင်လူမျိုးများဟာ ပိတ်မိနေပါတယ်။ ထွက်လို့လည်း မရပါ။ ထွက်လာတာနဲ့ လုံခြုံရေးတပ်ဖွဲ့
တွေ ရဲ့ ပစ်ခတ်မှု ကို ခံရပါတယ်။ တဘက်ကလည်းရေဖြတ်၊ မီးဖြတ်နဲ့ အိမ်
ထဲမှာ နေဖို့ အဆင်မပြေတာတွေ ကြုံနေရတယ်။ တချိန်တည်းမှာ သူတို့ အနေနဲ့ အခိုင်အမာပြောနိုင်တာကတော့ စစ်တွေ၊ မောင်တော ဒေါသတွေကို
တဘက်နိုင်ငံက ဘင်္ဂါလီတွေ ရာချီပြီး ကူးလာတယ်၊ လက်နက်ခဲယမ်းမီးကျောက်တွေနဲ့ ဆိုတာ လုံးဝ မဟုတ်ပါဘူး တဲ့။
ဒါဆို ရိုဟင်ဂျာ တွေ ဆိုတာကကော လို့ မေးတော့ ကျမတို့ကို ရိုဟင်ဂျာတွေ
လို့ ကျမတို့ကိုယ် ကျမတို့ သတ်မှတ်ထားပါတယ်။ မဆလခေတ် က ကျမ
တို့ကိုဌာနေတိုင်းရင်းသားအဖြစ် သတ်မှတ်ပေးဖို့ ဥက္ကဋ္ဌကြီး ဦးနေ၀င်းကိုယ်
တိုင်က “ရိုဟင်ဂျာ” ဆိုတဲ့နာမည်ကို အသိအမှတ်ပြုပေးခဲ့တာပေါ့ တဲ့။ ကျမအဖေဟာ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်ခဲ့ပါတယ်။ ကျမအဖေ ရဲ့
ဓါတ်ပုံ ကို ရိုဟင်ဂျာမောင်မယ်သစ်လွင်ကြိုဆိုပွဲ ဆိုတဲ့ ဆိုင်းဘုတ်ကြီးနဲ့တကွ
ကျမတို့မှာ ခုချိန်ထိ ရှိပါတယ် တဲ့။
ဦးနေ၀င်း က ကျနော်တို့ မြန်မာပြည်သူတွေကို ကိုယ်စားမပြုကြောင်းနဲ့ ဒီအချိန်မှာ ဒီခေါင်းစဉ်နဲ့သာ ဆွေးနွေးရင် ပိုဆိုးရွားသွားနိုင်တယ် လို့ ကျနော်
သူ့ကိုပြန်ပြောဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော့်အတွေးထဲ ဖျတ်ခနဲ သတိရ
မိတာ ရှမ်းပြည် အရှေ့မြောက်ပိုင်းက လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလအတွင်း
မှာမှ ပေါ်လာတဲ့ “ကိုးကန့်” ဆိုတဲ့ တိုင်းရင်းသား အသစ်စက်စက်တွေကိုပါပဲ။
ထားပါတော့လေ။ ဆက်ပြောချင်တာက အဲဒီ အမျိုးသမီးဆက်ပြောသွားတာ၊
အဲဒီမှာ လက်ရှိ ဆူပူသတ်ဖြတ်မီးရှို့တာတွေ လုပ်နေတဲ့ ရခိုင်လူမျိုးတွေဟာ
သူတို့နဲ့ ရွာနေအိမ်ထိုင်နေလာခဲ့တဲ့ ရခိုင်လူမျိုးတွေ မဟုတ်ပါဘူး။ ဘယ်က
လူတွေမှန်းလဲ မသိဘူး တဲ့။ အဲဒီ ကလူတွေ ပြောနေဆိုနေကြတာတော့
ကြံ့ဖွံ့တွေနဲ့ စစ်တပ်က ပူးပေါင်းပြီး လုပ်နေတယ် လို့ သိရပါတယ် တဲ့။
မိတ်ဆွေတို့ရေ. .
သတင်းတိကျ မကျ၊ သူပြောသမျှ မှန် မမှန် ကျနော် ဘာတခု မှ အာမ မခံနိုင်
ပါဘူး။ ဒါပေမယ့် ကျနော့်ကို ဖုန်းဆက်ပြီး ပြောလာတဲ့ အကြောင်းအရာ တခု
ကို ပြန်ဖေါက်သည်ချပါတယ်။ နောက် ဝေဖန်သုံးသပ်ဆင်ခြင်ကြစေချင်တယ်
တခါတရံမှာ ပြဿနာတွေဟာ ဒင်္ဂါးပြားလိုပဲ ကိုယ်မြင်တဲ့ ဆိုဒ် တဘက် တည်းသာမက တခြားတဘက်မှာ ပြဿနာတွေ တသီကြီး ရှိနေပါတယ်။

ပြောရရင် အဲဒီဒေသတွေကို စစ်တပ် က အလုံးအရင်းနဲ့ ရောက်သွားတာ ဘယ်နှရက်ရှိနေပြီလဲ။
ခုချိန်ထိ ကို ဘာလို့ မီးလောင်မှုတွေ၊ ဖျက်ဆီးမှုတွေ
ဆက်တိုက် ဖြစ်နေသေးတာလဲ။
ဘင်္ဂလီတွေ ရာချီလက်နက်ခဲယမ်းမီးကျောက်တွေနဲ့တဘက်နိုင်ငံက ကူးလာ
တယ် ဆိုတာ သက်သေအတိအကျ ပြနိုင်စရာ ဘယ်မှာလဲ။

မေးခွန်းတွေအများကြီး မေးကြရအောင်။

နောက် ဒီပြဿနာကို ဘယ်က စ ပြီး အုံနဲ့ကျင်းနဲ့ ဖေ့စ်ဘွတ်ခ်အပါအ၀င် အင်တာနက်တွေမှာ ရေးသားနေကြတဲ့သူတွေ က ကော ရိုဟင်ဂျာ ပြဿနာ
ဟာ ၆ လ ကျော် ၈ လနီးပါး ကျနော် အမေရိကားရောက်ခါ စ ကတည်းက မွှေးလာတဲ့ ဖေ့စ်ဘွတ်ပေါ်မှာ အရှိန်ယူလာတဲ့ ခေါင်းစဉ်တခု ဆိုတာ ဒီ ဖေ့စ်ဘွတ်ခ် မှာ စဉ်ဆက်မပြတ် ဖတ်နေတဲ့သူတွေ သတိထားမိ
ပါလိမ့်မယ်။

ကျနော်တို့ဟာ တက်လာတဲ့ သတင်းတွေ၊ ဓါတ်ပုံတွေကို ကြည့်ပြီး ခံစားရ၊
ဆုံးဖြတ်ကြ၊ ပေါက်ကွဲကြနဲ့ တကယ်တမ်း အဲဒီ သတင်းတွေရဲ့ နောက်ကွယ်
က အကြောင်းတရားတွေကို သေချာလေ့လာဆန်းစစ်ဖို့လိုလာပြီ။
အထူးသဖြင့် ဒီကိစ္စမှာ စ ကတည်းက ကျနော်ထောက်ပြခဲ့သလို မရိုးသားမှု
တွေ ဟာ တခုပြီး တခု ဆင့်ကဲ တွေ့နေရတယ်။
ခုလည်း ရန်ကုန်မှာ သောကြာနေ့ကို ရုတ်ရုတ် ရုတ်ရုတ် ဖြစ်မယ် ဆိုတဲ့ သတင်းတွေ ထွက်နေပြီ။ ဒါဟာ ဘာကို ဦးတည်နေတယ် ဆိုတာ အားလုံး
အကင်းပါးပါးနဲ့ သိဖို့ လို၊ အားလုံး ရှောင်ကွင်းနိုင်ဖို့လိုပါတယ်။

မသမာတဲ့ လူတစု က တိုင်းပြည်ရဲ့ ကြမ္မာကို စတေးပြီး၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို စတေးပြီး မင်းသားကြီး မဖြစ်နိုင်မှန်းသိလာ
တဲ့အတွက် ပတ်မကြီးတွေ ထိုးဖေါက်ပစ်လာတဲ့ လုပ်ရပ်တွေ လို့ပဲ ကျနော်
တော့ မြင်တယ်။

ကျနော်တို့ ပြည်သူတွေ၊ ခေါင်းဆောင်တွေနဲ့ အထူးသဖြင့် မွတ်စလင်ညီနောင်တွေကို မေတ္တာ ရပ်ခံ တိုက်တွန်းချင်တာက ဒီမသမာတဲ့
သူတွေဟာ ခင်ဗျားတို့ကျနော်တို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို နည်း
နည်းလေးမှ တန်ဖိုးမထားပဲ သူတို့ အာဏာတည်မြဲရေးအတွက် “အသုံးချ”
နေတယ် ဆိုတာကို မမေ့မလျော့မပေါ့ပဲ စိတ်လိုက်မာန်ပါ ဘာမှ မမှားရဖို့
ထိန်းသိမ်းပေးပါ။ တတ်နိုင်မယ် ဆိုရင် လမ်းပေါ်လုံးဝ မထွက်ကြပါနဲ့။
၈၈ များ၊ ကျောင်းသားအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်း
တည်ငြိမ်ရေးကို ထိန်းသိမ်းလိုတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ချိတ်ဆက်ပြီး၊
မွတ်စလင်အများစု လိုအပ်ချက်တွေ (လိုအပ်လာရင် ဈေးဝယ်တာကအစ) ကို ဘယ်လိုဆောင်ရွက်သင့်သလဲ ဆိုတာ ညှိနှိုင်းဆောင်ရွက်ပါ။
ဒီအချိန်မှာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် လုပ်မယ်၊ ပြီးရင်
ဘယ်သူတွေ က အမြတ်ထုတ်မယ် ဆိုတာ အကျယ်တ၀ံ့ရေးစရာ မလိုတော့
ပါဘူး။

ဒီပို့စ် ရဲ့ အောက်ကနေ စစ်အုပ်စုတွေဘက်က ၀င်ပြော၊ ၀င်တိုက်ခိုက်တဲ့
သူတွေရဲ့ ကွန်မင့်တွေအားလုံး ကို ဘလော့ဂ်ပါ့မယ်။

ဒါ့ထက်မက သတင်းအချက်အလက်တွေ မကြာမီမှာ တက်လာပါလိမ့်မယ်။
အားလုံးလည်း လက်လှမ်းမီသလောက် ၀ိုင်းစုံစမ်းဖေါ်ထုတ်ကြဖို့ မေတ္တာရပ်ခံပါတယ်။

ချိုတူးဇော်

ကုလားတွေလုပ်ရပ်ကဒါဘယ်တော့မှမမေ့ဘူး...Eleven ..media


နာဇီရွာမှ ဘင်္ဂလီများ ကျောင်းကြီးလမ်းရပ်ကွက်သို့ဝင်ရောက်ရန် ကြိုးစားနေစဉ်

 ကျောင်းကြီးလမ်းရပ်ကွက် မီးလောင်နေမှုအား မွန်းလွဲ(၂း၀၀)တွင် မြင်တွေ့ရစဉ်
နာဇီရွာမှ ဘင်္ဂလီများ ကျောင်းကြီးလမ်းရပ်ကွက်သို့ဝင်ရောက်ရန် ကြိုးစားနေစဉ်
နာဇီဈေးအနီးမီးလောင်မှု ဖြစ်ပွားနေစဉ်

နာဇီဈေးအနီး မီးလောင်မှု ဖြစ်ပွားနေစဉ်

 
                                     နာဇီဈေးအနီး မီးလောင်မှု ဖြစ်ပွားနေစဉ်




 နာဇီဈေးမီးလောင်မှုမြင်ကွင်း A fire broke out near Narzi Market

 ကျောင်းကြီးလမ်း ရပ်ကွက်အားဘင်္ဂလီများ လာရောက်မီးရှို့နေခြင်းကို လုံခြုံရေး တပ်ဖွဲ့ဝင်များ
လာရောက် တားဆီးစဉ်





 ကျောင်းကြီးလမ်း ရပ်ကွက်အားဘင်္ဂလီများ လာရောက်မီးရှို့နေခြင်းကို လုံခြုံရေး တပ်ဖွဲ့ဝင်များလာရောက် တားဆီးစဉ်..
ဘင်္ဂလီ လုပ်သမျ ကြည့်နေရတော့မှာလား ... ဒီအခြေအနေဟာ အရပ်ဖက်ဥပဒေအရတောင် နှိမ်နှင်းလို့ရနေပြီ .. အခုဟာကစစ်အုပ်ချုပ်ရေးအမီန်ထုတ်ထားတာတောင်မမှုဘူးဆိုတဲ့သဘောဖြစ်နေတယ်--- မြန်မာနိုင်ငံရဲ့ဥပဒေဆိုတာ ဘာမှဂရုစိုက်စရာမလိုဘူးဆိုတဲ့သဘောဖြစ်နေတယ် အမြန်ဆုံးမရှင်းနိုင်ရင် လက်ရှိအစိုရကို လူထုထောက်ခံမှု ကျလာလိမ့်မယ်။ 
ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့သို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာများမှ ဂျာနယ်လစ်များ ရောက်ရှိနေပြီး ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များကို မှတ်တမ်းတင် သတင်းရယူလျက်ရှိကြောင်း သိရှိရပါသည်။ ရောက်ရှိနေသော ပြည်တွင်း ပြည်ပ သတင်းမီဒီယာများမှာ Eleven Media Group၊ AP၊ Reuters၊ AFP၊ DVB၊ RFA၊ The Voice Weekly News Journal၊ 7 Day News Journal တို့မှ သတင်းအယ်ဒီတာများ၊ သတင်းထောက်များ နှင့် ဓါတ်ပုံသတင်းထောက်များ ဖြစ်ကြောင်း သိရသည်။
 စစ်တွေမြို့ရှိ ရပ်ကွက်များတွင် အပြန်အလှန် မီးရှို့မှုကြောင့် နှစ်ဘက် ထိခိုက်ဒဏ်ရာရရှိသူများ ရှိပြီး ရခိုင်လူမျိုးဘက်မှ ၈ ဦး ဓါးဒဏ်ရာ ရရှိခဲ့ကာ ယခုအခါ ဆေးရုံသို့ ရောက်ရှိနေကြောင်းနှင့် သတင်းများအရ ဘင်ဂါလီရိုဟင်ဂျာဘက်မှာလည်း ထိခိုက်ဒဏ်ရာ ရသူများ ရှိကြောင်းနှင့် ၄င်တို့ရှိရာ မြို့ပြင်နေရာများသို့ သွားရောက် စုံစမ်းရန် အခြေအနေမပေး၍ ဘင်ဂါလီရိုဟင်ဂျာများ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုများနှင့် ပတ်သက်ပြီး အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။
မောင်တောမြို့၏ ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင် မြို့တွင်း လမ်းထောင်တွေမှာ လုံခြုံရေး တပ်ဖွဲ့ဝင်များ စောင့်ကြပ်လျှက်ရှိကြောင်း၊ မီးရှို့များရပ်ဆိုင်းသွားပြီ ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ဘူသီးတောင်နှင့် မောင်တော ဆက်သွယ်ရေးလမ်းကြောင်း ရပ်ဆိုင်းထားကြောင်းနှင့် ဈေးဆိုင်များ၊ ဘဏ်များ၊ ရုံးများ အပါအ၀င် နယ်စပ်ကုန်သွယ်ရေးများ ပိတ်ထားကြောင်း သိရှိရပါသည်။
 
နိုင်ငံတကာ သတင်းမီဒီယာများသည် ရခိုင်နှင့် ရိုဟင်ဂျာ အရေးကိစ္စတွင် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ ဂုဏ်သိက္ခာ ကျဆင်းလာအောင် တစ်ဖက်စောင်းနင်း ဖော်ပြလာကြ.....

“သက်သေ အထောက်အထားမရှိဘဲ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေကို လူသတ်သမားတွေ၊ အကြမ်းဖက်သမားတွေလို့ နိုင်ငံတကာ မီဒီယာတွေ က ပုံဖျက်ဖော်ပြနေတာတွေကို ချေဖျက်ဖို့ ကျွန်တော်တို့ရဲ့သတင်း ထောက်တွေဟာ သက်စွန့်ဆံဖျား သတင်းဓာတ်ပုံတွေ ရယူနေပါတယ်။ ဥပဒေစိုးမိုးမှု မရှိတဲ့ ဓား၊ လှံ၊ လက်နက်တွေနဲ့ လူအုပ်ကြီးတွေရဲ့ ကြားမှာ ဓာတ်ပုံရိုက်ရတာ ဘယ်လောက်အန္တရာယ်များတယ် ဆိုတာ မှန်းကြည့်ရင် ရပါတယ်။”

 
"စစ်တွေမြို့ပေါ်မှာ ဗလီတွေ ဖျက်ခံရတာ အပြင်မှာ ပြောနေကြသလောက် မဟုတ်ပါဘူး။ စစ်တွေမြို့ပေါ်မှာ ဗလီ အလုံး ၃၀ လောက်ရှိတယ်။ ၁ လုံးဘဲ ပြိုပြီး တစ်ချို့ဗလီတွေက ခြံစည်းရိုးတွေ ပြိုတာလောက်ပဲ ရှိပါတယ်။ အများစုက အရင်အတိုင်းပဲ ရှိနေပါတယ်။ တစ်ချို့ ဗလီတွေ ဆိုရင် လာဖျက်မှာ ဆိုလို့ လုံထိန်းတွေက တာဝန်ယူ စောင့်ကြည့်ပေးနေပါတယ်။" ဟု စစ်တွေမြို့ခံတစ်ဦးက ယနေ့ ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် ပြောကြားခဲ့ပါသည်။
"မီးရှိုကခံရတဲ့ ရပ်ကွက်တွေက ဘုန်းကြီးကျောင်းတွေ တော်တော်များများကတော့ မီထဲမှာ ပါသွားပါတယ်။ မနေ့ကဆိုရင် နာဇီရွာဘက်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ မီးရှို့ခံလိုက်ရပါတယ်။ ဒီနေ့မှာ တော့ နေရာ ၄ နေရာမှာ မီးလောင်ပါတယ်။ နံနက်ပိုင်းက ဓည၀တီဘက်မှာ လောင်တယ်။ မွန်းလွဲပိုင်းမှာ နာဇီရွာနဲ့ ကျောင်းကြီးလမ်းရပ်ကွက်လောင်တယ်
။ ညနေပိုင်းမှာ ကုန်တန်းရပ်ကွက်လောင်တယ်။ ကုန်တန်းရပ်ကွက်လောင်တော့ သိန်း ၇၀၀၊ ၈၀၀ တန်ဘိုးရှိတဲ့ တောင်ချေရွာ ဘုန်းကြီးကျောင်း ပါသွားတယ်။ တောင်ချေရွာ ဖြစ်စဉ်မှာတော့ တောင်ချေရွာဘုန်းကြီးကျောင်းမီးလောင်တော့ ရခိုင်တိုင်းရင်သား လေးဦးနဲ့ ဘုန်းကြီးတစ်ပါး ဒဏ်ရာရတယ်လို့ ကြားတယ်။ ဘင်္ဂါလီတစ်ယောက်သေတယ်။ ဒီနေ့ အသေအပျောက်စာရင်းနဲ့ ပတ်သက်ပြီး အတိအကျ မသိရသေးဘူး။" ဟု စစ်တွေမြို့ခံတစ်ဦးက ယနေ့ ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် ပြောကြားခဲ့ပါသည်။
 
"မနေ့နဲ့ ဒီနေ့နှစ်ရက်လုံးမှာ ရပ်ကွက်က ဖမ်းမိတဲ့ ဘင်္ဂါလီတစ်ချို့ကို ရဲစခန်းကို လာပို့ပါတယ်။ အဲ့ဒီလူတွေကို ဘင်္ဂါလီတွေအတွက် ဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေကို ပို့ပေးပါတယ်။ နောက်ပြီး ကယ်ဆယ်ရေးစခန်းသွားချင်တဲ့ ဘင်္ဂါလီတွေကိုလည်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေက စောင်ရှောက်ပြီး ကယ်ဆယ်ရေးစခန်းတွေကို ပို့ပေးပါတယ်။ ဘင်္ဂါလီကလေးတွေနဲ့ မိန်းမတွေကို တွေ့ရင်လည်း စစ်တွေမြို့ခံတွေက ဘာမှမလုပ်ဘဲ ရဲစခန်းကို လာပို့ပေးပါတယ်။ သူတို့တွေကိုလည်း ကယ်ဆယ်ရေးစခန်းတွေကို ပို့ပေးပါတယ်။ လောလောဆယ် စစ်တွေမြို့ပေါ်မှာ ဘင်္ဂါလီ ကယ်ဆယ်ရေးစခန်း ၂ ခု ဖွင့်ထားပါတယ်။ " စစ်တွေမြို့သို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်မှ ညနေ ၇ နာရီ ၂၀ မိနစ်တွင် သတင်းပေးပို့ခဲ့ပါသည်။
 
ရခိုင်ပြည် ရဲတပ်ရင်းစု၏ အဆင့်မြင့်အရာရှိတစ်ဦး၏ ယနေ့နံနက်ပိုင်းတွင် ပြောကြားချက်အရ ဘင်္ဂါလိများတွင် သေနတ်များ ရှိနေသည်ဆိုသော သတင်းများမှာ အတည်မပြုနိုင်သေးကြောင်း လုပ်သေနတ်များ ရှိနေသည်ဟု ယူဆရကြောင်း၊ ၄င်းတို့ အများဆုံးအသုံးပြုသည့် လက်နက်မှာ ဂျင်ကလိများ၊ မျှားများ၊ မီးကွင်း (ပုလင်းတွင်း ဓါတ်ဆီထည့်ပြီး မီးစာထုတ်ထားသော လက်နက်)များ ဖြစ်ကြောင်း သိရပါသည်။ သို့သော် ဘင်္ဂါလီများတွင် သေနတ်များရှိနေကြောင်း သတင်းမှာ စစ်တွေမြို့ခံများအကြား ပျံ့နှံ့နေကြောင်းသိရသည်။
စစ်တွေမြို့အနောက်ဘက် ၅ မိုင်အကွာတွင် ရှိနေသော အောင်နိုင်ရွာကို ဘင်္ဂါလီများ ၀ိုင်းထားသည်ဟု သတင်းရရှိသဖြင့် ထိုနေရာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ သွားရောက်နေကြောင်း အဆိုပါ နေရာသို့ သွားရောက် သတင်းရယူနေသော Eleven Media Group ၏ သတင်းထောက်မှ သတင်းပေးပို့သည်။
 ယခုတင်ပြခဲ့သော
သတင်းများသည် 12ရက် ၆လ ပိုင်း မွန်းလွဲပိုင်းမှ  Eleven Media Groupရဲ့ မူပိုင် သတင်းများဖြစ်ပါတယ်...။
 
 


တိုင်းပြည်သစ္စာဖေါက် လူမျိုးသစ္စာဖေါက် ပြည်ပမီဒီယာများ


khu dawn

ယနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်အဖြစ်အပျက်များသည်
အကြမ်းဖက်သမား ပြည်ပကျူးကျော်သူများနှင့်
တိုင်းပြည်သစ္စာဖေါက် လူမျိုးသစ္စာဖေါက်
ပြည်ပမီဒီယာများမှနွားတွေမှ ပူးပေါင်းပြီး
မြန်မာတိုင်းရင်းသား ရခိုင်လူမျိုးများကို တိုက်ခိုက်
နေကြခြင်းဖြစ်သည်