Wednesday, June 13, 2012

အမေရဲ့ ပီတိ ဗြဟ္မစိုရ်မိုး

















on Wednesday, June 13, 2012 
at 2:28am ·
မိထွေးတော် မဟာပဇာပတိဂေါတမီသည် ဘိက္ခုနီရဟန်းမသာသနာတော်ကို စတင်ဖော်ဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။ အမျိုးသမီးများ ဘိက္ခုနီသာသနာတော်သို့ ၀င်ရောက်ရန်အတွက် ရှေ့ဆောင်လမ်းပြအဖြစ် ကြိုးစားခဲ့သူ တစ်ဦးလည်းဖြစ်သည်။ နောက်ဆုံး ရဟန်းမဘ၀တွင် သိက္ခာဝါအကြီးဆုံး(ရတ္တညူမဟတ္တ) အရာ၌ ဧတဒဂ်ရခဲ့သည်။ မဟာပဇာပတိဂေါတမီ ထေရီမကြီး၏ ကြိုးစားမူကြောင့် သာသနာတော်သို့ အမျိုးသမီးများ များစွာဝင်ရောက်ခဲ့ကြပြီး အကျွတ်တရားရသူ တရားဖြန့်ပွားသူ သာသနာပြုအမျိုးသမီးများစွာ ပေါ်ထွန်းခဲ့သည်။ သာသနာ၌ ထူးခြားစွာ ဧတဒဂ်ရခဲ့သော အမျိုးသမီး (၁၃)ဦး ပေါ်ပေါက်ခဲ့ရသည်။ ထို့အပြင် မိထွေးတော် မဟာမပဇာပတိဂေါတမီထေရီမကြီး၏ နှစ်သက်လွန်းလို့ မိမိရင်တွင်းက ကဗျာများကို နှုတ်မှ ရွတ်ဆိုခဲ့တာ အောက်ပါ အတိုင်းဖြစ်ပါတယ်။

ရညော မာတာ မဟေသီတိ၊ သုလဘံ နာမ’မိတ္ထိနံ။
ဗုဒ္ဓမာတာတိ ယံ နာမံ၊ ဧတံ ပရမဒုလ္လဘံ။

သားတော်ကြီးဘုရား - မိန်းမသားတို့အား မင်း၏မယ်တော်၊ မင်း၏မိဖုရားဟူသော အမည်ကို ရလွယ်နိုင်၏၊ မြတ်စွာဘုရား၏ မယ်တော်ဟူသော အမည်ကိုမူ အလွန်ရခဲလှပါသည်။ ထိုရခဲလှသော အမည်ကို ဘုရားတပည့်တော်မ ရရှိပါပြီ။

မဓုရာနိ ပဟဋ္ဌာနိ၊ ဒေါသဂ္ဂါနိ ဟိတာနိ စ၊
ယေ တေ ဝါကျာနိ သုယျန္တိ၊
တေပိ ဓညာ နရုတ္တမာ။

လူတို့ထက်မြတ်တော်မူသော မြတ်စွာဘုရား - စိတ်နှလုံးကို ရွှင်ပြုံးစေတတ်ကုန်သော အပြစ်အားလုံးတို့ကို သန့်ရှင်းစေနိုင်ကုန်သော အစီးအပွားနှင့် ယှဉ်စပ်ကုန်သော အရှင်ဘုရားသားတော်ကြီး၏ ချိုမြိန်သာယာ အရသာရှိသော စကားတော်တို့ကို ကြားနာကြရကုန်သော သူတီု့သည် ဘုန်းကံ လွန်စွာ ကြီးမားကြသူတို့ ဖြစ်ကြပါ ပေကုန်သည်ဘုရား။

ယံ န ဒိဋ္ဌံ ပုရာဏေဟိ၊ တိတ္ထိကာစရိယေဟိ ပိ။
တံ ပဒံ သုကုမာရီဟိ၊ သတ္တ၀ဿာဟိ ဝေဒိတံ။

ရှေးအခါက ဖြစ်ပေါ်ခဲ့ကြသော ဘုရားအမည်ခံ တိတ္ထိဆရာကြီး အဆက်ဆက်တို့သည်ပင်လျှင် မတွေ့မမြင်ခဲ့ကြသော နိဗ္ဗာန်ကို မြတ်စွာဘုရား သားတော်ကြီး၏ ကျေးဇူးကြောင့် ယခုအခါ အသက်ခုနှစ်နှစ်အရွယ် သတို့သမီးငယ်တို့သည်ပင် သိမြင်ခံစားနေကြပါပြီဘုရား။

ဤကဲ့သို့သော် တရားများသည် အမေဖြစ်သူက သားတစ်ယောက်ကို ဝမ်းသာလွန်းလို့ သူမနှလုံးသားအတွင်းက ဖော်မပြနိုင်တဲ့ ပီတိတွေနဲ့ ချီးမြောက်တဲ့ ကဗျာလေး ဖြစ်ပါတယ်။ ဒါကြောင့် သူတော်ကောင်းတို့ရဲ့ ရင်တွင်းမှာလည်း မိဘတို့ အစဉ်အလာအတိုင်း သားသမီးတွေကို ချီးမြောက်မှု ပြုကြမည်ဆိုတာ သိရှိကြမည်ဖြစ်သည်။ အနောက်တိုင်းမှာဆိုရင် ယဉ်ကျေးမှု မတူညီမှုနဲ့ အစဉ်အလာ မတူညီမှုတွေကြောင့် တွေ့ရှိလိမ့်မည် မဟုတ်ပါ။ သို့သော် ဒီယဉ်ကျေးမှုသည် အရှေ့တိုင်းမှာသာလျှင် ရှိကြပါတယ်။ ဒါတွေဟာ ချစ်စရာကောင်းသော ယဉ်ကျေးမှုဖြစ်သလို မြတ်ဗုဒ္ဓရဲ့ သာသနာနဲ့ ကြုံတွေလို့သာ ဖြစ်ပါတယ်။ ဒါပေမဲ့ အနောက်တိုင်းမှာ ရှိတဲ့ အမေတွေက သားသမီးတွေကို မချစ်ကြဘူးလားလို့ မေးစရာဖြစ်လာလိမ့်မယ်။ အဲဒီလို မဟုတ်ပါဘူး အမေတိုင်းက သားသမီးတွေကို ချစ်ခင် မြတ်နိုးကြသလို သားသမီးတွေ တိုးတက်အောင်မြင်ရေးကို အချိန်တိုင်း အချိန်တိုင်း စောင့်ကြည့်နေကြတာပါ။ သားသမီးတွေ ဒုက္ခရောက်မည့် မိဘဆိုတာ မရှိကြပါဘူး။ အမေတိုင်း အမေတိုင်းက သားသမီးအတွက် ဘဝတွေ ပေးဆပ်လို့ အစစ အရာရာကို ပြုလုပ်ပေးခဲ့သလို မြတ်ဗုဒ္ဓ၏ တရားတော်အညီ နေတတ် ထိုင်ထတ်အောင်လည်း သင်ပြပေးခဲ့ကြတယ်။ ဒါကြောင့် ကောင်းမြတ်သော ဤကဲ့သို့သော တရားတော်တွေကို တွေ့ရသလို ကိုယ်တိုင်ကျင့်သုံးကြပါတယ်။ ထို့အပြင် မိဘမေတ္တာကို သိသာထင်ရှားသော တရားတော်လည်း ဖြစ်ပါတယ်။ ဒီတရားသည် ဓမ္မပဒမှ လာသော မိထွေးတော် မဟာပဇာပတိ ဂေါတမီကြီး၏ မိခင်တစ်ယောက်ရဲ့ ရင်တွင်းဖြစ် ကဗျာလေးပါ။ ဒီကဗျာလေးတွေကို ဖတ်ရတဲ့ သူတိုင်း အမေ့အိမ်နဲ့ ဝေးကွာနေသော်လည်း အမေ့မေတ္တာ အမေ့စေတနာတွေကို သိရှိနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

တက္ကသိုလ်မြတ်မင်း

No comments:

Post a Comment