Wednesday, June 13, 2012

ကုလားတွေလုပ်ရပ်ကဒါဘယ်တော့မှမမေ့ဘူး...Eleven ..media


နာဇီရွာမှ ဘင်္ဂလီများ ကျောင်းကြီးလမ်းရပ်ကွက်သို့ဝင်ရောက်ရန် ကြိုးစားနေစဉ်

 ကျောင်းကြီးလမ်းရပ်ကွက် မီးလောင်နေမှုအား မွန်းလွဲ(၂း၀၀)တွင် မြင်တွေ့ရစဉ်
နာဇီရွာမှ ဘင်္ဂလီများ ကျောင်းကြီးလမ်းရပ်ကွက်သို့ဝင်ရောက်ရန် ကြိုးစားနေစဉ်
နာဇီဈေးအနီးမီးလောင်မှု ဖြစ်ပွားနေစဉ်

နာဇီဈေးအနီး မီးလောင်မှု ဖြစ်ပွားနေစဉ်

 
                                     နာဇီဈေးအနီး မီးလောင်မှု ဖြစ်ပွားနေစဉ်




 နာဇီဈေးမီးလောင်မှုမြင်ကွင်း A fire broke out near Narzi Market

 ကျောင်းကြီးလမ်း ရပ်ကွက်အားဘင်္ဂလီများ လာရောက်မီးရှို့နေခြင်းကို လုံခြုံရေး တပ်ဖွဲ့ဝင်များ
လာရောက် တားဆီးစဉ်





 ကျောင်းကြီးလမ်း ရပ်ကွက်အားဘင်္ဂလီများ လာရောက်မီးရှို့နေခြင်းကို လုံခြုံရေး တပ်ဖွဲ့ဝင်များလာရောက် တားဆီးစဉ်..
ဘင်္ဂလီ လုပ်သမျ ကြည့်နေရတော့မှာလား ... ဒီအခြေအနေဟာ အရပ်ဖက်ဥပဒေအရတောင် နှိမ်နှင်းလို့ရနေပြီ .. အခုဟာကစစ်အုပ်ချုပ်ရေးအမီန်ထုတ်ထားတာတောင်မမှုဘူးဆိုတဲ့သဘောဖြစ်နေတယ်--- မြန်မာနိုင်ငံရဲ့ဥပဒေဆိုတာ ဘာမှဂရုစိုက်စရာမလိုဘူးဆိုတဲ့သဘောဖြစ်နေတယ် အမြန်ဆုံးမရှင်းနိုင်ရင် လက်ရှိအစိုရကို လူထုထောက်ခံမှု ကျလာလိမ့်မယ်။ 
ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားနေသော ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့သို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာများမှ ဂျာနယ်လစ်များ ရောက်ရှိနေပြီး ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များကို မှတ်တမ်းတင် သတင်းရယူလျက်ရှိကြောင်း သိရှိရပါသည်။ ရောက်ရှိနေသော ပြည်တွင်း ပြည်ပ သတင်းမီဒီယာများမှာ Eleven Media Group၊ AP၊ Reuters၊ AFP၊ DVB၊ RFA၊ The Voice Weekly News Journal၊ 7 Day News Journal တို့မှ သတင်းအယ်ဒီတာများ၊ သတင်းထောက်များ နှင့် ဓါတ်ပုံသတင်းထောက်များ ဖြစ်ကြောင်း သိရသည်။
 စစ်တွေမြို့ရှိ ရပ်ကွက်များတွင် အပြန်အလှန် မီးရှို့မှုကြောင့် နှစ်ဘက် ထိခိုက်ဒဏ်ရာရရှိသူများ ရှိပြီး ရခိုင်လူမျိုးဘက်မှ ၈ ဦး ဓါးဒဏ်ရာ ရရှိခဲ့ကာ ယခုအခါ ဆေးရုံသို့ ရောက်ရှိနေကြောင်းနှင့် သတင်းများအရ ဘင်ဂါလီရိုဟင်ဂျာဘက်မှာလည်း ထိခိုက်ဒဏ်ရာ ရသူများ ရှိကြောင်းနှင့် ၄င်တို့ရှိရာ မြို့ပြင်နေရာများသို့ သွားရောက် စုံစမ်းရန် အခြေအနေမပေး၍ ဘင်ဂါလီရိုဟင်ဂျာများ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုများနှင့် ပတ်သက်ပြီး အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။
မောင်တောမြို့၏ ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင် မြို့တွင်း လမ်းထောင်တွေမှာ လုံခြုံရေး တပ်ဖွဲ့ဝင်များ စောင့်ကြပ်လျှက်ရှိကြောင်း၊ မီးရှို့များရပ်ဆိုင်းသွားပြီ ဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ဘူသီးတောင်နှင့် မောင်တော ဆက်သွယ်ရေးလမ်းကြောင်း ရပ်ဆိုင်းထားကြောင်းနှင့် ဈေးဆိုင်များ၊ ဘဏ်များ၊ ရုံးများ အပါအ၀င် နယ်စပ်ကုန်သွယ်ရေးများ ပိတ်ထားကြောင်း သိရှိရပါသည်။
 
နိုင်ငံတကာ သတင်းမီဒီယာများသည် ရခိုင်နှင့် ရိုဟင်ဂျာ အရေးကိစ္စတွင် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ ဂုဏ်သိက္ခာ ကျဆင်းလာအောင် တစ်ဖက်စောင်းနင်း ဖော်ပြလာကြ.....

“သက်သေ အထောက်အထားမရှိဘဲ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ရဲ့ တိုင်းရင်းသားတွေကို လူသတ်သမားတွေ၊ အကြမ်းဖက်သမားတွေလို့ နိုင်ငံတကာ မီဒီယာတွေ က ပုံဖျက်ဖော်ပြနေတာတွေကို ချေဖျက်ဖို့ ကျွန်တော်တို့ရဲ့သတင်း ထောက်တွေဟာ သက်စွန့်ဆံဖျား သတင်းဓာတ်ပုံတွေ ရယူနေပါတယ်။ ဥပဒေစိုးမိုးမှု မရှိတဲ့ ဓား၊ လှံ၊ လက်နက်တွေနဲ့ လူအုပ်ကြီးတွေရဲ့ ကြားမှာ ဓာတ်ပုံရိုက်ရတာ ဘယ်လောက်အန္တရာယ်များတယ် ဆိုတာ မှန်းကြည့်ရင် ရပါတယ်။”

 
"စစ်တွေမြို့ပေါ်မှာ ဗလီတွေ ဖျက်ခံရတာ အပြင်မှာ ပြောနေကြသလောက် မဟုတ်ပါဘူး။ စစ်တွေမြို့ပေါ်မှာ ဗလီ အလုံး ၃၀ လောက်ရှိတယ်။ ၁ လုံးဘဲ ပြိုပြီး တစ်ချို့ဗလီတွေက ခြံစည်းရိုးတွေ ပြိုတာလောက်ပဲ ရှိပါတယ်။ အများစုက အရင်အတိုင်းပဲ ရှိနေပါတယ်။ တစ်ချို့ ဗလီတွေ ဆိုရင် လာဖျက်မှာ ဆိုလို့ လုံထိန်းတွေက တာဝန်ယူ စောင့်ကြည့်ပေးနေပါတယ်။" ဟု စစ်တွေမြို့ခံတစ်ဦးက ယနေ့ ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် ပြောကြားခဲ့ပါသည်။
"မီးရှိုကခံရတဲ့ ရပ်ကွက်တွေက ဘုန်းကြီးကျောင်းတွေ တော်တော်များများကတော့ မီထဲမှာ ပါသွားပါတယ်။ မနေ့ကဆိုရင် နာဇီရွာဘက်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ မီးရှို့ခံလိုက်ရပါတယ်။ ဒီနေ့မှာ တော့ နေရာ ၄ နေရာမှာ မီးလောင်ပါတယ်။ နံနက်ပိုင်းက ဓည၀တီဘက်မှာ လောင်တယ်။ မွန်းလွဲပိုင်းမှာ နာဇီရွာနဲ့ ကျောင်းကြီးလမ်းရပ်ကွက်လောင်တယ်
။ ညနေပိုင်းမှာ ကုန်တန်းရပ်ကွက်လောင်တယ်။ ကုန်တန်းရပ်ကွက်လောင်တော့ သိန်း ၇၀၀၊ ၈၀၀ တန်ဘိုးရှိတဲ့ တောင်ချေရွာ ဘုန်းကြီးကျောင်း ပါသွားတယ်။ တောင်ချေရွာ ဖြစ်စဉ်မှာတော့ တောင်ချေရွာဘုန်းကြီးကျောင်းမီးလောင်တော့ ရခိုင်တိုင်းရင်သား လေးဦးနဲ့ ဘုန်းကြီးတစ်ပါး ဒဏ်ရာရတယ်လို့ ကြားတယ်။ ဘင်္ဂါလီတစ်ယောက်သေတယ်။ ဒီနေ့ အသေအပျောက်စာရင်းနဲ့ ပတ်သက်ပြီး အတိအကျ မသိရသေးဘူး။" ဟု စစ်တွေမြို့ခံတစ်ဦးက ယနေ့ ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် ပြောကြားခဲ့ပါသည်။
 
"မနေ့နဲ့ ဒီနေ့နှစ်ရက်လုံးမှာ ရပ်ကွက်က ဖမ်းမိတဲ့ ဘင်္ဂါလီတစ်ချို့ကို ရဲစခန်းကို လာပို့ပါတယ်။ အဲ့ဒီလူတွေကို ဘင်္ဂါလီတွေအတွက် ဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေကို ပို့ပေးပါတယ်။ နောက်ပြီး ကယ်ဆယ်ရေးစခန်းသွားချင်တဲ့ ဘင်္ဂါလီတွေကိုလည်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေက စောင်ရှောက်ပြီး ကယ်ဆယ်ရေးစခန်းတွေကို ပို့ပေးပါတယ်။ ဘင်္ဂါလီကလေးတွေနဲ့ မိန်းမတွေကို တွေ့ရင်လည်း စစ်တွေမြို့ခံတွေက ဘာမှမလုပ်ဘဲ ရဲစခန်းကို လာပို့ပေးပါတယ်။ သူတို့တွေကိုလည်း ကယ်ဆယ်ရေးစခန်းတွေကို ပို့ပေးပါတယ်။ လောလောဆယ် စစ်တွေမြို့ပေါ်မှာ ဘင်္ဂါလီ ကယ်ဆယ်ရေးစခန်း ၂ ခု ဖွင့်ထားပါတယ်။ " စစ်တွေမြို့သို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်မှ ညနေ ၇ နာရီ ၂၀ မိနစ်တွင် သတင်းပေးပို့ခဲ့ပါသည်။
 
ရခိုင်ပြည် ရဲတပ်ရင်းစု၏ အဆင့်မြင့်အရာရှိတစ်ဦး၏ ယနေ့နံနက်ပိုင်းတွင် ပြောကြားချက်အရ ဘင်္ဂါလိများတွင် သေနတ်များ ရှိနေသည်ဆိုသော သတင်းများမှာ အတည်မပြုနိုင်သေးကြောင်း လုပ်သေနတ်များ ရှိနေသည်ဟု ယူဆရကြောင်း၊ ၄င်းတို့ အများဆုံးအသုံးပြုသည့် လက်နက်မှာ ဂျင်ကလိများ၊ မျှားများ၊ မီးကွင်း (ပုလင်းတွင်း ဓါတ်ဆီထည့်ပြီး မီးစာထုတ်ထားသော လက်နက်)များ ဖြစ်ကြောင်း သိရပါသည်။ သို့သော် ဘင်္ဂါလီများတွင် သေနတ်များရှိနေကြောင်း သတင်းမှာ စစ်တွေမြို့ခံများအကြား ပျံ့နှံ့နေကြောင်းသိရသည်။
စစ်တွေမြို့အနောက်ဘက် ၅ မိုင်အကွာတွင် ရှိနေသော အောင်နိုင်ရွာကို ဘင်္ဂါလီများ ၀ိုင်းထားသည်ဟု သတင်းရရှိသဖြင့် ထိုနေရာသို့ လုံထိန်းတပ်ဖွဲ့ဝင်များ သွားရောက်နေကြောင်း အဆိုပါ နေရာသို့ သွားရောက် သတင်းရယူနေသော Eleven Media Group ၏ သတင်းထောက်မှ သတင်းပေးပို့သည်။
 ယခုတင်ပြခဲ့သော
သတင်းများသည် 12ရက် ၆လ ပိုင်း မွန်းလွဲပိုင်းမှ  Eleven Media Groupရဲ့ မူပိုင် သတင်းများဖြစ်ပါတယ်...။
 
 


No comments:

Post a Comment