Wednesday, June 13, 2012

ဒင်္ဂါးပြား ရဲ့ တစ်ဘက်မှာ . . .
















မိတ်ဆွေ တို့ရေ

မနေ့က ညတော်တော်နက်တဲ့အချိန်မှာ စင်္ကာပူမှာနေထိုင်တဲ့ မြန်မာပြည်သူ မွတ်စလင်အမျိုးသမီးတဦးက ကျနော့်ဆီကို ဂျီတော့ခ် က တဆင့် ဖုန်းဆက်
ပါတယ်။ သူက ကျနော့်ကို ရင်ဖွင့်ချင်လို့၊ ပြောစရာတွေ ရှိလို့ပါ လို့ အစချီ
ပြီး ပြောခဲ့တာတွေကတော့. . .

ဒီအမျိုးသမီးဟာ “ရိုဟင်ဂျာ” ပဲ ခေါ်ခေါ်၊ “ဘင်္ဂလီ” ပဲ ခေါ်ခေါ်၊ “မြန်မာမွတ်စလင်” ပဲ ခေါ်ခေါ်၊ “ကုလားမ” ပဲ ခေါ်ခေါ် မြန်မာပြည်ပေါက် မြန်မာပြည်သူစစ်စစ်တဦးဖြစ်ပါတယ်တဲ့။ သူ့ဘိုးဘွားတွေ လက်ထက်ကတည်းက မြန်မာပြည်မှာနေထိုင်လာခဲ့တယ်။ သူ့မိဘများသာ မက ဘိုးဘွားများက စစ်တွေမှာမွေးတာပါ။ သူကိုယ်တိုင်က
တော့ စစ်တွေ ကို တခါမှတောင် မရောက်ဖူးတဲ့ ရန်ကုန်သူ စစ်စစ်ဖြစ်ပါတယ်။
သူဟာ လက်ရှိစင်္ကာပူမှာနေထိုင်တာ ၈ နှစ်ကျော် ရှိလာပြီ ဖြစ်ပြီး၊ သူ့သားသမီးတွေဟာ စင်္ကာပူမှာမွေးတဲ့ စင်္ကာပူနိုင်ငံသားတွေလုံးလုံး ဖြစ်နေ
ပြီ လို့ ဆိုပါတယ်။
ဒီအချက်အလက်တွေကို သံသယ မဖြစ်စေပဲ လက်ခံနိုင်စရာအကြောင်းတချက်က သူ့ရဲ့ စကားပြောသံ. ၊ သူ့ရဲ့ “လေ” ပါ။ သူ့အသံက ရခိုင်တယောက်နဲ့တောင်မတူ၊ “ကုလားသံ”တောင်မစွက်တဲ့
တကယ့် မြန်မာတယောက်လို ပီပီသသပြောနိုင်ဆိုနိုင်ပါတယ်။

သူအဓိကပြောသွားခဲ့တာတွေကတော့ သူ့ဦးလေးတွေဟာ၊ စစ်တွေမြို့အောင်မင်္ဂလာရပ်ကွက်မှာနေပါတယ်။ အဲဒီမှာ မွတ်စလင်ဘာသာ
ဝင် အများစု နေကြပါတယ်။ လတ်တလော မနေ့က မနက် ၁၀ နာရီခွဲလောက် ဖုန်းနဲ့ဆက်သွယ်ပြောဆိုလို့ ရတဲ့အခြေအနေကတော့
အောင်မင်္ဂလာရပ်ကွက်ထဲမှာနေထိုင်တဲ့ မွတ်စလင်လူမျိုးများဟာ ပိတ်မိနေပါတယ်။ ထွက်လို့လည်း မရပါ။ ထွက်လာတာနဲ့ လုံခြုံရေးတပ်ဖွဲ့
တွေ ရဲ့ ပစ်ခတ်မှု ကို ခံရပါတယ်။ တဘက်ကလည်းရေဖြတ်၊ မီးဖြတ်နဲ့ အိမ်
ထဲမှာ နေဖို့ အဆင်မပြေတာတွေ ကြုံနေရတယ်။ တချိန်တည်းမှာ သူတို့ အနေနဲ့ အခိုင်အမာပြောနိုင်တာကတော့ စစ်တွေ၊ မောင်တော ဒေါသတွေကို
တဘက်နိုင်ငံက ဘင်္ဂါလီတွေ ရာချီပြီး ကူးလာတယ်၊ လက်နက်ခဲယမ်းမီးကျောက်တွေနဲ့ ဆိုတာ လုံးဝ မဟုတ်ပါဘူး တဲ့။
ဒါဆို ရိုဟင်ဂျာ တွေ ဆိုတာကကော လို့ မေးတော့ ကျမတို့ကို ရိုဟင်ဂျာတွေ
လို့ ကျမတို့ကိုယ် ကျမတို့ သတ်မှတ်ထားပါတယ်။ မဆလခေတ် က ကျမ
တို့ကိုဌာနေတိုင်းရင်းသားအဖြစ် သတ်မှတ်ပေးဖို့ ဥက္ကဋ္ဌကြီး ဦးနေ၀င်းကိုယ်
တိုင်က “ရိုဟင်ဂျာ” ဆိုတဲ့နာမည်ကို အသိအမှတ်ပြုပေးခဲ့တာပေါ့ တဲ့။ ကျမအဖေဟာ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်ခဲ့ပါတယ်။ ကျမအဖေ ရဲ့
ဓါတ်ပုံ ကို ရိုဟင်ဂျာမောင်မယ်သစ်လွင်ကြိုဆိုပွဲ ဆိုတဲ့ ဆိုင်းဘုတ်ကြီးနဲ့တကွ
ကျမတို့မှာ ခုချိန်ထိ ရှိပါတယ် တဲ့။
ဦးနေ၀င်း က ကျနော်တို့ မြန်မာပြည်သူတွေကို ကိုယ်စားမပြုကြောင်းနဲ့ ဒီအချိန်မှာ ဒီခေါင်းစဉ်နဲ့သာ ဆွေးနွေးရင် ပိုဆိုးရွားသွားနိုင်တယ် လို့ ကျနော်
သူ့ကိုပြန်ပြောဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော့်အတွေးထဲ ဖျတ်ခနဲ သတိရ
မိတာ ရှမ်းပြည် အရှေ့မြောက်ပိုင်းက လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလအတွင်း
မှာမှ ပေါ်လာတဲ့ “ကိုးကန့်” ဆိုတဲ့ တိုင်းရင်းသား အသစ်စက်စက်တွေကိုပါပဲ။
ထားပါတော့လေ။ ဆက်ပြောချင်တာက အဲဒီ အမျိုးသမီးဆက်ပြောသွားတာ၊
အဲဒီမှာ လက်ရှိ ဆူပူသတ်ဖြတ်မီးရှို့တာတွေ လုပ်နေတဲ့ ရခိုင်လူမျိုးတွေဟာ
သူတို့နဲ့ ရွာနေအိမ်ထိုင်နေလာခဲ့တဲ့ ရခိုင်လူမျိုးတွေ မဟုတ်ပါဘူး။ ဘယ်က
လူတွေမှန်းလဲ မသိဘူး တဲ့။ အဲဒီ ကလူတွေ ပြောနေဆိုနေကြတာတော့
ကြံ့ဖွံ့တွေနဲ့ စစ်တပ်က ပူးပေါင်းပြီး လုပ်နေတယ် လို့ သိရပါတယ် တဲ့။
မိတ်ဆွေတို့ရေ. .
သတင်းတိကျ မကျ၊ သူပြောသမျှ မှန် မမှန် ကျနော် ဘာတခု မှ အာမ မခံနိုင်
ပါဘူး။ ဒါပေမယ့် ကျနော့်ကို ဖုန်းဆက်ပြီး ပြောလာတဲ့ အကြောင်းအရာ တခု
ကို ပြန်ဖေါက်သည်ချပါတယ်။ နောက် ဝေဖန်သုံးသပ်ဆင်ခြင်ကြစေချင်တယ်
တခါတရံမှာ ပြဿနာတွေဟာ ဒင်္ဂါးပြားလိုပဲ ကိုယ်မြင်တဲ့ ဆိုဒ် တဘက် တည်းသာမက တခြားတဘက်မှာ ပြဿနာတွေ တသီကြီး ရှိနေပါတယ်။

ပြောရရင် အဲဒီဒေသတွေကို စစ်တပ် က အလုံးအရင်းနဲ့ ရောက်သွားတာ ဘယ်နှရက်ရှိနေပြီလဲ။
ခုချိန်ထိ ကို ဘာလို့ မီးလောင်မှုတွေ၊ ဖျက်ဆီးမှုတွေ
ဆက်တိုက် ဖြစ်နေသေးတာလဲ။
ဘင်္ဂလီတွေ ရာချီလက်နက်ခဲယမ်းမီးကျောက်တွေနဲ့တဘက်နိုင်ငံက ကူးလာ
တယ် ဆိုတာ သက်သေအတိအကျ ပြနိုင်စရာ ဘယ်မှာလဲ။

မေးခွန်းတွေအများကြီး မေးကြရအောင်။

နောက် ဒီပြဿနာကို ဘယ်က စ ပြီး အုံနဲ့ကျင်းနဲ့ ဖေ့စ်ဘွတ်ခ်အပါအ၀င် အင်တာနက်တွေမှာ ရေးသားနေကြတဲ့သူတွေ က ကော ရိုဟင်ဂျာ ပြဿနာ
ဟာ ၆ လ ကျော် ၈ လနီးပါး ကျနော် အမေရိကားရောက်ခါ စ ကတည်းက မွှေးလာတဲ့ ဖေ့စ်ဘွတ်ပေါ်မှာ အရှိန်ယူလာတဲ့ ခေါင်းစဉ်တခု ဆိုတာ ဒီ ဖေ့စ်ဘွတ်ခ် မှာ စဉ်ဆက်မပြတ် ဖတ်နေတဲ့သူတွေ သတိထားမိ
ပါလိမ့်မယ်။

ကျနော်တို့ဟာ တက်လာတဲ့ သတင်းတွေ၊ ဓါတ်ပုံတွေကို ကြည့်ပြီး ခံစားရ၊
ဆုံးဖြတ်ကြ၊ ပေါက်ကွဲကြနဲ့ တကယ်တမ်း အဲဒီ သတင်းတွေရဲ့ နောက်ကွယ်
က အကြောင်းတရားတွေကို သေချာလေ့လာဆန်းစစ်ဖို့လိုလာပြီ။
အထူးသဖြင့် ဒီကိစ္စမှာ စ ကတည်းက ကျနော်ထောက်ပြခဲ့သလို မရိုးသားမှု
တွေ ဟာ တခုပြီး တခု ဆင့်ကဲ တွေ့နေရတယ်။
ခုလည်း ရန်ကုန်မှာ သောကြာနေ့ကို ရုတ်ရုတ် ရုတ်ရုတ် ဖြစ်မယ် ဆိုတဲ့ သတင်းတွေ ထွက်နေပြီ။ ဒါဟာ ဘာကို ဦးတည်နေတယ် ဆိုတာ အားလုံး
အကင်းပါးပါးနဲ့ သိဖို့ လို၊ အားလုံး ရှောင်ကွင်းနိုင်ဖို့လိုပါတယ်။

မသမာတဲ့ လူတစု က တိုင်းပြည်ရဲ့ ကြမ္မာကို စတေးပြီး၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို စတေးပြီး မင်းသားကြီး မဖြစ်နိုင်မှန်းသိလာ
တဲ့အတွက် ပတ်မကြီးတွေ ထိုးဖေါက်ပစ်လာတဲ့ လုပ်ရပ်တွေ လို့ပဲ ကျနော်
တော့ မြင်တယ်။

ကျနော်တို့ ပြည်သူတွေ၊ ခေါင်းဆောင်တွေနဲ့ အထူးသဖြင့် မွတ်စလင်ညီနောင်တွေကို မေတ္တာ ရပ်ခံ တိုက်တွန်းချင်တာက ဒီမသမာတဲ့
သူတွေဟာ ခင်ဗျားတို့ကျနော်တို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို နည်း
နည်းလေးမှ တန်ဖိုးမထားပဲ သူတို့ အာဏာတည်မြဲရေးအတွက် “အသုံးချ”
နေတယ် ဆိုတာကို မမေ့မလျော့မပေါ့ပဲ စိတ်လိုက်မာန်ပါ ဘာမှ မမှားရဖို့
ထိန်းသိမ်းပေးပါ။ တတ်နိုင်မယ် ဆိုရင် လမ်းပေါ်လုံးဝ မထွက်ကြပါနဲ့။
၈၈ များ၊ ကျောင်းသားအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်း
တည်ငြိမ်ရေးကို ထိန်းသိမ်းလိုတဲ့ အဖွဲ့အစည်းအသီးသီးနဲ့ချိတ်ဆက်ပြီး၊
မွတ်စလင်အများစု လိုအပ်ချက်တွေ (လိုအပ်လာရင် ဈေးဝယ်တာကအစ) ကို ဘယ်လိုဆောင်ရွက်သင့်သလဲ ဆိုတာ ညှိနှိုင်းဆောင်ရွက်ပါ။
ဒီအချိန်မှာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် လုပ်မယ်၊ ပြီးရင်
ဘယ်သူတွေ က အမြတ်ထုတ်မယ် ဆိုတာ အကျယ်တ၀ံ့ရေးစရာ မလိုတော့
ပါဘူး။

ဒီပို့စ် ရဲ့ အောက်ကနေ စစ်အုပ်စုတွေဘက်က ၀င်ပြော၊ ၀င်တိုက်ခိုက်တဲ့
သူတွေရဲ့ ကွန်မင့်တွေအားလုံး ကို ဘလော့ဂ်ပါ့မယ်။

ဒါ့ထက်မက သတင်းအချက်အလက်တွေ မကြာမီမှာ တက်လာပါလိမ့်မယ်။
အားလုံးလည်း လက်လှမ်းမီသလောက် ၀ိုင်းစုံစမ်းဖေါ်ထုတ်ကြဖို့ မေတ္တာရပ်ခံပါတယ်။

ချိုတူးဇော်

No comments:

Post a Comment