Friday, July 13, 2012

ကျွန်တော်မမေ့နိုင်သော ဆယ့်ကိုးဇူလိုင် [ တက္ကသိုလ်နေ၀င်း]

ရေးသားသူ.. ထူးတင့်နိုင်



“ပျောက်သောသူ ရှာလျှင်တွေ့ ၊
သေသောသူ ကြာလျှင်မေ့”

ဤကား မြန်မာလူမျိုးတို့ ပြောနေကျ ဆိုရိုးစကားပင်ဖြစ်သည်။ ယျေဘူယျအားဖြင့် မှန်ကန်သော ဆိုရိုးစကားလည်းဖြစ်ပါ၏။ အထူးသဖြင့် အချိန်ကာလကြာမြင့်လာသော် သေသောသူအား တဖြည်းဖြည်းမေ့လျော့ကာ နောက်ဆုံး လုံးလုံး သတိမရတော့သော အခြေအနေမျိုးဖြစ်လာတတ်သည်။ ဤသို့ လျှင် ယျေဘူယျအားဖြင့် မှန်ကုန်သော ဆိုရိုးစကားနှင့်ပတ်သတ်၍ ချွင်းချက်တော့ရှိနေပါသည်။

ယင်းချွင်းချက်ကား လွန်ခဲ့သော ၄၈ နှစ် ၊ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် စနေနေ့ ကဖြစ်ပွားခဲ့သော မြန်မာ့သမိုင်းတွင် အလွန်အရုပ်ဆိုးအကျည်းတန်ပြီး မည်သို့ မှ ဖျောက်ဖျက်၍ မရနိုင်သည့် အစွန်းအထင်း အမည်းကွက်ကြီး ( သို့ မဟုတ် ) နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ရာမှ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အပေါင်းပါအာဇာနည်ခေါင်းဆောင်ကြီးများ အတုံးအရုံးနှင့်ရေတိမ်နစ်ကျဆုံးခဲ့ရခြင်းသည် အချိန်ကာလာ မည်မျှပင်ကြာမြင့်စေကာမူ မေ့ပျောက်၍ မရနိုင်သည့် ချွင်းချက်ဖြစ်သည်ဟု ဆိုချင်ပါသတည်း။

အထူးသဖြင့် ၁၉-၇-၄၇ နေ့ ကဖြစ်ရပ်နှင့်တကွ ယင်းဖြစ်ရပ်မတိုင်မီ တစ်လအတွင်းက ဖြစ်ရပ်များကို အနီးကပ်သိရှိခဲ့ရသူ ကျွှန်တော့်အဖို့ မမေ့နိုင်ရုံမက ပြင်းစွာ နာကျည်းကြေကွဲခြင်း ၊ ယူကျုံးမရဖြစ်ခြင်း ၊ ဖြေမဆယ်နိုင်အောင် ပူဆွေးဝမ်းနည်းခြင်းစသော စိတ်လှုပ်ရှားမှုဒဏ်ကို နှစ်စဉ်ဇူလိုင်လ နီးကပ်လာတိုင်း အလူးအလဲခံစားရတတ်ပါသည်။ ဘာကြောင်ဤသို့ ဆိုရကြောင်းကိုလည်း ယခုဆက်လက်ဖော်ပြလတ္တံ့ သော အကြောင်းအချက်များက အဖြေပေးနိုင်လိမ့်မည်ထင်ပါသည်။

*******************************************************

၁၉၄၇ ခုနှစ် ဇူလိုင်လဆန်းတွင် “ဘီအိုဒီ” ခေါ် ဗြိတိသျှစစ်တပ်ပင်မ လက်နက်ခဲယမ်းသိုလှောင်ရေးတပ်မှ ဘရင်းဂန်း ၊ တော်မီဂန်း ၊ စတင်းဂန်းစသော မောင်းပြန်လက်နက်များနှင့်တကွ ခဲယမ်းကျည်ဆန်အမြောက်အမြားကို ပစ္စည်းထုတ်ပုံစံအတုများဖြင့် မသမာသူတစ်စုက ထုတ်ယူသွားကြောင်းကို Special Branch ခေါ် ရဲတပ်ဖွဲ့ ဌာနချုပ်၏ သတင်းတပ်ဖွဲ့ က သတင်းရသဖြင့် ပြည်ထဲရေးဝန်ကြီးမှ တစ်ဆင့် အစိုးရအဖွဲ့ ထံသတင်းပို့ အစီရင်ခံခဲ့ပါသည်။

ထိုအချိန်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းသည် နိုင်ငံခြားခရီးထွက်နေ၍ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ပျော်ဘွယ်ဦးမြက ခေတ္တပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူနေပါသည်။ ဖော်ပြပါ လက်နက်ခဲယမ်းများ လိမ်လည်ထုတ်ယူသွားခြင်းနှင့် ပတ်သတ်၍ အစိုးရအဖွဲ့ က လိုအပ်သလို ဆောင်ရွက်ရန် ခေတ္တပြည်ထဲရေး ၀န်ကြီးအား တာဝန်ပေးလိုက်ပါသည်။
ဝန်ကြီးဦးမြလည်း ပြည်ထဲရေးဝန်ကြီးဌာနက တိုက်ရိုက်ကွပ်ကဲသော ( နောက်ပိုင်း ပြည်ထောင်စု စစ်ရဲတပ် UMP ဖြစ်လာသည်) သောင်းကျန်းမှု နှိမ်နှင်းရေးတပ်မှ တပ်စိတ်တစ်စိတ်ကို လက်နက်ခဲယမ်း အပြည့်အစုံ ( မောင်းပြန်သေနတ်များအပါအ၀င်) နှင့် ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းပြင်ဘက်တွင် လုံခြုံရေးတာဝန်ချထားလိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ သဘောထားကို သိထားသူ ၀န်ကြီးဦးမြသည် လက်နက်ကိုင်တပ်စိတ် လုံခြုံရေးအစောင့်ချထားခြင်းကို ဗိုလ်ချုပ်အားလုံးဝအသိမပေးခဲ့ချေ။ ထို့ ပြင် ကျွှန်တော့်ကိုလည်းနှစ်ယောက်ချင်းတွေ့ ၍ ရုံးခန်းအပြင်ဘက်၌ လုံခြုံရေးတပ်စိတ်ချထားကြောင်းကို ဗိုလ်ချုပ်အားမပြောရန် မေတ္တာရပ်ခံခဲ့ပါသည်။ ကျွှန်တော်လည်း အလိုက်သိစွာနှင့်ပင် ဦးမြအား ကတိပေးပြီး ဗိုလ်ချုပ်အား မပြောပဲ နေလိုက်ပါသည်။

သို့ ရာတွင် ကံဆိုးချင်တော့ တစ်နေ့ ဗိုလ်ချုပ်နှင့် ကျွှန်တော်တို့ ရုံးဘက်လာပြီး ဗိုလ်အောင်ကျော်လမ်းဘက် တံခါးပေါက်မှ ရုံးခန်းသို့ အ၀င်တွင် မလှမ်းမကမ်းရှိ ဘဏ္ဏာရေးဝန်ကြီးဌာနဘက်သို့ ချိုးကွေ့ သည့်ထောင့်နား၌ မောင်းပြန်သေနတ်ကိုင် ရဲဘော်သုံးလေးဦးကို ဗိုလ်ချုပ်ကလှမ်းမြင်သွားပါသည်။

ချက်ချင်းဘာမှမပြောပဲ ဗိုလ်ချုပ်သည် ရုံးခန်းအတွင်းသို့ ရောက်တော့မှ ကျွှန်တော့်အား နှစ်ယောက်ချင်း ခေါ်မေးပါသည်။

“ဟေ့ကောင် ငါ့ရုံးခန်းရှေ့က လက်နက်ကိုင် ရဲဘော်တွေက ဘာလုပ်တာလဲ”

“ပြည်ထဲရေးဝန်ကြီးက လိုအပ်တယ်ထင်လို့ လုံခြုံရေးအစောင့်ချထားတာပါ”

ကျွှန်တော်ကရှင်းပြသည်ကို ဗိုလ်ချုပ်သည် သဘောကျဟန်မတူပါ။

“မလိုပါဘူးကွာ။ ငါ့ကို ဘယ်သူကမှလည်း လုပ်ကြံမှာမဟုတ်ပါဘူး။ ငါကလည်း မစိုးရိမ်ပါဘူး။ ငါ့ရုံးခန်းရှေ့မှာ လက်နက်ကိုင် ရဲဘော်တွေချထားတာကို ငါမမြင်ချင်ဘူး။ ဒီတော့ မင်းကိုယ်တိုင် ခုချက်ချင်း ပြည်ထဲရေးဝန်ကြီး ဦးမြဆီ သွားပြီး ငါက ညွှန်ကြားတယ်လို့ ပြော။ ငါ့ရုံးခန်းရှေ့က လက်နက်ကိုင် ရဲဘော်တွေကို ချက်ချင်းပြန်ရုပ်ခိုင်းလိုက်။ ကဲ….မင်းအခုပဲ သွားပြောပေတော့”
ဗိုလ်ချုပ်က တိကျပြတ်သားစွာပြောသဖြင့် ကျွှန်တော်လည်း ပြည်ထဲရေးဝန်ကြီးဌာနသို့ အမြန်သွားရောက်၍ ၀န်ကြီပျော်ဘွယ်ဦးမြ အား ဗိုလ်ချုပ်က အမိန့် ပေးလိုက်ပုံကို ပြောပြလိုက်ပါသည်။

ဝန်ကြီး ဦးမြသည် အလွန်စိတ်မကောင်းဖြစ်သွားပုံရတယ်။

“ခက်တော့တာပဲကွာ။ ငါတို့ က လုံခြုံရေးအတွက် လိုအပ်တယ်ထင်လို့ လက်နက်ကိုင်တပ်စိတ်ချထားတာကို ဗိုလ်ချုပ်က မြင်သွားတာဆိုးတာပဲ။ ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ။ သူ့ အမိန့် ကိုလည်း တို့ က မနာခံလို့ မဖြစ်ဘူး။ ငါတော့ စိတ်မကောင်းဘူးကွာ။ ”
ဤသို့ ငြီးငြူးရင်းနှင့်ပင် ၀န်ကြီးဦးမြသည် သက်ဆိုင်ရာသို့ တယ်လီဖုန်းဆက်၍ ဗိုလ်ချုပ်ရုံးခန်းရှေ့မှ လက်နက်ကိုင် လုံခြုံရေးတပ်စိတ်ကို ချက်ချင်းရုပ်သိမ်းရန် အမိန့် ပေးလိုက်ရပါတော့သည်။

ထိုနေ့ ညနေဘက် ရုံးမှအိမ်သို့ အပြန်တွင် ဗိုလ်ချုပ်သည် စကားများများမပြောပဲ တစ်စုံတစ်ခုကို စဉ်းစားနေဟန်ဖြင့် ငြိမ်နေရင်းမှ ရုတ်တရက် ကောက်ခါငင်ခါ ကျွှန်တော့်အားမေးခွန်းထုတ်ပါသည်။

“ဟေ့ တို့ အိမ်မှာနေတဲ့ ရဲဘော်တွေမှာ လက်နက်ရှိသလား။ ”
“မရှိပါဘူး။ ဗိုလ်ချုပ် သူတို့ က ပြည်သူ့ ရဲဘော်တွေဆိုတော့ တရားဝင်လက်နက်ကိုင်တပ်ဖွဲ့ ဝင်မဟုတ်တဲ့အတွက် လက်နက်မရှိကြပါဘူး။”

ကျွှန်တော်က အမှန်အတိုင်းပြောလိုက်ပါသည်။ သည်တော့မှ ဗိုလ်ချုပ်သည် သူ၏စိတ်ထဲ ဖြစ်ပေါ်ခံစားမိပုံကို ပြောပါသည်။

“ငါကိုယ်တိုင်ကတော့ သေရမှာလည်း မကြောက်ဘူး။ ဘယ်သူကမှလည်း ငါ့ကိုလုပ်ကြံမယ်မထင်ဘူး။ ဒါပေမယ့်ကွာ အိမ်မှာရှိတဲ့ကလေးတွေ အတွက်တော့ ငါစိုးရိမ်သလိုဖြစ်မိတယ်။ ဒီတော့ လိုလိုမယ်မယ်ပေါ့ကွာ ၊ သက်ဆိုင်ရာကို ဒီနေ့ ပဲ မင်းကိုယ်တိုင်သွားပြီး ငါကခိုင်းတယ်လို့ ပြော။ သင့်တော်မယ့် လက်နက် နည်းနည်းပါးပါး ထုတ်ယူပြီး အိမ်ကရဲဘော်တွေကို ပေးထားလိုက် ဒါပဲ”
ဤသို့ အမိန့် ပေးသဖြင့် ကျွှန်တော်လည်း အိမ်ပြန်ရောက်သော အခါ သက်ဆိုင်ရာနှင့် ဆက်သွယ်အစီအစဉ်လုပ်ပြီး တော်မီဂန်းတစ်လက် ၊ စတင်းဂန်းတစ်လက် ၊ ခြောက်လုံးပြူးနှစ်လက်တို့ ကို ကျည်ဆံများ နှင့်တကွ ထုတ်ယူကာ တာဝါလိန်းလမ်း ဗိုလ်ချုပ်အိမ်တွင် နေသော ရဲဘော်များအား ပေးထားလိုက်ပါသည်။

နိုင်ငံတော်လုပ်ကြံမှုကြီး ဖြစ်ပွားခဲ့သည်မှာ ၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ ၁၉ ရက် စနေနေ့ ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော အစိုးရအဖွဲ့ ဝင် ၀န်ကြီးများ ( ကတ်ဘိနက် ) အစည်းအဝေးကျင်းပနေခိုက် မသမာသူ လူသတ်သမားအဖွဲ့ က ၀င်ရောက်လုပ်ကြံ ပစ်ခတ်ခြင်းဖြစ်သည်။ အမှန်တော့ ယင်းဝန်ကြီးအစည်းအဝေးသည် ဇူလိုင် ၁၉ ရက် စနေနေ့ တွင်ကျင်းပရန်မဟုတ်ပဲ ဇူလိုင် ၁၆ ရက် ဗုဒ္ဓဟူးနေ့ တွင် လုပ်ရမည်ဖြစ်သည်။ ဤနေရာတွင် အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ အစည်းအဝေးအကြောင်းကို အနည်းငယ်ရှင်းပြရန်လိုပေလိမ့်မည်။

*********************************************************

၁၉၄၆ ခု ၊ စက်တင်ဘာလ ( ၂၆) ရက်နေ့ က ဗိုလ်ချုပ်အောင်ဆန်းအစိုးရအဖွဲ့ အာဏာကို လက်ခံရယူပြီးချိန်မှစ၍ ၀န်ကြီးအဖွဲ့ အစည်းအဝေးကို အပတ်စဉ် စနေနေ့ နံနက် ၁၀ နာရီကျင်းပနေကျဖြစ်သည်။ ထိုအချိန်က ဂဠုန်ဦးစောသည် ဘုရင်ခံက တိုက်ရိုက်ခန့် အပ်ထားသော ၀န်ကြီးတစ်ဦးဖြစ်ရာ သူသည်လည်း အပတ်စဉ် စနေနေ့ တိုင်း ကျင်းပသော ၀န်ကြီးအဖွဲ့ အစည်းအဝေးသို့ တက်ရသည်။

သို့ ရာတွင် ၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်ဗြိတိသျှအစိုးရတို့ သဘောတူချုပ်ဆိုသော “အောင်ဆန်းအက်တလီစာချုပ်” ကို ဂဠုန်ဦးစော နှင့် သခင်ဗစိန်တို့ သဘောမတူပဲ ကန့် ကွက်ကြသဖြင့် မြန်မာပြည်ပြန်ရောက်လာသောအခါ ဦးစောနှင့် သခင်ဗစိန်တို့ သည် အစိုးရအဖွဲ့ ဝင် ၀န်ကြီးအဖြစ်မှ နှုတ်ထွက်သွားကြရသည်။ ထို့ ကြောင့် သူတို့ နှစ်ဦးသည် နောက်ပိုင်း ဗိုလ်ချုပ်ဦးဆောင်သော အစိုးရအဖွဲ့ အစည်းအဝေးများသို့ မတက်ကြရတော့ချေ။
ဗြိတိန်နိုင်ငံမှ ပြန်လာပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းသည် အပတ်စဉ် ၀န်ကြီးအဖွဲ့ ( ကတ်ဘိနက် ) အစည်းအဝေးကို စနေနေ့ မလုပ်တော့ပဲ ဗုဒ္ဓဟူးနေ့ ကျင်းပရန် ပြောင်းရွေ့ သတ်မှတ်လိုက်သည်။ ယင်းအကြောင်းကို ဂဠုန်ဦးစောမသိ။ ၀န်ကြီးအဖွဲ့ အစည်းအဝေးသည် စနေနေ့ နံနက် ၁၀ နာရီကျင်းပမြဲ ကျင်းပနေသည်ဟု ထင်မှတ်နေသည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ၏ တတိယမြောက် အစည်းအဝေးကို ဇူလိုင် ၁၆ ရက် ဗုဒ္ဓဟူးနေ့ တွင် ကျင်းပရန်သတ်မှတ်ထားပြီး ဖြစ်ရုံမက အစည်းအဝေးဖိတ်စာများကို ၀န်ကြီးအသီးသီးထံသို့ ဖြန့် ဝေထားပြီးဖြစ်သည်။ သို့ သော် ဇူလိုင် ၁၆ ရက် ဗုဒ္ဓဟူးနေ့ တွင် တိုင်းပြည်ပြုလွတ်တော်၏ ဆပ်ကော်မတီတစ်ခုဖြစ်သော ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေး ကော်မတီအစည်းအဝေးကျင်းပရန် ကြိုတင်သတ်မှတ်ထားပြီးဖြစ်နေသည်။ အစည်းအဝေး ၂ ခုတိုက်နေကြောင်းကို ကျွှန်တော်က ဗိုလ်ချုပ်ထံသို့ သတင်းပို့ တင်ပြသောအခါ ဗိုလ်ချုပ်က -

“လွတ်တော်ကော်မတီ အစည်းအဝေးက အရေးကြီးတယ်။ လူကြီးတွေလည်း ပါနေတယ်။ ဒါကြောင့် အဲဒီအစည်းအဝေးကို ဒီတိုင်းပဲထား ၊ ကတ်ဘိနက် အစည်းအဝေးကိုတော့ စနေနေ့ ပြောင်းလုပ်လိုက်။ ၀န်ကြီးတွေဆီလည်း ဖိတ်စာအသစ်ရိုက်ပြီး ပေးလိုက်။” ဟုအမိန့် ပေးလိုက်ရာ “မမေ့နိုင်သော ဇူလိုင် ၁၉ ရက်” နေ့ တွင် အစိုးရအဖွဲ့ အစည်းအဝေးကျင်းပဖြစ်သွားကာ နိုင်ငံတော်လုပ်ကြံမှုကြီးလည်းဖြစ်ပွားခဲ့ရပါတော့သည်။

*******************************************************

ဤသည်တို့ ကား ၁၉၄၇ ခုနှစ် ဇူလိုင်လဆန်းက အမှန်တစ်ကယ်ဖြစ်ခဲ့သော ဖြစ်ရပ်များဖြစ်ရာ နေ့ လယ်ပိုင်း ပြန်လည်သုံးသပ်ကြည့်သောအခါ အလွန်ဝမ်းနည်းယူကျုံးမရ ဖြစ်စရာကောင်းလောက်အောင် ကံကြမ္မာ၏ လှည့်စားမှု သို့ မဟုတ် အလှည့်အပြောင်းများကို တွေ့ ရပါသည်။

ပထမအချက်အနေဖြင့် အကယ်၍သာ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ရုံးခန်းရှေ့မှ လက်နက်ကိုင်လုံခြုံရေးတပ်စိတ်ကို ရုပ်သိမ်းရန် အမိန့် မပေးခဲ့လျှင်။

ဇူလိုင် ၁၉ ရက်နေ့ ကျတော့ လူသတ်သမားအဖွဲ့ ဗိုလ်ချုပ်တို့ အားလုပ်ကြံရန်လာသောအခါ လုံခြုံရေးတပ်စိတ်နှင့် တိုက်ပွဲဖြစ်ရုံသာရှိမည်။ လုပ်ကြံမှုကြီးတော့မဖြစ်နိုင်။ တိုက်ပွဲဖြစ်လျှင်လည်း လုံခြုံရေးတပ်စိတ်က လူအင်အား လက်နက်အင်အား ပိုကောင်းသဖြင့် လူသတ်သမားအဖွဲ့ အား တစ်ယောက်မကျန်သုတ်သင်ခြေမှုန်းပစ်နိုင်မည်မှာ သေချာသည်။

အကယ်၍သာ တိုင်းပြည်ပြု လွတ်တော်ဖွဲ့ စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီက ဇူလိုင် ၁၆ ရက်နေ့ တွင် အစည်းအဝေးကျင်းပရန် ချိန်းမထားခဲ့လျင် ၀န်ကြီးအဖွဲ့ ( ကတ်ဘိနက်) အစည်းအဝေးကို ခါတိုင်းအပတ်စဉ် ကျင်းပနေကျ ဗုဒ္ဓဟူးနေ့ ဇူလိုင် ၁၆ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ဗုဒ္ဓဟူးနေ့ တိုင်း ကျင်းပသော ၀န်ကြီးအဖွဲ့ အစည်းအဝေးအကြောင်းမသိသူ ဂဠုန်ဦးစောသည် သူ၏ လူသတ်သမားအဖွဲ့ အား ဇူလိုင်လ ၁၉ ရက်နေ့ ၊ စနေနေ့ တွင် လွှတ်မည်ဖြစ်သည်။ သို့ ဖြစ်လျင် ၀န်ကြီးအစည်းအဝေးမရှိ၍ လုပ်ကြံမှုကြီးလည်း ဖြစ်ပွားမည်မဟုတ်ချေ။

အကယ်၍သာ လူသတ်သမားအဖွဲ့ သည် ဗိုလ်ချုပ်အား အတွင်းဝန်ရုံးတွင် မလုပ်ကြံပဲ ဗိုလ်ချုပ်၏နေအိမ် ( ဗဟန်းတာဝါလိန်းလမ်း ယခု ဗိုလ်ချုပ်တည်ရှိရာ ) တွင် လာရောက်လုပ်ကြံပါက သူတို့ သည် ဗိုလ်ချုပ်ရှိရာ အိမ်ပေါ်ထပ်သို့ ပင်တက်နိုင်မည်မဟုတ်။ ဗိုလ်ချုပ်၏အမိန့် ဖြင့် ကျွှန်တော်ကိုယ်တိုင်လက်နက်တပ်ဆင်ထားသော အိမ်ရှိ ရဲဘော်များ နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်မည်။ ယင်းသို့ တိုက်ပွဲဖြစ်လျင် အိမ်မှ ပြည်သူ့ ရဲဘော်များသည် ဘီဒီအေ တပ်မတော်နှင့် ဖက်စစ်တော်လှန်ရေး တပ်သားရဲဘော်များဖြစ်၍ လက်နက်ကိုင်တွယ်မှု ကျွမ်းကျင်သည့်အပြင် တိုက်ပွဲအတွေ့ အကြုံလည်းရှိသောကြောင့် လူသတ်သမားအဖွဲ့ အား အလွယ်တကူပင် တွန်းလှန်တိုက်ခိုက်ပစ်နိုင်မည်ဖြစ်သည်။

သို့ ရာတွင် လူသတ်အဖွဲ့ အစည်းသည် ဗိုလ်ချုပ်အိမ်သို့ မလာပဲ လက်နက်ကိုင်အစောင့်မရှိသော အတွင်းဝန်ရုံးသို့ သွားရောက်လုပ်ကြံခဲ့သည်။ ထို့ ကြောင့်လည်း လုပ်ကျြံမှုကြီးဖြစ်မြောက်ခဲ့ရသည်။

 ဗိုလ်ချုပ်ခမျာ ဖခင်တို့ ၏ကြီးမာသော မေတ္တာအဟုန်ကြောင့် လူမမယ်ရင်သွေးငယ်များအတွက် စိုးရိမ်မကင်းဖြစ်ကာ “လိုလိုမယ်မယ်ပေါ့ကွာ”ဟုဆိုပြီး ကျွှန်တော့်အား အိမ်မှ ရဲဘော်များအား လက်နက်တပ်ဆင်ခိုင်းခဲ့သည်။ သူ့ ကိုယ်သူ အတွက်တော့ လုံးဝမစိုးရိမ်ပဲ “ငါကသေရမှာလည်း မကြောက်ဘူး။ ဘယ်သူမှလည်း ငါ့ကိုလုပ်ကြံမှာမဟုတ်ပါဘူး” ဟုပြောခဲ့ရှာသည်။ သို့ သော် တစ်ကယ်ကျတော့ သူထင်သလိုဖြစ်မလာခဲ့။ သူချစ်မြတ်နိုးသော ရင်သွေးငယ်များ ဘာမှမဖြစ်ပဲ သူကိုယ်တိုင်ကသာ ၁၉-၇-၁၉၄၇ နေ့ က မရှုမလှ ရေတိမ်နစ်ကျဆုံးခဲ့ရရှာသည်။

ကံတရားက ဗိုလ်ချုပ်နှင့်တကွ ကျွှန်တော်တို့ နိုင်ငံသားအားလုံးကို ဒဏ်ခတ်သလို ပျက်ရယ်ပြု လှည့်စားလိုက်ခြင်းပေလား။
ဗုဒ္ဓရှင်တော်ဘုရား၏ အဆုံးအမ အရ ကံ ၊ ကံ၏အကျိုးကို ယုံကြည်ရမည်ကို ညွှန်ပြထားပါသည်။ ထို့ ကြောင့် မည်သို့ မှ မမေ့နိုင်သော ဇူလိုင် ၁၉ ရက် ၊ စနေနေ့ က ဖြစ်ရပ်အကြောင်း ပြန်ပြောင်းသတိရမိတိုင်း “သတ္တ၀ါမှန်သမျှ ကံစီမံ ဖန်တီးရာသာ လိုက်နာ နာခံနေကြသည်ပါတကား” ဟူသော အင်္ဂုတ္တရနိကာယ် အဘိဏှသုတ်တော်လာ တရားသဘောအတိုင်းဆင်ခြင်နှလုံးသွင်း၍ သံဝေဂဥာဏ်ပွားများကြရန်သာ ရှိပါတော့သတည်း။

စတိုင်သစ်မဂ္ဂဇင်း
ဇူလိုင်လ ၁၉၉၅

၁၉၉၇ ခုနှစ် မေလတွင် ၊ တက္ကသိုလ်နေ၀င်း ရေးသားထုတ်ဝေသော “ပြည်ထောင်စုဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း” စာအုပ် မှ ကောက်နုတ်ကူးယူဖော်ပြပါသည်ခင်ဗျာ။

မှတ်ချက်။

ယခုကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ ဖြစ်ရပ်များကို ကိုယ်တိုင်စာရိုက်၍ ကောက်နုတ်ကူးယူဖော်ပြခြင်းသည် စာဖတ်သူမိတ်ဆွေများ နှင့် နောင်လာနောင်သားများ မှတ်သားကြစေရန်အလို့ ဌာဖြစ်ပါသည်။ ဤဖြစ်ရပ်မှန်စာပေများမှာ ယခုခေတ်အခါတွင် အလွန်ရှားပါးနေသောကြောင့် ကျွှန်တော်အခုလို ကိုယ်တိုင်စာရိုက်ကာ အများပြည်သူများဖတ်ရှုနိုင်အောင် ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါသည်။

ထူးတင့်နိုင်
၁၃-၇-၂၀၁၂
နေ့ လည် ၄း၃၀

ဆင်ခြင်စရာ မြန်မာ့နိုင်ငံရေးပါ Ven Ravika





Ven Ravika  ဖေ့ဘုတ်မှ ကူးယူဖော်ပြအပ်ပါတယ်


၁။ ဘာသာရေးကိုင်းရှိုင်းတာနဲ့ နိုင်ငံရေးကျွမ်းကျင်မှုဟာ တခြားစီပါ။ ဦးနုက ဘာသာရေးနဲ့ လူတွေကို စုတယ်။ နေဝင်းက အရက်၊ မိန်းမ၊ အာဏာနဲ့ လူစုတယ်။ မဟုတ်တဲ့ခေတ်မှာ လူမိုက်က အရာရောက်တာမို့ ဦးနုက ပြုတ်ရတယ်။ နိုင်ငံရေးမှာ အလျှော့ပေးရုံနဲ့ အောင်မြင်နိုင်တယ်ဆိုရင် ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှာမှ စစ်တပ်ထားစရာ လိုမှာမဟုတ်။

၂။ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းမှာ ပြည်သူတို့ရဲ့ထောက်ခံမှုကို ရထားတယ်။ ပြည်ပမှာဆို ထောက်ခံမှု ပိုရတယ်။ အတိုက်အခံတွေက သူတယောက်ထဲကို အားကိုးနေသလို ဖြစ်နေတယ်။ ဒု-သမ္မတများ ဖြစ်မလား၊ အောက်လွှတ်တော်ဥက္ကဋ္ဌများ ဖြစ်မလား ဒီမိုသမားတွေ ခန့်မှန်းရတာလည်း အမောပါပဲ။ ဒါပေမယ့် ဒု-သမ္မတနေရာကို တပ်မတော်သားကိုယ်စားလှယ်များက အဆိုပြုရမှာဆိုတော့ မျှော်လင့်ချက် သိပ်ထားလို့ မရတော့။ ပြည်သူတို့ရဲ့မဲနဲ့ တက်လာတဲ့ ပုဂ္ဂိုလ်တွေလည်းမဟုတ်တော့ သူတို့တင်သွင်းတဲ့ ဒု-သမ္မတလည်း ပြည်သူ့သမ္မတ မဟုတ်။ စစ်တပ်အတွက် ဒု-သမ္မတသာ ဖြစ်တယ်။ အခု ဦးမြင့်ဆွေကို ရွေးတယ်လို့ သတင်းထွက်နေပြီ။

၃။ သိန်းစိန်အစိုးရဟာ အပြင်ပန်းအားဖြင့် ပျော့ပျောင်းတယ် ထင်ရပေမယ့် နအဖထက် မာတဲ့ အစိုးရပါ။ အတိုက်အခံများကို လမ်းဖွင့်ပေးတာထက် သူတို့ လမ်းပွင့်ဖို့က အဓိကပါ။ အခုနေအခါမှာ မြစ်ဆုံဆည်ကို ပြန်ဆောက်နေပြီ။ အမေရိကန်တို့နဲ့ စီးပွားရေးစာချုပ် ချုပ်ခဲ့ပြီ။ တရုတ်နဲ့ အမေရိကန် မတူပုံကို စာရေးသူတို့ သိပါတယ်။ ဒါပေမယ့် စီးပွားရေးသမားဟာ စီးပွားရေးသမားပါပဲ။

ဒီ ၃ ချက်ကို စဉ်းစားကြည့်ပါ။ အဖြေထုတ်ကြည့်ပါ။ အပြန်အလှန်သုံးသပ်ရရင် ...

၁။ ဦးမြင့်ဆွေကို ဒု-သမ္မတအဖြစ်နဲ့ ရွေးတယ်ဆိုတာ သန်းရွှေခေတ် မကုန်သေးဘူးဆိုတာ ပြတယ်။ ဦးမြင့်ဆွေ ဒု-သမ္မတဖြစ်ခြင်းမှာ ကောင်းတဲ့အလားအလာမဟုတ်ဘဲ သန်းရွှေ မသေမချင်း သိန်းစိန်အစိုးရက ဘာမှ မလှုပ်ရဲသေးဘူးဆိုတဲ့သဘောကို ပြနေတယ်။

၂။ လွှတ်တော်ထဲဝင်တာ အတိုက်အခံလုပ်ဖို့ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးတွေက အတိုက်အခံလုပ်မှာကို ဆင်ဝှေ့ရန်ရှောင်ခြင်းသာဖြစ်တယ်။

၃။ ရိုဟင်ဂျာနဲ့ပတ်သက်ပြီး တိုင်းရင်းသားမဟုတ်ဘူးလို့ အစိုးရက ကြေညာတယ်။ မသိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေတယ်။ သူတို့နှစ်ဘက်စလုံးက ပြည်သူတို့ရဲ့ ငြိုငြင်ခြင်း၊ ကမ္ဘာက မျက်စောင်းထိုးခြင်းကို ရှောင်ရှားနေကြတယ်။

၎။ ပြည်ခိုင်ဖြိုးအစိုးရက ၂၀၁၅ ရွေးကောက်ပွဲအတွက် အမာခံများကို တိတ်တဆိတ် တည်ဆောက်နေပြီး လက်ရှိလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်က မပြောပလောက်တဲ့ စွမ်းဆောင်မှုသာ ရှိနိုင်မှာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၁၅ ခု အထွေထွေရွေးကောက်ပွဲကိုသာ ပစ်မှတ်ထားနေပုံရတယ်။

၅။ ပြည်ပနိုင်ငံများမှာ အင်အားရှိပြီး ဆုံးဖြတ်နိုင်စွမ်း၊ လုပ်နိုင်စွမ်း၊ ဆုံးဖြတ်ရဲ၊ လုပ်ရဲတဲ့ အစိုးရနဲ့ပဲ ပူးပေါင်းလိုကြတယ်။ ပြည်သူတို့ရဲ့သဘောဆန္ဒကို အမြဲတမ်းယူနေရင် ပြည်ပအစိုးရများကလည်း သိပ်မကြိုက်ကြ။ သိန်းစိန်အစိုးရမှာ ဒီအင်္ဂါရပ်များနဲ့ ပြည့်စုံတယ်။ ဒေါ်အောင်ဆန်းစုကြည်က လူထုခေါင်းဆောင်ဖြစ်လို့ ပြတ်သားမှု အားနည်းတယ်၊ မက်လုံးမရှိ၊ အခွင့်ထူးမပေး။ ဒါတွေဟာ အမှန်တရားဖြစ်ပေမယ့် သံတမန်ရေးမှာ အဖုအထစ်များ ဖြစ်တတ်တယ်။

အပြန်အလှန်သုံးသပ်ရင် ဒီအချက်တွေကို တွေ့ရတယ်။ ဒါပေမယ့် အဖွဲ့တိုင်းက လူအ လူနတွေ မဟုတ်ပါဘူး။ သူ့တွက်ရေးနဲ့သူ ရှိကြပါလိမ့်မယ်။ ကိုယ်စားဝင်ပြီး တွက်ကြည့်ရရင် ...

၁။ တိုင်းရင်းသားတွေက အစိုးရကို အယုံအကြည် အမှန်တကယ် မရှိ။ အခြေအနေအရ အပစ်ရပ်ထားရတဲ့ ပုံပါ။ အချို့က ဘာမှမလုပ်ဘဲ ပင်လုံကဲ့သို့ ညီလာခံကို စောင့်နေပါ့မယ်။ အချို့ကတော့ အင်အားမွေးနေပါလိမ့်မယ်။ အခြေအနေမကောင်းရင် ဝုန်းဒိုင်းပြန်ကြဲမယ်။ အခြေအနေကောင်းရင် အမတ်လုပ်ချင်လုပ်မယ်။ ဒါပေမယ့် သေချာတာတခု ရှိတယ်။ သူတို့ဟာ တန်းတူရေးကို တန်းတူရေးမရှိတဲ့ လွှတ်တော်မှာ မရနိုင်ဘူးဆိုတာပဲ။ ဒါကို သူတို့ သိကြတယ်။ သိကြပေမယ့်လည်း အဲဒီဆုံမှတ်ရောက်ရင် သူတို့အချင်းချင်း ထပ်ကွဲကြပါဦးမယ်။ သူတို့မှာ နိုင်ငံရေးဥသျှောင်တခု၊ ပြည်ထောင်စုတပ်မတော်တခု ထူထောင်ဖို့ ဖြစ်နိုင်ခြေမရှိပါ။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သူတို့က အခရာကျပေမယ့် အစိုးရကို ပြုတ်ကျအောင် တော်လှန်ရေးလုပ်နိုင်သူများ မဟုတ်လို့ သူတို့ နည်းနည်းလှုပ်ရင် အစိုးရက နည်းနည်းပစ်ကျွေးတဲ့စနစ်ကို ဆက်ပြီး ကျင့်သုံးသွားမှာ သေချာပါတယ်။ (ပစ်ကျွေးတယ်ဆိုတော့ သေနတ်ရော ပါတီ၊ ပုဂ္ဂိုလ်ရေးအခွင့်အရေးပါ ပါဝင်တယ်၊ အမျိုးသားရေးအတွက် မပါ)

၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ကျိန်သေနိုင်မယ်လို့ တွက်ထားပုံရတယ်။ အပြတ်အသတ် မနိုင်ခဲ့ရင်လည်း အခြားအတိုက်အခံများနဲ့ ညွန့်ပေါင်းဖွဲ့ဖို့ ကြိုးစားပါလိမ့်မယ်။ ဒီချုပ်အနေနဲ့ ၂၀၁၅ မှာ အစိုးရဖွဲ့နိုင်မယ်လို့ ယူဆကြမှာဖြစ်တယ်။ လောလောဆယ်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုကို အကန့်အသတ်နဲ့ ကြိုဆိုတဲ့သဘောကို ပြသပြီး ယင်းရင်းနှီးမြှုပ်နှံမှုဟာ ဒီမိုကရေစီအပြောင်းအလဲကို အထောက်အကူပြုတဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်စေချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မကြာခဏ ထုတ်ဖော်ပြောဆိုပါတယ်။ ဒါဟာ သိန်းစိန်အစိုးရကို အပြည့်အဝ မယုံသလို လာရောက်တဲ့ နိုင်ငံသားခြားများကိုလည်း သတိနဲ့ လက်ခံတဲ့သဘော၊ ဒီချုပ်ကို အထောက်အကူပြုစေလိုတဲ့ သဘောကို တွေ့ရပါတယ်။ ရင်းနှီးမြှုပ်နှံမှုဟာ လူထုကို တိုက်ရိုက်အကျိုးပြုမှပဲ ဒီချုပ်မူဝါဒကို အထောက်အကူပြုရာရောက်မှာမို့ ဒါတွေဟာ ဒီချုပ်အတွက် အင်မတန် အရေးကြီးပါတယ်။

၃။ ပြည်ခိုင်ဖြိုးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လိမ္မာပါးနပ်စွာ ဆက်ဆံနိုင်ပုံပါပဲ။ ၂၀၁၅ ခု ရွေးကောက်ပွဲမှာ တကယ်လို့ သူတို့ရှုံးခဲ့ရင် တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ အတိုက်အခံပါတီအချို့နဲ့ ညွန့်ပေါင်းဖွဲ့ဖို့ သူတို့မှာလည်း အကြံရှိပုံရပါတယ်။ ညွန့်ပေါင်းဖွဲ့ဖို့လည်း အမတ်ဦးရေ မလုံလောက်ရင်တော့ အင်အားကောင်းတဲ့ အတိုက်အခံပါတီအဖြစ်နဲ့ ရပ်တည်နိုင်ဖို့ သူတို့ ကြိုးစားကြပါလိမ့်မယ်။ စစ်တပ်အမတ်များက ရွေးကောက်ပွဲဝင်စရာ မလိုဘဲ ဒု-သမ္မတတဦး အဆိုတင်သွင်းခွင့်ရထားလို့ အစိုးရအဖွဲ့ကိုရော လွှတ်တော်ကိုပါ ကောင်းကောင်းဒုက္ခပေးနိုင်ပါတယ်။ လက်ရှိရင်းနှီးမြှုပ်နှံမှုများမှာ ပြည်သူများကို အကျိုးပြုတယ်ထားဦး၊ စာချုပ်ချုပ်ရင် သူတို့ခရိုနီများနဲ့ပဲ ချုပ်ဆိုထားရလို့ ဒီချုပ် လက်လှမ်းမမီတဲ့ကိစ္စတွေ ဖြစ်တယ်။ ရပ်ကွက်ကျေးရွာမှာကအစ ထကြွသောင်းကျန်းဖို့ လူကြမ်းတွေကို ငှားဖို့ သူတို့ခရိုနီတွေမှာ ငွေအရင်းအမြစ် အလုံအလောက်ရှိတယ်။ ဒီချုပ်ရဲ့ပထမသက်တမ်းကို ကောင်းကောင်း ဖျက်ဆီးပစ်နိုင်မှာပါ။

ဒီတော့ သိန်းစိန်အနေနဲ့ ဒီချုပ်ကို ဖြုတ်နိုင်ဖို့ ...

၁။ တရုတ်တွေ ကျေနပ်ဖို့ သူဟာ ဂေါဗာချော့ဗ် မဟုတ်ကြောင်း ပြဖို့ စီမံကိန်းအချို့ကို ပြန်ဖွင့်ပေးရပါ့မယ်။ ဒီမိုကရေစီလမ်းကြောင်းကိုလည်း စည်းကမ်းပြည့်ဝစေမှာပါလို့ ကတိပေးပါလိမ့်မယ်။ သူတို့အစိုးရဟာ အပြင်ပန်းအနေနဲ့ ခပ်ပျော့ပျော့ဖြစ်ပေမယ့် 7th July လိုမျိုး ကျုပ်တို့ ခွင့်မပြုရင် ဘာမှ လုပ်လို့မရသေးဘူးလို့ တရုတ်ကို အသိပေးခဲ့ပါပြီ။ အမှန်တကယ်လည်း သူတို့ ခွင့်မပြုရင် ဘာမှ လုပ်လို့မရသေးပါဘူး။

၂။ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန် အပါအဝင် အနောက်နိုင်ငံအစိုးရများဆီက ငွေချူလို့ရအောင်၊ အမှတ်ရအောင်၊ ထောက်ခံမှုရအောင် ရိုဟင်ဂျာများကို ဧည့်နိုင်ငံသားများအဖြစ် လက်ခံဖို့ သေချာသလောက်ပါပဲ။ ရိုဟင်ဂျာအရေးကို အသုံးချပြီး ကမ္ဘာ့အလယ်မှာ အတိုက်အခံများ၊ တိုင်းရင်းသားများ မျက်နှာပျက်အောင် လုပ်ပါလိမ့်မယ်။

၃။ တိုင်းရင်းသားများက တရုတ်ပြည်နယ်တွေအဆင့်လောက် သဘောတူခဲ့ရင် တိုင်းရင်းသားများကို သူတို့အခွင့်အရေး ပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒါတွေဟာ ပေးဆပ်မှုမရှိဘဲ သူတို့ပေးမှာမဟုတ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ က တိုင်းရင်းသားများကို အသုံးချပြီး ဒီချုပ်ကို အကျပ်ကိုင်ခဲ့ဖူးပြီ။ လက်ရှိအချိန်မှာ ဒီချုပ်ကို အသုံးချပြီး သူတို့က တိုင်းရင်းသားများနဲ့ ပြည်ပနိုင်ငံများကို မြူဆွယ်နိုင်ခဲ့ပြီ။ နောက်နှစ်အနည်းငယ်မှာ တိုင်းရင်းသားများကိုပဲ ပြန်အသုံးချပြီး လွှတ်တော်ရောက် ဒီချုပ်ကို ဘေးကျပ်နံကျပ်ဖြစ်အောင် လုပ်ဦးမှာပါ။

လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ကျုံးထဲ သွင်းခဲ့ပြီမို့ သန်းရွှေအတွက်ရော သိန်းစိန်အတွက်ပါ စိတ်အေးရပါပြီ။ တိုင်းပြည်အတွက် အသုံးချခံရရင်လည်း ဝန်မလေးပါလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ဖူးတယ်။ ရွှေမန်း၊ ဌေးဦး၊ သိန်းစိန်တို့ကို အမြင်ကပ်တယ်ရယ်လို့တော့ မဟုတ်ပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နားမှာ ရစ်သီရစ်သီနဲ့ ငါးခူပြုံး ပြုံးနေပုံတွေကို မြင်ရင် မနည်း တရားနှလုံးသွင်းရပါတယ်။ လွတ်တော်ရောက် ဒေါ်အောင်ဆန်းစုကြည်က ဥပဒေပြင်ရေး၊ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ၃ ရပ်ကို ပညာသားပါပါနဲ့ လိမ္မာပါးနပ်စွာ အကောင်အထည်ဖော်နိုင်ခဲ့တယ်ဆိုရင် ဖြေစရာရှိနိုင်သေးတယ်။ ဒါတွေက ဒီမိုကရေစီအုတ်မြစ်ဖြစ်လို့ အရေးကြီးတယ်။ အဲဒီလိုမဟုတ်ဘဲ ရွှေမန်းသြဝါဒကို နားထောင်ပြီး မပြောပလောက်တဲ့ နှာစီးချောင်းဆိုးဥပဒေများနဲ့သာ အလုပ်ရှုပ်ခဲ့သည်ရှိသော် ရင်ကျိုးရပါပြီ။

Ven Ravika
(ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ ...)

မြန်မာသံတော်ဆင့် အပတ်စဉ် သတင်း

HTWD

ဘယ်လိုပဲသေသေ၊ဘယ်သူပဲသတ်သတ် နတ်ကတော့နတ်

ရေးသားသူ-မောင်သာချို   -  7Day News Journal မှ ကူးယူဖော်ပြအပ်ပါတယ်..။

(တစ်)
    ကျွန်တော် မန္တလေးကနေ မြောက်ဘက်တစ်လွှား မြို့ရွာများ ရှိရာဆီသို့ စာပေဟောပြောပွဲကို အခြေခံကာ တစ်ခါတစ်ခါ ခရီး သွားဖြစ်ပါသည်။ ကားက မန္တလေး တောင်ကိုဝိုက်ပြီး အုတ်ကျစ်
ကျော်အေး မန္တလေး၊ ရတနာပုံမန္တလေး၊ စည်မျက်နှာကဲ့သို့ ညီညာပါပေသည်ဆိုသော မန္တလေး၏ မြောက် ဘက်ကိုထွက်လိုက်တော့ဒဏ္ဍာရီတွေ ဒဏ္ဍာရီတွေက လူကို စောင့်ကြိုနေလိုက်ကြတာ။
    မန္တလေး မတ္တရာကားလမ်း အတိုင်း မြောက်ယွန်းယွန်းသို့ ထွက်လာကြသောအခါ ငါးမိုင် ကျော်ကျော် ခြောက်မိုင်မရှိတရှိ လောက်ရောက်သည်နှင့် တောင် တော်သခင်မနတ်(သို့မဟုတ်)မရွှေဥနတ်စံမြန်းရာ မရွှေဥတောင်ကို လှမ်း၍မြင်ရပါပြီ။ ထို့နောက်သုံး၊လေးမိုင်မရှိတရှိ ဆက်မောင်း
လိုက်ပြန်တော့ ကားလမ်းဝဲဘက် မှာ တောင်ပြုန်းရွာသို့ဆိုတဲ့ တောင်ပြုန်းမင်းညီနောင်ဆီသို့ သွားရာ လမ်းခွဲကလေး။ ရှေ့ဆက်တက် တော့ မတ္တရာ။ ရှေ့ဆက်တက် တော့ စဥ့်ကူး။ ရှေ့ဆက်တက် တော့ သပိတ်ကျင်းမိုးကုတ်လမ်း ခွဲ။ ရှေ့ဆက်တက်တော့ ပန်းပဲ မောင်တင့်တယ်ရဲ့ တကောင်း။ ပြီးတော့ မြစ်တစ်ဖက်ကမ်းအ နောက်ဘက်သို့ လှမ်းမျှော်ကြည့် လိုက်သောအခါ ထီးချိုင့်တဲ့။ ကသာတဲ့။ သည့်နောက်မှာဖြင့် ကချင်ပြည်နယ်က မှိုင်းမို့ ဆိုင်းညို့ စွာ စောင့်ကြိုနေလျက်။
    အော်..မန္တလေး မတ္တရာ ကားလမ်းဝဲယာမှာကလည်း ပုဂံ ဘုရင်တို့နှင့် ပတ်သက်ဆက်စပ် ရာဒဏ္ဍာရီ အတိုအထွာ အစအန တွေက ပြန့်ကျဲလို့ပါကလား။

(နှစ်)
    မြန်မာပြည်က နတ်ပွဲတွေ ထဲမှာ တောင်ပြုန်းပွဲကဖြင့် တော် တော့ကို စည်ကားပြီးတော်တော် လည်း နာမည်ကြီးပါသည်။ ပန်း ဆက်သမားကိုဗျတ္တနှင့် ပုပ္ပါးသူ ပန်းစားဘီလူးမ မယ်ဝဏ္ဏတို့၏ သားနှစ်ယောက်ဖြစ်သော မင်းကြီးမင်းလေးအဖြစ် နာမည်ကြီး သော ရွှေဖျဉ်းကြီး ရွှေဖျဉ်းလေးတို့ ကို ပူဇော်ပသကြသည့် ပွဲပဲဖြစ်ပါသည်။
    တောင်ပြုန်းမင်းညီနောင် နှစ်ပါးနတ်ဖြစ်သွားကြပုံ ဒဏ္ဍာရီ ဇာတ်လမ်းက ကျွန်တော်တို့လူမျိုး
နှင့် အထိအတွေ့များပါသည်။ ငယ်ငယ်တုန်းက အိပ်ရာဝင်ပုံပြင် အဖြစ် နားထောင်ခဲ့ကြရသည်။နောက်တော့ အသဲချဲ့စက်ထဲက နေ နားဆင်ခဲ့ကြရသည်။ နောက် ဇာတ်သဘင်စင်မြင့်ပေါ်က တင် ဆက်ကပြမှုများကို ငေးမောကြည့် ရှုခဲ့ကြရသည်။ ထို့ပြင် ၀တ္ထုကဗျာ နတ်ကိုးကွယ်ယုံကြည်မှုဆိုင်ရာ စာမျက်နှာများ။ တစ်ခုနှင့်တစ်ခု မတူကြ။ သိုးကာသီကာ အကွဲကွဲ အပြားပြား အခြားခြား အနားနား။
    ဗျတ္တဆီကနေ နည်းနည်း ကလေး ပြန်စကြည့်ကြပါစို့။ အ နော်ရတာ၏ ပုဂံတပ်မတော်ကြီး သထုံသို့ဝင်ရောက်တိုက်ခိုက်စဉ် ဗျတ္တကျဆုံးသည်ဟု ဆိုသည်။ တချို့က အနော်ရထာမင်းထံ ပန်း အဆက်နောက်ကျ၍ ကွပ်မျက်ခံ ရသည်ဟု ဆိုသည်။
ပုပ္ပါးသူ မယ်ဝဏ္ဏကလည်း ခင်ပွန်းသည် ဗျတ္တသေဆုံးသည့် သတင်းကြား၍ ရင်ကွဲနာကျ၍ သေရသည်
ဟု ဆိုသူက ဆိုသလို သားနှစ်ယောက်အသတ်ခံရပြီးကာမှ လင်သေသားဆုံးဖြစ်ကာ ရင်ကွဲနာ
ကျရကြောင်း ဆိုသူက ဆိုပြန်ပါသည်။ ဘာပဲ ဖြစ်ဖြစ်သူက ပုပ္ပါး မယ်တော်နတ်။
    ပန်းတော်ဆက် ဗျတ္တတို့ မယ်ဝဏ္ဏတို့၏ သားနှစ်ယောက် ဖြစ်သော ရွှေဖျဉ်းကြီး ရွှေဖျဉ်း လေးတို့ကမူ ပုဂံနန်းတွင်းသို့ ရောက်ကာ အနော်ရထာမင်းထံ ၌ အမှုထမ်းပါသည်။ အနော်ရ ထာမင်း တရုတ်ပြည် ဥတည် ဘွားဘုရင်ဆီမှအပြန် ဧရာဝတီ ကိုစုန်လျက် ပြန်ဆင်းလာရာ ကျောက်စည်အရပ် ၀ါးရင်းတုတ် ကျေးရွာအနီးတွင် ယုံကြည်တော် မမူ၍ ရွှေဖျဉ်းညီနောင်ကို ကွပ် မျက်ကြောင်း ဦးကုလားတို့ မှန် နန်းတို့ တွင်းသင်းတို့ ရာဇ၀င်အ စောင်စောင်က ဆိုပါသည်။ သို့သော် အနော်ရထာမင်းက တောင်
ပြုန်းရွာ၌ ဂူဘုရားတစ်ဆူတည်ခိုင်းရာ မူးရူးသောင်းကျန်းပျော်ပါးနေ ကြသော ရွှေဖျဉ်းညီနောင်က အုတ်ခဲစီရန် တာဝန်လစ်ဟင်း သဖြင့် အုတ်နှစ်ချပ်လပ်လေရာ ကျန်စစ်သားကို ဆုံးမခိုင်းသဖြင့် ကျန်စစ်သားက လည်မျိုကိုတုတ် တိုဖြင့် ရိုက်သတ်၍ ညီနောင် နှစ် ယောက် သေကြေရကြောင်း ရေးကြသားကြ ကပြတင်ဆက်ကြသည် များကလည်း မျက်ရည်လွယ်သော ပရိသတ်အတွက် လွမ်းမောဖွယ် ဖြစ်ပါသည်။
    ဆရာမကြီး ဒေါ်ခင်မျိုးချစ် ကမူ သူ့ ပုဂံသူရဲကောင်းများ ၀တ္တု ထဲ၌ ကသာရွှေလီသစ်တောကြီး များထဲ၌ မောင်ရင်မောင်အမှု ထမ်းနေစဉ် ဇနီးသည် မရွှေဥကို ပါ ခေါ်သွားခဲ့ပြီး အတူနေကြရာ သစ်ခိုးသူရွှေဖျဉ်းညီနောင်တို့နှင့် တွေ့ဆုံပြီး ရွှေဖျဉ်းလေးက မရွှေဥ ကို အဓမ္မကြံစည်သဖြင့် ရုန်းရင်း ဆန်ခတ်ဖြစ်ကာ မောင်ရင်မောင် မရွှေဥလည်းသေ ကျန်စစ်သား နှင့် သူ့စစ်သည်များရောက်လာ ကာ ၀င်ရောက်ထိုးနှက်မှုကြောင့် ရွှေဖျဉ်းညီနောင်လည်း သေရ သည့်ဇာတ်ကွက်ကို ထည့်ရေး ထားသည်ကို တွေ့နိုင်ပါသည်။ ထား။
    မည်သို့ပင်သေသေ ရွှေ ဖျဉ်း ညီနောင်တို့ အစိမ်းသေသေကာ မကျွတ်မလွတ်နှင့် နတ်ဖြစ်ကြ သဖြင့် အနော်ရထာမင်း ဖောင် တော်ဖြင့်ဆက်လက်စုန်ဆင်းစဉ် တက်မကို ကိုင်ကာတားထားပြီး အပိုင်စားတောင်းရာ တောင်ပြုန်း ရွာ ဆုတောင်းပြည့်ဘုရား၌ နတ် ကွန်းဆောက်၍နေစေ၊ ကျော် စည်ရွာ တစ်တန်းက လူတို့ပူဇော် ရာဖြစ်စေ စသည် စသည်ဖြင့် အ မိန့်ချမှတ်ရုံမက အရှေ့ဘက်ကို ကျောက်ဆီမီးလက် နွားလား တောင်ရိုးမအထိ၊ အနောက်ဘက် ကို ဧရာဝတီအထိ၊ တောင်ဘက် ကို ရွှေကြက်ယက်ဘုရားအထိ အ ပိုင်စားပေးကြောင်းလည်း နတ် သမိုင်း အမျိုးမျိုးတို့က ရေးသား လေ့ရှိပါသည်။
    ဤတွင် မရွှေဥ သေပုံ မူကွဲ တစ်ခုကလည်း စိတ်ဝင်စားဖွယ် ဖြစ်ပါ၏။ သူက မန္တလေး မတ္တရာ ကားလမ်းဘေး အင်ကျင်ရွာက သူကြီးဦးရွှေသီး ဒေါ်အိုဇာ၏ သမီး။ တောင်ပြုန်းရွာသားကိုရင် မောင်နှင့် အကြောင်းပါ။ ကိုရင် မောင် မဲဇာသို့သစ်ဖောင်ချရန် အ သွား အစိမ်းသေ ရွှေဖျဉ်းလေးက နတ်ဘ၀နှင့် ရောက်လာကာ မေတ္တာကို အဓမ္မတောင်းဆိုရာ လက်မခံ၍ ရွှေဖျဉ်းလေးက စီး တော်ကျားနှင့် တိုက်သတ်ရာ သေ သော်နတ်ဖြစ်သည်ဟု ယုံကြပြန်ပါ၏။
    မည်သို့ပင် သေသည်ဖြစ် စေ မရွှေဥဘက်က စဉ်းစားကြည့် တော့ တောင်ပြုန်းမင်းညီနောင် က စိတ်နာစရာဖြစ်ပါသည်။ သို့ ကြောင့် တောင်ပြုန်းပွဲကျင်းပ သည့် ရက်များတွင် မရွှေဥတောင် မရွှေဥနတ်ကွန်းထဲက မရွှေဥနတ် ရုပ်ကို တောင်ပြုန်းပွဲကျင်းပရာ ရွာ ကိုကျောခိုင်းသည့်အနေအထား မျိုးဖြင့် ထားပေးကြရသည်ဟု ဆို ပါသည်။
    ''အော် ...တောင်တော် သခင်မ စိတ်ချမ်းသာအောင်..  ယုံကြည်သူတွေက လုပ်ပေးကြရ တာပေါ့။ အဲဒါနဲ့ ပြောရဦးမယ်.. မရွှေဥက သရဖီပန်း သိပ်ကြိုက်တာတဲ့ ..ဒါမို့လို့ တပေါင်း တန်ခူး သရဖီတွေ ပွင့်ပြီဆိုမှဖြင့် ..ကျုပ်တို့အရပ်မှာ ပန်းကောက် ပွဲဆိုပြီး လုပ်ကြသပတော်ရယ်''
       ဒေသခံ ရွာသူကြီးက မန္တလေး မတ္တရာ ကားလမ်းပေါ် မှာ ကျွန်တော့်ကို သည်လိုပြောဖူး ပါသည်။ ဆရာကြီး ဒေါက်တာ သန်းထွန်းတို့လို တကယ့်သမိုင်း ဆရာကြီးတို့ ဘယ်လိုမှ လက်မခံ နိုင်သော အကြောင်းခြင်းရာတွေ မို့ ဒဏ္ဍာရီဟု ဆိုရသော်လည်း သည်ဒဏ္ဍာရီက ကြေကွဲလွမ်းဆွတ် စရာ ဒဏ္ဍာရီဖြစ်၍ နေပါသည်။
        အော် မန္တလေး မတ္တရာ ကားလမ်းဝဲယာက မရွှေဥတောင် နှင့် ဟိုးတောင်ပြုန်းရွာကလေးက မြူတွေထဲမှာ ဆိုင်းမှိုင်းလို့။ တစ် ခါတစ်ခါ လေနီကြမ်းကြီးတွေ ဆင်လာပြီဟုဆိုလျှင် လေကပင် နီရဲနေသယောင် ထင်ရတတ် သည်။ အော်...တောင်ပြုန်း။

(သုံး)
    တောင်ပြုန်းပွဲက ၀ါခေါင် လဆန်း ၈ ရက်ကနေ ၀ါခေါင် လပြည့်အထိ ကျင်းပသော နတ်ပွဲ ပင်ဖြစ်ပါသည်။ ပထမနေ့ကန် တော့ခံ၊ ဒုတိယနေ့ ကန်တော့ခံ၊  တတိယနေ့ ညညီလာခံ၊ စတုတ္ထ နေ့ ချိုးရေတော်သုံး၊ ပဉ္စမနေ့ နန်း တက်ပွဲ၊ ဆဋ္ဌမနေ့ ယုန်ထိုး၊ သတ္တမနေ့ ထိန်ခုတ်၊ အဋ္ဌမနေ့ ရွှေဘုံဆင်း ဟူ၍ကျင်းပသော ပွဲ လည်း ဖြစ်ပါသည်။
    တစ်နိုင်ငံလုံးက နတ်ကိုး ကွယ်သူတွေ၊ နတ်ကတော်တွေ၊ သူတောင်းစားတွေ၊ ဈေးသည် တွေ၊ ခါးပိုက်နှိုက်တွေ၊ အမူး သမားတွေ၊ ကလေးတွေ၊ မိန်းမ တွေ ကားနဲ့ ရထားနဲ့ အရောက် လာကြသော ပွဲလည်းဖြစ်ပါ သည်။ ယုံကြည်သူတွေ များပြား လွန်းလို့ မန္တလေး၊ မတ္တရာ အထူး ရထားကိုပင် ပြေးဆွဲခုတ်မောင်း ပေးရသည် မဟုတ်ပါလား။ ၀ါ ခေါင်လ ဇွန်ပန်းပွင့်များနဲ့အပြိုင် ကန်တော့ပွဲရောင်းသည့်ဆိုင်၊ ဗောင်းတော်ခေါ် ပ၀ါရောင်း သည့်ဆိုင်၊ ကနားတဲတွေ၊ ကရေ ကရာမုန့်၊   စလူမုန့်၊  အနူဆုပ်မုန့် ဆိုင်တွေကြားထဲမှာ လူတွေ လူ တွေ။ ကန်တော့ခံဖို့၊ ကန်တော့ဖို့၊ နတ်မေးဖို့၊ ပသဖို့။
    ခေတ်သစ် တောင်ပြုန်းပွဲ၏ အကြောင်းကို ဘ၀သရုပ်ဖော် စာ ရေးဆရာမ မနုနုရည်(အင်းဝ)က ၀တ္ထုရှည်တစ်ပုဒ်ရေးသားခဲ့ဖူးပါ သည်။ ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန် တော့ခံတော်မူပါ ဆိုသော ၀တ္ထု။ Smile As they Bow ဟူသော အမည်ဖြင့် Alfred Barnburm က ဘာသာပြန်ဆိုထားသော စာ အုပ်ကလေးကို ကျွန်တော်တွေ့ဖူးပါသည်။ တောင်ပြုန်းကို လျှပ် တစ်ပြက်ရေးခြစ်ထားသော ရေး ချက်များဟု ခံစားရပါ၏။
    မိန်းမလျာတို့ အဓိကကြီး စိုးမောင်းနှင်ကာ တောင်ပြုန်း ယန္တရားလည်ပတ်နေပုံများကို ရိပ်
စားမိနိုင်သော ၀တ္ထုဟု ဆိုနိုင်ပါ ၏။ ဟိုးတုန်းကတော့ နတ်က တော်ဆိုတာ မိန်းမသားတွေ။ အခုမူ မဟုတ်ပါလေတော့။
    ''ဟိုးတုန်းက တော်ရုံ သည်းခံ စိတ်နဲ့ တောင်ပြုန်းကို သွားလို့မရ ဘူး...ဖရုဿဝါစာကို လွတ် လွတ် လပ်လပ် ပြောလို့ရတဲ့ ပွဲပေါ့ မိန်းကလေးတွေများဆို သားပြော မယားပြော ကြိုက်ရာ ပြောလို့ရ တယ်။ ကလေးအရုပ်ကို လိုက်ပေး ပြီး ကိုယ့်မိန်းမလို ပြောရင်လည်း ခံနိုင်ရတယ် ...ညစ်ညစ်ပတ် ပတ်တွေ အယုတ္တ အနတ္တတွေ ဆဲ ကြဆိုကြနဲ့ ဒါ သူု့သဘာဝပေါ့''
    တောင်ပြုန်းအတွေ့အကြုံ ရှည်လျားသူတစ်ယောက်က ကျွန်တော့်ကို ဖောက်သည်ချရင်း ယခုတော့သည်လို မဟုတ်တော့ ကြောင်း သူ့စကားကို ဆက်ပါ သည်။ ဟိုတုန်းက တောင်ပြုန်း ပွဲ ခပ်ကြမ်းကြမ်းရှိပုံကို ဆရာမြို့မငြိမ်းက ပျို့တောင်ပြုန်း သီချင်း ဖြင့် မှတ်တမ်းတင်ခဲ့ဖူးပါသည်။
    အစ အနောက်သန်တာကို ခွင့်လွှတ်ဖို့ ဆိုထားသော သီချင်း ပဲဖြစ်ပါ၏။
    ပထမနေ့ ကန်တော့ခံ၊ ဒုတိယနေ့ ကန်တော့ခံ၊ တတိယ နေ့ ညညီလာခံ၊ စတုတ္တနေ့ ချိုး ရေတော်သုံးမှာ မင်းညီနောင်နှစ် ပါး တောင်ပြုန်းချောင်းထဲ ရေချိုး ဆင်း၊ ပဉ္စမနေ့ နန်းတက်၊ ဆဋ္ဌမ နေ့ ယုန်ထိုး၊ သတ္တမနေ့ ထိန်ခုတ်၊ အဋ္ဌမနေ့ ရွှေဘုံဆင်း။
    ''မင်းညီနောင်က နတ်ဘ၀ မှာ လူယောင်ဖန်ဆင်းပြီး ထန်း ရည်နဲ့ ယုန်သားနဲ့ လာလာပြီး သုံးဆောင်တတ်တာလေ အဲဒါ ကြောင့် ယုန်ထိုးနေ့မှာ ယုန်သား ဆက်ရတာ''
    အနော်ရထာမင်းစောက တောင်ပြုန်းနားက ထိန်ပင်ကို ဓား ဖြင့်ခုတ်မိသဖြင့် ထိန်ပင်စောင့် နတ်က မကျေနပ်ရာက ကျွဲနှင့် တိုက်၍ အနော်ရထာ နတ်ရွာစံရ လေသတဲ့။ ထို့ကြောင့် အနော် ရထာနှင့် မင်းကြီး မင်းလေးတို့က နတ်ဘ၀တွင် ထိန်ပင်တွေကို ဓား ဖြင့် ခုတ်တတ်လေသတဲ့။ ဒါ့ ကြောင့် ထိန်ပင်များကို မြေတွင် စိုက်ကာ နတ်ဝင်သည်များက ထိန်ခုတ်ပွဲကို တစ်ရက်ကျင်းပရ ခြင်းပါတဲ့။
    အော်..တောင်တော် သခင်မ မရွှေဥကျောခိုင်းထားရ တဲ့ တောင်ပြုန်းပွဲ။
    အနော်ရထာကပဲ သတ် သတ်၊ ကျန်စစ်သားကပဲ သတ် သတ်၊ ဗျတ္တနှင့်မယ်ဝဏ္ဏတို့၏ သား နှစ်ယောက်ကဖြင့် တောင် ပြုန်းမင်းညီနောင်ခေါ် မင်းကြီး မင်းလေးအဖြစ် နတ်ကိုးကွယ်သူ တို့၏ ကမ္ဘာထဲမှာ ကြီးစိုး၍နေပါ သည်။ သားတော်နှစ်ပါး၏ နတ်ပွဲ သို့ လာရောက်သော ပုပ္ပားမယ် တော် မယ်ဝဏ္ဏပုပ္ပားသို့ အပြန် ခရီးတစ်ထောက်နားရာ အမရပူ ရ ငယ်တိုးကျေးရွာအုပ်စု ရွှေလွန်း ရွာ ရတနာ့ဂူဘုရားမှာလည်း ၀ါခေါင်လဆုတ် ၈ ရက်ကနေ ၁၄ ရက်အထိ နတ်ပွဲတွေ ဆက်ကြပါလိမ့်ဦးမည်။
    ပုဂံဒဏ္ဍာရီဟာသည်လောက် ကျယ်ပြန့်ခိုင်ခံ့တည်တံ့နေခဲ့သည်မှာ အံ့တော့ အံ့သြစရာ ကောင်းလှ ပါရဲ့။ ပုံပြောကောင်း သူဟာ ဘယ်သူများပါလိမ့်မလဲ။

ရေးသားသူ-မောင်သာချို   -  7Day News Journal

ဘာလဲဟဲ့ လူ့ ငရဲ ဦးဝင်းတင်

ဇော်ဝင်း8888 ပေးပို့ အပ်ပါတယ်


Zaw Win Htwd

``ပြန်လည်ဆယ်ယူတော့မည့် ဓမ္မစေတီခေါင်းလောင်းတော်ကြီးသမိုင်း´´




``ပြန်လည်ဆယ်ယူတော့မည့် ဓမ္မစေတီခေါင်းလောင်းတော်ကြီးသမိုင်း´´

ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူတောမည့် သတင်များကြားရပြီး ခေါင်းလောင်းကြီး ၏
သမိုင်စုံကို မသိ့သေးသူများအတွက် မျှဝေလိုက်ပါသည်။


ဓမ္မစေတီ ခေါင်းလောင်းကြီး

ခေါင်လောင်းတော်ဘွဲ့ - အဝိန္ဒဆောက် ခေါင်းလောင်းတော်
အလေးချိန်- ၁၈၀၀၀၀ ပိဿာ (တန်ချိန် ၂၉၀)
အတိုင်းအတာ - အဝ(၈)တောင်၊ xxx (၁၂) တောင်
သွန်းလုပ်သည့်နေ့ - သက္ကရာဇ် (၈၃၇) ခုနှစ်၊ တပေါင်းလဆန်း(၈)ရက်၊ ကြာသတေးနေ့
ရွှေတီဂုံစေတီတော်သို့ တင်လှူသည့်နေ့ - သက္ကရာဇ် (၈၃၈) ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့
ဒေါပုံမြစ်လည်တွင် နစ်မြုပ်သွားသည့်နှစ် - သက္ကရာဇ် (၉၇၄)ခုနှစ်
ကျော်ကြားမှု - ပျောက်ဆုံးနစ်မြှုပ်နေမှု

ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး

ဓမ္မစေတီ ခေါင်းလောင်းကြီးသည် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းအဖြစ် သတ်မှတ်ထားသော ခေါင်းလောင်းကို စိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ဖြစ်သည်။ ယင်းကား မွန်ဘာသာအားဖြင့် 'အပိန္နသော်' သို့မဟုတ် 'ဓမ္မစေတီ' ခေါင်းလောင်းပင် ဖြစ်သည်။ ခေါင်းလောင်း ဘွဲ့အမည်မှာ မြန်မာဘာသာအားဖြင့် 'အဝိန္ဒဆောက်'ဟု ခေါ်ပါသည်။ ဓမ္မစေတီ ခေါင်းလောင်းသည် ဇာကိုလိုကော ခေါင်းလောင်းထက် မင်းကွန်းခေါင်းလောင်းတော်ကြီး တစ်ခုစာ ပို၍ ကြီးမားနေသည်ကို အံ့သြဖွယ်ရာ တွေ့ရှိရသည်။ ဓမ္မစေတီ ခေါင်းလောင်းကို ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းအဖြစ် သတ်မှတ်ရမည် ဖြစ်ပေသည်။ ထို့အပြင် ဇာကိုလိုကော ခေါင်းလောင်းသည် (၁၈) ရာစုတွင် သွန်းလုပ်သော ခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာ အေဒီ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်း ဖြစ်သဖြင့် နှစ်(၃ဝဝ) ပို၍ စောနေသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီ ခေါင်းလောင်းသည် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်း ဖြစ်သင့်ပေသည်။

ခေါင်းလောင်းတော်ကြီးကို ဆယ်ယူရရှိမည်ဆိုပါက မွန်အမျိုးသားတို့၏ ယဉ်ကျေးမူအမွေအနှစ် ခေါင်းလောင်းကြီးနှင့်ပက်သက်သည့် အသေးစိတ် အချက်အလက်တို့ကို ပြည်သူများသို့ အသေအချာတင်ပြနိုင်မည် ဖြစ်ပါသည်။ ၄င်းအပြင် တရုပ်တို့၏ ကြေးသွန်အတတ်ပညာထက် နှစ်ပေါင်း(၁၅၀၀)ခန့် စောသည့် မွန်တို့၏ ယိုးဒယားနိုင်ငံ ဘန်းချိုင်းဒေသ ကြေးသွန်အတတ်ပညာအတွက်ကြီးမားသော သက်သေ အထောက်အထားတစ်ခု ဖြစ်လာ မည်။

လှူဒါန်းခြင်း

မြန်မာ့ သမိုင်းတွင် မွန်တို့၏မဂဒူးမင်းဆက်တွင် ၁၆ ဆက်မြောက် မွန်ဘုရင် ဓမ္မစေတီမင်း သည် ဟံသာဝတီ (ယခု ပဲခူး) မှ အုပ်စိုးပြီး ၁၄၈၀ ခုတွင် လူဦးရေ စစ်တမ်း ကောက်ယူခဲ့သည်။ ဓမ္မစေတီမင်းကြီးသည် ဥပိုက်၊ သမန္တရာဇ်၊ ဘုရင်ရာဇာ၊ စွန္တရာဇာ အမတ်လေးဦးကို အိမ်ဦးရေစာရင်း ကောက်ယူရန် တာဝန် ပေးခဲ့သည်။ အမတ်များက အိမ်စာရင်းသာမက အိမ်တိုင်းမှ ကြေးကိုပါ ကောက်ခံခဲ့ရာ ကြေးစင် တစ်သန်းနှင့် ရှစ်သိန်း ရရှိခဲ့သည်။ မင်းကြီးက ကြေးပါ ကောက်ယူခဲ့သော အမတ်လေးဦး အား အပြစ်ဒဏ်ပေး၏။ ကြေးများကို ကာယကံရှင်များအား ပြန်ပေးစေသည်။ ပိုင်ရှင်များက ပြန်မယူပဲ မင်းကြီး သင့်တော်သလိုသာ အသုံး ပြုရန်လျှောက်ထားလေသည်။ ထို့ကြောင့် ဓမ္မစေတီမင်းကြီးသည် ဤကြေးများဖြင့် အမတ်ကြီး ဗညားအိမ်ကို အကြီးအမှူး ခန့်တော်မူသည်။ အမတ်ကြီးသည်လည်း ဇေယဗာဟု၊ ပဲခူးသဥတ္တရာ၊ နန္ဒစည်သူကျော်၊ သံဃရာဇာ စသည့် ဆရာတို့ အခါပေးသည့် အတိုင်း တပေါင်းလဆန်း (၈)ရက်၊ ကြာသပတေးနေ့ သိဟ်လဂ်တွင် ပွဲကြီးသဘင် ကြီးစွာပြု၍ ခေါင်းလောင်းကြီးကို သွန်းလုပ်စေသည်။

အမတ်ကြီးသည်လည်း ဆရာတို့ အခါပေးသည့်အတိုင်း တပေါင်းလဆန်း (၈)ရက်၊ ကြာသာပတေးနေ့ သိဟ်လဂ်တွင် ပွဲကြီးသဘင်ပြု၍ ခေါင်းလောင်းကြီးကို ပြုလုပ်တော်မူသည်။ သို့သော် ခေါင်းလောင်းကြီးမှာ ထူးထူးခြားခြား အသံမမြည်ပဲရှိခဲ့သည်။ (သမိုင်းအရ ထိုခေါင်းလောင်းကြီးကို နက္ခတ္တဗေဒသဘောအရ မကောင်းသော ၁၄၈၄-ခု၊ ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် စတင်သွန်းခဲ့ပြီး အသံမမည်ဟု ဆိုသည်။) ခေါင်းလောင်းသွန်းလုပ်စဉ် `လောကဥာဏ´ အမည်ရှိ ဗေဒင်ဆရာတစ်ဦးက ခေါင်းလောင်းသွန်းလုပ်ပြီးလျှင် အပြစ်အနာအဆာမရှိ ချောမောလိမ့်မည်။ သို့သော်အသံကာ မြည်မည်မဟုတ်ဟု မင်းကြီးအားလျှောက်၏။ မင်းကြီးက အကြောင်းစုံမေးမြန်းရာ ခေါင်းလောင်းပြုလုပ်ရန် ဆရာတို့ပေးသောအခါသည် နက္ခတ်ခြောက်လုံးဖြစ်သည်။ ခြောက်လုံးမှာ မိကျောင်းနက္ခတ် ဖြစ်သဖြင့် မိကျောင်းမှာ လျှာမရှိ၍ အသံမမြည်နိုင်ချေ။ မင်းကြီးလည်း ခေါင်းလောင်းကို မွန်ဘာသာဖြင့် အပိန္နသော်ဟု ဘွဲ့အမည်ပေးပြီး ကောဇာသက္ကရာဇ်(၈၃၈)ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင် ရွှေတိဂုံရင်ပြင်တွင် ချိတ်ဆွဲလှူဒါန်း ရေစက်ချတော်မူသည်။ ခေါင်းလောင်းကြီးကို မြန်မာဘာသာဖြင့် “အဝိန္ဒဆောက်’’ဟု အမည်ရ သည်။ (ရွှေတိဂုံ စေတီတော် တည်ရှိရာ ကုန်းတော်ပေါ်တွင် ပထမဦးဆုံးလှူဒါန်းသော ခေါင်းလောင်းမှာ ဓမ္မစေတီ ခေါင်းလောင်းကြီးပင် ဖြစ်သည်။ ယခုအခါ ရွှေတိဂုံကုန်းတော်ပေါ်ရှိ ခေါင်းလောင်းစုစုပေါင်း (၂၉)လုံးရှိသည်။ သုတေသန= မေယာအမ်တီ)

ရှေးခေတ်စာ မှတ်တမ်းများအရ ၄င်း ခေါင်းလောင်းကြီးတွင် ကြေးနီ အပြင် ရွှေ၊ ငွေ တို့လည်း ပါသည်ဟုဆိုသည်။ ခေါင်းလောင်းထဲတွင် မြ နှင့် နီလာ ရတနာတို့လည်း မြှုပ်ထားသည်ဟု ဆိုသည်။ ဓမ္မစေတီမင်း ဥစ္စာကြွယ်ဝ ပုံအရ ၄င်းမှာဖြစ်နိုင်သည်။ ခေါင်းလောင်းကြီးသည် ၁၂-တောင် မြင့်ပြီး ၈-တောင် ကျယ်သည်။ တစ်ပြိုင်တည်းမှာပင် ၅၀၀ပိဿာရှိ ခေါင်းလောင်းအသေးလည်း သွန်းလောင်းလှူတန်း ခဲ့သည်ဟုအဆိုရှိသည်။

နိုင်ငံခြားသားများ ရောက်ရှိခြင်း

နောင် နှစ်တစ်ရာ ကြာပြီးနောက် ၁၅၈၂ ခုတွင် အီတလီကျောက်ကုန်သည် `ဂစပါရို ဘယ်ဘီ´သည် ရွှေတိဂုံဘုရား သို့ရောက်ရှိခဲ့ပြီး ရွှေတိဂုံဘုရားကို အသေးစိတ် မှတ်တမ်းတင်ခဲ့သည်။ သူရေးခဲ့သည်မှာ "ကျွန်ုပ် တွေ့ခဲ့ရသည်မှာ အလွန်ခမ်းနားသော ခန်းမကြီးထဲတွင် အလွန့်အလွန် ကြီးမားသော ခေါင်းလောင်းကြီး ရှိပြီး အတိုင်းအတာအားဖြင့် ခြောက်လှမ်း နှင့် သုံးဖန် ရှိပြီး အထက်မှ အောက်သို့ စာလုံးတစ်ခုနှင့် တစ်ခုပူးကပ် နေသော စာများ အပြည့်ရေးထားပြီး ဖတ်ရမည်ပုံ မပေါ်ပေ။"

၁၅၃၀-ခုတွင် မွန်ဘုရင်များ၏ အာဏာစက် ကျဆင်းလာပြီး ၁၅၃၅-ခုတွင် အောက်ပြည်သည် အထက်ပြည်နှင့် ခြားနားသွားသည်။ တစ်ချိန်တည်းမှာ ဥရောပကုန်သည် နှင့် စွန့်စားရှာဖွေသူများ အောက်မြန်မာပြည် သို့ ရောက်လာ ကြသည်။ ၁၅၉၀-ခုနှစ်များတွင် ပေါ်တူဂီလူမျိုး စွန့်စားရှာဖွေသူ `ဖီလစ်ဒီဘရုတ်တို ရနီကုတ်´အား စီရမ်(သန်လျင်)တွင် ရခိုင်ဘုရင်က ကုန်သွယ်ရုံးဖွင့်ခွင့် ပေးလိုက်သည်။ ၁၆၀၀-ခုတွင် သူ၏သြဇာမှာ မြစ်ကြောင်းတစ်လျှောက် ဘေးပတ်ဝန်းကျင် အပါအဝင် ဒဂုံအထိ ရောက်သည်။

ယူဆောင်ခြင်း

ခရစ်သက္ကရာဇ် ၁၆၀၈-ခုနှစ်တွင် ပေါ်တူဂီလူမျိုး ဖိလစ်ဒိုဘရစ်တိုသည် ဓမ္မစေတီခေါင်းလောင်းကြီးကို အရည်ကြို၍ အမြောက်သွန်းလုပ်ရန် တောင်ပေါ်မှ လှိမ့်ချ၍ မြစ်ကမ်းနားထိ ဆင်များဖြင့်ဆွဲကာ ပုဇွန်တောင် ရေလက်ကြားတွင် ဖေါင်ပေါ်သို့ တင်ခဲ့သည်။ ဖောင်ဖြင့် သန်လျင်သို့ သယ်ဆောင်ခဲ့သည်။ သို့သော် ပဲခူးမြစ်၊ ရန်ကုန်မြစ်နှင့် ငမိုးရိပ်ချောင်း သုံးသွယ်ဆုံဆည်းရာ ဒေါပုံမြစ် နေရာတွင် ဖောင်ပျက်ပြီး ခေါင်းလောင်းကြီးမှာ ရေအောက်သို့ ကျသွားခဲ့သည်။ ဖိလစ်ဒိုဘရစ်တိုလည်း ရေအောက်သို့ ပါသွားခဲ့သည်။ ပေါ်တူဂီတို့လည်း ၄င်းကိုခိုးယူခြင်းကြောင့် အထိနာသည်။ ပေါ်တူဂီ ဂတ်ရုံးအား ဒေါသထွက်သော ဗမာများက တိုက်ခိုက်ခဲ့ပြီး မှတ်တမ်း များအရ ပေါ်တူဂီခေါင်းဆောင်မှာ ဝါးရင်းတုတ်ဖြင့် တစ်ချက်ခြင်း ရိုက်၍ တဖြေးဖြေးခြင်း သေစေသည် ဟုဆိုသည်။ ဒေါပုံမြစ်အကူးတွင် ဖောင်နစ်ပြီး ခေါင်းလောင်းကြီး ရေထဲနစ်မြှုပ်သွားသည်မှာ ယနေ့ထက်တိုင် ဖြစ်သည်။ ဓမ္မစေတီခေါင်းလောင်း ရေအောက်နစ်မြှုပ်နေသည်မှာ နှစ်ပေါင်း (၄၀၀) နီးပါးရှိချေပြီ။

( ဖီလစ် ဒီဘရေဒိုမှာ ရခိုင်ဘုရင့်တပ်မတော်၏ ကြေးစား စစ်ဗိုလ်တစ်ဦးဖြစ်ပီး ရခိုင်ဘုရင် ထံမှာ့ သန်လျှင်မြို့ကိုစားခွင့်လျှောက်ထား ရယူသူဖြစ်သည်။ သူအင်အားကြီးမားလာသော အခါ ရခိုင်ဘုရင်ကိုပြန်လည်ပုန်ကန်လေသည်။ ထိုအခါ ရခိုင်အိမ်ရှေ့မင်း မင်းခမောင်းကိုယ်တိုင်ဦးစီးသော ရခိုင်ဘုရင့်ရေတပ်မတော်မှာ့ သန်လျှင်ကိုလာရောက်တိုက်ခိုက်လေသည်။ ဖီလစ်ဒီဘရေတိုလည်း သင်္ဘော သုံးစီးဖြင့်ထွက်ပြေးလေသည် ထွက်ပြေးရာလမ်းတွင် ရခိုင်ဘုရင့်ရေတပ်မတော်ကြီးနှင့် ထိပ်တိုက်တိုးလေသည်။ ရခိုင်ရေတပ်မတော်ကြီးသည်လည်း သန်လျှင်ကို မရောက်သေးသောကြောင့် ပေါ့ပေါ့လျှော့လျှော့နှင့် ချီတက်လာသည့်အပြင် တပ်ဦးတွင် ရခိုင်အိမ်ရှေ့မင်း မင်းခမောင်း ကိုယ်တိုင်ချီတက်လာရာ ရခိုင်မင်းသားသည် ပေါ်တူဂီ တို့၏ဖမ်းစီးခြင်းကိုခံရလေသည်။ ဖီလစ်ဒီဘရေတိုက မိမိကိုယ့် ပြည်ထောင်ဘက်မင်းအဖြစ်သတ်မှတ်ပါက အိမ်ရှေ့မင်းကို ပြန်လည်လွတ်ပေးမည်ဟု အရေးဆိုသော် ကြောင့် ရခိုင်ဘုရင် သည်လည်း မိမိသားတော်အသက် မသေရေးအတွက် ပြည်ထောင်ဘက်မင်းအဖြစ်သတ်မှတ်လိုက်ရသည်။ ထိုနောက်တွင်ကား ဖီလစ်ဒီဘရေတိုသည် သန်လျှင်တွင် ထင်တိုင်းကျဲလေတော့သည်။ နောင်တွင် အနောက်ဖက်လွန်မင်းက ကြီးမားသော တပ်မတော်ကြီးနှင့် သန်လျှင်ကို လာရောက်တိုက်ခိုင်လေသည်။ ဖီလစ်ဒီဘရေတိုသည်၊ တောင်ငူဘုရင် နတ်သျှင်နောင် နှင့်အတူအဖမ်းခံရပီး အနောက်ဖက်လွန်မင်းက တရားရုံးတင် စစ်ဆေးပီး သန်လျှင်မြို့ သူ့၏ အိမ်ရှေ့တွင်ပင် တံကြင်လျှိုသတ်ခံခဲ့ရသည်။ သန်လျှင်တွင် ယခုတိုင် ဖီလစ် ဒီဘရေဒို၏ အုတ်ဂူရှိသေးသည်။ ( တချို့သောအကြောင်းအရာများ မှားကောင်းမှားနိုင်သည် သို့သော် သေချာသည် များကား ဖီလစ်ဒီဘရေဒိုသည် ခေါင်းလောင်းကြီးနှင့်အတူ နစ်မြုပ်သွား ခြင်းမဟုတ်ပေ))

ဆယ်ယူရန် ကြိုးပမ်းမှုများ

ရန်ကုန်ရှိ သမိုင်းအထောက်အထားများအရ ၁၈၀၀-ခုနှစ်တွင် ခေါင်းလောင်းကြီးကျရာနေရာတွင် ဝဲကတော့ ထိုးသည်ဟု ပါသည်မှတပါး ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူမှု မရှိချေ။ ယခုခေတ် လူကြီးများ ပင် ၄င်းဝဲကတော့ကို မျက်မြင်ကိုယ်တွေ့ရှိသည်ဟု ဆိုကြသည်။ မြစ်မှာ မနက်ပေ။ ပေ-၄၀ သာရှိပြီး ရေအောက်ရွှံညွှန်များမှာ နောက်ထပ် ပေ-၄၀ လောက် ရှိမည်ဖြစ်ပြီး ၄င်းရွှံညွှန်များထဲတွင် ခေါင်းလောင်း ရှိပေမည်။

ဘိုးတော်ဘုရားခေါင်းလောင်း (ခေါ်) ခေါင်းလောင်းအသေးသည်လည်း ဗြိတိသျှ သိုက်သမား (British Prize Agent) များက ၁၈၂၆-ခုတွင် ရွှေတိဂုံစေတီတော် မှချကာ မြစ်ထဲကျခဲ့ပြန်သည်။ သို့သော် ဗြိတိသျှတို့ စွန့်လွှက်ခဲ့သော် ၄င်းခေါင်းလောင်းအား ရွာသားများက ဆယ်ယူခဲ့ပြီး စေတီတော်ထက် သို့ ပြန်ပို့ခဲ့သည်။

ဗြိတိသျှ တို့ ကြိုးပမ်းမှု

ဗြိတိသျှတို့ ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူရန် အကြိမ်ကြိမ် ကြိုးစားသော်လည်းမအောင်မြင်ခဲ့ပေ။ မြန်မာတို့က ခေါင်းလောင်းကြီးအား မူလတည်ရှိရာ ရွှေတိဂုံစေတီတော်သို့ ပြန်ပို့လျှင် ကူညီမည်ဟု ဆိုသဖြင့် ဗြိတိသျှတို့လည်း မစဉ်းစားပဲ ခေါင်းညှိပ်ခဲ့သည်။ မြန်မာတို့တွင် ဉာဏ်နီဉာဏ်နက်ရှိသည်။ ရေငုတ်သမားများက ခေါင်းလောင်း၏ အောက်တွင် ဝါးလုံးခေါင်းများ တစ်လုံးခြင်း သယ်ယူထဲ့ပြီး စုပေါင်းတွဲချည်ကာ ရေပေါ်ပေါ်စေမည်။ ၄င်းကြိုးစားချက်သည် ထိုအချိန်က မြန်မာတို့ အမျိုးသားရေး ရစေခဲ့သည်။

မြန်မာ အစိုးရ ကြိုးပမ်းမှု

ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရှာဖွေရန် စတင်လှုံ့ဆော်သူမှာ သမိုင်းပညာရှင် ဒေါက်တာ ဒေါ်ရီရီ ဖြစ်ပါသည်။

မြန်မာ အစိုးရသည် အင်္ဂလိပ် ရေငုတ်၊ ဇီဝ၊ ရှေးဟောင်း နှင့် စွမ်းအင် ပညာရှင် မိုက်ဟက်ခြာ (Mike Hatcher)အား ခေါင်းလောင်းကြီးအား ဖော်ယူ၍ စေတီတော်သို့ ပြန်လည်ပို့ဆောင်ရန် အကူအညီ ရယူခဲ့ပါသည်။ ဂျပန်၊ သြစတြေးလျနှင့် အမေရိကန် တို့ပါဝင်သော ၄င်းလုပ်ငန်းကို ဟက်ခြာက သဘောတူခဲ့ပါသည်။ ဗုဒ္ဓသာသနာ ထွန်းကားရေး အကျိုးဆောင် ရစ်ချတ်ဂရီက အားတက်သရော ပါဝင်၍ ရံပုံငွေရှာခဲ့သည်။ ၄င်းလုပ်ငန်းကို အပြည်ပြည်ဆိုင်ရာ အဆင့်ထိ စိတ်ဝင်စားစေသည်မှာ သံသယရှိစရာ မလိုပါ။ ဂျာမန်ရုပ်ရှင်ကုမ္ပဏီ တစ်ခုကလည်း ၄င်းစွင့်စားခန်းကို ရုပ်ရှင်ရိုက်ကူးမည် ဖြစ်ပြီး "ဒီတူးဖေါ်ရေးသာ အောင်မြင်ခဲ့လျှင် ဗုဒ္ဓဘာသာနဲ့ပတ်သက်၍ ဒါဟာ ခရစ်ယာန်မှာ လိုတရခွက် (Holy Grail) ရသလိုပါပဲ"ဟု ဆိုခဲ့သည်။

ဘာသာရေး ကိုင်းရှိုင်းသော မြန်မာတို့ကမူ ဗုဒ္ဓ၏ မြင့်မြတ်သော် အမွေကို ပြန်လည်ထိန်းသိမ်းခြင်းဖြင့် မြန်မာ နိုင်ငံ၏ ကံ ပြန်လည်ကောင်းမွန် လာလိမ့်မည်ဟု ယုံကြည်ကြသည်။ ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူခြင်းသည် မြင့်မြတ်သောမင်းနှင့် သူ၏ပြည်သူပြည်သားများ၏ ဆုံးရှုံးနေသော အမွေကို ပြန်လည်ရရှိကြမှာ သေချာပါသည်။ ထို့ပြင် ၄င်းခေါင်းလောင်းကြီးတွင် ရေးထိုးထားသော ခေါင်းလောင်းစာများက သမိုင်းနှင့် ဘာသာစကားပညာရှင် တို့အတွက် အဖိုးမဖြတ်နိုင်သော အထောက်အထားပင် ဖြစ်ပေမည်။

၁၉၉၇-ခုနှစ်၊ စက်တင်ဘာ (၂၉)ရက်နေ့တွင် ဓမ္မစေတီမင်း ခေါင်းလောင်းတော် ရှာဖွေဆယ်ယူရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးပွဲကို ရန်ကုန်မြို့၊ မြို့တော်ခန်းမရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အစည်းအဝေးခန်းမ(၄)၌ ကျင်းပခဲ့သည်။[2]

၎င်းလုပ်ငန်းကို ကန့်ကွက်သူ မရှိဘူးတော့ မဟုတ်ချေ။ အချို့သော ဒီမိုကရေစီလိုလားသူများက ၄င်းဆယ်ယူမှုသည် မြန်မာနိုင်ငံ၏ စစ်အစိုးရအား အားပေးအားမြှောက်ပြုရာ ရောက်သည်ဟု ဆိုသည်။ ယခုခေတ်ကိုကျော်ပြီး နောင် ဒီမိုကရေစီအစိုးရ ဖြစ်မှ ထိုလုပ်ငန်းကို စသင့်သည် ဟုဆိုသည်။

မိုက်ဟက်ခြာနှင့် ၄င်း၏အဖွဲ့များက ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူခြင်း လုပ်ငန်းကို ၂၀၀၁-ခုနှစ်တွင် စရန် ရည်ရွယ်ခဲ့ပြီး ခေါင်းလောင်းကြီး၏ နေရာကို အတိအကျ စရှာရန် သတ်မှတ်ခဲ့သည်။ ဘီဘီစီ၏ သတင်းကြေငြာချက်ကြောင့် လူအများ ၄င်းဆယ်ယူခြင်း လုပ်ငန်းကို စိတ်ဝင်စားခဲ့သောလည်း မဖြစ်မြောက်ခဲ့ပေ။ ထင်ဆချက်အရ ၂၀၀၀-ခုနှစ်၊ ဇွန်လတွင် ၄င်းအဖွဲ့သည် အင်ဒိုနီးရှား ဆယ်ယူရေး ပြဿနာကြောင့် ကြံ့ကြာခဲ့ခြင်း ဖြစ်ဟန်တူသည်။

ထိုဆယ်ယူခြင်း လုပ်ငန်းသာစခဲ့လျှင် ရေငုတ်သမားများသည် ညကြည့်မှန် တက်ထားသော ခေါင်းစွက်များဖြင့် အတူ copper sulphate ရှာဖွေရေး ကိရိယာများဖြင့် ခေါင်းလောင်းကို ရှာမည်ဖြစ်သည်။

ဦးစံလင်း၏ ကြိုးပမ်းမှု

ဓမ္မစေတီခေါင်းလောင်းကြီးအား စေတနာရှင် ဦးစံလင်းက မြန်မာ့နည်း၊ မြန်မာ့ဟန်ဖြင့် ပြန်လည်ဆယ်ယူကာ ခေါင်းလောင်းကြီး၏ မူလနေရာ ရွှေတိဂုံကုန်းတော်မြတ်ပေါ်သို့ အမြန်ဆုံး ပြန်လည်တင်လှူနိုင်ရန် သက်ဆိုင်ရာသို့ ခွင့်ပြုချက် တောင်းခံလျှက်ရှိသည်။ ဦးစံလင်းသည် ၄င်း၏ ကိုယ်ပိုင်ငွေဖြင့် ၁၉၉၇-ခုနှစ်တွင်တစ်ကြိမ်၊ ၁၉၉၈-ခုနှစ်တွင်နှစ်ကြိမ်၊ ၁၉၉၉-ခုနှစ်တွင်တစ်ကြိမ်၊ စုစုပေါင်း လေးကြိမ်တိတိ ဆယ်ယူရေးအတွက် ဆောင်ရွက်ခဲ့ဖူးသည်။ ဦးစံလင်းသည် ရေငုတ်ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး ခေါင်းလောင်းကြီးရှိသည့်နေရာကို ကိုယ်တိုင်ရေငုတ်၍ ရှာဖွေခဲ့ဖူးသူ တပ်မတော်(ရေ) အငြိမ်းစား ၀န်ထမ်းတစ်ဦး ဖြစ်သည်။

ဦးစံလင်း၏ အဆိုအရ ခေါင်းလောင်းကြီးသည် ပုဇွန်တောင်ချောင်းဝရှိ ရေအောက်မြေအောက် (၅၂)ပေတွင် နစ်မြုပ်လျှက်ရှိနေပြီး ခေါင်းလောင်းကြီးနှင့် အတူ

* ပေါ်တူဂီ သင်္ဘောပျက် နှစ်စီး၊
* အခြားခေါင်းလောင်းတစ်လုံး၊
* ဥာဏ်တော် ခုနှစ်တောင်စီရှိ ရွှေသားအစစ်ရပ်တော်မူ ဗုဒရုပ်ပွားတော် နှစ်ဆူ
* ကျောက်သံ ပတ္တမြားများပါသည့် သေတ္တာ (၁၁)လုံး ယနေ့ထက်တိုင်ရှိနေသည်ဟု ဆို၏။

ဦးစံလင်း၏ သဘောထား

မြန်မာ့နည်း၊ မြန်မာ့ဟန်၊ မြန်မာ့အဆင့်မြင့် နည်းပညာဖြင့် ပြန်လည်ဆယ်ယူကာ ရွှေတိဂုံကုန်းတော်မြတ်ပေါ်သို့ အမြန်ဆုံး ပြန်လည်တင်လှူနိုင်ရန်၊ တိုင်းပြည်နှင့် လူမျိုးဘာသာ၊ သာသနာအတွက် စေတနာ အရင်းခံ၍ဲ ဆောင်ရွက်မည်ဖြစ်သည်။ နိုင်ငံတော်မှ စက်ယန္တရား ပံ့ပိုးမှုလိုအပ်ကာ သောင်တူးစက် (သို့) ရေယာဉ်တစ်စီး အဓိက လိုအပ်ပါသည်။ ၂၀၁၁-ခုနှစ်အတွင်း အပြီးဆောင်ရွက်ရန် ရာထားပါသည်။ အခုနှစ်မိုးရာသီတွင် လုပ်ငန်းဆောင်ရွက်မှာ ဖြစ်ပြီး မိုးတွင်းတွင် ချောင်းထဲသို့ ရေငုတ်ဆင်းရသည်မှာ ရေအောက်ခြေရှိ ကြမ်းပြင်သည် သမံသလင်းလို ပြောင်ရှင်းနေ၍ ဖြစ်သည်၊ နွေရာသီတွင် နှုန်းမြေများ ထူထပ်နေ၍ အဆင်မပြေနိုင်ဟု ဆိုသည်။

မြန်မာတက်ကနစ်ဖိုရမ်မှ ဗဟုသုတအဖြစ်သာမျှဝေပါသည်။
လေစားစွာဖြင့် .... မောင်မြင့်
နိုင်လင်းထွန်း

ဒု သမ္မတလောင်း ဦးမြင့်ဆွေကို ဘယ်လိုမြင်ကြသလဲ




ရန်ကုန်မြို့ ကမ်းနားလမ်းရှိ စထရင်းဟိုတယ်တွင် ကျင်းပသော ရှေးဟောင်း အဆောက်အအုံများ ထိန်းသိမ်းရေး ကွန်ဖရင့်တွင် တွေ့ရသော ဦးမြင့်ဆွေ (ယာစွန်) (ဓာတ်ပုံ – ဧရာဝတီ)
ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေကို ဒုသမ္မတလောင်းအဖြစ် လွှတ်တော်ရှိ စစ်တပ်ကိုယ်စားလှယ်တွေက အမည်စာရင်း တင်သွင်းလိုက်တဲ့အပေါ် အမျိုးမျိုး ဝေဖန်သုံးသပ်ပြောဆိုနေကြပါတယ်။
ကျန်းမာရေးကြောင့် အနားယူသွားတဲ့ သီဟသူရ တင်အောင်မြင့်ဦးရဲ့ လစ်လပ်နေတဲ့ ဒု သမ္မတနေရာကို အစားထိုးဖို့အတွက် နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော်အစည်းအဝေးမှာ ယမန်နေ့က ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေကို အမည်စာရင်း တင်သွင်းလိုက်ကြတာပါ။
သူဟာ စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လက်ရင်းတပည့်တဦးဖြစ်သလို သဘောထား တင်းမာသူ၊ ခေါင်းမာ ဂိုဏ်းသားတဦးအဖြစ် နိုင်ငံတကာ မီဒီယာတွေကပါ ရေးသား ဖော်ပြနေကြပါတယ်။
ဒါပေမယ့် ယခင် ဒုသမ္မတ သီဟသူရ တင်အောင်မြင့်ဦးထက် စာရင်တော့ အလွန်ငြိမ်ပြီး ခိုင်းတာလုပ်မယ့်သူတဦး ဖြစ်တာကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ သမ္မတ ဦးသိန်းစိန်ကို ကလန်ကဆန်လုပ်မယ်သူ မဟုတ်ဘူးလို့ သုံးသပ် ပြောဆိုနေတာတွေလည်း ရှိပါတယ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကတော့ ဦးမြင့်ဆွေအနေနဲ့ ဒုသမ္မတ ဖြစ်လာရင်လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အလေးပေးလုပ်ဆောင်မယ့် ပုဂ္ဂိုလ်အဖြစ် မျှော်လင့်ကြောင်း ပြောပါတယ်။
“အဲဒီပုဂ္ဂိုလ်ဟာ ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပဲ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စမျိုး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ကိစ္စမျိုးတွေ အလေးပေး ဆောင်ရွက်နိုင်မယ့်ပုဂ္ဂိုလ် ဖြစ်လိမ့်မယ်လို့ အဲဒီလိုပဲ မျှော်လင့်တယ်ပေါ့ဗျာ။ ကျနော်တို့ ပြောချင်တာက ဒီပုဂ္ဂိုလ်ရဲ့ ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်လို့ ကျနော်တို့ သိရသလောက်ဆိုလို့ရှိရင်တော့ သူဟာ ပြီးခဲ့တဲ့ စစ်အစိုးရ ခေါင်းဆောင်ပေါ့နော်၊ ဦးသန်းရွှေနဲ့ အလွန်ရင်းတဲ့လူလို့ ပြောလို့ရတယ်” လို့ ဦးဝင်းတင်က ဧရာဝတီကို ပြောပါတယ်။
လွှတ်တော်ထဲမှာ ကိုယ်စားလှယ်တွေ ရောက်နေတဲ့ NLD ပါတီ အနေနဲ့ ဖြစ်ဖြစ်၊ တိုင်းပြည်အနေနဲ့ဖြစ်ဖြစ်၊ လွှတ်တော်က ဆုံးဖြတ်တဲ့အတိုင်းဖြစ်မှာမို့ ဦးမြင့်ဆွေသာလျှင် အတည်ဖြစ်မယ်လို့လည်း သူက ဆက်ပြောပါတယ်။
ရန်ကုန် နိုင်ငံရေးအသိုင်းအ၀ိုင်းမှာတော့ ဦးမြင့်ဆွေဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ လူရင်းတပည့် ဖြစ်ခဲ့တာ၊ ဦးသန်းရွှေ လက်ထက် ရန်ကုန်တိုင်းမှူး ဘ၀တုန်းက တချိန်က စစ်ထောက်လှမ်းရေး အကြီးအကဲ၊ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ကို ရန်ကုန်လေဆိပ်မှာ တာဝန်ယူ ဖမ်းဆီးထိမ်းသိမ်းခဲ့တာတွေ၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင် ရေးအထူးအဖွဲ့မှူး (ကစထမှူး) တာဝန်နဲ့ နောက်လူတွေ ကျော်တက်ပြီး ဒု ဗိုလ်ချုပ်ကြီး အဆင့်အထိ ရာထူးတိုးပေးခံရတာတွေ အပေါ် သုံးသပ်ပြီး ဦးသန်းရွှေဟာ အခုအထိ အစိုးရ ရာထူးအပြောင်းအလဲတွေကို ကိုင်တွယ်နေဆဲလို့ ဝေဖန်မှုတွေလည်း ရှိကြပါတယ်။
အငြိမ်းစားယူသွားပေမယ့် သူ့လက်ရင်းတပည့်တွေပဲ အခုထိနေရာ ရနေတာကို ကြည့်ပြီး ပြောဆိုကြတာဖြစ်ပြီး တချို့ကလည်း အခုသွားနေတဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်မှာ လူတဦးရဲ့ ရာထူးအပြောင်းအလဲဟာ ဖြစ်စဉ်တခုလုံးကို ပြောင်းလဲသွားစရာ မရှိဘူးလို့ ပြောဆိုသူတွေလည်း ရှိပါတယ်။
“တစုံတယောက် တဦးတယောက် အပြောင်းအလဲ ဖြစ်တဲ့အပေါ်မှာတော့ တခုလုံးရဲ့ အပြောင်းအလဲကို ပြောဖို့တော့ မဖြစ်နိုင်ဘူး ထင်ပါတယ်။ ဒါက အပြောင်းအလဲတွေက ရှိနေမှာပါပဲ” လို့ တချိန်က ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP) ခေါင်းဆောင် တဦးလည်းဖြစ်၊ ရခိုင်ပါတီ ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဦးအေးသာအောင်က ဆိုပါတယ်။
ဒါပေမယ့် မကြာသေးခင်က ရခိုင်ပြည်နယ်က ပဋိပက္ခများနဲ့ပတ်သက်ပြီး စာနယ်ဇင်းသမားတွေကို ခေါ်ပြီး ကြိမ်းမောင်းတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ စည်းကမ်းတွေကို လိုက်နာရရုံသာမက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရန်ကုန်တိုင်းအစိုးရရဲ့ လမ်းညွှန်ချက်နဲ့ စည်းကမ်းတွေကိုပါ လိုက်နာရတာ၊ ရန်ကုန်တိုင်းအစိုးရဆီ ဂျာနယ် စိစစ်ဖြတ်တောက်မှုကိစ္စ သတင်းပို့ရတာတွေ လုပ်လာရတာ၊ သတင်းဂျာနယ်တွေကိုလည်း စာပေစိစစ်ရေးက ချမှတ်ထားတဲ့ စည်းကမ်းတွေကို သေချာလိုက်နာကြဖို့ ဦးမြင့်ဆွေ ဦးဆောင်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖိအားပေး ပြောကြားခဲ့ပါသေးတယ်။
ဒါကြောင့်လည်း ရန်ကုန် စာနယ်ဇင်းလောကသားတဦးက “အခု သူ့ကို အမည်စာရင်း တင်လိုက်တယ်ဆိုတော့ ကျနော်တို့ စာနယ်ဇင်းလောကအတွက် ရတက်မအေးစရာပဲလား တွေးမိတယ်။ ဒါဆိုရင် တခြားနယ်ပယ်တွေ အတွက်လည်း စိတ်ပူမိတယ်။ လုပ်ပိုင်ခွင့်က ပိုရသွားပြီလေ”လို့ သူက ဆိုပါတယ်။
ဦးမြင့်ဆွေအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်တာဝန် ယူထားပေမယ့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဖြစ်နေ တဲ့ မြေယာသိမ်းဆည်းမှုတွေမှာ တာဝန်ယူ မဖြေရှင်းနိုင်ခဲ့ကြောင်းကို မြေယာအသိမ်းခံကြရတဲ့ ဒေသခံ ပြည်သူတွေဘက်က ရပ်တည်ဆောင်ရွက်ပေးနေတဲ့ ရန်ကုန်မြို့က ကိုနေမျိုးဝေက ထောက်ပြပါတယ်။
“အခု သူက ဒုသမ္မတ ဖြစ်သွားတယ်ဆိုတော့ ကျနော်တို့ ရန်ကုန်တိုင်းအတွက်တော့ လွတ်သွားပြီးတော့ တနိုင်ငံလုံးကိစ္စမှာ ဒု သမ္မတ အနေနဲ့က ကာ/လုံ (နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ) မှာ ပါပြီဆိုတော့ ဆုံးဖြတ်ချက်တွေ ဘယ်လို ချမလဲပေါ့” လို့ သူက ဆိုပါတယ်။
ဦးမြင့်ဆွေဟာ သဘောထားတင်းမာသူ တဦးလို့ ဝေဖန်ပြောဆိုမှုတွေ ရှိတာကြောင့် သဘောထားတင်းမာသူ ဦးတင်အောင်မြင့်ဦးရဲ့ ဒု သမ္မတနေရာကို အလားတူ ပြန်ရွေးခံရတာဟာ တကယ်တော့ အပြောင်းအလဲလို့ မခေါ်နိုင်ဘူးလို့ လူငယ် တက်ကြွလှုပ်ရှားသူတချို့ကလည်း ဆိုပါတယ်။
“ဦးမြင့်ဆွေဆိုတဲ့ပုဂ္ဂိုလ်က တော်တော်တော့ ဆိုးတယ်ဗျ။ ၂၀၀၇ စက်တင်ဘာ အရေးအခင်းမှာ သူက ဘုန်းကြီးတွေ သတ်တဲ့အထဲမှာ သူပါတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးကို ဒုတိယ သမ္မတ ရွေးချယ်လိုက်တာဟာ ကျနော်တို့နိုင်ငံအတွက် တော်တော် ရင်ခုန်ဖို့ကောင်းနေပြီ” လို့ မကြာခင်က ဆဲဗင်း ဇူလိုင်အကြို တညတာထိမ်းသိမ်းခံရပြီး ပြန်လွတ်လာတဲ့ ကျောင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဒီငြိမ်းလင်းက ဆိုပါတယ်။
ဦးမြင့်ဆွေဟာ ၁၉၇၃ ခုနှစ်မှာ မေမြို့ (ပြင်ဦးလွင်) စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၁၅ က ကျောင်းဆင်း ဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ အမှတ် ၅  အထူး စစ်ဆင်ရေး ဗြူရို အဖွဲ့ခေါင်းဆောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး စတဲ့ တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။

တရား ဥပဒေ ဘာလဲ ?????


ရဲစခန်းမှာ ရဲက စစ်ဆေးစဉ် သေဆုံးသွားသူ ကုလားကြီး ခေါ် မျိုးမြင့်ဆွေ


လွန်ခဲ့တဲ့ ဇွန်လကုန်က ရန်ကုန်တိုင်း မရမ်းကုန်း မြို့နယ်မှာ ဖြစ်ပွားတဲ့ လူသတ်မှုနဲ့ပတ်သက်ပြီး မရမ်းကုန်း ရဲစခန်းက လူသတ်မှု မသင်္ကာသူ ဒဂုံမြို့သစ်က မျိုးမြင့်ဆွေ ခေါ် ကုလားကြီးဆိုသူကို ဖမ်းဆီး စစ်ဆေးစဉ်မှာဘဲ မျိုးမြင့်ဆွေဟာ ရဲတွေရဲ့ ရိုက်နှက်တဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားပါတယ်။

ဇွန်လ ၂၈ ရက်နေ့က အသက် ၁၉ နှစ် အရွယ် ပန်းရောင်းသူ မပိုးပိုးမွန် ဟာ သူ့နေအိမ် အခန်းတခုထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး လူသတ်တရားခံလို့ ယူဆသူကို ရဲက စစ်ဆေးရင်း လက်လွန်သွားတဲ့ သဘော လည်းဖြစ်ပါတယ်။ တရားရုံး မတင်ရသေးခင် ရဲစခန်းက ရဲတွေက ထုံးစံအတိုင်း တရားတယောက်ကို အတင်းရိုက်နှက် စစ်ဆေးလေ့ရှိတာ မြန်မာနိုင်ငံမှာ အထူးအဆန်းလည်း မဟုတ်တော့ပါ။ ဒါပေမယ့် အခုတော့ ရဲစစ်ဆေးစဉ်မှာဘဲ လူတဦး အသက်ဆုံးရှုံးသွားရပြန်ပြီ။

ဒီလို သေဆုံးသွားမှုနဲ့ပတ်သက်ပြီး သေဆုံးသူရဲ့ မိသားစုဝင်တွေထဲက အကိုတော်စပ်သူ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့ နယ်၊ အမှတ်-၁၄၀၊ ၉ လမ်း၊ ငမိုးရိပ်ရပ်ကွက်နေ ဦးစိုးလင်းကလည်း ညီဖြစ် သူ သေဆုံးရမှုနဲ့ပတ်သက်ပြီး မရိုးသားတဲ့ သေဆုံးမှုလို့ ပြောလာပါတယ်။

“မောင်မျိုးမြင့်ဆွေ ခေါ် ကုလားကြီးကို အခု ဇူလိုင်လ ၅ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က ဖမ်းခေါ်သွားပါ တယ်။ ကုလားကြီးရဲ့ မိခင်၊ ကျနော့် အဒေါ်အရင်းဖြစ်တဲ့ ဒေါ်စိန်စိန်ကို လည်း နောက်တနေ့ ၆ ရက်နေ့ နေ့ခင်းမှာ ထပ်ပြီး လာခေါ်သွားတယ်။ ပြီးတော့ ကျနော့်ကိုလည်း အဲဒီနေ့ ည ၈ နာရီခွဲလောက်ကို ကျနော့်နေ တဲ့ တောင်ဥက္ကလာပ အိမ်က နေ လာခေါ်သွားတယ်” လို့ ဦးစိုးလင်းက ဆိုပါတယ်။

ဒါနဲ့ ရဲစစ်ရင်းသေဆုံးသွားသူနဲ့ အတူ မိခင်နဲ့ အကိုဖြစ်သူ ဦးစိုးလင်းတို့ ၃ ဦးကို မရမ်းကုန်းရဲစခန်း၊ ဘုရင့်နောင် ရဲစခန်းတို့ မှာ လူခွဲစစ်ပြီး မရမ်းကုန်း ရဲစခန်းမှာ ၂ ည အိပ် ထိမ်းသိမ်းခဲ့ပါတယ်လို့ သူက ဆက်ပြောပါတယ်။


“ဇူလိုင်လ ၈ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ ကျွန်တော်နဲ့ ကျနော့် အဒေါ် ကုလားကြီးအမေ ဒေါ်စိန်စိန်တို့ကို ရဲစခန်း အပေါ်ထပ်ကို ခေါ်သွားပြီး မောင်မျိုးမြင့်ဆွေ (ခ) ကုလားကြီးဟာ သူတို့ အမှု စစ်ဆေးနေတုန်း တက်တဲ့ ရောဂါကြောင့် သေဆုံးသွားပြီဆိုပြီး သင်္ဂြိုလ်စရိတ် ၅ သိန်းကို စေတနာနှင့် ကူညီတယ် ပြောပြီး ကျနော့်အဒေါ်ကို အတင်းလက်မှတ် ထိုးခိုင်းလို့ သူက ကြောက်ပြီး လက်မှတ်ရေးထိုးခဲ့ရတယ်” လို့ ဦးစိုးလင်းက ဆိုပါတယ်။

ပြီးတော့ သူတို့ကို ရဲ့စခန်းက ပြန်လွှတ်ပေးလိုက်ပြီး အိမ်ပြန်လာကြတော့ သေဆုံးသူ အသုဘ ချရေးအတွက် ဇူလိုင် ၁၀ ရက်နေ့ ချဖို့နဲ့ အမျိုးတွေ ကြည့်ဖို့ ဆိုင်းငံ့ပေးဖို့ ပြောတာကို ဘုရင့်နောင်ရဲကင်း ဒုရဲအုပ် ဇော်ဝင်းအောင်ဆီ အကြောင်းကြား ဖို့ ပြောလာလို့ ပြောပေမယ့် မရဘဲ ၉ ရက်နေ့မှာ ချက်ချင်း အသုဘချဖို့လုပ်ကြတယ်လို့ သူက ဆက်ပြောပါတယ်။


အသုဘ ကိစ္စမှာ အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ သေဆုံးသူရဲ့ မိခင် ဒေါ်စိန်စိန်ဟာလည်း ရဲက ညည်းပမ်းနှိပ်စက် စစ်ဆေးတဲ့ ဒဏ်ကြောင့် အောက်ပိုင်းချိနေပြီး စိတ်လည်း အလွန်ထိခိုက်နေတယ်လို့ သိရပါတယ်။

သေဆုံးသူရဲ့ အလောင်းကို မြင်ရတဲ့ အခါ ရဲက ဘယ်လောက်နှိပ်စက်ခဲ့တယ်ဆိုတာနဲ့ ဆေးရုံ တာဝန်ရှိ သူတွေ ဖြစ်တဲ့ ဒေါက်တာနုနုငယ်ထွေး၊ အထက်တန်း သူနာပြု ဒေါ်ချိုချိုကျော် (အင်းစိန်ဆေးရုံ)၊ ဘုရင့်နောင် ရဲတပ်ဖွဲ့စခန်း စခန်းမှူး ရဲအုပ်ငွေစိုး၊ မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကျော်ဝင်း၊ အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး မျိုးအောင်တို့နှင့်လည်း သူက လိုက်လံ တွေ့ဆုံခဲ့ပြီးဖြစ်တယ် လို့ လည်း သိရပါတယ်။


“တာဝန်အရ စစ်ဆေးတာမှာ လွန်ကဲတဲ့ အပြုအမှုတွေကြောင့် ကျနော့်ညီ သေဆုံးခဲ့ရတဲ့ကိစ္စမှာ ကျူးလွန်သူတွေ ကို တရားဥပဒေအရ အရေးယူပေးဖို့ပါ” လို့ ဦးစိုးလင်းက ဆိုပါတယ်။



နှိပ်စက်ခံထားရတဲ့ ဒဏ်ရာများနဲ့ ရဲစခန်းမှာ စစ်ဆေးရင်း သေဆုံးသူရဲ့ ရုပ်အလောင်း ဓာတ်ပုံများ ( မှတ်ချက်- နှလုံးမကောင်းသူများ မကြည့်သင့်၍ များစွာသော ဓာတ်ပုံများ မတင်ပြတောပါ )

ပန်းတောင်းမြို့နယ် တောင်သူလယ်သမား အရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများသို့ အရေးပေါ် ထုတ်ပြန်ကြေငြာချက်

ပန်းတောင်းမြို့နယ် တောင်သူလယ်သမား အရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများသို့ အရေးပေါ် ထုတ်ပြန်ကြေငြာချက်
ဒီမိုဝေယံ

အသွင် ကူးပြောင်းရေးအတွက် မျှော်လင့်ချက်


by ပြည်သူ့ခေတ် on Thursday, July 12, 2012 at 2:45pm ·
မြန်မာ့နိုင်ငံရေး တွေးတောသူတို့က ၂၀၁၅ ကို စိုးရိမ်ကြသည်။ ၂၀၁၅ တွင် ဖြစ်ပေါ်နိုင်သည့် အနေအထားများကို မလွဲမသွေ စဉ်းစားလာကြရမည့် ၂၀၁၃၊ ၂၀၁၄ လောက်မှာပင် ၂၀၁၅ ၏ အလားအလာကို အကြောင်းပြုကာ ဒီမိုကရေစီ အကူးအပြောင်း လမ်းကြောင်း၌ ခလုတ်ကန်သင်းတွေ ပေါ်လာနိုင်သည်ဟု ချင့်တွက် ပူပန်ကြခြင်း ဖြစ်သည်။
          ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အကြီးအကျယ် အနိုင်ရခဲ့ပြီး၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီက လစ်လပ်နေရာအားလုံးနီးပါး ရရှိသွားခဲ့သည်ကို ကြည့်ကာ ၂၀၁၅ တွင် အင်အားစုချင်း ထိပ်တိုက် ရင်ဆိုင် မိနိုင်သည့် အန္တရာယ်ရှိသည်ဟု အများပင် ရှုမြင်ကြသည်။
          သည်တွင်၊
          အသွင်ကူးပြောင်းဆဲ တိုင်းပြည်တို့၌ ဒီမိုကရေစီ ခိုင်ခိုင်မာမာ ဖြစ်မဖြစ် အကဲဖြတ်သည့် အခြင်းအရာတစ်ရပ်ကို ဖော်ပြလိုသည်။ ယင်းက အာဏာ အလွဲအပြောင်း ကိစ္စဖြစ်သည်။ ရွေးကောက်ပွဲတွင် ရှုံးနိမ့်သည့် အာဏာ လက်ရှိတို့က အနိုင်ရလာသူတို့အား ဣနြေ္ဒမပျက် အာဏာ လွှဲပြောင်းပေးသော ဖြစ်စဉ်များ တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မျှ အပြန်အလှန် ဖြစ်ပေါ်ခဲ့ပြီဆိုလျှင် အဲသည် တိုင်းပြည်၌ ဒီမိုကရေစီ အခြေခိုင်ပြီ၊ ဒီမိုကရေစီ ဓလေ့များ အသားကျပြီ မှတ်ယူကြလေ့ ရှိသည်။
          စဉ်းစားကြသူတို့က အကယ်၍ ၂၀၁၅ တွင် လွှဲပြောင်းရမည့် အနေအထားမျိုး ပေါ်ပေါက်ခဲ့သော် ဒီမိုကရေစီဓလေ့ ပြည့်ဝစွာ ကျင့်သုံးနိုင်ကြမည်လား၊ သို့တည်း မဟုတ် မကြာခင်ကမှ စတင်ခဲ့သည့် နိုင်ငံရေး ပြိုင်ပွဲစည်းကမ်းများ ပျောက်ပျက်သွား မည်လား တွေးတောစိုးရိမ်ကြခြင်း ဖြစ်သည်။
          မြန်မာ့ ဒီမိုကရေစီ အကူးအပြောင်း ကိစ္စကို ပညာရှင် မျက်စိဖြင့် ကြည့်သည့် နိုင်ငံရေး သဘောတရားဆရာ လယ်ရီဒိုင်းမွန်းက ၂၀၁၅ တွင် အကျပ်အတည်း ရှိနိုင်သည်ဟု ရှုမြင်ပြီး၊ ယင်းအကျပ်အတည်းကို ကျော်လွှားနိုင်ရန်အတွက် အင်အားစုကြီးများအကြား နိုင်ငံရေး သဘောတူညီချက် (political pact) တစ်ခု ရရှိဖို့ လိုသည်ဟု သုံးသပ်သည်။ နိုင်ငံရေး ပြိုင်ပွဲမှ ထွက်ပေါ်လာနိုင်သည့် မသေချာသော ရလဒ်အတွက် စိုးရိမ်ပူပန်ခြင်း၊ ရလဒ်ထွက်လာပြီးမှ လက်မခံနိုင်ဟု ငြင်းဆန်ခြင်း စသည့် ပြဿနာများကို တားဆီးနိုင်ရန်အတွက် အင်အားကြီးအုပ်စု အားလုံး လက်ခံနိုင်သည့် ရလဒ်တစ်ခုကို ကြိုတင် ညှိနှိုင်း သတ်မှတ်ပြီး၊ ယင်းအတိုင်း အဖြေထွက်အောင် ကစားခြင်းမျိုး ဖြစ်သည်။
          သည်သဘောအရ သူ တင်ပြသည့် နည်းလမ်းတစ်ရပ်က ရွေးကောက်ပွဲစနစ်ကို ပြုပြင်ဖို့ ဖြစ်သည်။
          ယခု ကျင့်သုံးနေသည့် မဲများသူ အနိုင်ယူ (First-past-the post) စနစ် [မဲ အများဆုံးရသူက တစ်မဲတည်းပဲ သာသည်ဖြစ်စေ အနိုင်ရ၍၊ တစ်မဲနှင့် ကပ်ရှုံးလျှင်လည်း လုံးဝ အရှုံး ဖြစ်သည့်စနစ်] အစား၊ အချိုးကျ ကိုယ်စားပြုသော (proportional representation) စနစ် [ပါတီအသီးသီးတို့က မဲဆန္ဒနယ်မြေအားလုံး၌ မိမိတို့ ရရှိသည့် စုစုပေါင်း မဲအရေအတွက်ပေါ် မူတည်၍ လွှတ်တော် ကိုယ်စားလှယ် ဦးရေကို အချိုးကျရရှိသည့်စနစ်] ကျင့်သုံးမည်ဆိုလျှင် တစ်ပါတီတည်းက အပြတ် အသတ် အနိုင်ရ၍ တစ်ဖက်သူတို့ စိုးရိမ် ပူပန်လောက်အောင် ကြီးစိုးလွှမ်းမိုးသွားသည့် အနေအထားမျိုး ဖြစ်ပေါ်နိုင်မည် မဟုတ်ဟု ဆိုသည်။
          သူက မဲများသူ အနိုင်ယူစနစ်နှင့် အချိုးကျစနစ်တို့ကို ပေါင်းစပ် အသုံးပြုနိုင် ကြောင်းလည်း အကြံပြုသည်။
          သည်တွင် ဖြစ်စေချင်သော ရေတို ရလဒ်တစ်ခုကို မျှော်မှန်းကာ ရွေးကောက်ပွဲစနစ်ကို ပြင်ဆင်ခြင်းသည် သင့်မသင့်ကို လည်းကောင်း၊ ယင်းစနစ်မျိုးမှ မည်သို့သော မလိုလားအပ်သည့် ရလဒ်များ ပေါ်ထွက်လာနိုင်သေးသည်ကို လည်းကောင်း စဉ်းစားဖို့ လိုပါလိမ့်မည်။
          ထို့ပြင် အင်အားစုကြီးများမှ ဦးဆောင်သူတို့ ညှိနှိုင်းကာ နိုင်ငံရေး လမ်းကြောင်းကို သတ်မှတ် ပြဋ္ဌာန်းကြမည်ဆိုလျှင် အများပြည်သူကို လျစ်လျူရှုရာ ရောက်သဖြင့် ဒီမိုကရေစီ သဘောမပြည့်ဝဟု ဆိုစရာလည်း ရှိပါသည်။ ဒီမိုကရေစီ ဆိုသည်က လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများသည် အယူအဆမျိုးစုံ ရှိသူတို့ ၀င်ရောက် ယှဉ်ပြိုင်ကြလျက် ပြည်သူတို့က မိမိတို့ နှစ်သက်သူ၊ မိမိတို့နှင့် သဘောထားချင်း တူညီသူတို့ကို ရွေးချယ်ပေးရခြင်းဖြစ်ရာ ရလဒ်သည် ပြည်သူ့ ဆန္ဒပေါ်တွင် မူတည်သည်။ အဲဒါကြောင့်လည်း ဒီမိုကရေစီ (လူထု-အုပ်စိုးမှု) စနစ် သို့မဟုတ် ပြည်သူ့ကိုယ်စားလှယ်များ အုပ်စိုးသော စနစ်ဟု ခေါ်ကြခြင်း ဖြစ်သည်။ ရလဒ်ကို ကြိုတင် ညှိနှိုင်းရယူကြမည်ဆိုလျှင် ဒီမိုကရေစီနှင့် ကွာဟသွားလိမ့်မည်။
          သို့သော် သည်ကနေ့သည် ဒီမိုကရေစီသို့ ဦးတည် ကူးပြောင်းနေဆဲ ကာလသာဖြစ်ရာ ပွင့်လင်းမြင်သာမှု မရှိတာ၊ အများပြည်သူ ပါဝင်ဆွေးနွေးခွင့် မရှိရုံမက သိခွင့်ပင် မရှိတာ စသည့် ဒီမိုကရေစီ မပြည့်ဝမှုတွေက ဟိုမှာ သည်မှာ ရှိနေဦးမည်သာ ဖြစ်သည်။
          တစ်ဖက်တွင် နယ်ပယ်စုံမှ နိုင်ငံရေး ဦးဆောင်သူများအကြား ဆက်ဆံမှု တိုးတက်လာခြင်းကမူ ပြည်သူတို့အတွက် ၀မ်းမြောက်စရာဟု ဆိုချင်သည်။
          မကြာမီက သတင်းဓာတ်ပုံတစ်ခုတွင် ၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ လည်ကတုံး ရှပ်အင်္ကျီဖြူ ကိုယ်စီ ဆင်မြန်းလျက် ညီရင်းအစ်ကိုများပမာ တစ်သားတည်း ဆင်တူစွာ တွေ့မြင် ရသည့်အခါ အံ့သြ၀မ်းသာမိရသည်။
          NLD  ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်တို့ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံရှေ့တွင် အတူတွဲရပ်ကြသည့် ရှုခင်းကို မြင်တွေ့ကြ ရပြီးနောက်၊ NLD  ပါတီ ရွေးကောက်ပွဲဝင်လာခြင်း၊ ဒေါ်အောင်ဆန်း စုကြည်အား လွှတ်တော်က ကြိုဆိုခြင်းများ ဆက်လက် ဖြစ်ပေါ်ခဲ့သည်ကို ထောက်ရှုကာ ၈၈ တို့ကိုလည်း နိုင်ငံရေးပြိုင်ပွဲသို့ စတင် လက်ကမ်း ကြိုဆိုလိုက်ခြင်း ဖြစ်သည်ဟု ရှုမြင်မိသည်။
          တစ်ဖက်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတို့တွင် ဆက်လက် ဆောင်ရွက်ဆဲ အဆင့်မှာပင် ရှိနေသေးသော်လည်း ငြိမ်းချမ်းရေး ကိစ္စကို တောက်လျှောက် တာဝန်ယူ ဆောင်ရွက်လာခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အရ နောက် အစိုးရလက်သို့ လွှဲပြောင်းပေးရမည့် ၂၀၁၅ မတိုင်မီ တိုင်းရင်းသားပေါင်းစုံ၊ နိုင်ငံရေးပါတီစုံ ပါဝင်သည့် အစည်းအဝေးကြီးတစ်ရပ် ကျင်းပပြီး အနာဂတ်အရေး ဆွေးနွေးနိုင်ရန် ရည်ရွယ် ကြိုးပမ်းလျက် ရှိကြောင်း ကြားသိရရာ ဗဟိုနှင့် ဒေသ အသီးသီးရှိ နိုင်ငံရေး ဦးဆောင်သူများအကြားတွင်လည်း ဆက်သွယ်မှု၊ ဆွေးနွေးမှု၊ ညှိနှိုင်း အဖြေရှာမှုများ တိုးတက်လျက် ရှိသည်ဟု ဆိုနိုင်သည်။
          ပြန်ချုပ်သော်
          အနာဂတ် မြန်မာ့နိုင်ငံရေး အထူးသဖြင့် ၂၀၁၅ အရေးနှင့် စပ်လျဉ်း၍ စိုးရိမ်မကင်းမှုများရှိသည့်တိုင် နိုင်ငံရေးတွင် သက်ဆိုင်ရာ အစိတ်အပိုင်း အသီးသီးမှ ဦးဆောင် ဖန်တီးနိုင်စွမ်းရှိသူတို့အကြား အင်အားသုံး ပြိုင်ဆိုင်မှုများထက် ညှိနှိုင်း အဖြေရှာသည့် ဘက်သို့ ရွေ့လျားလာနေသည်ဖြစ်ရာ ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ်အတွက် မျှော်လင့်ချက်များ တိုးတက်လျက် ရှိသည်ဟု ဆိုချင်ပါသည်။