Sunday, July 8, 2012
အငြိမ်းစားသံအမတ်ကြီး ဦးသက်ထွန်း ငြိမ်းချမ်းစွာ အိပ်စက်သွားပါပြီ။
ဆရာ မောင်ဝံသ ပုံ ဖြစ်ပါတယ်။
by Maung Wuntha on Sunday, July 8, 2012 at 10:36pm ·
အငြိမ်းစားသံအမတ်ကြီး ၀ဏကျော်ထင် ဦးသက်ထွန်း (၈၆နှစ်)ရဲ့ ဈာပနကို  ယနေ့ ၀၈ ၀၇ ၂၀၁၂ ညနေ ၄နာရီမှာ ရန်ကုန်မြို့ ထိန်ပင်သုသာန်မှာ ပို့ဆောင် မီးသဂြိုလ် ပြီးစီးခဲ့ပါတယ်။
ဆရာကြီး ဦးသက်ထွန်းရဲ့ ဈာပနကို မြို့မကျောင်းသားဟောင်းများ အသင်းဝင်များ၊ ဆရာကြီင်္းရဲ့ တပည့်ဟောင်းများ၊ စာပေနယ်မှ ပုဂ္ဂိုလ်များ လာရောက် ဂါရ၀ပြုခဲ့ကြပါတယ်။
ထွန်းဖောင်ဒေးရှင်းဘဏ် ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ ဒေါက်တာစိန်မောင်၊ ဒေါက်တာ ဦးမြင့်၊ ဆရာမောင်စူးစမ်း၊ အငြိမ်းစားသံအမတ်ကြီး ဦးလှမောင်၊ ဥပဒေပညာရှင် ဦးလှအောင်၊ ဆရာဦးသော်ကောင်းစတဲ့ ဆရာကြီးရဲ့ မိတ်ဆွေရင်းချာများကို တွေ့ရပါတယ်။
ထွန်းဖောင်ဒေးရှင်းဘဏ်က ဆရာကြီး ဦးသက်ထွန်းဘ၀ဖြစ်စဉ်ကို လက်ကမ်းစာစောင်ကလေး ပုံနှိပ်ဝေငှပါတယ်။
ကျွန်တော်တို့ ပြည်သူ့ခေတ်ဂျာနယ်က ဆရာကြီး ဦးသက်ထွန်းကွယ်လွန်ခြင်းနဲ့ ပတ်သက်လို့ ရေးပေးကြတဲ့ လွမ်းစာများကို စာစောင်ငယ်ကလေးပုံနှိပ်ပြီး ဝေငှပါတယ်။
ပြည်သူ့ခေတ်က လှူဒါန်းတဲ့ စာစောင်မှာ ဒေါ်အောင်ဆန်းစုကြည်ရေးပေးတဲ့  အမှတ်တရ စာတစ်စောင်လည်း ပါပါတယ်။ ပြည်သူ့ခေတ်ဂျာနယ်အတွက် ဦးသက်ထွန်း နောက်ဆုံးရေးပေးတဲ့ BURMA ဆိုသည်မှာ အင်္ဂလိပ်စကားလား ဆိုတဲ့ ဆောင်းပါးတို တစ်ပုဒ်လည်းပါတယ်။ ဘိုးလှိုင်ရေးတဲ့ ``ဦးသက်ထွန်းကို ဆုံးရှုံးရပြီ၊ နှမျောလေစွ´´ဆောင်းပါး၊ မောင်စူးစမ်း၊ ဟံသာဝတီ ဦးဝင်းတင်၊ ဒေါက်တာခင်မောင်ဝင်း (သင်္ချာ)၊ တက္ကသိုလ်ရွှေရီဝင်း၊ ဂျူနီယာဝင်း၊ မောင်ဝံသ၊ လွတ်လပ်စိုး၊ ဒေါက်တာသန့်သော်ကောင်းတို့ရဲ့ လွမ်းစာတွေပါသလို ဆရာမကြီး ဒေါက်တာဒေါ်မြင့်မြင့်ခင်ရဲ့ အမှတ်တရစကားနဲ့ အင်္ဂလိပ်ကဗျာတစ်ပုဒ် ပါဝင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှတ်တရစာထဲမှာ ``ဦးသက်ထွန်းကို ဆုံးရှုံးရသည်မှာ ကျွန်မတို့နိုင်ငံအတွက် တန်ဖိုးကြီး ရတနာတစ်ရပ် ဆုံးရှုံးသွားသကဲ့သို့ ခံစားရပါသည်။ ကျွန်မတို့နိုင်ငံသူနိုင်ငံသားများအကြားမှ ဦးသက်ထွန်းများစွာ ပေါက်ဖွားလာနိုင်ပါစေ။´´လို့ ပါရှိပါတယ်။
ဆရာဘိုးလှိုင် (ဒေါက်တာတင်လှိုင်) ကတော့ ``ဒီပုဂ္ဂိုလ်မျိုး ကွယ်လွန်တာ နိုင်ငံအတွက် ဆုံးရှုံးမှုပါ။ နည်းနည်း ဆုံးရှုံးတာ မဟုတ်ပါ´´လို့ ရေးလိုက်ပါတယ်။
ကျွန်တော်ကတော့ ဒေါ်စုပြောသလိုပါပဲ၊ မြန်မာနိုင်ငံသူနိုင်ငံသားများအကြားမှ ဦးသက်ထွန်းများစွာ ပေါက်ဖွားလာနိုင်ပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ အရေးတကြိးလိုနေတာက ဦးသက်ထွန်းတို့လို လူချွန်လူကောင်းတွေပါ။
၀၈ ၀၇ ၂၀၁၂
maungwuntha@gmail.com
 by Maung Wuntha on Sunday, July 8, 2012 at 10:36pm ·
"ဧရာဝတီမှသည် ကစ္စပနဒီအထိ"
"စစ်ရောက်မှမျှားချွန်"  "မိုးလွန်မှထွန်ချ" ဆိုတဲ့စကားပုံတွေ အများကြား
ဖူးကြမှာပါ ..................................................................
ဘင်္ဂလီကိစ္စဟာ အနှေးနဲ့ အမြန်ဆိုသလို ကျွန်တော်တို့ တိုင်းပြည်မှာ
အန္တရာယ်ကြီးလာတော့မယ်ဆိုတာ ကျွန်တော်အပါအ၀င် ပြည်ပရောက်
(၈၈) အချို့ တထစ်ချသိနေခဲ့တာ လွန်ခဲ့တဲ့ (၂) နှစ်ကျော်ကတည်းကပါ။
ဘာ့ကြောင့်သိရသနည်းဆိုတဲ့ အခြေခံအကြောင်းရင်းတွေကတော့ -
ဘင်္ဂလီတွေ ဒက္ကား မှာ ကောက်ဆ်ဘဇား မှာ လျှို့ ဝှက်ဖြန့် ချီတဲ့
အာရေးဘစ်နဲ့ ဘင်္ဂလီလိုအသံသွင်းထားတဲ့ စီဒီတွေကို ကျွန်တော့်တို့ ရခဲ့
တယ်။ ဘူးသီးတောင်မောင်းတောက ဘင်္ဂလီတွေနဲ့  ပြည်ပရောက်ဘင်္ဂလီ
တွေရဲ့ အကြမ်းဖက်သင်တန်းတွေ ကွန်ယက်တွေအကြောင်း ကျွန်တော်တို့ 
သိနေခဲ့တယ် .........
(ဘင်္ဂလီခွန့် ထားတဲ့ BBC Burmese လုပ်စားအုပ်စု, RFA ဟန်ညောင်ဝေ
အပါအ၀င်လုပ်စားတွေရဲ့ အသုံးတော်ခံနေပုံတွေ ပြည်တွင်းက န.စ.က -
လ.၀.ကတွေရဲ့ (၁၅)သိန်းယူပြီးစစ်တပ်ကကားနဲ့ ရန်ကုန်အရောက် ဘင်္ဂလီ
Carry ရိုက်တာတွေ တယောက်ကို (၆) သိန်းနဲ့  မှတ်ပုံတင်ထုတ်ပေး
တာတွေ ကို အတိအကျသိနေခဲ့လို့ ပါပဲ)။
သည်လိုနဲ့  ဒီမိုကရေစီကို စကြမယ်ဆိုပြီး (ဒီ) တလုံးပဲရေးယုံရှိသေးတယ်
ဘင်္ဂလီကြံဖွတ်-ပြည်ခိုင်ဖြိုးအမတ်တွေက လွှတ်တော်ထဲကိုရောက်နေပါပြီ -
NLD ထဲမှာလည်းဘင်္ဂလီကုလားတွေက လှိုက်စားနေခဲ့ပါပြီ။ ကျွန်တော်
တို့ ရဲ့ စိုးရိမ်မူဟာအထွဋ်အထိပ်ရောက်ပြီး မိမိတတ်နိုင်သလောက်မိမိ
တိုင်းပြည်နဲ့ ပြည်သူကိုအသိပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
(သူတို့ ဘက်က အင်မတန်အကွက်ကျကျ အချိန်ယူ ကြိုတင်ပြင်ဆင်
ထားခဲ့တာ နှစ်အတန်ကြာပြီဖြစ်တဲ့အတွက် BBC Burmese အပါအ၀င်
ပြည်ပလုပ်စား မီဒီယာတွေနဲ့ ပြည်ပရောက် ဒီမိုကရေစီအသံကောင်းလွှင့်
လုပ်စားတွေကို ဘင်္ဂလီတွေက အိတ်ထဲထည့်ပြီးနေပါပြီ)၊ ဒါပေမဲ့ ဧရာဝတီနဲ့ 
တရုတ်ကိစ္စ၊ တိုင်းပြည်တွင်းက အစိုးရအပြောင်းအလဲကိစ္စ၊ လျှပ်စစ်နဲ့ 
ဖရောင်းတိုင်ကိစ္စတွေမှာ အာရုံများနေခဲ့ကြတဲ့အတွက်ဘင်္ဂလီနဲ့ ဘီဘီစီကိစ္စ
မျိုးဟာ အများအာရုံစိုက်စရာမဖြစ်ခဲ့ပါဘူး။
သူတွေ၊ မလိုအပ်ပဲလိုင်းတင်သူတွေ အဖြစ်အပြောခံခဲ့ရသလို ကုလားကိစ္စ
ဓါးသွေးစရာမလိုပါဘူးကွာဆိုပြီး အပြောခံခဲ့ကြရပါတယ်။ အခုဖြစ်လာတော့
လည်း မင်းတို့ က အခုမှလာအဖြစ်သဲပြနေတယ် ကြိုပြီးဘယ်လောက်များ
ကိုယ့်ပြည်သူကိုချပြခဲ့လို့ လဲဆိုပြီးထပ်အပြစ်တင်လာပါသေးတယ်။
သည်တော့ဗျာ - ဘယ်လိုအခြေအနေမှာမဆို အပြစ်တင်ခံရတာတွေများ
လာတော့ - ကိုယ့်ထမင်းကိုယ်စားပြီးနေတဲ့အတွက် အဲသည်အပြစ်တင်သူ
တွေကိုစိတ်ကုန်လာတယ်။ အဖက်လုပ်ပြီးဘာမှမဖြေရှင်းချင်တော့ဘူး။
သည်ဘင်္ဂလီကိစ္စကို လွန်ခဲ့တဲ့ (၈) လကျော်ကတည်းက ကျွန်တော်
ဘာပြောခဲ့သလဲဆိုတာ .... အပြစ်တင်နေတဲ့သူတွေ သိစေချင်ပါတယ်၊
သည် Note အောက်ကချိတ်ပေးထားတဲ့ Link မှာ တွေ့ နိုင်ပါလိမ့်မယ်။
ခင်ဗျားတို့ ရက်စွဲကိုပြန်ကြည့်ပါ။ ဘယ်တုံးကတည်းကကျွန်တော်ပြောခဲ့
သလဲဆိုတာ ........။
တိုင်းပြည်ချစ်ပါတယ်ဆိုတဲ့သူတွေကို တင်ပြချင်တာက - သေနတ်
ကိုင်ပြီးကင်းစောင့်မှ တိုင်းပြည်ကိုချစ်ပြတာမဟုတ်တဲ့အတွက် - တိုင်း
ပြည်နဲ့ လူမျိုးအတွက် ... အရေးကြုံတိုင်း မိမိလုပ်စာချွေးနည်းစာငွေတွေ
နည်းအမျိုးမျိုးနဲ့ ထည့်ဝင်လှူဒါန်းနေသူတွေ ... အင်မတန်တိုတောင်း
လှတဲ့လူ့ ဘ၀မှာ အများအတွက် အချိန်တွေပေးနေသူတွေ မိမိဘ၀ကို
ရင်းပြီး ထောင်နှုတ်ခမ်းမှာလျှောက်ရင်း အများဘက်ကရပ်နေသူတွေ
အားလုံးဟာ - တိုင်းပြည်နဲ့ လူမျိုးကိုချစ်သူတွေပါပဲ - (နောက်ဆုံး
မိမိရောက်ရာအရပ်မှာ မိမိအမျိုးသားရေးသစ္စာကိုစောင့်သိသူ၊ မိမိကိုယ်
လေးစားသူ၊ မိမိလူမျိုးကိုကာကွယ်စောင့်လျှောက်သူ၊ မိမိကြောင့်ကိုယ့်
တိုင်းပြည်နဲ့ လူမျိုးသိက္ခာမကျစေသူ မိမိအမျိုးသားချင်းမျှဝေခံစားသူ
တွေဟာလည်း ... ထမင်းတလုပ်အတွက် တိုင်းပြည်ကိုရောင်းစားနေတဲ့
သူတွေ - တိုင်းပြည်နဲ့ လူမျိုးသိက္ခာကိုချတဲ့သူတွေထက် နှိုင်းမရအောင်
သိက္ခာနဲ့ တန်ဖိုးရှိပါတယ်)၊
ထပ်ပြီးတင်ပြချင်တာက - တိုင်းပြည်မှကနေ့ ဖြစ်နေတာတွေဟာ
မ.ဆ.လ (၂၆) နှစ်နဲ့  စစ်အာဏာရှင်ခေတ် (၂၄) နှစ်ပေါင်းပြီး စုပုံလာ
တဲ့အရှုပ်ထုပ်အစုတ်ထုပ်ကြီးဟာ အခုအချိန်မှာ အနံ့ တထောင်း
ထောင်းနဲ့ ပုပ်ပွပြီး တနိုင်ငံလုံးမှာရော အိမ်နီးချင်းနိုင်ငံတွေကိုပါ
ကူးစက်နေတာဖြစ်တဲ့အတွက် ... ဘာပြီးမှဘာလုပ်ရမယ်ဆိုတာ
မရှိတော့ပဲ - အားလုံးကိုတပြိုင်ထက်လုပ်ကြရပါလိမ့်မယ်ခင်ဗျား။
(၁) ကျွန်တော်တို့ ရဲ့မိခင်ဧရာဝတီမြစ်ကြီးကို ကယ်တင်ရမဲ့ကိစ္စ
လည်းအမှန်တကယ်မပြီးသေးပါ။ ကျွန်တော်တို့ အားလုံးရင်တ
ထိတ်ထိတ်နဲ့ ရှိနေရဆဲပါ။
(၂) ကျောက်ဖြူကနေယူနန်ကိုဖြတ်ပြီး မြန်မာပြည်ကိုဓါးလွယ်ခုတ်
ခုတ်သတ်မဲ့ ကျောက်ဖြူ - ယူနန်ပိုက်လိုင်းနဲ့ အတူဖေါက်မဲ့လမ်းဟာ
မြန်မာပြည်ကိုတရုတ်လက်အောက်ရောက်မဲ့အရေးပါ၊ (တိုင်းပြည်
ရဲ့ အမျိုးသားလုံခြုံရေးပါ ဆုံးရှုံးရမဲ့ကိစ္စပါ)။
(၃) ထားဝယ်ရေနက်စီမံကိန်းဟာ အကိုင်အတွယ်မှားရင် မိမိအကျိုး
ထက် နိုင်ငံခြားသားအကျိုးကိုဖြစ်သွားနိုင်ပြီး မဆိုင်တဲ့တနင်္သာရီ
တတောလုံးပြုံးပြီး ထိုင်းတွေလက်ထဲရောက်သွားမဲ့အရေးပါ။
(၄) လ.၀.က ဥပဒေတွေကိုခိုင်မာအောင်မလုပ်နိုင်ရင် မန္တလေးကို
မြန်မာစကားမတတ်တဲ့ ပြည်မတရုတ်တွေက သေနတ်တချက်မှ
မဖေါက်ပဲသိမ်းခဲ့သလို အခြားနေရာဒေသတွေလည်း အလားတူဖြစ်
မဲ့အခြေအနေရောက်နေပါတယ်။
(၅) တိုင်းပြည်မှာ ဆယ်စုနှစ် နှစ်ခုအတွင်း အခွင့်အရေးနဲ့ ပါမစ်ရလို့ 
ခေတ်ပျက်သူဌေးဖြစ်လာတဲ့ ခရိုနီ နှစ်ကြိတ်နဲ့ ခေတ်ပျက်သူဌေးတွေ
ရဲ့ လောဘဇောတိုက်မူကြောင့် တိုင်းပြည်အနှံ့ အပြားရှိစက်ရုံတွေက
အလုပ်သမားတွေရဲ့နင်းပြားဘ၀တွေအတွက်လည်း တောင်းဆိုတိုက်ပွဲဝင်
နေဆဲပဲရှိပါသေးတယ်။ ခရိုနီတွေက သူတို့ ကုမ္ပဏီတွေအတွက်
ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ပေါင်းပြီး လယ်သမားတွေရဲ့ဓါးမဦးချ
လယ်မြေတွေကို (လျှော်ကြေးတပြားမှမပေးပဲ ကိုလိုနီခေတ်က
ချစ်တီးထက်ဆိုး) အဓမ္မသိမ်းယူနေဆဲပါ၊ (ချစ်တီးကအကျွေးနဲ့ သိမ်း
တဲ့အတွက်ဖြေလို့ ရနိုင်ပါသေးတယ်။ အခုဟာက ဓါးပြတိုက်ယူတာ)
လယ်အသိမ်းခံ စားစရာဆန်မရှိတဲ့လယ်သမားတွေရဲ့ တိုက်ပွဲဝင်မူ့ တွေ
လည်းရှိနေပါတယ်။ (မနေ့ ကအထိပေါ့ဗျာ - ကုမ္ပဏီတွေက ဒေသ
ဆိုင်ရာအာဏာပိုင်တွေနဲ့ ပေါင်းပြီး ဒဂုံဆိပ်ကမ်းမြို့ နယ်ကလယ်တွေ
ကိုအသိမ်းခံထားရတဲ့လယ်သမားတွေက ကျွန်တော်တို့ လယ်မရှိရင်
ဘယ်လိုလုပ်စားမလဲလို့ မေးတာကို "မရှိရင်တောင်းစားကြ" လို့ 
စီပင်သာယာက အရာရှိဦးသောင်းညွန့် ကဖြေကြားလိုက်ပါတယ်။
တိုင်းပြည်မှာ မီဂါဝှပ် ၁၅၀၀ ပိုလို့ ရောင်းစားတယ် - မီးမလာရင်
အိမ်မှာနေပြီးဖရောင်းတိုင်ထွန်းနေကြ ... စတဲ့ လက်လွတ်စပါယ်
အောက်တန်းကျတဲ့နည်းလမ်းတွေနဲ့  တိုင်းပြည်ရဲ့အခက်အခဲတွေကို
ဖြေရှင်းလို့ မရနိုင်တော့ပါဘူး)။
(၆) လက်ရှိပါလီမန်ထဲက အစိုးရက ငြိမ်းချမ်းရေးကိုအသံကုန်အော်
နေပေမဲ့ - တဘက်က (တရုတ်အကျိုးစီးပွါးအတွက်) ကချင်ညီအစ်ကို
တွေကို တိုက်နေတဲ့ စစ်ပွဲတွေဟာ ပြင်းထန်နေဆဲပါ။ ရှမ်းညီအစ်ကို
တွေနဲ့ လည်း စစ်ပွဲတွေပြန်ဖြစ်နေပြန်ပါတယ်။ အင်အားသုံးသောင်းနဲ့ 
တရုတ်အစိုးရထဲမှာကိုယ်စားလှယ်ရောက်နေတဲ့ တရုတ်စကားပြော
နေတဲ့ တရုတ်စာကိုရေးနေတဲ့ "၀" ကိုမတိုက်ပဲ တရုတ်အကျိုးစီးပွါး
အတွက် မိမိညီအစ်ကိုရင်း ကချင်ကိုတိုက်နေခြင်းဟာလည်း
အင်မတန်ကို ၀မ်းနည်းစရာကောင်းလှပါတယ်။(ပြည်တွင်းစစ်ကိုမရပ်
နိုင်သ၍ ဘယ်တိုင်းပြည်မှ အမှန်တကယ်တိုးတက် ဖွံ့ ဖြိုးအောင်
တာစူလို့ မရဘူးဆိုတာ ပြည်တွင်းစစ်ဖြစ်နေတဲ့တိုင်းပြည်တွေနဲ့ ဖြစ်ခဲ့တဲ့
တိုင်းပြည်အားလုံးရဲ့ဘ၀တွေက သက်သေခံနေပါတယ်)။ ကျွန်တော်တို့ 
အားလုံးရဲ့ အမျိုးသားရန်သူထဲမှာ ပြည်တွင်းစစ်ဆိုတာ အဓိကရန်သူ
ပါပဲ။ နာဂစ်ဖွဲ့ စည်းပုံရဲ့အားနည်းချက်တွေကြောင့် လက်ရှိအစိုးရနဲ့ 
တိုင်းပြည်ကိုကာကွယ်ဖို့ ဖွဲ့ စည်းထားတဲ့ တပ်မတော်ကို အပိုင်စားရ
ထားသူတွေရဲ့အကြားက အာဏာလွန်ဆွဲပွဲတွေကြောင့်လည်း တိုင်းပြည်
ဟာ ၀ါးအစည်းပြေသလိုဖြစ်နေပါတယ်။
(၇) ဌာနတိုင်းမှာ ခြစားမူတွေဟာ အတောမသတ်နိုင်လောက်အောင်
တိုင်းပြည်နဲ့ လူမျိုးကို မျက်နှာမဖေါ်ရဲလောက်အောင် - အောက်ခြေက
အစထိပ် ဆုံးအထိ -  ဗိုလ်ချုပ်အဆင့်ကအစ ပြည်သူပိုင်ဆေးရုံတွေက
တံခါးစောင့်များအထိအေးဓါးပြတိုက်နေကြပြီး မြန်မာဆိုတာ ကမ္ဘာမှာ
ဟေတီဆိုတဲ့တိုင်းပြည်ပြီးရင် ဒုတိယCorrupted Society ဖြစ်နေခဲ့တဲ့
အထိပါပဲ။
ဟုတ်ပြီ - မင်းကပြဿနာတွေချည်းပြောသွားတယ် - ဘယ်လိုဖြေရှင်း
ရမလဲဆိုတာရောအဖြေရှိရဲ့လားဆိုတဲ့မေးခွန်း ... ရှိလာမှာပါ။
မေးချင်ကြမှာပါ။
ဟုတ်ကဲ့ခင်ဗျား -
ပြည်တွင်းစစ်ကိုအရင်ရပ်ရပါလိမ့်မယ်။ လွှတ်တော်ထဲက အိပ်နေကြတဲ့
တမတ်သားကို ထုတ်မပစ်သည့်တိုင်အောင် လက်ရှိ ဖွဲ့ စည်းပုံကို
ပြင်ဆင်နိုင်တဲ့ဥပဒေကိုထည့်သွင်းရပါလိမ့်မယ်။ လက်ရှိဖွဲ့ စည်း
အုပ်ချုပ်ပုံဟာ သမတကြီးဦးသိန်းစိန် ပြောနေ ဖြစ်ချင်နေ လုပ်နေတာ
တွေရဲ့ မဟာအဟန့် အတားကြီး တခုဖြစ်နေပြီဆိုတာ ဗွင်းဗွင်းကြီးပေါ်
နေပါပြီ - တနည်းအားဖြင့် ခေတ်မှီတိုးတက်ဖွံ့ ဖြိုးတဲ့ ဒီမိုကရေစီနိုင်ငံ
တော်ကြီး ကိုလက်ရှိဖွဲ့ စည်းပုံနဲ့ ဘယ်လိုမှ ... ချီတက်လို့ မရသလို၊ ရေရှည်
ရေတို အမျိုးသားအကျိုးစီးပွါးကို အကာအကွယ်မပေးနိုင်သလို၊ တိုင်း
ပြည်ကို ဘင်္ဂလီလိုပြည်ပရန်ကနေ ကာကွယ်နိုင်တဲ့ခိုင်ခန့် တဲ့ လူဝင်မူ
ဥပဒေတံတိုင်းတွေမရှိသလို၊ အောက်ခြေလူတန်းစား နင်းပြား အလုပ်သမား
လက်လုပ်လက်စားနဲ့  တောင်သူလယ်သမားတွေရဲ့ သန်းပေါင်းများ
စွာသောဘ၀တွေကို လုံခြုံမူ မပေးနိုင်ပဲ ... တိုင်းပြည်မှာ လူလတ်တန်းစား
ပျောက်ပြီးသ္ခင်နဲ့ ကျွန် နှစ်မျိုးပဲရှိစေမဲ့ ဖွဲ့ စည်းအုပ်ချုပ်ပုံဖြစ်နေတယ်
ဆိုတာပါပဲ။
အဲသည်ဖွဲ့ စည်းပုံကို ပြင်ဆင်ဖြည့်စွက် နိုင်မှသာ ... အထက်က
တင်ပြထားတဲ့ပြဿနာတွေကို အမှန်တကယ်ဖြေရှင်းနိုင်မဲ့ လမ်းစ
တွေကို တွေ့ ရှိနိုင်မှာဖြစ်ပြီး - တရားစီရင်ရေးအာဏာ၊ တရားဥပဒေ
ပြုမူအာဏာနဲ့  အုပ်ချုပ်မူအာဏာ ဆိုတဲ့ ဖိုခနောက်ကြီးသုံးခု ခိုင်မာ
လာမည်ဖြစ်ကြောင်းပါခင်ဗျား -
(အင်္ဂလိပ်တွေဟာ ကိုယ့်တိုင်းပြည်ကောင်းစားဖို့ ကိုယ့်လူမျိုးအချင်းချင်း
ဘယ်လိုအုပ်ချုပ်ရမယ်ဆိုတာ နှလုံးသားနဲ့ ရောဦးနှောက်နဲ့ ပါသိခဲ့သလို
သူတပါးတိုင်းပြည်နဲ့ လူမျိုးကိုဘယ်လိုအုပ်ချုပ်ရမလဲဆိုတာပါသိခဲ့လို့ 
ကမ္ဘာမှာ နေမ၀င်အင်ပါယာကြီးကို ပိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာ
တွေ ၂၁ ရာစုရောက်တဲ့အထိ ကိုယ့်တိုင်းပြည်ကောင်းစားဖို့  ကိုယ့်လူ
မျိုးကိုယ်မအုပ်ချုပ်တတ်ကြသေးပါဘူး) ကျွန်တော်တို့ လူမျိုးချင်းအုပ်ချုပ်
တဲ့ အုပ်ချုပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ အာဏာရသူတွေရဲ့
စိတ်ဓါတ်နဲ့ အပြုအမူတွေဟာ ဂျပန်ခေတ်ကဂျပန်တွေ သူတို့ သိမ်းခဲ့တဲ့
တိုင်းပြည်တွေကိုအုပ်ချုပ်တဲ့ပုံစံအတိုင်းတထပ်တည်းကျနေခဲ့တာ ရာစုနှစ်
ထက်ဝက်ရှိခဲ့ပါပြီ။
အားလုံးကိုလေးစားစွာဖြင့်
လှိုင်ဘွား/၈၈
(ကိုကျော်သူရိန်အား... ကာတွန်းအတွက် ကျေးဇူးတင်ပါသည်)။
လှိုင် ဘွား
7 July နှစ် ၅ဝ ပြည့် ရွှေရတုနဲ့ ပတ်သက်လို့ ကျနော့် သုံးသပ်ချက်နဲ့ တောင်းဆိုချက်များ
by Lwin Aung Soe on Saturday, July 7, 2012 at 3:38pm ·
ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းတွင်ပြုလုပ်သော ၈၈မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲ (၆-၇-၂ဝ၁၂ နေ့ည)
7 July နှစ် ၅ဝ ပြည့် ရွှေရတုနဲ့ ပတ်သက်လို့ ကျနော့် သုံးသပ်ချက်နဲ့ တောင်းဆိုချက်များ
၂ဝ၁၂ ဇူလိုင်လ ၆ ရက်နေ့ညက ဗကသ ကျောင်းသားခေါင်းဆောင်တချို့ကို အစိုးရက ဖမ်းဆီးသွားခဲ့ပါတယ်။ ဒီသတင်းတွေကို Facebook ပေါ်ကနေ သိလိုက်ရတာပါ။ သိသိချင်းမှာပဲ Status post တွေနဲ့ Comment တွေကို ကျနော် ရေးပါတော့တယ်။ ၇-၇-၂ဝ၁၂ နေ့လည်ပိုင်းအထိ ရေးခဲ့သမျှအားလုံးကို ပြန်လည်စုစည်း ဖော်ပြလိုက်ပါတယ်။
ဇူလိုင် ၇ ရက် အခမ်းအနား မလုပ်နိုင်အောင် အထူးသဖြင့် ဗကသ အဖွဲ့ဝင်တွေကို လိုက်ဖမ်းနေပါတယ်။ ဒီလိုမျိုး ဖမ်းချင်သလို ဖမ်းတာမျိုးကိုတော့ လုံးဝ ပြစ်တင် ရှုတ်ချ ကန့်ကွက်ပါတယ်။
အခုလိုဖမ်းတာမျိုးဟာ တကယ်တော့ အာဏာပိုင်တွေက ကြောက်လို့ ဖမ်းတာပဲ။ ဒီမိုကရေစီခေတ်မှာ အာဏာပိုင် ဆိုတာ မရှိဘူး။ ပြည်သူတွေကို ကိုယ်စားပြုပေးသူတွေပဲ ရှိတယ်။
ဒါကြောင့် အစိုးရဘက်က တာဝန်ရှိသူတွေဟာ ဇူလိုင် ၇ ရက် အခမ်းအနား လုပ်တာတွေအပေါ်မှာ စိုးရိမ် ကြောက်လန့်နေစရာ မလိုအပ်သလို ပြည်သူလူထုကိုလည်း အကြောက်တရား မဖြစ်စေရအောင် ဆင်ခြင် ထိန်းသိမ်းကြရမှာသာ ဖြစ်ပါတယ်။
……………………………………..
ရာဇဝတ်မှု မကျူးလွန်တဲ့ ပြည်သူတဦးတယောက်ကို ဖမ်းချင်သလို ဖမ်းတာမျိုးဟာ အာဏာရှင်ခေတ်တုန်းက ကျင့်သုံးခဲ့ဖူးတဲ့ စရိုက်သဘာဝ ဖြစ်ပါတယ်။ ကနေ့ခေတ်ဟာ ပြည်သူတွေရဲ့ ဆန္ဒအရ ဒီမိုကရေစီကို အသွင်ပြောင်းနေတာ ဖြစ်ပါတယ်။ အာဏာရှင်စနစ်ဘက်ကို နောက်ပြန်ဆုတ်မသွားပါဘူးလို့ အစိုးရခေါင်းဆောင် တချို့က ထပ်တလဲလဲပြောနေကြတဲ့ ကြားထဲက နောက်ပြန်ဆုတ်ဖို့ ကြိုးစားတာတွေ ရှိနေသေးရင်တော့ တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ ရည်မှန်းချက်ကို ဟန့်တားနှောင့်ယှက် ဖျက်ဆီးရာ ရောက်ပါတယ်။ ပြည်သူတွေ ဝိုင်းဝန်းပေးကြပါ။
………………………………………
အာဏာရှင်စရိုက်ကို မြတ်နိုးခုံမင်သူတွေဟာ ခေတ်အဆက်ဆက် ကျောင်းသားတွေကို အထင်မြင် လွဲခဲ့ကြပါတယ်။ ကျောင်းသားလှုပ်ရှားမှုဟာ မတရားတာ၊ မမျှတာ၊ မလွတ်လပ်တာတွေအတွက် တိုက်ပွဲဝင်ပေးတာ ဖြစ်ပါတယ်။ ဒါဟာ ကျောင်းသားသမဂ္ဂရဲ့ ရည်မှန်းချက်နဲ့ ရပ်တည်ချက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ နယ်ချဲ့ဗြိတိသျှခေတ်က အာဏာပိုင်တွေဟာ ဒါမျိုးတွေကို မလိုချင်ခဲ့ကြပါဘူး။ တိုင်းတပါးသားတွေမို့ သူတို့ မလိုချင်တာ ဖြေသာနိုင်ပါတယ်။ ဒါပေမယ့် ခုချိန်ဟာ အာဏာရှင်စနစ်ကို ကျောခိုင်းပြီး ကိုယ့်နိုင်ငံသားအချင်းချင်း အပြန်အလှန် ဖေးကူလက်တွဲရင်း ဒီမိုကရေစီ နိုင်ငံကို တည်ဆောက်နေချိန်ပဲ။ အများအတွက် မတရားတာ၊ မမျှတာ၊ မလွတ်လပ်တာတွေအတွက် တိုက်ပွဲဝင်နေတာကို ဘယ်သူမဆို အားပေးရမယ်။ ဒါမှလည်း ဒီမိုကရေစီ မြန်မြန် ဖြစ်ထွန်းနိုင်မှာပေါ့... နားလည်ကြစေချင်တယ်ဗျာ....။
………………………………………………
သမ္မတ ဥိးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းတို့ကို ကျနော် လေးစားပါတယ်။ ဒီမိုကရေစီ ပန်းတိုင်အတွက် မျှော်လင့်ထားနိုင်သူတွေလို့ ယုံကြည်ပါတယ်။ ဇူလိုင် ၇ ရက် အခမ်းအနားနဲ့ ပတ်သက်ပြီး ကျောင်းသားတွေ၊ ဗကသ အဖွဲ့ဝင်တွေ အပါအဝင် ဘယ်သူ့ကိုမဆို ဖမ်းဆီးတာမျိုးတွေ မလုပ်နိုင်အောင် အမြန်ဆုံး တားဆီးပေးစေလိုပါတယ်။ မျက်တောင်မွှေးတဆုံးသာကြည့်ပြီး လုပ်ကြမယ်ဆိုရင် တိုင်းပြည် မတိုးတက်နိုင်တာကို သိပြီးသား ဖြစ်မှာပါ။
……………………………………….
နောက်မှ ပြန်လွှတ်ပေးမယ် ဆိုတာမျိုးနဲ့ ကျနော်တို့ ခေါင်းငုံ့ခံ ကျေနပ်ပေးလို့ မရပါ။ ပြည်သူတယောက်ကို ဖမ်းချင်တိုင်းဖမ်းတဲ့ အာဏာရှင် အကျင့်စရိုက်မျိုး ဘယ်တော့မှ မရှိစေရအောင် ကျနော်တို့ လုပ်ယူကြရမှာ ဖြစ်ပါတယ်။"
……………………………………………….
အမြော်အမြင်မဲ့ ဥပဒေမဲ့ လူဖမ်းပွဲ လုပ်နေတာကို ဖေ့ဘွတ်သုံးတဲ့ မြန်မာတိုင်း အတတ်နိုင်ဆုံး အကျယ်ပြန်ဆုံး လူထုနဲ့ နိုင်ငံတကာသိအောင် ဝိုင်းဝန်းပေးကြပါ။
………………………………………….
ဘွဲ့နှင်းသဘင်ခန်းမမှ အဓိပတိလမ်းအတိုင်း ချီတက်ဆန္ဒပြနေပုံ (၇-၇-၁၉၆၂ ဓါတ်ပုံနှင့် ပတ်သက်၍)
"သမိုင်းဝင် ဓါတ်ပုံကို အခုလို အရေးကြီးတဲ့အချိန်မှာ ပြန်လည်ဖော်ထုတ်ပေးလို့ ကျေးဇူးတင်တယ်ဗျာ။
………………………
(ကိုမင်းကိုနိုင်က မနက်ဖြန်ပြုလုပ်မည့် ၇ ဇူလိုင် အခမ်းအနားကို နောက်ဆုံး တစ်ယောက်ကျန်သည့်တိုင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းထောက်များအား ပြောဆိုလိုက်ခြင်းနှင့် ပတ်သက်၍)
"သိပ်ကြိုက်တယ်။ ဒါမျိုး ဖြစ်နေရမယ်။ ပြည်သူတွေအားလုံး တတ်နိုင်သမျှ ဝိုင်းဝန်းပေးကြပါ။"
"သိပ်ကြိုက်တယ်။ ရာနှုန်းပြည့် ထောက်ခံ အားပေးလိုက်ပါတယ်။"
……………………………………..
အာဏာရှင်စနစ် ပြန်သုံးလို့ ရ-မရ သွေးတိုးစမ်းနေတာလည်း ဖြစ်တယ်။
……………………………………..
မြန်မာတချို့သည် သမိုင်းမှ သင်ခန်းစာကောင်းများကို ယူရန် မေ့လျော့နေလောက်အောင် အာဏာရှင်တို့၏ အကြောက်တရား ဝါဒဖြန့်မှုကို ခံနေရဆဲ ဖြစ်သည်။
…………………………………………….
ပြည်သူ တဦးတယောက်ကို ဖမ်းချင်တိုင်း ဖမ်းလို့ရတဲ့ နိုင်ငံရေးစနစ်မျိုးကို ဘယ်ပြည်သူမှ အလိုမရှိပါဘူး။
…………………………………………….
ဗကသ ကျောင်းသားတွေ အပါအဝင် ဘယ်သူ့ကိုမဆို ဖမ်းဆီးတာမျိုး မလိုချင်ပါ။
ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးပါ။
အစိုးရဟာ ပြည်သူတွေရဲ့ ဆန္ဒကို လေးစားရပါမယ်။
ပြည်သူတွေကို တရားဥပဒေဘက်က အကာအကွယ်ပေးနိုင်အောင် အစိုးရကိုယ်တိုင်က စံနမူနာပြရပါမယ်။
………………………………………
အဖမ်းအဆီးတွေကြားထဲက သမိုင်းပေးတာဝန်အရ 7 July နှစ် (၅ဝ) ပြည့် ရွှေရတု အခမ်းအနားကို တကယ်ပဲ ရဲရဲဝန့်ဝန့် ကျင်းပနိုင်ခဲ့တာဟာ သမိုင်းမှတ်တမ်း ဖြစ်ခဲ့ရပါပြီ။
……………………………………….
၆-၇-၂ဝ၁၂ နေ့ညက ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ မုံရွာ၊ ရွှေဘို၊ လားရှိုး မြို့တွေက အဖမ်းခံရသူ စုစုပေါင်း ၂၆ ဦးထိ ရှိခဲ့ပါတယ်။ အားလုံး တပြိုင်တည်းလိုလို ဖမ်းခံခဲ့ကြရတာ ဖြစ်ပါတယ်။ ပြန်လွှတ်ပေးတော့လည်း အားလုံး တပြိုင်တည်းပါ။ ဖမ်းချင်သလို ဖမ်းတဲ့ ဥပဒေမဲ့လုပ်ရပ်ကို သာမန်ကာလျှံကာ ပေါ့ပေါ့ဆဆ လစ်လျူ မရှုလိုက်ကြပါနဲ့။ ဒီလိုအစိုးရစရိုက်မျိုးကို ဆန့်ကျင် တိုက်ဖျက်ရပါမယ်။
………………………………………..
လွင်အောင်စိုး
၇-၇-၂ဝ၁၂
ဇူလိုင်(၇)အခမ်းအနား ဓါတ်ပုံ - Messenger News Journal
ဇူလိုင်(၇)အခမ်းအနား ဓါတ်ပုံ - Messenger News Journal
ဇူလိုင်(၇)အခမ်းအနား ဓါတ်ပုံ - Messenger News Journal
ဇူလိုင်(၇)အခမ်းအနား ဓါတ်ပုံ - Messenger News Journal
ဇူလိုင်(၇)အခမ်းအနား ဓါတ်ပုံ - Messenger News Journal
ကိုလွင်အောင်စိုး
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကျွန်တော်ဖြတ်သန်း ခဲ့ဘူးသော 7 July တစ်ရက်
                                       1988 ခုနှစ် July 7 ရက်နေ့မှာ ကျွန်တော်ဟာ အင်းစိန်သီးသန့်အကျဉ်းထောင်မှ ဒုတိယအကြိမ် ပြန်လည်လွတ်မြောက်ခဲ့ပါတယ်၊ ကျွန်တော်က 1969 ခုနှစ်၊ မေလ ၂၈ ရက် မှာ မွေးဖွားခဲ့သူမို့ ကျွန်တော်အသက်ဟာ အဲ့ဒီနေ့တုန်းက ၁၉နှစ် ၁လ နဲ့ ၉ရက် ရှိ ပြီးဖြစ်ပါတယ်။  ဒုတိယ အကြိမ်လို့ပြောရတာက အဲ့ဒီရှေ့ သိတ်မကြာလှသေးခင် မတ်လ ၁၆ရက် နေ့ တံတားနီအရေးအခင်း ရဲ့ ညနေမှောင်ရီဖြိုးဖျမှာ အင်းစိန်သီးသန့်အကျဉ်းထောင်ကို ပထမ အကြိမ် အလည်ရောက်ရှိ သွားခဲ့ဘူးလို့ပါ။ ကံကောင်းထောက်မစွာ နဲ့ မတ်လ ၂၁ရက်နေ့ မှာ ပြန်လွတ်မြောက်ခဲ့ပါတယ်။ ရင်ခုန်စရာ ဇတ်ကွက်တချို့လည်း ကြုံတွေ့ခဲ့ရပါတယ်။ ကံမကောင်းအကြောင်းမလှစွာနဲ့ဘဲ ဧပြီ ၁၃ ရက်မှာတော့ စစ်ထောက်လှမ်းရေးများက ကျွန်တော့်ကို ပုပါးတောင် မြောက်ဘက်ဇောင်းက ကျွန်တော်အဖေ ဇာတိ "ကျားနေအိုင်" ဆိုတဲ့ ရွာလေးမှာ ပြန်လည်တွေရှိ သွားပါတယ် ။ စစ်ကြောရေးစခန်း အဆင့်ဆင့်ကို ဖြတ်သန်းပြီးနောက်မှာတော့ ကျွန်တော့သူငယ်ချင်းများရောက်ရှိနေနှင့်ရာ အင်းစိန်သီးသန့်ထောင် ရဲ့(အဲ့ဒီတုန်းအခေါ်) ကျွန်းတိုက် ထဲကို ပြန်လည်ရောက်ရှိသွားခဲ့ပါတယ် ။
- - - - - - - - -
                                    July 7 ရက်နေ့နဲ့ ပတ်သက်လို့ အများသိပြီးဖြစ်တဲ့ ၁၉၆၂ ခုနှစ် သမိုင်းကြောင်းကို  ကျွန်တော် ပြန်ပြောမယ်ဆိုရင် သူများတကာထက်ပိုထူးခြားလိမ့်မယ် မထင်ပါ။ အဲ့ဒီ အချိန် ၁၉၆၂ခုနှစ် တုန်းက ကျွန်တော်လည်း မမွေးဖွားသေးသလို၊ အဲ့ဒီကာလ အဲ့ဒီအဖြစ်ဆိုးကို တကယ်ရင်ဆိုင် ကြုံတွေ့ခဲ့သူတွေထဲကလည်း တစ်ချို့သက်ရှိထင်ရှားရှိနေကြပါသေးတယ်၊ ပြီးတော့ အဲ့ဒီခေတ်ကာလ အခြေအနေကို ကျွန်တော့ထက်ပိုပြီး အများကြီး လေ့လာထားကြသူတွေလည်းရှိနေမှာ အသေအချာပါ ၊ အဲ့တာကြောင့် ၁၉၆၂ ခုနှစ် July 7 အကြောင်းကို ကျွန်တော်ပြောဘို့ မသင့်လျော်ဘူးလို့ ယူဆပါတယ်။ ကျွန်တော်ထက်ပိုပြီး သင့်တော်တဲ့သူတွေက တာဝန်သိသိနဲ့ ပြောဆိုကြပါလိမ့်မယ်။
                                             ကျွန်တော့်အနေနဲ့ကတော့ မျိုးဆက်အဟောင်းအသစ် ၊ အများစုတွေ သိတ်မသိကြတဲ့
1988 ခုနှစ်၊ July 7 နေ့က ပတ်သက်တဲ့ အမှတ်ရဖွယ်ရာ အဖြစ်အပျက်တွေ နဲ့  ရှေ့နောက် အဆက်အစပ်တွေကိုဘဲ လွမ်းမော သတိရ စိတ်နဲ့ ပြန်ပြော ကြည့်ချင်ပါတယ်။
                                                                                 ( ကျွန်တော်ဆက်ရေးပါဦးမယ်)
 ko Hla Myo Naung
နာကျင်နှလုံးသားထဲ ၊ အမြဲတမ်းရှင်သန်နေစဲ အတိတ်
ကျိုးပဲ့ ကြေမွနေတဲ့ သမိုင်းတပိုင်းတစ
စိတ်အတွေးလှိုင်းနဲ့ တခုစီပြန်ဆက်
သွေးစွန်းလက်များကြောင့် ပြိုလဲကျသွားတဲ့ သမဂ္ဂဟာ
နာကျင်နှလုံးသားထဲ အမြဲတမ်းရှင်သန်နေစဲ အတိတ်ဖြစ်တယ်....။
အလံလို တလွင့်လွင့် တက်ကြွခြင်းများ ရှင်သန်ရာနယ်မြေ...၊
ကမ္ဘာမကြေ သီချင်းသံများ ကျောင်းခေါင်းလောင်းသံလို အဝေးကကြားနိုင်တဲ့မြေ..၊
ကြယ်တာရာလို စိတ်ဓာတ်များ တောက်ပလင်းလက်ရာ နယ်မြေ...၊
သွေးဆာခဲ့အဖျက်သမားတွေရဲ့ နဂိုကတည်းက သေးသိမ်တဲ့လက်ချက်နဲ့
ဝေးကွာစဲ ငြိမ်းချမ်းလှပခြင်းများ ၊ ဖရိုဖရဲ ပျက်ဆီးသွားခဲ့တယ်....။
ဒီနယ်မြေမှာ.........
အနာဂတ်ကို ကံ့ကော်ပန်းတွေထက် မွှေးမြလှပဖို့
စွန့်လွှတ်ပေးဆပ်သူများ ရဲရဲရင့်ရင့်ပေါက်ဖွားခဲ့တယ်....၊
နယ်ချဲ့ကျွန် ၊ စစ်ကျွန် ၊ ဘယ်လိုဖိနှိပ်ခြင်းကိုမှ မလိုလားလို့
အဖိနှိပ်ခံတွေဖက်က မားမားမတ်မတ်ရပ်ပြီး
မတရားမှုများကို အံတုတော်လှန်ကြတဲ့
ပြည်သူ့ရင်သွေးတွေ ရှင်သန်ကြီးပြင်း ခိုလှုံခဲ့ကြတယ်..။
မကောင်းတဲ့နေရာမှာ စစ်အုပ်စုက ပါမောက္ခချုပ်ပါပဲ....၊
နေ၀င်မီးငြိမ်းအမိန့်ထုတ်ထားရင်တောင်မှ လူထုဒေါသစိတ်က အပြင်ထွက်၊
လမ်းမပေါ်မှာ လူထုအုံကြွမှုတွေ ဖြစ်တဲ့ အထိ
ရုံးခန်းထဲမှာ လာဘ်စားပြီး ထိုင်စောင့်တတ်ကြတယ်.....။
ခေတ်သမိုင်း အဆက်ဆက်မှာ......
အဆိုးအမှားများ ရိုင်းသထက်ရိုင်းလာပြီး
အမှန်တရားကို ဒိုင်းနမိုင်းနဲ့ အဖြိုခွဲခံခဲ့ရလည်း
မျိုးဆက်သစ်တွေရင်ထဲ ကျောက်တိုင်လိုမယိုင်မလဲ
ထာဝရ စွဲမြဲထင်ကျန်နေစဲ ကျောင်းသားသမဂ္ဂ......။
အောင်ခိုင်မြင့်
6 July 2011
http://8888newgenerations.blogspot.ca/2012/07/blog-post_5456.html#links
မျိုးဆက်သစ်ကျောင်းသား သမိုင်း မရိုင်းစေရဘူး ဒီငြိမ်းလင်းရေ ...
နှစ်ငါးဆယ်ပြည့်လို့
ငါ့ရင်ထဲမှာအရိပ်တွေထိုးပြ မျက်ရည်တွေနဲ့ ဒီငြိမ်းလင်းကို
လွမ်းဆွတ်လှမို့ ဒဏ်ရာအကြိတ်အခဲက ခံရခက်တယ်ဟေ့  ... လွှတ် လွှတ်..လွှတ် ...လို့ အော်နေ၇သမြဲဘဲ
ပူလောင်စွာ နာကြည်းမြဲဘဲကွာ ..မနေ့ ညက   မင်းရဲ့ ညီလေး ရဲငြိမ်းလင်းနဲ့ စာရိုက်နေရတယ် လေ..ခုချိန်အထိပေါ့ကွာ...
7 ဂျူလိုင်ဆိုတာ  သမိုင်းရဲ့ အမွေဘဲကွ ..ဒါကို သမိုင်းပြောင်းတာဝန်ယူရဲတာ  ဗကသ ကျောင်းသား မျိုးဆက်သစ်ဘဲ ရှိတယ်လို့မြင်မိပါတယ်ကွာ ..
ဗကသ ကျောင်းသား မျိုးဆက်သစ် များ အမြန်ဆုံး လွတ်မြောက်ကြရန် အရေးကြီးလို အပ်နေတယ်။ ဗကသ ကျောင်းသား မျိုးဆက်သစ်ကျာင်းသားခေါင်းဆောင်တွေ ရဲ့ သမိုင်း ကို ဗမာပြည်မှာ ဖျောက်ဖျက်ပစ်လို့မရဘူး။ အင်အားသုံးအကြမ်းဖက်မှုနဲ့ အာဏာရှင်စနစ်တို့ရဲ့သားကောင် ဖြစ်နေရတယ်ဆိုတာကို ငြင်းပယ်လို့မရပါဘူး။ မြန်မာပြည်သူပြည်သားတွေလည်း ဒီလိုပဲ
ခံစားနေရပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ”ကျမတို့ဟာ ကျမတို့ရဲ့နိုင်ငံမှာ အကျဉ်းသားဖြစ်နေရတယ်ဆိုတာကို ကမ္ဘာကြီးကိုသိစေချင် ပါတယ် လို့ တခါက ပြောခဲ့ဘူးပါတယ်။
သူမရဲ့အဲဒီမှတ်ချက်ဟာအခုထက်ထိတိုင်မှန်ကန်နေတုန်းပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာ သူမဟာ ၁၅နှစ်ကျော် နေအိမ်မှာ အကျဉ်းချထားတာကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။ အန်တီ စုကို  ဖမ်းလိုက် လွှတ်လိုက်နဲ့  ဘဲအခုလဲ နအဖ နိုင်ငံရေး ကစားသမျှ ငုတ်ခံမနေကြပါနဲ့။မြန်မာပြည်လွတ်မြောက်ရေးအတွက် ဒီမိုကရေစီဟာ အင်မတန်အရေးကြီးလှပါတယ်။ 2015 ကို ဘာအကြောင်းနဲ့ မှ မစောင့်ဘဲ ကျွန်တော်တို့ လိုရာတောင်းရမယ့်ပွဲဘဲ ကျွန်တော်တို့ လုပ်တာတွေက တရားတယ် ..တရားတာကို တောင်းဆိုရမယ်.. မတရားတဲ့အမိန့် တွေကိုလဲ အနုနည်းနဲ့ ဖီဆန်ရမယ်။မြန်မာပြည်သူပြည်သား တွေဟာ ဗကသ ကျောင်းသား မျိုးဆက်သစ် ကျောင်းသားခေါင်းဆောင်တွေ မြန်မာပြည်မှာ ဒီမိုကရေစီထွန်းကားရေးအတွက် ဒီမိုကရေစီသင်္ကေတတခုအဖြစ်တည်ရှိတဲ့ ပြည့်ဝတဲ့ အရည်အချင်းကို ခိုင်ခိုင်မာမာယုံကြည်ကြပါတယ်။ နောက်ပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံ့ သူရဲကောင်းတယောက်အဖြစ်နဲ့ပါဒီငြိမ်းလင်းကိုယုံကြည်ထားနေဆဲဘဲကွာ ယုံကြည်ထားပါတယ်။
ကျနော်တို့ဟာ၈၈ ကျောင်းသားခေါင်းဆောင်တွေ ကို အင်မတန်မှပဲ အားကိုးလိုလားတောင့်တပါတယ်၊ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် အလိုရှိမယ်လို့လည်း ကျနော် ထင်ပါတယ်။ ဒါကြောင့် ကျွန်တော် ကဗျာတို့ သံချပ်တို့  သီချင်းရေးတိုင်း ၈၈ကျောင်းသားခေါင်းဆောင်များ ၊ အန်တီ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗကသ ကျောင်းသား မျိုးဆက်သစ် ဦးထိပ်ထားပြီး ရေးသားလေ့ရှိပါတယ်။
  ရွှေရုပ်ကလေးကိုဘန်းပြပြီးအငန်းမရ ဖြစ်လာတော့မှဘဲမျက်လှည့်ဆရာမောင်သိန်းစိန်ကပုံစံအကွက်သစ်တွေထွင်ပြီးလှည့်ပစ်လိုက်ပေါင်းလဲများလှပါပြီဗျာ။ကိုယ့်ပြည်ကိုယ့်ရွာ ကိုယ့်နေရာကိုပြန်လာကြပါလို့ပြည်ပမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို မက်လုံးလေးတွေစကားလက်ဆောင်လေသံကုန်ဟစ်ပြပြီး ကျပ်မပြည့်တဲ့စကားတွေနဲ့  နိုင်ငံတကာက မြန်မာမိသားစုတွေကိုဦးနှောက်စားခဲ့သေးတယ်။ဖမ်းထားတဲ့နိုင်ငံရေးအကျဉ်းသမားတွေကိုလွှတ်ပေးဖို့လုံးဝမစဉ်းစားဘဲအကွက်ကျော်သွားပြီး အာဏာကိုရေရှည် အောင် ဘယ်လိုကလိန်ဥာဏ်တွေထုတ်ရမလဲဆိုတာ အမြဲဘဲ စဉ်းစားနေတဲ့ အာဏာရှင် ရှင်ဘုရင်ရူးကြီးအကြိုက် လိုက်လုပ်မနေပါနဲ့ ။ ကျွန်တော် က စာရေးရင်းနဲ့ ဒေါသက  ဒင်းတို့ အပေါ်မှာရှိနေတာကြောင့် တိုင်းပြည်က မင်းလုပ် အုပ်ချုပ်တဲ့ သူတွေကို စေတနာမထားဘဲရေးရတော့မှာဘဲ။ ခုဟာက အကွက်ကျော်သွားသလိုပါဘဲ အမြတ်ဖေါ်စားချင်တဲ့တရုတ်ကြီးလို သွားသွားရည်တမြားမြားနဲ့ ပြေးထွက်သွားတဲ့ငှက်ကလေးများကိုသနားပြီးအတူကစားရအောင်ပြန်လာပါတော့လို့  အသံသာသာ တစာစာနဲ့ နိုင်ငံတကာကိုကြွားလုံးတွေထုတ်ပြီး သိန်းစိန်ရဲ မာယာကျော့ကွင်းထဲ ပစ်သွင်းလိုက်ပြန်ပါပြီ။ ကဲ
  ဘာပြောချင်ကြသေးလဲ အမိမြန်မာပြည်ကို ကယ်တင်ဖို့ တာဝန်ဟာ "နိုင်ငံရေး" ဆိုတဲ့
  ဝေါဟာရထက် အဆများစွာ အဓိပ္ပါယ်လေးနက်တဲ့ "အမျိုးသားရေး" "နိုင်ငံရဲ့အရေး""ပြည်ထောင်စုသားတမျိုးသားလုံးရဲ့အရေး"  ကျွန်တော်တို့ တိုင်းပြည်ရဲ့ အရေးတွေကို ဂရုမစိုက်ဘဲ ဒါကျောင်းသားလေးတွေကိုဆက်ဖမ်းပြတာဘဲ ။သားသမီးယုံတော့ စုံလုံးကန်း
  အာဏရှင်တွေကိုယုံရင်တော့အကုန်လုံးကန်း တဆွေတမျိုးလုံး ကန်းလိမ့်မယ် လို့ ပြောပါရစေဗျာ။
  ဒါကြောင့် လူရွှင်တော် အာဏာရှင်တွေ အကြိုက်လိုက် လုပ်စရာဘာမှမလိုဘူး။ဒီငြိမ်းလင်းရဲ့  အားမန်တွေ ယုံကြည်ချက်တွေ ကို အခု ပြည်သူလူထုကြီးက သိနေပါပြီ။အခုမိုးသဲသဲကြားမှာ 7th July ကိုကျင်းပနေကြတယ်ဆိုတာအားလုံးအသိဘဲလေ ကိုမင်းကိုနိုင်နဲ့ 88ကျောင်းသားတွေလဲ တာဝန်တော်တော်ကြီးတဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်နေကြပြီး  ဒီလူတွေရဲ့ စိတ်ဓါတ်ကို ဖမ်းဆီးမှုနဲ့ တားဆီးလို့ ဘယ်တော့မှ မရပါဘူး။ ဘာကောင်မှ တားဆီးလို့မရပါဘူး။ဘယ်  အဆင်မပြေမှုကလည်း တားဆီးလို့မရပါဘူး။ အတိတ်က သင်ခန်းစာယူဖို့ ကျင်းပနေတဲ့ ဒီအချိန်မှာ အတိတ်က သင်ခန်းစာမျိုး နောက်တခါ ထပ်ယူစရာမလိုအောင် ဖမ်းဆီးထားတဲ့ သူများကို လွှတ်ပေးဖို့  ထပ်တောင်းဆိုလိုက်ပါတယ်..ဒီထက်တောင်းဆိုမှုတွေမလိုက်ရောရင် ပြည်သူလူထုကြီးလမ်းမပေါ်ရောက်အောင် လှုပ်ဆော်ရပါလိမ့်မယ်..။ရင်ထဲမှာမချိအောင်ခံစားရနေတဲ့ မျိုးဆက်သစ်များ သူတို့ သမိုင်းမှာ မကြာခင်သမိုင်းစာမျက်နှာအသစ်ကိုထပ်ဖွင်ဖို့ တောင်းဆိုရင်း......
ဗက သကျောင်းသားတွေမြင်းခွာသံ တချက်ပေါက်ရင် ဗမာပြည် မီးဟုန်းဟုန်းတောက်စေရမည်..
သံသရာ အကြွေးတွေမကုန်ခင်   မင်းတို့ လွတ်မယ့် နေ့ ရက်အချိန်ကို လက်ချိုးပြီးစောင့်နေမယ်...
ကိုထွန်းဝေ
by Tun Wai on Saturday, July 7, 2012 at 2:21pm ·
ဒေါ်အောင်ဆန်းစုကြည် တည်းဖို့ နေပြည်တော် အိမ်ကိစ္စ
Sunday, July 08, 2012
အိမ့်သံစဉ်
ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် နေပြည်တော်က လွှတ်တော်အစည်းအဝေးတွေကို စတင် တက်ရောက်တော့မှာပါ။ ဒါပေမယ့် နေပြည်တော်မှာ တည်းခို နေထိုင်ဖို့ အိမ်ငှားခဲ့တာ အခက်အခဲတွေ အများကြီး တွေ့ခဲ့တယ်လို့ သိရပါတယ်။
အခုတော့ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည် တည်းခိုဖို့ နေပြည်တော်က အိမ်ငှားကိစ္စ အဆင်ပြေသွားတာ ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်သူ တဦးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို ရေးသား ထားပါတယ်။
"အမေ နေပြည်တော်မှာ နေဖို့ ပထမ ဦးခွန်သာ သွားစီစဉ်တဲ့ ညွှန်ချုပ်ဟောင်း နေအိမ်ကိုလည်း စာချုပ်ပြီးမှ အဲသည်အိမ်ရှင်ကိုတိုင် အမေ့ကို လာပြီး တောင်းပန်ရှာတယ် ၊ သူ မငှားနိုင်တော့ ပါဘူးတဲ့ ၊
ဒုတိယအကြိမ် လေတပ်အရာရှိဟောင်း ကိုတင်မောင်ထွန်းရဲ့ အိမ်ကိုလည်း ငှားပြီး ပရိဘောဂ တွေတောင် စီစဉ်ပြီးမှ သက်ဆိုင်ရာက ခေါ်ယူမေးမြန်းလို့ အမေက အားနာလို့ နောက်ဆုတ်ခဲ့ပါတယ် ......
ဥရောပ ခရီးစဉ် မစခင် 'သားတို့ ၊ ရရာအိမ်ငှား ၊ တဲဆိုလည်း အမေနေမယ်' လို့ မှာခဲ့ပါတယ်။ အခုတော့ အမေ့အတွက်ဆို ဘာဖြစ်ဖြစ် ငှားမယ်ဆိုတဲ့ အိမ်ရှင်နဲ့ တွေ့သွားလို့ စိတ်အေးရပါပြီ"တဲ့။
သမ္မတ အကြံပေးကောင်စီဖွဲ့လိုက်ပြီ
သမ္မတ ဦးသိန်းစိန် ၊ ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုဒ် စာမျက်နှာ
ကဲ။ အခုတော့ သမ္မတ အကြံပေးကောင်စီဆိုပြီး ဖွဲ့လိုက်ပါပြီ။ အကြံပေးကောင်စီမှာ ပါဝင်တဲ့ လူစာရင်းလည်း ရလို့ တင်ပြပေးလိုက်ပါတယ်။ အရင်ကတော့ သမ္မတရဲ့ စီးပွားရေးအကြံပေးအဖွဲ့၊ နိုင်ငံရေး အကြံပေးအဖွဲ့ဆို တာတွေ ရှိခဲ့ကြပါတယ်။ အခုကတော့ အကြံပေး ကောင်စီဆိုတော့ အရင်ထက်စာရင် ဖွဲ့စည်းပုံတကျ ဖွဲ့စည်းတဲ့ သဘောလည်း ဖြစ်ပါလိမ့်မယ်။
၁။ ဦးမော်သန်း (နာယက)
၂။ ဦးတင်ထွဋ်ဦး (ဥက္ကဋ္ဌ)
၃။ ဒေါက်တာ အောင်ထွန်းသက် (အဖွဲ့ဝင်)
၎။ ဒေါက်တာ ဒေါ်ခင်စန်းရီ (အဖွဲ့ဝင်)
၅။ ဒေါက်တာ ကျော်ရင်လှိုင်(အဖွဲ့ဝင်)
၆။ ဒေါက်တာ ဇော်ဦး (အဖွဲ့ဝင်) ( ယခင် ABSDF ခေါင်းဆောင်ဟောင်း)
၇။ ဦးသီဟံမျိုးညွန့် (အဖွဲ့ဝင်)
၈။ ဦးသန့်မြင့်ဦး (အဖွဲ့ဝင်) ( ကုလ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မြေး )
၉။ ဦးတင်မောင်သန်း (အဖွဲ့ဝင်)
၁၀။ ဦးဝင်းအောင် (အဖွဲ့ဝင်)
၁၁။ ဦးသောင်းတင် (အဖွဲ့ဝင်)
၁၂။ ဒေါက်တာ ကိုကိုကြီး (အဖွဲ့ဝင်)
၁၃။ ဦးသန်းလွင် (အဖွဲ့ဝင်)
၁၄။ ဦးခင်မောင်အေး (အဖွဲ့ဝင်)
၁၅။ ဦးလှမောင်ရွှေ (အဖွဲ့ဝင်) ( မြန်မာ- အီးဂရက်စ် - ငါးလုပ်ငန်း)
၁၆။ ဦးမိုးကျော် (အဖွဲ့ဝင်)
၁၇။ ဒေါက်တာ ဒေါ်ရင်ရင်နွယ် (အဖွဲ့ဝင်)
၁၈။ ဒေါက်တာ စစ်အောင် (အတွင်းရေးမှူး)
အခု ဖွဲ့စည်းလိုက်တဲ့ သမ္မတ အကြံပေးကောင်စီဟာ ဘာတွေ ဘယ်က စလုပ်မလဲ ဆိုတာလည်း ကြေညာချက် လိုမျိုးလည်း ပေါ်ထွက်မလာသေးသလို၊ သမ္မတရုံးရဲ့ အင်တာနက် စာမျက်နှာပေါ်လည်း တက်မလာသေးပါဘူး။
ဒီသတင်းကို သီးခြား အတည်ပြုချက် ယူဖို့ ဧရာဝတီက ကြိုးစားနေပါတယ်။
Burma ဆိုသည်မှာ အင်္ဂလိပ်စကားလား
Ma Latt Latt Soe
အငြိမ်းစားသံအမတ်ကြီး ၀ဏကျော်ထင် ဦးသက်ထွန်းရဲ့ နောက်ဆုံး ဆောင်းပါး (မကွယ်လွန်မီ ၂ရက်အလိုတွင် ပြည်သူ့ခေတ်ဂျာနယ်အတွက် ရည်ရွယ် ရေးသားခဲ့ခြင်းဖြစ်သည်)
ဆဲဗင်းဂျူလိုင်ကိုဘာကြောင့်မမေ့သင့်သလဲ
ဦးထွန်းအောင်ကျော်
ဆဲဗင်းဂျူလိုင်ကိုဘာကြောင့်မမေ့သင့်သလဲ??- ရေးသူ-ထွန်းအောင်ကျော်
0 Comments - 08 Jul 2012
ကျောင်းသားသမဂ္ဂဖွဲ့စည်းခြင်းနှင့်ကျောင်းသားသမဂ္ဂအဆောက်အဦတည်ဆောက်ခြင်းသည်အမျိုးသားရေးဖြစ်သည်၊လက်ရှိအစိုးရဆန့်ကျင်ရေးမဟုတ်သည်ကိုတော့ရှင်းရှင်းလင်းလင်းရှုမြင်နိုင်ဖို့လိုပါသည်။အဓိပ္ပါယ်မဲ့လူစုခွဲရန်ရည်ရွယ်ချက်သက်သက်ဖြင့်ဖွဲ့ထားသော အရည်အချင်းမပြည့်မှီသည့် နယ်စွန်နယ်ဖျားရပ်ဝေးကောလိပ်များကိုပိတ်ပြီး တက္ကသိုလ်ကျောင်းသားများ၏လွတ်လပ်စွာဘာသာရပ် အားလုံးကိုလေ့လာခွင့်၊ ဆွေးနွေးခွင့်၊ဝေဖန်ခွင့်တို့ကို ရဲရဲပေးရဲဖို့လိုပေသည်။ ၁၉၆၂ခုနှစ်ဂျူလိုင်လ၇ရက်ဟာမြန်မာနိုင်ငံ...
More Link
ပြန်လည် လွတ်မြောက်ခဲ့သော ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ကျောင်းသားခေါင်းဆောင်များအား ၈၈ ရုံးခန်းတွင် ကြိုဆိုပွဲနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့
0 Comments - 08 Jul 2012
ဇူလိုင်လ (၇) ရက်နေ့ ည ၉နာရီခန့်တွင် ပြန်လည် လွတ်မြောက်ခဲ့သော ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ကျောင်းသားခေါင်းဆောင်များအား ဇူလိုင်လ (၉) နာရီခွဲခန့်၌ ၈၈ ရုံးခန်းတွင် ကြိုဆိုပွဲနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။"သူတို့ပြောတာကတော့ ကျောင်းသားသမဂ္ဂဆိုတာ တရားဝင်အဖွဲ့အစည်း မဟုတ်တဲ့အတွက် အခုလိုပွဲမျိုးတွေကို လုပ်ခွင့်မရှိဘူး။ နောက်ပြီး ကျွန်တော်တို့ကို ခေါ်ယူ ထိန်းသိမ်းတယ်လို့ မပြောဘူး။ ခေါ်ယူဆွေးနွေးတာလို့ပဲ ပြောတယ်။ ဒီပွဲအတွက် ခေါ်ယူဆွေးနွေးတာ။ ပွဲ...
More Lin
ကျောင်းသားသမဂ္ဂဖွဲ့စည်းခြင်းနှင့်ကျောင်းသားသမဂ္ဂအဆောက်အဦတည်ဆောက်ခြင်းသည်အမျိုးသားရေးဖြစ်သည်၊လက်ရှိအစိုးရဆန့်ကျင်ရေးမဟုတ်သည်ကိုတော့ရှင်းရှင်းလင်းလင်းရှုမြင်နိုင်ဖို့လိုပါသည်။အဓိပ္ပါယ်မဲ့လူစုခွဲရန်ရည်ရွယ်ချက်သက်သက်ဖြင့်ဖွဲ့ထားသော အရည်အချင်းမပြည့်မှီသည့် နယ်စွန်နယ်ဖျားရပ်ဝေးကောလိပ်များကိုပိတ်ပြီး တက္ကသိုလ်ကျောင်းသားများ၏လွတ်လပ်စွာဘာသာရပ် အားလုံးကိုလေ့လာခွင့်၊ ဆွေးနွေးခွင့်၊ဝေဖန်ခွင့်တို့ကို ရဲရဲပေးရဲဖို့လိုပေသည်။ 
၁၉၆၂ခုနှစ်ဂျူလိုင်လ၇ရက်ဟာမြန်မာနိုင်ငံရဲ့ကံဆိုးမိုးမှောင်ကျတဲ့နေ့၊အနာဂါတ်ခေါင်းဆောင် တိုင်းပြည်အညွန့်အဖူးများ အညွန့်ချိုးခံရသည့်နေ့၊ တိုင်းပြည်ချစ်ခေါင်းဆောင်များ ထွက် ပေါ်ရာ ရေသောက် မြစ်ကြီးတူးထုတ်ဖြတ်တောက်ခံရတဲ့ နေ့ဆိုလျှင်မမှားနိုင်။
ကိုအောင်ဆန်း၊ ကိုနု၊ ကိုဗဟိန်း၊ ကိုဗဆွေ၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေ၊ ကို ညိုမြ စသည့်မျိုးချစ် ကျောင်းသား ခေါင်းဆောင်များတကသဆောက်အဦကြီးထဲတွင်ဆွေးနွေးငြင်းခုံရင်းတိုင်းပြည်ခေါင်း ဆောင်များအဆင့်သို့ တက်လှမ်းရောက်ရှိလာခဲ့ကြသည်မှာတရားဝင်ကျောင်းသားသမဂ္ဂတည်ရှိနေ၍ ဖြစ်သည်။ အမှန်စဉ်စစ်ကျောင်းသားသမဂ္ဂသည်ကျောင်းသားထု၏မီးရှူးတန်ဆောင်ဖြစ်သလိုတိုင်းပြည်ကိုချစ် မြတ်နိုးသည့်နှလုံးရည်လက်ရုံးရည်ပြည့်ဝသည့်အနာဂါတ်ခေါင်းဆောင်များမွေးထုတ်ပေးရာဗဟိုချက်မ ကြီးဖြစ်သည်။
စစ်အာဏာရှင်စံနစ်ကိုထူထောင်တော့မည်ကိုသိသိချင်းစတင်တော်လှန်ကြသူတို့မှာနိုင်ငံရေးအရအမြဲနိုးကြားမှု ရှိနေသောကျောင်းသားများကပထမဆုံးဖြစ်သည်။ ထိုကြောင့်မြန်မာ့သမိုင်းတွင် အမဲစက် ကြီး အဖြစ်စစ်တပ်မှ ကျောင်းသားများကိုဂျာမန်လုပ် ဂျီသရီး အော်တိုမစ်တစ် သေနတ်များဖြင့် ရက် စက်စွာ ဂျူလိုင် လ ၇ ရက်နေ့တွင် သတ်ဖြတ်ခဲ့ပြီး၊ကျူပင်ခုတ်ကျူငုတ်မကျန် ဆိုသည့်အတွေးတိမ် တိမ်ထားပြီး၊ နောက်တရက် ဂျူလိုင်၈ ရက်နေ့တွင်ကိုလိုနီစံနစ်ကိုတိုက်ပွဲဝင် ရာတွင်ရှေ့တန်းမှပါဝင်ခဲ့ သည့်ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို မိုက်ရိုင်းစွာ ဒိုင်းနမိုက်နှင့် ဖေါက်ခွဲဖျက်စီးပစ်ပြီးကျောင်း သား များ၏ရပိုင်ခွင့်များကိုတင်းကြပ်စွာ ပိတ်ပင်တားဆီးလာခဲ့ သည်မှာ ယနေ့အခြေအနေရောက်သည့် အထိပင်ဖြစ်သည်။
၁၉၆၂ခုနှစ်မှ ယနေ့အထိကျောင်းသားများစာသင်ခန်းများတွင်ကမ္ဘာအဆင့်မှီပညာရေးသင်ကြားခွင့်မရ ခြင်း၊ ပြည်တွင်းပညာရေးစံနစ်ကြီးတခုလုံးခြစားပျက်စီးနေမှုကိုဆန့်ကျင်ပြောဆိုပေးမည့်ကျောင်:သား သမဂ္ဂမရှိခြင်း၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီးတွင်မဟာဝိဇ္ဇာတန်းသာတက်ရောက်ခွင့်ပြုပြီး၊ ပထမ နှစ်မှနောက်ဆုံးနှစ်ကျောင်းသားများ ကို နယ်စွန်နယ်ဖျားတွင်သင်ကြားမှုပစ္စည်းမပြည့်စုံသော၊ အရည် အချင်းမမှီသောဆရာဆရာမများနှင့် သင်ကြားစေပြီး မြန်မြန်အောင် မြန်မြန်ကျောင်းကထွက်ရင် ပြီးရော ဆိုသည် အလွန်သေးသိမ်သောအတွေးအခေါ်ဖြင့်ကျောင်းသားထု ကိုဖြိုခွဲထားရေး၊ အဆင့် မြင့် ပညာ ရေးသည်အရေးမကြီး မိမိအာဏာတည်မြဲရေးသည်သာအရေးဖြစ်သည် ဟူသောမျိုးချစ်စိတ်ဓါတ်ကင်းမဲ့ပြီးအလွန်အောက်တန်းကျသည့်အတွေးအခေါ်ဖြင့်စစ်ခေါင်းဆောင်များကကျောင်းသားထုကိုဖိ နှိပ်ထားခဲ့သည်။ တဖက်မှာလည်းမိမိသားသမီးများကိုမူနိုင်ငံခြားတိုင်းပြည်များတွင်စေလွှတ်ပညာသင် ကြားစေခြင်းဖြင့်တကိုယ်ကောင်းဆန်ခဲ့ကြသည်။
ထိုဆိုးဝါးလွန်းသည့်အခြေအနေကိုပြောင်းလဲရန်မှာကျောင်းသားထုအတွင်းဂျူလိုင်ဆဲဗင်းစိတ်ဓါတ်ရှိရန်အထူးလိုအပ်သည်။ ယနေ့ဆိုလျှင် နှစ်၅၀ ပြည့်သိုပင်ရောက်ရှိလာခဲ့ပေပြီ၊ ကျောင်းသားထုကား မလွတ်လပ်သေး၊ အဖိနှိပ်ခံနေရစဲ၊တိုက်ပွဲဝင်နေရစဲဖြစ်သည်၊ မြန်မာနိုင်ငံကိုတိုးတက်ဖွံ့ဖြိုးသောနိုင်ငံဘဝသို့ရောက်စေလိုလျှင်ကျောင်းသားများ၏လွတ်လပ်ခွင့်၊ရပိုင်ခွင့်များကိုပေးရမည်။ တိုင်းပြည်တခုတိုးတက်ဖွံ့ဖြိုးရန်မှာ လူသားရင်းမြစ်သည်အဓိကဖြစ်သည်၊ သဘာဝရင်းမြစ်မဟုတ်။ သဘာဝရင်းမြစ်ကြွယ်ဝမှုသည်မဖွံ့ဖြိုးသေးသောနိုင်ငံများတွင်အာဏာရှင်စံနစ်ကိုပေါ်ပေါက်စေသည့်ဆိုးကျိုးကိုပင်ဖြစ်ပေါ်စေသည်။ မြန်မာနိုင်ငံသည်သဘာဝရင်းမြစ်ကျိမ်စာသင့်နေသောမဖွံ့ဖြိုးသေးသည့်နိုင်ငံများထဲမှတနိုင်ငံဖြစ်သည်။
မြန်မာနိုင်ငံတွင်ရှိသည့် ကျွန်းသစ်တောများ၊ ကျောက်မျက်ရတနာများ၊ သဘာဝဓါတ်ငွေ့များ၊ သတ္ထုတွင်းများ၊
ဆည်ဆောက်ရန်အင်အားရှိသည့်မြစ်ကြီးများ၊ ပင်လယ်ရေထွက်ငါးပုဇွန်များ၊ စသည်တို့သည်၊ အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများကိုမျက်စိကျစရာဖြစ်စေခဲ့ပြီးစစ်ဗိုလ်ချုပ်များနှင့်လက်ဝါးရိုက်၍သဘာဝသံယံဇာတများကိုဖေါ်ဖေါ်သီသီဝယ်ယူ၍ကိုယ်ကျိုးရှာအမြတ်ထုတ်ခဲ့ကြသည်၊ထိုနိုငံခြားလုပ်ငန်းရှင်များသည်လူ့အခွင့်အရေး၊လူလူချင်းစာနာထောက်ထားမှု၊ပတ်ဝန်းကျင်ညစ်ညမ်းမှုစသည်တို့ကိုဂရုပြုအလေးထားခြင်းမရှိချေ၊ မိမိတို့အကျိုးအမြတ်အတွက်သာအလေးထားသဖြင့် ပြည်သူတို့နှင့်တိုင်းပြည်အတွက်အထူးနှစ်နာဆုံးရှုံးမှုဖြစ်ခဲ့ရသည်မှာယနေ့တိုင်ပင်ဖြစ်သည်။
ထို့ကြောင့်လူသားအရင်းအမြစ်သည်သာမြန်မာနိုင်ငံ၏ထွက်ပေါက်ဖြစ်သည်၊ကမ္ဘာ့ထိပ်တန်းစက်မှုနိုင်ငံတခုဖြစ်သည့်ဂျပန်နိုင်ငံသည်သဘာဝရင်းမြစ်ချို့တဲ့သောနိုင်ငံဖြစ်သော်လည်းလူသားရင်းမြစ်အင်အားကောင်းသောပညာတတ်ပေါကြွယ်ဝသောနိုင်ငံဖြစ်သည်။ ထို့ကြောင့်ကမ္ဘာ့နှင့်ရင်ဘောင်တန်းနိုင် သောနိုင်ငံအဖြစ်ရပ်သည်လျက်ရှိသည်။
ထိုကဲ့သိုသောတိုးတက်ဖွံ့ဖြိုးသောနိုင်ငံဖြစ်ရန်မှာကျောင်းသားအခွင့်အရေးကိုကာကွယ်ပေးသောကျောင်းသားသမဂ္ဂပေါ်ပေါက်လာရန်အလွန်အရေးကြီးသည်၊ ထို့ပြင်ဖေါက်ခွဲဖျက်စီးခံလိုက်ရသောကျောင်းသားသမဂ္ဂအဆောက်အဦကြီးပေါ်ပေါက်လာရန်မှာလည်းမရှိမဖြစ်လိုအပ်လှပေသည်။ ကျောင်းသားသမဂ္ဂသည်ကျောင်းသားလွှတ်တော်ပင်ဖြစ်သည်၊ ကျောင်းသားများနိုင်ငံရေးမလုပ်ရဆို သည်မှာမှားယွင်းသောစစ်အာဏားရူးများ၏ကိုယ်ကျိုးကြည့်အတွေးအခေါ်ဖြစ်သည်၊ လုံးဝမှားယွင်းပြီး အရည်အချင်းရှိတိုင်းပြည်ခေါင်းဆောင်များမပေါ်ပေါက်စေရန်တလမ်းသွားအတွေးအခေါ်ဖြင့်ပိတ်ဆို့မှုသာဖြစ်သည်။ အမေရိကန်နိုင်ငံတွင်ကျောင်းသားများလွတ်လပ်စွာသမဂ္ဂများတွင်ဝင်ရောက်ခွင့်ရှိပြီးမိမိတို့သင်ရိုးညွန်းတမ်းများကိုကျောင်အာဏာပိုင်များနှင့်ဆွေးနွေးညှိနှိုင်းခွင့်ရှိသည်။တချို့ထူးချွန်သောကျောင်းသားများအတွက်ကျောင်းသင်ရိုးညွှန်းတန်းတွင်မရှိသည့်အတွက်သီးသန့် ဘာသာရပ်ကိုကျောင်းမှဖန်တီးပေးရ သည် လည်းရှိသည်။
ကျောင်းသားများနိုင်ငံရေးပါတီများကိုဝင်ရောက်ခွင့်၊မိမိပါဝင်သော ပါတီကို ကျောင်းများတွင်မဲဆွယ်ခွင့်၊ စည်းရုံးခွင့်ရှိသည့်အပြင်၊ ဆီးနိတ်တာများ၊ ကွန်ဂရက်လွှတ်တော် အမတ် များရုံးများတွင် အင်တမ်း (Intern) အဖြစ်လုပ်ကိုင်ပြီးအထက်လွှတ်တော်၊အောက်လွှတ်တော်တို့တွင်ရှိဆွေးနွေးပွဲများကိုတက်ရောက်နားထောင်ခွင့်မှတ်တမ်းတင်နိုင်ခွင့်ရှိကြသဖြင့်နိုင်ငံရေးကိုထဲထဲဝင်ဝင်ရှိပြီးကျောင်းပြီးသည့်အခါအရည်အချင်းအလိုက်အထက်လွှတ်တော်၊အောက်လွှတ်တော်တို့တွင်ဝင်ရောက်လုပ်ကိုင်ကြပြီး၊အတွေ့အကြုံရလာသည့်အခါလစ်လပ်သွားသောနေရာများတွင်ဝင်ရောက် ယှဉ်ပြိုင်ကြပြီးလွှတ်တော်အမတ်များဖြစ်လာကြသည်။ အမေရိကန်သမတအိုဘားမားသည် ဟားဘတ် တက္ကသိုလ် ကျောင်းသား သမဂ္ဂဥက္ကဌဘဝမှလွှတ်တော်အမတ်ဖြစ်လာသူဖြစ်သည်။
ဆဲဗင်းဂျူလိုင်နှစ်၅၀ အထိမ်းအမှတ်ကိုကျင်းပရန်ဆောင်ရွက်နေကြသောဒီငြိမ်းလင်းနှင့်ကျော်ကိုကို တို့အုပ်စုများအားအစိုးရမှယာယီထိန်းသိမ်းပြီးပြန်လွှတ်လိုက်ခြင်းသည်အစိုးရမှအစိုးရိမ်လွန်နေသည်ဟုမြင်သည်၊ လူငယ်များ၏လွတ်လပ်ခွင့်ကိုရဲရဲတင်းတင်းပေးစေချင်သည်။ ၁၉၈၈ခုနှစ်ကယာယီ သမတဖြစ်ခဲ့ဘူးသောဦးမောင်မောင်က “ ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကိုအတူတကွ လက်တွဲပြီး အုတ်မြစ်ချကြရအောင်”စကားဆိုခဲ့ဘူးသည်။ ဦးသိန်းစိန်အနေနှင့်လက်တွေ့ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကိုမတည်ဆောက်နိုင်အုံးတော့ ကျောင်းသားသမဂ္ဂအဆောက်အဦကိုကိုယ်ထူကိုယ်ထစံနစ်ဖြင့်တည်ဆောက်ခွင့်ပေးလျှင်မြန်မာနိုင်ငံတွင်ခေါင်းဆောင်ပြတ်လပ်နေမှုကိုအကြာမှီအချိန်တိုအတွင်းဖြည့်ဆည်းနိုင်ပေလိမ့်မည်။ လက်ရှိကျောင်းတက်နေသောကျောင်းသားများအားလုံးတွင်ကျောင်းသားသမဂ္ဂတရားဝင်ပေါ်ပေါက် ရေးနှင့်ကျောင်းသားသမဂ္ဂအဆောက်အဦဆောက်လုပ်ရေးသည်တာဝန်တရပ်ဖြစ်ကြောင်းအသိရှိကြဖို့ လိုပေသည်။ ကျွနုပ်တို့ပြည်ပရောက်ကျောင်းသားဟောင်းကြီးများကလဲကျောင်းသားသမဂ္ဂအဆောက်အဦဆောက်လုပ်ကြမည်ဆိုလျှင်ရန်ပုံငွေကိုအားတက်သရောထည့်ဝင်ကြမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။
ကျောင်းသားသမဂ္ဂဖွဲ့စည်းခြင်းနှင့်ကျောင်းသားသမဂ္ဂအဆောက်အဦတည်ဆောက်ခြင်းသည်အမျိုးသားရေးဖြစ်သည်၊လက်ရှိအစိုးရဆန့်ကျင်ရေးမဟုတ်သည်ကိုတော့ရှင်းရှင်းလင်းလင်းရှုမြင်နိုင်ဖို့လိုပါသည်။အဓိပ္ပါယ်မဲ့လူစုခွဲရန်ရည်ရွယ်ချက်သက်သက်ဖြင့်ဖွဲ့ထားသောအရည်အချင်းမပြည့်မှီသည့်နယ်စွန်နယ်ဖျားရပ်ဝေးကောလိပ်များကိုပိတ်ပြီးတက္ကသိုလ်ကျောင်းသားများ၏လွတ်လပ်စွာဘာသာရပ် အားလုံးကိုလေ့လာခွင့်၊ ဆွေးနွေးခွင့်၊ဝေဖန်ခွင့်တို့ကိုရဲရဲပေးရဲဖို့လိုပေသည်။ ထိုကျောင်းသားလူငယ်များ၏စွမ်းအားကိုယုံကြည်ဖို့၊မြှင့်တင်အားပေးဖို့၊ရန်ကုန်တက္ကသိုလ်ကြီးတွင် ယ္ခင်အတိုင်း လူသစ်တန်းများပြန်လည်သင်ကြားတက်ရောက်ခွင့်၊ တက္ကသိုလ်ကောလိပ်များ ပညာရေး ဖလှယ်ပွဲများ၊ ကျောင်းသားအားကစားပွဲများကိုကျင်းပပေးခြင်းဖြင့်အစိုးရမှကျောင်းသားထုညီညွတ်ရေး ကိုအားပေးရဲဖို့လိုပေသည်။ မြန်မာနိုင်ငံကမ္ဘာအဆင့်မှီတိုးတက်ဖွံ့ဖြိုးရေးအတွက်လူသားအရင်းအမြစ်များဖြစ်သောကျောင်းသား၏အရည်အသွေးစွမ်းရည်ကိုအထူးမြှင့်တင်ပေးရမည့်အသိအုပ်ချုပ်သူတို့ထံတွင်ဝင်ရောက်သွားလျှင်မြန်မာပြည်အမှန်တကယ်တိုးတက်တော့မည်ဖြစ်သည်။
လက်တစုပ်စာဗိုလ်သင်တန်းဆင်းအင်ဂျင်နီယာများ၊ဆရာဝန်များလောက်နှင့်တိုင်းပြည်ကိုရှေ့ဆောင်နေလျှင်တဖြေးဖြေးလုံးပါးပါးဖို့သာရှိပေသည်။
မြန်မာပြည်တွင်ပြည်သူချစ်မြတ်နိုးသောအနာဂါတ်မျိုးချစ်ခေါင်းဆောင်များပေါ်ထွန်းရေးကိုရှေးရှုလျက်
ထွန်းအောင်ကျော်
ဂျူလိုင် ၇ ရက်၊ ၂၀၁၂
နံနက် ၇နာ၇ီ ၂၈မိနစ်
ခေတ္တ နယူးယောက်မြို့ ၊ အမေရိက