Sunday, July 8, 2012

ဆဲဗင်းဂျူလိုင်ကိုဘာကြောင့်မမေ့သင့်သလဲ









ဦးထွန်းအောင်ကျော်

ဆဲဗင်းဂျူလိုင်ကိုဘာကြောင့်မမေ့သင့်သလဲ??- ရေးသူ-ထွန်းအောင်ကျော်
0 Comments - 08 Jul 2012
ကျောင်းသားသမဂ္ဂဖွဲ့စည်းခြင်းနှင့်ကျောင်းသားသမဂ္ဂအဆောက်အဦတည်ဆောက်ခြင်းသည်အမျိုးသားရေးဖြစ်သည်၊လက်ရှိအစိုးရဆန့်ကျင်ရေးမဟုတ်သည်ကိုတော့ရှင်းရှင်းလင်းလင်းရှုမြင်နိုင်ဖို့လိုပါသည်။အဓိပ္ပါယ်မဲ့လူစုခွဲရန်ရည်ရွယ်ချက်သက်သက်ဖြင့်ဖွဲ့ထားသော အရည်အချင်းမပြည့်မှီသည့် နယ်စွန်နယ်ဖျားရပ်ဝေးကောလိပ်များကိုပိတ်ပြီး တက္ကသိုလ်ကျောင်းသားများ၏လွတ်လပ်စွာဘာသာရပ် အားလုံးကိုလေ့လာခွင့်၊ ဆွေးနွေးခွင့်၊ဝေဖန်ခွင့်တို့ကို ရဲရဲပေးရဲဖို့လိုပေသည်။ ၁၉၆၂ခုနှစ်ဂျူလိုင်လ၇ရက်ဟာမြန်မာနိုင်ငံ...

More Link
ပြန်လည် လွတ်မြောက်ခဲ့သော ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ကျောင်းသားခေါင်းဆောင်များအား ၈၈ ရုံးခန်းတွင် ကြိုဆိုပွဲနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့
0 Comments - 08 Jul 2012
ဇူလိုင်လ (၇) ရက်နေ့ ည ၉နာရီခန့်တွင် ပြန်လည် လွတ်မြောက်ခဲ့သော ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ကျောင်းသားခေါင်းဆောင်များအား ဇူလိုင်လ (၉) နာရီခွဲခန့်၌ ၈၈ ရုံးခန်းတွင် ကြိုဆိုပွဲနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။"သူတို့ပြောတာကတော့ ကျောင်းသားသမဂ္ဂဆိုတာ တရားဝင်အဖွဲ့အစည်း မဟုတ်တဲ့အတွက် အခုလိုပွဲမျိုးတွေကို လုပ်ခွင့်မရှိဘူး။ နောက်ပြီး ကျွန်တော်တို့ကို ခေါ်ယူ ထိန်းသိမ်းတယ်လို့ မပြောဘူး။ ခေါ်ယူဆွေးနွေးတာလို့ပဲ ပြောတယ်။ ဒီပွဲအတွက် ခေါ်ယူဆွေးနွေးတာ။ ပွဲ...

More Lin

 
 
 
 

ကျောင်းသားသမဂ္ဂဖွဲ့စည်းခြင်းနှင့်ကျောင်းသားသမဂ္ဂအဆောက်အဦတည်ဆောက်ခြင်းသည်အမျိုးသားရေးဖြစ်သည်၊လက်ရှိအစိုးရဆန့်ကျင်ရေးမဟုတ်သည်ကိုတော့ရှင်းရှင်းလင်းလင်းရှုမြင်နိုင်ဖို့လိုပါသည်။အဓိပ္ပါယ်မဲ့လူစုခွဲရန်ရည်ရွယ်ချက်သက်သက်ဖြင့်ဖွဲ့ထားသော အရည်အချင်းမပြည့်မှီသည့် နယ်စွန်နယ်ဖျားရပ်ဝေးကောလိပ်များကိုပိတ်ပြီး တက္ကသိုလ်ကျောင်းသားများ၏လွတ်လပ်စွာဘာသာရပ် အားလုံးကိုလေ့လာခွင့်၊ ဆွေးနွေးခွင့်၊ဝေဖန်ခွင့်တို့ကို ရဲရဲပေးရဲဖို့လိုပေသည်။ 

၁၉၆၂ခုနှစ်ဂျူလိုင်လ၇ရက်ဟာမြန်မာနိုင်ငံရဲ့ကံဆိုးမိုးမှောင်ကျတဲ့နေ့၊အနာဂါတ်ခေါင်းဆောင် တိုင်းပြည်အညွန့်အဖူးများ အညွန့်ချိုးခံရသည့်နေ့၊ တိုင်းပြည်ချစ်ခေါင်းဆောင်များ ထွက် ပေါ်ရာ ရေသောက် မြစ်ကြီးတူးထုတ်ဖြတ်တောက်ခံရတဲ့ နေ့ဆိုလျှင်မမှားနိုင်။

ကိုအောင်ဆန်း၊ ကိုနု၊ ကိုဗဟိန်း၊ ကိုဗဆွေ၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေ၊ ကို ညိုမြ စသည့်မျိုးချစ် ကျောင်းသား ခေါင်းဆောင်များတကသဆောက်အဦကြီးထဲတွင်ဆွေးနွေးငြင်းခုံရင်းတိုင်းပြည်ခေါင်း ဆောင်များအဆင့်သို့ တက်လှမ်းရောက်ရှိလာခဲ့ကြသည်မှာတရားဝင်ကျောင်းသားသမဂ္ဂတည်ရှိနေ၍ ဖြစ်သည်။ အမှန်စဉ်စစ်ကျောင်းသားသမဂ္ဂသည်ကျောင်းသားထု၏မီးရှူးတန်ဆောင်ဖြစ်သလိုတိုင်းပြည်ကိုချစ် မြတ်နိုးသည့်နှလုံးရည်လက်ရုံးရည်ပြည့်ဝသည့်အနာဂါတ်ခေါင်းဆောင်များမွေးထုတ်ပေးရာဗဟိုချက်မ ကြီးဖြစ်သည်။

စစ်အာဏာရှင်စံနစ်ကိုထူထောင်တော့မည်ကိုသိသိချင်းစတင်တော်လှန်ကြသူတို့မှာနိုင်ငံရေးအရအမြဲနိုးကြားမှု ရှိနေသောကျောင်းသားများကပထမဆုံးဖြစ်သည်။ ထိုကြောင့်မြန်မာ့သမိုင်းတွင် အမဲစက် ကြီး အဖြစ်စစ်တပ်မှ ကျောင်းသားများကိုဂျာမန်လုပ် ဂျီသရီး အော်တိုမစ်တစ် သေနတ်များဖြင့် ရက် စက်စွာ ဂျူလိုင် လ ၇ ရက်နေ့တွင် သတ်ဖြတ်ခဲ့ပြီး၊ကျူပင်ခုတ်ကျူငုတ်မကျန် ဆိုသည့်အတွေးတိမ် တိမ်ထားပြီး၊ နောက်တရက် ဂျူလိုင်၈ ရက်နေ့တွင်ကိုလိုနီစံနစ်ကိုတိုက်ပွဲဝင် ရာတွင်ရှေ့တန်းမှပါဝင်ခဲ့ သည့်ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို မိုက်ရိုင်းစွာ ဒိုင်းနမိုက်နှင့် ဖေါက်ခွဲဖျက်စီးပစ်ပြီးကျောင်း သား များ၏ရပိုင်ခွင့်များကိုတင်းကြပ်စွာ ပိတ်ပင်တားဆီးလာခဲ့ သည်မှာ ယနေ့အခြေအနေရောက်သည့် အထိပင်ဖြစ်သည်။

၁၉၆၂ခုနှစ်မှ ယနေ့အထိကျောင်းသားများစာသင်ခန်းများတွင်ကမ္ဘာအဆင့်မှီပညာရေးသင်ကြားခွင့်မရ ခြင်း၊ ပြည်တွင်းပညာရေးစံနစ်ကြီးတခုလုံးခြစားပျက်စီးနေမှုကိုဆန့်ကျင်ပြောဆိုပေးမည့်ကျောင်:သား သမဂ္ဂမရှိခြင်း၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကြီးတွင်မဟာဝိဇ္ဇာတန်းသာတက်ရောက်ခွင့်ပြုပြီး၊ ပထမ နှစ်မှနောက်ဆုံးနှစ်ကျောင်းသားများ ကို နယ်စွန်နယ်ဖျားတွင်သင်ကြားမှုပစ္စည်းမပြည့်စုံသော၊ အရည် အချင်းမမှီသောဆရာဆရာမများနှင့် သင်ကြားစေပြီး မြန်မြန်အောင် မြန်မြန်ကျောင်းကထွက်ရင် ပြီးရော ဆိုသည် အလွန်သေးသိမ်သောအတွေးအခေါ်ဖြင့်ကျောင်းသားထု ကိုဖြိုခွဲထားရေး၊ အဆင့် မြင့် ပညာ ရေးသည်အရေးမကြီး မိမိအာဏာတည်မြဲရေးသည်သာအရေးဖြစ်သည် ဟူသောမျိုးချစ်စိတ်ဓါတ်ကင်းမဲ့ပြီးအလွန်အောက်တန်းကျသည့်အတွေးအခေါ်ဖြင့်စစ်ခေါင်းဆောင်များကကျောင်းသားထုကိုဖိ နှိပ်ထားခဲ့သည်။ တဖက်မှာလည်းမိမိသားသမီးများကိုမူနိုင်ငံခြားတိုင်းပြည်များတွင်စေလွှတ်ပညာသင် ကြားစေခြင်းဖြင့်တကိုယ်ကောင်းဆန်ခဲ့ကြသည်။

ထိုဆိုးဝါးလွန်းသည့်အခြေအနေကိုပြောင်းလဲရန်မှာကျောင်းသားထုအတွင်းဂျူလိုင်ဆဲဗင်းစိတ်ဓါတ်ရှိရန်အထူးလိုအပ်သည်။ ယနေ့ဆိုလျှင် နှစ်၅၀ ပြည့်သိုပင်ရောက်ရှိလာခဲ့ပေပြီ၊ ကျောင်းသားထုကား မလွတ်လပ်သေး၊ အဖိနှိပ်ခံနေရစဲ၊တိုက်ပွဲဝင်နေရစဲဖြစ်သည်၊ မြန်မာနိုင်ငံကိုတိုးတက်ဖွံ့ဖြိုးသောနိုင်ငံဘဝသို့ရောက်စေလိုလျှင်ကျောင်းသားများ၏လွတ်လပ်ခွင့်၊ရပိုင်ခွင့်များကိုပေးရမည်။ တိုင်းပြည်တခုတိုးတက်ဖွံ့ဖြိုးရန်မှာ လူသားရင်းမြစ်သည်အဓိကဖြစ်သည်၊ သဘာဝရင်းမြစ်မဟုတ်။ သဘာဝရင်းမြစ်ကြွယ်ဝမှုသည်မဖွံ့ဖြိုးသေးသောနိုင်ငံများတွင်အာဏာရှင်စံနစ်ကိုပေါ်ပေါက်စေသည့်ဆိုးကျိုးကိုပင်ဖြစ်ပေါ်စေသည်။ မြန်မာနိုင်ငံသည်သဘာဝရင်းမြစ်ကျိမ်စာသင့်နေသောမဖွံ့ဖြိုးသေးသည့်နိုင်ငံများထဲမှတနိုင်ငံဖြစ်သည်။

မြန်မာနိုင်ငံတွင်ရှိသည့် ကျွန်းသစ်တောများ၊ ကျောက်မျက်ရတနာများ၊ သဘာဝဓါတ်ငွေ့များ၊ သတ္ထုတွင်းများ၊
ဆည်ဆောက်ရန်အင်အားရှိသည့်မြစ်ကြီးများ၊ ပင်လယ်ရေထွက်ငါးပုဇွန်များ၊ စသည်တို့သည်၊ အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများကိုမျက်စိကျစရာဖြစ်စေခဲ့ပြီးစစ်ဗိုလ်ချုပ်များနှင့်လက်ဝါးရိုက်၍သဘာဝသံယံဇာတများကိုဖေါ်ဖေါ်သီသီဝယ်ယူ၍ကိုယ်ကျိုးရှာအမြတ်ထုတ်ခဲ့ကြသည်၊ထိုနိုငံခြားလုပ်ငန်းရှင်များသည်လူ့အခွင့်အရေး၊လူလူချင်းစာနာထောက်ထားမှု၊ပတ်ဝန်းကျင်ညစ်ညမ်းမှုစသည်တို့ကိုဂရုပြုအလေးထားခြင်းမရှိချေ၊ မိမိတို့အကျိုးအမြတ်အတွက်သာအလေးထားသဖြင့် ပြည်သူတို့နှင့်တိုင်းပြည်အတွက်အထူးနှစ်နာဆုံးရှုံးမှုဖြစ်ခဲ့ရသည်မှာယနေ့တိုင်ပင်ဖြစ်သည်။

ထို့ကြောင့်လူသားအရင်းအမြစ်သည်သာမြန်မာနိုင်ငံ၏ထွက်ပေါက်ဖြစ်သည်၊ကမ္ဘာ့ထိပ်တန်းစက်မှုနိုင်ငံတခုဖြစ်သည့်ဂျပန်နိုင်ငံသည်သဘာဝရင်းမြစ်ချို့တဲ့သောနိုင်ငံဖြစ်သော်လည်းလူသားရင်းမြစ်အင်အားကောင်းသောပညာတတ်ပေါကြွယ်ဝသောနိုင်ငံဖြစ်သည်။ ထို့ကြောင့်ကမ္ဘာ့နှင့်ရင်ဘောင်တန်းနိုင် သောနိုင်ငံအဖြစ်ရပ်သည်လျက်ရှိသည်။

ထိုကဲ့သိုသောတိုးတက်ဖွံ့ဖြိုးသောနိုင်ငံဖြစ်ရန်မှာကျောင်းသားအခွင့်အရေးကိုကာကွယ်ပေးသောကျောင်းသားသမဂ္ဂပေါ်ပေါက်လာရန်အလွန်အရေးကြီးသည်၊ ထို့ပြင်ဖေါက်ခွဲဖျက်စီးခံလိုက်ရသောကျောင်းသားသမဂ္ဂအဆောက်အဦကြီးပေါ်ပေါက်လာရန်မှာလည်းမရှိမဖြစ်လိုအပ်လှပေသည်။ ကျောင်းသားသမဂ္ဂသည်ကျောင်းသားလွှတ်တော်ပင်ဖြစ်သည်၊ ကျောင်းသားများနိုင်ငံရေးမလုပ်ရဆို သည်မှာမှားယွင်းသောစစ်အာဏားရူးများ၏ကိုယ်ကျိုးကြည့်အတွေးအခေါ်ဖြစ်သည်၊ လုံးဝမှားယွင်းပြီး အရည်အချင်းရှိတိုင်းပြည်ခေါင်းဆောင်များမပေါ်ပေါက်စေရန်တလမ်းသွားအတွေးအခေါ်ဖြင့်ပိတ်ဆို့မှုသာဖြစ်သည်။ အမေရိကန်နိုင်ငံတွင်ကျောင်းသားများလွတ်လပ်စွာသမဂ္ဂများတွင်ဝင်ရောက်ခွင့်ရှိပြီးမိမိတို့သင်ရိုးညွန်းတမ်းများကိုကျောင်အာဏာပိုင်များနှင့်ဆွေးနွေးညှိနှိုင်းခွင့်ရှိသည်။တချို့ထူးချွန်သောကျောင်းသားများအတွက်ကျောင်းသင်ရိုးညွှန်းတန်းတွင်မရှိသည့်အတွက်သီးသန့် ဘာသာရပ်ကိုကျောင်းမှဖန်တီးပေးရ သည် လည်းရှိသည်။

ကျောင်းသားများနိုင်ငံရေးပါတီများကိုဝင်ရောက်ခွင့်၊မိမိပါဝင်သော ပါတီကို ကျောင်းများတွင်မဲဆွယ်ခွင့်၊ စည်းရုံးခွင့်ရှိသည့်အပြင်၊ ဆီးနိတ်တာများ၊ ကွန်ဂရက်လွှတ်တော် အမတ် များရုံးများတွင် အင်တမ်း (Intern) အဖြစ်လုပ်ကိုင်ပြီးအထက်လွှတ်တော်၊အောက်လွှတ်တော်တို့တွင်ရှိဆွေးနွေးပွဲများကိုတက်ရောက်နားထောင်ခွင့်မှတ်တမ်းတင်နိုင်ခွင့်ရှိကြသဖြင့်နိုင်ငံရေးကိုထဲထဲဝင်ဝင်ရှိပြီးကျောင်းပြီးသည့်အခါအရည်အချင်းအလိုက်အထက်လွှတ်တော်၊အောက်လွှတ်တော်တို့တွင်ဝင်ရောက်လုပ်ကိုင်ကြပြီး၊အတွေ့အကြုံရလာသည့်အခါလစ်လပ်သွားသောနေရာများတွင်ဝင်ရောက် ယှဉ်ပြိုင်ကြပြီးလွှတ်တော်အမတ်များဖြစ်လာကြသည်။ အမေရိကန်သမတအိုဘားမားသည် ဟားဘတ် တက္ကသိုလ် ကျောင်းသား သမဂ္ဂဥက္ကဌဘဝမှလွှတ်တော်အမတ်ဖြစ်လာသူဖြစ်သည်။

ဆဲဗင်းဂျူလိုင်နှစ်၅၀ အထိမ်းအမှတ်ကိုကျင်းပရန်ဆောင်ရွက်နေကြသောဒီငြိမ်းလင်းနှင့်ကျော်ကိုကို တို့အုပ်စုများအားအစိုးရမှယာယီထိန်းသိမ်းပြီးပြန်လွှတ်လိုက်ခြင်းသည်အစိုးရမှအစိုးရိမ်လွန်နေသည်ဟုမြင်သည်၊ လူငယ်များ၏လွတ်လပ်ခွင့်ကိုရဲရဲတင်းတင်းပေးစေချင်သည်။ ၁၉၈၈ခုနှစ်ကယာယီ သမတဖြစ်ခဲ့ဘူးသောဦးမောင်မောင်က “ ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကိုအတူတကွ လက်တွဲပြီး အုတ်မြစ်ချကြရအောင်”စကားဆိုခဲ့ဘူးသည်။ ဦးသိန်းစိန်အနေနှင့်လက်တွေ့ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကိုမတည်ဆောက်နိုင်အုံးတော့ ကျောင်းသားသမဂ္ဂအဆောက်အဦကိုကိုယ်ထူကိုယ်ထစံနစ်ဖြင့်တည်ဆောက်ခွင့်ပေးလျှင်မြန်မာနိုင်ငံတွင်ခေါင်းဆောင်ပြတ်လပ်နေမှုကိုအကြာမှီအချိန်တိုအတွင်းဖြည့်ဆည်းနိုင်ပေလိမ့်မည်။ လက်ရှိကျောင်းတက်နေသောကျောင်းသားများအားလုံးတွင်ကျောင်းသားသမဂ္ဂတရားဝင်ပေါ်ပေါက် ရေးနှင့်ကျောင်းသားသမဂ္ဂအဆောက်အဦဆောက်လုပ်ရေးသည်တာဝန်တရပ်ဖြစ်ကြောင်းအသိရှိကြဖို့ လိုပေသည်။ ကျွနုပ်တို့ပြည်ပရောက်ကျောင်းသားဟောင်းကြီးများကလဲကျောင်းသားသမဂ္ဂအဆောက်အဦဆောက်လုပ်ကြမည်ဆိုလျှင်ရန်ပုံငွေကိုအားတက်သရောထည့်ဝင်ကြမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

ကျောင်းသားသမဂ္ဂဖွဲ့စည်းခြင်းနှင့်ကျောင်းသားသမဂ္ဂအဆောက်အဦတည်ဆောက်ခြင်းသည်အမျိုးသားရေးဖြစ်သည်၊လက်ရှိအစိုးရဆန့်ကျင်ရေးမဟုတ်သည်ကိုတော့ရှင်းရှင်းလင်းလင်းရှုမြင်နိုင်ဖို့လိုပါသည်။အဓိပ္ပါယ်မဲ့လူစုခွဲရန်ရည်ရွယ်ချက်သက်သက်ဖြင့်ဖွဲ့ထားသောအရည်အချင်းမပြည့်မှီသည့်နယ်စွန်နယ်ဖျားရပ်ဝေးကောလိပ်များကိုပိတ်ပြီးတက္ကသိုလ်ကျောင်းသားများ၏လွတ်လပ်စွာဘာသာရပ် အားလုံးကိုလေ့လာခွင့်၊ ဆွေးနွေးခွင့်၊ဝေဖန်ခွင့်တို့ကိုရဲရဲပေးရဲဖို့လိုပေသည်။ ထိုကျောင်းသားလူငယ်များ၏စွမ်းအားကိုယုံကြည်ဖို့၊မြှင့်တင်အားပေးဖို့၊ရန်ကုန်တက္ကသိုလ်ကြီးတွင် ယ္ခင်အတိုင်း လူသစ်တန်းများပြန်လည်သင်ကြားတက်ရောက်ခွင့်၊ တက္ကသိုလ်ကောလိပ်များ ပညာရေး ဖလှယ်ပွဲများ၊ ကျောင်းသားအားကစားပွဲများကိုကျင်းပပေးခြင်းဖြင့်အစိုးရမှကျောင်းသားထုညီညွတ်ရေး ကိုအားပေးရဲဖို့လိုပေသည်။ မြန်မာနိုင်ငံကမ္ဘာအဆင့်မှီတိုးတက်ဖွံ့ဖြိုးရေးအတွက်လူသားအရင်းအမြစ်များဖြစ်သောကျောင်းသား၏အရည်အသွေးစွမ်းရည်ကိုအထူးမြှင့်တင်ပေးရမည့်အသိအုပ်ချုပ်သူတို့ထံတွင်ဝင်ရောက်သွားလျှင်မြန်မာပြည်အမှန်တကယ်တိုးတက်တော့မည်ဖြစ်သည်။

လက်တစုပ်စာဗိုလ်သင်တန်းဆင်းအင်ဂျင်နီယာများ၊ဆရာဝန်များလောက်နှင့်တိုင်းပြည်ကိုရှေ့ဆောင်နေလျှင်တဖြေးဖြေးလုံးပါးပါးဖို့သာရှိပေသည်။

မြန်မာပြည်တွင်ပြည်သူချစ်မြတ်နိုးသောအနာဂါတ်မျိုးချစ်ခေါင်းဆောင်များပေါ်ထွန်းရေးကိုရှေးရှုလျက်


ထွန်းအောင်ကျော်

ဂျူလိုင် ၇ ရက်၊ ၂၀၁၂

နံနက် ၇နာ၇ီ ၂၈မိနစ်

ခေတ္တ နယူးယောက်မြို့ ၊ အမေရိက

No comments:

Post a Comment