Sunday, June 24, 2012

Fly fly Up To The Sky လူထုဦးစိန်ဝင်း(1940-2012)

































Fly fly Up To The Sky လူထုဦးစိန်ဝင်း(1940-2012)

"လက်ခုပ်စည်သံ ... ဘ၀ဂ်ညံလိမ့်"




















"လက်ခုပ်စည်သံ ... ဘ၀ဂ်ညံလိမ့်"
ကမ္ဘာတရိုးလျောက်လည်...
ကြမ္မာဆိုးပျောက်ကွယ်ဖို့ ..
ကယ်တင်ဖို့ အသွား....။ ။

အများကကြည်ညို..
စကားအလှတွေ ချီဆိုတော့...
စည်ဗဟိုရ် ရိုက်ပုတ်ထားသလို..
လက်ခုပ်သံများ....။ ။

ငြိမ်းသစ္စာ
6.24.2012

ဂျွန်လ ယခုလထုတ် ABMA ဂျာနယ်

ဂျွန်လ ယခုလထုတ် ABMA ဂျာနယ် မှ ပြည်တွင်းပြည်ပ သတင်းများ



ABMA Journal Volume 3 No 12

ရခိုင် ကျောင်းဆရာ အသက်လုထွက်ပြေးခဲ့ရတဲ့ ဦးထွန်းမင်းလတ်ရဲ့  ကိုယ်တွေ့ ပြာပြချက်များ







Interview with the people who escaped from the attack of Bengali Muslim Terrorists at MaungDaw - Broke out on 8-6-2012

တူညီတာတွေ တွဲလုပ်ပြီး မတူညီတာတွေ ညှိနှိုင်းဆောင်ရွက်ကြမည့် ပြုပြင်ပြောင်းလဲရေး.....( သို့မဟုတ် )အဆုံးကိုမြင်ထားပြီး အစပြုဆောင်ရွက်ခြင်း




စနစ်ဆိုးအောက်မှာ ခေတ်အဆက်ဆက် ဆင်းရဲမွဲတေမှုများနှင့် အလိုမတူပဲ ပေါင်းဖက်နေရသော တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး အနာဂတ်ဘ၀ သာယာလှပစေရန် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ အလုပ်အကိုင်သစ်များ ပြည်တွင်းမှာဖန်တီးဖို့ ကြိုးစား ဆောင်ရွက်ရင်း ပြည်တွင်းငြိမ်းချမ်းရေး ၊အမျိုးသားပြည်လည်သင့်မြတ်ရေး၊ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး၊ ပြည်သူ့အပေါ်ဖိနှိပ်သော မတရားဥပဒေတွေ ပြင်ဆင်ရေး စသော ကိစ္စအ၀၀ကို ဆောင်ရွက်ဖို့ အပူတပြင်း လုံးပမ်းနေတာတွေ့ရပါသည် ။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အရင်က ပြောခဲ့ဖူးတဲ့ ဒီမိုကရေစီ နည်းလမ်းကျ ရင်းနှီးမြှုပ်နှံမှု ဆိုတာနဲ့ အညီ တတပ်တအား ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါဟာ ပွင့်လင်းမြင်သာမှု တာဝန်ခံမှု အလုပ်သမားအခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိမ်းသိန်းရေးတွေကို ဦးစားပေးမှု စတာတွေနဲ့ ညီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဆိုလိုတာပါ။ လုပ်အားကို အခြေခံတဲ့ ကဏ္ဍတွေမှာ တာဝန်သိသိနဲ့ ၀င်ပြီးရင်းနှီးမြှုပ်နှံခဲ့ရင် ကျမတို့ ပြည်သူ အားလုံးအတွက် တကယ့် အကျိုးအမြတ်တွေကို ဖော်ဆောင်နိုင်ပါလိမ့်လို့ ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်ပါလီမန်မှာမိန့်ခွန်း ပြောကြားခဲ့ပါသည် ။
ဒေါ်အောင်ဆန်းစုကြည်ကို လေးစားဆန်ဘိုးထားသော ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်များအပါအ၀င် ကမ္ဘာသူ ကမ္ဘာသားတွေက သူမ သွားလေရာ ဥရောပ ခရီးစဉ်တိုင်းမှာ ခြိမ့်ခြိမ့်သည်း ထောက်ခံအားပေးခဲ့ကြပါသည် ။ဒါက ဘာကို ပြသ သလဲဆိုရင် စစ်မက်တွေ မကြာခဏဖြစ်ပျက်နေသော ကမ္ဘာမှာ ငြိမ်းချမ်းရေးအတွက် သူမ၏ ဘ၀တစ်ခုလုံး ရင်းနှီးပေးဆပ်ပြီး ရယူနိုင်ရန် ကြိုးစားအားထုတ်မှုကို အားပေးထောက်ခံရာ ရောက်သလို မြန်မာပြည်၏ အဖိနှိပ်ခံ လူထု ဘ၀လွတ်မြောက်ဖို့ ရောင်ခြည်သန်းလာခြင်း ဆိုရင် မှားမည် မထင်ပါဘူး ။ အနာဂတ် မြန်မာပြည်တွင် စီးပွားရေး ၊ နိုင်ငံရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ မလွဲမသွေ လိုအပ်သလို အလုပ်သမားအခွင့်အရေး ၊ တောင်သူလယ်သမားအခွင့်အရေး ၊ ကျောင်းသားအခွင့်အရေး ၊ လူ့အခွင့်အရေး ၊ တိုင်းရင်းသားအရေး ပြဿနာပေါင်းများစွာက မဖိတ်ခေါ်ပဲ လွှတ်တော်တံခါးဝမှာ အသင့်စောင့်စားနေကြပါသည် ။ သေချာတာ တစ်ခုကတော့ တူတာတွေ တွဲလုပ်ပြီး မတူညီတာတွေ ညှိနှိုင်းဆောင်ရွက်ကြသောအခါ တိုင်းပြည်နှင့် လူထုမျက်နှာကို မဖြစ်မနေကြည့်ကြရမှာ ဖြစ်ပါသည် ။


မြန်မာနိုင်ငံသားတွေရဲ့ လူနေမှုဘ၀နဲ့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဒုတိယအဆင့်ကို ပြင်ဆင်နေပြီဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ၂၀၁၂ ခုနှစ် ဇွန်လ ၁၉ ရက်က နေပြည်တော်ရှိ သမ္မတရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော အစည်းအဝေး၌ မိန့်ခွန်းပြောကြားခဲ့ပါသည် ။ထိုသို့ ပြောကြားရာတွင်ဆင်းရဲမွဲတွေမှု လျော့ချရေးအတွက် အစိုးရကနေ စီမံသွား ဖို့ ပြင်ဆင်မှုတွေလည်း ပြောထားပါတယ်။ ဒီအထဲမှာ လယ်ယာမြေ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ကြဖို့ အရေးတကြီး လိုအပ်နေကြောင်းလည်း ထည့်သွင်းပြောသွားပါတယ်။
ဒီလို စီမံကိန်း အကောင်အထည်ဖော်ဖို့အတွက် ပြည်ပအကူအညီ အထောက်အပံ့နဲ့ ချေးငွေတွေလိုအပ်သလို၊ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေလည်း လိုအပ်ကြောင်း၊ ပြည်ပမှာရှိနေ တဲ့ မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တွေ၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် နည်းပညာ ကျွမ်းကျင်သူတွေကိုလည်း လက်တွဲလုပ်ဆောင်ဖို့ ဖိတ်ခေါ်ထားပါတယ်။
ပြည်သူတွေရဲ့ အခက်အခဲကို အဆင့်တိုင်းမှာ ဆွေးနွေးအဖြေရှာခြင်းဖြင့် ဆောင်ရွက်မယ်ဆိုရင် လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ်ဖော်မှုတွေလိုမျိုး လမ်းမတွေပေါ်ထွက်ပြီး တောင်းဆိုမှုတွေ လုပ်စရာမ လို တော့ကြောင်းလည်း ပြောထားပါတယ်။
အထက်ပါ သမ္မတဦးသိန်းစိန်၏ ပြောကြားချက်များကို ကြည့်လျှင် ယနေ့လူထု၏လိုလားတောင့်တမှုများကို တနည်းတဖုံ ဖြည့်ဆည်းဆောင်ရွက်ချင်ကြောင်း အရိပ်အမြွက် ပြထားသလို အတိအလင်း ပြင်ဆင်မှုများကို ပြုပြင်ပြောင်းလဲ လုပ်ဆောင်နေကြောင်း ရှင်းလင်းထားသည် သို တွေ့ရပါသည် ။တခြားတဖက်တွင်လည်း အခက်အခဲ အကြပ်အတည်းတွေ ရင်ဆိုင်နေရကြောင်းသိသာ ထင်ရှားပါသည်။
ပြည်တွင်းစစ်ဖြစ်နေသော တိုင်းပြည်တွင် ရင်းနှီးမြုပ်နှံ လုပ်ကိုင်ခြင်းသည် ပလိုင်းပေါက်နှင့် ဖားကောက်သလို ဖြစ်မည်ကို စိုးရိမ်ပူပန်နေသော နိုင်ငံတကာကို နားလည်နိုင်ပြီး စီးပွားရေးအတွက် တိကျ ခိုင်မာသော ဥပဒေသများ၏ အားနည်းချက်ကလည်း စီးပွားရေး ရင်းနှီးမြုပ်နှံလိုသူများအား လက်ရှောင်စေခြင်း၏ အချက်လည်း ဖြစ်နိုင်ချေရှိပါသည် ။
လာမည့်လ အနည်းငယ်အတွင်း ဦးသိန်းစိန်လည်း ဗြိတိန်ခရီးစဉ်ကို သွားဖို့ ပြင်ဆင်နေသည့် သတင်းများလည်း ထွက်ပေါ်နေပါသည် ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နှစ်ပေါင်းများစွာ အထီးကျန်ပြီး စီးပွားရေး ပိတ်ဆို့ခံထားရသော မြန်မာပြည်အစိုးရကို ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်သို့ တင်ပေးခြင်းဆိုလည်း မမှားပါဘူး ။ အတိုက်အခံ ဒီမိုကရေစီ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ကြားမှာ လက်ရှိ အခြေအနေအရ ချပြ၍ မဖြစ်နိုင်သော နားလည်မှု တစ်စုံတစ်ရာတည်ဆောက်ထားမှုများ ရှိနိုင်ကြောင်း သိမြင်သုံးသပ်နိုင်ပါသည် ။
သမ္မတ ဦးသိန်းစိန်ကို ချီးကျူးဂုဏ်ပြု လိုပါတယ်။ ကျမ အရင်တုန်းက ပြောခဲ့တဲ့အတိုင်း နိုင်ငံရေး ကွဲပြားခြားနားမူတွေကို တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်း လုပ်ကိုင်ရင် ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်နိုင်အောင် အခိုင်အမာတာဝန်ယူ လုပ်ဆောင်မှာ ဖြစ်ပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်ပါလီမန်မှာမိန့်ခွန်း ပြောကြားခဲ့ပါသည် ။


အသက် ၆၇ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်သည်
ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီး ဒီဒီအေ ဘုဂ်ဟယ်လ် တာ (Didier Burkhalter) နဲ့ တွေ့ဆုံခဲ့ပြီး တဲ့နောက် ပြုလုပ်ခဲ့တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း ရုတ်တရက် နာမကျန်းဖြစ်လို့ သတင်းစာ ရှင်းလင်းပွဲ ကို ရပ်ဆိုင်းလိုက်ရပါတယ်။ တနေကုန် ပင်ပန်းမှုနဲ့ လေယာဉ်ခရီးတွေကြောင့် သတင်းစာရှင်းလင်းပွဲအစ မိနစ်ပိုင်းအတွင်းမှာပဲ မူးဝေပြီး နေထိုင်မကောင်း ဖြစ်ခဲ့တာပါ။ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေအိမ် အကျယ်ချုပ်ကို နှစ်ရှည် ကျခံခဲ့ရသဖြင့် ကျန်းမာရေးမကောင်း ကြောင်း အရင်တုန်းက သတင်းများထွက်ပေါ်ဘူးပါသည် ။
အသက် ၆၇ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ သမ္မတဦးသိန်းစိန်ဟာ အစကတည်းက နှလုံးနဲ့ ဆီးချို ဆိုင်ရာ ကျန်းမာရေး အားနည်းမှုတွေ ရှိနေတဲ့သူဖြစ်တယ်လို့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက မှတ်ချက်ပေးပါတယ်။ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးသည်လည်း ကျန်းမာရေးအခြေ အနေကြောင့် မေလ ၃ရက်နေ့၌ ထွက်စာတင်လိုက် ကြောင်း နိုင်ငံခြားသတင်းဌာနတစ်ခု၏ ဖော်ပြချက်အရ သိရသည်။


ကိုမင်းကိုနိုင်အပါအ၀င် ၈၈၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် များ ၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများ ၊ တိုင်းရင်းသား ခေါင်းဆောင်များသည်လည်း ထောင်နှစ်ရှည် ကျခံခဲ့ခြင်းကြောင့် ကျန်းမာရေး အပြည့်အ၀ကောင်းကြရဲ့လားဟု စိုးရိမ်နေရပါသည် ။ တဖက်နှင့်တဖက် အငြီုးအတေး အမုန်းများဖြင့် အမြစ်ပြတ် ချေမှုန်းရေးလမ်းကြောင်းအစား ငြိမ်းချမ်းရေး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို တိုင်းပြည်နှင့်လူ ထု ရေရှည်နစ်နာမည်အား စိုးရိမ်၍ ရွေးချယ်ခဲ့ကြောင်းဖြစ်နိုင်သလို အသက်အရွယ် ကျန်းမာရေး ကိစ္စရပ်များကလည်း တနည်းတဖုံ ပတ်သက်နိုင်ကောင်းပါသည် ။ ဒါကြောင့်လည်း သမ္မတ ဦးသိန်းစိန်သည် လာမဲ့ ၂၀၁၅ မှာ အနားယူမည် ဟု ကောလဟာလများလည်း ထွက်ပေါ်ခဲ့ပါသည် ။


အထက်ပါ မျိုးချစ်စိတ်ဓာတ်ရှိသူများ၏ နေ့စဉ်ရက်ဆက် တိုင်းပြည်အကျိုး လုပ်ဆောင်နေမှုများကို ကြည့်မြင် သုံးသပ်လျှင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းပြောသလို မသေခင် တိုင်းပြည် ငြိမ်းချမ်းတိုးတက်တာ မြင်ချင်နေကြသူများ ဖြစ်ပေလိမ့်မည် ။





 





ဆိုလိုသည်မှာ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ဖြင့် တိုင်းကျိုးပြည်ကျိုး လုပ်ဆောင်နေသူများကို ပြည်သူလူထုက လိမ္မာပါးနပ်စွာ ၀န်းရံ ကြစေချင်ပါသည် ။လူထုအကျိုးစီးပွား လုပ်ဆောင်နေသူများအတွက် ပြည်တွင်း ပြည်ပ ပြည်သူလူထုမှ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ကူညီ ပံ့ပိုးမှုများအပြင် လူထုအသံ လူထုအားသည် အနာဂတ်မှာ မလွဲမသွေ လိုအပ်နေပါသည် ။
ပြုပြင်ပြောင်းလဲခြင်းကို ခြိမ်းခြောက်နေသော အဖျက်ရန် တစ်စွန်းတစ်စ
တချို့သော လူ့အဖွဲ့အစည်းများကတော့ နိမ့်ကျသော အဖိနှိပ်ခံလူထုဘ၀ကို မကူညီချင်သည့် အပြင် မိမိတစ်ကိုယ်ရည် အကျိုးစီးပွား ( သို့မဟုတ် ) လူတစ်စု ကောင်းစားရေးအတွက် အစွမ်းကုန် ကြိုးစားရင်း ပြုပြင်ပြောင်းလဲရေးကို မဖြစ်မြောက်စေရန် ဘက်ပေါင်းစုံက အနှောက် အယှက်များပေးနေကြတာကို တွေ့မြင်ရနိုင်ပါသည် ။


ဘာသာရေး ပဌိပက္ခဟာ သွေးထွက်သံယို မှုများကိုသာ ဖြစ်ပေါ်စေပြီး လုမျိုးရေး မုန်းတီးမှု ဘာသာရေးအစွန်းရောက်မှုများနှင့်အတူ ဘယ်ဘာသာဝင်ကိုမျှ အကျိုးပြုမည် မဟုတ်မှာ ကျိန်းသေပါသည် ။ သို့သော် ၄င်းနောက်ကွယ်မှ ကြိုးကိုင်နေသူများရှိခဲ့လျှင် ထပ်မံ မဖြစ်ပွားစေရန် အစိုးရ အတိုက်အခံ သာသာရေးခေါင်းဆောင်များမှတိုင်းပြည် ငြိမ်းချမ်း တည်ငြိမ်ရေးအတွက် စုံစမ်းစစ်ဆေရေး ကော်မရှင်မှ တဆင့် ဥပဒေအတိုင်း သင့်မြတ်မှန်ကန်စွာ ကိုင်တွယ် ဆောင်ရွက်ဖြေရှင်းကြရမည် ဖြစ်ပါသည် ။
ကျနော်တို့ မေးခွန်းထုတ်ရမည့် ပြဿနာတွေရှိသလို အဖြေရှာရခက်သော လူတန်းစားပျက်များ ၊ အခွင့်ထူးခံလူတန်းစားများကို ခေတ်ပျက်၏ ပြည်တွင်း ပြည်ပ နေရာတကာမှာ တွေ့ရှိရပေသည် ။ အာဏာရှင်စနစ်ကို ကြားကန်ပြီး အခွင့်အရေး အပြည့်အ၀ရသော စီးပွားရေး လုပ်ငန်းရှင်ကြီးများ ၊ စစ်အာဏာရှင်စနစ်၏ အကြွင်းအကျန် အစိုးရအရာရှိကြီးများ ပြည်တွင်းပြည်ပ လက်နက်ပွဲစား နိုင်ငံများအပါအ၀င် လူထုနှင့်ကင်းကွာသော လုပ်စား NGOများသည် ပြုပြင်ပြောင်းလဲရေးကို လိုလားကြရဲ့လား ။


တိကျမှန်ကန်သော နိုင်ငံရေး စီးပွားရေး ဥပဒေသများဖြင့် လူတန်းစားပေါင်းစုံကို ဘ၀လုံခြုံရေး ၊ တိုးတက်သာယာသော ဘ၀သစ်တည်ဆောက်နိုင်ရေးအား ဖန်တီးနိုင်သော တနေ့မှာ အတူတစ်ကွ ပူးပေါင်းဆောင်ရွက်ရေးဟာ ရေခံမြေခံကောင်းလာမည်မှာ မြေကြီးလက်ခတ် မလွဲပါဘူး ။
အဆုံးကိုမြင်ထားပြီး အစပြုဆောင်ရွက်ခြင်း
ကျနော့ ဆောင်းပါးအား အဆုံးမသတ်ခင် အတွေးအခေါ် အားကောင်းသော ဆောင်းပါးတစ်ခုမှ ကောက်နှုတ်ချက်ကို အလျဉ်းသင့်၍ မျှဝေ ခံစားချင်ပါသည် ။

Stephen Covey ရေးသားတဲ့ The 7th Habits of Highly Effective people မှာပါတဲ့ အဆုံးကိုမြင်ထားပြီး အစပြုဆောင်ရွက်ခြင်း ဆောင်းပါးဟာ လူ့လောက ကို ခပ်ပေါ့ပေါ့ သဘောထားဖြတ်သန်းနေသူတွေအတွက်သာမက အခက်အခဲ အကြပ်အတည်းထဲမှ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကိုင်စွဲရမဲ့ လက်နက်ကဲ့သို့ စိတ်ဝင်စားဖွယ်အတိနှင့် ပြည့်နှက်နေသည့် စဉ်းစားဆင်ခြင်ဖွယ်ကောင်းသော ဆောင်းပါးကောင်း တပုဒ်ပါ ။


ဒီဆောင်းပါးမှာ စာဖတ်သူကို စဉ်းစားကြည့်ဖို့ တိုက်တွန်းထားတာက သင့်ရဲ့ အခင်မင် အရင်းနှီးဆုံးမိတ်ဆွေ သူငယ်ချင်းရဲ့ အသုဘနောက်ဆုံးခရီး ပို့ဆောင်ဖို့ အတွက် ဘုရားရှိခိုးကျောင်းကို သင်ရောက်နေတယ် ။ ဘုရားကျောင်း စင်္ကြံလမ်းတလျောက် သင်လျှောက်လာစဉ် ဘုရားရှစ်ခိုးတဲ့ အော်ဂင်သံ သဲ့သဲ့ကြားနေရပြီး သင့်မိတ်ဆွေဟာ အသုဘ အခေါင်းထဲမှာ မငြိမ်မသက် လဲလျောင်းနေတယ် ။ သေဆုံးသွားသူ သင့်မိတ်ဆွေ အကြောင်းကို မိတ်ဆွေ သူငယ်ချင်းတစ်ဦး ၊ ဆွေမျိုးသားချင်းတစ်ဦး ၊ လုပ်ဖော်ကိုင်ဖက်တစ်ဦး ၊ ဘုရားရှိခိုးကျောင်းမှ တစ်ဦးတို့က အလှည့်ကျ လွမ်းဆွတ်ဖွယ်ပြောနေကြတယ် ။ တနေ့ကျရင် ယခုလို အခေါင်းထဲလှဲလျောင်းနေသူမှာ သင်ကိုယ်တိုင်ဖြစ်နေခဲ့ရင် သင့်အကြောင်းကို လူတွေက ဘယ်လိုပြောချင်ပါသလဲ၊ ထိုအခါ အဆုံးကိုမြင်ထားပြီး အစပြုဆောင်ရွက်ခြင်းဟာ ဖြစ်ပေါ်လာပါတယ် ။ အဲဒါက တွေးတော ဆင်ခြင်စရာတွေ တပုံတပင်နှင့် ဆောင်းပါးရဲ့ ဆိုလိုရင်း အနှစ်ချုပ်ပါ ။

အမှန်အမှား ကိုယ့်သမိုင်း ကိုယ်ရေးကြတာပါ

အဲဒီဆောင်းပါးကို အောင်စောဖြူဘာသာပြန်ထားတဲ့အပြည့်အစုံကိုတော့ အလျဉ်းသင့်ရင် နောက်မှ တင်ဆက်ပေးပါ့မယ် ။ ဒီနေရာမှာ စဉ်းစားမိတာက လူဆိုတာ အကောင်းအဆိုး ဒွန်တွဲနေသော သတ္တ၀ါမို့ အမှန်အမှား ကိုယ့်သမိုင်း ကိုယ်ရေးကြတာပါ ။ ပြုပြင်ပြောင်းလဲခြင်းဆိုတာ ဘယ်တော့မှ နောက်မကျသလို ငြိမ်းချမ်းရေးနှင့် အမှန်တရားသစ္စာကို မြတ်နိုးတဲ့ စိတ်ဓာတ်ဟာလည်း အမြဲတန်းရှင်သန်အောင်ထိမ်းသိမ်းရင် လောကဟာ လှပသာယာ အမြဲ သစ်လွင် နေမှာဖြစ်ပါသည် ။

ကျနော်တို့ မြန်မာပြည်မှာလည်း နှစ်ကာလများစွာ ဆိုးဝါးတဲ့ ခေတ်ကာလများ အကြိမ်ကြိမ် ဖြတ်သန်းခဲ့ပြီမို့ အတိတ်က သင်ခန်းစာ အမှားများကို ဆင်ခြင်သုံးသပ်ရင်း ကောင်းမွန်သော လမ်းကြောင်းမှန်ပေါ်သို့ လျှောက်လှမ်းလိုသူများ မလွဲမသွေ ရှိကြမှာကို အကောင်းမြင်မှုတစ်ဝက်ဖြင့် သုံးသပ်ပြောဆို ချင်ပါသည် ။ မသေခင်မှာ တိုင်းပြည်နှင့်လူမျိုးအတွက် တခုခုလုပ်ဆောင်မည်လား သို့တည်းမဟုတ် သာမန်လူသားတစ်ယောက်လို သမိုင်းပေးတာဝန်ကို ပခုံးထမ်းတာဝန်မယူပဲ ရှောင်ရှားနေမည်လား မိမိတို့ ကိုယ်တိုင် ရွေးချယ်ကြရမှာပါ ။ နေ့စဉ် စားဝတ်နေရေး စီးပွားရေး ကိစ္စအ၀၀ဟာလည်း နိုင်ငံရေးနှင့် အကျုံးဝင်နေသည်ဟု သင်သိရှိလျှင်ဖြင့် သင့်နိုင်ငံ၏သမိုင်းဟာ သင်နှင့် တနည်းတဖုံ မလွဲမသွေ ပတ်သက်နေမှာပါဟုပြောလျှင် သင် ငြင်းချက် ထုတ်မည်လား ။


 











အောင်ခိုင်မြင့်
၂၄ ဇွန်လ ၂၀၁၂

ဒေါ်စု၏ ပုဂ္ဂလိက ခရီးစဉ်အတွက် နိုင်ငံတော်မှ သတင်းထုတ်ပြန်ရန် မလိုအပ်ဟု ဦးရဲထွဋ်ဆို

သတင်း -ရွှေဟင်းသာ













 
ဒေါ်အောင်ဆန်း စုကြည်၏ ဥပရောပ ခရီးစဉ် များသည်၊ ပုဂ္ဂလိက ခရီးစဉ်မျှသာ ဖြစ်၍ နိုင်ငံပိုင် Media များ၌ သတင်း ဖော်ပြရန် မလိုအပ် ကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန ညွှန်ကြား ရေးမှူးချုပ် ဦးရဲထွဋ်မှ ပြီးခဲ့သည့် ဇွန်လ (၁၉) ရက်နေ့၌ ဒိန်းမတ် နိုင်င်ငံ ကိုပင်ဟေဂင် မြို့ ၌ ပြောဆို ခဲ့ပါသည်။
“အစိုးရ မီဒီယာ အနေနဲ့ သတင်းဖော်ပြရာမှာ သက်ဆိုင်ရာ ပါတီ လှုပ်ရှားမှု သက်သက်ဆိုလျှင် ဖော်ပြပေးဖို့ မရှိပါဘူး၊ စည်းကမ်းချက်တွေ ချမှတ်ထားတာ ရှိပါတယ်၊ လွှတ်တော် ကိုယ်စားပြု အနေနဲ့ သွားမယ်ဆိုရင် အသင်းအဖြစ် ဖော်ပြပေးသွားမှာပါ” ဟု ပြန်ကြားရေး ညွှန်ကြား ရေးမှူး ဦးရဲထွဋ်မှ Denmark နိုင်ငံတွင် ပြုလုပ်သည့် International Media Support Press Conference with Burma (Myanmar) အခမ်းအနား၌ ပြောကြား သွားပါသည်။
သို့သော် ဦးရဲထွဋ္ဋ်တင်ပြချက်အပေါ် British Council မှ ဒေါ်မိုးမိုးတုန့်ပြန်ခဲ့သည်မှာ ဒေါ်အောင်ဆန်းစုကြည်သည် NLD ၏ ခေါင်းဆောင် သက်သက်မဟုတ်ကြောင်း ၊ ယခု နိုဘယ်လ်ဆုပေးပွဲ ကိုကြည့်လျှင် နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် ကမ္ဘာ့ ခေါင်းဆောင်များမှ ၄င်းအား အထူးလေးစားသည်ကို တွေ့မြင်နိုင်ကြောင်း ၊ ဒေါ်စုကို သာမန် အမတ် တစ်ယောက်အနေဖြင့် နှိုင်းယှဉ်ပြီး မတွက်ဆ သင့်ကြောင်း Freedom of Press ၊ Media Reform ၌ ပြောကြားခဲ့ပါသည်။
ထို့အပြင် "ဦးရဲထွဋ် ပြောကြားချက်သည်၊ စကားအားဖြင့် ပြောကြားနေသော်လည်း လက်တွေ့၌ မြန်မာ ပြည်သူများအတွက် အဖြစ်မှန် သတင်းများ တင်ပြပေးမှု မရှိကြောင်း” ထပ်မံပြောကြားခဲ့ပါသည်။
















ဒေါ်အောင်ဆန်း စုကြည်၏ ဥရောပ ခရီးစဉ်ကို နိုင်ငံတကာ သတင်းဌာနများ၌ အသားပေး ဖော်ပြ ခဲ့သော်လည်း နိုင်ငံပိုင် မီဒီယာများ၌ ဖော်ပြ ခြင်း မရှိခဲ့ပေ။
 (၂၂) နှစ်အတွင်း ပထမဆုံး ဥရောပ (၅) နိုင်ငံများသို့ သွားရောက်သည့် ဒေါ်အောင်ဆန်း စုကြည်၏ ခရီးစဉ်ကို လွန်ခဲ့သည့် ဇွန်လ (၁၃) ရက်နေ့၌ စတင်ခဲ့ပြီး ဇွန်လ (၂၉) ရက်နေ့အထိ ကြာမြင့်မည် ဖြစ်ပါသည်။ အဆိုပါ ခရီးစဉ်၌ ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ NLD မှ ကိုဖြိုးဇေယျာသော် ၊ ဦးခွန်သာမြင့်နှင့် ဒေါက်တာ တင်မာထွေးတို့ လိုက်ပါ သွားခဲ့ပါသည်။
ဥရောပ ခရီးစဉ် တစ်လျှောက်၌ ဒေါ်အောင်ဆန်း စုကြည်သည် ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့ ILO ညီလာခံ၌ မိန့်ခွန်း ပြောကြားခြင်း၊ AI အဖွဲ့မှ ချီးမြုင့်သည့် Ambassador of Conscience ဆုအား လက်ခံ ရယူခြင်း၊ အောက်စဖိုဒ့် တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ လက်ခံ ရယူခြင်း၊ U2 အဖွဲ့၏ ဖျော်ဖြေပွဲသို့ တက်ရောက် အားပေးခြင်း ဗြိတိန် လွှတ်တော်တွင် မိန့်ခွန်း ပြောကြားခြင်းနှင့် ပြင်သစ် နိုင်ငံသို့ သွားရောက် လည်ပတ်ခြင်းဖြင့် ခရီးစဉ်ကို အဆုံးသတ်မည် ဖြစ်ပါသည်။
 Written by ရွှေဟင်္သာသတင်းဌာန 
face book မှ သတင်းတစ်ခုက ဒီလိုပြန်လည်ရေးသားခဲ့ပါတယ်























ထင်ထင်ရှားရှားမြင်တွေ့ ရပါပြီ ကိုကိုလူဆိုးတစ်သိုက်တို့ ရေ ..ဒါမျိုး အသိအမှတ်ပြုထားတဲ့ ပုံမျိုးကို ဗမာပြည်ရဲ့ သမိုင်းမှာ ဘယ်နှစ်ယောက်ရှိဘူးပါလဲ ...ဒေါက်တာဆိုတာ တော်ရုံတန်ရုံနဲ့ ရထားတာမှမဟုတ်တာ ဘာလို့ ဗမာပြည်က သတင်းတွေမှာ အမှောင်ချထားတာလဲ..စာမတတ်တဲ့ ၀န်ကြီးတို့ ၈တန်းမအောင်တဲ့ ဗိုလ်ချုပ်ကြီးများကော ကောင်းချီးသြဘာပေးသင့်ပါရဲ့ ..ဒေါက်တာဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥရောပ ခရီးစဉ်မှာ အမြင်မှန်ရပြီး ဗမာပြည်ရဲ့ သတင်းများကိုဝေေ၀ဆာဆာဖော်ပြပေးရင် ဗမာအစိုးရလည်း မျက်နှာရမှာပါ ...ဘာကြောင့်များ မပြောင်းလဲဘဲ နေရတာပါလဲ..ပြောတော့ပြောင်းလဲရေးတဲ့ ဘာတွေလဲဗျ.. သမ္မတကြီးကအာချောင်ပြီး ပြောဘူးတယ် ''လက်နက်အစား လက်ဖ်တော့ကိုင်ကြတဲ့'' မီးမရှိတဲ့ ကျွန်တော်တို့ နိုင်ငံမှာ လက်ဖ်တော့ကိုင်ပြီးကွန်နက်ရှင်းတွေညံ့လို့  မှိုင်ငေးနေရတုံးပါဘဲ ..သမ္မတကြီးကရှေ့ ကပြေး..ဗလောင်းဗလဲတွေကခပ်နှေးနှေးဘဲ..ဒီနေ့ တစ်မျိုးနောက်နေ့ တစ်မျိုးဒို့ နိုင်ငံက..ဥပဒေတွေကအခုတော့လဲပါးစပ်ရာဇ၀င် ဖြစ်နေပါပြီ။
ဓါတ်ပုံ...ဇေယျာသော်
သမိုင်းဝင်မဲ့ဓါတ်ပုံတွေဘဲ၊ကျေးဇူးပါဇေယျာသော်ရေ
Tun Wai face book

မောင်သာနိုး (သို့မဟုတ်) ညီညွတ်ရေးကို ဖြိုခွဲသူ


အပတ်စဉ်ထုတ် ဂျာနယ်တွေ ပလူပျံအောင် ထွက်နေချိန်တွင် ဂျာနယ် တစ်ချို့ကို စောင့်ဖတ်သော အကျင့်တစ်ခုရှိနေတတ်၏။ ကြာတော့ အခုလိုစောင့်ဖတ်ခြင်းကိုက စာရေးသူကို အလုပ်တစ်ခုလို ဖြစ်နေစေခဲ့သည်။ ထိုစောင့်ဖတ်ဖြစ်ခဲ့သော ဂျာနယ်များထဲမှ (၅.၆.၂ဝ၁၂)နေ့ထုတ် New Watch (စောင့်ကြည့်) ဂျာနယ်ပါ ဆောင်းပါးတစ်ပုဒ်နှင့် ပတ်သက်၍ ပြောဖို့၊ ဆိုဖို့ရာ အကြောင်းတစ်ခု ဖြစ်လာခဲ့သည်။ ဆောင်းပါးအမည်က စင်ပြိုင် မင်းသားရူးများ။ ရေးသူက အခြားသူတော့ မဟုတ်၊ မောင်သာနိုး။
ဆောင်းပါးအစက ညီညွတ်ရေးနှင့် စထားခဲ့ပြီး ဆောင်းပါးအလယ်နှင့် အဆုံးတို့တွင်တော့ အဖွဲ့အစည်း အချို့နှင့် ပုဂ္ဂိုလ်တချို့ကို ပုတ်ခတ် ထိခိုက်စော်ကားထားသည်။ အကြောင်းအရာ၊ အဖြစ်အပျက်၊ အခြေအနေ မှန်တို့ကို ထဲထဲဝင်ဝင်မသိဘဲ လေဖမ်းဒန်းစီးပြီး တာဝန်မဲ့စွာဖြင့် ကလောင်ရမ်းကားထားသည့် ဆောင်းပါးပင် ဖြစ်သည်။ ဖတ်ပြီး လျှင်ပြီးခြင်းပင် မောင်သာနိုးကို အတော်ပင် သနားမိသွားသည်။

ပထမဦးဆုံးက မောင်သာနိုး ပုတ်ခတ် ပြောဆိုချင်သည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်တို့ကို နာမည်နှင့် ဗြောင်ထုတ်ပြီး ပြောရဲသည့် သတ္တိမရှိတာဖြစ်သည်။ ဒုတိယတစ်ခုက အမျိုးသားခေါင်းဆောင်နှင့် သူ့သမီး လူထုခေါင်းဆောင်ကို အောင်ဆန်းသမီးဟု ရိုင်းရိုင်းစိုင်းစိုင်း သုံးနှုန်းထားသည့်ကိစ္စ ဖြစ်သည်။ နောက်တစ်ချက် က အခုလို ရေးသားပြောဆိုမှုတွေဟာ ဘယ်သူ့ကို အကျိုးရှိစေပြီး ဘယ်သူ့ကို အကျိုးမဲ့စေသလဲ။ ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေက ဘယ်သူတွေအတွက် တကယ်လက်တွေ့မှာ ဘာတွေဆောင်ရွက် ပေးနေလဲဆို တာကို မစဉ်းစားနိုင်လောက်အောင် နိမ့်ကျနေသည့် မောင်သာနိုး၏ ဆင်ခြင်စဉ်းစားမှုပင်ဖြစ်သည်။ အမှန်တော့ မောင်သာနိုးကို ဝန်းကျင်ကြီးတစ်ခုလုံးက ဘေးမဲ့ပေးထားတာကြာပြီဖြစ်သည်။ ထို့ကြောင့် ဖြစ်စဉ်တချို့ကို သိရှိအောင် နောက်ကြောင်း အနည်းငယ် ပြန်လှန်ချင်သည်။

လွန်ခဲ့သော (၂၄)နှစ်ကျော် (၁၉၈၈) ခုနှစ်က တစ်ပြည်လုံး အုံကြွခဲ့သော ၈၈ အရေးတော်ပုံကြီး ဖြစ်ပွားခဲ့သည်။ ဗိုလ်နေဝင်းဦးဆောင်ခဲ့သည့် မ.ဆ.လတစ်ပါတီအာဏာရှင်စနစ်ကို ဖြုတ်ချခဲ့ပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီ အရေး၊ ပါတီစုံဒီမိုကရေစီစနစ်ပေါ်ပေါက်ရေးတို့ကို တောင်းဆိုခဲ့ကြသည်။ ထို(၈၈)အရေးတော်ပုံ ကာလ အစပိုင်းနှင့် ဇာတ်ရှိန်မြင့်သည့် ကာလတစ်ခုလုံးတွင် ကျောင်းသားလူငယ်များက ဦးဆောင်ခဲ့ပြီး အသက်စတေး စွန့်လွှတ်အနစ်နာခံ၍ ပါဝင်ခဲ့ကြသည်ကို ပြည်သူက သိရှိထားပြီးဖြစ်သည်။ ပြီးခဲ့သောကာလ နိုင်ငံရေး ဖြစ်စဉ်များနှင့် ယနေ့ကြုံတွေ့နေရသော နိုင်ငံရေးဖြစ်စဉ် အဖြစ်အပျက်အားလုံးတို့သည် (၁၉၈၈)ခုနှစ် အရေးတော်ပုံ၏ အဆက်ပင်ဖြစ်သည်။ တနည်းအားဖြင့် မပြီးဆုံးသော ဒီမိုကရေစီရေး တိုက်ပွဲ၏ လုပ်ငန်း အဆက်လည်းဖြစ်သည်။ ထို (၈၈) အရေးတော်ပုံကြောင့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသား တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာပြည်သူတို့၏ နိုင်ငံရေးနိုးကြားမှုကလည်း အမြင့်ဆုံးသို့ ရောက်လာခဲ့သည်။ ထိုအရေးတော်ပုံက နိုင်ငံရေးပါတီများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အများအပြား ကိုလည်း မွေးထုတ်ပေးခဲ့သည်။

၁၉၈၉-၉ဝ ကျော်ကာလ ဖိနှိပ်မှုများကြောင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ အများအပြား ဖမ်းဆီးထိန်းသိမ်းခံကြရသည်။ တချို့လည်း တစ်နယ်တစ်ကျေး ရောက်ကုန်ကြသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူ တွေကျပြန်တော့လည်း နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခြင်းခံခဲ့ရသည်။ ထိုအထဲတွင် ယခု(၈၈) မျိုးဆက်ကျောင်းသားများ အုပ်စုလည်း အပါအဝင်ဖြစ်သည်။ ထို့ကြောင့် သူတို့အကြောင်းကိုလည်း တစ်စေ့တစ်စောင်း ကြည့်ဖို့လိုမည်ထင်သည်။ သူတို့ထဲမှ ခေါင်းဆောင်အများစုသည် (၁၉၈၈) အရေးတော်ပုံ၏ အစပိုင်းကာလကတည်းက ပါဝင်ခဲ့သူတွေဖြစ်သည်။ နောက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပြီး အကျဉ်းထောင် အသီးသီးတို့တွင် နှစ်ရှည်လများ နေထိုင်လာခဲ့ကြရသူတွေဖြစ်သည်။ အနှစ် (၂ဝ)ကျော်ကြာ ဒုက္ခပေါင်းစုံကို ခါးစည်းခံရဖို့ဆိုလျှင် သာမန်ယုံကြည်မှုတွေ၊ သာမန်ခံယူမှုတွေနှင့် ကျော်ဖြတ်၍ မရတော့တာ သေချာလောက်သည်ဟု ထင်မိသည်။ ဘဝတွေ ဆုံးရှုံးသွားကြသည်။ အခန့်မသင့်လျှင် အသက်တွေ ဆုံးရှုံးသွားနိုင်သည်။ သဘောမထားတတ်လျှင် ရူးလည်းသွားနိုင်သည်။ ဒီနေရာတွင် ကိုယ့်ကိုယ်ကို အထင်ကြီးတတ်သူ မောင်သာနိုး တစ်ယောက်သာ သူတို့လောက်နေရလျှင် ရူးသွားမှာ သေချာသည်။
ယခု ပြန်လည်လွတ်မြောက်လာပြန်တော့လည်း မပြီးဆုံးသော သမိုင်းတာဝန်များကို ထမ်းဆောင် နေကြဆဲဖြစ်သည်။ သူတို့ လုပ်စရာရှိသည့် အလုပ်များကို ရဲရဲတင်းတင်း ရှေ့ထွက်လုပ်နေကြသည်။

အခြေအနေကြီးတစ်ခုလုံးက ပြောင်းဖို့ တောင်းဆိုနေကြသည်ကို အားလုံးက သိနေကြသည်။ သူတို့ အတွင်းတွင် ပြဿနာတွေနှင့်ပတ်သက်၍ အမြင်တွေ၊ သဘောထားတွေ၊ တူချင်မှလည်း တူနိုင်သည်၊ တစ်ထပ်တည်း ကျချင်မှကျမည်။ သေချာတာတစ်ခုတော့ရှိသည်။ ဖိနှိပ်ချုပ်ချယ်မှုကင်းသည့် လွတ်လပ် ပွင့်လင်းသည့် ဒီမိုကရေစီလူ့ဘောင်ပေါ်ထွန်းရေးအတွက် ရည်မှန်းချက်က အားလုံးတူညီနေကြသည်။ ထို တူညီမှုအပေါ်တွင် အလုပ်လုပ်နေကြခြင်းဖြစ်သည်။ ဘယ်သူကမှ အားလို့ ထလုပ်နေကြခြင်းတော့မဟုတ်။
သူတို့ ဒီကနေ့ လုပ်နေသည့် အလုပ်တွေက စင်ပြိုင်လုပ်နေတာလား၊ လုပ်သင့် လုပ်ထိုက်တာကို လုပ်နေတာလားဆိုတာကို လက်တွေ့အလုပ်တွေကို ဆန်းစစ်ကြလျှင် မြင်နိုင်သိနိုင်သည့် ကိစ္စဖြစ်သည်။ ဒီနေရာတွင် မောင်သာနိုးသိအောင် ထပ်ပြောပြရအုံးမည်။ တူညီသည့် ဘုံအကျိုးစီးပွားပေါ်တွင် ဝန်းရံထောက်ခံဖို့အတွက်တော့ လိုအပ်သည်။ ပါတီတွေ ဖြစ်ချင်ဖြစ်မည်။ အဖွဲ့အစည်းတွေလည်း ဖြစ်ချင် ဖြစ်မည်။ ကုန်ကုန်ပြောရလျှင် ဘောလုံးအသင်းတွေမှာပင် အရံလူထားပြီး ကစားကြရတာရှိသည်။ ဒီအချက် တွေကို မောင်သာနိုး မသိ၍ ပြောနေခြင်းလား၊ သိသိနှင့် ပြောနေခြင်းလားတော့မသိ။
မြန်မာပြည်သူတို့၏ နိုင်ငံရေးအသိက မြင့်မားသည်။ သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည် ဆိုလျှင် ထောက်ခံ၍ သူတို့လိုအပ်ချက်ကို ဆန့်ကျင်လျှင်၊ သူ့အလိုလို ဖယ်ရှားခြင်းခံသွားရမည်။ ယခုလည်း ပြည်သူလူထုက သူတို့၏ လိုအပ်ချက်ကို တစ်စုံတစ်ရာ ဖြည့်ဆည်းဆောင်ရွက်ပေးနေခြင်းကြောင့်သာ သွားလေရာတွင် ကြိုဆိုထောက်ခံမှုတွေနှင့် ကြုံနေရခြင်းဖြစ်သည်။ တပြိုင်နက်တည်းတွင် သူတို့၏ ပေးဆပ်မှုကို အသိအမှတ် ပြုတာကြောင့်လည်းဖြစ်သည်။ ထပ်ပြောရလျှင် (၈၈) မျိုးဆက်သည် သမိုင်း၏ တာဝန်ကို ဆက်ခံသော Politcal Mendate ရရှိထားသူတွေလည်းဖြစ်သည်။ (၈၈) မျိုးဆက်ကျောင်းသား အဖွဲ့အစည်းကိုယ်၌ကိုက ယခု မြင်တွေ့နေသူ တွေနှင့်သာဆိုင်သည်မဟုတ် (၈၈)ခုနှစ် ကာလကြီး တစ်ခုလုံးတွင် ပါဝင်ခဲ့သူတွေနှင့်ပါဆိုင်သည့် ကိစ္စဖြစ်သည်။ ဒါတွေကို မောင်သာနိုးက မနာလိုစိတ်အခံဖြင့် မကျေမနပ်ဖြစ်နေခြင်း ပင်ဖြစ်သည်။
၁၉၈၉-၉ဝ ကာလ အခြေအနေများကြောင့် အချို့နိုင်ငံရေးပါတီများ ဖျက်သိမ်းခြင်းခံလိုက်ရတာ တွေရှိသည်။ ထိုထဲတွင် မန္တလေးတွင် အခြေစိုက်သည့် အမျိုးသားနိုင်ငံရေးတပ်စုပေါင်းပါတီလည်း ပါဝင်ခဲ့သည်။ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုပါတီသည် ၁၉၈၈အရေးတော်ပုံ ကာလအပြီး တိုက်ပွဲကြားထဲက ပေါ်လာသော ပါတီဖြစ်သည်။ တော်ဘုရားလေး ဦးအောင်ဇေ၊ ဟံသာဝတီ ဦးဝင်းတင် ယခု NLD (နာယက) ရှေ့နေ ဒေါ်မြင့်မြင့်ခင်၊ ဦးကျော်ဝင်း စသည့် မြို့လူထုက ယုံကြည်အားထားသော ကျောင်းသားရဲဘော်ဟောင်းတွေ၊ အလုပ်သမား ရဲဘော်ဟောင်းတွေ၊ မြို့မိ၊ မြို့ဖတွေနှင့် ပါဝင်ဖွဲ့စည်းထားသည့်ပါတီဖြစ်သည်။ နာယက (၆)ဦး၊ ဗဟိုအလုပ် အမှုဆောင် (၂၁)ဦး၊ ပေါင်း(၂၇)ဦးဖြင့် ဖွဲ့စည်းထားပြီး မန္တလေးတွင်သာမက ရန်ကုန်တွင်ပါ ရုံးဖွင့်ပြီး အလုပ်လုပ်ခဲ့ကြသည်။ သည့်နောက် (၁၉၈၉) နောက်ပိုင်းတွင် ပါတီရုံး အပိတ်ခံရပြီး မတရားသင်း ကြေညာခြင်း ခံခဲ့ရကာ နာယက၊ ဗဟိုအလုပ်အမှုဆောင်၊ အပါအဝင် (၁၆)ဦး ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ ထိုအချိန်က ပါတီအလုပ်အမှုဆောင်အများစုနှင့် ပါတီအလုပ်အမှုဆောင် အားလုံးနီးပါး ထိန်းသိမ်းခံရသည်မှာ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုပါတီနှင့် ပြည်သူ့တိုးတက်ရေးပါတီနှစ်ခု သာရှိခဲ့သည်။

ထပ်ပြောရအုံးမည်။ ၁၉၈၉ မေလက ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးစည်းရုံးရေးခရီးစဉ်တွင် ''လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုပါ၏''ဟု အသုံးအနှုန်းကို အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု ပါတီကပင် ပထမဆုံး သုံးနှုန်းခဲ့သည်။ ထိုပါတီပျက်သွားသည့်အကြောင်းက မောင်သာနိုးပြောသလို ပျက်သွား ခြင်းမဟုတ်။ သမိုင်းတစ်ကွေ့မှာ ဖုန်ထမထတော့မသိ။ နိုင်ငံရေး မိုးကြိုးမုန်တိုင်း ဆင်ခဲ့သူတွေဖြစ်၍သာ ပါတီ ဖျက်သိမ်းခံလိုက်ရခြင်းဖြစ်သည်။
ထိုထဲတွင် အချို့က ကွယ်လွန်သွားကြပြီဖြစ်သည်။ ဦးဝင်းတင်ဆိုလျှင်လည်း အခုအချိန်ထိ NLD ပါတီတွင် တာဝန်ထမ်းဆောင်နေဆဲပင်ဖြစ်သည်။ သမိုင်းအဆက်ဆက်တွင် အနစ်နာခံမှုတွေ၊ စွန့်လွှတ်မှုတွေက ထုနဲ့ထေး။ အဆိုပါ ပုဂ္ဂိုလ်တွေ အနေဖြင့် အခုလို တိုင်းပြည်အတွက် ယုံကြည်မှုအတွက် စွန့်လွှတ်အနစ်နာခံ ဒုက္ခခံနိုင်သည့် အားထုတ်မှုမျိုးကို ကိုယ့်ကိုယ်ကိုအတွက် ကိုယ်ကျိုးစီးပွားကိစ္စ သက်သက်အတွက်သာ ဇောက်ချ ဆောင်ရွက်ခဲ့မည်ဆိုလျှင် ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် မောင်သာနိုးထက်မနည်း ချမ်းသာနိုင်သူ တွေချည်းပင်ဖြစ်သည်။

နောက် အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ့သမီး လူထုခေါင်း ဆောင်ကို အောင်ဆန်းသမီးဟု သုံးနှုန်းသည့် ကိစ္စပင်ဖြစ်သည်။ အခေါ်အဝေါ်၊ အသုံးအနှုန်း ရှိပြီးသား၊ ကျပြီးသားဖြစ်သည်။ ဒါကို မောင်သာနိုးက သူနှင့် ခေတ်ပြိုင်လိုလို၊ သူ့သူငယ်ချင်းလိုလို နှင့် ပုံဖမ်းထားသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေတ်ပြိုင် ဆရာဒဂုန်တာရာတို့၊ ကွယ်လွန်သွားသည့် သခင်အုန်းမြင့် တို့တောင် သခင် အောင်ဆန်း ကိုအောင်ဆန်း ဟုခေါ်ဝေါ်ခဲ့သည်။ ဒါကို မောင်သာနိုး မသိ၍မဟုတ် သိသိနှင့် သုံးထားခြင်းဖြစ် သည်။ မောင်သာနိုးတွင် ဘာဂါရဝတရားမှမရှိ၊ အဂါရဝတရားသာရှိသည်။ မောင်သာနိုး ဂါရဝတရားထားခဲ့သည့် ကိစ္စတွေတော့ရှိသည်။ တခြားတော့မဟုတ် မြန်မာပြည်အုပ်စိုးသူ အဆက်ဆက်ကိုတော့ ဘယ်တော့မှ အဂါရဝတရားနှင့် ခေါ်ဝေါ်ဝေဖန်ရေးသားခဲ့ခြင်း တစ်လုံး တစ်ပါဒမှ မရှိခဲ့တာဖြစ်သည်။

သည်မှာတွင် မောင်သာနိုးကို ပြန်လည်ဆန်းစစ်ဖို့ လိုမည်ထင်သည်။ မောင်သာနိုး ဘာလဲ ဘယ်လဲ။ ရှင်းသည်။ ဘာမှလဲမဟုတ်၊ ဘယ်မှလဲ မဟုတ်။ (၁၉၈၈)ခုနှစ် ရှေ့ပိုင်းက မောင်သာနိုး ဘာတွေ လုပ်ခဲ့သလဲနှင့် (၁၉၈၈)ခု နောက်ပိုင်းကော မောင်သာနိုး ဘာတွေလုပ်ခဲ့သလဲမေးလျှင် ဖြေစရာ  ဘာတစ်ခုမှ မယ်မယ်ရရမရှိ။ စစ်ကိုင်းသား၊ (၁၉၅၁) ခုနှစ်မှာ မန္တလေးတက္ကသိုလ် ရောက်ခဲ့သူ၊ ၅၁-၅၃ ကာလအတွင်း မန္တလေး ကျောင်းသား လှုပ်ရှားမှုများတွင် လမ်းကြုံ၍ ခဏတဖြုတ်ပါဖူးရုံသာ။ (၁၉၅၃) အောက်တိုဘာ ကျောင်းတစ်လ ပိတ်ရေးကိစ္စအပါအဝင် မတော်တဆနှင့် ခဏတဖြုတ် အထိန်းအသိမ်းခံရခြင်းမျိုးပဲရှိခဲ့သည်။ အထိန်းအသိမ်း ခံရသည့် ခေတ်ကလည်း ဖ.ဆ.ပ. လ အစိုးရခေတ်။ မောင်သာနိုး အုတ်ရိုး အတွင်းနေထိုင်ဖူးသည့် ရက်တွေကို တွက်လိုက်လျှင် ၈၈ မျိုးဆက်ကလူတွေ၊ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစုပါတီက ပုဂ္ဂိုလ်တွေ အုတ်ရိုးဘေး ရှုးရှုးထိုင်ပေါက်သလောက်တောင် ရက်မရှည်ကြာခဲ့။ ဘာနိုင်ငံရေး ယုံကြည်မှုမှ ခိုင်ခိုင်မာမာ မရှိခဲ့။ ထိုခေတ် အခြေအနေကြောင့် ဝဲသလိုလို၊ ရဲသလိုလို။ တကယ်တော့ ဘာမှမဟုတ်။ ဘယ်လူထု အဖွဲ့အစည်းတွင်မှလဲ အလုပ်မလုပ်ခဲ့ဘူး။ ဘယ်လှုပ်ရှားမှုမှလဲ မပါဝင်ခဲ့သူ။ လူထုသတင်းစာတိုက်၌ ခဏတဖြုတ် အရိပ်ဝင်ခိုပြီး အထက်ဗမာ နိုင်ငံစာရေး ဆရာအသင်းတွင် လူလုံးဝင်ပြ ရုံသာရှိခဲ့သည်။

၁၉၇ဝ လောက်ကတည်းက မောင်သာနိုး လူထုဆန့်ကျင်ရေး စကားတွေကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး စတင်ပြောနေခဲ့တာဖြစ်သည်။ ၁၉၈၈ နောက်ပိုင်းတွင် မောင်သာနိုး လူထုဆန့်ကျင်ရေး၊ နိုင်ငံရေး ဆန့်ကျင်ရေး ပြောတာတွေ ပိုများလာခဲ့သည်။ (၁၉၉၃-၉၄-၉၅)ကာလက သူ့သင်တန်းတွင် မကြာခဏ ကြုံတိုင်း ပြောတာ တစ်ခုရှိသည်။ ''ဒီကောင်မလေး ဒီနိုင်ငံရေးမှာ ပါဝင်လို့မရဘူးဆိုတာနှင့် ပွဲကပြီးသွားပြီ''ဆိုသော စကားဖြစ် သည်။ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အများအပြား ဖမ်းဆီးထိန်းသိမ်းခံနေရချိန်ဖြစ်သည်။ ကာလီနတ်သမီးဆောင်းပါး ထွက်လာတော့ လူထုဒေါ်အမာကပင် ''မောင်သာနိုးရယ် လက်နက်ချစရာအချိန် ဒီလောက်တောင် ရှားရ သလားကွယ်'' ဟုတောင် ပြောယူရတဲ့ အဆင့်ဖြစ်လာခဲ့သည်။ ကြာလာတော့ မောင်သာနိုးကို စာပေအဝန်းအဝိုင်းနှင့် သူတပည့်တွေကပါ ဆန့်ကျင် လာကြသည်။ ဒါ့ကြောင့် သူ့အတွက် နေရာကျဉ်းလာခဲ့သည်။ သာရေး၊ နာရေးနှင့် ဧည့်ခံပွဲအချို့တွင် မလွှဲသာ၍ တွေ့ရလျှင်လည်း သူ့ကို ဆက်ဆံမည့်သူက နတ္ထိ၊ ဧည့်ခံမှုလည်းမရှိ။ အများစုကြီးက ဖယ်ကျဉ်ထားကြသည်။ ဒါကိုက မောင် သာနိုးကို သူ့အသိုင်းအဝိုင်းက ဒဏ်ခတ် ထားခြင်းပင်ဖြစ်သည်။

ချုပ်၍ပြောရလျှင် မောင်သာနိုး အနေဖြင့် မိမိကိုယ်တိုင်က ဘယ်နေရာမှာ ရှိနေသည်၊ ဘယ်နေရာမှာမှ မရှိတော့ သည်ကို သိဖို့လိုမည်။ မောင်သာနိုး တလျှောက်လုံးထားခဲ့သည့် အရင်းခံ စိတ်ထားကိုက ပြည်သူ့ဘက်မှာ မရှိသည့်အတွက် အခုလို ရေးသားပြောဆိုမှုမျိုးတွေ  ဆက်တိုက်လုပ်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံရေး အခင်းကျင်းကြီးထဲ တွင် မောင်သာနိုး တစ်ယောက် ဘယ်ထောင့်၊ ဘယ်နေရာကမှ ပါဝင်ခဲ့ခြင်းမရှိပဲ သုံးသပ်ဝေဖန်ခွင့် မရှိသည်ကို သိထားရန်လည်းလိုသည်။ လုပ်နိုင်သူတွေက သူ့အလုပ်ကိုသူ တာဝန်သိသိလုပ်နေကြသည်။ အလုပ်လုပ်နေကြသူအားလုံး ညီညီညွတ်ညွတ်ရှိကြဖို့ အရေးကြီးနေချိန်တွင် မောင်သာနိုး၏ ဆောင်းပါးက ညီညွတ်ရေးကို ပျက်စီးလိုသည့် ဆန္ဒဖြင့် ရေးထားသည့်ဆောင်းပါးဖြစ်သည်။ နောက်ဆုံးအနေဖြင့် မောင်သာနိုးကို သတိပေးပြောလိုသည်မှာ ကျီးဘုတ်ရိုသေမှ ဘုတ်ကျီးရိုသေနိုင်မည်။ ဆင်ခြင်တုံတရား ကင်းမဲ့စွာဖြင့် ရေးသားနေမှုကို ရပ်တန်းကရပ်ဖို့ ဖြစ်သည်။ သို့မဟုတ်ပါက စာပေတရားခွင်၊ လူမှုတရားခွင်နှင့် အမှန်တရား တရားခွင်တို့က မောင်သာနိုးကို ခွင့်လွှတ်ပေးလိမ့်မည်မဟုတ်ဟု ဆိုချင်သည်။

စာရှုသူ ရဲဘော်အပေါင်းတို့အား အသိပေးစေချင်သည်မှာ အသေဝနာစဗာလနံဟု. . .

သစ်ထွန်းကျော်
၆.၆.၂ဝ၁၂  wunna Cho

မောင်တောအခြေအနေ ပုံမှန်မရောက်သေး

ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေတဲ့ အမျိုးသားတချို့ကို သက်ဆိုင်ရာက နေရပ်ပြန်ခိုင်းနေပေမဲ့ အမျိုးသမီးနဲ့ ကလေးတွေက ကျန်ရှိနေသေးပြီး အခြေအနေ ပုံမှန်ဖြစ်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ပုဂ္ဂလိက ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေသူတွေက ပြောပါတယ်။













RFA
၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ်၌ ဖြစ်ပွားသော အကြမ်းဖက်မှုကြောင့် အိုးအိမ် စွန့်ခွာထွက်ပြေးပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံတွင် ခိုလှုံနေကြသော ဒုက္ခသည်များ
ဘူးသီးတောင်-မောင်တော ရေကြီးချိန်က ရရှိထားပြီး မြို့နယ်အုပ်ချုပ်ရေးရုံးမှာ အသင့် ရှိနေတဲ့ ရွက်ဖျင်တဲတွေ လုပ်ပေးပြီး သန်သန်မာမာ ယောက်ျားတွေကို အိုးခွက်ပန်းကန်တွေပါ ပေးပြီး နေရာပြန်ချထားပေးတာလို့ မောင်တောမြို့က လူမှုရေး အကူအညီပေးနေသူ တစ်ဦးက ပြောပါတယ်

နေရာပြန်ချထားရေးအတွက် ပူးပေါင်း ဆောင်ရွက်နေတာတွေ့ရကြောင်း၊ အေးချမ်းတည်ငြိမ်နေပြီပြောပေမဲ့ အခြေအနေတွေ ပုံမှန် မဖြစ်သေးကြောင်း၊ စစ်တပ်ချမထားတဲ့အတွက် မနေရဲကြသေးကြောင်း သူက ပြောပါတယ်။

မောင်တောမြို့နယ်မှာ ရခိုင်တိုင်းရင်းသားနဲ့ ဌာနဆိုင်ရာ အစိုးရ၀န်ထမ်းက  လူဦးရေ အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းတောင် မပြည့်ဘဲ  ရခိုင်ပြည်နယ် ပဋိပက္ခ အတွင်း  ရခိုင်ကျေးရွာတွေနဲ့ အာဏာပိုင်တွေ အစီအစဉ်နဲ့ ပြည်မက လူတွေကို နေရာချထားပေးတဲ့ရွာတွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရပ်ရွာဖျက်ဆီးခံရလို့ ထွက်ပြေးလာရသူ ဒုက္ခသည်တွေကို မောင်တောမြို့ ဗဟိုကျောင်းတိုက်၊ ပရဟိတ အလိုတော်ပြည့် ကျောင်းတိုက်၊ အောင်မြေဗောဓိ အလိုတော်ပြည့်ကျောင်း၊ လေးမိုင် လုံထိန်း ရဲတပ်ရင်းနဲ့ ကျောင်းတွေမှာ နေရာချထားပေးပါတယ်။

တောင်ကုတ်မြို့ လူထုက မော်တော်နဲ့ ပေးပို့လိုက်တဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို ဒီနေ့ လက်ခံရရှိတဲ့ အကြောင်း၊ အလှူရှင်တွေဆီက ရရှိတာတွေကို  အိုးမဲ့အိမ်မဲ့ ဒုက္ခသည်တွေ သာမက မီးလောင်မှုမှာ မပါဝင်တဲ့ မောင်တော မြောက်ပိုင်းက ဒေသခံတွေကိုလည်း လှူဒါန်းတဲ့ အကြောင်းလည်း ကယ်ဆယ်ရေး လုပ်ငန်းဆောင်ရွက်နေသူတွေက ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ နယ်စပ်အခြေစိုက် ကုလားတန်သတင်းဌာနက မောင်တောနဲ့ နယ်စပ်ဒေသ နယ်မြေတွေမှာ အစွန်းရောက် ရခိုင်လူမျိုးတွေနဲ့ အတူ နစက နဲ့လုံခြုံရေးတပ်ဖွဲ့ တချို့က ရိုဟင်ဂျာ ဘင်္ဂါလီလူမျိုးတွေကို
တရားမဲ့ ဖမ်းဆီး နှိပ်စက်တာတွေ၊ တချို့ ရွာတွေမှာ မုဒိန်းမှု ကျူးလွန်တာတွေ ဖြစ်ပွါးနေတယ်လို့  ရေးသား ဖေါ်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြည်ပမြန်မာသတင်းမီဒီယာများနဲ့ သီးခြားတွေ့ဆုံ

Daw aung su kyi meet foreign media


ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်တဲ့အိမ်ကို အကိုဖြစ်သူ အမေရိကန်နိုင်ငံသားအား အမွေတဝက် ခွဲပေးဖို့ တရားစီရင်ချက် မမှန်ကန်ပါ


















Sunday, June 24, 2012 at 1:42pm ·



လက်ရှိ ဒေါ်ောင်ဆန်းစုကြည် တဦးတည်း ပိုင်ဆိုင်နေထိုင်ရာကို ဦးောင်ဆန်းဦးကို တဝက်ခွဲပေးလိုက်ဖို့ တရားစီရင်ချက်ပေါ်ခုလို ရှုငြ် သုံးသပိပါတယ်။

  1.ိသားစု ပုဂ္ဂိုလ်ရေးရ ဦးောင်ဆန်းဦးနေနဲိ့သားစုရဲ့ တဦးတည်း ကျန်ရှိနေတဲ့ ညီငယ်ပေါှ်ာ တရားစွဲဆွိုခွဲဝေ တောင်းခံတျာိုးလုပ်သင့်ပါဘူး။
  2. ထင်ရှားကျော်ကြားပြီး စံနူနာယူထိုက်တျဲို့းသားခေါင်းဆောင်ကြီး ဖခင် ဗိုလ်ချုပ်ောင်ဆန်းနဲိ့ခင် ဒေါ်ခင်ကြည်တို့ရဲ့ ဂုဏ်သိက္ခာကို ထောက်ထား ငဲ့ညှာသင့်ပါတယ်။  
  3. န်ာနိုင်ငံ ဥပဒေကြောငှ်းန်ကန်သင့်လျော်ရှိပါဘူး။
  4. ဗိုလ်ချုပ်ောင်ဆန်းရဲ့ သားဖြစ်တယ် ဆိုတဲ့ကြောင်းပြချက်ဟာ ဘက်လိုကှ်ု ဖြစ်တာကြောင့် ဥပဒေကျိုက်ကွက်ပြုရာ ရောက်နေပါတယ်။
  5. ဒေါ်ောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးကျိုးပြုလုပ်ငန်းတွေကိုနာလိုရှုစိ့်တဲ့နေနဲ့ တားဆီးပိတ်ပင် နှောင့်ယှက်ဖို့ ဖြစ်နေပါတယ်။

ထက်ပါ (၁) နဲ့ (၂) ကတေျာ့ားပြည်သူလွယ်တကူ သဘောပေါက် ရှင်းလင်းပြီးသားချက်တွေ ဖြစ်ပါတယ်။ နောက်ပိုင်းချက်တွေကိုတော့ ရှင်းပြချင်ပါတယ်။

၁၉၆၂ ခုနှစ် စစ်ာဏာသိးခေါင်းဆောာင် ဦးနေဝင်းစိုးရလက်ထကှ်ိာုးစီးပွားတွေ စွန့်လွှတ်ပြီး ပြည်ပကို ထွက်ပြေးသွားသူတွေ ရှိပါတယ်။ သူတို့ဟာ နြ်ာနိုင်ငံသားဖြစ်ကို စွန့်လွှတ်ပြီးခြားနိုင်ငံတွှော နိုင်ငံသားဖြစ် ပြောင်းလဲခံယူလိုက်ကြပါတယ်။ သူတို့ဟာ နြ်ာနိုင်ငံသားဟုတ်တော့တဲ့တွက် နြ်ာနိုင်ငှာံ စွန့်လွှတ်ခဲ့တာတွေကို ဘယ်တေှာ့ ပြန်ရယူနိုင်ဖို့ရှိကြတော့ပါဘူး။

ခှုာ ဦးောင်ဆန်းဦးလို နြ်ာနိုင်ငံသားဟုတ်တော့သူတဦးကို သူနေထိုင်ခဲ့ဖူးရ်ာတဝက်ကို ပိုင်ဆိုင်ခွင့် ပြုလိုက်ယ်ဆိုရင် နြ်ာနိုင်ငံ တရားဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ ဖြစ်လာရတော့ယ်။ နိုင်ငံခြားကနေ နြ်ာနိုင်ငံသားဟောင်ျးားစွာတို့က သူတို့ ပိုင်ဆိုင်ခဲ့ဖူးတာတွေ ပြန်တောင်းတှဲု့တွေကို န်ာနိုင်ငံဘက်က ရင်ဆိုင်ရပါတော့ယ်။

ှုတခှုာ ဘယ်သူဘယ်ဝါရဲ့ သားသီးဖြစ်လို့ကျိုးခံစားပိုင်ခွင့် ရှိစေ ဆိုတဲ့ကြောင်းပြချက်ဟာ ကျင့်သုံးရယ့် တရားစီရင်ရေးစနစ်ဖြစ်ထိုက်ပါဘူး။ ဒီလိုသာ ခွင့်ပြုချက်ကို ပေးခဲ့ရငိဘရှိန်ဝါားကိုးပြီး ရာဇဝတှ်ု ကျုးလွန်သူတွေားလုံးကို တရားစီရင်ရေးဘက်ကျက်ကွယ်ပြုရာ၊ားပေးရာ ရောက်သွားပါယ်။ တရားစီရင်ရေးစနစ်က သြဇာတိက္ကကြီးသူတွေရဲ့ သားသီးတွေ ရာဇဝတှ်ု ကျူးလွန်ဖို့နေထားတွေကို ခွင့်ပြုရင် ဒါဟာာဏာကိုလွဲသုံးစာှးုလည်း ဖြစ်သွားပါတယ်။

နောက်ဆုံးချက်ကတောု့ပ်ချုပ်ရေားဏာပိုင်တွေရဲ့ တရားစီရင်ရေးဏ္ဍိုင်ပေါ် လွှိးုှးု ရှိနေလားလို့ သံသယ ဖြစ်စရာခြေနေပါပဲ။ ဒါဟာ နိုင်ငံရေးနဲ့ ဆက်နွယ်နေပါလိ့်ယ်။ ဒေါ်ောင်ဆန်းစုကြည် ဆိုရင် နိုင်ငံရေးလုပ်တာ နြ်ာတနိုင်ငံလုံးရော တက္ဘာလုံးကပါ ကောင်းကောင်းသိထားပြီး ဖြစ်ပါတယ်။ နိုင်ငံရေး လုပ်တာတောငှ် နိုင်ငံကျိုးပြု၊ ပြည်သူလူထုကျိုးပြု နိုင်ငံရေးကိုသာ သတ်သတှ်တှ်တ် လုပ်နှေန်ျးားက သိကြပါတယ်။

န်ာနိုင်ငံရေးပေါ်င်တိးစောင်းတဲ့ ကိုယ်ကျိုးရှာသူဆိုစလောက် လူနည်းစုတချို့ကတော့ ဒေါ်ောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး ရညှ်န်းချက်နဲ့ လုပ်ဆောင်ချက်တွေပေါှ်ာ ဖျက်လိုဖျက်ဆီး လုပ်တတ်ကြပါတယ်။ ဒေါ်ောင်ဆန်းစုကြည်ရှဲ့ာ နိုင်ငံတကာကစိုးရခေါင်းဆောင်တွေနဲ့ခြား နိုင်ငံခြား ဧည့်သည်တွေ ဝင်ထွက်သွားလာနေတာကို သူတို့ကနာလိုရှုဆိ့် ဖြစ်နေပုံရပြီး နိုင်ငံရေးကျိုးပြု လုပ်ငန်းတွေ လုပ်နေတယ်လို့င်တတ်ကြပါဘူး။

ဒါတွေားလုံးဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ဒီိုကရေစီ နိုင်ငံရေးလ်းကြောင်း တည်ငြိစွာ ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှက် ဟန့်တားနေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ကောက်ချက်ချလိုက်ပါတယ်။

တဆက်တညှ်းာပဲ ဦးောင်ဆန်းဦးကိုသာကြော်င်ဲ့ ဥပဒေကြောင်းနဲ့ညီတဲ့ တရားစီရင်ချက်ကိုပါ လူထုတရပ်လုံးက ဝိုင်းဝန်း ရှုတ်ချ ပြစ်တင် ကန့်ကွက်တဲ့ က်ပိန်းတွေ လုပ်သင့်ပါတယ်။

လွင်ောင်စိုး
၂၄-၆-၂ဝ၁၂
..............

သမိုင်း ကို မသိရင် “အ” တယ်၊ ဒေါက်တာသန်းထွန်း

မ အ ကြဖို့
၈၈၈၈ သမိုင်း ကို ပြုစုမယ့် သမိုင်းပညာရှင်တွေကို အထောက်အကူဖြစ်စေဖို့
၈၈၈၈ ဆိုတာ မြန်မာပြည်သူလူထုရဲ့ “ဂုဏ်” ပြောင်လှတဲ့ သမိုင်းဝင် လှုပ်ရှားမှုကြီး ဆိုတာ ဖေါ်ထုတ်ဖို့

၈၈၈၈ မှာ ပါဝင်လှုပ်ရှားခဲ့တဲ့ အဝေးရောက် ပြည်သူတွေရဲ့ဖြတ်သန်းမှုတွေ ကို တွေ့ဆုံမေးမြန်း ရိုက်ကူးမှတ်တမ်းတင်မှုတွေ ကျနော် လုပ်နေပါတယ်။

ပထမဆုံးအနေနဲ့ ၈၈၈၈ မှာ ပြည်သူတွေနဲ့အတူ တသားတည်း အတူတကွ
တိုက်ပွဲဝင်ခဲ့ကြတဲ့ ပြုပြင်ထိန်းသိမ်းရေး လေတပ်စခန်း (မင်္ဂလာဒုံ) က
“ပြည်သူ့တပ်မတော်သား” တွေရဲ့ ဖြတ်သန်းမှု ကို တင်ပြထားပါတယ်။


အောက်ပါ “မိုးမခမီဒီယာ” ရဲ့ လင့်ခ်မှာ သွားကြည့်နိုင်ပါပြီ။




သူ့ဖေ့စ်ဘွတ်မှာ တင်ဆက်ထားပြီး အောက်ပါအတိုင်း ရေးသားထားပါတယ်။ ပထမပိုင်းအဖြစ် ၈၈ အရေးတော်ပုံကာလမှာ ပြည်သူတွေနဲ့ အတူရပ်တည်ခဲ့တဲ့ မင်္ဂလာဒုံလေတပ်စခန်းက တပ်မတော်သားတွေရဲ့ ဖြတ်သန်းမှုတွေကို ကိုလေး (ဘော်စတွန်) နဲ့ ကိုမြအောင်တို့က သူတို့ ရောက်ရှိနေထိုင်ရာ ကယ်လီဖိုးနီးယားပြည်နယ်၊ အယ်လ်အေ အရပ်က နေအိမ်မှာ ပြန်လည် ပြောပြကြတာကို တွေ့ရပါတယ်။
“ …


ဒါရိုက်တာချိုတူးဇော်
 

လန်ဒန်ရောက် မြန်မာမိသားစုများကို ပြောဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတချို့


















“ကိုယ့်ရဲ့ ဘာသာစကားကို မမေ့ပါနဲ့။ တတ်နိုင်သမျှ ကိုယ့်ရဲ့ ဘာသာစကားကို ပြောပါ။ ကိုယ်ရောက်နေတဲ့ နိုင်ငံရဲ့ ဘာ သာ စကားကို ကျွမ်းကျွမ်းကျင်ကျင် တတ်ဖို့ ဆိုတာ အရေးကြီးပါတယ်။ ကျမ မေမေသင်ခဲ့တဲ့ဟာလေး တခု ပြန်ပြောပါရစေ။ မေမေက အမြဲပဲ ပြောတယ်။ အင်္ဂလိပ်လိုပြောချင်ရင်လည်း အင်္ဂလိပ်လို ပြော၊ ဗမာလို ပြောချင်ရင်လည်း ဗမာလိုပြော။ ဟို ရော ဒီရောရော မလုပ်နဲ့”

ဒေါ်အောင်ဆန်းစုကြည်

ဇွန်လ ၂၂ ရက်နေ့က ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗြိတိန်ရောက် မြန်မာ မိသားစုများနဲ့ တွေ့ဆုံစဉ် ပြောကြားသွား တဲ့ မြန်မာစာ၊ မြန်မာစကားနဲ့ ပတ်သက် လို့ ပြောသွားတာပါ။

“နိုင်ငံခြားမှာ ရောက်နေတဲ့အခါမှာ ကျမ အမြဲပဲ သတိပေးပါတယ်။ ကျမတို့ဟာ အိမ်ရှင်နိုင်ငံကို ကျေးဇူးတရား ရှိရမယ်။ အိမ်ရှင်နိုင်ငံရဲ့ ကျေးဇူး တရားကို ကျမတို့ မေ့လို့ မဖြစ်ဘူး။ အိမ်ရှင်နိုင်ငံ စိတ်ချမ်းသာအောင် ကျမတို့ နေတတ်အောင် အိမ်ရှင်နိုင်ငံက ကျမတို့ရဲ့ ပြည်သူပြည်သားတွေကို လေးစားအောင်လို့ ခင်မင်အောင်လို့ ကျမတို့ နေတတ်အောင် နေ တတ်ရမယ်”

“ကိုယ့်ကိုမွေးထုတ်လိုက်တဲ့ နိုင်ငံရဲ့ ကျေးဇူးတရားကို မေ့သွားတဲ့ သူများဟာ ကိုယ်ကို မွေးစားတဲ့ နိုင်ငံအပေါ် မှာရော တကယ် ကျေးဇူးတရား ရှိနိုင်ပါ့မလားဆိုတာ ကျမ အမြဲပဲ ဒီမေးခွန်းကို ထုတ်ပါတယ်”

“ဒီမိုကရေစီ ပြည့်ပြည့်ဝဝရဖို့ ဆိုတာဟာ အတိုက်အခံဆိုတာဟာ အစိုးရဖြစ်နိုင်တဲ့အဖွဲ့အစည်း ဆိုတာကို ကျမတို့နိုင်ငံက လက်ခံဖို့လိုတယ်။ အခုအထိတော့ ဒီသဘောတရားကိုတော့ သိပ် နားလည်သေးတယ် လို့တော့ ပြောလို့ မရဘူး”

“အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သစ္စာ အရှိဆုံး၊ အခိုင်မာဆုံး မဟာမိတ်ပါတီတွေဟာ တိုင်းရင်းသား မဟာမိတ်ပါတီတွေပဲ။ ကျမတို့နဲ့ အတူတူ အေးအတူ ပူအမျှဆိုတာ အပြောအရ မဟုတ်ဘူး။ အလုပ်အရကို ရပ်တည်ခဲ့တာပါ”

“အခုအချိန်ဆိုလို့ရှိရင် ကျမတို့ နိုင်ငံအတွက် အင်မတန်မှ မကြုံဘူးတဲ့ အခွင့်အရေးတွေ ရနိုင်တဲ့ အချိန်အခါဖြစ်တယ်။ ရ နေတယ်လို့ ကျမ မပြောလိုပါဘူး။ အခွင့်အရေးတွေကို ရနိုင်တဲ့အခြေအနေ မှာ ရောက်နေတယ်”

“ကျမတို့ရဲ့ အနောက်ပိုင်းမှာ၊ အနောက်ပိုင်း နယ်စပ်မှာ ဆိုလို့ရှိရင် ဒီလို ဖြတ်ကျော်တာမှာ စည်းမဲ့ ကမ်းမဲ့ဖြစ်နေတယ်။ အဲ ဒါကြောင့်လည်း ပြဿနာတွေဖြစ်လာတယ်။ တဖက်နိုင်ငံကလည်း ဒါက တို့နိုင်ငံက လူတွေ မဟုတ်ဘူး။ ဒီဘက် ဗမာ ပြည် က၊ မြန်မာနိုင်ငံက လူတွေ၊ မြန်မာနိုင်ငံကလည်း ဒါ တို့နိုင်ငံက လူတွေ မဟုတ်ဘူး။ ဟို ဘက်က ကူးလာတာဆိုပြီးတော့ အဲ ဒီလို စွပ်စွဲချက်တွေ ဖြစ်နိုင်တာဟာ စည်းမဲ့ကမ်းမဲ့ နယ်စပ်ကို ဖြတ်ကျော်မှုကြောင့်၊ တနည်းအားဖြင့် ပြောမယ်ဆိုရင် ဒါ လည်း ဥပဒေစိုးမိုးရေး မရှိ တာပေါ့နော်။ နောက်ပြီးတော့ နယ်စပ်မှာ စောင့်တဲ့ အစိုးရ ဌာနတွေရဲ့ လာဘ်ပေးလာဘ်ယူကိစ္စ နဲ့ မကင်းတဲ့ ဟာတွေနဲ့ ဆိုင်ပါတယ်”

 June 23, 2012
အိမ့်သံစဉ်

ဒီလှိုင်း စာစောင်ရဲ့ ဂုဏ်ပြုကဗျာ များမောင်မေခ။ဆွေနွယ်ငြိမ်း။အောင်ရဲ။သက်ထား။ပိုင်မှူးသိခ်


































ဒီတပါတ်ထုတ် ဒီလှိုင်းစာစောင်ပါ.... အမေစုရဲ့ ၆၇-နှစ်မြောက်
မွေးနေ့အတွက် ဂုဏ်ပြုကဗျာ -၁


































ဒီလှိုင်းစာစောင်ပါ.... အမေစုရဲ့ ၆၇-နှစ်မြောက်
မွေးနေ့အတွက် ဂုဏ်ပြုကဗျာ -၂

 


































ဒီလှိုင်းစာစောင်ပါ.... အမေစုရဲ့ ၆၇-နှစ်မြောက်
မွေးနေ့အတွက် ဂုဏ်ပြုကဗျာ -၃




































ဒီလှိုင်းစာစောင်ပါ.... အမေစုရဲ့ ၆၇-နှစ်မြောက်
မွေးနေ့အတွက် ဂုဏ်ပြုကဗျာ -၎






































ဒီလှိုင်းစာစောင်ပါ.... အမေစုရဲ့ ၆၇-နှစ်မြောက်
မွေးနေ့အတွက် ဂုဏ်ပြုကဗျာ -၅
-----------------------------------------------
အမေ့မွေးနေ့ ဂုဏ်ပြုကဗျာများကတော့
ကျန်သေးတယ်၊ သားသားလေးက ဒီ၅-ပုဒ်ကိုပဲ ရွေးပြီး
ဖန်တီးထားတာပါ။
ကဗျာစာ မှားတာပါခဲ့သော်
သားသားလေးနှင့် ကိုထွန်းဝေ တို့ ရဲ့ 
 Mistake-သာ ဖြစ်ပါကြောင်း..... ခင်ဗျာ

တန်းဖိုးထားတတ်မှ တန်းဖိုးရှိတာ။


























သားတို့ရဲ့ လူထုခေါင်းဆောင်
အမေစုအား. . .
ဗြိတိသျှပါလီမန် နှစ်ရပ်က လူကြီးတွေကို
မိန့်ခွန်းမိန့်ကြားခိုင်းပြီး ဂုဏ်ယူလိုက်တဲ့
ဗြိတိသျှက တကယ့်နိုင်ငံခေါင်းဆောင်းများကို
လေးစားပါတယ် ခင်ဗျာ။
အထက်ပါ ဗြိတိသျှပါလီမန်မှာ အင်္ဂလန်နိုင်ငံပြင်ပမှ
မိန့်ခွန်းပြောခွင့်ရှိခဲ့သော လေးစားဖွယ်ခေါင်းဆောင်
ငါးယောက်ကို သားသားလေး ပုံဖော်ကြည့်ထားတာပါ။
═══════════════════════
တန်းဖိုးထားတတ်မှ တန်းဖိုးရှိတာ။
ရှားပါးမှ ရတနာ။
အလေးထားတတ်မှ ကိုယ့်ကို အလေးပေး ခံရမှာ။
သူ့ဂုဏ်ကို မြှောက်မှ ကိုယ့်ဂုဏ်တောက်ပမှာ။
သူများကို လက်ညှိုး တစ်ချောင်းထိုးလိုက်ရင်
ကိုယ့်ပြန်ပြီး ကျန်လက်ငါးချောင်းနဲ့ အထိုးခံရမှာ။
သူများကို မနာလို ၀န်တိုမှုရှိတယ်ဆိုတာ
ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိလို့ပဲ။
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫
-သားသားလေး မှတ်သားဘူးတဲ့ ဆင်ချင်ဖွယ်ရာစကားများပါ။
သူတပါးကို အလေးထားနိုင်တဲ့ စိတ်မွေးမြူနိုင်ကြပါစေ...။
▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫▫




တချို့ကလည်း အကောင်း မမြင်၊ တချို့ကလည်း အကောင်းမြင်
လောကဓံပေါ့.... “နိန္နံ ပသန္နံ= ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း”ဆိုတဲ့ လောကဓံတရားဟာ လူ့လောကထဲမှာ နေရသေး သရွှေ့ရှောင်လွှဲနိုင်တာမှ မဟုတ်တာ။

အခုအမေစုကို ဗြိတိန်က ခေါင်းဆောင်းတွေက ဖက်လဲတကင်း အလေးထားတော့လည်း ဗြိတိန်က ဘာထပ်ယူမလို့ အမေစုကို ဖားနေတာမှန်း မသိဘူးတဲ့....။
ဖားတာ မဖားတာနောက်ထား.... အမေစုကြောင့် ပြည်ပရောက် မြန်မာပြည်သားတွေ အရင်ကထက်သာရင် မြန်မာဆိုတာ ဂုဏ်ယူနိုင်ကြမယ်၊ ငြိုးငယ်တာတွေ အတန်အသင့်တော့ ပြေပျောက်နိုင်မယ် ထင်ပါတယ်။
ပြည်တွင်းက အမေစုကို ချစ်တဲ့ မြန်မာပြည်သားတွေကတော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ ကိုယ့်ခေါင်းဆောင်ကို ဒီလို အလေးထားလို့။

မကောင်းမြင်ဝါဒဆိုတာတော့ ရှိနေကြမှာပဲ။
စစ်အေးကာလ တယုတ်ထက်တော့ မဆိုးလောက်ဘူးထင်ပါတယ်။
မြန်မာပြည်ဟာ ဂျပန်ကြောင့် နာခဲ့... ဒါပေမယ့် လောပိတရေအားလျပ်စစ်လိုမျိုး မြန်မာပြည်အတွက် အကျိုးပြုစရာ ကျန်ခဲ့။
ဗြိတိန်ကြောင့်လည်း မြန်မာပြည်ဟာ နာခဲ့.... ဒါပေမယ့် စစ်ကိုင်းတံတားလိုမျိုး အများအကျိုးပြု ကျန်ခဲ့ပါတယ်။

တယုတ်ကြောင့်တော့ အခုအချိန်အထိ အသေးအမွားပြဿနာလေးက မြန်မာပြည်သားတွေ ခံစားနေရပါတယ်... အသေးဆုံး ပလတ်စတစ်ပြဿနာက အစ... အကြီးဆုံး မြစ်ဆုံအထိပေါ့ဗျာ.......။

သတင်းတွေ, ကွန်မင့်တွေ ဖတ်ပြီး သားသားလေး နှလုံးသားက အန်ထွက်လာတဲ့ အတွေးလေးတွေပါ.......
သားသားလေး 

အမေစုနဲ့..ဦးအောင်ဆန်းဦး ကိုအမွေတ၀က်စီခွဲ ယူဘို့.အမိန့်ချလိုက်ပြီ.























အမေစုနဲ့..ဦးအောင်ဆန်းဦး ကိုအမွေတ၀က်စီခွဲ ယူဘို့..ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက..၂၂ရက် ဇွန်လမှာ..အမိန့်ချလိုက်ပြီ..။အမေ့အိမ်ကို..အဲ့လူကြီးလာလုတော့မှာလား..။Favourite News ဂျာနယ်မှာဖော်ပြထားပါတယ်။သမိုင်းနဲ့ အမျိုးဂုဏ် မပျောက် မပျက်ရစေအောင် ထိန်းသိမ်းကြပါစို့။
မြန်မာ့တရားရေးက အခုမှ တရားမျှတနေပါရောလားကွယ်။ ဒီလောက် သမိုင်ဝင် ရာဇဝင်ရှိတဲ့ မြန့်မာရတနာတပါးလို သတ်မှတ်ထားရမဲ့အိမ်ကြီးပါ။ဒိတ်ဒိတ်ကျဲ ကမ္ဘာခေါင်ဆောင်တွေ လာရောက်ခဲ့တဲ့ အိမ်တော် မင်္ဂလာရှိတဲ့အိမ် ဒီမိုကရေစီထွန်းတောက်ခဲ့သည့်နေရာ ဦးအောင်ဆန်းဦးကတော်တော် မယ်ဘော်မ လဲ့လဲ့နွယ်သိန်းက ကဲဖြစ်နေတာ။ဗိုလ်ခင်ညွှန်လက်ထက်မှာလည်း ဗိုလ်ခင်ညွှန့်နဲ့ သူအဖွဲသားတွေ လဲ့လဲ့နွယ်သိန်းနဲ့ပေါင်းပြီး အန်တီစု လမ်းဘေးမှာနေရအောင် အကျင့်ဝိုင်း
ယုတ်ခဲ့ကြတာရှင့်။ အဲ့တော့ ဒီအိမ်ကြီးက ဦးအောင်ဆန်းဦးကို တဝက်အမ်းရရင်လည်း ပြည်သူတွေ တစ်ယောက် ၁၀၀ကျပ်စုပြီးထည့်ရင် ဟိုအမျိုးသမီး ဦးအောင်ဆန်းဦးကတော်မ ကြိုက်တဲ့ငွေမက ရလောက်ပါတယ်။ ဒီအိမ်ကြီးတော့ အပျောက်အပျက်မခံနိင်ပါဘူးရှင်။ အားလုံးကြိုးစားကြဘို့ နိုးဆော်လိုက်ပါတယ်လို့ ဖော်ပြထားပါတယ်..။

မြန်မာတို့ ခေတ်ဆန်းချိန်..




















မြန်မာတို့ ခေတ်ဆန်းချိန်...။

တစ်ခေတ်တွင် သည်တစ်ယောက်...
ထွန်းတောက်လို့ထိန်...။

ကမ္ဘာကြီးကိုက အမေ့ရဲ့အိမ်...
ဂုဏ်သိန်နဲ့ စံမြန်း...။

တန်းခိုးဝေလျှံလို့..
အိုးဝေသံခြိမ့်ခြိမ့်ညောင်းတယ်...
ဒေါင်းမိခင်နန်း....။ ။

ငြိမ်းသစ္စာ

အမိရန်ကုန်တက္ကသိုလ် ရာပြည့်အကြို




























~ The Rangoon University Anniversary- အမိရန်ကုန်တက္ကသိုလ် ရာပြည့်အကြို ~
- graphic design :
ko myoe -

လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ပုဒ်မ ၅၀၅(ခ)၊(ဂ)တို့ ဖြင့် တရားစွဲခံရ






















ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ်သက်သည့် သတင်းဖော်ပြချက်ကြောင့် ပြန်ကြားရေး ဝန်ကြီးဌာန စည်းမျဉ်း အရ ဂျာနယ်ထုတ်ဝေခွင့် ယာယီရပ်နားခံထားရသော လျှပ်တစ်ပြက် သတင်းဂျာနယ် ၏ အယ်ဒီတာချုပ် ဦးမြတ်ခိုင်ကို ပုဒ်မ ၅၀၅ (ခ) ၊ (ဂ) တို့ဖြင့် တရားစွဲဆိုသည့် သမ္မန်စာ လက်ခံရရှိ ထားကြောင်း ဦးမြတ်ခိုင်က အတည်ပြု ပြောကြားသည်။

အထက်ပါကိစ္စနှင့်ပတ်သက်၍The Voice Weekly က လျှပ်တစ်ပြက် ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်ထံ အတည်ပြု ဆက်သွယ်မေးမြန်းခဲ့ရာ ပုဇွန်တောင်မြို့နယ်တရားရုံးက ဇွန်လ ၁၉ ရက်နေ့ ရက်စွဲဖြင့် သမ္မန်စာပေးပို့ထားပြီး ဇွန်လ ၂၅ ရက်နေ့တွင် တရားရုံးသို့ လူကိုယ်တိုင်လာရောက်ရန် ယင်းသမ္မန်စာတွင် ပါဝင်ကြောင်း ပြန်လည်ဖြေကြားသည်။

''စွဲထားတဲ့ပုဒ်မက ၅၀၅ (ခ) နဲ့(ဂ) ပါ။ အမှုအမှတ်စဉ်က ၁၈၈ ပါ''ဟု လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် က ပြောကြားသည်။
ယခုတရားစွဲဆိုမှုကို မည်သည့်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကတရားစွဲဆိုသည်ကိုမူ မသိရသေးကြောင်း ဦးမြတ်ခိုင်က ဆိုသည်။

အဆိုပါကိစ္စကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဇွန်လ ၂၂ ရက်နေ့နေ့လယ်ပိုင်းက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားမည့်သူ မရှိကြောင်း ပြန်လည်ပြောကြားသည်။

''ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်လာစေရန် တစ်စုံ တစ်ယောက်က ပြုလုပ်လာတယ်၊ လှုံ့ဆော်လာတယ်ဆိုရင် လူတစ်စုက ထိတ်လန့်စရာ တုန်လှုပ်စရာ အကြောင်းခြင်းရာတွေ ပေါ်ပေါက် ပြီးတော့ ဖြစ်လာ နိုင်တဲ့ အကြောင်းအရာတွေဆိုရင် ၅၀၅(ခ)နဲ့ စွဲဆိုနိုင်ပါတယ်။ နောက်တစ်ခုကျတော့ ၅၀၅ (ဂ) လူအမျိုးအစား အချင်းချင်းဖြစ်စေ၊ တစ်ဖက်နဲ့တစ်ဖက်ပြစ်မှု ကျူးလွန်ချင်လာအောင် လှုံ့ဆော်တဲ့အကြံရှိလို့ ရှိရင် ဒါမှမဟုတ် လှုံ့ဆော်ခြင်းကို ဖြစ်စေတန်တဲ့အကြောင်းရှိရင်အဲဒီ
လူကို ၅၀၅ (ဂ) နဲ့ အရေးယူလို့ ရတယ်။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ပဋိပက္ခဖြစ်လာဖို့ အသွင်ဆောင်မှုဆိုတော့ အဲဒီအကြံရှိ မရှိ အရေးကြီးတဲ့အချက်ပဲ။
နိုင်ငံတော်လုံခြုံရေးကို ထိခိုက်အောင်၊လူတစ်စုချင်းစီတိုက်ခိုက်ကြအောင် လုပ်ချင်တဲ့အကြံရှိမှ ၅၀၅ (ခ) နဲ့ တရားစွဲလို့ရတယ်'' ဟု ဥပဒေအတိုင်ပင်ခံရှေ့နေဦးအောင်သိန်းက ရှင်းပြသည်။

အဆိုပါအမှုမှာအများဆုံး ထောင်ဒဏ် ၂ နှစ်ထိချမှတ်နိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ ငွေဒဏ်ထောင်ဒဏ် ပေါင်းပြီးလည်း ချမှတ်နိုင်ကြောင်း ၎င်းကရှင်းပြသည်။

''အဓိကကတော့ ကင်းလွတ်ချက်ပေးထားတာရှိတယ်။ အဲဒါက လူတစ်ဦးတစ်ယောက်နဲ့ပတ်သက်ပြီးတော့ ဖော်ပြချက်ကိုပဲဖြစ်စေ ကောလာဟလဖြစ်စေသော သတင်းကိုပဲဖြစ်စေ အဲဒီလိုလုပ်တဲ့အခါ ဒါမှမဟုတ် ထုတ်ပြန်ကြေညာတဲ့အခါမှာ သို့မဟုတ် ဖြန့်ချိတဲ့အခါမှာ စောစော ကပြောသလို ကောလာဟလ သို့မဟုတ် သတင်းသည် မှန်ကန်တယ်လို့ သူ့ဘက်က ခိုင်လုံတဲ့အကြောင်းယုံကြည်တယ်ဆိုရင် နောက်တစ်ခုက နိုင်ငံတော်လုံခြုံရေးထိခိုက်အောင်နဲ့ လူမျိုးအချင်းချင်း သတ်ဖြတ်တာ မျိုးဖြစ်အောင် အကြံမရှိဘူးဆိုရင် သတင်းထုတ်ချက်၊ ဖြန့်ချိချက်ဟာ ဒီဥပဒေ ပုဒ်မမမြောက်ပါဘူး ဆိုတာ ဖော်ပြထားတယ်။ အဲဒီကင်းလွတ်ချက်ကို အဓိကစစ်ချက်ယူသင့်ပါတယ်။ အဲဒါကို ဝင်အောင်တော့ စစ်ကြဆေးကြတာကြီး ပဲ''ဟု ၎င်းကဆက်လက်ရှင်းပြသည်။

၅၀၅ (ခ) နှင့် တရားစွဲပါက အာမခံပေးလေ့ ပေးထမရှိကြောင်း အာမခံလျှောက်ရာတွင် မိန်းမများ၊ သက်ကြီး ရွယ်အိုကြီးများ၊ ကျန်းမာရေးချို့တဲ့သူများဖြစ်မည်ဆိုပါက ဆေးစာနှင့် အာမခံ တင်ပါကတရားရုံး ကပေးလျှင်ပေး၍ ရကြောင်းဟု၎င်းကဆိုသည်။

''သမားရိုးကျအနေနဲ့ အာမခံလျှောက်ရင်ပေးလေ့ပေးထမရှိဘူး။ အထူးတလည်ကိစ္စပေါ်မှသာလျှင် ပေးလေ့ပေးထရှိပါတယ်'' ဟု ၎င်းကဆက်လက်ရှင်းပြသည်။

''ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ စတုတ္ထမဏ္ဍိုင် မီဒီယာ သမားတွေကို အစိုးရ အုပ်ချုပ်ရေး အဖွဲ့တွေကတရားစွဲတဲ့ဖြစ်ရပ်မျိုးကို မဖြစ်စေချင်ဘူး၊ စည်းရုံးရေးနည်းနဲ့ပဲ ဖြေရှင်းစေချင်ပါတယ်။

သတင်းမီဒီယာသမားတွေရဲ့ အချိန်တွေကို လုပ်ငန်းခွင်မှာ မသုံးရဘဲ တရားရုံးက ဝက်ခြံလေးထဲမှာ ရောက် နေတာ ကိုလည်း မလိုလားပါဘူး။စာနယ်ဇင်းကောင်စီနဲ့ မီဒီယာဥပဒေတွေပေါ်ထွက်လာဖို့လိုပါတယ်။

သတင်းမီဒီယာတွေ ရေးသားဖော်ပြချက်မှားရင်မီဒီယာလမ်းကြောင်းကနေပဲ မှန်ကန်မှုမရှိကြောင်း ဖြေရှင်း ပေးဖို့လိုပါတယ်။ကျင့်ဝတ်နဲ့မညီတဲ့ ရေးသားဖော်ပြချက်တွေကိုလည်း မီဒီယာတွေက အပြန်အလှန် ထိန်း ကျောင်း ပေးဖို့လိုပါတယ်''ဟု သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

လတ်တလောကာလတွင် ပုဂ္ဂလိကဂျာနယ်အချို့ အပေါ် တရားစွဲဆိုမည်ဟုခြိမ်းခြောက်ခြင်း တို့ပြုလုပ်နေ သည်ကို မကြာခဏကြားနေ၊ မြင်နေရကြောင်း၊စာပေစိစစ်ရေးထိန်းချုပ်ထားရာမှ ဖြေလျှော့မှုပေးလာသည့် အကူးအပြောင်းကာလတွင် တရားစွဲဆိုသည့် ကိစ္စများဖြစ်ပေါ်နေသည်ကို သတိထားမိကြောင်း၊ အကူးအပြောင်း ကာလတွင်စာနယ်ဇင်းသမားများ အန္တရာယ် နည်းပါးစေရေး အုပ်ချုပ်ရေးပိုင်းက သတိပြုရေးဆောင်ရွက်သင့်သကဲ့သို့ စာနယ်ဇင်းသမားများဘက်ကလည်း ဖြစ်ပေါ်လာသည့်ပြဿနာများကို စုပေါင်းတိုင်ပင်လုပ်ဆောင်သင့်ကြောင်း ပြည်သူ့ခေတ်ဂျာနယ်မှ အယ်ဒီတာချုပ် ဆရာဖေမြင့်က ပြောကြားသည်။

စာနယ်ဇင်းများတွင် လက်တလောဖော်ပြနေသည့်သတင်းများ၌ လယ်ယာမြေကိစ္စ၊ စက်ရုံအလုပ်သမားကိစ္စ စသဖြင့်အန္တရာယ် ရှိသည့်၊ ပြဿနာဖြစ်နိုင်သည့်သတင်းများဖြစ်သော်လည်း မရေးဘဲနေ၍မရကြောင်း၊ တစ်ဖက်က ဓနအား၊အာဏာအားဖြင့် တရားစွဲဆိုသည်များပြုလုပ်လာနိုင်ကြောင်း၊ စာနယ်ဇင်းများဘက်က ကျင့်ဝတ်နှင့်အညီ ထိန်းသိမ်းရေးသားသင့်သကဲ့သို့ စာနယ်ဇင်းများကို အလွယ်တကူတရားမစွဲနိုင်စေရန် အကာအကွယ်များလည်းလိုအပ်ကြောင်း ၎င်းကဆိုသည်။

''အကာအကွယ်ဆိုရာမှာ အခြောက်တိုက်ကာကွယ်ပေးဖို့ မဟုတ်ဘူ။ စာနယ်ဇင်းဆိုင်ရာ စည်းမျဉ်း စည်းကမ်း တွေ၊ ဥပဒေတွေမရှိသေးခင်မှာ တစ်ဖက်က လွတ်လွတ်ကျွတ်ကျွတ် လုပ်နိုင်တယ်။အလွယ်တကူ တရားစွဲနိုင်တယ်။ ကျွန်တော်တို့ဘက်က အကာအကွယ် နည်းသလိုဖြစ်နေ တယ်။ နောက်အခုရေးဆွဲနေတဲ့ စာနယ်ဇင်းဥပဒေမှာလည်း စာနယ်ဇင်းတွေကိုအရေးယူရာမှာ ဘယ်လိုအရေးယူမလဲဆိုတာ တိတိကျကျ ဖော်ပြထားဖို့လိုတယ်'' ဟု ၎င်းကသုံးသပ်ပြသည်။

အုပ်ချုပ်ရေးအာဏာပိုင် အစိုးရအဖွဲ့ဝင်နှင့် သတင်းမီဒီယာကြားတွင်ဖြစ်စေ၊ သတင်းမီဒီယာအချင်းချင်းဖြစ်စေ၊ ပုဂ္ဂလိကတစ်ဦးချင်းနှင့် မီဒီယာကြားတွင်ဖြစ်စေ၊ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားပါက ကြားဝင်ဝင်ရောက်ဖြေရှင်းပေးနိုင်သော Press Council အားမဖြစ်မနေဖွဲ့စည်းထားရန် လိုအပ်လာပြီဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်အားကစားယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံဖြိုးမှု
ကော်မတီဝင် ဦးရဲထွန်းကပြောကြားသည်။

''ထစ်ခနဲရှိတိုင်း တရားစွဲတာမျိုးမဖြစ်ဖို့လိုပါတယ်။ Press Council ရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်ဘူး ဆိုရင်တရားစွဲလို့ရပါတယ်''ဟု ၎င်းကဆိုသည်။

Press Council အား ဖွဲ့စည်းရာတွင်လည်း အစိုးရအဖွဲ့နှင့် သတင်းမီဒီယာသမားများ နှစ်ဖက်စလုံးမှ ယုံကြည်ရသော ပုဂ္ဂိုလ်များဖြင့်သာ ဦးစားပေးဖွဲ့စည်းရန်လိုအပ်ကြောင်း သီပေါမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကပြောကြားသည်။

လျှပ်တစ်ပြက်သတင်းဂျာနယ်တွင်ဖော်ပြခဲ့သော ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သော သတင်းများမှာ မသီတာထွေးဓာတ်ပုံကလွဲ၍ သတင်းစဉ်ကဖော်ပြခဲ့သော သတင်းများသာဖြစ်ပြီး မျက်နှာဖုံး စာမျက်နှာ တွင်ပါဝင်သော သတင်းမှာလည်း သတင်းစာ၏ မှားယွင်းမှုကိုထောက်ပြဝေဖန်ထားခြင်းသာ ဖြစ်ကြောင်း Weekly Eleven ဂျာနယ်အယ်ဒီတာချုပ်ဦးဝေဖြိုးက The Voice Weekly သို့ပြောကြားသည်။

''ကျွန်တော်တို့နိုင်ငံအတွက်အပြောင်းအလဲကာလမျိုးမှာ ဘယ်ကိစ္စမျိုးမဆို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ သင့်ပါတယ်။ ပုဒ်မ ၅၀၅(ခ)နဲ့ (ဂ)ဆိုတာအရမ်းပြင်းထန်တဲ့ပုဒ်မတွေပါ။ အာမခံလည်းမရပါဘူး။ ကျွန်တော်တို့အနေနဲ့အခုလိုအရေးယူတာကို ကန့်ကွက်ပါတယ်''ဟု ဦးဝေဖြိုးကဆိုသည်။

''ကျွန်တော်တို့ရဲ့ တရားစီရင်ရေးက အခုအချိန်ထိ လွတ်လပ်တဲ့ တရားစီရင်ရေးမဖြစ်သေးဘူးဗျ။ အဲဒါကတော့ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောတယ်။အုပ်ချုပ်ရေးအာဏာက လွှမ်းမိုးမှုရှိနေသေးတယ်'' ဟု ရှေ့နေဦးအောင်သိန်းက သုံးသပ်သည်။

''ကျွန်တော်တို့မှာ အားနည်းချက်တွေရှိပါတယ်။ အားနည်းချက်တွေကိုစနစ်တကျ ထိန်းကျောင်းရင်းနဲ့ သွားစေချင်တယ်။ အေးအေးဆေးဆေးနဲ့သွားလို့ရတဲ့အချိန်မှာ တုတ်နဲ့နာနာရိုက်သလိုဖြစ်နေတယ်။ အခုက မီဒီယာတွေနဲ့ အာဏာပိုင်တွေကြားထဲမှာ ယုံကြည်မှုတည်ဆောက်နေတဲ့ ကာလဖြစ်နေတယ်။ တစ်ဦးနဲ့တစ်ဦး တည်ဆောက်ထားတဲ့ ယုံကြည်မှု(Trust)တွေ ပျောက်သွားမှာ၊ ရန်သူလိုဆက်ဆံကြမှာ ကိုတော့ ကျွန်တော်စိုးရိမ်တယ်''ဟု ရန်ကုန်မီဒီယာဂရု၏ အမှုဆောင်အရာရှိချုပ် ဦးကိုကိုက သုံးသပ်သည်။

''ကျွန်တော်တို့ စာနယ်ဇင်းတွေတာလုံဖို့ (ကျင့်ဝတ်နဲ့ညီဖို့) လိုတယ်၊ညီညွတ်ဖို့လိုတယ်'' ဟု ၎င်း၏အယူအဆကိုပြောကြားသည်။
MJA (Myanmar Journalist Association) အနေနှင့်ဆိုပါက အားလုံးနှင့်တိုင်ပင်ပြီးမှသာ မည်သို့ လုပ်ဆောင်မည်ကို ပြောကြား နိုင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့၏ အတွင်းရေးမှူးလည်းဖြစ်သူ ဦးကိုကိုကဆိုသည်။

အရပ်သားအစိုးရအဖွဲ့တာဝန်ယူသည့် ၁၅ လတာကာလအတွင်း 'လမ်းကလေးတော့ ကောင်းစေချင်' သတင်းဆောင်းပါး ဖော်ပြ မှုဖြင့် ဆောက်လုပ်ရေး ဝန်ကြီး ဌာနက မော်ဒန်ဂျာနယ်ကို တရား စွဲဆိုခဲ့ပြီး၊ 'ဝန်ကြီးဌာန အချို့ကျပ် သိန်းထောင်ချီအလွဲသုံးစားမှု စစ်ဆေးတွေ့ရှိ' သတင်းဖော်ပြခဲ့မှုဖြင့် သတ္တုတွင်းဝန်ကြီးဌာနက The Voice Weeklyကို အသေရေဖျက်မှုဖြင့် တရားစွဲဆိုထားသည်။

The Voice Weekly

ဂျပန် မှ နိုင်ငံခြား သားကဒ် Zairyu Card(သို့မဟုတ်)I.C Cardအကြောင်းသိကောင်းစရာများ
















Zairyu Card(သို့မဟုတ်)I.C Cardအကြောင်းသိကောင်းစရာများ(နိဂုံး)စုစည်းတင်ပြသူ-စိုးဝင်းရှိန်(မိုးသောက်ကြယ်ဂျာနယ် တာဝန်ခံအယ်ဒီတာ)


၇-၉ မှာ စတင်အသက်ဝင်ကျင့်သုံးတော့မယ့် Zairyu Card(သို့မဟုတ်)I.C Cardအကြောင်းကို မောင့်ရှင့် ဖဘ ကနေ အပိုင်း(၃)ပိုင်းခွဲပြီး ဥပေဒေပြဌာန်းဖို့ဖြစ်ပေါ်လာပုံ၊ အတည်ပြုပုံနှင့် အတည်မပြုမီ အဆင့်ဆင့်ပြောင်းလဲလာသောသော လုပ်ထုံးလုပ်နည်းများ၊ အားနည်းချက် အားသာချက်များနှင့် သတိထားသင့်သည့်အချက်များကို အားလုံး အလွယ်တကူနဲ့ ဖော်ပြလာပေးခဲ့တာ အခုပိုစ်ဟာ နောက်ဆုံးဖြစ်ပါတယ်..

ဒီပိုစ်မှာတော့-
Zairyu Card(သို့မဟုတ်)I.C Cardဆိုတာဘာလဲ...
ဘာတွေရေးထည့်ထားလဲ...
ဘာကြောင့်ပြဌာန်းရတာလဲ...
ဘယ်သူတွေကို ထုတ်ပေးပြီး ဘယ်သူတွေ ကင်းလွတ်ခွင့်ရလဲ..။
ဘယ်သူတွေကိုတော့ ထုတ်ပေးမှာ မဟုတ်ဟု ပြဌာန်းထားသလဲ
I.C ထဲက အချက်အလက်တွေကိုကြည့်ပြီး လဝက ကဘာလုပ်နိုင်မည်လဲ...
ဘယ်လိုအချက်တွေကြောင့် ဒဏ်ငွေဆောင်ရမှာလဲ..
ဘယ်လိုအချက်တွေနဲ့ငြိလျင် နေထိုင်ခွင့်ရုပ်သိမ်းခံရမှာလဲ...
ဘယ်လိုအချက်တွေနဲ့ငြိလျင် ပြည်နှင်ခံရမှာလဲ....
အပါအ၀င် ဒီဆောင်းပါးရေးဖြစ်အောင် ကိုးကားခဲ့သောလင့်နဲ့ ဒီဥပဒေ စတင်ပြဌာန်းဖို့အတွက် လွတ်တော်မှာ တင်သွင်းခဲ့သော ဇယားကွက်ကိုပါ ဖော်ပြပေးလိုက်ပါတယ်...


Zairyu Card(သို့မဟုတ်)I.C Cardဆိုတာဘာလဲ...

ကွန်ပျူတာတွင် နိုင်ငံခြားသားစာရင်းထည့်ပြီး ယခင်နိုင်ငံခြားသား ကဒ်နေရာတွင်အစားထိုး၍ အသုံးပြုမည့်စနစ်သစ်ဖြင့်ပြုလုပ်ထားသော နိုင်ငံခြားသားများအတွက် ကဒ်ဖြစ်သည်။ ယခင်က နိုင်ငံခြားသားကဒ်ကို သက်ဆိုင် ရာမြို့နယ်ရုံးများကထုတ်ပေးပြီး ယခုစနစ်သစ်တွင် လူဝင်မှုကြီး ကြပ်ရေးဋ္ဌာနမှ တိုက်ရိုက်ထုတ်ပေးမည်ဖြစ်သည်။

ဘာကြောင့် ဒီဥပဒေပြဌာန်းရတာလဲ...

တရားရေးဝန်ကြီးဌာန၏ ဒုက္ခသည်ဆိုင်ရာ ဥပဒေပုဒ်မ ၇၃-၂ အရ ဂျပန်နိုင်ငံတစ်ဝှမ်း တရားမဝင်နေထိုင်သူများနှင့် တရားမဝင် အလုပ်လုပ် နေခြင်းများကို လျော့ချရန်အတွက် Zairyu(သို့) I.C Cardပြုလုပ်ရမယ်ဆိုတဲ့ ဥပဒေကို ပြဌာန်းရခြင်းဖြစ်တယ်လို့ ထုတ်ပြန် ကြေငြာထားပါတယ်။

ဒါ့အပြင် လိမ်လည်လှည့်ဖျား၍ ဗီဇာရယူခြင်းတို့မှ ပ,ပျောက်စေရန်နှင့် အကြမ်းဖက်လုပ်ဆောင်မည့် နိုင်ငံခြားသားများ၏ရန်မှ ကာကွယ် နိုင်ရန်အတွက်လို့ ဆိုပါတယ်။
၎င်းဥပဒေကို မျက်ကွယ်ပြု၍ အလုပ်ခန့်ထားသော လုပ်ငန်းရှင်(ဝါ) အလုပ်ရှင်များလည်း စစ်ဆေးတွေ့ရှိပါက အပြစ်ပေးခံရမှာဖြစ်တယ်လို့ ဥပဒေထုတ်ထားသလို မဟုတ်မမှန်သော နည်းလမ်းများဖြင့် ဗီဇာရယူထား ကြောင်း စစ်ဆေးတွေ့ရှိပါက နေထိုင်ခွင့်ဗီဇာရုပ်သိမ်းပြီး ပြည်နှင်ဒဏ်ပေး ခံရမယ်လို့ ကြေငြာထားပါတယ်။

ဒီဥပဒေကို ဘယ်လောက်အတိုင်းအတာထိ ပြဌာန်းမှာလဲ...

၂ဝ၁၂ ဇူလိုင်လ ၉ ရက်နေ့မှစ၍ တောက်လျောက်ကျင့်သုံး တော့မှာဖြစ်ပါတယ်။

ဘယ်လိုစီမံကိန်းနဲ့ ကိုင်တွယ်မှာလဲ...

စုံစမ်းသိရှိရသလောက်တော့  အိုဗာစတေးပပျောက်အောင် ဆောင်ရွက်ခဲ့တဲ့ 'မ'သုံးလုံးစီမံကိန်းလို့ သိရှိပါတယ်။(အဆိုပါ 'မ'သုံးလုံး စီမံကိန်းဖြင့် တရားမဝင်နိုင်ငံခြားသား ၁ သိန်း ၃ သောင်းကျော်ကို လျော့ ချနိုင်ခဲ့ခြင်းအကြောင်းကို ၂ဝဝ၉ ခုနှစ် မတ်လထုတ် မိုးသောက်ကြယ် ဂျာနယ် အတွဲ(၆) အမှတ်(၃)တွင် အကျယ်တဝင့်ရှင်းပြပြီးဖြစ်ပါတယ်)

I.C Card မှာ ဘာတွေရေးထားမလဲ...

နိုင်ငံခြားသားတဦးချင်း၏ အမည်၊ ကဒ်နံပါတ်၊ မွေးသက္ကရာဇ်၊ ကျား/မ၊ လူမျိုး၊ လိပ်စာစသည်ဖြင့်ရေးထားပြီး Visaအမျိုးအစားကို လိုက်၍ ဖော်ပြထားမည်ဟုသိရသည်။

ကဒ်ထဲတွင် I.C Chipပါရှိမည်ဖြစ်ပြီး ¤င်းChipထဲတွင်ကာ ယကံရှင် ၏ကိုယ်အရေးအချက်အလက်အားလုံးကို ထည့်သွင်းထားမည်ဖြစ် သည်။

I.C Cardထဲက Data တွေ ဘယ်ကရသလဲ...

နိုင်ငံခြားသားမှန်သမျှ မိမိ ကိုယ်ရေးအချက်အလက်များကို လဝကရုံး သို့သွားရောက်၍ ကိုယ်တိုင်ရေးပေးရမည်ဖြစ်သည်။
အလုပ်(သို့)ကုမ္ပဏီ၊ ကျောင်း၊ အလုပ်သမားဋ္ဌာန၊ အခွန်ဋ္ဌာန၊ ဟိုကင်း(ကျန်မာရေးအာမခံ)ဋ္ဌာန၊  ရဲဋ္ဌာန၊ နိုင်ငံခြားရေးရုံး၊ ပြည် နယ်၊ မြို့နယ်ရုံးစသည်တို့မှလည်း မိမိ၏အချက်အလက်များ ကို တရားရေး(လဝက)သို့ပို့ပေးရသည့်အတွက် လဝကမှလူတယောက် ချင်း စီ၏အချက်အလက်များကို ထည့်ပေါင်း၍  နေရာပေါင်းစုံမှရ ယူစီစစ်နိုင်သည်။

I.C Cardလုပ်ဖို့ ဘာတွေလိုအပ်သလဲ...

(၁) မိမိဓါတ်ပုံ(အလျား ၃ဝ စင်တီမီတာ၊ အနံ ၄ဝ စင်တီမီတာ)
(၂) ဦးထုပ်၊ ဦးဆောင်းစသည့်များ ဝတ်ထားသည့်ဓါတ်ပုံမဖြစ်စေရ
(၃) ဓါတ်ပုံသည် ကြည်လင်ပြတ်သားရမည်(အရိပ်များ၊ ရှိတ်များမပါစေရ)
(၄) သုံးလအတွင်းရိုက်ထားသည့်ပုံ၊
(၅) မိမိကိုယ်ရေးအချက်အလက်(အမည်၊ အသက်၊ နေထိုင်သည့် နေရာ၊ အလုပ်အကိုင်၊ အိမ်ထောင်ရှိ-မရှိ အစရှိသဖြင့်)
(၆) လက်ရှိသုံးစွဲနေသည့် ဗီဇာသက်တမ်းအမျိုးအစား

I.C Cardထဲမှ ဘာတွေသိနိုင်သလဲ...

နိုင်ငံခြားသားတယောက်က အခွန်ဆောင်ထား/မထား၊ အလုပ် အကိုင်ရှိ/မရှိ၊ ဂျပန်စကားတတ်/မတတ်၊ လက်ရှိပညာသင်နေဆဲ ကျောင်း၊ ပညာသင်ခဲ့သောကျောင်း၊ ဟိုကင်း(ကျန်းမာရေးအာမခံ)၊ နင်း ကင်း(သက်ကြီးပင်စင်ထား/မထား၊ အသက်ရှင်နေသေး သလား/သေ သွားပြီလား၊ ကလေးရှိလျှင်ကျောင်းထား/မထား၊ ရာဇဝတ်မှုရှိ/မရှိ၊ ရဲကရှာနေ/မနေ၊ အကြမ်းဖက်ဖူးထားခြင်း ရှိ/မရှိ၊ ဘာပြစ်မှုကျူးလွန် ထားဖူးသလဲ၊ ဘယ်အချိန်ကစပြီး ဂျပန်နိုင်ငံကိုရောက်သလဲ၊ Visaအမျိုး အစားပြောင်းရင်ပြောင်းသလို၊ အလုပ်ပြောင်းရင် အလုပ်လုပ်တဲ့ဋ္ဌာန၊ ဆိုင် ပြောင်းရင်အလုပ်နေရာ၊ လစာကအစ ကိုယ်တိုင်အကြောင်းကြားရမည် ဖြစ်သည်။

အကြောင်းမကြားခဲ့ပါက ( နောင်တွင်သိရှိသွားမည်ဆိုပါက )ဒဏ်ငွေချ ခံရမည်။ အဖမ်းခံရမည်(သို့) Visaပြန်သိမ်းခံရမည်။  ကဒ်ပြားထုတ် ပေးခံရသူရဲ့ Data တွေအားလုံး တရားရေးဝန်ကြီး(လဝက) ကကိုင် ထားမည်ဖြစ်သည်။

I.C ထဲက အချက်အလက်တွေကိုကြည့်ပြီး လဝက ကဘာလုပ်နိုင်မည်လဲ...

မိမိကိုယ်တိုင်ရေးပေးတဲီ့အေေ တွေနဲ့ မိမိရဲ့ကျောင်း၊ အလုပ်၊ မြို့ နယ်ရုံးစသည်တို့ကရေးပို့တဲ့ အချက်အလက်တွေ၊ ကိုယ်တိုင်စစ် ဆေးပြီး၊ လူတဦးချင်းစီရဲီ့အေမှော အမှားများတွေ့ရင် မသင်္ကာဖွယ်ရာများ တွေ့ရှိ ပါက၊ လိမ်လည်ပြီးဗီဇာရယူထားသည်(Ä)ဟုယူဆရသော အချက် အလက်များတွေ့ရှိပါက၊ ဒါဏ်ငွေတပ်ခြင်း၊ သို့မဟုတ်ထောင်ချခြင်း၊  သို့မဟုတ် Viasပြန်လည်ရုပ်သိမ်းပြီး နေရင်းတိုင်းပြည်သို့ ပြန်နှင်ပို့သည်အထိ အသုံးပြုနိုင်မည်ဖြစ်သည်။

ဒီလောက်ရှုပ်တာမယူဘူးဆိုရင်ရော...

ဂျပန်နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံခြားသားမှန်သမျှ I.C Cardကို မယူလို့ မရပါဘူး။ ကားလိုင်စင်နဲ့ အတူတူဖြစ်ပြီး ကဒ်သက်တမ်းကုန်ရင်လည်း အသစ်လုပ်ရမည်ဖြစ်သည်။ အမြဲတမ်းယူဆောင်သွားရမည်ဖြစ်ပြီး ရဲနဲ့ လဝကစစ်ရင် ပြရပါမည်။ မပြချင်ရင်(သို့)မပြနိုင်ရင် ဒဏ်ငွေ-ထောင်ဒဏ်၊ ပြည်နှင်ဒါဏ်စသည်ဖြင့်ကျခံ ရမည်ဖြစ်သည်။

ကဒ်ထုတ်ပေးမည့်သူများ(ကိုင်ဆောင်ခွင့်ရသူများ)

(၁)အားကစားသမားများ၊ အနုပညာသည်များ၊
(၂)မိခင်/ဖခင်ဖြစ်သူက အလုပ် လာလုပ်သဖြင့် မှီခိုအနေဖြင့်လာ သောမိသားစုများ။
(၃) ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို သင်ယူရန် ရောက် ရှိနေသည့် ပညာသည်များ။
(၄) ကျောင်းဗီဇာ
(၅) အလုပ်သင်ဗီဇာ
(၆) သံအမတ်နှင့် သံရုံးဝန်ထမ်း ၏အကူဝန်ထမ်းများ(ဥပမာ-က လေးထိန်း၊ထမင်းချက်၊ခြံစောင့်)
(၇) တက္ကသိုလ်ကျောင်းသားများ၊ ပါမောက္ခများ၊ ကျောင်းဆရာ များ၊
(၈) ပန်းချီဆရာ၊ စာရေးဆရာ၊ သီချင်းရေးဆရာ၊ ကဗျာဆရာ။
(၉) ဘုန်းကြီး၊ ဘာသာရေးဆိုင် ရာအကြီးအကဲများ
(၁ဝ)သတင်းသမား၊ မီဒီယာသမား၊ ဓါတ်ပုံဆရာများ၊
(၁၁)ကုမ္ပဏီပိုင်ရှင်၊ ရှေ့နေ၊ စာရင်းစစ်၊ ဆရာဝန်၊ နက်စ်၊ သွား ဆရာဝန်။
(၁၂)အစိုးရအချင်းချင်းလွတ်သော ပညာတော်သင်များ၊ အလွတ် ပညာတော်သင်များ။
(၁၃)အင်္ဂလိပ်စာဆရာ၊ အင်ဂျင်နီ ယာ၊ ကွန်ပျူတာပညာရှင်၊ ဘာ သာပြန်(ကုမ္ပဏီထဲတွင်)၊ ဒီဇိုင်း နာ။
(၁၄)အခြားတိုင်းပြည်မှလာရောက် ဖွင့်သောကုမ္ပဏီခွဲများတွင် အတူ ပါလာပြီး အမှုထမ်းသောကုမ္ပဏီ ဝန်ထမ်းများ၊ စာဖိုမှူး၊ ပိုင်းလော့၊ လက်ဝတ်ရတနာပန်းထိမ်ပညာ ရှင်၊
(၁၅)ဂျပန်လူမျိုးနှင့်လက်ထပ် ထားသူ၊ မွေးလာသောကလေး၊ မွေးစားကလေး၊ အဲဂျူးရှ(Permanent Resident)နှင့်လက်ထပ် ထားသူ၊ မွေးလာသောကလေး၊ မိန်းမနှင့်ကလေး၊
(၁၆) ကွန်းဗင်းရှင်းဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံထားရသူ(ဂျပန်ရောက် မြန်မာများအခေါ် R ဗီဇာ)၊ S.S တဲဂျူးရှ (Long term Resident)၊ S.S Designated Activities(ဂျပန်ရောက် မြန်မာများအခေါ် တော့ခုတေး ဗီဇာ)၊ အင်ဒိုချိုင်းနာဒုက္ခသည်၊
(၁၇)နိကေးဂျင်း(တရုတ်ပြည်၊ ဘရာဇီလ်း၊ အမေရိကန်တို့တွင် သွားရောက်နေထိုင်သော ဂျပန် လူမျိုးမိသားစုများ)၊၊ တရားရေးရေးဝန် ကြီးဋ္ဌာနမှ ချမှတ်ထားပေးထားသော Permanent Resident သမားများ။
(၁၈) ၂ဝ၁၅ ခုနှစ် ဇူလိုင်လ(၈)ရက်နေ့တွင် အသက် ၁၆ နှစ်ပြည့်မည့်သူ

ထုတ်ပေးရန်မလိုအပ်သူများ(ကိုင်ဆောင်ခွင့်မရရှိသူ)

(၁) သင်္ဘော၊ လေယာဉ်စသည် တို့ခေတ္တရပ်နားချိန်ရက်(၃ဝ)မကျော်သည့် ဗီဇာသမား
(၂)သင်္ဘော၊ လေယာဉ်ပျက်၍ ၆ လမကျော်သော ဗီဇာသမား
(၃) အိုဗာစတေးသမားများ
(၄)အိုဗာစတေးဖြစ်ပြီးမှ ဒုက္ခသည်လျှောက်ထားသူ နှင့်၊ ၃ လအထက် ဗီဇာမကျော်
(၅)အိုဗာစတေးမှုဖြင့် ဖမ်းမိပြီး မိခင်နိုင်ငံ ပြန်ရန်ပြင်ဆင်နေသူ၊ ပြည်နှင် အမိန့်ချမှတ်ခံထားရသူများ၊
(၆)ပြစ်မှု(သို့)ဥပဒေညိစွန်းမှုကြောင့် ကျောင်းသား၊ Work Visa၊ အလုပ်သင်၊ မှီခို၊ လက်ထပ်၊ ဒုက္ခသည်လျှောက်ထားဆဲ၊ ရရှိပြီးသူများကို ဗီဇာဆက်မတိုးပေးတော့ဘဲ ပြည်နှင်ဒဏ်ခံထားရသူ။
(၇) အလည်ဗီဇာ၊ ရက်တိုဗီဇာ(၃ လအောက်ပြည်ဝင်ခွင့်ရသူ)သမားများနှင့်
(၈) ဗီဇာသက်တမ်း (၃)လအထက်မရှိသော ကာလီးဖိုးမင့်၊ ကာလီထိုင်းဆိုင် သမားများ

ထုတ်မပေးမည့်သူများ(ကင်းလွတ်ခွင့်ရသူများ)

(၁)မွေးပြီးရက်ပေါင်း(၆ဝ)အတွင်း
(၂)ဂျပန်နိုင်ငံသားခံယူထားသူ
(၃)အခြားနိုင်ငံတွင်ဒုက္ခသည်ခံထား သော ဂျပန်လူမျိုးများနှင့် ဂျပန် လူမျိုးအဖြစ်မှရပ်ဆဲခံထားရသူ
(၄)ဂျပန်ဖွားကိုရီးယားလူမျိုးများ(စစ်သုံ့ပန်း)
(၅)UNဝန်ထမ်းများ၊ သံအမတ်နှင့်မိသာစုများ၊ သံရုံးဝန်ထမ်းနှင့်မိသားစုများ၊
(၆)၂ဝ၁၅ ခုနှစ် ဇူလိုင်လ(၈)ရက်နေ့အထိအသက် ၁၆ နှစ် မပြည့်သေးသူ

ဘယ်လိုအချက်တွေနဲ့ငြိလည်း ဒဏ်ငွေတပ်ခံရမှာလဲ

(၁) I.C Cardကို သွားလေရာ ယူဆောင်မသွားလျင်
(၂) မိမိနှင့်သက်ဆိုင်သော အချက်အလက်များအား လဝကသို့ သတင်းမပေးပဲ ထိန်ချန်ထားလျှင်(သို့)လိမ်လည်၍ပေးအပ် ကြောင်းaတွ့ရှိခဲ့လျင်
(၃) ရဲ(သို့)လဝကမှ စစ်ဆေးသည့်အခါ ပြသဖို့ငြင်းဆန်လျင်
(၄) I.C Cardအား ပြင်ဆင်ခြင်း (ဝါ)အတုလုပ်ခြင်း
(၅) အိမ်ပြောင်းသည်ဖြစ်စေ၊ အလုပ်ပြောင်းသည်ဖြစ်စေ၊ ဗီဇာအမျိုးအစားပြောင်းသည်ဖြစ်စေ၊ မိမိနှင့်သက်ဆိုင်သော အချက်အလက်များအား (၁၄)ရက်အတွင်း သတင်းပေးပို့ဖို့ ပျက်ကွက်လျင်ဖြစ်စေ။

ဒဏ်ငွေဘယ်လောက်လဲ

သောင်းနှစ်ဆယ်ထက်မနည်းသော ပြစ်ဒဏ်

ဘယ်လိုအချက်တွေနဲ့ငြိလျင် နေထိုင်ခွင့်ရုပ်သိမ်းခံရမှာလဲ...

(၁) လိမ်လည်လှည့်ဖြား၍ ဗီဇာရယူထားလျင်ဖြစ်စေ(Ä)
(၂) ဂျပန်နိုင်ငံသား(သို့)အမြဲအခြေချနေထိုင်ခွင့်ဗီဇာရရှိထားသူနှင့် လက် ထပ်၍ ဗီဇာရယူထားသော်ငြားလည်း တစ်ဦးနှင့်တစ်ဦး (၆ )လaကျာ်လွန်အောင် ကင်းကွာနေကြောင်း စစ်ဆေးတွေ့ရှိလျင်(ဥပမာ- အတု လက်ထပ်ခြင်းမျိုး)(ÄÄ)
(၃) ခိုင်လုံသည့်အကြောင်းပြချက်မရှိပဲ လက်ရှိနေရပ်လိပ်စာအား အသိ ပေး အကြောင်းကြားဖို့ပျက်ကွက်လျင်(ဝါ) လိမ်လည်ထားလျင်(ÄÄÄ)
(၄) အိမ်ပြောင်း၊ အလုပ်ပြောင်း၊ ဗီဇာပြောင်းကို ရက်(၉ဝ)အတွင်း အသိ ပေး အကြောင်းကြားဖို့ပျက်ကွက်လျင်

(Ä)ဒုက္ခသည်ဗီဇာ၊ လက်ထပ်ဗီဇာ၊ အထူးနေထိုင်ခွင့်(S.S)ဗီဇာ၊ Work Mermit  ဗီဇာအစရှိသည်တို့ကို လိမ်လည်လှည့်ဖြား၍ ရယူထား ကြောင်းကို တိုင်ကြားခံရလျင်သော်လည်းကောင်း(သို့တည်းမ ဟုတ်) စုံစမ်းတွေ့ရှိလျင်သော်လည်းကောင်း လဝကအရာရှိများမှ ပြန်လည်စီစစ်ခြင်းခံရမှာဖြစ်ပါတယ်။ ဟုတ်မှန်ကြောင်းတွေ့ရှိပါက နေထိုင်ခွင့်ဗီဇာရုပ်သိမ်းခံရမှာဖြစ်ပါတယ်

(ÄÄ)ကလေးစောင့်ရှောက်ခွင့်အတွက် အိမ်ထောင်ဖက်နှင့် တရားရုံးတွင် အမှုရင်ဆိုင်နေဆဲအခြေအနေတွင်ဖြစ်စေ၊
-အိမ်ထောင်ဖက်က ပြစ်မှုကျူးလွန်ထားသောကြောင့် အမှုရင်ဆိုင်နေရသော ကာလတွင်ဖြစ်စေ၊
-မိမိအနေဖြင့် ပြစ်မှုကျုးလွန်ခြင်းမရှိသည့်တိုင် ခွဲခွာနေရသည့် အကြောင်းပြချက် ခိုင်လုံလျင် လျှော်ကန်လျှောက်ပတ်သည်ဟု ယူဆပြီး လက်ရှိဗီဇာကို သက်တမ်းတိုးပေးနေဦးမည်ဖြစ်သည်။
ထို့ပြင် အိမ်ထောင်ဖက်နှင့် (၆)လ သို့မဟုတ် ထို့ထက်ပို၍ ခွဲခွာနေရသည့်တိုင် မိမိရင်သွေးကို ပြုစုစောင့်ရှောက်ရန်အတွက် ဆက်လက်နေထိုင်နေသည့် နိုင်ငံသားခြားသားများအတွက် မိမိ၏နေထိုင်ခွင့်ပုံစံကို ပြောင်းလဲပိုင်ခွင့်ရှိတယ်လို့ ဆိုထားပါတယ်။

(ÄÄÄ)အောက်ပါအချက်တွေကြောင့် သင်ဟာ လက်ရှိနေရပ်လိပ်စာအား အသိ ပေးအကြောင်းကြားဖို့ပျက်ကွက်လျင်(ဝါ) လိမ်လည်ဖုံးကွယ် ထားလျင် တရားရေးမှ လက်ခံစဉ်းစားပေးမှာဖြစ်ပါတယ်
(က) မိမိအလုပ်လုပ်နေသော ကုမ္ပဏီ ရုတ်တရက်ဒေဝါလီခံ လိုက်ပြီး မိမိလည်း နေစရာမရှိတော့တဲ့အခြေအနေမျိုး၊
(ခ) နာတာရှည်ရောဂါကြောင့် ဆေးရုံတက်နေသည့်အခါမျိုး
(ဂ) အိမ်တွင်းအကြမ်းဖက်ခံနေသူဖြစ်သောကြောင့် အသစ်ပြောင်းသည့် နေရပ်လိပ်စာကို မိမိကိုနှပ်စက်သူ သိရှိသွားမှာကို စိုးရိမ်ကြောက်လန့်နေသည့်အခါမျိုး

ဘယ်လိုအချက်တွေနဲ့ငြိလျင် ပြည်နှင်ခံရမှာလဲ....

(၁) နေထိုင်ခွင့်ကဒ်ပြား ပြင်ဆင်ခြင်း(သို့)အတုလုပ်ထားကြောင်း စစ်ဆေးတွေ့ရှိခြင်း၊
(၂)အလုပ်နှင့်ပတ်သက်၍သော်လည်းကောင်း၊ သို့တည်းမဟုတ် ကြီးလေးသော ပြစ်ဒါဏ်တခုခုကို ကျုးလွန်မိသဖြင့် အကျဉ်းကျခံရ လျင်သော်လည်းကောင်း၊
(၃) မသာမာသောနည်းဖြင့် နေထိုင်ခွင့်လျှောက်ထားခြင်း(သို့) ဗီဇာရယူထားကြောင်း စစ်ဆေးတွေ့ရှိလျင်သော်လည်းကောင်း

ဒီကဒ်ရဲ့အားသာချက်ကဘာလဲ....

မိုးသောက်ကြယ်စာဖတ်ပရိတ်သတ်များအနေနဲ့ ဖော်ပြခဲ့သော အချက်အလက်များကို ဖတ်ရှုခြင်းအားဖြင့်  Zairyu Card(သို့မဟုတ်)I.C Cardဆိုတာ ကြောက်စရာပါလား..။ ကောင်းကွက်လည်း တစ်ခုမှ မရှိပါလား လို့ တွေးထင်စရာရှိပါတယ်။အဆိုးထဲကအကောင်းလို့ပဲ ပြောရမလား ကောင်းကွက်ကိုလည်း ဖော်ပြသင့်တယ်လို့ ဆိုရ မလား ဒီကဒ်ရဲ့အားသာချက်တွေကိုလည်း သိထားသင့်ပါတယ်။ အဲဒါတွေကတော့-

(၁) ဗီဇာသက်တမ်းကို ၃ နှစ်မှ ၅ နှစ်အထိ တိုးမြှင့်ပေးခြင်း(Ä)၊
(၂) နိုင်ငံရပ်ခြားသို့ ထွက်ခွာသည့်အခါ ၁ နှစ်အတွင်း Re-entry Visaယူစရာမလိုခြင်း၊
(၃) ပြည်ပမထွက်ခွာခင် ခိုင်လုံသောအကြောင်းပြချက်ဖြင့် လျှောက်လွှာတင်ပြီး ထွက်ခွာပါက ပြန်လည်ဝင်ခွင့်ကို ၃ နှစ်အစား ၅ နှစ်အထိ တိုးမြှင့်ပေးလိုက်ခြင်း၊
(၄) အေးဂျူး(သို့)တေးဂျူး(သို့) အထူးနေထိုင်ခွင့်သမားများအတွက် အလုပ်အကိုင်များ ပေါများလာနိုင်ဖွယ်ရှိခြင်း(ÄÄ)

(Ä)ဗီဇာသက်တမ်း ၅ နှစ်အထိ တိုးမြှင့်ခံရမယ့်စာရင်းထဲမှာ အထူးနေထိုင် ခွင့်သမားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ အထူးသတိပြုရမှာက  ဗီဇာသက်တမ်းတိုးတဲ့အခါမှာ Point Systemဆိုတဲ့ အမှတ်ပေး စနစ်နဲ့ စတင်ကျင့်သုံးနေပြီဖြစ်တဲ့အတွက် ဖော်ပြခဲ့ပြီး ဖြစ်တဲ့အတိုင်းသင်ဟာ ပြစ်မှု(ရဲမှု)မရှိဘူး၊ ဂျပန်နိုင်ငံကိုလည်း အနှောက်အယှက် ပေးတဲ့လူမဟုတ်ဘူး၊ ချမှတ်ထားတဲ့ ဥပဒေဘောင်အတွင်းကနေ 'စည်းကမ်းလိုက်နာ ဘေးကင်းစွာ'နေထိုင်ကြောင်းတွေ့ရှိမှ ဗီဇာ သက်တမ်းကို ၅ နှစ်အထိ တိုးမြှင့်ပေးမှာဖြစ်ပါတယ်။
    အဲဒီလိုမှမဟုတ်ဘူးဆိုရင်တော့ တေးဂျူး(Long term Resident)မကလို့ အေးဂျူး(Permanent Resident)ပဲဖြစ်ဖြစ် ဗီဇာလျော့ခြင်း(သို့)ရုပ်သိမ်းခြင်းခံရမှာဖြစ်ပါတယ်

(ÄÄ)၇-၉ ဥပဒေကြောင့် Work Permit  သမားများ၊ လက်ထပ်ဗီဇာ အတုလုပ်ထားသူများ(အထူးသဖြင့် တရုတ်လူမျိုးများ)ပြည်တော် ပြန်ဖို့များနေတယ်လို့ သိရှိရတဲ့အတွက် အေးဂျူး(သို့)တေးဂျူး(သို့) အထူးနေထိုင်ခွင့်သမားများ အလုပ်အကိုင်ပေါများနိုင်ဖွယ်ရှိတယ်လို့ သုံးသပ်ရခြင်းဖြစ်ပါတယ်(စကားချပ်)

I.C Cardကို ဘယ်နေ့၊ ဘယ်လ၊ ဘယ်အချိန်မှ စတင်လုပ် ဆောင်လို့ရပြီလဲ

တရားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ ၂ဝ၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက် (သောကြာနေ့)ကစပြီး သက်ဆိုင်ရာ လဝကရုံးမှာ လုပ်လို့ရပြီဖြစ်ပါတယ်။
လုပ်ထုံးလုပ်နည်းတွေကတော့ 'ရှင်နာဂါဝါ'ရှိ လဝကရုံးဆိုလျင် အောက်ထပ်မှာ လျှောက်လွှာပုံစံယူပြီး ၂ ထပ်ရဲ့  C ကောင်တာမှာ သွားလုပ်ရမှာဖြစ်ပါတယ်။အကယ်၍ ဘာသာစကားအခက်အခဲရှိပါက လဝကရုံးတွင် တာဝန် ထမ်းဆောင်နေသော  မြန်မာလူမျိုးတစ်ဦး ရှိပါတယ်။ သင့်အနေ နဲ့ စုံစမ်းရေးဌာန (Information Center)သို့သွားရောက်ပြီး (မြန်မာလူမျိုးနှင့် တွေ့ချင်ကြောင်း)အကူအညီတောင်းပါက ကူညီဆောင်ရွက် ပေးနိုင်မှာဖြစ်ပါတယ်။(နာမည်မဖော်ပြပေးနိုင်တာကို နားလည်ပေးစေချင်ပါသည်)

ဘယ်နေ့နောက်ဆုံးလဲ...

၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ နောက်ဆုံးဖြစ်ပါတယ်။ အဆိုပါနေ့ ဟာ တနင်္ဂနွေနေ့ဖြစ်တဲ့အတွက် ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၆ ရက်(သောကြာ နေ့)နောက်ဆုံးထားပြီး သွားရောက်လုပ်ဆောင်ကြပါရန်

လက်ရှိအသုံးပြုနေတဲ့ နိုင်ငံခြားသားကဒ်မှာ သက်တမ်းကျန် သေးတယ်ဆိုရင်ရော...

(၁)မိမိရဲ့ နိုင်ငံခြားသားကဒ်မှာ ၂ဝ၁၃ ခုနှစ် သို့တည်းမဟုတ် ထိုထက် နှစ်ပိုများတဲ့ သက်တမ်းရှိသေးတယ်ဆိုရင် Zairyu Card(သို့မဟုတ်)I.C Cardကို လဝကရုံးသွားပြီး လုပ်ဖို့မလိုအပ်သေးပါဘူး။ လက်ရှိ နိုင်ငံခြား သားကဒ် သက်တမ်းအလိုက်မှာ ပါရှိတဲ့အတိုင်း မိမိရဲ့နေထိုင်ခွင့် ကဒ်ကို တူညီတဲ့အဆင့်တစ်ခုအဖြစ် သတ်မှတ်ပေးထားပါတယ်။
ရဲ(သို့)လဝက စစ်လျင် လက်ရှိသက်တမ်းရှိနေသေးတဲ့ နိုင်ငံခြားသားကဒ်ကို ပြသရင် အဆင်ပြေပါတယ်။

(စိတ်ပူတတ်သူများအနေနဲ့ ယခုကတည်းက သွားလုပ်မယ်ဆိုရင် လည်း လက်ခံပါတယ်။ သို့ပေမယ့် Zairyu Card(သို့မဟုတ်)I.C Cardကို ထုတ်ပေးသေးမှာမဟုတ်ပဲ သင်ဟာ တာဝန်သိလုပ်သားပြည်သူတစ်ဦး အနေနဲ့ လာရောက်သတင်းပို့ထားကြောင်း မှတ်ထားမှာဖြစ်ပါတယ်။)

(၂) မိမိရဲ့ နိုင်ငံခြားသားကဒ်မှာ ၂ဝ၁၂ ခုနှစ် ဇူလိုင်လ ၉ ရက် သို့တည်းမဟုတ် ထိုထက်ပိုနောက်ကျပြီး ကိုင်ဆောင်ခွင့်ကုန်ဆုံးနေသူ တွေကတော့ မဖြစ်မနေ Zairyu Card(သို့မဟုတ်)I.C Cardကို သွားလုပ်ရမှာဖြစ်ပါတယ်။

Zairyu Card(သို့မဟုတ်)I.C Cardကို ကော်ပီ(မိတ္တူ)ကူးလို့ရပါသလား...။ ကော်ပီလိုချင်ရင် ဘယ်လိုလုပ်ရမလဲ...

ကော်ပီကူးလို့မရအောင် အဆင့်မြင့်နည်းနဲ့ပြုလုပ်ထားတယ်လို့ သိရပါတယ်။ မိမိဟာ အလုပ်(သို့)အခြားကိစ္စတွေအတွက် Zairyu Card(သို့မဟုတ်)I.C Cardရဲ့ မိတ္တူကို လိုချင်တယ်။ သို့တည်းမဟုတ် အဆိုပါ ကဒ်သုံးစွဲနေကြောင်း ထောက်ခံစာလိုချင်တယ်ဆိုရင်ဖြင့် မိမိနဲ့ သက်ဆိုင် တဲ့မြို့နယ်ရုံးမှာ သွားရောက်ထုတ်ယူနိုင်ပါတယ်။ကုန်ကျစားရိတ်ကိုတော့ မိမိကပေးဆောင်ရမယ်လို့လည်း ထုတ်ပြန် ထားပါတယ်။

အထူးသတိပေးချင်တာကတော့

မိုးသောက်ကြယ်စာဖတ်ပရိတ်သတ်များအပါအ၀င် မောင်ရှင့် ဖဘ ရှိ ဂျပန်ရောက် မြန်မာများကို ကျနော့်အနေနဲ့ အထူးသတိပေးချင်တာကတော့-

(၁) Zairyu Card(သို့မဟုတ်)I.C Cardလုပ်ဖို့အတွက် နောက်ဆုံးရက်ဟာ ၂ဝ၁၂ ခုနှစ် ဇူလိုင် ၈ ရက်(တနင်္ဂနွေနေ့)ဖြစ်ပြီး စတင်အသက်ဝင်ကျင့်သုံးမှာကတော့ ၂ဝ၁၂ ခုနှစ် ဇူလိုင် ၉ ရက်(တနင်္လာနေ့)ဖြစ်ပါတယ်။
ယနေ့ ကျနော်တို့မြန်မာအများစုဟာ ၂ဝ၁၂ ခုနှစ် ဇူလိုင် ၉ ရက်နေ့ကျမှ Zairyu Card(သို့မဟုတ်)I.C Cardလုပ်ရမယ်လို့ ထင်နေကြသူများပါတယ်။ ဒါ လုံးဝမှားနေပါတယ်။
သတိထားပြီး မဖြစ်မနေဆောင်ရွက်ကြပါ။ မမေ့ကြပါနဲ့။

(၂) နေအိမ်အပြောင်းရွေ့လုပ်သူများအနေဖြင့်
-(က)ပြောင်းရွှေ့ခဲ့တဲ့မြို့နယ်ရုံးသို့ မိမိဟာ ဘယ်နေ့မှာ ဘယ်ရပ်ကွက် ဘယ်နေရာကိုပြောင်းပါပြီဟု အသိပေးအကြောင်းကြားရပါမယ်။ ထို့နောက် ပြောင်းရွေ့လိုက်တဲ့ နေရပ်သစ်ရှိ နယ်မြေခံမြူနီစီပယ်ရုံး (မြို့နယ် ရုံး)သို့ သွားရောက်အကြောင်းကြားခြင်းနှင့်
-(ခ)တရားရေးဌာန(လဝကရုံး)သို့ ၁၄ ရက်အတွင်း နေရာသစ် ပြောင်းရွေ့ကြောင်း အသိပေး သတင်းပို့ရမှာဖြစ်ပါတယ်။
ဒီအချက်(၂)ချက်ကို မဖြစ်မနေ ဆောင်ရွက်ကြပါ။ မမေ့ကြပါနဲ့။

(၃)အလုပ်ပြောင်း၊ ဗီဇာပြောင်းရင်လည်း ထိုနည်းလည်းကောင်း ပါပဲ။ တရားရေးဌာန(လဝကရုံး)သို့ ၁၄ ရက်အတွင်း အသိပေး သတင်းပို့ရမှာဖြစ်ပါတယ်။
မဖြစ်မနေ ဆောင်ရွက်ကြပါ။ မမေ့ကြပါနဲ့။

(၄) မိမိအချက်အလက်တွေကို တရားရေးဌာန(လဝကရုံး)သို့ ပေး ပို့တဲ့အခါမှာ အမှန်အတိုင်းပေးပို့ကြပါ။ အမှားအယွင်း တစ်စုံတရာ တွေ့ရှိတာနဲ့ (က)ငွေဒါဏ်၊ (ခ)ထောင်ဒါဏ်၊ (ဂ)နောက်ဆုံးအဆင့် ပြည်နှင်ဒါဏ် အထိပါ ချမှတ်ခြင်းခံရနိုင်ပါတယ်။
မိမိတိုင်းပြည်မကောင်းလို့၊ မတည်ငြိမ်လို့ဆိုပြီး ဒုက္ခသည်ဗီဇာရရှိ ထားသူ (သို့တည်းမဟုတ်) အမြဲတမ်းအခြေချနေထိုင်ခွင့်ဗီဇာ ရရှိထားသူဖြစ်ပါစေ သတ်မှတ်ထားတဲ့ဥပဒေကို ချိုးဖောက်တယ် ဆိုရင် ပြည်နှင်ဒါဏ်အထိ ခံရမှာဖြစ်ပါတယ်။ ဒါကြောင့်-
မိမိအချက်အလက်တွေကို အမှန်အတိုင်းပေးကြပါ။

(၅) နောက်ဆုံးအနေနဲ့ သတိပေးချင်တာကတော့ ဗီဇာသက်တမ်း တိုးတဲ့အခါမှာ

Point Systemနဲ့ ဆောင်ရွက်နေ ပြီဖြစ်တဲ့ အတွက် အမှတ်လျော့စေမယ့် အပြုအမူများ ရှောင်ကြပါလို့ သတိ ပေးနှိုးဆော်လိုက်ရပါတယ်။
စာဖတ်သူများအားလုံး ဘေးဘရာဝေးကွာပြီး၊ ရန်သူမျိုး(၅)ပါး အပြင် တစ်ပါးသူစိတ်မချမ်းမသာဖြစ်အောင် မဟုတ်မမှန် လုပ်ကြံ လွှင့်နေသော ကောလဟာလဘေးမှလည်း ကင်းဝေးနိုင်ကြပါစေလို့ အစဉ်ဆုတောင်းမေတ္တာပို့လျက်-

စိုးဝင်းရှိန်
(မိုးသောက်ကြယ်ဂျာနယ်တာဝန်ခံအယ်ဒီတာ)
ကိုးကား-
-http://www.moj.go.jp/nyuukokukanri/kouhou/nyuukokukanri03_00006.html
-http://www.time.com/time/world/article/0,8599,1892469,00.html
-http://www.moj.go.jp/PRESS/090217-1.html
-http://www.immi-moj.go.jp/newimmiact_1/en/index.html
-http://www.immi-moj.go.jp/newimmiact/newimmiact.html
-http://www.moj.go.jp/nyuukokukanri/kouhou/nyuukokukanri07_00049.html

ကျေးဇူးစကား-
ဤဆောင်းပါးရေးဖြစ်အောင် အဘက်ဘက်မှ အချက်အလက်များစုဆောင်းပေးခဲ့ကြသော မိုးသောက်ကြယ်စာကြည့်တိုက်အဖွဲ့သားများနှင့်တကွ မသိနားမလည်သည့် ဂျပန်စာလုံးများကို စိတ်ရှည်လက်ရှည် ဘာသာပြန်ပေးခဲ့သော ကိုမျိုးမြင့်ဆွေ၊ ကိုချစ်မိုး(Mr Kurosaki Eiji)၊ နှင့် မိမိမေးမြန်းသမျှကို ဖြေကြားပေးခဲ့သည့် လ၀ကအရာရှိတစ်ချို့ကိုလည်း စာဖတ်သူများကိုယ်စား ကျေးဇူးဥပကာတင်ရှိပါကြောင်း