Sunday, July 15, 2012
ကိုမင်းကိုနိုင်ရဲ့  နောက်ကြည့်မှန် စာအုပ် ဖွင့်ပွဲ ဓါတ်ပုံသတင်း
နောက်ကြည့်မှန် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆေ
ကိုမင်းကိုနိုင်ရဲ့  နောက်ကြည့်မှန် စာအုပ် ဖွင့်ပွဲ ဓါတ်ပုံသတင်း ချိုလေး၊ The Voice Weekly
သွေးနဲ့ရေးတဲ့ မှတ်တမ်း
by ကိုကြည်နိုင် ကျုံတိုင်းရွာ on Sunday, July 15, 2012 at 2:01pm ·
ဆယ်နာရီ သုံးဆယ့်ခုနှစ်မိနစ်၊ 47 ခုနှစ် ဂျူလိုင်လ 19 ရက်
ကမ္ဘာပြိုတဲ့သတင်း
တစ်တိုင်းပြည်လုံး …. ဆွံ့အ
တစ်မျိုးသားလုံး ….. တိတ်ဆိတ်
လှည်းနေလှေအောင်း မြင်းဇောင်းမကျန် …. အသက်မဲ့
ဖျပ်ကနဲ .. ခဏလေးပါပဲ
တစ်တိုင်းပြည်လုံး … ပွက်ပွက်ညံဟီး
တစ်မျိုးသားလုံး … ဟုန်းဟုန်းလောင်မြိုက်
လှည်းနေလှေအောင် မြင်းဇောင်းမကျန် … ကူကယ်ရာမဲ့ ငိုကြွေးမြည်တမ်း။
မြေကြီးကို ယုံစား
အားပြုပြီး ရပ်နေရသူတွေကို
မြေကြီးကသစ္စာဖေါက်တာ ခံလိုက်ရသလိုမျိုး
ကယ်ရာမဲ့မဲ့၊ သွေးရူးသွေးတန်း
အမိရယ် အဖရယ်လို့မှ ခေါ်စရာမရှိတော့
ကမ္ဘာပျက်တဲ့မှတ်တမ်း
သွေးရောင်လွှမ်းခဲ့ချိန်။
ခြောက်ဆယ့်ငါးနှစ် ကြာခဲ့ပြီ
ဆိုပေမယ့်လည်း … …
တိုင်တစ်ဝက်အလံလွှင့်ထူ
ဥသြသံနားစွင့်
တိတ်
ဆိတ်
ငြိမ်
သက်
….
….
ဥက္ခောင်းကိုညွှတ်
(ကျနော်တို့အားလုံး)
ဒီနေ့ထိ လွမ်းဆွတ်နေတုန်း။
ကိုကြည်နိုင်
==========================================
အခုကဗျာလေးက ကျွန်တော်တို့မြို့(မောင်ထင်စာကြည့်တိုက်) မှာ ပြုလုပ်မယ့် နံရံကပ်စာစောင်ရယ်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ မြို့နယ်ရုံးမှာ ပြုလုပ်မယ့် နံရံကပ်စာစောင်ရယ် အတွက် ကျနော် ရေးဖြစ်ခဲ့တာလေးပါ။
ငါတို့ဧရာဝတီ ငါတို့ငြိမ်းချမ်းရေး
RFA News
2012-07-14
ဧရာဝတီမြစ်ဆုံ စီမံကိန်း အပြီးတိုင် ရပ်တန့်ရေးအတွက် လှုပ်ရှားမှုတစ်ရပ် အနေနဲ့ ငါတို့ဧရာဝတီ ငါတို့ ငြိမ်းချမ်းရေးလို့ ခေါင်းစဉ်ပေးထားတဲ့ ပြပွဲတစ်ခုကို ရန်ကုန်မြို့ ဒဂုံမြို့နယ်မှာရှိတဲ့ ပြခန်း ၆၅ (Gallery 65) မှာ ဒီကနေ့ စတင်ဖွင့်လှစ်ပါတယ်။
Colegota/Wikipedia
ဒီပြပွဲကို ကာတွန်းဆရာ အော်ပီကျယ်၊ ဒီဇိုင်းဆရာ မြင့်မောင်ကျော်၊
စာရေးဆရာမ ဂျူး၊ တေးရေး မြင့်မိုးအောင်၊ မိုးလေ၀သပညာရှင် ဦးထွန်းလွင်၊
စာရေးဆရာ ကိုတာ စတဲ့ သဘာဝပတ်ဝန်းကျင် အရေး ဦးဆောင် လှုပ်ရှားနေသူတွေက
စီစဉ်တာဖြစ်ပြီး လာရောက် လေ့လာ ကြည့်ရှုသူတွေ ရာနဲ့ချီ ရှိပါတယ်။
တရုတ် CPI ကုမ္ပဏီက ဧရာဝတီမြစ်ဆုံစီမံကိန်းကို ပြန်လည် အကောင်အထည်ဖော်ဖို့ ကြိုးပမ်းဆောင်ရွက် နေတာတွေရှိတဲ့ အတွက် လတ်တလော ယာယီ ရပ်ဆိုင်းထားတဲ့ ဒီစီမံကိန်းကြီးကို လုံးဝရုပ်သိမ်း သွားအောင် ပြည်သူတွေကို အသိပညာပေးဖို့ ရည်ရွယ်ပြီး ဒီပြပွဲကို စီစဉ်တာ ဖြစ်တယ်လို့ စာရေးဆရာ ကိုတာက RFA ကို ပြောပါတယ်။
ဒီပြပွဲကို ဇူလိုင်လ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ဖွင့်လှစ်ပြသဖို့ စီစဉ်ထားပြီး ငါ့တို့ ဧရာဝတီ ငါတို့အနာဂတ် ခေါင်းစဉ်နဲ့ ဟောပြောပွဲတစ်ခုကိုလည်း ရန်ကုန်မြို့ ရွှေဂုံတိုင် Excel Tower မှာ ဇူလိုင်လ (၁၆) ရက် မနက်ပိုင်းမှာ ပြုလုပ်မယ်လို့ သိရပါတယ်။
အဲဒီဟောပြောပွဲမှာ (၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးဆောင် လှုပ်ရှားနေသူတွေ ဖြစ်ကြတဲ့ ဦးဝင်းမျိုးသူ၊ ဦးစိန်မျိုးမြင့်၊ ဒေါက်တာ ခင်နီနီသိန်းတို့ ဟောပြောကြမယ်လို့ သိရပါတယ်။

ခြင်္သေ့ကို ဂဠုန် သုတ်မည်။
Sunday, July 15, 2012 အိမ့်သံစဉ်
အခုတော့ တချိန်က လယ်သမားခေါင်းဆောင်ကြီး ဆရာ စံရဲ့ ထုံး နှလုံးပိုက်ပြီး
မတရား လယ်ယာမြေ သိမ်းပိုက်ခံရမှုတွေ အတွက် ထွန်တုံးတိုက်ပွဲ ၀င်နေကြတဲ့
လယ်သမားတွေကို ကဗျာဆရာ အောင်ဝေးရဲ့ ခံစား ရေးဖွဲ့ထားတဲ့ ကဗျာတပုဒ်ကို
ဒီတပတ်အတွက် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
ခြင်္သေ့ကို
ဂဠုန် သုတ်မည်။
အနင်းခံတဲ့ စပါး
(အမှန်တရား)
သန်မည်။
ဗိုလ်ချုပ်လမ်းပေါ်က
(လယ်သူမကြီးတွေ)
ကြိမ်မီးအုံးနေတဲ့ အလွမ်း
ခေတ်ကို ၀ှမ်းမည်။
တစ်မိုးသောက်ရင်
ရွာရိုးကိုးပေါက်
အိပ်မက်နှိုးတဲ့ ခလောက်သံ
ညိုးညိုး ညံမည်။
ထွန်တုံးပေါ်
မျက်ရည် ချောင်းစီး
မြေတုန် ဟည်းမည်။
ကန်သင်းရိုးပေါ်
သွေးမိုးသွန်းသော်
(တို့လယ်သမား)
တစ်ခေတ်ထွန်းမည်။
တောမီးကို
တောမီးနဲ့မှ
ငြှိမ်းလို့ရမည်။
ခင်ရေ-
တို့ရင်ထဲ
ထယ်သွားနဲ့ခွဲ
ထွန်တုံးတိုက်ပွဲဝင်မည်။ ။
အောင်ဝေး
ဇူလိုင် ၁၃၊ ၂၀၁၂
http://blog.irrawaddy.org/2012/07/blog-post_4513.html
လယ်သမားတွေ ထွန်တုံးတိုက်ပွဲ ထိပ်တိုက်တွေ့ ပြီ
မိမိတို.လယ်မိမိတို. ထွန်ယက်စိုက်ပျိုးသည်ကို ဒေသတွင်း တည်ငြိမ်အေးချမ်းမှု နှင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက်သော လုပ်ရပ်ဟု စွပ်စွဲကာ ပန်းတောင်းမြို.နယ် အုပ်ချုပ်ရေးမှုး ဦးမြင့်သိန်းမှ မြို.နယ်အုပ်ချုပ်ရေး ရုံးတံဆိပ်ဖြင့်တားမြစ်ခဲ့ကြသည်.။
15.7.2012
မင်္ဂလာဒုံမြို.နယ်၊ ရွှေနံသာမှ လယ်သမားများချီတက်ဆန္ဒပြမှူ့စတင်.
တိုက်ပွဲ စပြီ ရပိုင်ခွင့်တွေကို တောင်းတာ တရားတယ်
တရားတဲ့တောင်းဆိုမှုမှန်သမျှ နေပြည်တော်အထိ ချီတက်တောင်းဆိုကြ။လူထု
အလိမ်မခံရစေရန် ကျွန်တော်တို့မီဒီယာက တာဝန်ခံကြ ရမယ်
Messenger News Journalဒေါ်အောင်ဆန်းစုကြည်၏ ပြတ်ပြတ်သားသား ဖြေခဲ့တဲ့ ရိုဟင်ဂျာ ပြဿနာ
ဒေါ်စုက I do not know တစ်လုံးတည်း ဖြေခဲ့တယ် လို့ ရွှေဥာဏ်တော်
စူးရောက်နေတဲ့ လူတွေ သိစေရန် အလို့ငှာ Oslo Peace Forum မှာ
ရိုဟင်ဂျာအကြောင်း ဖြေထားမှုကို ပြန်ဖော်ပြလိုက်ပါတယ် ။
ရှုစားမှတ်သားကြပါကုန် ။ တ၀က်တပျက် အမှန် Half Truth လောက်တောင် မရှိတဲ့
စကားနဲ့ ၀ါဒဖြန့်တဲ့လူတွေကို တော့ မပြောတော့ဘူး ။ ယုံချင်တဲ့လူတွေကိုဘဲ
သြချမိပါရဲ့ ။ ဒီစကားတွေကို ပြောသွားတာ တစ်လတောင် မကြာသေးဘူး ၊
မေ့ကုန်ကြပြီလား ။ ( အခုတင်ပြတဲ့ စကားတွေက ဆွေးနွေးပွဲပြီးခါနီးမှာ
အမေရိကန် National Public Radio က သတင်းထောက်တစ်ယောက် ထမေးတာပါ ။
ဒီဆွေးနွေးပွဲမတိုင်ခင်မှာလည်း ဒေါ်စုက ဒီအကြောင်း
ညှပ်ပူးညှပ်ပိတ်မေးခွန်းတွေကို အကြိမ်ကြိမ်ဖြေပြီးသွားပါပြီ )
မေး ။ ။ ရိုဟင်ဂျာ ပြသာနာဟာ လူဝင်မှုကြီးကြပ်ရေး မထိရောက်တာကြောင့်လို့ တချို့က ပြောတယ် ။ တချို့ကတော့ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ထားတဲ့ ပေါ်လစီကြောင့် ဖြစ်လာတဲ့ ပြသာနာလို့ ဆိုပြန်တယ် ။ ခင်ဗျားက အတိုက်အခံခေါင်းဆောင်တစ်ယောက်အနေနဲ့ ရိုဟင်ဂျာကို နိုင်ငံသားလို့ သတ်မှတ်သလား မသတ်မှတ်ဘူးလား ။
ဖြေ ။ ။ တရားဥပဒေစိုးမိုးရေးအရေးကြီးပုံအကြောင်းကို ကျမပြောခဲ့ပြီးပါပြီ ။ တရားဥပဒေစိုးမိုးရေးဆိုတာ နိုင်ငံသားဖြစ်ခွင့်ဥပဒေလည်း အကျုံးဝင်တာပါဘဲ ။ ဒါကြောင့်ဘဲ ပြသာနာရဲ့ အရင်းအမြစ်ဟာလည်း တရားဥပဒေစိုးမိုးမှုမရှိလို့လို့ ကျမပြောခဲ့တာ ။
နိုင်ငံသားဖြစ်ခွင့်ဥပဒေတွေဟာ ဘာတွေလည်းဆိုတာ ကျမတို့သေသေချာချာ မသိကြရဘူး ။ ဒီသေချာမသိရဘူးဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်အပျက်တစ်ခုကို ဥပမာပေးချင်ပါတယ် ။ ကျမတို့ပါတီက အမတ်လောင်းတစ်ယောက် လွန်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကနေ အထုတ်ခံရတယ် ။ အကြောင်းကတော့ ရွေးကောက်ပွဲဥပဒေအရ အမတ်လောင်းတွေအားလုံးဟာ မြန်မာနိုင်ငံသားတွေက မွေးရမယ်လို့ ဆိုပါတယ် ။ အခုထုတ်ခံလိုက်ရတဲ့ အမတ်ကလည်း မြန်မာပြည်သားမိဘတွေက မွေးတဲ့ မြန်မာပါဘဲ ။ ဒါပေမယ့် နောက်တော့ သူ့အဖေက တခြားနိုင်ငံသားခံသွားခဲ့တယ် ။ ဒါကို အကြောင်းပြပြီး ထုတ်ခံလိုက်ရတာပါ ။
ဒါကြောင့်ဘဲ ကျမပြောတာပေါ့ ၊ နိုင်ငံသားဥပဒေတွေဟာ ဘာတွေမှန်း အတိအကျ မသိရဘူး ။ တကယ်လို့သာ နိုင်ငံသားဥပဒေအောက်မှာ ဘယ်သူတွေဟာ နိုင်ငံသားပါ ၊ ဘယ်လို လိုအပ်ချက်တွေရှိမှ နိုင်ငံသားဖြစ်ခွင့်ရှိတယ်ဆိုတာ တိတိကျကျ ဖော်ပြလိုက်နာထားရင် ဒီပြသာနာတွေ မတတ်နိုင်ဘူး ။ အခုတော့ လူတချို့ကို ဘင်္ဂလားဒေ့ရှ်ကလည်း သူတို့လူမဟုတ်ပါဘူး ၊ မြန်မာကလည်း သူတို့လူမဟုတ်ပါဘူး ဆိုပြီး စွပ်စွဲချက်တွေက အမြဲပေါ်နေရတယ် ။
ဘင်းဂလားဒေ့ရှ်ကသူတို့လူမဟုတ်ဘူးလို့ ဆိုတယ် ။ မြန်မာကလည်းငါတို့လူမဟုတ်ဘူးလို့ဆိုတယ် ။ ဒီလိုငြင်းကြတဲ့အထဲမှာ ကြားထဲက လူတွေက ဟိုပြေးလိုက်ဒီပြေးလိုက်ဖြစ်ရတယ် ။ ဒီတော့ ကျမတို့မှာ တရားဥပဒေစိုးမိုးရေးဆိုတာ ရှိမှကို ဖြစ်မယ် ။ အဲဒီဥပဒေတွေက ဘာဆိုတာလည်း တိတိကျကျ သိမှ ဖြစ်မယ် ။ အဲဒီဥပဒေတွေကိုလည်း တကယ်လိုက်နာသလားဆိုတာ သေချာအောင်လုပ်မှဖြစ်မယ် ။
မေး ။ ။ ( စိတ်မရှည်သံလေးဖြင့် ) ဒါဆို သူတို့ဟာ နိုင်ငံသားဖြစ်သင့်လား ၊ မဖြစ်သင့်ဘူးလား ။
ဖြေ ။ ။ ( ဒေါ်စုကလည်း အနည်းငယ် စိတ်တိုသံဖြင့် ) ကျမ မသိဘူး ။ မသိရတဲ့အကြောင်းရင်းက ရှင်တို့ ရိုဟင်ဂျာ လို့ ပြောနေတဲ့လူတွေဟာ ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောနေမှန်းမသိရလို့ဘဲ ။ အရင်ပြောပြီးသလိုဘဲ ဘယ်သူတွေကို ရိုဟင်ဂျာလို့ ခေါ်နေကြမှန်း မသေချာတဲ့ ပြသာနာရှိနေတယ် ။ ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကို ခေါ်နေတဲ့လူတွေက မြန်မာပြည်ပေါက်တွေမဟုတ်ဘူး ၊ သိပ်မကြာခင်ကမှ ဘင်္ဂလာဒေ့ရှ်က ရောက်လာတာလို့ ပြောတဲ့သူက ပြောတယ် ၊ တချိန်တည်းမှာဘဲ ဘင်္ဂလားဒေ့ရှ်က အဲဒီရိုဟင်ဂျာဆိုသူတွေဟာ သူတို့နိုင်ငံပေါက်တွေမဟုတ်ဘူး ၊ မြန်မာပြည်ကပါလို့ ဆိုပြီး ဒုက္ခသည်အဖြစ် လက်မခံချင်ပြန်ဘူး ။
ဒီပြသာနာကို တရားဥပဒေစိုးမိုးမှုမရှိဘဲ ၊ တိကျမှန်ကန်တဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေမရှိဘဲ ၊ ဥပဒေချိုးဖောက်သူတွေကို စောင့်ကြည့်တဲ့ရဲတွေ မရှိဘဲ ၊ တရားဥပဒေကို သင့်တော်သလို ပြဌာန်းလိုက်နာစေတာမျိုးမရှိဘဲ ကျမတို့ ဘယ်လို ရှင်းမလဲ ။ ဒါကြောင့်ဘဲ ကျမပြောတာပေါ့ ၊ ဒီပြသာနာတွေရဲ့ အရင်းအမြစ်ဟာ တရားဥပဒေစိုးမိုးရေးပါဆိုတာ ။ဒီဥပဒေပြသာနာဖြစ်နေတာဟာ ဆယ်စုနှစ်များစွာကြာခဲ့ပြီ ၊ လွန်ခဲ့တဲ့ တစ်လနှစ်လကမှ ဖြစ်တဲ့ ရာဇ၀တ်မှုက စတာ မဟုတ်ဘူးဆိုတာပါဘဲ ။
( ဒီဆွေးနွေးပွဲက မိနစ် ၂၀ ကြာပါတယ် ။ အခုအမေးအဖြေက နောက်ဆုံးပါဘဲ ။ ဒေါ်စုက I do not know တစ်လုံးထဲ ဖြေသွားတာမဟုတ်ဘူးဆိုတာ သတိရလောက်ပါပြီနော် ။ မျက်မှန်စိမ်းများတပ်မကြည့်ဘဲ ဆင်ခြင်စဉ်းစားရင် သူဖြေသွားတဲ့ တရားဥပဒေစိုးမိုးရေး Rule of Law ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ Proper Immigration Process ၊ ဥပဒေချိုးဖောက်သူများကို စောင့်ကြည့်တဲ့ ရဲ Proper Policing ၊ ဥပဒေကိုလိုက်နာစေမှု စသည်တို့ရဲ့ အရေးပါပုံကို သဘောပေါက်လာပါလိမ့်မယ်လို့ မျှော်လင့်လျက် .................။ မကျေနပ်သေးရင် မောင်ဇာနည်တို့က ဒေါ်စုကို ချောက်ချဖို့ စီစဉ်ထားတဲ့ London School of Economics က ဆွေးနွေးပွဲမှာ ဒေါ်စုက Rule of Law ရဲ့ အရေးပါပုံကို ဆွေးနွေးဖို့ request လုပ်ခဲ့တယ် ။ အဲဒါကိုပါ ကြည့်ရင်တော့ ပိုပြည့်စုံပါလိမ့်မယ် ...........။ )ဒေါ်စုက I do not know တစ်လုံးတည်း ဖြေခဲ့တယ် လို့ ရွှေဥာဏ်တော် စူးရောက်နေတဲ့ လူတွေ သိစေရန် အလို့ငှာ Oslo Peace Forum မှာ ရိုဟင်ဂျာအကြောင်း ဖြေထားမှုကို ပြန်ဖော်ပြလိုက်ပါတယ် ။ ရှုစားမှတ်သားကြပါကုန် ။ တ၀က်တပျက် အမှန် Half Truth လောက်တောင် မရှိတဲ့ စကားနဲ့ ၀ါဒဖြန့်တဲ့လူတွေကို တော့ မပြောတော့ဘူး ။ ယုံချင်တဲ့လူတွေကိုဘဲ သြချမိပါရဲ့ ။ ဒီစကားတွေကို ပြောသွားတာ တစ်လတောင် မကြာသေးဘူး ၊ မေ့ကုန်ကြပြီလား ။ ( အခုတင်ပြတဲ့ စကားတွေက ဆွေးနွေးပွဲပြီးခါနီးမှာ အမေရိကန် National Public Radio က သတင်းထောက်တစ်ယောက် ထမေးတာပါ ။ ဒီဆွေးနွေးပွဲမတိုင်ခင်မှာလည်း ဒေါ်စုက ဒီအကြောင်း ညှပ်ပူးညှပ်ပိတ်မေးခွန်းတွေကို အကြိမ်ကြိမ်ဖြေပြီးသွားပါပြီ )
မေး ။ ။ ရိုဟင်ဂျာ ပြသာနာဟာ လူဝင်မှုကြီးကြပ်ရေး မထိရောက်တာကြောင့်လို့ တချို့က ပြောတယ် ။ တချို့ကတော့ ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ထားတဲ့ ပေါ်လစီကြောင့် ဖြစ်လာတဲ့ ပြသာနာလို့ ဆိုပြန်တယ် ။ ခင်ဗျားက အတိုက်အခံခေါင်းဆောင်တစ်ယောက်အနေနဲ့ ရိုဟင်ဂျာကို နိုင်ငံသားလို့ သတ်မှတ်သလား မသတ်မှတ်ဘူးလား ။
ဖြေ ။ ။ တရားဥပဒေစိုးမိုးရေးအရေးကြီးပုံအကြောင်းကို ကျမပြောခဲ့ပြီးပါပြီ ။ တရားဥပဒေစိုးမိုးရေးဆိုတာ နိုင်ငံသားဖြစ်ခွင့်ဥပဒေလည်း အကျုံးဝင်တာပါဘဲ ။ ဒါကြောင့်ဘဲ ပြသာနာရဲ့ အရင်းအမြစ်ဟာလည်း တရားဥပဒေစိုးမိုးမှုမရှိလို့လို့ ကျမပြောခဲ့တာ ။
နိုင်ငံသားဖြစ်ခွင့်ဥပဒေတွေဟာ ဘာတွေလည်းဆိုတာ ကျမတို့သေသေချာချာ မသိကြရဘူး ။ ဒီသေချာမသိရဘူးဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်အပျက်တစ်ခုကို ဥပမာပေးချင်ပါတယ် ။ ကျမတို့ပါတီက အမတ်လောင်းတစ်ယောက် လွန်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကနေ အထုတ်ခံရတယ် ။ အကြောင်းကတော့ ရွေးကောက်ပွဲဥပဒေအရ အမတ်လောင်းတွေအားလုံးဟာ မြန်မာနိုင်ငံသားတွေက မွေးရမယ်လို့ ဆိုပါတယ် ။ အခုထုတ်ခံလိုက်ရတဲ့ အမတ်ကလည်း မြန်မာပြည်သားမိဘတွေက မွေးတဲ့ မြန်မာပါဘဲ ။ ဒါပေမယ့် နောက်တော့ သူ့အဖေက တခြားနိုင်ငံသားခံသွားခဲ့တယ် ။ ဒါကို အကြောင်းပြပြီး ထုတ်ခံလိုက်ရတာပါ ။
ဒါကြောင့်ဘဲ ကျမပြောတာပေါ့ ၊ နိုင်ငံသားဥပဒေတွေဟာ ဘာတွေမှန်း အတိအကျ မသိရဘူး ။ တကယ်လို့သာ နိုင်ငံသားဥပဒေအောက်မှာ ဘယ်သူတွေဟာ နိုင်ငံသားပါ ၊ ဘယ်လို လိုအပ်ချက်တွေရှိမှ နိုင်ငံသားဖြစ်ခွင့်ရှိတယ်ဆိုတာ တိတိကျကျ ဖော်ပြလိုက်နာထားရင် ဒီပြသာနာတွေ မတတ်နိုင်ဘူး ။ အခုတော့ လူတချို့ကို ဘင်္ဂလားဒေ့ရှ်ကလည်း သူတို့လူမဟုတ်ပါဘူး ၊ မြန်မာကလည်း သူတို့လူမဟုတ်ပါဘူး ဆိုပြီး စွပ်စွဲချက်တွေက အမြဲပေါ်နေရတယ် ။
ဘင်းဂလားဒေ့ရှ်ကသူတို့လူမဟုတ်ဘူးလို့ ဆိုတယ် ။ မြန်မာကလည်းငါတို့လူမဟုတ်ဘူးလို့ဆိုတယ် ။ ဒီလိုငြင်းကြတဲ့အထဲမှာ ကြားထဲက လူတွေက ဟိုပြေးလိုက်ဒီပြေးလိုက်ဖြစ်ရတယ် ။ ဒီတော့ ကျမတို့မှာ တရားဥပဒေစိုးမိုးရေးဆိုတာ ရှိမှကို ဖြစ်မယ် ။ အဲဒီဥပဒေတွေက ဘာဆိုတာလည်း တိတိကျကျ သိမှ ဖြစ်မယ် ။ အဲဒီဥပဒေတွေကိုလည်း တကယ်လိုက်နာသလားဆိုတာ သေချာအောင်လုပ်မှဖြစ်မယ် ။
မေး ။ ။ ( စိတ်မရှည်သံလေးဖြင့် ) ဒါဆို သူတို့ဟာ နိုင်ငံသားဖြစ်သင့်လား ၊ မဖြစ်သင့်ဘူးလား ။
ဖြေ ။ ။ ( ဒေါ်စုကလည်း အနည်းငယ် စိတ်တိုသံဖြင့် ) ကျမ မသိဘူး ။ မသိရတဲ့အကြောင်းရင်းက ရှင်တို့ ရိုဟင်ဂျာ လို့ ပြောနေတဲ့လူတွေဟာ ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောနေမှန်းမသိရလို့ဘဲ ။ အရင်ပြောပြီးသလိုဘဲ ဘယ်သူတွေကို ရိုဟင်ဂျာလို့ ခေါ်နေကြမှန်း မသေချာတဲ့ ပြသာနာရှိနေတယ် ။ ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကို ခေါ်နေတဲ့လူတွေက မြန်မာပြည်ပေါက်တွေမဟုတ်ဘူး ၊ သိပ်မကြာခင်ကမှ ဘင်္ဂလာဒေ့ရှ်က ရောက်လာတာလို့ ပြောတဲ့သူက ပြောတယ် ၊ တချိန်တည်းမှာဘဲ ဘင်္ဂလားဒေ့ရှ်က အဲဒီရိုဟင်ဂျာဆိုသူတွေဟာ သူတို့နိုင်ငံပေါက်တွေမဟုတ်ဘူး ၊ မြန်မာပြည်ကပါလို့ ဆိုပြီး ဒုက္ခသည်အဖြစ် လက်မခံချင်ပြန်ဘူး ။
ဒီပြသာနာကို တရားဥပဒေစိုးမိုးမှုမရှိဘဲ ၊ တိကျမှန်ကန်တဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေမရှိဘဲ ၊ ဥပဒေချိုးဖောက်သူတွေကို စောင့်ကြည့်တဲ့ရဲတွေ မရှိဘဲ ၊ တရားဥပဒေကို သင့်တော်သလို ပြဌာန်းလိုက်နာစေတာမျိုးမရှိဘဲ ကျမတို့ ဘယ်လို ရှင်းမလဲ ။ ဒါကြောင့်ဘဲ ကျမပြောတာပေါ့ ၊ ဒီပြသာနာတွေရဲ့ အရင်းအမြစ်ဟာ တရားဥပဒေစိုးမိုးရေးပါဆိုတာ ။ဒီဥပဒေပြသာနာဖြစ်နေတာဟာ ဆယ်စုနှစ်များစွာကြာခဲ့ပြီ ၊ လွန်ခဲ့တဲ့ တစ်လနှစ်လကမှ ဖြစ်တဲ့ ရာဇ၀တ်မှုက စတာ မဟုတ်ဘူးဆိုတာပါဘဲ ။
( ဒီဆွေးနွေးပွဲက မိနစ် ၂၀ ကြာပါတယ် ။ အခုအမေးအဖြေက နောက်ဆုံးပါဘဲ ။ ဒေါ်စုက I do not know တစ်လုံးထဲ ဖြေသွားတာမဟုတ်ဘူးဆိုတာ သတိရလောက်ပါပြီနော် ။ မျက်မှန်စိမ်းများတပ်မကြည့်ဘဲ ဆင်ခြင်စဉ်းစားရင် သူဖြေသွားတဲ့ တရားဥပဒေစိုးမိုးရေး Rule of Law ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ Proper Immigration Process ၊ ဥပဒေချိုးဖောက်သူများကို စောင့်ကြည့်တဲ့ ရဲ Proper Policing ၊ ဥပဒေကိုလိုက်နာစေမှု စသည်တို့ရဲ့ အရေးပါပုံကို သဘောပေါက်လာပါလိမ့်မယ်လို့ မျှော်လင့်လျက် .................။ မကျေနပ်သေးရင် မောင်ဇာနည်တို့က ဒေါ်စုကို ချောက်ချဖို့ စီစဉ်ထားတဲ့ London School of Economics က ဆွေးနွေးပွဲမှာ ဒေါ်စုက Rule of Law ရဲ့ အရေးပါပုံကို ဆွေးနွေးဖို့ request လုပ်ခဲ့တယ် ။ အဲဒါကိုပါ ကြည့်ရင်တော့ ပိုပြည့်စုံပါလိမ့်မယ် ...........။ )
Nyo Htet
ကျားဖြူ အမတ်ကြီး ဒေါ်နန်းဝါနု
ကျားဖြူ အမတ်ကြီး ဒေါ်နန်းဝါနု ဆိုလို့ ... အသက် ၄၅ နှစ်ကျော်လို့ ထင်ခဲ့တာ ....
ဘွဲ့နှစ်ခု ယူ ၊ ကလေးနှစ်ယောက် မွေး .... ဘယ်တုန်းကများ မြန်မာ တစ်နိုင်ငံလုံးရဲ့ စီးပွားရေး ချွတ်ခြုံကျမှုဟာ ဆန်ရှင်ကြောင့်လို့ လေ့လာ သုံးသပ်လိုက်ပါလိမ့်နော် ... အသက်က ငယ်တော့လည်း ဆူလွယ် နပ်လွယ် ထင်ပါရဲ့နော် ။ ဖွတ်တွေ စည်းရုံးရ လွယ်တာပေါ့လေ
မပြောတော့ပါဘူး ၊ ပြောရင်လည်း ဒီဖက်က တိုက်ခိုက်တယ် ဖြစ်အုန်းမယ် ....
အဂ္ဂမဟာ ဒီမိုဖက်တီး
အကျင့်ပျက် တရားစီရင်ရေးစနစ်
by Lu Cifer on Sunday, July 15, 2012 at 1:27pm ·
လွန်ခဲ့တဲ့ နှစ်လအတွင်း ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီကို ရောက်လာတဲ့တိုင်စာတွေ ထောင်နဲ့ချီရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ ဒီအထဲမှာ ဥပဒေရေးရာကော်မတီကို ပေးပို့တဲ့တိုင်စာ တထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။
မမှန်ကန်တဲ့ တရားစီရင်မှုတွေကို စစ်ဆေးဖို့အတွက် လွန်ခဲ့တဲ့ စက်တင်ဘာလမှာ ကန်ပက်လက် မဲဆန္ဒနယ်က သူရဦးအောင်ကို ဥက္ကဌလုပ်တဲ့ တရားစီရင်ရေးနဲ့ ဥပဒေရေးဆိုင်ရာကော်မတီကို ဖွဲ့စည်းပါတယ်။ ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ အောက်ပိုင်းက တရားရုံးတွေဟာ အဟန့်အတားလို ဖြစ်နေတယ်လို့ သူရဦးအောင်ကို က ပြောင်းပါတယ်။ ခိုင်းသလိုလုပ်တဲ့ တရားသူကြီးတွေပဲလို့ ဆိုပါတယ်။
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၂) မှ ဦးအောင်ငြိမ်း ဥက္ကဋ္ဌလုပ်တဲ့ ပြည်သူတိုင်ကြားစာနဲ့ အသနားခံစာဆိုင်ရာ ကော်မတီကို ၂၀၁၁ သြဂုတ်လမှာ ဖွဲ့စည်းပါတယ်။ ဒီကော်မတီတွေမှာ လုပ်နိုင်စွမ်း ဘယ်လောက်ရှိတယ်ဆိုတာ မသိရသေးပါဘူး။ တရားရေးဌာနကို ပြုပြင်ဖို့ အရေးတကြီး လိုအပ်နေတာကို အတိုက်အခံဘက်ကရော အစိုးရဘက်ကပါ ထောက်ပြနေကြပါတယ်။ အဂတိလိုက်စားပြီး မတရားလုပ်တဲ့အမှုတွေများလွန်တဲ့အတွက် အခုလို ဥပဒေပြုလွှတ်တော်ကို တိုင်စာတွေ ပေးပို့နေကြတာ ဖြစ်ပါတယ်။
အနှစ် (၄၀) ကျော် အကျင့်ပျက်ခဲ့တဲ့ တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲရေးဟာ အချိန်ကြာနိုင်ပါတယ်။ စစ်ကောင်စီက ၁၉၇၂ သြဂုတ်လမှာ ပြည်သူ့တရားရုံးစနစ် တည်ထောင်ချိန်ကစပြီး မြန်မာ့တရားစီရင်ရေးစနစ် ယိုယွင်းပျက်စီတယ်လို့ ပြောနိုင်ပါတယ်။ ဥပဒေနားမလည်တဲ့ မဆလပါတီဝင်တို့ကို တရားသူကြီးလုပ်ခိုင်းပြီး စီရင်ဆုံးဖြတ်ခိုင်းတဲ့ ကျင့်စဉ်ဖြစ်ပါတယ်။
ဥပဒေနားမလည်တဲ့ မဆလပါတီဝင်ကို တရားသူကြီးလုပ်ခိုင်းပြီး စီရင်ဆုံးဖြတ်ခိုင်းတဲ့ ကျင့်စဉ်ဖြစ်ပါတယ်။ တကယ့် တရားသူကြီးဟာ အကြံပေးအဆင့်ကို ရောက်သွားပါတယ်။ အဲဒီအချိန်ကစပြီး တရားရုံးတွေဟာ ပါတီကောင်စီလက်အောက်ခံလို ဖြစ်လာတဲ့အတွက် လွတ်လပ်စွာစီရင်ဆုံးဖြတ်ခွင့် မရှိတော့ပါဘူး။ ၁၉၇၄ အခြေခံဥပဒေအရဖွဲ့တဲ့ ပြည်သူ့တရားသူကြီးကောင်စီမှာ ကောင်စီဝင် (၅) ဦးရှိတဲ့အနက် တဦးကသာ ဥပဒေပညာရှင် ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်အောက်မှာ တရားစီရင်ရေးစနစ်ဟာ ဖိနှိပ်ရေးယန္တရား ဖြစ်လာပါတော့တယ်။
လွတ်လပ်ရေးရပြီးစ လက်နက်ကိုင်ပုန်ကန်မှု ဖြစ်ပွားနေချိန်မှာ “လူသတ်သမား သခင်နုရဲ့  ဖက်ဆစ်အစိုးရ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကွန်မြူနစ်ပါတီက ဖြန့်ဝေတာကို နိုင်ငံတော်လုံခြုံရေးဥပဒေအရ ဖမ်းဆီးပိုင်ခွင့် မရှိဘူးလို့ တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ခဲ့တာကို တရားဌာန လွတ်လပ်မှုအဖြစ် ဥပဒေပညာရှင်တွေ ကိုးကားကြပါတယ်။
မျက်မှောက်ခေတ်မှာ ဗမာအစိုးရကို ဝေဖန်လို့ ထောင်အနှစ် (၆၀) ချလိုက်တဲ့ စီရင်ချက်ကိုတော့ တရားဥပဒေဆိုင်ရာဟာသအဖြစ် သတ်မှတ်ကြပါတယ်။ ပြစ်မှုမကျူးလွန်သူကို သေဒဏ်နဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်မှု၊ နှိပ်စက်ညှဉ်းပမ်းပြီးရယူထားတဲ့ ဖြောင့်ချက်ကိုလက်ခံမှုစတဲ့ စီရင်ထုံးမျိုးကြောင့် တရားစီရင်ရေးဌာနဟာ အလွန်နာမည်ပျက်ပါတယ်။ ရဲတပ်ဖွဲ့ဝင်၊ ရှေ့ နေ နဲ့ တရားသူကြီး စီးဝါးရိုက်၊ အကြံအဖန်လုပ်ပြီး ငွေရှာတာဟာ တရားရုံးရဲ့  လုပ်နေကျအလုပ် ဖြစ်ပါတယ်။
တရားစီရင်ရေးကဏ္ဍ သန့်ရှင်းရေးအတွက် လာဘ်ပေးလာဘ်ယူမှုနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရာမှာ ကြိုတင်ကာကွယ်မှုနဲ့ အရေးယူမှုဆိုပြီး အပိုင်းနှစ်ပိုင်းခွဲ ဆောင်ရွက်နေတယ်လို့ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ၂၀၁၁ စက်တင်ဘာလ (၂၃) ရက်နေ့က အမျိုးသားလွှတ်တော်မှာ ပြောပါတယ်။ ဖြောင့်မတ်မှန်ကန်စွာ လုပ်ကိုင်နိုင်ဖို့ အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲမှာဖြစ်ပြီး တာဝန်မဲ့မှု၊ အဂတိလိုက်စားမှု နဲ့ အကျင့်ပျက်မှုတွေကို တွေ့ရှိရင် ကျူးလွန်သူကိုသာမကပဲ အနီးကပ်ကြီးကြပ်သူတွေကိုပါ အရေးယူမယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့  အကြီးအကဲ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ တရားလွှတ်တော်ချုပ် တရားသူကြီးတွေကို သမ္မတက ခန့်တာကြောင့် တရားစီရင်ရေးဌာနဟာ အုပ်ချုပ်ရေးဌာနလက်အောက်ခံလို ဖြစ်နေတယ်လို့ သုံးသပ်တာမျိုးလည်း ရှိပါတယ်။
အဂတိလိုက်စားတဲ့ အစိုးရဝန်ထမ်းရဲ့  ဘေးရန်က ပြည်သူလူထုကို ကာကွယ်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၁၉၄၈ မှာ အဂတိလိုက်စားမှု နှိမ်နှင်းရေး အက်ဥပဒေကို ပြဌာန်းပါတယ်။
ပြစ်မှုကျူးလွန်တဲ့ ဝန်ထမ်းကို ထောင် (၇) နှစ်အထိချပြီး သူရယူထားတဲ့ ဓနဥစ္စာကို နိုင်ငံပိုင် ပြုလုပ်နိုင်ပါတယ်။ အစိုးရဝန်ထမ်းတွေ ကျူးလွန်တဲ့ပြစ်မှုကို ရာဇသတ်ကြီးအရ စစ်ဆေးဖို့အတွက် အထူးတရားသူကြီးကို သမ္မတက ခန့်အပ်နိုင်ပါတယ်။ ဒါပေမဲ့ စစ်မှုထမ်းကျူးလွန်တဲ့ပြစ်မှုကို လွှတ်တော်မှာ ဆွေးနွေးတာမျိုး မကြားရသေးပါ။
တရားသူကြီးချုပ်နဲ့ တရားသူကြီးတွေကို သမ္မတ (သို့မဟုတ်) လွှတ်တော်ကိုယ်စားလှယ်တွေက စွပ်စွဲပြစ်တင်နိုင်တယ်လို့ ၂၀၀၈ အခြေခံဥပဒေက ဆိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံက လက်ခံရင် စွပ်စွဲပြစ်တင်ခံရတဲ့ တရားသူကြီးကို ဖြုတ်ပစ်နိုင်ပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်က တရားသူကြီးတွေကို စွပ်စွဲပြစ်တင်အရေးယူမယ်ဆိုရင်လည်း လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံက ထောက်ခံဖို့ လိုပါတယ်။ တိုင်းနဲ့ပြည်နယ် တရားရုံးတွေအောက်မှာ ခရိုင်နဲ့မြို့ နယ် တရားရုံးတွေ ရှိပါတယ်။ တရားလက်လွတ် စီရင်ချက်ချတယ်လို့ စွပ်စွဲထားတဲ့အမှုတွေ ထောင်နဲ့ချီပြီး ပြည်ထောင်စုလွှတ်တော်ကို ရောက်နေပြီဖြစ်လို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းပြီး အရေးယူမယ်ဆိုတာ စောင့်ကြည့်ဖို့သာ ရှိပါတော့တယ်။
ဦးအောင်ခင် & မညိုညိုလွင်
VOA
http://www.voanews.com/burmese/news/news-analysis/news_analysis_07-14-2012-162474846.html
ကိုမျိုး(မြန်မာစာ)...ရှေ့ ကို
“ရှေ့ကို လွတ်လပ်ရေးအရသာကိစ္စ
အတွက် အလုပ်လုပ်တဲ့နေရာမှာလည်း
ခင်ဗျားတို့ သောက်ကျင့်တွေကို ပြင်ဖို့လို့
ကျွန်တော်ပြောခဲ့မယ်”
ဦးအောင်ဆန်း
အာဇာနည်နေ့ နားနီးခါမှ ဗိုလ်ချုပ် အောင်ဆန်းကို သတိရနေကြတာဟု
ဆိုဆို၊ခါတော်မီဟုပြောပြောနိုင်ငံလွတ်လပ်ရေးအတွက် အသက်ပေးသွားသူ
အာဇာနည်တွေ နှင့်တကွ ဗိုလ်ချုပ်တို့၏ကျေးဇူးကိုဤအခါသမယမှာကျွန်တော်
တို့ စာနယ်ဇင်း သမားတွေ အနေနှင့် အခြားသော မြန်မာပြည်သူ၊ ပြည်သားတွေ
ထက် ပိုမိုကျေးဇူးတင်ထိုက်သည်ကအမှန်။
““ဗိုလ်ချုပ်မပြောနှင့် ဗိုလ်ချုပ် သမီးအကြောင်းဗိုလ်ချုပ်သမီး ဓာတ်ပုံ ပါရင်တောင်
ရောင်းမလောက်ဖြစ်နေ တာ စာနယ်ဇင်းသမားတွေညတိုင်း ဗိုလ်ချုပ်ကိုဦးသုံးကြိမ်ချပြီး
အိပ်သင့်တယ်”” ဟူသော စကားမကြာ မကြာကြားရ တတ်ဖူးသည်ကိုး။
သို့ပေမင့် မရှက်တမ်းဝန်ခံရလျင်ဗိုလ်ချုပ်ကို ညစဉ်မပြတ် ရှိခိုးဦးချခြင်းမပြုဖြစ်ခဲ့ဘူးရုံမက
“ဗိုလ် ချုပ်ကျေးဇူးကြီးလှပါပေသည်” ဆိုကာ အိမ်ဦးခန်းမှာချိတ်ထားသော ဓာတ်ပုံကို လည်း
နေ့စဉ်မပြတ်ဖုန်သုတ်ပေးမိခြင်း မျိုးမရှိခဲ့ပါ။ထိုမျှမက ကျွန်တော်တို့ ငယ်စဉ် အခါက
အထပ်ထပ်သင်ယူရွတ် ဖတ်ဖူးသည့်အာဇာနည်ခေါင်း ဆောင်ကြီး များ၏စာတွေကဗျာတွေ၊
ငယ်စဉ်အခါအာစရိယဆရာတို့ အခါခါသင်ကြားနာယူစေခဲ့ကြသည့်“အာဇာနည်
ခေါင်းဆောင်ကြီးတွေကိုချစ်မြတ်နိုးကြောင်းပြောနေတာထက်သူတို့လမ်းညွှန်မှာကြား
သွားတဲ့စကားတွေ လိုက်နာဆောင်ရွက်ပြီးသက်သေပြသင့်တယ်”” ဟူသော
စကားမျိုးကိုပင်နှစ်စဉ် သတိသိပ်မရတက်ချင်မိခဲ့ပါ။
အာဇာနည်နေ့မှာ ဥသြသံတွေကွယ် ပျောက်နေခဲ့ခြင်းကြောင့်လော။
အာဇာနည် ဗိမာန်ကိုသွားရောက်ဂါရ၀ပြုခွင့်တားဆီးပိတ် ပင်ခြင်းတွေ
အကန့်အသတ်များနေခဲ့ခြင်း ကြောင့်လော။
သတင်းစာမှာ အာဇာနည်နေ့ အကြိုဂုဏ်ပြု ဗိုလ်ချုပ်မိန့်ခွန်းတွေဖော်ပြမှု
လျော့နည်းလာခြင်းကြောင့်လော။
ရုပ်သံမှာ အာဇာနည်နေ့ အကြိုဂုဏ်ပြုနှိုးဆော် သတိ ပေးမှုတွေမပြုလုပ်ခြင်းကြောင့်လော။
ရုပ် ရှင်ရုံတွေမှာအာဇာနည်နေ့အမှတ်တရမော် ကွန်းရုပ်ရှင်ကားထုပ်တွေ မပြသတော့ခြင်း
ကြောင့်လော။
ငွေစက္ကူတွေပေါ်မှာဗိုလ်ချုပ် ရုပ်ပုံလွှာတွေမပါရှိလာတော့ခြင်းကြောင့်လော ဟု
အာဇာနည်နေ့အပေါ် ကျွန်တော့် ပျက် ကွက်ခြင်းအဖြစ်တွေ အတွက် သို့လော
သို့ လော တွေးတောမိရင်းက လွန်ခဲ့သောလမှာ ဆရာကြီးဘဘကာတွန်း ဦးဖေသိန်း၏ သမီး
အစ်မ“ဇွန်ပွင့်” စာပေလက်ဆောင်ပေးလာ သည့်စာအုပ်ထဲကဗိုလ်ချုပ်မိန့်ခွန်းဖော်ပြချက်
ကိုသွားအမှတ်ရသည်။
အဆိုပါဖော်ပြချက်မှာ ချက်မှာဤဆောင်းပါး အစကောက်နုတ်တင် ပြထားသည့်ဗိုလ်ချုပ်
မိန့်ခွန်းဖြစ်ပြီး၎င်းနှင့်ကပ်လျက်စာမျက်နှာမှာ
““လူတိုင်းက
သူများ ပြောင်းလဲတာကို
မြင်ချင်တယ်။
ဒီလူမျိုးက
ဟိုလူမျိုး ပြောင်းလဲတာကို
မြင်ချင်တယ်။
ဒါပေမဲ့ လူတိုင်းလူတိုင်း
ကိုယ်တိုင်က အရင်ပြောင်းလဲမပြဘဲ
သူတစ်ပါးက ပထမစပြီး
ပြောင်းလဲတာကို စောင့်နေကြတယ်။
ကမ္ဘာ့ပြဿနာတွေအတွက် အဖြေကို
အလိုရှိရင် ဘယ်မှာရှာမလဲ။
တွေ့ပြီတွေ့ပြီ
အဖြေဟာကိုယ့်မှာ ပဲရှိတယ်။
ကိုယ်ကစပြီးပြောင်းလဲပြရမယ်။
ပြီးတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးက
ပထမ ပြောင်းလဲပြရမယ်””
ဟူ၍လည်းဖော်ပြထားရာ၆၅နှစ်မကကြာမြင့်ခဲ့ပြီဖြစ်သောဗိုလ်ချုပ်၏
မိန့်မှာချက်ဆိုလိုရင်းကိုနားလည်လိုက် မိသလိုရှိသည့်တဒင်္ဂကိုလည်း
အမှတ်ရသည်။
တစ်တိုင်းပြည်လုံးကချစ်လှပါသည်ဆို သောဗိုလ်ချုပ်၏လွန်ခဲ့သော
နှစ်ပေါင်း ၆၅ နှစ်ကြာက“ပြင်ဆင်သင့်တာတွေပြင်ဖို့” ဟူ ၍မိန့်မှာခဲ့မှုအား
မည်သူတွေ လိုက်နာနိုင်ခဲ့ ကြ၊ အကျင့်တွေပြင်နိုင်ခဲ့ကြသည်ကိုကျွန် တော်
မသိပေမယ့် အကျင့်တွေပြင်နိုင် ခဲ့သူ တွေထဲမှာကျွန်တော်မပါနိုင်သေးခြင်း
ကိုတော့ ကျွန်တော်သေသေချာချာ သိလိုက် မိခဲ့သော တဒင်္ဂဟုလည်းဆိုနိုင်၏။
ကွယ်လွန်ချိန်မှာအသက်၃၂နှစ်အရွယ် သာရှိခဲ့ပေမယ့် အမျိုးသား ခေါင်းဆောင်ကြီး
ပီပီ၊လူသဘာဝကို သိကာလူတို့၏ အကျင့် စရိုက်မှာကိုယ်တိုင်ကိုယ်ကျ ကိုယ့်အကျင့်ကို
ပြောင်းလဲမပြနိုင်ပေမယ့် တစ်ပါးသူကိုသာ ပြု ပြင်ပြောင်းလဲစေလိုတတ်သည့်သဘော
လူ့ မနောကိုကောင်းစွာသိသူပီပီ၊ကရုဏာဒေါသော ပြောဆိုမှာကြားခဲ့ရသည်ဆိုခြင်းကို
ယခုကျွန်တော် အသက်၄၀ကျော်ခါမှတောင်သိလိုက်သလိုလို သာရှိသေးသည့်အဖြစ်
အတွက်တော့များစွာစိတ်မကောင်းဖြစ်ရသည်။
““သူတို့တွေတောင် မှမပြောင်းလဲကြသေးတာ””ဟူသောသေဖော်ညှိလိုတတ်သည့်ဉာဉ်နှင့်
အကျင့်ဆိုး(ဗိုလ်ချုပ် မိန့်ကြားခဲ့သလိုစေးစေးပိုင်ပိုင်စကားဖြင့်ဆိုလျှင်သောက်ကျင့်)ကို
ကျွန်တော်ပြင်နိုင်ဖို့မှာ..။
ကိုမျိုး(မြန်မာစာ)
(ဤစာဖြင့်အာဇာနည်ကြီးများနှင့်တကွအာဇာနည် မြန်မာပြည်သူ့ အချစ်ပန်းဗိုလ်ချုပ်
ဦးအောင်ဆန်း၏ဆိုဆုံးမ မှကြားချက်များ အား လက်စုံမိုးရှိခိုးဂါရ၀ပြုပါ၏)
မြန်မာနိုင်ငံကျောင်းသားလှု ပ်ရှားမှုသမိုင်း
The History of Burmese Students' Activities(1903~1991)
မြန်မာနိုင်ငံကျောင်းသားလှု ပ်ရှားမှုသမိုင်း ၁၉၀၃-၉၁ (၈၈)နှစ် - ကိုအောင်ထွန်းပြုစုသည်။ The History of Burmese Students' Activities(1903~1991)ဒေါ်အောင်ဆန်းစုကြည်၏ ကျော်ကြားမှုသည် မျိုးဆက်သစ်ခေါင်းဆောင်များ ပေါ်ထွက်မှုကို အပာန့်အတားဖြစ်
(Daily Times) မှ 11 July 2012 ရက်စွဲပါ “Suu Kyi’s fame risks eclipsing new Myanmar stars”သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)
ဒေါ်အောင်ဆန်းစုကြည်၏ စံထားဖွယ်ရာကျော်ကြားမှုသည် မြန်မာဒီမိုကရေစီအရေးကို ကမ္ဘာကအာရုံစိုက်လာစေခဲ့သော်လည်း သူမ၏ သူရဲကောင်းစတားတစ်ဦးသဖွယ် ထင်ရှားမှုက မျိုးဆက်သစ်ခေါင်းဆောင်သစ်များ ထွက်ပေါ်လာရေးကို အပာန့်အတားဖြစ်နေသည်ပာု နိုင်ငံရေးအကဲခတ် အချို့က ပြောကြားလိုက်သည်။
နှစ်ပေါင်း ၂၀ ကျော်စစ်အုပ်ချုပ်ရေး၏ သေနတ်ပြောင်းအာဏာထိန်းချုပ်မှုကို အံတုရင်ဆိုင်ခဲ့သော မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု၏ စံတင်လောက်သောခေါင်းဆောင်တစ်ဦး
အဖြစ် ထွက်ပေါ်လာသော ဒေါ်အောင်ဆန်းစုကြည်သည် သတင်းမွှေးသော နိုင်ငံရေးအကျဉ်းသားများဘဝမှ လွှတ်တော်အမတ်ဘဝသို့ အပြီးသတ်ထုံကူးမှုအဖြစ် တနင်္လာနေ့က လွှတ်တော်အစည်းအဝေးသို့ သမိုင်းဝင်တက်ရောက်ခဲ့ပြီဖြစ်သည်။
လက်ရှိ ပြုပြင်ပြောင်းလဲမှုများအောင်မြင်၍ ၂၀၁၅ ရွေးကောက်ပွဲတွင် သူမ၏ပါတီမျှော်လင့်ထားသလို သူမအနေဖြင့်သမ္မတတာဝန်ကို လက်ခံရန် ဆန္ဒရှိသည်ပာု အသက် ၆၇ နှစ်အရွယ် လူထုခေါင်းဆောင်က ထုတ်ဖော်ပြောကြားသည်။
သို့သော်လည်း လေဒီ၏ခြေရာကိုနင်းနိုင်မည့်သူကို ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးအကဲခတ်သူများက ယခင်ကပင် ရှာဖွေနေခဲ့ကြသည်။ သူမ အကျယ်ချုပ်ထိန်းသိမ်းခံနေရစဉ် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီကာလတွင်း အစားထိုးရွေးစရာ နိုင်ငံရေးသမားများကိုရှာဖွေရန် အနောက်အုပ်စုနိုင်ငံများက အလွန်အမင်း စိတ်ဝင်စားခဲ့ကြသည်ပာု ပောာင်ကောင်တက္ကသိုလ်မှ မြန်မာ့ရေးရာကျွမ်းကျင်သူ ရေနော့အီဂရက်တူးက ပြောကြားသည်။
နှစ်နှစ်ကြာသွားတဲ့အချိန်မှာ အနေအထားကဒုံရင်းပါပဲ။ အတိုက်အခံ ဒီမိုကရေစီအုပ်စုဘက်မှာ နောက်ထပ်ရွေးချယ်စရာခေါင်းဆောင်သစ်တွေ ထွက်ပေါ်လာခြင်းမရှိပါဘူးပာု ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က “သူမအနေဖြင့် ၁၉၈၈ ကျောင်းသားအရေးတော်ပုံကာလအတွင်း နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်လာပြီးနောက်ပိုင်း စံထားဖွယ်ခေါင်းဆောင်အဖြစ် တံဆိပ်ကပ်ခြင်းကို ရှောင်ရှားရန် ကြိုးစားခဲ့သည်”ပာု ပြောကြားထားသည်။
သို့သော်လည်း လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ လေဒီသည် ပြည်တွင်း၊ ပြည်ပလေးစားမှုကွန်ယက်မှ လွတ်မြောက် နိုင်ခြင်းမရှိပါ။ မြန်မာ့နိုင်ငံရေး ဇာတ်ကွက်ကို သြဇာကြီးလူထုခေါင်းဆောင် အမျိုးသမီးနှင့် သွေးစွန်းသော သေနတ်ကိုင်စစ်ခေါင်းဆောင်တစ်စုတို့အကြားမှ တိုက်ပွဲတစ်ခုအဖြစ် အလွယ်တကူပုံဖော်ကြခြင်းကြောင့် မျိုးဆက်သစ်ဒီမိုကရေစီခေါင်းဆောင်များ ပေါ်ထွက်ရေးကြိုးပမ်းမှုများကို အားနည်းသွားစေသည်ပာု အကဲခတ်လေ့လာသူအချို့က စောဒကတက်ကြသည်။
သူမ မြန်မာ့နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်မှုကို Sanctions များဖြေလျှော့ရန်စည်းကမ်းအဖြစ် သတ်မှတ်ထားကြသော အနောက်နိုင်ငံများတွင် သူမ၏ဇာတ်လမ်းက ပိုမိုအားကောင်းစွာကျော်ကြားသည်။
မကြာသေးမီက ဥရောပခရီးတွင် နိုင်ငံခေါင်းဆောင်တစ်ဦးကဲ့သို့ ခြိမ့်ခြိမ့်သဲသဲကြိုဆိုခံရခြင်းသည် မြန်မာပြည်တည်နေရာကိုပင် မြေပုံပေါ်တွင် အရှာခက်နေကြသောသူများ၏ အတွေးပုံရိပ်ထဲမှ သူမသိမ်းပိုက်ထားသော သူရဲကောင်းရုပ်ပုံလွှာကို ထပ်မံအတည်ပြုပေးခဲ့သည်။
သို့သော်လည်း ရာစုနှစ်တစ်စိတ်(၂၅ နှစ်)ကာလအတွင်း ပထမဆုံးဥရောပခရီးထွက်လာသော သူမကို လေးစားချစ်ခင်စွာကြိုဆိုကြခြင်းသည် မနှစ်က အာဏာရလာပြီးနောက်ပိုင်း အပြောင်းအလဲများပြုလုပ်ပြသူ ဗိသုကာအဖြစ် သတင်းမွှေးနေသူ သမ္မတဦးသိန်းစိန်နှင့်ဆက်ဆံရေးကို ခပ်စိမ်းစိမ်း ဖြစ်သွားစေနိုင်သည်ပာု အချို့ကဆိုသည်။
မြန်မာနိုင်ငံတွင် တာဝန်ကျဘူးသူ သြစတြေးလျသံအမတ် Trevor Wilson က “အတိုက်အခံခေါင်းဆောင်တစ်ဦးကို အခုလို နိုင်ငံ့ခေါင်းဆောင် တစ်ဦးလို ကြိုဆိုကြတာပာာ တကယ်ကို မကြုံစဖူးထူးကဲတဲ့ဖြစ်ရပ်ပါပဲ၊ ဒါပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းပာာ မြန်မာနိုင်ငံက တခြားအဖွဲ့အစည်းတွေ၊ တခြားနိုင်ငံရေးသမားတွေကိုလည်း အပြည့်အဝ အသိအမှတ်ကြတယ်လို့ ကျွန်တော်မထင်ပါဘူး”ပာု ပြောကြားသည်။ သူက ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်ကို “လက်တွေ့ကျသော ကမ္ဘာထဲတွင်မပါ”ပာု မှတ်ချက်ပေးသည်။
ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ပြည်ခိုင်ဖြိုးပါတီကြီးစိုးထားသော လွှတ်တော်ထဲတွင် အကြီးဆုံးအတိုက်အခံပါတီဖြစ်လာသော်လည်း အမတ်နေရာ ၄၃ နေရာသာရှိသောကြောင့် ထိထိရောက်ရောက်လုပ်ဆောင်နိုင်ရန်အတွက် မပာာမိတ်ညွှန့်ပေါင်းဖွဲ့စည်းရမည့် အလားအလာရှိနေသည်။
သို့ရာတွင် ဒီမိုကရေစီအပြောင်းအလဲများဖြစ်ပေါ်ရေးအတွက် လွှတ်တော်တွင်း၌ မနှစ်က တစ်နှစ်လုံးတွန်းအားပေးခဲ့ကြသော ပါတီ ငယ်လေးများက ၎င်းတို့အား NLD ပါတီကြီးက လူရာမသွင်းပာု ခံစားနေကြရသည်။
ထိုပါတီများထဲတွင် ၂၀၁၀ ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးကိစ္စအပေါ် လေဒီအပါအဝင် NLD အန်ကယ်ကြီးများနှင့် သဘောထားကွဲလွဲကာ ဆက်ဆံရေးပျက်သွားခဲ့သူ ဦးခင်မောင်ဆွေ၏ NDF ပါတီလည်း ပါဝင်သည်။
NLD ပါတီမှခွဲထွက်၍ ရွေးကောက်ပွဲဝင်ခဲ့သော NDF ပါတီသည် လောလောဆယ် လွှတ်တော်အမတ် ၈ နေရာ ရရှိထားသည်။ နောက်ဆုံးတွင် ဒေါ်အောင်ဆန်းစုကြည်က ဧပြီလကြားဖြတ်ရွေးကောက်ပွဲဝင်ရန် သဘောတူလိုက်သော်လည်း ဦးခင်မောင်ဆွေနှင့် စကားပြောဆိုခြင်းမပြုတော့ပါ။
နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းထောင်ထဲတွင် ၁၆ နှစ်ခန့်ပေးဆပ်ခဲ့သူ ဦးခင်မောင်ဆွေက “ပြည်သူတွေအကျိုးအတွက် လုပ်သင့်တယ်လို့ ထင်တာကို ကျွန်တော်တို့လုပ်ခဲ့ပါတယ်”ပာု ပြောကြားသည်။
“နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒီလှုပ်ရှားမှုတွေကို အသိအမှတ်ပြုဖို့လိုပါတယ်။ ပါတီငယ်လေးတွေကို လှည့်ကြည့်ဖို့ မလိုဘူးလို့ထင်ရင် သူတို့ မှားသွားပါလိမ့်မယ်”ပာု ဦးခင်မောင်ဆွေက ဆိုသည်။
လွှတ်တော်ထဲရောက် ၁၀ ပါတီအကြား အမတ် ၇၅ နေရာရရှိထားသော တိုင်းရင်းသားကိုယ်စားပြု ပါတီများမှာလည်း ပြည်တွင်းစစ် ဝါးမျိုထားသော မြန်မာနိုင်ငံတွင် အရေးကြီးသော်ငြားလည်း စားပွဲဝိုင်းဘေးသို့ ရောက်နေကြေသည်ပာု လေ့လာသူအချို့ကမှတ်ချက်ပေးကြသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီမှ အောက်လွှတ်တော်အမတ် ဦးစိုင်းမောင်တင်က “သူမအနေနဲ့ ကျွန်တော်တို့နဲ့ ဘယ်လိုပူးပေါင်း လုပ်ကိုင်မလဲဆိုတာကို ကျွန်တော်တို့ မသိပါဘူး။ ကျွန်တော် သူမကို ပုဂ္ဂိုလ်ရေးအရလေးစားပါတယ်။ ဒီနိုင်ငံမှာ ဒေါ်စုလိုပုဂ္ဂိုလ်တွေ နောက်ထပ်အများကြီး လိုအပ်နေပါတယ်”ပာု ပြောကြားသွားသည်။
NLD ပါတီ၏ ဖွဲ့စည်းပုံတွင် စိုးရိမ်စရာအန္တာရာယ်ရှိနေပြီပာု နိုင်ငံရေးကျွမ်းကျင်သူများက သတိပေးထောက်ပြထားသည်။
yangonchronicle
http://www.dailytimes.com.pk/default.asp?page=2012\07\11\story_11-7-2012_pg14_8
၆၂ နှစ်မြောက် အာဇာနည်နေ့ က ကျနော် ရေးခဲ့သော စာစု
ဒီဇိုင်း Ko Myoe
by Nay Myo Zin on Sunday, July 15, 2012 at 9:34am ·
နောက်ဆုံး အနမ်း ဟု
အမည်ပေးခဲ့ဖူးပါသည်။ အခုတော့ ခေတ်တွေ ပြောင်းခဲ့ပါပြီ၊ စနစ်တွေ
ပြောင်းခဲ့ပါပြီ။ သို့ပေမင့် မိမိတို့ အများပြည်သူ လိုလားသော အားလုံး
တန်းတူညီမျှ လူ့အခွင့်အရေး ပြည့်ဝစွာ ပိုင်ဆိုင်နိုင်ခွင့် ရှိသော
ဒီမိုကရေစီ နိုင်ငံတော်နှင့် ဒီမိုကရေစီကို လိုက်နာ
ကျင့်သုံးသောနိုင်ငံသားများ အဖြစ် ကမ္ဘာ့ အလယ်တင့်တယ် ၀င့်ထယ်ဖို့ရာ
ကျနော်တို့ နိုင်ငံသား အားလုံးတွင် တာဝန်တွေ တလှေကြီး ရှိနေပါသေးသည်ဟု
နှုတ်ခွန်းဆက် စကားလေးပါးရင်း လွန်ခဲ့သော နှစ်အနည်းငယ်က ကျနော်ရေးခဲ့သည့်
အာဇာနည်နေ့မြင်ကွင်းများ ကျနော့် ခံစားချက်များကို
ပြန်လည်တင်ပြခွင့်ပြုပါခင်ဗျား္ဘ
နောက်ဆုံး အနမ်း
နောက်ဆုံး အနမ်းဆိုသည်မှာ ခွဲခါနီးတွင် ပေးသော မြတ်နိုးမှု သင်္ကေတ ဖြစ်သည်။ ချစ်ခင်သူ တစ်ဦးက အခြားသော ချစ်မြတ်နိုးရသူ တစ်ဦးကို အမြဲအမှတ်တရ ရှိနေမည့် အကြောင်း ၊ ခွဲခွါပြီး၍ ပြန်ဆုံတွေ့ ကြသည့်တိုင် မြတ်နိုး ချစ်ခင်မှု ပျက်ပြယ်မည် မဟုတ်ကြောင်း သိစေခြင်းငှာ အနမ်းလေးတွေ ပေးကြသည်။
ကျနော်သည်နေ့ ကျနော်ချစ်သော သားလေးကို နှုတ်ဆက် အနမ်းတစ်ပွင့် ပေးထားရအုံးမည်။ ဘာပြစ်မှု ကျူးလွန်မှန်း ကိုယ့်ကိုယ်ကိုပင် မသိလိုက်ရဘဲ လူမသိ သူမသိ အဖမ်းအဆီးခံနေရသော သတင်းများ မကြာခဏ ကြားနေရသောကြောင့် ကျနော်သည်လည်း မနက်ဖြန် အတွက် မရေရာနိုင်ပါ။
ကျနော်သည် ချစ်မြတ်နိုးရပါသော သားငယ်အား အနမ်းပေးတိုင်း ဒီတစ်ကြိမ်ဟာ နောက်ဆုံးလားဟု အမြဲ တွေးနေမိလေ့ရှိသည်။ ကျနော် ဒီညလည်း ချစ်သော သားငယ်အား အနမ်းချွေပါအုံးမည်။ နောက်ဆုံး မဖြစ်ပါစေနှင့်ဟုလည်း ဆုတောင်း ပါအုံးမည်။
ဘာကြောင့်ဆိုလျှင် ………
ဤစာသည် လွတ်လပ်ခွင့် ရခိုက် နောက်ဆုံးရေးသောစာ ဖြစ်ချင်ဖြစ်နိုင်သောကြောင့်ပင် ………..
ယနေ့သည် (၆၂) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ မြန်မာပြည်တွင်း ရန်ကုန်မြို့မှ ကျနော်တို့ လူနေမှု စနစ်အတွင်း အာဇာနည်နေ့နှင့် ပတ်သက်သော အထိမ်းအမှတ်၊ သတိတရ ကျင်းပသော အခမ်းအနား၊ ၊အဆင်အယင် ဘာတစ်ခုမှ မရှိပါ။ ယနေ့ ထုတ်သော မြန်မာ့သတင်းစာများကိုလည်း သေချာအာရုံစိုက်ပြီး ဖတ်ရှုသည်။ အာဇာနည် ဆိုသော စကားလုံး တစ်လုံးကို အယ်ဒီတာ အာဘော်တွင် ဖတ်ရသည်။ အာဇာနည်များ နယ်ချဲ့ လက်ချက်ကြောင့် ဇူလိုင်၁၉ တွင် ကျဆုံးခဲ့ရသည် ဆိုသော တစ်ကြောင်းသာ တွေ့သည်။
ရန်ကုန်တွင်း အိမ်ခြေနေရာ အနှံ့ မောင်းနှင်သွားလာနေသော ယာဉ်အများစုကို သေချာလိုက်ကြည့်မိသည်။ တိုင်တ၀က် လွှင့်ထူထားသော အလံ ဟူ၍ မတွေ့မိပါ။ ကျင်းပသော အခမ်းအနားများလည်း မရှိပါ။
ကျနော်တို့ အသက်ရှင်နေသော ခေတ်သည် ဘယ်လို ခေတ်ကြီးမှန်းမသိ၊ တွေးလေ ခေါင်းရှုပ်လေဖြစ်သည်။ ကမ္ဘာ့နိုင်ငံတကာတို့တွင် သူတို့ တိုင်းပြည်ကို ထူထောင်ခဲ့သော ခေါင်းဆောင်ကြီးများ အတွက်၊ တိုင်းပြည် အတွက် ပေးဆပ်ခဲ့သော သူရဲကောင်း၊ လူစွမ်းကောင်းများ အတွက် တခမ်းတနား တလေးတစား အလေးထား ကာ အမှတ်တရပွဲများ၊ အခင်းအကျင်းများ၊ ဂုဏ်ပုဒ် သတိရအောက်မေ့ခြင်းများဖြင့် ဂုဏ်ပြု ကြမြဲဖြစ်သည်။ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း အမွေပေးမြဲဖြစ်သည်။ မျိုးဆက်သစ်များကို ထိုခမ်းနားကြီးကျယ်ခဲ့သော အာဇာနည် ခေါင်းဆောင်ကြီးများကဲ့သို့ မွန်မြတ်ရဲရင့်သည့် စိတ်ထားများ ပိုင်ရှင် ဖြစ်လာအောင် သွန်သင် ပဲ့ပြင်ကြစမြဲဖြစ်သည်။
ကျနော်တို့ မြန်မာနိုင်ငံမှာတော့ ယနေ့ အာဇာနည်နေ့သည် ဘာလိုလိုမှန်း မသိ၊ ခြောက်ကပ်သော ကြောက်လန့်စိုးထိတ်ဖွယ်သော၊ အပြင်ထွက်ရန်ပင် မ၀ံ့သူ များသော နေ့တစ်နေ့ဖြစ်နေပေသည်။
ကျနော်တို့ လူငယ်များအတွက် မြန်မာတိုင်းရင်းသားများအတွက် လွန်စွာ ၀မ်းနည်း ဖွယ်ပင်။
ယနေ့ မြန်မာနိုင်ငံ ရန်ကုန်မြို့ အခြေအနေကို ပြောပြချင်သည်။
နှစ်တိုင်း နှစ်တိုင်း ဤအချိန် ဤနေ့ရက်သို့ ရောက်တိုင်း မိုးဖွဲဖွဲရွာလေ့ရှိခဲ့သည် ဆိုသည့်အပြင် သမိုင်းအရ ဗိုလ်ချုပ်တို့ လုပ်ကြံခံရသည့် ၁၉၄၇ ခု၊ ဇူလိုင် (၁၉) ရက် ကလည်း မိုးဖွဲဖွဲရွာနေကြောင်း သိခဲ့ရသည်။
ယနေ့လည်း မိုးအုံ့နေသည်။ မကြာမီ ရွာတော့မည်။ ယနေ့ ဇူလိုင်လ (၁၉) ရက် တွင် မနက်ခင်း ကတည်းက အုံ့မှိုင်းနေသည်။ ရွာတော့မည့်ဟန် ပြင်နေသည်။
ရန်ကုန်သားများကတော့ မဖြစ်မနေ အပြင်ထွက်ကြရသူများသည် အုံ့နေသော မိုးသားများအောက် ပျားပန်း ခတ်မျှ သွားလာ တိုးဝှေ့နေတုန်းပင် ဖြစ်သည်။
သို့ပေမင့် ခါတိုင်းထက်တော့ ထူးခြားနေသယောင် ရှိသည်။ မြို့ထဲသွားသော သို့မဟုတ် ပြန်လာသော လူတို့ မျက်ဝန်းသည် တစုံတခုကို စိုးထိတ်နေကြဟန် တွေ့ရသည်။ မကြာခင် ဘာဖြစ်မည်၊ ဘယ်လိုမျိုးတွေ ပေါ်လာမည် ဘာမှ မသေချာ၊ အချို့ကလည်း ဒီနေ့ ဘာနေ့မှန်းတောင် သိကြသည့်ပုံမပေါ်။ မြန်မာနိုင်ငံသား အများစုသည် ကြောက်ရွံ့ ခြင်းနှင့်စိုးရွံ့ခြင်း ဖိစီးခြင်းအောက်မှာ နှစ်ပေါင်းများစွာ နေလာခဲ့၍လား မသိ။ လူတိုင်း နီးပါးသည် အရာရာကို မရဲမ၀ံ့ မျက်ဝန်းများဖြင့်သာ ကြည့်တတ်သည်က ကျနော် ဂရုပြုမိသည်။
ယနေ့ ကျနော် အာဇာနည် ဗိမာန်သို့ သွားရောက်အလေးပြုရန် သံဓိဌာန် ချထား၍ မနက်စောစောကပင် အာဇာနည် ဗိမာန် ရှိရာဆီသို့ ထွက်ခဲ့သည်။
လမ်းတလျောက်တွင် တွေ့ရသည်က ၀မ်းနည်းကြောင်း အထိမ်းအမှတ်ဖြင့် တိုင်ဝက် လွှင့်ထူထားသော အလံငယ်များ မဟုတ်ကြောင်း ပြောခဲ့ပြီးလေပြီ။ ဒါဆို လမ်းတလျှောက် ဘာတွေ့ရသလဲ ပြောပြပါဦးမည်။
လမ်းဆုံ လမ်းခွ နေရာများ၊ အချက်အခြာကျသော နေရာများတွင် ချထားသော ရဲလက်နက်ကိုင်များ၊ စွမ်းအားရှင် ဟု ခေါ်သည့် အခပေး ကြေးစား လူမိုက် အုပ်စုများ ကိုသာ နေရာအနှံ့တွင် လမ်းသွားလမ်းလာ လူထုအား စောင့်ကြည့် နေသည်ကို တွေ့ရှိရပေသည်။ လွန်စွာ ၀မ်းနည်းရပါသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပတ်သက် သော နိုင်ငံ့ ခေါင်းဆောင်များနှင့် ပတ်သက်သော အရိပ်၊ အငွေ့အသက် အပြင်အဆင် ဘာတစ်ခုမှ မမြင်ရ မကြားရပါ။
ရွှေဂုံတိုင် မီးပွိုင့်နား မရောက်ခင် ကမ္ဘောဇဘဏ်နံဘေး ဗုဒ္ဓသာသနာပြု အဖွဲ့ချုပ် အထဲမှာ ရဲကားများ၊ အရှေ့တွင် အဆင့်သင့် ရပ်ထားသော ရဲကားတန်းများကို စတွေ့ရသည်။ ကားများပေါ်တွင် လက်နက်ကိုင် ရဲတပ်ဖွဲ့အင်အားများ အပြည့်နှင့် ဖြစ်သည်။
ကျနော့် ရင်ထဲ အလွန်မှ ၀မ်းနည်းမိသည်။
ဒါလား အာဇာနည်နေ့။
နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး နိုင်ငံသားတွေ အထွတ်အမြတ် ထားရမယ့် ကျဆုံး လေပြီးသော နိုင်ငံ့ခေါင်းဆောင် အာဇာနည်ကြီးများကို အောက်မေ့ သတိရ တမ်းတမှု အထိမ်းအမှတ်အဖြစ် လွမ်းဆွတ်သတိရ ကြရမည့် အာဇာနည်နေ့… ဟုတ်ရဲ့လား ဟုတောင် ထင်မိသည်။
ဘတ်စ်ကားပေါ်တွင်တွေ့ရသည့် အဘွားအို တစ်ဦးအား ကျနော် ထိုင်ခုံနေရာ ဖယ်ပေးလိုက်သည်။ သူသည် ကျနော်နှင့် အတူ နေရာတစ်နေရာသို့ သွားမည့်သူမှန်း ကျနော်သိလိုက်၍လည်း ဖြစ်သည်။ အသက် အရွယ်ကြီးရင့်နေသော သူ့အား ခရီးသည်များအကြား မတ်တပ် မစီးစေလိုသောကြောင့်လည်း ဖြစ်သည်။
အဘွားအိုသည် ပင်နီ ရင်စေ့အင်္ကျီကို ၀တ်ထားပြီး ဘယ်ဘက် ရင်အုံတွင် ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံငယ်ပါ သော ရင်ထိုးကို ထိုးထားသည်။ သူ့မျက်ဝန်းများသည် စူးရှသည်။ ငြိမ်းချမ်းသည်။ ကျနော် အဘွားအိုကို တလေးတစားပင် ပြုံးပြခဲ့သည်။ သူသည် ကျနော်တို့ မျိုးဆက်သစ် လူငယ်များထက်စာလျင် နိုင်ငံအပေါ် တာဝန်ကျေသူ တစ်ဦးဖြစ်သောကြောင့် ကျနော်တို့ လေးစားရမည့်သူဖြစ်သည်။ ကားသည် ကျပ်ညပ်သည် ထိအောင်တော့ ခရီးသည်မများပါ။
သူနှင့် ကျနော် အုတ်လမ်း မှတ်တိုင်တွင် အတူတူ ဆင်းကြသည်။ ကားပေါ်မှ ဆင်းလာသူ အများစုမှာ ပင်နီ ၀တ်သောသူ မ၀တ်သောသူ အမျိုးမျိုး အစုံစုံပင် ဖြစ်သော်လည်း အားလုံးနီးပါးသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရှိရာဆီ ဦးတည်ကာ သွားနေကြသည်။ ကျနော်သည် မည်သည့် နိုင်ငံရေးအဖွဲ့အစည်းဝင်မျှ မဟုတ်ပါ။ သို့သော် ယနေ့ကဲ့သို့ တစ်နိုင်ငံလုံး အထွတ်အမြတ်ထားရမည့် နေ့ထူးနေ့မြတ် အခမ်းအနားကိုတော့ တက်ရောက်ချင် ဆင်နွဲချင်သည်။
သို့သော် မြို့အနှံ့ဘယ်နေရာမှာမှ မကျင်းပကြ။ သို့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးစီး ကျင်းပရာသို့ သွားရာလူအုပ်နှင့် ရောနှောပြီး ကျနော် ကြားချင်သော ဗိုလ်ချုပ်မိန့်ခွန်းများကို သွားနား ထောင်သည်။ ကျနော်အလေးပြုချင်သော ဗိုလ်ချုပ်ကို တလေးတစား သွားအလေးပြုခြင်းဖြစ်သည်။
ဆောင်းဘောက်စ်များမှ လွင့်ပျံ့နေသော ဗိုလ်ချုပ်ပြောကြားခဲ့သည့် မိန့်ခွန်းများ အထဲတွင် နားထဲ အစွဲဆုံးမှာ လူထု စည်းလုံးညီညွတ်မှု မရှိဘူး ဆိုလျှင် ဘယ်ပါတီ ဘယ်အစိုးရတက်တက် ဟိုလူ့မျက်နှာချိုသွေးရ ၊ ဒီလူ့ မျက်နှာချိုသွေးရ ဖာသယ်လို နိုင်ငံဖြစ်နေမှာဘဲ ဆိုသည် မိန့်ခွန်းဖြစ်သည်။ မိန့်ခွန်းများ အဆုံး ဆယ်နာရီ သုံးဆယ့် ခွန် မိနစ်တွင် အသံရှည် ဥသြသံဖြင့် အားလုံး ငြိမ်သက် အလေးပြုရန် တန်းစီသော အခိုက်တွင် လမ်းတဖက်မှ လူများ ရုတ်ရုတ်သဲသဲ ပြေးလာပြီး ဓါတ်ပုံများ ဗွီဒီယိုများ ရိုက်ယူကြသည်။
သူတို့သည် ထောင်ချီသော လူထုကြီး တရိုတသေ ဦးညွတ်နေချိန်တွင် သူတို့ အလေးမပြုကြ ။ ဥသြသံ ဆွဲနေချိန်တွင်ပင် ထိုင်ရာမထ ကြည့်နေသူများ ရှိကြောင်း ကျနော်ခေါင်းမော့အပြီး လှမ်းကြည့်လိုက်ချိန် တွေ့လိုက်ရသည်။ သူတို့သည် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သော တပ်မတော်ခေါင်းဆောင်များ၏ အုပ်ချုပ် ကွပ်ကဲမှုဖြင့် ဤနေရာသို့ လာရောက်သတင်းယူကြသော စုံစမ်းထောက်လှမ်းရေး အဖွဲ့ဝင်များဖြစ် ကြသည်။
သူတို့သည်လည်း ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များ အသက်ပေး၍ တိုက်ယူ ပေးခဲ့သောကြောင့် လွတ်လပ်ရေး ရခဲ့သည့် မြန်မာနိုင်ငံတွင် မွေးဖွါးလာသော မြန်မာနိုင်ငံသားများ ဖြစ်ကြသည်။ သူတို့သည် သူတို့ကျေးဇူးရှင်ကို လေးစား ရိုသေသမှု ပြုရန် မသိသူများပေလော။ လေးစားမှု မပြုရဲစေရန် ကန့်သတ် ထားခံရသောကြောင့် ပေလော။ သူတို့သမိုင်းကို သူတို့သာ ရေးခြင်း ဖြစ်ပေလိမ့်မည်။
ကျနော်တို့ လူငယ်များကတော့ အစိုးရဘက်သား ၀န်ထမ်းများ နိုင်ငံရေး ပါတီဝင် ပြည်သူများ အားလုံး ညီညီညွှတ်ညွတ် စည်းစည်းလုံးလုံးပဲ ရှိတာမြင်ချင်သည်။ စည်းစည်းလုံးလုံး မရှိလျင်ဖြင့် စောစောကတင် ကြားခဲ့ရသော မိန့်ခွန်းထဲကလို ဖါသည်နိုင်ငံ ဖြစ်နေမည် ဆိုသည်ကို ယုံကြည်သည်။
အလေးပြုပြီးသော အခါ ကျနော်တစ်ဦးတည်း အာဇာနည် ဗိမာန်ရှိရာဆီဘက် ထွက်ခဲ့သည်။ ဆုံးဖြတ်ချက် ချပြီး ခိုင်မာစေရမည်။ ကိုယ်လုပ်မည် ဆိုသော အလုပ် ဖြစ်အောင် လုပ်ရပေမည်။
သွေးဆေးကန်ဘက် အထွက် လင့်ခ်လမ်း မှတ်တိုင် ကွေ့နားအရောက် အာဇာနည် ဗိမာန်ဆီ သွားရာလမ်းတွင် တန်းစီရပ်ထားသော ရဲကားအစီး အတော်များများ တွေ့လိုက်ရပြီး လူသူ အလွန်ရှင်းနေသည်ကို စိတ်မကောင်း ဖွယ် တွေ့လိုက်ရသည်။
ရဲလက်နက်ကိုင်အဖွဲ့များက သေနတ် အသင့်ဖြင့် လမ်းဘေးဝဲယာတွင် ရှိနေကြသလို စာသင်ကျောင်းကြီး ၀င်းအတွင်းတွင်လည်း ဒိုင်နာကားများ ရပ်ထားပြီး ကားပေါ် ကားနံဘေးတွင် အဆင်သင့် အနေအထားရှိသော အရပ်ဝတ်နှင့် လူများစွာတို့က အပြင်ကို စောင့်ကြည့်နေသည်။ စွမ်းအားရှင် အမည်ခံ လူများစွာတို့သည် ထုံထိုင်းငေးမောသော အကြည့်များဖြင့် အပြင်ကို ကြည့်နေကြသည်။ သူတို့မျက်ဝန်းများသည် အရှိကို အရှိအတိုင်း မြင်ကြပုံမပေါ်ပါ။ အသိဥာဏ်မဲ့သော မျက်ဝန်းသေကြီးများနှင့် နှုတ်ဆွံ့သော ပုံစံက အများသားပင်။ စိတ်မကောင်း ဖြစ်ရပြန်သည်။
သူတို့သည်လည်း အာဇာနည်နေ့ ဥသြဆွဲခြင်းကို ကြားခိုက် အလေးပြုချင်သူများ ပါကောင်းပါပေမည်။ သို့သော် သူတို့ကို ကြီးကြပ်သော ခေါင်းဆောင်အမိန့်အတိုင်း ဒီနေရာ နေဆို နေကြရသူများသာ ဖြစ်ပေလိမ့်မည်။
အော် စနစ် …. စနစ်…. ကျနော် အပြစ်မတင်ပါ။ စနစ်ဆိုသည်ကို ကျနော်တို့ ဖန်တီးနိုင်ပါသည်။
သို့သော် စည်းလုံး ညီညွတ်ဖို့ ရိုးဖြောင့်ဖို့ တိုင်းပြည်ကို တကယ်ချစ်မြတ်နိုးဖို့တော့ လိုပေလိမ့်မည်။
အာဇာနည် ဗိမာန်အနား ကျနော် ရဲရဲတိုးသွားပါသည်။ အချိန်သည် ဆယ်နာရီ ငါးဆယ်ခန့်ရှိပါပြီ။ အထဲဝင်ဖို့ စာရင်းပေးသည်မှာ ကျနော် တစ်ဦးတည်းသာ ဖြစ်နေသည်။ အနားတွင် ဘယ်သူမှ မရှိ။ ခြောက်ကပ် တိတ်ဆိတ်လွန်းသည်။ နိုင်ငံတော် အခမ်းအနားကြီးတစ်ခုရှိရာဆီ လာနေရသည်နှင့် မတူပါပေ။
သံဆူးကြိုးများ ကာရံထားသည့် အတားအဆီးနား မရောက်ခင်ကပင် ရဲတပ်သားများ ခြံရံစောင့်ကြပ်နေသော အုပ်စုမှ ဒုရဲမှူးနှစ်ပွင့်နှင့် လူက ဘယ်သွားမလဲ ဟု ကျွန်တော့်ကို လှမ်းမေးပါသည်။ အာဇာနည် ဗိမာန်ဆီ ဦးတည်လှမ်းလာသည့် ကျနော့်ကို သိသိချည်းဖြင့် ဘယ်သွားမလဲဟု မေးသောအခါ ပထမ ဘာပြောရမှန်း မစဉ်းစားမိ။
အာဇာနည်ဗိမာန်ကို အလေးပြုသွားမလို့ပါဟု ပြန်ဖြေလိုက်သည်။ ကျနော်သည် လက်နက်ကိုင်မှန်သမျှ ကြောက်ကျင့်ရနေသည့် အရပ်သား မဟုတ်။ ၀တ်စုံမသေမသပ် ကွမ်းတရဲရဲဖြင့် လျော့ရဲသော လက်နက်ကိုင် တပ်ဖွဲ့ဝင်များ စည်းကမ်းအားနည်း နေကြပုံပင် ကျနော် မြင်လိုက်သေးသည်။
မျက်နှာခပ်တည်တည်ဖြင့် ထိတ်လန့်ခြင်းမဲ့စွာ ဖြေလိုက်သောအခါ " ဟိုအပေါက်လေးက သွားပါ" ဟု လက်ညိုး ညွန်လိုက်ရာ သံဆူးကြိုးတား ဂိတ်ကလေးရှိရာဆီ ကျနော် ခေါင်းမော့ရင်ကော့ပြီး ၀င်သွားတော့ သည်။
ကျနော် ဤနေရာသို့လာခြင်းမှာ နိုင်ငံဘဏ္ဍာခိုးရန်မဟုတ်။ မတရားမှု ကျူးလွန်ရန် မဟုတ်။ နိုင်ငံ့ ခေါင်းဆောင်ကြီးများ၏ စံထားလေးစားအပ်သော ဂုဏ်ဒြပ်များကို လာရောက် အလေးပြု ဦးညွတ်ခြင်း သာဖြစ်သည်။ ကျနော်ရဲဝံ့စွာ ၀င်သွားခဲ့သည်။
ရဲများ အရပ်ဝတ်နှင့် လူများက ကျနော့်ကို ၀ိုင်းဝန်း ပြူးကြည့်ကြသည်။ နာမည်၊ နေရပ်၊ မှတ်ပုံတင်၊ အသက်၊ အဖအမည် စုံနေအောင် ရေးသားမေးမြန်းသည်။ မှတ်တမ်း စာအုပ်ကြီးထဲ ရေးသွင်းသည်။
ကျနော်စစ်သား မလိမ်မညာပါ။ ၀င်ခွင့်ပြုမည် မပြုမည် မသေချာသောကြောင့် နာမည် အရင်းပင် ပြောလိုက်ပါသည်။ အနာဂတ်၏ အောင်စစ်သည်ဟု ခံယူထားခဲ့သော ကျနော် မလိမ်မညာချင်ပါ။ နိုင်ငံကြီး ယနေ့လို ဆင်းရဲချွတ်ချုံကျနေခြင်းမှာ အမှန်မပြော ကတိမတည် ပြည်သူ့အပေါ် သစ္စာမစောင့်သည့် ခေါင်းဆောင်တချို့ကြောင့် ဖြစ်သည်ဟု ကျနော် သုံးသပ်ပါသည်။ ထို့ကြောင့် လိမ်ညာခြင်းကို ကျွန်တော် မကြိုက်။
ရဲတပ်သားလေးများအား ကျနော့် နာမည်နှင့် ကိုယ်ပိုင်နံပတ်ကို ပြောလိုက်သည်နှင့် အံ့သြသော အကြည့်ဖြင့် ၀ိုင်းကြည့်ပါသည်။ ပြီးတော့ ပြုံးပြပါသည်။ ကျနော်ကလည်း ပြန်ပြုံးပြလိုက်ပါသည်။ စောစောက တင်းမာသော သူတို့ ဟန်ပန်တို့ လျော့ရဲသွားသည်။ တစ်ဦးက ယခုဝင်ရောက်လာသော လူစာရင်းကို လမ်းလျောက် စကား ပြောစက်ဖြင့် ရွတ်ဖတ်ပြီး သတင်းပို့နေသည်။
တာလပတ်များ ကာရံထားသော အခန်းကျဉ်းလေးထဲ ကျနော့်ကို ခေါ်သွားသည်။ တာဝန် အရပါ ခင်ဗျားဟု ရဲတပ်သားလေးက ပြောပြီး ကိုယ်ပေါ်ရှာဖွေစမ်းသပ်သည့်အခါ ကျနော်က ပြုံးပြလိုက်သည်။ ပြီးတော့ သူတို့ကို မှာပါသည်။ တာဝန်ဆိုတာတွေထက် ပြည်သူနှင့် နိုင်ငံ့အကျိုးကို အမြဲရှေးရှုထမ်းဆောင်တဲ့ ၀န်ထမ်းကောင်းတွေ ဖြစ်ပါစေ ဆိုသောအခါ သူတို့ မ၀ံ့မရဲ ပြုံးပါသည်။
ကျနော်ပြောသည်ကို သူတို့ နားလည်ပါသည်။ ထိုမှ တဖန် အရပ်ဝတ်နှင့် ရဲတပ်သား တစ်ဦးက ကျနော်နှင့် ကပ်လျှက် လျောက်လိုက်ပါပြီး အ၀င်ဂိတ်ဝဆီ လိုက်ပို့ပါသည်။ သူ့ကို ကျနော်မေးကြည့်ပါသည်။ လစာနှင့် နေထိုင်မှု အဆင်ပြေပါရဲ့လားဟု မေးကြည့်လိုက်သောအခါ အဆင်မပြေပါဘူးဗျာ ဟု ပြန်ဖြေရှာပါသည်။ ဒါဆို ဘယ့်နှယ်လုပ်မလဲဟု ကျနော် မေးငေါ့ပြလိုက်သောအခါ " မချစ်လည်း အောင့်နမ်း နေရအုန်းမှာပေါ့ ဗိုလ်ကြီးရာ" ဟု ပြန်ဖြေတော့သည်။
သူ့လို မချစ်လည်း အောင့်နမ်းခဲ့ရသူထဲတွင် ကျနော်လည်း ပါခဲ့ဖူးပါသည်။ အောင့်နမ်း နေရုံဖြင့်တော့ မိမိတို့ အနာဂတ် လူမွှေးပြောင်လာဖွယ် မရှိသောကြောင့် ထွက်လာခဲ့ခြင်းဖြစ်သည်ဟု သူ့ကိုပြောခဲ့ပြီး ဗိမာန်တွင်း ၀င်ရောက်သည့်ဂိတ်ရှိရာဆီ ကျနော် တစ်ဦးတည်း ၀င်ခဲ့ပါတော့သည်။
အလေးပြုရန် နေရာဆီသို့ အ၀င်တွင် နှစ်ကြိမ်မျှ ထပ်မံစစ်မေး ခံရပြီးနောက် ရောက်ရှိခဲ့ပါသည်။ ရှင်းလင်းနေသော အ၀င်လမ်း တလျောက် ကျနော် တစ်ယောက်တည်း ၀င်ခဲ့ပါသည်။ လမ်းဘေး တလျောက် တွင်လည်း မီးသတ်များ ရဲတပ်ဖွဲ့ဝင်များက တန်းစီပြီး ၀ိုင်းဝန်းကြည့်ရှုနေပါသည်။ ကင်မရာသမားများ ရုပ်မြင်သံကြား ရိုက်ကူးသူတို့ကလည်း ၀ိုင်းဝန်းရိုက်ကူးကြသည်။ လာသူရှား၍လော။ လာသည့်သူ မှန်သမျှ မှတ်တမ်းတင် ထားလို၍လော။
ကျနော်တစ်ယောက်တည်း ရင်ကော့ ခေါင်းမော့၍ ၀င်သွားပါသည်။ ထီးထီးကြီးရှိသော ဗိမာန် အနီရောင်ကြီးကို လှမ်းမြင်နေရပါပြီ။ ကျနော့် ရင်ထဲ ၀မ်းနည်း ဟာတာ သလိုကြီးဖြစ်မိသည်။ အပြစ်မလုံသလို ခံစားရသည်။ အာဇာနည် ခေါင်းဆောင်တို့ တိုင်းပြည်ပေါ် တာဝန်ကျေ ခဲ့ပါလျက် ကျနော်တို့ခေတ်မှ တာဝန် မကျေသလို ခံစားရသည်။
ဘာပဲပြောပြော ဒီအထဲကို ဒီနေ့ ၀င်လာနိုင်ဖို့ အတော်အားခဲ ကြိုးပမ်း ခဲ့ရသည်ကို တင်ပြ ခဲ့ပြီးသော အထက် စာတို့အရ သိပေလိမ့်မည်။
ကျနော် ခေါင်းမော့ ရင်ကော့ပြီး တစ်ဦးထဲ ၀င်ရောက်ကာ တစ်ဦးတည်း အလေးပြု ခဲ့သော်ငြား ကျနော့် အနောက်တွင် ကျနော့် နံဘေးတွင် ကျနော့်နည်းတူ အာဇာနည် ပုဂ္ဂိုလ်ကြီး များအား အလေး အမြတ် ပြုချင်ပါလျှက် လာရောက်နိုင်ခြင်း မရှိသော လာရောက် နိုင်ခွင့် မရှိသော မျိုးချစ်စစ်သားများ၊ မျိုးချစ် နိုင်ငံ သားပြည်သူ ပြည်သားများတို့၏ စိတ်ဝိဥာဉ်များ အတူတူ ကပ်ပါလာသည်ဟုသာ ခံယူပြီး အားလုံးကိုယ်စား အာဇာနည် ဂူဗိမာန်အား နက်ရှိုင်းရိုးသားသော ဂုဏ်ပြုခြင်း မျိုးဖြင့် အလေးပြုခဲ့ပါသည်။
ဤသို့ နိုင်ငံနှင့်ချီ မေ့ပျောက်ဖယ်ရှားဖို့ ကြိုးစားခြင်း ခံနေရသော အာဇာနည်ကြီးတို့အား အလေးပြုခြင်းကြောင့် ရလာနိုင်သော ရလာဒ်ကား အမြင့်ဆုံးအဖြစ် အကြောင်း အမျိုးမျိုးပြကာ ပုဒ်မ အမျိုးမျိုးတပ် အဖမ်းခံရခြင်းနှင့် အနိမ့်ဆုံး လက်ရှိ မိမိရပ်တည်နေသော ဘ၀ ၊ စည်းစိမ်၊ စီးပွားလုပ်ငန်း ၊ ထိခိုက်ခံရခြင်းမျိုးများ ဖြစ်လာနိုင် သည်ကို ကျွန်တော်သိပါသည်။
သို့သော်လည်း ဤသို့ နစ်နာဆုံးရှုံးမှု ဖြစ်လာနိုင်သည်ကို သိသောကြောင့် ကျနော်တို့ အလေးမပြုပဲ နေရမည် လော။
ထို့ကြောင့် နိဒါန်းတွင် ဖေါ်ပြခဲ့ပြီးသည့်အတိုင်း ကျွန်တော့် သားလေးအား မြတ်နိုးစွာ မြေတောင်မြှောက် စောင့်ရှောက်ရင်း အနမ်းလေးတွေ ပေးပါဦးမည်။ နောက်ဆုံး အနမ်း မဖြစ်ပါစေနှင့် ဟုလည်း ဆုတောင်းကာ လုပ်စရာ ရှိသည်များ ဆက်လုပ် နေပါအုံးမည်။
.............................................................................................................................................................................
ဘာပဲဖြစ်ဖြစ် ဤနေ့ ဤအခါမျိုး နောက်နှစ်တွင် ကြုံဆုံရသောအခါ ယနေ့ လက်ရှိ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်များရော မြန်မာ့တပ်မတော် ခေါင်းဆောင်များ သာမက ဗိုလ်ချုပ်ကို မြတ်နိုးသူ စစ်သား ပြည်သူ လူထု အားလုံးပါ တစုတဝေးတည်း ဤဗိမာန်တွင် ရိုသေစွာ အလေးပြုနိုင်ကြပါစေဟု ဆုတောင်းမိ ပါတော့သည်။
မကြာခင် ရက်ပိုင်းအတွင်း ကျရောက်တော့မည့်မြန်မာ တမျိုးသားလုံး အထွဋ်အမြတ်ထား စံပြုလေးစားဖွယ် အာဇာနည်နေ့ကို ရောက်ရှိတော့မည်။ ယခုနှစ် အခါသမယတွင် ကျနော် ယုံကြည်မိသည် တခုကား ကျနော့် စာစုပါ ဆုတောင်းစကားလေး ကဲ့သို့ နောက်ဆုံး အနမ်း မဖြစ်ပါစေနှင့်ဟု ဆုတောင်းရန် မလိုတော့ဟု ပင်။
အားလုံးသော အမိမြေ ချစ်သူ အပေါင်း၊ အာဇာနည် စိတ်ဓါတ်နှင့် သူရဲကောင်း တို့ တန်ဖိုးကို သိသူ မြန်မာတိုင်းရင်းသား အပေါင်းအား နောက် လေးရက်အကြာ ကျရောက်မည့် အာဇာနည်နေ့တွင် ကျနော်တို့နှင့် အတူ မွန်မြတ်သော အာဇာနည် ဗိမာန်တွင် အတူတကွ အလေးပြု ဦးညွတ်ဂုဏ်ပြုကြပါစို့ ဟု ဖိတ်ခေါ်အပ်ပါသည်။
အာဇာနည် တိုင်း သမိုင်း မသေ ပါ၊၊
နေမျိုးဇင် ..ဗိုလ်ကြီးဟောင်း

ဂဠုန်ဦးစော၏ နောက်ဆုံးနေ့ရက်များ ......
ဂဠုန်ဦးစော၏ နောက်ဆုံးနေ့ရက်များ ......
ကြိုးမိန့် ကျထားသည့် ဦးစော အတွက် ဇနီးဖြစ်သူ ဒေါ်သန်းခင်နှင့် သမီး
ဘေဘီစောတို့သည် ဒေါက်တာဘမော်နှင့် ဒေါက်တာ ဘဟန်တို့အား အယူခံရှေ့နေလိုက်ပေးရန် တောင်းပန်ပါသည်။ သို့သော် အချည်းနှီး ဖြစ်သွား ခဲ့ရသည်။(ဗမာ့ခေတ်သတင်းစာ၊ ၁-၁-၁၉၄၈)
၁၉၄၈ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ တွင် ဦးစော၏ဇနီးဖြစ်သူ ဒေါ်သန်းခင် သည် ရှေ့နေကြီး
မစ္စတာဟက်ဗောက်မှ တစ်ဆင့် အင်္ဂလန်ပြည်၊ လန်ဒန်မြို့ရှိ ဦးစော၏ညီဝမ်းကွဲ ဦးမောင်မောင်ကြီးထံ ထိုခေတ်ငွေ ကျပ် ၂၀ဝ၀ အကုန်ခံပြီး သံကြိုးတစ်စောင် ပို့ကာ အကူအညီ တောင်းခဲ့ပါသည်။ ထိုသံကြိုးစာတွင် ဤ အမှုသည် အင်္ဂလိပ်အစိုးရလက်ထက်တွင် ဖြစ်ပွားခဲ့သဖြင့် ဘိလပ်ပရီဗီကောင်စီတွင် အယူခံဝင်ခွင့်ရှိကြောင်း၊ တရားဥပဒေ အားဖြင့် ညွှန်ကြားအကြံဥာဏ်ပေးနိုင် သော ဥပဒေပါရဂူများရှာဖွေပေးရန် ပါရှိ သည်။(ဗမာ့ခေတ်သတင်းစာ၊ ၁၁-၃-၁၉၄၈)
ဦးစော၏ လက်နက်မှုကြီးကို ၁၉၄၈ ခုနှစ် ဧပြီလ ၂၀ ရက်၊ နေ့လယ် ၂ နာရီ အချိန်တွင် အင်းစိန်ထောင်ကြီးထဲတွင် အင်းစိန်သတ္တမ တရားသူကြီးက စတင် စစ်ဆေးခဲ့သည်။ ဦးစောမှာ အတော်လေး ပိန်ချုံးသွားသည်။ ဦးစောက အမှုတွင် ပါဝင်သည့် ကလေးများသည် မိမိအိမ်မှ ကလေးများဖြစ်သဖြင့်သူတို့အတွက်ရှေ့နေ ငှားပေးရန်မှာ မိမိတာဝန်ဖြစ်ကြောင်း ပြောကြားသည်။ ဦးစောက တရားခံများ ကို တွေ့ဆုံရန် တောင်းဆိုသည်။ တရား သူကြီး ဦးစိုးက မိမိတွင် အာဏာမရှိ၊ အထက်အရာရှိများနှင့်သာ စကားပြောစေ လိုကြောင်း ပြောကြားခဲ့သည်။(ဟံသာဝတီသတင်းစာ၊ ၂၁-၄-၁၉၄၈)
အင်းစိန်ထောင်ကြီးထဲတွင် နိုင်ငံ တော် လုပ်ကြံမှုတရားခံ နံပါတ်တစ် တရားခံ ဦးစောထံသို့ ဇနီးဖြစ်သူ ဒေါ် သန်းခင်နှင့် သမီး ဘေဘီစောတို့ ဧပြီလ ၁၇ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ သည်။ ဒေါ်သန်းခင်နှင့် ဘေဘီစောတို့က ဦးစောအား ဇိနတ္ထပကာသနီကျမ်းစာအုပ် တစ်အုပ် ပေးခဲ့ကြသည်။ ဦးစောက သူ ရေးသားထားသော စာရွက်ပေါင်း ၄၀ ကျော် ၅၀ ခန့်ရှိမည့် သူ၏ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ စာတမ်းရှည်ကြီးကို ပေးအပ် လိုက်သည်။(ဟံသာဝတီသတင်းစာ၊ ၂၁-၆-၁၉၄၈)
အင်းစိန်ထောင်မှနေပြီး ဦးစောသည် ဇနီးဖြစ်သူဒေါ်သန်းခင်ထံ စာတစ်စောင် ကို အောက်ပါအတိုင်းရေးပို့လိုက်သည်။ မာမီခင် ကျွန်တော်၏ အလောင်းကို အိမ်သို့ မယူပါနှင့်။ ဘယ်ကိုမှလည်း မယူပါနှင့်။ သေပြီးသောအပုပ်ကောင်ကြီးဟူ၍ တရား နှင့်ဖြေပါ။ သတိသံဝေဂဖြစ်ပါ။ အနိစ္စ တရားနှင့် အနတ္တတို့ကို ပွားများပါ။ သေပြီဖြစ်၍ မထူးပါ။ ထို့ကြောင့် မာမီတို့ ဒုက္ခမရှာကြပါနှင့်တော့။ သေသူ ရည်ရွယ်၍ ပဉ္ဇင်းခံခြင်း၊ ရှင်ပြုခြင်း၊ ဆွမ်းကျွေးခြင်း စသော ကုသိုလ်ကောင်းမှုများကို လုပ်ပါက မာမီ တို့မှာကုသိုလ်ရနိုင်ပါသည်။ အမျှအတန်း ဝေပါက ကုသိုလ်ရနိုင်ပါသည်။ ဤသို့ သော ကုသိုလ်ရေးများကိုသာ ဂရုစိုက်ပါ။(မြန်မာ့အလင်း၊ ၁-၅-၁၉၄၈)
ဦးစော သေသောအခါ ရုပ်ကလပ်ကို ဇနီးဖြစ်သူ ဒေါ်သန်းခင်က အပြင်တွင် သင်္ဂြိုဟ်ရန် တောင်းဆိုခဲ့သည်။ ဆိုင်ရာမှ ခွင့်မပြုခဲ့ပေ။ သို့သော် တရားခံများအား သရဏဂုံတင်ရန်ကိစ္စတွင် ၄င်းတို့ အလိုရှိ သည့် ဘုန်းတော်ကြီးများကို ပင့်ဖိတ်ပြီး သရဏဂုံ တင်ခွင့်ကို ဧပြီလ ၅ ရက်၊ ၆ ရက်၊ ၇ ရက်နေ့များတွင် ပြုလုပ်ခွင့်များ ပေးခဲ့သည်။(မြန်မာ့အလင်း၊ ၆-၅-၁၉၄၈)
နိုင်ငံတော်လုပ်ကြံမှုနှင့် ပတ်သက် သည့် မြန်မာနိုင်ငံ တရားလွှတ်တော်ချုပ် သို့အယူခံဝင်ရောက်ရေးအတွက်အခွင့်ထူး ပေးရန် ဝင်ရောက်ထားကြသော ဦးစော၊ မောင်စိုး၊ သက်နှင်းနှင့် မှုံကြီးတို့၏အမှု ကို ဧပြီလ ၂၇ ရက်နေ့၊ နံနက် ၁၁ နာရီ အချိန်တွင် တရားဝန်ကြီးချုပ် ဆာဘဦး၊ တရားဝန်ကြီး ဦးအေးမောင်နှင့် တရား လွှတ်တော် တရားဝန်ကြီးချုပ် ဦးသိမ်း မောင်တို့ကကြားနာစစ်ဆေးပြီး စီရင်ချက် ချမှတ်လိုက်သည်။ ယခုအမှုတွင် မှား ယွင်းစွာဖြင့် တရားဥပဒေကြောင်းအား ဖြင့်လည်းကောင်း၊ အကြောင်းအရာအား ဖြင့်သော်လည်းကောင်း စစ်ဆေးခဲ့သည့် ခုံရုံးနှင့် တရားလွှတ်တော်တို့က မှားယွင်း စွာ ဆုံးဖြတ်ထားခြင်းမရှိသည်ကို တွေ့ရ သည့်အတွက် တရားခံတို့သည် ဤရုံး တော်သို့ အယူခံဝင်ရန် အခွင့်တောင်းခြင်း သည် မပေးသင့်ဟုဆိုကာ တရားခံတို့၏ အယူခံဝင်ရောက်ရေးခွင့်ပန်လွှာကို ပယ်ချ လိုက်သည်။ (သံတော်ဆင့်၊ ၁၈-၄-၁၉၄၈)
နိုင်ငံတော် လုပ်ကြံမှုကြီးနှင့် ပတ် သက်သည့် ဦးစောနှင့် အပေါင်းအပါ တရားခံ ၈ ဦးအား မေလ ၈ ရက်နေ့တွင် ကွပ်မျက်ရန်၊ အထူးခုံရုံးအဖွဲ့မှ ဆိုင်ရာသို့ ၂၈-၄-၄၈ ရက်နေ့က သေဒဏ်ဝရမ်းများ ထုတ်ပေးလိုက်သည်။ ဦးစော၏ဇနီး ဒေါ် သန်းခင်သည် ၂၇-၄-၄၈ နေ့စွဲဖြင့် ゞင်း ၏ အေဒီလမ်းရှိ နေအိမ်ကို ပြန်ပေးရန်နှင့် ၄င်း၏ လင်ယောကျာ်း အဆုံးစီရင်ပြီး သောအခါ အလောင်းကို ထိုအိမ်သို့ယူ ဆောင်ကာ သင်္ဂြိုဟ်ခွင့်ပြုရန် ဆိုင်ရာသို့ တောင်းဆိုထားသည်။(သံတော်ဆင့်၊ ၂၉-၄-၁၉၄၈)
နိုင်ငံတော် လုပ်ကြံမှုကြီးနှင့် ပတ်သက်၍ ကြိုးဒဏ်အတည်ပြုခြင်းခံရ သည့် ဦးစောသည် မေလ ၆ ရက်နေ့ ညနေအချိန်တွင် အင်းစိန်ထောင်အတွင်း ၌ မိုးညှင်းဆရာတော်ကြီးနှင့် အခြား ဆရာတော်သုံးပါးတို့၏တရားတော်တို့ကို နာယူခဲ့သည်။ ဦးစောက မိုးညှင်းဆရာ တော်ကြီးကို ငွေကျပ် ၄၅၀ဝ ရေစက်ချ လှူဒါန်းခဲ့သည်။(သံတော်ဆင့်၊ ၇-၅-၁၉၄၈)
မေလ ၈ ရက်နေ့ လင်းအားကြီး အချိန်တွင် ဦးစောနှင့် အပေါင်းအပါ တရားခံများအား ကြိုးဒဏ်ပေးမည် ဖြစ် သည်။ ရန်ကုန်ထောင်ကြီးထဲတွင် ရန် ကြီးအောင်နှင့် စိန်ကြီးတို့အား လည်း ကောင်း၊ အင်းစိန်ထောင်တွင် ဦးစော၊ မောင်စိုး၊ သက်နှင်းနှင့် မှုံကြီးတို့အား လည်းကောင်း နှစ်ယောက်တစ်တွဲစီ တစ် နာရီခြား ကြိုးပေးမည်ဖြစ်သည်။ မောင်နီ နှင့် သုခတို့မှာ နောက်လိုက်ငယ်သားများ ဖြစ်သောကြောင့် သမ္မတကြီး၏ ဆန္ဒအရ မေလ ၆ ရက်နေ့တွင် နိုင်ငံတော် ဇီဝိတ ဒါနအဖြစ် သေဒဏ်မှ ချမ်းသာပေးကာ တစ်သက်တစ်ကျွန်းဒဏ်သို့ ပြောင်းလဲ လိုက်သည်။(သံတော်ဆင့်၊ ၈-၅-၁၉၄၈)
နိုင်ငံတော်လုပ်ကြံမှုတရားခံ ဦးစော အား ချုပ်နှောင်ထားသည့် ကြိုးတိုက် အမှတ် ၃ တွင် ကြိုးဒဏ်မခံရမီ တစ်နေ့ က အောက်ပါစာလေးကို ကြိုးတိုက်နံရံ တွင် ခဲဖြင့်ရေးသွားခဲ့သည်။ အတိတ်ဘဝမကောင်းမှုက အရင်းခံကြောင့် ဒုက္ခဖြစ်ရသည်။ ဥယိဋ္ဌကကံကကပ်၍ နှိပ်စက်သောကြောင့် စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်ရသည်။ အထည်ခံရုပ်ကြမ်းခုတား သေသည်နောက်တိုင်အောင် ကျန်ရှိလေ၏။(အိုးဝေ၊ ၂၇-၈-၁၉၄၈)
နံနက် ၅ နာရီ မိနစ် ၂၀ တွင် ရောက် ရှိကြသော ပရိသတ်များက ဦးစောထား ရာ ကြိုးတိုက်သို့သွားကြကြောင်း၊ ခဏမျှ အကြာတွင် ၄င်း၏အခန်းကို ဖွင့်ပေးလိုက် ရာ ၄င်းဆင်းမည်အပြုတွင် ကြိုးစင်တင် သောအခါ ဝတ်ရသောအင်္ကျီရှည်အဖြူကို ဝတ်ပေးမည်လုပ်ရာ ဦးစောက ဟိုပေါ် ရောက်မှဝတ်ပါလားခင်ဗျာဟု တောင်းပန် သည့်အတွက် မဝတ်ဘဲ ထောင်ပိုင်ကြီးက မူးမိုက်သွားမည်ကို စိုးရိမ်သဖြင့် လက်မောင်းမှ တွဲခေါ်လာကြောင်း၊ ထိုအချိန် သည်ကား နံနက် ၅ နာရီခွဲ တိတိပင် ဖြစ်၏။ ဦးစောမှာ ကြိုးတိုက်မှ ကြိုးစင်သို့ အရောက်တွင် လိုက်လာရာ ၄င်းကိုယ် တွင် ပိုးရှပ်အင်္ကျီအပြာလက်တိုနှင့် ပိုးရှမ်း ဘောင်းဘီကို ဝတ်ဆင်၍ ရှေ့ထိုးဖိနပ် အနက်ကို စီးလာကြောင်း။ ဦးစောမှာ နောက်ဆုံးအချိန်အထိ ဣနြေ္ဒမပျက်ဘဲ ပြုံးပြုံးရယ်ရယ်နှင့် ထောင်ပိုင်ကြီးအား(ဂွတ်ဘိုင်)ဟုပင် နှုတ် ဆက်သွားသေးသည်ဆိုကြောင်း။ ကြိုးစင်ပေါ်သို့ မတက်မီ ထောင် အရာရှိကြီးများက ၄င်းတို့ထုံးစံအတိုင်း ဘုရားကို အာရုံပြုရန် ခွင့်ပြုကြောင်း။ ဦးစော ကြိုးစင်ပေါ်သို့ရောက်သောအချိန် သည်ကား ၅ နာရီ ၃၂ မိနစ်ခန့်ရှိပြီဖြစ်ရာ ၄င်းအား အင်္ကျီရှည်ကို ထောင်မှူးကြီးက ဝတ်ပေးပြီး လက်နှင့်ခြေတို့ကို ကြိုးဖြင့် တုပ်ကာ အိတ်ဖြူစွပ်လိုက်ပြီး ကြိုးကွင်း ကို စွပ်လိုက်သည်။ တစ်ခဏမျှကြာသော အခါ ကြိုးတိုက်ဆိုင်ရာ ထောင်မှူးကြီးက ဖြုတ်လိုက်တော့ကြောင်း၊ ထိုအချိန်သည် ၅ နာရီ ၃၃ မိနစ်တိတိအချိန်ပင် ဖြစ်ရ ကား သံပြားကျသွားသော ဒိုင်းဟူသော အသံမှတစ်ပါး ဘာမှမကြားရ။ ကြိုးစင် အောက်ဘက်သို့ လှမ်းကြည့်လိုက်သော အခါ မပြောပလောက်သော လှုပ်ရှားမှု ကလေးဖြင့် မိနစ်အနည်းငယ်အတွင်း ဇီဝိန်ချုပ်သွားတော့ကြောင်း။ (သတင်းစာရေးသားချက်အတိုင်း ကူးယူဖော်ပြသည်) (သံတော်ဆင့်၊ ၈-၅-၁၉၄၈)
ဂဠုန်ဦးစောဇနီးထံမှ လျော်ကြေး ၄ သိန်းရလိုကြောင်း ဗိုလ်ချုပ်အောင်ဆန်း နှင့်အတူ လုပ်ကြံခြင်းခံရမှုတွင် ပါဝင် သည့် သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်း ဆက်သွယ်ရေးဌာန အတွင်းဝန် ဦးအုန်း မောင်၏ ကျန်ရစ်သူဇနီး ဒေါ်သိန်ြးွကယ် နှင့် သားသမီးများက တရားလွှတ်တော် တွင် တရားမကြောင်းဖြင့် တရားစွဲဆိုခဲ့ သည်။ အဆိုပါ တရားမမှုကြီးနှင့်ပတ် သက်ပြီး ဒေါ်သိန်ြးွကယ်ဘက်မှ လိုက်ပါ ဆောင်ရွက်သည့်ဝတ်လုံတော်ရမှာ ဒေါက် တာ ဘဟန် ဖြစ်သည်။ (မြန်မာ့အလင်း၊ ၂၉-၆-၁၉၅၀)
မှတ်ချက်
အချက်အလက်များကို လွတ်လပ်ရေးကြေညာပြီး ချိန် မြန်မာနိုင်ငံ၊ ၁၉၄၈-၁၉၉၈ ရွှေရတု နှစ် ငါးဆယ်ပြည့် ပြည်ထောင်စုမြန်မာနိုင်ငံသတင်းစာ မှတ်တမ်းများ၊ ပထမတွဲနှင့်ဒုတိယတွဲ၊ တက္ကသိုလ် စိန်တင် စာအုပ်များမှရယူပါသည်။
တင်ညွန့်
နောက်ဆက်တွဲ...
"ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့ အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရ ခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး"
(ဒေါ်အောင်ဆန်းစုကြည်)
လီလီပန်း အဖြူရောင်လေးများက ကနုတ်ပန်းကြွ မင်္ဂလာဘိသိက် ငွေဖလားကြီးထဲ၌ လှလှပပ လန်းလန်းဆန်းဆန်း။ လွန်ခဲ့ပြီးသော ဆယ်စုနှစ်သုံးခုကျော်မှကြီးကျယ် ခမ်းနားလှသည့် မင်္ဂလာအခမ်းအနားပွဲ တစ်ခု၏ မြင်ကွင်းဖြစ်သည်။
ဘိသိက်ခံမင်္ဂလာမောင်နှံမှ သတို့သမီးမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများကို လုပ်ကြံမှုတွင် မြန်မာ့သမိုင်း တရားခံတစ်ဦးအဖြစ် ပြည်သူများအကြား ယနေ့တိုင် နာမည်ဆိုးနှင့် ရှိနေခဲ့သော ဂဠုန်ဦးစော၏ မြေးဖြစ်၏။ ဦးစော၊ ဒေါ်သန်းခင်တို့၏ သမီးဒေါ်ဘေဘီစောမှ မွေးဖွား သော ဒုတိယသမီး ဒေါ်မွန်မွန်ရင်ဖြစ်သည်။
ဒေါ်မွန်မွန်ရင်၏ မင်္ဂလာပွဲ ဘိသိက်ပန်း ငွေဖလားတွင် လီလီပန်းကိုသာ ထိုးရမည်ဆိုသည့် အဘွားဒေါ်သန်းခင်၏ တစ်ချက်လွှတ် ဆန္ဒဖြင့် ထိုလီလီပန်းဖြူဖြူ ဖွေးဖွေးများကို ရန်ကုန်တစ်မြို့လုံးတွင် မရမက ရှာဖွေခဲ့ရသည်ဆို၏။
ထိုပန်းများကို တစ်မြို့လုံးတွင် မရမက လိုက်လံရှာဖွေခဲ့ရာ နောက်ဆုံးတွင်မှ တိုက်တိုက်ဆိုင်ဆိုင်ပင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်ခြံထဲ၌ စိုက်ပျိုးထားသော လီလီပန်းများရှိကြောင်း သတင်းရသဖြင့် ထိုလီလီပန်း အဖြူရောင်များကို မင်္ဂလာဘိသိက်ပန်းအဖြစ် ထိုးနိုင်ခဲ့ခြင်းဖြစ်သည်။
ထိုအဖြစ်အပျက်မှာ လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်က ဖြစ်ပြီး သမိုင်းဝင် မှတ်တမ်းတွင် မိသားစုနှစ်ခုကြား တစ်ကြိမ်တည်းသော အမှတ်မထင်ဆုံစည်းခဲ့သည့် ဆက်စပ်မှုတစ်ခု ဖြစ်ခဲ့လေသည်။
“ပန်းတွေ သွားခူးတဲ့နေ့က လာခူးတဲ့ လူတွေကို အန်တီဒေါ်ခင်ကြည်က အိမ်ပေါ်ကနေသော့ ပစ်ချပေးရင်း ဘယ်သူ့မင်္ဂလာဆောင်လဲလို့ မေးတယ်တဲ့။ ဦးစော၊ ဒေါ်သန်းခင်မြေး မင်္ဂလာဆောင်ပါလို့ ပြောတော့ သြော် ဒေါ်သန်းခင်က မြေးတွေဘာတွေနဲ့ ဆိုတော့ ကျွန်မထက် သူကတောင် ပိုကံကောင်းတာပေါ့လို့ ပြောတယ်တဲ့။ အဲဒီစကားလေးနဲ့ ပန်းလေးတွေက မှတ်မှတ်ရရပါပဲ” ဟု ဒေါ်မွန်မွန်ရင်က သူ့မင်္ဂလာဆောင် အမှတ်တရ ဘိသိက်ပန်းအဖြစ် ဒေါ်ခင်ကြည် စိုက်ပျိုးထားသော အဖြူရောင် လီလီပန်းလေးများကို မင်္ဂလာငွေဖလားထဲတွင် ထိုးစိုက်နိုင်ခဲ့ပုံကို ဂုဏ်ယူဝင့်ကြွား ပီတိဖြစ်စွာ ပြန်ပြောင်းပြောပြသည်။
ယခုအခါ ဦးစော၏ ဇနီး ဒေါ်သန်းခင်လည်း မရှိတော့၊ ဦးစော၏ သမီးဒေါ်ဘေဘီစောလည်း ကွယ်လွန်သွားပြီ ဖြစ်သည်။ အချိန်ကာလ ဆယ်စုနှစ်တွေလည်း တစ်စုပြီးတစ်စု ဖြတ်ကျော်ခဲ့ပြီ ဖြစ်သကဲ့သို့ ဦးစောမိသားစုဝင်တွေလည်း သမိုင်းမှအရိပ်မည်းတစ်ခု၏ ခြောက်လှန့်မှု အောက်မှ တဖြည်းဖြည်း ရုန်းထွက်လာနိုင်ပြီ ဖြစ်သည်။ သမိုင်းတရားခံ မိသားစုအဖြစ် အပြစ်ရှိသူများကဲ့သို့ ဖြတ်သန်းလာခဲ့ရသည့် ကာလများမှာ အချိန်တွေ ကြာလာသည်နှင့်အမျှ ဒေါ်မွန်မွန်ရင်၏ သား၊သမီးမြေးများ လက်ထက် ယခုအခါတွင်မူ တဖြည်းဖြည်း လွတ်မြောက်လာခဲ့ပြီဟု ဒေါ်မွန်မွန် ရင်ကယူဆလေသည်။
“အန်တီ့မေမေနဲ့ အဘွားတုန်းကတော့ တော်တော်လေး ရပ်တည် ရုန်းကန်ခဲ့ကြရတယ်။ အန်တီတို့ကျတော့ ကံကောင်းပါတယ်။ တော်တော်ကို အခြေအနေ ကောင်းလာပါတယ်။ ဒါပေမဲ့ အန်တီ့သမီးကြီးတုန်းကတော့ နည်းနည်းလေး ဂယက်ရှိခဲ့သေးတယ်။ ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်ပါဘူး”
“ဦးစောမြစ်တဲ့”၊ “ဦးစောမြစ်တဲ့” ဆိုသည့် တစ်ကျောင်းတည်းနေ ကျောင်းသူ၊ ကျောင်းသားများထံမှ ကြားရသည့် မလိုလားသော အသံဟန်နှင့် ပြောဆိုမှုကိုကြုံတွေ့ခဲ့ရသည့် သမီးကြီးအတွက် ဒေါ်မွန်မွန်ရင် စိတ်ပူကာ နောက်ကျောင်းတစ်ကျောင်းသို့ ပြောင်းထားခဲ့ရသည်။
“ကလေးတွေမှာ ခံစားချက်ရှိ တယ်။ ကလေးချင်းဘာမှ ဆိုးဆိုးဝါးဝါးမရှိပေမယ့် ကျောင်းမှာ သူတို့အဘိုးနာမည်ကိုတပ်ပြောလာတော့ ကြောက်တာပေါ့လေ။ ကလေးစိတ်အနှောင့် အယှက်ဖြစ်မှာစိုးတာနဲ့ ကျောင်းပြောင်းလိုက်ရတာပေါ့”ဟု အဘိုးဖြစ် သူ၏ ဂယက်ရိုက်ခတ်မှုက မြစ်ဖြစ် သူအထိပင်ရှိခဲ့ကြောင်းကို ဒေါ်မွန်မွန်ရင်က ဥပမာပေး၍ ပြောပြသည်။
ဒေါ်မွန်မွန်ရင်မှာ ငယ်စဉ်က ပင် မိခင်နှင့်အဘွားဖြစ်သူသင်ကြား ပေးသည့်အတိုင်း နေထိုင်ခဲ့ရသလို ယခုသူ့သားသမီးမြေးများကိုလည်း ထိုကဲ့သို့ပင် ဆက်လက်သင်ကြားပေး သည့်အတွက် လူမှုပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ နေထိုင်နိုင်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
“အန်တီ့ကိုငယ်ငယ်ကတည်း က မေမေကပြောတယ်။ ကိုယ့်မှာအပြစ်ရှိခဲ့တယ်။ အဲဒါကြောင့်သူများ တွေက အဘိုးနဲ့ပတ်သက်လို့ပြော လာရင် ပြန်ရန်ဖြစ်တာတို့ ပြန်ပြောတာတို့မလုပ်ရဘူးတဲ့ ဦးနှောက်ထဲကို အဲဒီအတိုင်းသွင်းပေးထားတာ။ အဲဒီတော့ ဘာမှ ပြန်မပြောရဲဘူး”ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။
ဒေါ်မွန်မွန်ရင်သည် မိသားစုနှင့်အတူ ဦးစော နေထိုင်ခဲ့ရာ အေဒီလမ်းရှိ အိမ်ခြံဝင်းနှင့် တစ်ခြံကျော်၌ လက်ရှိနေထိုင်လျက်ရှိသည်။ သူတို့အိမ်ဧည့်ခန်းဆောင်တွင် ၀င်ဝင်ချင်း တွေ့မြင်ရသည်က ဦးစောနှင့် ဇနီးဒေါ်သန်းရင်တို့ ဇနီးမောင်နှံပုံတူ ကျောက်စီပန်းချီကားကြီးဖြစ်၏။ ထိုပန်းချီကားခြေရင်းတွင် စားပွဲတစ်လုံးချကာ ရေပူရေအေး ဆက်ကပ်ထားသည်ကိုလည်း တွေ့ရသည်။
သမိုင်းတရားခံတစ်ဦး ဖြစ်သော်ငြား မိသားစုဝင်များကမူ ဦးစော ကြိုးစင်မတက် ခင် ထောင်အတွင်းမှ ရေးသားထားသောစာများကိုဖတ် ရှုသိမ်းဆည်းထားကာ ထိုစာများအရ အဘိုးဖြစ်သူ ဦးစောသည် မသေဆုံးမီ အမှန်တရားကို သိမြင်လက်ခံသွားခဲ့သည်ဟု ယုံကြည်လျက်ရှိကြ သည်။ ဦးစောက သူတို့အတွက် သူရဲကောင်း တစ်ယောက်မဖြစ်ခဲ့သော်လည်း သမိုင်းသင်ခန်းစာများ ပေးသွားခဲ့သူ တစ်ယောက်ဖြစ်သည့်အပြင် တိုင်းပြည်ကို ချစ်မြတ်နိုးခဲ့သူ တစ်ယောက်အဖြစ်လည်း လက်ခံထားကြသည်။
“သူမသေခင်ရေးခဲ့တဲ့ စာကိုကြည့်ရင်သူအမှန်တရားကို သိသွားခဲ့လို့ပေါ့။ တကယ်တော့ အထင်လွဲမှု တွေကနေ ဖြစ်လာတဲ့ သူ့ပင်ကို စိတ်ပေါ်လာတာပေါ့။ ဒေါသစိတ်ကြောင့် ဖြစ်ခဲ့ရတာလေ။ အဲဒီလိုသာ မဟုတ်ခဲ့ရင် တိုင်းပြည်လည်း ဒီလို ဘယ်ဖြစ်မလဲ။ သူလည်း တိုင်းပြည်ကို ချစ်တဲ့သူတစ်ယောက်ပဲ ဆိုတာ အန်တီတို့အိမ်မှာ ကျန်ခဲ့တဲ့ စာရွက်စာတမ်း၊ စာအုပ်တွေကို ကြည့်ရင်သိ နိုင်ပါတယ်””ဟု အဘိုးဖြစ်သူအပေါ် မိသားစုဝင်တစ်ဦးအဖြစ် နားလည်မှု ပြည့်ဝစွာဖြင့် ပြောပြသည်။
မည်သို့ပင်အဘိုးဖြစ်သူကို နားလည်မှုရှိသည်ဆိုဦးတော့ အဘိုး၏ တိုင်းပြည်အပေါ် ကျူးလွန်ခဲ့မှုအတွက် ယနေ့အချိန်ထိ ပေးဆပ်ရလျက်ရှိဆဲ ဖြစ်သည်ဟုဆိုသည်။
“လူတွေအမြင်မှာ သြော်.. ဒီမိသားစု သူတို့အပြစ်တော့သူတို့ သိသားပဲဆိုတာမျိုး ဖြစ်အောင် နေရပါတယ်။ အန်တီ့မေမေနဲ့ အဘွားတုန်းကဆိုရင် သူတို့တွေက ရှိတဲ့ပစ္စည်း ထုတ်ရောင်းတာ။ အပြင်လူနဲ့ ကူးလူးရတဲ့ စီးပွားရေးတွေ ဘာတွေလုပ်လို့ အဆင်မပြေဖူးလေ။ အဘိုးထားခဲ့တဲ့ ခြံပတ်ပတ်လည်က မြေတွေရောင်းစားပြီး နေလာခဲ့ကြတာ။ အန်တီ့အမေ လက်ထပ်ပြီး နောက်ပိုင်း အဖေက ၀န်ထမ်းဆိုတော့ အန်တီတို့လည်း ၀န်ထမ်းမိသားစုဝင်တွေ ဖြစ်လာတာပေါ့။ တဖြည်းဖြည်းနဲ့” ဟု ဦးစောမိသားစုဝင်များအဖြစ် ဖြတ်သန်းခဲ့ရသည့် အတိတ်ပုံရိပ်တို့ကို ပြန်ပြောင်းပြောပြသည်။
ယခုတော့ တဖြည်းဖြည်းနဲ့ လူမှုဝန်းကျင် ကျယ်ပြန့်လာခဲ့သည် မှာ သားကြီးက ပြည်သူတွေနဲ့ ထိ တွေ့ဆက်ဆံရသည့် အနုပညာရှင်တစ်ဦးအဖြစ် ဆယ်နှစ်ကျော်ဖြတ်သန်းခဲ့ပြီ ဖြစ်သည်။ သားကြီးက သရုပ်ဆောင် မင်းခဖြစ်သည်။
သားကြီးသရုပ်ဆောင်လုပ် လိုသည်ဟုပြောသည့်နေ့က ဒေါ်မွန် မွန်ရင်အော်လိုက်သည့်အသံမှာ တစ်အိမ်လုံးပင် လန့်သွားရသည်ဟုဆို သည်။
“သရုပ်ဆောင်ပဲ ၀ါသနာပါတယ်။ သရုပ်ဆောင်ပဲ လုပ်မယ်ဆိုတော့ အဲဒီနေ့က အန်တီအော်လိုက်တာ အိမ်ကလူတွေတောင် လန့်သွား တယ်။ အမလေး၊ အမလေး ဘယ့်နှယ့် တစ်မိသားစုလုံး လူမသိသူမသိ နေလာရပါတယ်ဆိုမှ မင်းကျမှ သရုပ်ဆောင်လုပ်မယ် ဆိုပြီးတော့လေ။ ဘယ်လို စဉ်းစားလို့မှ မရတာ။ ဒါပေမဲ့ သူတို့ အဖေက ၀ါသနာပါတာ လုပ်ပါစေ ဆိုပြီး ကြည့်နေလိုက်တာ အခု ၁၀ နှစ် တောင်ရှိခဲ့ပြီ” ဟု ဆိုလေသည်။
မင်းခသရုပ်ဆောင်လုပ်နေ စဉ်မှာလည်း အချို့က ဦးစောမြစ် အဖြစ်သိကြသူများရှိသလို အများစု ကတော့မသိကြ။ သို့သော်လည်း သူ့အနုပညာ လုပ်ငန်းတွင်တော့ အဘိုးကြောင့် တစ်စုံတစ်ရာ အရိပ် မထင်ခဲ့ဟု ဒေါ်မွန်မွန်ရင်ကဆိုသည်။
ထိုကဲ့သို့ ဦးစောမိသားစုကို သိရှိဆက်ဆံ ရင်းနှီးကြသူများဖြင့် တဖြည်းဖြည်း ပြောင်းလဲမှုများ ရှိလာခြင်းတို့က ဒေါ်မွန်မွန်ရင် လက်ထက်ကပင် စခဲ့သည်ဆိုကလည်း မမှားပေ။ အာဇာနည်နေ့ နီးတိုင်း ပြုလုပ်လေ့ရှိသည့် ဟောပြောပွဲများ၊ ကျောင်း တွင်းလှုပ်ရှားမှုများလုပ်သည့် ရက်များဆိုလျှင် ဒေါ်မွန်မွန်ရင် မိဘများက သူမကို ကျောင်းသို့မလွှတ်တော့။ ဖခင်တာဝန်ကျရာ မော်လမြိုင်မြို့ရှိ မော်ဒလိန်းကျောင်းတွင် ၄ တန်းမှ ၇ တန်းအထိတက်ခဲ့စဉ်က အမှတ်တရ တစ်ခုရှိခဲ့ဖူးသည်။
ဦးစော၏ မြေးမှန်း မြို့ကလူများရော ကျောင်းကပါ သိကြသည့်မို့ မိဘများက အာဇာနည်နေ့ အကြိုနေ့မျိုးတွင် ကျောင်းလွှတ်ရန် စိတ်ပူပန်ခဲ့သည့်အတွက် ကျောင်းမတက်ခဲ့ရ။ ထိုအကြောင်းကို ကျောင်းမှ အကြီးတန်း ကျောင်းသားများက သိကြသည့်အခါ သူ့ထံလာရောက်၍ အားပေးနှစ်သိမ့် စကား ပြောခဲ့ဖူး သည်ကို ဒေါ်မွန်မွန်ရင်မမေ့ခဲ့။ ကျောင်းသားကြီးများ၏ ထိုသို့ အားပေးနှစ်သိမ့်မှုများက ဒေါ်မွန်မွန်ရင်ကို အတော်ပင် အားတက်စေခဲ့သည်။
“ကျောင်းဟောပြောပွဲတွေမှာဆို အတန်းကြီးတွေက ပြောတာကိုး။ အဲဒီရက်မှာ ကျောင်းမတက်တာ သိတော့ သူတို့က နောက်နေ့ အတန်းထဲကို လာပြောတယ်။ ဒါက သမိုင်းကို ပြောတာပေါ့နော်။ နင်တို့နဲ့ မဆိုင်ဘူးပေါ့။ ကျောင်းမတက်ဘဲ မနေနဲ့။ နောက်ဆိုရင် လာတက်။ နားထောင်ပေါ့ ဆိုတာနဲ့ နောက်နှစ်တွေက စပြီး အဲလိုပွဲတွေ သွားတက်ဖြစ်တယ်” ဟု မိဘများက စိတ်ပူသော်လည်း ကလေးအချင်းချင်း ပြဿနာ မရှိခဲ့ဘဲ နားလည်မှုရခဲ့ပုံကို ဒေါ်မွန်မွန်ရင်က ရှင်းပြသည်။
နောက်ပိုင်းမော်လမြိုင်မှ ရန်ကုန်သို့ ပြန်ပြောင်းလာကာ အထက ၂ စမ်းချောင်း (စိန်ဖလိုး)သို့ ကျောင်းပြောင်းခဲ့သည်။ ၈ တန်းမှ ၁၀ တန်းအထိ တက်ခဲ့ခြင်းဖြစ် ကာ ကျောင်းပြောင်းစတွင် သူ့ကို အတန်းကြီးများက ဦးစောမြေးအဖြစ် လာရောက်ကြည့်ရှုကြသည်မှအပ အခြားပြဿနာ တစ်စုံတစ်ရာမရှိခဲ့။
“မိန်းကလေးကျောင်းဆိုတော့ အစ်မကြီးတွေပေါ့။ လာကြည့်ကြတယ်။ အုပ်စုလိုက် လာကြည့်ပြီးမှ အားနာသွားပြီး သြော် အသစ်ဆိုလို့ လာကြည့်တာပါ။ ဘာညာနဲ့ လျှောချသွားတယ်။ သူငယ်ချင်းတွေက ကိုယ်နဲ့ ပေါင်းကြည့်တယ်။ အဆင်ပြေတော့လည်း ခင်မင်ရင်းနှီးသွားတာပါပဲ” ဟု ဒေါ်မွန်မွန်ရင်က ပြောသည်။
သေနတ်ဒဏ်ရာ တစ်ဆယ့်သုံးချက် ထိမှန်ကျဆုံးခဲ့ရသည့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မိသားစုနှင့် ထိုလုပ်ကြံ သတ်ဖြတ်မှု၏ ဦးဆောင်တရားခံ ဦးစောမိသားစု ကြားတွင်လည်း သည်ဆယ်စုနှစ်များစွာအတွင်း တွေ့ဆုံဆက်ဆံမှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း ထိုသမိုင်းဝင်ဖြစ်ရပ်အတွက် နာကြည်းမုန်းတီးမှုတို့ကို မတွေ့ရသည်က ဒေါ်ခင်ကြည် စိုက်ပျိုးထားသည့် လီလီပန်းများကို ဦးစောမြေး မင်္ဂလာဆောင်တွင် အသုံးပြုရန် ငြင်းပယ်ခြင်းမရှိခဲ့သည့် အဖြစ်အပျက်တစ်ခုကသာ ပြသနေသည်မဟုတ်။ ဦးစောမိသားစုအတွက် အမြဲကျေးဇူးတင် နွေးထွေးနေခဲ့ရသည်ဆိုသော ဒေါ်ခင်ကြည်၏ အမှတ်တရ စကားတစ်ခွန်းလည်း ရှိပါသေးသည်။
လွတ်လပ်ရေးရပြီး နိုင်ငံတော် လုပ်ကြံမှုနှင့်ပတ်သက်၍ ဒေါ်ခင်ကြည်အား နစ်နာကြေး တောင်းခံနိုင်ရန် တရားစွဲဆိုနိုင်သေးကြောင်း အကြံပြုသူရှိခဲ့သော်လည်း ထိုအချိန်က ဒေါ်ခင်ကြည် ပြောခဲ့ သည့်စကားကို ဒေါ်မွန်မွန်ရင် အဘွားမှသည် မိသားစုအားလုံးက မမေ့နိုင်ခဲ့ကြ…။
“အန်တီဒေါ်ခင်ကြည်က ဘာပြောခဲ့လဲဆိုတော့ ဒေါ်သန်းခင်က မျက်နှာမရှိဘဲ ဖြစ်ရတဲ့ မုဆိုးမ။ ကျွန်မက ဂုဏ်ရှိပြီး ကျန်ခဲ့ရတဲ့ မုဆိုးမပါ။ ဒါကြောင့် ဒေါ်သန်းခင်ဆီက ကျွန်မ ဘာမှ မယူလိုတော့ပါဘူးတဲ့။ အဘွားက အဲဒီစကားကို အခုထက် ထိမမေ့ပါဘူး” ဟုဆိုလေသည်။
ထိုအမှတ်တရများနှင့်အမှတ်တရ မင်္ဂလာဘိသိက အဖြူရောင် လီလီပန်းလေးများကပင် မိသားစုနှစ်စုကြား အဃာတတရား မရှိခဲ့ခြင်းကို သက်သေပြနေသည်။
ဒေါ်မွန်မွန်ရင်က ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်ကို အပြင်တွင် မတွေ့မမြင်ဖူးဘဲ အခြေအနေပေးခဲ့၍ တွေ့ခွင့်ရခဲ့ရပါက တွေ့လိုစိတ် ပြင်းပြင်းပြပြ ဖြစ်မိသော်လည်း တကယ်တမ်း တွေ့ရမည်ဆိုခဲ့လျှင်လည်း တွေ့ဖို့ မ၀ံ့ရဲကြောင်း ဖွင့်ဟသည်။
“ကိုယ်က ဒီမှာတောင် ငုံ့နေရတဲ့သူလေ။ ဒေါ်စုကတော့ Image အရမ်းကြီးတယ်။ ကမ္ဘာကတောင် အသိအမှတ်ပြုခံရတဲ့သူ ဆိုတော့လေ။ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရပါဘူး။ မိသားစု သမိုင်းကြောင်းတွေကြောင့် တွေ့ဖူးချင်ပေမယ့်လည်း မတွေ့ရဲပါဘူး။ မေမေတို့တုန်းက ဆိုရင်တော့ တစ်မျိုးပေါ့လေ” ဟု ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြောင်းနှင့် ပြောစရာ မရှိအောင်ပင် ကွာခြားမှုများပါကြောင်း ဒေါ်မွန်မွန်ရင်က ဆိုသည်။
ဒေါ်မွန်မွန်ရင်တို့ ဦးစောမျိုးဆက် မိသားစုဝင်များနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကမူ အပြစ်မရှိသူ မိသားစုဝင်များ အပြစ်ရှိသလို ခံစားနေရခြင်းကို စိတ်မကောင်းဖြစ်မိကြောင်း ကရုဏာစကား ဆိုပါသည်။
“ကိုယ်မလုပ်ခဲ့တဲ့ ကိစ္စအတွက် ဒီလိုခံစားရတာကို စိတ်မကောင်းဘူး။ ကလေးတွေက ဘာမှ လုပ်ခဲ့တာမှ မဟုတ်တာ။ သူတို့အဘိုးကလည်း သူ့အပြစ်အတွက် ဥပဒေအရခံသွားပြီပဲ။ ကျန်တဲ့လူမှာ ဘာအပြစ်မှမရှိဘူး။ ဒီကလေးတွေကို အေးအေးချမ်းချမ်းနဲ့ နေစေချင်တယ်။ သူတို့ကိုယ်သူတို့လည်း အပြစ်ရှိတဲ့လူတွေရယ်လို့ မသတ်မှတ်သင့်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။
မိသားစုဝင်များနှင့်သာမဟုတ် ဦးစောအပေါ်ကိုပင် မည်သို့မျှ သဘော မထားကြောင်း ကို ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ “ဖေဖေနဲ့ ပတ်သက်ပြီး တွေးရင် ဦးစောကြောင့် ဖေဖေ ဆုံးသွားတယ်လို့ ဘယ်တုန်းကမှ မမြင်ဘူး။ ပြီးတော့လည်း နိုင်ငံရေးမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်””ဟု ဆိုလေသည်။
ဒေါ်မွန်မွန်ရင်ကတော့ သမိုင်းမှတ်တမ်းများမှာ မိသားစုနှစ်ခုကြား၌ ဖြစ်တည်ကွာခြားချက်များစွာ ရှိသော်လည်း ထိုကွာခြားမှုကြား တူညီမှုတစ်ခု ရှိမည်ဆိုသည်ကို ယခုလိုယုံကြည်မှု ပြည့်ဝစွာဖြင့် ပြောပြသည်။
“တကယ်တော့ တိုင်းပြည်ကို ချစ်ကြတာချင်းတော့ အတူတူပဲနေမှာပါ” ဟူ၍ ဖြစ်လေသည်။
စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၁ ခုနှစ်ထုတ် 7 Days Journal တွင် ဖော်ပြသော စာရေးသူ ငြိမ်းငြိမ်းနိုင်၏ ဆောင်းပါးတစ်ပုဒ်အား ကို Min Kyaw Khine (facebook)မှပြန်လည်မျှဝေလိုက်ပါသည်.။
ဒီ...ရာဇ၀င် အရိုင်းကိုဖြင့် (မင်းကိုနိုင်)
by ပြည်သူ့ခေတ် on Saturday, July 14, 2012 at 7:59pm ·
ယနေ့ စာနယ်ဇင်းများ၏ တာထွက်ခရီးမှာ အကျည်းတန်ခဲ့ပါသည်။ မိမိ ရေးသား ဖော်ပြလိုသည်များကို ဖြတ်တောက် ဖြုတ်ပယ်သည့် စိစစ်ရေးဒဏ် ခံရသလို မိမိ မယုံကြည်၊ လက်မခံနိုင်သည့် အယူအဆ၊ လမ်းစဉ်များ အပါအ၀င် ပုဂ်္ဂိုလ်ရေး အသားလွတ် တိုက်ခိုက်သည့် မိုးကျရွှေကိုယ် ဆောင်းပါးများကိုလည်း မဖြစ်မနေ ဖော်ပြခဲ့ကြရပါသည်။
ထိုသို့ အနိုင်ကျင့်ခံရစဉ် အယ်ဒီတာ (ခေါ်) စာတည်းတို့ မည်မျှ နာကျင်ခဲ့မည် နည်း။
ရာဇ၀င်ရိုင်းသည် ဆိုတာ ဒါမျိုး ဖြစ်ပါလိမ့်မည်။
....
ထိုမှသည် စာနယ်ဇင်းတို့ (ဒီဘက်ခေတ်) သမိုင်းမှာ ပွဲတော်ကြီးလည်း တွေ့ခဲ့ပါ သေးသည်။
ပွဲတော်ကြီး ဆိုသည့်အတိုင်း ရုံသွင်း လက်ဝှေ့စိန်ခေါ်ပွဲများနှယ် ကလောင်ချင်း ထိုးသတ်သည့် ပွဲများကို စာမျက်နှာများ ပေါ်၌ စီစဉ် ရုံသွင်းသူက သွင်း၍ ထိုးသူတွေကထိုး ဗိန်းမောင်းသံတွေ ညံခဲ့ပါတယ်။
ပြီးတော့ ခေတ်စီးကြောင်းဟု ခေါ်ကြသည့် မြောင်းထဲ မျောလာသည့် ဖက်ရှင်ဒီဇိုင်းများ ပြိုင်ဆိုင်ကြရင်း အစွမ်းကုန် တိုပြတ်လာပုံများ၊
မှုခင်း ပြစ်မှုဆိုင်ရာများ၌လည်း မည်သည့်အမှုအကြောင်း ခေါင်းစဉ်ပြာ များဖြင့် ရေပန်းစားခဲ့သည်ကို စာဖတ် သူများ အသိခဲ့ဆုံး ဖြစ်ပါလိမ့်မည်။ ငွေကြယ်ပွင့်တို့ အတွင်းရေးကိုမှ မုဆိုး သားကောင်လိုက်သလို တောနင်းရှာခဲ့ ကြသည့် ကျွန်တော်တို့ သတင်းထောက် အယ်ဒီတာများ ရွှေသမင်လိုက်ခန်းတွေ လည်း မှော်ရုံတောမှာ ရှိခဲ့ပါပြီ။
ချုပ်ပြောရလျှင်တော့ အဲဒီကာလ စကားအတိုင်း “နိုင်ငံရေးမပါလျှင် ပြီးရော” ကျင့်စဉ်ပဲ ဖြစ်ပါသည်။
ထိုသို့ စာပေ သရောကြီး ခိုင်းမှုကို အတွေးအခေါ်အရ ကြံ့ကြံ့ခိုင် ခုခံခဲ့ကြ သော ကလောင်များကိုတော့ ရာဇ၀င်ထဲ က သူရဲကောင်းများ အဖြစ် မှတ်တမ်း တင်ကြပါလိမ့်မည်။
.....
မကြာမြင့်မီကာလမှာတော့ စာနယ်ဇင်း၏ ရာဇ၀င်အရိုင်းကို ပြင်ခွင့် ကြိုးပမ်းလာကြ ပါသည်။
ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းသို့ဟု ကျွန်တော်တို့ ကြွေးကြော် ချိန်၊ စာနယ်ဇင်းများကလည်း စာပေ လွတ်လပ်ခွင့်ကို သံကုန်ဟစ်ကြပြီ။
ပွင့်လင်း လူ့အဖွဲ့အစည်းဆိုသည်မှာ အမှောင်ပိတ်ခေတ်လို ပြစ်ဒဏ်တွေ ပေးလိုက်မည်ဟု ခြိမ်းခြောက်ခံမည် မဟုတ်။ အခွင့်အရေးကိုလည်း သိ၊ တာဝန်ယူမှုလည်း ရှိရမည်။
စာနယ်ဇင်းတွင်လည်း လွတ်လပ်ခွင့် နှင့် တွဲလျက် ကျင့်ဝတ်ဆိုတာ ယှဉ်လျက် ထင်ရှား လာသည်။
စကားလုံးတွေ ကွဲသည့်တိုင်၊ သဘောချင်းတော့ တူသည်ပင်။
စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် အတူ ပရိသတ်၏ အာရုံဩတ်မှုလည်း ပြောင်း လှည့်လာသည်။ ယခင်က လေသံဟခွင့် မရခဲ့သော နိုင်ငံရေးဆိုသည့် စကားလုံး နှင့် ဒီမိုကရေစီ သဘောတရားများ ဟောခွင့် နာခွင့်လည်း ရလာသည်တွင် မူလ လက်ဟောင်း နိုင်ငံရေးသမား ဒီမိုကရေစီ ဘက်တော်သားများသာမက ခါတော်မီ ဂုရုကြီးတွေပါ ထွန်းပခဲ့ပါသည်။
ဈေးကွက်သဘော နောကျေသည့် ထုတ်ဝေသူများကလည်း မူရင်း အပျော် ဖတ်၊ အပေါ့စား (အပေါစားဟု မဆိုရက်ပါ) အလှအပရေးရာနှင့် ဈေးဝယ်စာစောင်များ မကျန် နိုင်ငံရေးဆိုင်ရာ သတင်း၊ တွေ့ဆုံ မေးမြန်းခန်းတွေ အလုအယက် ထည့်ကြ ရသည့် ကာလတစ်ခုကို ဖြတ်သန်း ရတော့သည်။
နဂို နိုင်ငံရေး အခြေခံ စာစောင်တွေ ကတော့ ရှင်းပါသည်။ မိမိတို့ လုပ်နိုင် ရေးနိုင်စွမ်းတွေကို ထပ်ချဲ့သည်။ တွေ့ဆုံ မေးမြန်းခန်းတွေမှာ ၀မ်းစာကောင်းသော အမေးအဖြေတွေ ဖတ်ရသည်။ နိုင်ငံရေး တစ်ခေတ်ဆန်းပြီပေါ့။
ထိုအခြေမှ ပိုအားရစရာကောင်း လာသည်ကတော့ ယခင် အသံလွှင့်ဌာန များမှသာ ထုတ်လွှင့်လေ့ရှိသည့် တိုင်ကြားချက်များ ပြည်သူ့နစ်နာချက်များ မတရားမှုများအကြောင်း စာနယ်ဇင်းတို့ အပြိုင် ဖော်ပြလာခြင်းပင်။ (အမှိုက်ပုံ ရွှေ့ပေးပါ၊ ညှော်နံ့နံတယ် စသည်လောက် ဖော်ပြပေးခဲ့သော တိုင်ကြားချက်မျိုးကို မဆိုလိုပါ)
သည်တွင် သတိပြုစရာကောင်းသော အချက်ကို တွေ့ရပါသည်။ ဤသည်မှာ (ဌာနဆိုင်ရာများ အပါအ၀င်) မတရား ပြုနေသူတို့သည် အမှောင်ထဲ အသံတိတ် ဒုစရိုက်ပြုနေသူများနှင့် တူလှသည်။
စာနယ်ဇင်း အပါအ၀င် သတင်း ဌာနတွေမှ မီးမောင်းထိုးလိုက်သည်နှင့် တစ်ပြိုင်နက် အမှောင်ကြိုက် မသမာ သူတို့ လက်တွန့် လက်ရုပ်သွားကြရသည်။ သတင်း မီဒီယာတွေမှ အသံကုန် ဟစ်လိုက်သည်နှင့် မသူတော်တို့ ကိုယ်ရှိန်သတ် သွားရသည်။ စာနယ်ဇင်း အပါအ၀င် မီဒီယာတွေ၏ စွမ်းအားမှာ အပြစ်ရှိသူကို အပြစ်ဒဏ်မပေးနိုင်သည့် တိုင် အထက်က ဆိုခဲ့သလောက် (ကိုယ်ရှိန်သတ်၊ နောက်ဆုတ်သွားအောင်) တော့ စွမ်းဆောင်နိုင်ကြပါသည်။
အချို့ မတရားမှုများအတွက် ပွင့်လင်း လူ့အဖွဲ့အစည်းသို့ လာရောက် တိုင်ကြား ရာ၌ တရားစွဲခိုင်းသော်လည်း တိုင်ကြား သူတို့ကပြောတာ စဉ်းစားဖွယ် ကောင်းလှ သည်။
“တရားရုံးက ကြာဦးမှာ၊ မီဒီယာမှာ ပါသွားရင် သူတို့ ပျာယာခတ်ပြီး လာညှိ ကြတာ များတယ်” ဟူ၏။
ကျွန်တော်တို့ စဉ်းစားသင့်လှသည် ထင်ပါသည်။
တရားစီရင်ရေး အာဏာကို ပြည်သူ တွေ မယုံကြည်ကြတာ ကောင်းသော အလားအလာ မဟုတ်ပါ။ အန္တရာယ် အလွန်ကြီးပါ သ ည်။ ထိုမျှမကသေးပါ။
မဟုတ်မတရား လုပ်နေသူတွေ ကိုယ်တိုင်လည်း တရားရုံးများကို မကြောက်ကြတာ လွန်စွာ စိုးရိမ်ဖွယ် ဖြစ်ပါသည်။
တရားစွဲခံရမည် ဆိုတာ သိလျက် ဆက်လက်၍ ဗြောင်ကျကျ မတရား လုပ်ဝံ့သူတွေ တစ်နေ့တခြား ပွားလာ နေခြင်းမှာ တရားစီရင်ရေးကို သူတို့ ချယ်လှယ်နိုင်သည်ဟု ယုံကြည်နေ၍ ဖြစ်ပါသည်။ အဆိုးဆုံးကတော့ အုပ်ချုပ်ရေးအာဏာက တရားစီရင်ရေး အာဏာကို လွှမ်းမိုး ထားနိုင်သည်ဟု အများစုက ယုံကြည်ဆဲ ရှိနေခြင်းပင်။
တရားမစွဲဘူး အလကားပဲ၊ မီဒီယာက အော်လိုက်မှ အထက်ကသိပြီး အရေးယူ ခံရမှာကြောက်လို့ မတရားမှုတွေ ဇက်ပုပြီး ရုပ်သိမ်းသွားမည်ဟု အားလုံးနီးပါး ယူဆ မြဲ။ ဒီအချက်က ကျွန်တော်တို့ လူ့အဖွဲ့ အစည်းအတွက် အ်္တရာယ်ကြီးလှပါသည်။
သို့သော် မတရားလုပ်သူတို့ မီဒီယာ တွေကို ကြောက်တာတော့ တော်သေးရဲ့ ဟု ဖြေသာရမလို ဖြစ်နေသည်။
စာနယ်ဇင်း အပါအ၀င် မီဒီယာတွေ တန်ခိုး ထွားလာတာ တရားမျှတမှု ဓားထက် လာတာကို ကြိုဆိုပါသည်။ ပွင့်လင်း လူ့အဖွဲ့အစည်းက မတရားမှု တွေကို ဖော်ထုတ် မီဒီယာတွေက မီးမောင်းထိုး အသံချဲ့စက်တပ် ဟစ်အော်၊ လက်တွဲညီ ဆောင်ရွက်နိုင်ကြတာ တစ်မျိုးတော့ ကောင်းပါသည်။
သို့သော် သတင်းသမားတွေအနေနှင့် ဖြစ်စဉ်တစ်ခုကို ရေဆုံးရေဖျား လိုက်ဖို့ တော့ လိုပါသည်။ မတရားမှုဖြစ်စဉ်ကို မစို့မပို့လေး တို့ထိပြီး ပစ်ထားမိလျှင် ဆေးယဉ်သွားမှာ ကြောက်ရပါသည်။
တရားမျှတမှုဘက်မှ ရပ်ခံသူတွေနှင့် သတင်းဌာနတွေ လက်တွဲ ဖော်ထုတ်ခဲ့၍ အကြိမ်ကြိမ် အားပြိုင်ပြီးမှ အမှန်တရား ဘက်က အောင်ပွဲခံခဲ့သည့် သာဓကများ ယခုအခါများမှာ ရှိနေပြီ ဖြစ်ပါသည်။ (ဥပမာ ၀န်ထမ်း လစာထဲမှ အရစ်ကျ ပေးဝယ်ထားသည့် မြေများကို သိမ်းယူမှု၊ မီးသင့်ဈေး ဆိုင်ခန်းများ ပြန်လည် နေရာချထားရာ နစ်နာမှုများကို ဖြေရှင်း ပေးနိုင်ခဲ့ခြင်း အပါအ၀င် များစွာသော ဖြစ်စဉ်များ)
မကြာမီ စာပေ စိစစ်ရေး ပြုတ်၍ စာနယ်ဇင်းကောင်စီ ကျန်ခဲ့မည်။ ကျန်ခဲ့ သည့် ကောင်စီမှာလည်း ဒိုင်းဝန်းထက် ကဲသည့် မောင်ပုလဲ မဖြစ်ဖို့ အရေးကြီးသည်။
စာနယ်ဇင်း လောကသားတစ်ယောက်က ဆိုပါသတဲ့၊ စိစစ်ရေး ရှိတာကမှ တော်သေးတယ်၊ ကိုယ့်ဟာ ကိုယ် တာဝန်ခံထုတ်၊ ဖြစ်လာရင် တရားစွဲမယ်ဆိုတော့ ငါ့ထုတ်ဝေခွင့်လေး အသိမ်းခံရမှ ဒုက္ခ ...၊
အတော် လက်မခံစရာကောင်းသည့် အပြုခံ စိတ်ဓာတ်ဟု မြင်ပါသည်။ ခုချိန်တွင် စာနယ်ဇင်း အချို့ကို ၀န်ကြီး ဌာနအချို့က တရားစွဲဆိုချိန် ဘ၀တူချင်း ကျောချင်းကပ်ကြတာကိုလည်း သိမှတ် ပြုရပါသည်။
နောက်ဆုံး ပြောခွင့်ပြုစေချင်သည် ကတော့ လူ့အဖွဲ့အစည်းရဲ့ တစ်ထောင့် တစ်နေရာက ကယ်ပါ ယူပါ အသံများ၊ မတရားမှုကို သံကုန်ဟစ် အော်သံများ၊ အမှန်တရား၏ အောင်ပွဲခံသံများ အားလုံး လေထုထဲ ပဲ့တင် မပျောက်ခင် အမိအရ ဖမ်းယူလျက် သမိုင်းနှင့်အတူ ပြေးလွှား ရင်း မှတ်တမ်းတင်ရာတွင်
ကျယ်ပြန့်လှသော ဖြစ်စဉ်တိုင်းကို စာတစ်မျက်နှာ နေရာကျဉ်းကျဉ်း ကျားကုတ်ကျားခဲ ရေးထွင်း ကမ္ပည်း တင်ရသည့် စာနယ်ဇင်းသမား မှန်သမျှ သည် သမိုင်းမူကြမ်း ရေးရသည့် လက်များ ပီပီ ရာဇ၀င်အရိုင်းကိုဖြင့် ကျက်သရေ ရှိသော သမိုင်းအဖြစ် ရေးထွင်းနိုင်ကြစေ လိုခြင်း ဖြစ်ပါသည်။ ၊၊
မင်းကိုနိုင်
၂၃ ဇွန် ၂၀၁၂
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၁၀၀၊ ၂၀၁၂ ခုနှစ်၊ဇွန် ၂၈)

Subscribe to:
Posts (Atom)