Sunday, July 15, 2012

ခြင်္သေ့ကို ဂဠုန် သုတ်မည်။

 
Sunday, July 15, 2012 အိမ့်သံစဉ်

အခုတော့ တချိန်က လယ်သမားခေါင်းဆောင်ကြီး ဆရာ စံရဲ့ ထုံး နှလုံးပိုက်ပြီး မတရား လယ်ယာမြေ သိမ်းပိုက်ခံရမှုတွေ အတွက် ထွန်တုံးတိုက်ပွဲ ၀င်နေကြတဲ့ လယ်သမားတွေကို ကဗျာဆရာ အောင်ဝေးရဲ့ ခံစား ရေးဖွဲ့ထားတဲ့ ကဗျာတပုဒ်ကို ဒီတပတ်အတွက် ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

ခြင်္သေ့ကို
ဂဠုန် သုတ်မည်။

အနင်းခံတဲ့ စပါး
(အမှန်တရား)
သန်မည်။

ဗိုလ်ချုပ်လမ်းပေါ်က
(လယ်သူမကြီးတွေ)
ကြိမ်မီးအုံးနေတဲ့ အလွမ်း
ခေတ်ကို ၀ှမ်းမည်။

တစ်မိုးသောက်ရင်
ရွာရိုးကိုးပေါက်
အိပ်မက်နှိုးတဲ့ ခလောက်သံ
ညိုးညိုး ညံမည်။

ထွန်တုံးပေါ်
မျက်ရည် ချောင်းစီး
မြေတုန် ဟည်းမည်။

ကန်သင်းရိုးပေါ်
သွေးမိုးသွန်းသော်
(တို့လယ်သမား)
တစ်ခေတ်ထွန်းမည်။

တောမီးကို
တောမီးနဲ့မှ
ငြှိမ်းလို့ရမည်။

ခင်ရေ-
တို့ရင်ထဲ
ထယ်သွားနဲ့ခွဲ
ထွန်တုံးတိုက်ပွဲဝင်မည်။ ။

အောင်ဝေး
ဇူလိုင် ၁၃၊ ၂၀၁၂
http://blog.irrawaddy.org/2012/07/blog-post_4513.html

No comments:

Post a Comment