Thursday, June 21, 2012

အညတရသူရဲကောင်းဆု ငွေစာရင်းရှင်းတမ်းနှင့် အလှူရှင်စာရင်း

 မိတ်ဆွေများအားလုံးခင်ဗျာ
တတိယအကြိမ်မြောက် အညတရသူရဲကောင်းဆု
ငွေစာရင်းရှင်းတမ်းနှင့် အလှူရှင်စာရင်းအား ပေးပို့အပ်ပါသည်။(ပူးတွဲပါဖိုင်တွင် ကြည့်ရှုပါရန်)

ဤ ငွေစာရင်းရှင်းတမ်းနှင့်သော်၎င်း၊ ဤ ဆုချီးမြှင့်ရေးလုပ်ငန်းနှင့် ပတ်သက်၍သော်၎င်း
မည်သူမဆို လွတ်လပ်စွာဖြင့် ဆက်သွယ်စုံစမ်း၊ စစ်ဆေးမေးမြန်း နိုင်ပါကြောင်းနှင့်
ဝေဖန်အကြံပြုနိုင်ပါကြောင်း  အသိပေး အကြောင်းကြားအပ်ပါသည်။

မိတ်ဆွေတို့၏ ဝေဖန်အကြံပြုမှုများသည် ကျနော်တို့၏  လုပ်ငန်းအတွက် အထောက်အကူတခု၊
တွန်းအားတခု ဖြစ်စေပါသောကြောင့် ဝေဖန်အကြံပြု ပေးကြပါရန်ကိုလည်း
 တိုက်တွန်းအပ်ပါသည်။
တတိယအကြိမ်မှ လက်ကျန်ငွေ ၂၇၂,၈၀၀ ယန်း (နှစ်သိန်းခုနှစ်သောင်းနှစ်ထောင်ရှစ်ရာ) ယန်း တိတိအားစတုတ္ထအကြိမ်အတွက် ဆက်လက် ထည့်သွင်း သုံးစွဲသွားမှာဖြစ်ပြီး
 ကော်မတီအနေဖြင့် စတုတ္ထအကြိမ် ဆုချီးမျြင့်နိုင်ရေးအတွက် အရှိန်အဟုန်မပျက်
ဆက်လက်ကြိုးပမ်းေ ဆာင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

၅.၈.၂၀၁၂ (တနင်္ဂနွေ) နေ့တွင် တတိယအကြိမ်မြောက် အညတရသူရဲကောင်း ဂုဏ်ပြုပွဲအခမ်းအနားတရပ်
အား ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပပြုလုပ်သွားရန်ရှိပြီး၊
၁၂.၈.၂၀၁၂ (တနင်္ဂနွေ) နေ့တွင် ရန်ပုံငွေအတွက် အပန်းဖြေ ခရီးစဉ်တခုအား
စီစဉ်လျှက်ရှိပါကြောင်း ကြိုတင် အသိပေး အကြောင်းအပ်ပါသည်။

မိတ်ဆွေတို့ခင်ဗျာ...
ခူးလိုသူတွေထက် စိုက်ပျိုးလိုသူတွေ များမှ
အသာကိုမှစံလိုသူတွေထက် အနာကိုမှခံလိုသူတွေ များပါမှ
တိုင်းပြည်ရဲ့အနာဂတ် စိတ်ချရမှာမို့...
စွန့်လွှတ်အနစ်နာခံသူတွေကို ရှာဖွေဖော်ထုတ် ဂုဏ်ပြုရင်း
အမိတိုင်းပြည်အတွက် လိုနေတဲ့ ကွက်လပ်တခုကို
အတူတူပူးပေါင်း ဖြည်းဆည်းပေဒကြပါစို့လို့...
ဆန္ဒပြုလိုက်ရပါတယ်ခင်ဗျာ...

လေးစားစွာဖြင့်
မင်းထက်ဇော်
အဖွဲ့ဝင်
အညတရသူရဲကောင်းဆုကော်မတီ
၂၀၁၂ ခုနှစ်၊ ဇွန်လ (၂၁) ရက်





Donor List and Account Clarification 3rd Time (21.6.2012) Last1tw

ဆရာလူထုစိန်ဝင်း နောက်ဆုံးရေးခဲ့သော ဆောင်းပါး (၆-၆-၂၀၁၂) “ပြန်လာပြီဗျို့”






























မြို့ကြီးသားတွေ နားဝင်ချိုအောင် ကိုရီးယားကားတွေထဲက တစ်နေ့လုံးအိမ်ပြင်ထွက်ပြီး အလုပ်သွား၊ ကျောင်းသွားလုပ်ကြတဲ့သူတွေ အိမ်ပြန်ရောက်ကြတဲ့အခါ အိမ်ထဲရောက်တာနဲ့ လူတွေ့တွေ့၊ မတွေ့ တွေ့ ‘ပြန်လာပါပြီ’ လို့ နှုတ်ဆက် လေ့ရှိကြတယ်။ အဲဒီလိုနှုတ်ဆက်ဖို့ ပါးစပ်ကရွတ်ကြည့်တယ်။ ပါးစပ်ဖျားက ၀တ္တရားအရထွက်လာတဲ့ အသံမို့ ပေါ့ရွှတ်ရွှတ်နဲ့ အားမရှိဘူး။ အဲဒါကြောင့် အညာသားပီပီ အားရှိပါးရှိ လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေး ‘ပြန်လာပြီဗျို့’ လို့ပဲ ပွဲဦးထွက် နှုတ်ဆက်လိုက်ပါရစေ။
ကိုကိုးကျွန်းက ပြန်ရောက်စ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က ‘အလံမလှဲစတမ်း’ ဆိုတဲ့စာအုပ် ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေခွင့်ရတော့ ‘၀င်းဇော် ပြန်လာပြီ။ ချောအိမာန် ပြန်လာပြီ’ လို့ သတင်းစာမှာ ကြော်ငြာခဲ့တယ်။ နှစ်ပေါင်း နှစ်ဆယ်လုံးလုံး ထုတ်ဝေခွင့်မရခဲ့တဲ့ ‘အလံမလှဲစတမ်း’ တတိယအကြိမ် ပြန်လည် ထုတ်ဝေခွင့်ရတာနဲ့ မရှေးမနှောင်း လူထုစိန်ဝင်းလည်း နာလန်ထူစပြုလာပြီမို့ တိုက်ဆိုင်စွာ ‘ပြန်လာပြီဗျို့’ လို့ နှုတ်ဆက်လိုက်ရတာ ဖြစ်ပါတယ်။
စောင့်မျှော်အားပေး မေတ္တာထားကြတဲ့ စာဖတ်သူများအပေါ် တာဝန်မကျေဖြစ်ခဲ့ရတာ ဒီတစ်ခါ အကြာဆုံးပါပဲ။ မတ်လနောက်ဆုံးပတ်က စပြီးမိုးကမရွာ၊ အပူကလွန်ကဲ၊ မီးကဖြတ်ဆိုတော့ မရှူသာမကယ်သာ အလူးအလဲခံရပြီး အိပ်ရာထဲ လဲပါတော့တယ်။ အပတ်စဉ်လာကြည့်ပေးနေကျ ဆရာဝန်လေး ဒေါက်တာတင်စံဦး နဲ့ပဲ ခါတိုင်းလိုပြန်ကောင်းသွားမယ် ထင်တာ။ ကောင်းမလာဘူး။ ဧပြီ ၁ ရက် ရွေးကောက်ပွဲ ၀န်းကျင်မှာတော့ လူကတုံးပဲ။ ဘာမှမသိဘူး။ သင်္ကြန်ကျတော့ ဆရာလေးက နှစ်စဉ်သွားနေ ကျ ရှမ်းပြည်နယ်က ကျေးရွာတွေကို အခမဲ့ဆေးကု ထွက်သွားတယ်။ ဒီမှာ ကယ်တင်ရှင်အဖြစ် ရောက်လာတာက ‘အလဲဗင်းမီဒီယာဂရုပ်’ (EMG) ရဲ့ ဒေါက်တာသိန်းမြင့်ဖြစ်တယ်။ ဆရာ က သင်္ကြန်တွင်းကြီးတောင် ရောက်အောင်လာပြီး စောင့်ရှောက်ကုသပေး ရှာတယ်။ ကျေးဇူးအင်မတန်တင်မိပါတယ်။ အဲဒီနောက် နိုင်ငံခြားရောက် သမီးသမားတော်လေးက ထုံးစံအတိုင်း ဖုန်းဆက်ပြီး ကျန်းမာရေးအကြောင်း  မေးတော့ အိမ်ကသမီးက ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ်။ အဝေးက လူက မမြင်ရတော့ ပိုစိတ်ပူပြီး ရန်ကုန်ကသူ့မိတ်ဆွေ သမားတော်တစ်ယောက်ကို လွှတ်ပေးပြီး ကြည့်စေတယ်။ ဓာတ်မှန်ရိုက်တာ၊ သွေးစစ်၊ သလိပ်စစ်တာ အားလုံးကိုအီးမေးလ် နဲ့ သူ့ဆီပို့ခိုင်းတယ်။ စစ်ချက်တွေ ကိုကြည့်ပြီးတော့ ရန်ကုန်က သူ့မိတ်ဆွေဆရာဝန်နဲ့ ညှိနှိုင်းတိုင်ပင်ပြီး သောက်ဆေး၊ ထိုးဆေး၊ ရှူဆေး တွေပေးကြမယ်။ မနက်၊ ည ဆေး ထိုးဖို့လည်း ပူစရာမလိုဘူး။ ရန်ကုန် က သမားတော်ရဲ့အဆက်နဲ့ အိမ်တိုင်ရာရောက် ကျန်းမာရေးအဖွဲ့ HMS က ဆရာဝန်လေးတစ်ယောက် နဲ့ ဆရာမနှစ်ယောက်က နေ့စဉ် မပျက်မကွက် လာလုပ်ပေးကြတယ်။ ဒီကြားထဲအဖျားတက်လို့ နှလုံးခုန်နှုန်း ၁၄၀ ရောက်နေလို့ ဖုန်းဆက်ခေါ် လိုက်ရင်လည်း ဖုန်းထဲက ဘာဆေး ဘာဆေးတိုက်ထားပါလို့ ညွှန်ကြားပြီး ခဏကြာတော့ လူကိုယ်တိုင်လာရောက် ကြည့်ရှုပေးကြတယ်။ သူတို့လေးတွေလည်း ကျေးဇူးတင်ရပါတယ်။
အရင်နွေတွေလို ခဏပဲထင်ခဲ့ပေမယ့် ဒီတစ်ခေါက် တော်တော်ကြာသွားတယ်။ သုံးလလုံးလုံး ဘုန်းဘုန်း လဲနေတော့တာပဲ။ ကိုယ့်အစာတောင် ကိုယ်မစားနိုင်လို့ ခွံကျွေးရတယ်။ အစာစားရတာကလည်း ဒုက္ခတော်တော်ကြီးတယ်။ အောက်ဆီဂျင်နဲ့ နှလုံးခုန်နှုန်းပြကိရိယာကို လက်မှာစွပ်ထားပြီး အရိပ်တကြည့်ကြည့် စားရတာ အစာတစ်လုတ်ဝါးလိုက်မြိုလိုက် တာနဲ့ နှလုံးက ဒိုင်းဒိုင်းနဲ့ခုန်တက် သွားတယ်။ အစာတစ်လုတ်ကို နှလုံး က ခြောက်မှတ်၊ ခုနစ်မှတ်တက်သွားတာ။ နေကပြင်းပြင်း၊ မီးကမလာတဲ့ အချိန်မျိုးဆိုရင် စိုးရိမ်မှတ် ၁၄၀ လောက်အထိတောင် ရောက်သွား တတ်တယ်။ သိပ်သတိထားပြီး စားရသောက်ရလို့ ထမင်းဖြစ်စေ၊ ဆန်ပြုတ် ဖြစ်စေ ၁၅ ဇွန်းစားရင် အချိန် တစ်နာရီကြာတယ်။
လွန်ခဲ့တဲ့သုံး၊ လေးနှစ်က အထူးကုဆေးရုံကြီးတစ်ခုမှာ ဆေးစစ်ဖို့လုပ်နေတုန်း ရုတ်တရက်အဆုတ်ထဲက လေအိတ်ပေါက်သွားလို့ အသက်ရှူမရတော့ဘဲ သေမလိုဖြစ်ခဲ့ဖူးတယ်။ ဆေးရုံမှာဖြစ်တာမို့ မသေတာ။ ဆရာဝန်တွေက ချက်ချင်းခွဲပြီး အဆုတ်ထဲ က လေတွေကို ထုတ်ပစ်လိုက်တယ်။ နောက်တော့ အဆုတ်ထဲထိ ပိုက်ထိုး ထည့်ပြီး အထဲက အရိအရွဲတွေကုန်အောင် ထုတ်ပစ်ဖို့ ပုလင်းတန်းလန်း နဲ့ နှစ်ပတ်လောက် ဆေးရုံမှာနေခဲ့ရတယ်။ ဒါတောင် စာရေးပျက်တာ တစ်လလောက်ပဲ။ ဒီတစ်ကြိမ်တော့ ရာသီပြောင်း ဖြစ်နေကျ အာဂန္တုဖျားပဲ၊ ခဏနေကောင်းသွားမှာပဲ ထင်ခဲ့ပေမယ့် သုံးလလောက်ကြာသွားတယ်။ တော်တော်လည်း ခံလိုက်ရတယ်။
ဒီကာလတစ်လျှောက်လုံး မေတ္တာ စေတနာထားကြတဲ့ စာဖတ်ပရိသတ်များက တစ်နေ့တစ်နေ့ ဆယ့်လေး၊ ငါးဦးထက်မနည်း ဖုန်းဆက်မေးကြ မေတ္တာပို့ကြတယ်။ နှစ်ရက်ခြားတစ်ခါ မှန်မှန်ဆက်ပြီး အကြိမ်ပေါင်း နှစ်ဆယ်၊ အစိတ် မေးသူလည်း ရှိတယ်။ ဒီလိုမေတ္တာတွေကြောင့် အားတင်းပြီး နာလန်မြန်မြန်ထအောင် ကြိုးစားရတယ်။ လုပ်စရာတွေက အများကြီးရှိသေးတယ်။ စာဖတ်ပရိသတ်အပေါ် တာဝန်မကျေသေးဘူး။ သူတို့ရင်ထဲ က အသံတွေကို နားထောင်ပြီး သူတို့ ပြောချင်တာတွေကို တိုင်းသိပြည်သိ ပြောပေးရဦးမယ်။
အဲဒီလိုဆိုတော့ ‘ကမ္ဘာတုန်အောင် ကုန်းအော်ရလွန်းလို့ အမောဆို့ပြီးဖျားတာ’ လို့ ကရုဏာဒေါသော နဲ့ မှတ်ချက်ချခဲ့တဲ့ မန္တလေးကတူမ ချောက ဘာပြောဦးမလဲ မသိဘူး။

မှတ်ချက် - ဤဆောင်းပါးအား အဆုံးသတ်အထိ ရေးသွားနိုင်ခြင်း မရှိခဲ့ပါ။
Written by လူထုစိန်ဝင်း    Wednesday, 20 June 2012 13:27

★ ပြည်သူ့ဂုဏ်ရည်ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့၏ ၂၀၁၂ခုနှစ် အမေရိကန်ပြည်ထောင်စု အမှတ်တရခရီးစဉ် မှတ်တမ်း ★





ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဖိတ်ကြားမှုနဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ၂၀၁၀ခုနှစ်-ပြည်သူ့ဂုဏ်ရည်ဆုရှင်ဦးကျော်သူ နဲ့ ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ (ခေါ်) ဒေါ်ရွှေဇီးကွက်တို့ရဲ့ ယူအက်စ်အေ အမှတ်တရခရီးစဉ်ဟာ မကြာခင်ပြီးဆုံးတော့မှာဖြစ်ပါတယ်။


နာရေးကူညီမှုအသင်းကြီးရဲ့ ဦးဆောင်သူများလဲဖြစ်တဲ့ ဦးကျော်သူတို့ ဇနီးမောင်နှံဟာ အမေရိကန်ပြည်ထောင်စုကို ၂၀၁၂ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ အခမ်းအနား တက်ရောက်ဖို့ ယခုနှစ် မေလဆန်းမှာ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ပြည်သူ့ဂုဏ်ရည် အသင်းရဲ့ စီစဉ်မှုများနဲ့အတူ ပြည်သူ့ဂုဏ်ရည်အသင်းဌာနခွဲများ တည်ရှိရာ မြို့ အချို့ ကို သွားရောက် ခဲ့ပြီး ဒေသခံ မြန်မာတိုင်းရင်းသား မိသားစုများနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပါတယ်။

အားကျစရာ၊ အတုယူစရာကောင်းတဲ့ နာရေးကူညီမှုအသင်းကြီးရဲ့ လက်တွေ့ဆောင်ရွက်နေတဲ့ လူမှုရေးလုပ်ငန်းများအကြောင်းကို ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ ကိုယ်တိုင် ရှင်းပြခဲ့ကြပြီး အဝေးရောက်မြန်မာတိုင်းရင်းသားများက အလှူငွေများ အားတက်သရောထဲ့ဝင် လှူဒါန်းခဲ့ကြပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဌာနခွဲအသီးသီးက စီစဉ်တဲ့ပွဲတွေမှာ

(၁) လော့စ်အိန်ဂျယ်လိစ်မြို့  က လှူဒါန်းငွေ ၃၃၅၀၂ ဒေါ်လာနဲ့ ငါးဆယ်ပြား
(၂) ဆန်ဖရန်စစ်စကိုမြို့ က လှူဒါန်းငွေ ၃၀၈၂၉ ဒေါ်လာ
(၃) ဆီယက်တယ်မြို့ က လှူဒါန်းငွေ ၁၃၆၅၂ ဒေါ်လာ
(၄) ဖီးနစ်မြို့ က လှူဒါန်းငွေ ၂၇၄၈ ဒေါ်လာ
(၅) ဝါရှင်တန်ဒီစီမြို့ က လှူဒါန်းငွေ ၁၁၆၄၅ ဒေါ်လာ
(၆) ဖလော်ရီဒါပြည်နယ်က လှူဒါန်းငွေ ၉၁၁၇ ဒေါ်လာ
(၇) နယူးယောက်မြို့ က လှူဒါန်းငွေ ၂၇၅၉၃ ဒေါ်လာ
(၈) အော်ဘာနီမြို့ က လှူဒါန်းငွေ ၉၉၅၀ ဒေါ်လာ
(၉) ဘတ်ဖဲလိုးမြို့ က လှူဒါန်းငွေ ၄၉၃၅ ဒေါ်လာ

လက်ခံရရှိခဲ့ပါတယ်။ လက်ခံရရှိတဲ့ အလှူငွေတိုင်းကို နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ အလှူငွေလက်ခံဖြတ်ပိုင်းများနဲ့ စနစ်တကျကောက်ခံခဲ့တာဖြစ်ပါတယ်။

(၁၀) ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဌာနခွဲမရှိသေးပေမယ့် ပြည်သူ့ဂုဏ်ရည်အသင်းကို ဆက်သွယ်ပြီး ဒေသခံများနဲ့ တွေ့ဆုံခွင့်ရအောင်ညှိနှိုင်းစီစဉ်ခဲ့တဲ့ ယူတီကာမြို့ မှာတော့ လှူဒါန်းငွေ ၈၂၆၀ ဒေါ်လာ ကောက်ခံရရှိခဲ့ပါတယ်။

အဲဒါကြောင့် ပြည်သူ့ဂုဏ်ရည် ဦးကျော်သူနဲ့ဒေါ်ရွှေဇီးကွက်တို့ရဲ့ အမေရိကန်ပြည်ထောင်စု အမှတ်တရ ခရီးစဉ် အတွင်းမှာ နာရေးကူညီမှုအသင်း(ရန်ကုန်)အတွက် ယနေ့အထိ ကောက်ခံရရှိထားတဲ့ အလှူငွေ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ တသိန်း၊ ငါးသောင်း၊ နှစ်ထောင်၊ နှစ်ရာ၊ သုံးဆယ့်တစ် ဒေါ်လာနဲ့ ငါးဆယ်ပြား (၁၅၂၂၃၁.၅၀) ဖြစ်ပါကြောင်း အဝေးရောက် တိုင်းရင်းသား မိသားစုများရဲ့ အလှူကို သာဓုခေါ်နိုင်အောင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်း ရဲ့ဖိတ်ကြားချက်ကို စေတနာ၊မေတ္တာများနဲ့ လက်ခံခဲ့ပြီး အမေရိကန်နိုင်ငံအနှံ့ မနေမနား ဆက်တိုက် ခရီးထွက်လို့ ပြည်သူ့ဂုဏ်ရည်အသင်းဝင်များ၊ ဒေသခံတိုင်းရင်းသားမိသားစုများနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံပေးခဲ့တဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ၊ ၂၀၁၀ခုနှစ် ပထမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင်၊ သရုပ်ဆောင်၊ ဒါရိုက်တာ ဦးကျော်သူနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခေါ်) ဒေါ်ရွှေဇီးကွက်တို့ကို ပြည်သူ့ဂုဏ်ရည်အသင်းက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါကြောင်းကိုလဲ မှတ်တမ်းတင်လိုက်ပါတယ်။

ဦးကျော်သူနဲ့ဒေါ်ရွှေဇီးကွက်တို့ကို အိမ်မပြန်မီ ဂုဏ်ပြုနှုတ်ဆက်ပွဲလေးကို အယ်လ်အေမြို့ မှာကျင်းပဖို့ စီစဉ်ထားပါတယ်။ ဂုဏ်ပြုနှုတ်ဆက်ပွဲတက်ရောက်လာသူများကို မုန့်ဟင်းခါးနဲ့ဧည့်ခံမှာဖြစ်ပြီး နာရေးကူညီမှု အသင်းပေးဆပ်မှု သမိုင်းကြောင်း ၄၀မိနစ်စာ မှတ်တမ်း ရုပ်ရှင်ကို ပြသမှာဖြစ်ပါတယ်။

ဂုဏ်ပြုနှုတ်ဆက်ပွဲကျင်းပမယ့် နေ့ရက်၊ အချိန်၊ နေရာ စတဲ့အစီအစဉ်များကတော့

နေ့ရက်၊ ဇွန်လ ၂၃ရက်၊ စနေနေ့
အချိန်၊ ညနေ ၆နာရီမှ ည၉နာရီ
နေရာ၊ အောင်ဇေခန်းမ - 635 East Garvey Ave, Monterey Park, CA 91755
ဝင်ကြေး၊ အခမဲ့

...... အချိန်တန်လို့ အိမ်ပြန်ကြတော့မယ့် ပြည်သူ့ဂုဏ်ရည်ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ကို မည်သူမဆို ရင်းရင်းနှီးနှီးလာရောက်နှုတ်ဆက်နိုင်ပါတယ်လို့ အယ်လ်အေမြို့ မှ ပြည်သူ့ဂုဏ်ရည်အသင်းက ဖိတ်ခေါ်ကြိုဆို လျက်ရှိကြောင်းပါခင်ဗျာ။

သတင်း - ကျော်ဝဏ္ဏ၊ တာဝန်ခံ(ယာယီ)၊ ပြန်ကြားရေး နှင့် မှတ်တမ်း ဗဟိုလုပ်ငန်းကော်မတီ

“မြန်မာပြည်မှာ တက္ကသိုလ်ရဲ့ လွတ်လပ်မှုနဲ့ အနှစ်သာရ ပျောက်ဆုံးနေတယ်”



ဗြိတိန်နိုင်ငံ အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ယူပြီးခါစ ဒေါက်တာ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – Reuters)
မြန်မာနိုင်ငံက တက္ကသိုလ်တွေကို လုံခြုံရေးအမြင်နဲ့ ထိန်းချုပ်နေတာကြောင့် တက္ကသိုလ်ရဲ့ လွတ်လပ်မှုနဲ့ အနှစ်သာရ ပျောက်ဆုံးနေရတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောလိုက်ပါတယ်။
“ကျမတို့ မြန်မာနိုင်ငံက လူငယ်တွေမှာတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်း လွတ်လပ်ခွင့်တွေလည်း မရှိ ကြပါဘူး။ ကျောင်းသားတွေ စည်းကမ်းတကျ ဖြစ်ဖို့လိုတယ်ဆိုတဲ့ အမြင်မျိုးနဲ့ ထိန်းထားချင်တဲ့ အတွက် တက္ကသိုလ် ကျောင်းသားတွေရဲ့ ဘ၀တွေဟာ မပီပြင် ပျက်ဆီးခဲ့ရပါတယ်။ ဒါဟာ မဖြစ်သင့်ပါဘူး။ ကျောင်းသားဆိုတာမျိုးက ဒီလို ထိန်းချုပ်ထားလို့ မ ရပါဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာရှိတဲ့ အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ ပြောခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်ကို အောက်စ်ဖို့ဒ် တက္ကသိုလ်က ၁၉၉၃ ခုနှစ်ကတည်းက ချီးမြှင့်ပေးအပ်ထားတဲ့ ဂုဏ်ထူးဆောင် မြို့ပြနှင့် ဒေသန္တရ ဥပဒေ ပါရဂူ (Honorary Doctorate in Civil Law) ဘွဲ့ကို လက်ခံရယူပြီးတဲ့ အချိန်မှာ မြန်မာပြည်က တက္ကသိုလ်တွေနဲ့ ပတ်သက်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
အောက်စ်ဖို့ဒ် တက္ကသိုလ်နယ်မြေကို ၂၄ နှစ်ကြာမှ ပြန်ရောက်ခဲ့ရတဲ့ နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ မိတ်ဆွေဟောင်းတွေ ဖြစ်တဲ့ St. Hugh တက္ကသိုလ် ကျောင်းသားဟောင်းတွေနဲ့လည်း  ပြန်လည်တွေ့ဆုံခွင့် ရခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါရဂူ ဘွဲ့မိန့်ခွန်းက နိုဘဲလ်ငြိမ်းချမ်းရေး မိန့်ခွန်းနဲ့မတူဘဲ ပေါ့ပေါ့ပါးပါး ပြောသွားတာ ဆိုပေမယ့် နားထောင်သူတွေကို ပြန်လည်နုပျိုသွားပြီး ကျောင်းသားဘဝတွေကို ပြန်အမှတ်ရသွားလောက်အောင် ဆွဲဆောင်မှုရှိတာ တွေ့ရပါတယ်။
အောက်စဖို့ဒ် တက္ကသိုလ် ကျောင်းဝန်းအတွင်းမှာ သူငယ်စဉ်က ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် ပညာ သင်ကြားခဲ့ရပုံတွေ၊ သမိုင်း နောက်ခံ အမျိုးမျိုးနဲ့ ရောက်လာတဲ့၊ အတွေးအမြင် မတူသူ သူငယ်ချင်းတွေနဲ့ အမြင် ဖလှယ်ခွင့် ရခဲ့တာတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောင်းပြောပြရင်း မြန်မာပြည်က တက္ကသိုလ် ကျောင်းသားတွေရဲ့ ဘ၀တွေနဲ့တော့ ကွာခြားတယ်လို့ သူက ပြောသွားပါတယ်။
တက္ကသိုလ်ဆိုတာ၊ ကျောင်းဆိုတာ လူငယ်တွေအတွက် သူတို့ရဲ့ ကိုယ်ပိုင် ကမ္ဘာတွေအဖြစ် ဖန်တီးရမှာ ဖြစ်တဲ့ အကြောင်း၊ ဒါမှမဟုတ်ရင်လည်း လက်ရှိ ကမ္ဘာကြီးကို သူတို့ စိတ်ကူးတွေနဲ့ ပိုင်ဆိုင်ခွင့်၊ ဖန်တီးခွင့် ရသင့်ကြောင်း၊ မြန်မာပြည်က တက္ကသိုလ် ကျောင်းသားတွေရဲ့ ဘ၀တွေကတော့ အနှစ်သာရ ကင်းမဲ့နေတဲ့အတွက် စိတ်မကောင်း ဖြစ်မိတယ် ဆိုတဲ့အကြောင်း သူက ဆိုပါတယ်။
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ပညာရေးစနစ်က အလွန်အရေးကြီးတဲ့အတွက် မြန်မာနိုင်ငံရဲ့ ပညာရေးစနစ် ပိုမို ကောင်းမွန်လာဖို့အတွက် နိုင်ငံတကာ အသိုင်းအဝန်းက ဝိုင်းဝန်းကူညီ ပံ့ပိုးပေးစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
သူ အောက်စ်ဖို့ဒ် တက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြားခဲ့ရတဲ့ အတွေ့အကြုံကို ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့အချိန်မှာ လူ့ယဉ်ကျေးမှု ပညာရပ်ကို သင်ယူခဲ့ရတဲ့အတွက် အကျိုးများတယ်၊ ပညာရပ်တွေကို လေ့လာ ရာမှာ ကျောင်းသင်္ခန်းစာ တခုတည်းက လေ့လာတာထက် လူ့ယဉ်ကျေးမှု ဘ၀ကြီးထဲက သင်ယူတာက ပို အကျိုးရှိတယ် ဆိုတဲ့အကြောင်း တွေလည်း ထည့်ပြောသွားပါတယ်။
လန်ဒန်ကနေ အောက်စဖို့ဒ်မြို့လေးဆီ ကားစီးလာတဲ့အချိန်မှာ ကားလမ်းက ပြေပြစ် ချောမွေ့နေပေမယ့် ကားမူးတဲ့ ဝေဒနာကို ခံစားရတယ် ဆိုတဲ့အကြောင်း၊ မြန်မာပြည်က လမ်းတွေကတော့ ကြမ်းတမ်းပေမယ့် သူ့အနေနဲ့ ခံနိုင်ရည် ရှိနေပြီ ဆိုတဲ့အကြောင်း ရယ်စရာ နှောပြီး ပြောဆိုချိန်မှာ နားထောင်တဲ့ပရိသတ်က လက်ခုပ်တီး ရယ်မောကြပါတယ်။
“အခုအချိန်မှာ မြန်မာနိုင်ငံဟာ လမ်းကြောင်းတခုပေါ် စပြီး လျှောက်လှမ်းနေပါပြီ။ ဒါပေမယ့် ဒီလမ်းဟာ အင်္ဂလန်မှာ အခု တွေ့နေရတဲ့ အဖြောင့်ဖြူးဆုံး လမ်းမျိုးတော့ မဟုတ်သေးပါဘူး။ ချောမွေ့မှု သိပ်မရှိသေးသလို၊ သေချာ ပြုပြင် ထိန်းသိမ်းထားတာလည်း မရှိသေးပါဘူး။ ပြောရမယ်ဆိုရင် အခုကျမတို့ ခရီးက ပန်းတိုင်ကို ရောက်သေးတာ မဟုတ် ဘူး” လို့ သူက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်စ်ဖို့ဒ် တက္ကသိုလ် St. Hugh’s College မှာ ၁၉၆၄ ခုနှစ်က စတင် တက်ရောက်ခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် ဖီလော်ဆော်ဖီ၊ နိုင်ငံရေး၊ စီးပွားရေး ဘာသာရပ်တွေနဲ့ B.A ဘွဲ့ကို ရခဲ့ပါတယ်။ လန်ဒန်တက္ကသိုလ်ရဲ့  School of Oriental and African Studies ကနေပြီးတော့လည်း ၁၉၈၅ ခုနှစ်မှာ ဒေါက်တာ ဘွဲ့ကို ရရှိခဲ့ပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၆၇ နှစ်ပြည့် မွေးနေ့ဖြစ်တဲ့ ဇွန်လ ၁၉ ရက် နေ့ကလည်း လန်ဒန်မှာ ရောက်ရှိနေတဲ့ တိဗက် ဘာသာရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ ၁ နာရီနီးပါး တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန် ပါလီမန် ၂ ရပ်မှာ မိန့်ခွန်း ပြောကြားမှာပါ။
မြန်မာ အတိုက်အခံခေါင်းဆောင်၊ လွှတ်တော် အမတ်၊ နိုင်ငံရေးပါတီတခုရဲ့ ဥက္ကဋ္ဌ အနေနဲ့ ဗြိတိန် ပါလီမန်မှာ စကား ပြောခွင့်ရတာဟာ ရှားပါးတဲ့ အခွင့်အရေး ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အရင်က ဗြိတိန် ပါလီမန် ၂ ရပ်မှာ အမေရိကန်နိုင်ငံ လက်ရှိ သမ္မတ ဘာရက် အိုဘားမားနဲ့ ပုပ်ရဟန်းမင်းကြီး Benedict XVI တို့လည်း မိန့်ခွန်းပြောကြား ခဲ့ဖူးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်တော်ဝင်မင်းသား ချားလ်စ်နဲ့ ကြင်ယာတော်တို့ကလည်း သူတို့ အိမ်တော်မှာ ဒီနေ့ တွေ့ဆုံဖို့ ဖိတ်ကြားထားတဲ့အပြင် ဗြိတိန် ၀န်ကြီးချုပ် မစ္စတာ ဒေးဗစ် ကင်မရွန် အပါအ၀င် ဗြိတိန် အစိုးရ ထိပ်ပိုင်း ခေါင်းဆောင် တွေနဲ့လည်း West minister ခမ်းမမှာ တွေ့ဆုံဦးမယ်လို့ သိရပါတယ်။
အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ လန်ဒန် ခရီးစဉ်အတွင်းမှာ ၁၉၉၉ ခုနှစ် မတ်လ ၂၇ ရက်နေ့က ဆီးကျိတ်ကင်ဆာနဲ့ ကွယ်လွန်သွားခဲ့တဲ့ ခင်ပွန်းသည် ဒေါက်တာ မိုက်ကယ်အဲရစ်ရဲ့ အုတ်ဂူကိုလည်း သွားရောက် ဂါရ၀ ပြုခဲ့ ပါသေးတယ်။


ဒေါက်တာ ဇာနည် သို့မဟုတ် အလုပ်ပြုတ်မှာ စိုးရိမ်နေရသော ငွေနောက်လိုက်နေသူတစ်ယောက်


ဒေါက်တာ ဇာနည်ဟာ နိုင်ငံရေး ခံယူချက် ပြင်းပြင်းထန်ထန် ရှိတဲ့သူမဟုတ်ပဲ သူ့အလုပ် ရာထူး တည်မြဲဖို့အတွက် အခုလိုမျိုး သွေးရူးသွေးတန်း အော်နေတာပဲ ဖြစ်ပါတယ်.... ဒေါက်တာ ဇာနည်ဟာ သမိုင်းကြောင်းကို သေခြာမလေ့လာပဲ ချင်း လူမျိုးဆိုတာ ၁၉၀၀ ခုနှစ် အစောပိုင်းမှာ မရှိဘူးလို့ ရမ်းတုတ်ခဲ့တာကို ဗြိတိသျှတွေ မြန်မာပြည်ကို မသိမ်းပိုက်ခင်ကတည်းက အီတလီ ကက်သလစ် သာသနာပြုအဖွဲ့က မှတ်တမ်းတင်ထားချက်အရ ချင်း လူမျိုးတွေဟာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ ကျော်ခန့်ကတည်းက ရှိပါတယ်တဲ့။ အဲ့ဒိအချိန်တုန်းက Chin-Lushai တိုင်းပြည်လို့လည်း ခေါ်ပါတယ်။ ချင်းတွေဟာ ချင်းတွင်းမြစ်ဝှမ်းတလျှောက် နေထိုင်ကြပါတယ်။ မြန်မာ့သမိုင်းမှာလည်း ပုဂံမြို့တစ်ဝိုက်မှာ ချင်းလူမျိုးများ နေထိုင်ကြတယ်လို့ ဖော်ပြထားပါတယ်။

ဗြိတိသျှ ကိုလိုနီတွေဟာ ချင်းတွေကို ခရစ်ယာန်အဖြစ် သိမ်းသွင်းခဲ့တာပဲ ဖြစ်ပါတယ်။ နိုင်ငံတစ်ခု အနေနဲ့ အဲ့ဒိနိုင်ငံမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ကတော့ ချင်းလူမျိုးတွေဟာ ချင်းပြည်နယ်နဲ့ မီဇိုရမ် တစ်လျှောက်မှာ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်း မြောက်များစွာကတည်းက နေထိုင်ခဲ့ပါတယ်လို့ ချင်းလူမျိုးတစ်ယောက်က ဒေါက်တာဇာနည်ရဲ့ ရေးသားတဲ့ စာကို ဖြေရှင်းသွားပါတယ်...... အခုလို သမိုင်းကြောင်းတောင် သေခြာမသိတဲ့ ဒေါက်တာဇာနည်ဟာ ၁၉၈၈ မတိုင်မှီက တိုးရစ်ဂိုက်လုပ်ခဲ့တယ်ဆိုတာ အရမ်းကို အံ့သြဖို့ကောင်းပါတယ်.....

ရိုးရိုးသားသားနဲ့ တိုးရစ်ဂိုက်ကို တကယ်မြတ်နိုးလို့ အလုပ်လုပ်နေတဲ့ လူတွေနဲ့မတူပဲ ပိုက်ဆံအရလွယ်လို့ တိုးရစ်ဂိုက်လုပ်ခဲ့တဲ့ ဒေါက်တာဇာနည်ရဲ့ စိတ်ဓါတ်ကိုလည်း သိလိုက်ရပါတယ်။ ပြည်သူတွေ လွတ်လပ်စွာ လှုံ့ဆော်နေတဲ့ တိုင်းရင်းသား မဟုတ်တဲ့ ဘင်္ဂါလီတွေကို သူ့နေရပ် သူပြန်ဖို့ ကိစ္စ၊ BBC နဲ့ Anna Jones ကိုတောင်းပန်ဖို့ Petition ကို အမြင်ကျဉ်းမြောင်းတဲ့ နာဇီစိတ်ဓါတ် ရှိသူများလို့ ဝေဖန်လိုက်ကတည်းက လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခြင်း ဆိုတာကိုတောင် နားမလည်တဲ့ ဒေါက်တာဇာနည်ဟာ အမေရိကားမှာ ဒီမိုကရေစီဆိုတဲ့ စကားလုံးတွေကို ထည်လဲသုံးခဲ့ပြီး အခုနောက်မှာ အမြှီးထုတ်ထားတဲ့ ဘွဲ့တွေကို ပိုင်ဆိုင်ထားတာဟာ ခါတော်မှီ လုပ်စားလို့ ကောင်းမှာမို့လို့ ယူတယ်ဆိုတာ သဘောပေါက်လိုက်ပါတယ်။ အခုလက်ရှိ အလုပ်လုပ်နေတဲ့ တက္ကသိုလ်မှာ ရာထူးမြဲချင်တော့ ဒေါ်စု ရှေ့ဆက်နေတဲ့ လမ်းစဉ်ကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်။ လူ့အခွင့်အရေးဆိုတဲ့ ခေါင်းစဉ်ကိုသုံးပြီးတော့ အဲ့ဒိလို ဟိုဘက်ယိမ်းလိုက် ဒီဘက်ယိမ်းလိုက်ဆိုတော့ ဒေါက်တာ ဇာနည့် နေရာကို ၀င်ယူချင်တဲ့ ဒေါက်တာဇာနည်ထက် အဆပေါင်းများစွာ တော်တဲ့ နိုင်ငံပေါင်းစုံက ပညာရှင်တွေကို ခဏ ခေါက်ထားနိုင်တာပေါ့။

မြန်မာပြည်မှာ အခွင့်အရေးလေးများ ရမလားလို့  မြန်မြန်လိုချင်တော့ ဗိုလ်ချုပ်ခင်ညွန့်ကို ဖားခဲ့တဲ့ ဒေါက်တာ ဇာနည်တစ်ယောက် ဗိုလ်ချုပ်ခင်ညွန့် အိမ်နိမ့်စံဘ၀ ရောက်သွားတဲ့အချိန်မှာ ဦးသန်းရွှေရဲ့ ရန်သူစာရင်းကို အလိုလိုပါသွားပါလေရော... အဲ့ဒိလိုပါသွားလေတော့ လူကြားကောင်းအောင် အရှက်ပြေ အခုမှ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တွင်တွင် ပဋိစသမ္မုပ္ပတ်လို ရွတ်လာတာ သိတ်တော့ အထူးအဆန်းမဟုတ်ပါဘူး။ မြန်မာပြည်ကို ပြန်ဝင်ဖို့အတွက် ဖားစရာလူမရှိတဲ့နောက်မှာတော့ ဒေါက်တာဇာနည်ဟာ တိုင်းပြည်တည်ထောင်သော သူရဲကောင်းများလို့ ငါတို့ညွှန်းဆိုတဲ့ ဘုရားကဖြစ်စေချင်တဲ့ ပုံစံဆိုပြီး ၀ါဒဖြန့်ထားတဲ့ လူသတ်သမား၊ အတင်းအဓမ္မ ဓါးပြတွေဟာ ဗြိတိန် သခင်ကြီးပြီးတော့ သခင်လို့ ကျွန်ုပ်တို့ခေါ်နေတဲ့ ဖက်ဆစ်ဝါဒီများ၊ AFPFL နိုင်ငံရေးသမားများ ခေါ်နေတဲ့ ပါလီမာန်အမတ်မင်းနှင့် ဥက္ကဌ၊ နောက်တော့ ဗိုလ်ချုပ် အခုအခါမှာတော့ သမ္မတကြီးဆိုပြီး ဝေဖန်ထားတဲ့ စာကိုကြည့်ခြင်းအားဖြင့် ဒေါက်တာဇာနည်ရဲ့ အဆင့်အတန်းကို သိနိုင်ပါတယ်။ ကိုယ်ယူထားတဲ့ ဘွဲ့နဲ့လိုက်လျောညီထွေမှုမရှိ ပိုက်ဆံမလှူတဲ့အခါမှာ ရန်ရှာတတ်တဲ့ လမ်းဘေးက သူတောင်းစားသာသာ အရေးအသားကို တွေ့ရမှာပါ။

နောက်ဆုံးမှာတော့ ကိုယ့်အခွင့်အရေးရဖို့အတွက်ကို နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားလုံးပန်းပြီး လက်ရှိအလုပ်ကလေး မပြုတ်သွားရေးဟာ မြန်မာပြည်သူလူထု အရေးထက်ပိုပြီး ဒေါက်တာဇာနည်အတွက် အရေးကြီးလေတော့ Long Live Rohingya လို့ထပြီးတော့ ဟစ်တလာရဲ့ Long Live Nazi ကိုအားကျစွာနဲ့ ကြွေးကြော်လာပါတော့တယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ကိုယ်ယုံကြည်ရာ ပန်းတိုင်ကိုပဲ ဆက်လက်သွားဦးမှာပါပဲ... မြန်မာပြည်ရဲ့ သမိုင်းကြောင်းမှာတော့ ဖျက်မရတဲ့ အစွန်းအထင်းနဲ့ နောက်ပြန်ဆုတ်ဖို့ ခက်ခဲနေတဲ့ ဒေါက်တာဇာနည်ရဲ့ ရှေ့ကို ဒယီးဒယိုင်ဆက်နေမဲ့ ခြေလှမ်းတွေကိုလည်း တွေ့နေကြဦးမှာပါ။ အဆုံးသတ်အနေနဲ့ကတော့ ဒေါက်တာဇာနည် ဖြစ်စေချင်တဲ့ Rohingya တွေကို အဓွန့်ရှည်စေဖို့အတွက် ဒေါက်တာဇာနည်ရဲ့ ချစ်လှစွာသော ရင်သွေးလေးကိုပါ ရိုဟင်ဂျာများနဲ့ သွေးနှောစေခြင်းအားဖြင့် ဒေါက်တာဇာနည်ကဲ့သို့သော မျိုးဆက်များပြန့်ပွားသင့်ရန် ကြိုးစားသင့်ကြောင်းလည်း အကြံပြုလိုက်ပါတယ်။ ပိုက်ဆံရမယ်ဆို ဘ နဖူးတောင်သိုက်တူးယုံမက အမျိုးသားရေးပါ သစ္စာဖောက်ရဲတဲ့ ဒေါက်တာဇာနည့်အတွက် မပြောပလောက်တဲ့ စွန့်လွှတ်မှုတစ်ခုဖြစ်သလို ဒေါက်တာဇာနည် ကြွေးကျော်ပေးတဲ့ ရိုဟင်ဂျာလူမျိုးတွေအတွက် လက်တွေ့ကျတဲ့ ချီးမြှောက်မှု တစ်ခုလည်း ဖြစ်မှာပါပဲ.....



ဒေါက်တာဇာနည် ကင်ပွန်းတပ်တဲ့  Neo Fascist ဆိုတဲ့ကျွန်တော်လည်း ဒေါက်တာဇာနည် ရေးသလိုပဲ ရေးတတ်သလို ရေးကြည့်ပါတယ်။ မြန်မာပြည် တောနယ်တစ်နယ်က မွေးဖွားလာတဲ့ စာမတတ်ပေမတတ် တစ်ယောက်ဆိုတော့လည်း အရေးအသားက ပညာရှင်မဆန်ပဲ တောသားလို ဒဲ့ဒိုးဖြစ်တာတော့ ခွင့်လွှတ်ပါဗျား...... ကျေးဇူးတင်ပါတယ်။ ဒီစာဖတ်မိသူများ ဒေါက်တာဇာနည်ကို လက်တို့နိုင်စေဖို့ ဒေါက်တာဇာနည်ရဲ့ လင့်လေးပါ ထည့်ပေးလိုက်ပါတယ်ဗျား.. (http://www.facebook.com/profile.php?id=1795055329&sk=wall)

  ရေးသားသူ 
 James Mmt

ဗဟန်းမြို့နယ် ယုဇနဟိုတယ်၌ နိုင်ငံခြားသား အမျိုးသမီးတစ်ဦး အသတ်ခံရ

 
တိုးကြီး

အတွဲ ၂၉ ၊ အမှတ် ၅၇၄ (၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)
၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက် အနောက်ရွှေဂုံတိုင်လမ်းပေါ်ရှိ ယုဇန ဟိုတယ် အခန်းအမှတ်(၈၀၅)တွင် နိုင်ငံခြားသား အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိ၍ ဗဟန်းရဲစခန်းမှ ဒုရဲအုပ် ခင်ဇော်ထွန်းနှင့် တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့သည်။
သေဆုံးသူ အမျိုးသမီးတွင် ၀ဲယာရင်အုံ ပြတ်ရှ ဒဏ်ရာ ရှစ်ချက်၊ ၀မ်းဗိုက်တွင် ၁၀ လက်မခန့် ပေါက်ပြဲဒဏ်ရာ၊ အူထွက် ချက် အောက်နား မိန်းမအင်္ဂါ အထိ ရှစ်လက်မခန့် ပေါက်ပြဲဒဏ်ရာ များရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။
အခင်းဖြစ်ပွားရာအခန်းတွင် တောင်ကိုရီးယားနိုင်ငံသား Mr Kimhoeong Coek (၅၇ နှစ်) နှင့်အတူ ဇနီးဖြစ်သူ Ms Kim Pun Nani
(၅၅ နှစ်)တို့ တည်းခိုနေကြောင်း သိရသည်။
၎င်းတို့ ဇနီးမောင်နှံနှစ်ဦးသည် ဇွန်လ ၁၆ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိပြီး ဇွန်လ ၁၇ ရက်နေ့တွင် ပုဂံ-ညောင်ဦး၊ ဇွန်လ ၁၈ ရက်နေ့တွင် အင်းလေးသို့ သွားရောက်ခဲ့ကြပြီး ဇွန်လ ၁၉ ရက်၊ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်တွင် ယုဇနဟိုတယ်သို့ ပြန်လည်ရောက် ကြပြီး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
၎င်းသေဆုံးမှုနှင့် ပတ်သက်၍ မသင်္ကာသူ သေဆုံးသူ၏ခင်ပွန်း Mr Kimhoeong Coek အား ဗဟန်းရဲစခန်းက (ပ)၂၉၇/၁၂ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချိုတူးဇော်ရဲ့ ... ဘက်ဂီယာ





ဘက်ဂီယာ

လက်ရှိ အစိုးရ ဟာ လုံးဝ မရိုးသားတဲ့ အပြင် ဘယ်လိုပဲ “ဒီမိုကရေစီ” နာမည်တပ်တပ်၊ ဘယ်လိုပဲ “ဒီမိုကရေစီ” အရေခြုံခြုံ၊ ဘယ်လိုပဲ “ဒီမိုကရေစီ” လမ်းကြောင်းကို သွားနေပါတယ် လို့ပဲပြောပြော
နောက်ကြောင်းပြန် အာဏာရှင်လမ်းကြောင်း ကို ဖြောင့်ဖြောင့်ကြီး ဘက်ဂီယာထိုး ဆုတ်ခွာသွားနေပြီ ဆိုတာ ဒီနေ့နိုင်ငံရေး အခြေအနေတွေက ပြလို့ နေပါပြီ။

ကြားဖြတ်ရွေးကောက်ပွဲ ရဲ့ ရလာဒ်ဟာ ၉၀ ရလာဒ်လိုပဲ စစ်အုပ်စု ကို အရှိုက်ထိ၊ အငိုက်မိ သွားခဲ့ရတဲ့ ရလာဒ် တခုပါ။ ၉၀ တုန်းကလည်း ဒီလောက်တော့ ပိုးစိုးပက်စက် ရှုံးလိမ့်မယ် မထင်ခဲ့ပေမယ့်၊ ရှုံးခဲ့တယ်။
ခုတခါ နှစ် ၂၀ ကျော် အခိုင်အမာ တည်ဆောက်ထားတဲ့ ခံတပ်ကြီးတွေ၊
ကတုတ်ကျင်းတွေဟာ နာရီပိုင်းအတွင်း ကျရှုံးလိုက်ရတဲ့ စစ်ပွဲ တပွဲ
ကို မျက်ဝါးထင်ထင် ကြုံတွေ့လိုက်တဲ့အခါမှာ မစားရတဲ့ အမဲ သဲ နဲ့ပက်၊ မင်းသားကြီး မလုပ်ရရင် ပတ်မကြီးကို ထိုးဖေါက်တယ် ဆိုတဲ့ တိုင်းပြည်မျက်နှာကို မထောက်၊ ပြည်သူမျက်နှာကို
မထောက်တဲ့ လုပ်ရပ်တွေကို တခု ပြီး တခု သာ ကျူးလွန်တော့တယ်။

သိသာလွန်းတဲ့ အဓိကရုဏ်းတွေကို သိသိသာသာပဲ ဖန်တီးပြီး လူတွေသေကြေကြ၊ အိမ်ရာတွေ မီးလောင်ကြ တဲ့ ရက်ပိုင်းလေး တော်တော်
ကြာအောင် အစိုးရဟာ ငြိမ် နေခဲ့တယ်။
ဒီလို ငြိမ်တာမျိုးဟာ ၂၀၁၀ တုန်းကလည်း ဖုံးမနိုင်၊ ဖိမရ တခါငြိမ်ခဲ့ဖူးတယ်။
ဒီတခါမှာ သမ္မတဦးသိန်းစိန်၊ ဦးရွှေမန်းတို့ကို နောက်က အုပ်စုတစု က ချုပ်
ကိုင်ထားလိုက်ပြီ လို့တောင် ကျနော်ထင်ခဲ့မိပါတယ်။
ဒါပေမယ့် သမ္မတဦးသိန်းစိန်ဟာ ရက်အနည်းငယ် ကြာတဲ့အခါမှာ (သူပျောက်နေတာကို ပြည်သူတွေကြားထဲမှာ ပြောဆိုဝေဖန်မှုတွေ များလာတဲ့အခါမှာ) လူလုံးထွက်ပြပြီးသွားတယ်။

အပြုသဘော ကို သွားနေပါတယ်။ နောက်ကြောင်းပြန်မလှည့်တော့ပါဘူး တွင်တွင်ပြောနေတဲ့ အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခရီးစဉ်နဲ့ နိုဘယ်လ်ဆုပေးပွဲ အခမ်းအနား၊ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ လျှမ်းလျှမ်းတောက် ဂုဏ်ပြုပွဲ အခမ်းအနားအကြောင်းတွေကို စိုးစိမှ ဖေါ်ပြ
ခြင်း မပြုသလို၊ အင်မတန် လူကြီးလူကောင်းဆန်ပါတဲ့ ပြန်ကြားရေး ညွှန်ချုပ်
ကြီးကလည်း ဟန်မဆောင်နိုင်အောင် ကို နိုင်ငံတကာ မီဒီယာမှာ ပေါက်ကွဲ
ပါတော့တယ်။

တကယ်တော့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အ၀ါ ကို ဒီလောက်ထိ သူတို့ တွက် ထားဟန်မတူပါဘူး။

ဒီလူတွေဟာသိပ်မကြာသေးခင် လ ပိုင်းကလေးကမှ သူတို့ အင်မတန်မှ ပြုပြင်ပြောင်းလဲ လို ပါကြောင်း၊ ဒီမိုကရေစီ ဘက်တော်သားများ
ဖြစ်ပါကြောင်း (ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း က အစ) သူတို့ ကို လူတွေ က အထင်အမြင်မှားနေကြောင်း ဖရိုဖရဲ ပြီတီတီ အပြုံးတွေနဲ့ သတင်း စာနယ်ဇင်း မျက်နှာတွေမှာ အတိအလင်း ပြောခဲ့တယ်။
ခု အဲဒီ ဟန်ဆောင် မျက်နှာဖုံးတွေကို ဟန်တောင် မဆောင်နိုင်တော့ဘဲ ကွာ ကျခဲ့ရတယ်။

သေချာ သုံးသပ်ပါ။
ဒီရက်ပိုင်း အတွင်းမှာ လက်ရှိအစိုးရ ရဲ့ ခြေလှမ်းတွေဟာ အရင် စစ်အစိုးရ ရဲ့
ခြေလှမ်းတွေ အတိုင်းပဲ တထပ်တည်း ကို တူ ပါတယ်။

သမ္မတဦးသိန်းစိန် ဟာ သူတို့ ပြန်ပေးဆွဲ မခံထားရကြောင်း သက်သေ ထူတဲ့
အနေနဲ့ ဒုတိယမိန့်ခွန်း ကို ကာလံဒေသံ ဘာမှ မအပ်စပ်ပဲ ပြောသွားတယ်။
တချိန်တည်းမှာ အဲဒီမိန့်ခွန်းဟာ ကြံ့ဖွံ့စစ်အာဏာရှင်တွေ ရဲ့ မစားရ၀ခမန်း အိပ်မက်တွေ ကို ဖုံးမနိုင်ဖိမရ ပေါ်လွင်နေတယ်။

ကြံ့ဖွံ့စစ်အုပ်စုတွေဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ရလာဒ်ကို ပြန်မေ့နေတယ်။ အဲဒီတုန်း က ကြိုတင်မဲတွေနဲ့ မဲလိမ် မဲခိုး မှု တွေမလုပ်ရင် ခု ကြားဖြတ်ရွေးကောက်ပွဲ နဲ့ သိပ်မကွာတဲ့ အခြေအနေ
ကို ရခဲ့တယ် ဆိုတာ လူတိုင်းသိတယ်။
တစည နဲ့ ၂ ပါတီတည်း ပြိုင်တဲ့ နေရာမှာတောင် တစည နိုင်ခဲ့တယ်။
၂၃ နှစ်လုံးလုံး လမ်းတွေ၊ တံတားတွေ၊ ဆည်တွေ ဘယ်လောက် ဖေါက်ခဲ့
ပါကြောင်း အပ်ကြောင်းထပ်အောင်ပြော၊ နောက် ရွေးကောက်ပွဲ ကာလမှာ
ဇွတ်အတင်း လမ်းတွေ ခင်းပြ နဲ့ သရုပ်ပျက်ခဲ့တဲ့ တိုင် ပြည်သူရဲ့ အော့နှလုံး
နာ မှု ကို သူတို့ ပြန် အဖတ်မဆည်နိုင်တော့ဘူး။
ခုလည်း မစားရ၀ခမန်း စီမံကိန်းတွေကို ပြောပြီး “ဒါတွေ ရှိပါတယ်” လို့
ချစ်တီးကုလားက ခြေကျင်းတွေ၊ လက်ကောက်တွေ တပြပြ ချစ်ရေးဆို သလို
ဆို မဆုံး လုပ်ပြန်ပြီ။ ဒီလိုနည်းနဲ့ ပြည်သူ ကို စည်းရုံးနေသလို တဘက်က
ရိုဟင်ဂျာရေးနဲ့ တပ်မတော်ဟာ ဘယ်လောက် အနစ်နာ ခံ၊ ဘယ်လောက် တန်ဖိုးကြီး အရေးကြီးပါကြောင်း “ပြ” နေပြန်တယ်။
တချိန်တည်းမှာလည်း သူတို့ စ ခဲ့တဲ့ ဒီမီးကို ဆွဲ ပြီး မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ စီမံကိန်းနဲ့ ပြည်သူကို အကြပ်ကိုင်နေတယ်။

ဒါပေမယ့် တချိန်တည်းမှာကို သူတို့ရဲ့ အတွင်း အဇ္ဈတ္တကနေ ဖုံးမရ၊ ဖိမရ၊
ယောက်ျားရင့်မာကြီးတွေတန်မဲ့ ပူလုံးကြွ လာတဲ့ ဣဿာ မစ္ဆရိယ တွေက
အံ့သြစရာကောင်းလောက်အောင် ပေါ်လို့နေတယ်။ ရှေ့က ဘယ်လို ဟန်ဆောင်ထားထား၊ နောက်က အစွယ်တွေ ကို ဖုံးမနိုင် ဖြစ်နေပြီ။

ဒါပေမယ့် ဒီလူတွေရဲ့ ယုတ်မာပက်စက်တဲ့ ပြည်သူ့သွေးကို မျက်ရည်ကို ခင်း
ပြီး သူတို့ အာဏာအတွက် ဖန်တီးခဲ့တဲ့ အဓိကရုဏ်းကြောင့် ပြည်သူအများစု
ဟာ သူတို့လိုသလို ဖန်တီးရာနောက် ကို ပါသွားရတယ်။

ခုချိန်မှာ ဦးသိန်းစိန်၊ ဦးရွှေမန်းတို့ဟာ ပြန်ပေးဆွဲ ခံနေရတာလား၊
ဒါမှမဟုတ် တကြိတ်တည်း တဥာဏ်တည်းပဲ လား ဆိုတာ
ဘယ်သူမှ မပြောနိုင်ပါ။

သေချာ စိစစ် သုံးသပ်ပါ။ လက်တွေ့ ကျကျ စဉ်းစားပါ။

စနစ်တကျ ဖွဲ့စည်းထားတဲ့ ကချင် ကေအိုင်အေတပ်ဖွဲ့ တွေကို လက်နက်ကြီး လက်နက်ငယ်တွေ နဲ့ တပ်မကြီးတွေ အမျိုးမျိုး ထိုးစစ် ဆင်နိုင်တဲ့ တပ်၊

မဲသဝေါ၊ မာနယ်ပလော တကယ့် အခိုင်အမာ ကေအန်ယူစခန်းကြီးတွေကို
တိုက်ခိုက်ဖြိုခွင်းနိုင်ခဲ့တဲ့ တပ်၊ အဲဒီ လို တပ်ရင်းတပ်မကြီးတွေ အများကြီး ရှိတဲ့ တပ်မတော်ကြီးဟာ ရခိုင်ပြည်နယ် ထဲမှာ ဟိုမှာ ရွာလုံးကျွတ် ဘင်္ဂလီတွေ ၀င်မီးရှို့သွားသတဲ့၊ ဒီမှာ ခေါင်းဖြတ်သွားသတဲ့ ဆိုတဲ့ သတင်းတွေ ထွက်လာ ရတာ ဘာမှ မဆိုင်သလို ပဲ။

သေချာ စဉ်းစားဆင်ခြင်ပါ။
ရခိုင်ပြည်ရောက် သတင်းထောက်တွေ ရဲ့ သတင်းတွေကို ဖတ်ပြီး ဝေဖန်သုံးသပ်ပါ။
ဘင်္ဂလီတွေမှာ သေနတ်ဘယ်နှလက်များ ပါနိုင်မလဲ။ တုတ်တွေ၊ ဓါးတွေ၊
ဓါတ်ဆီပုလင်းတွေနဲ့ သာ သောင်းကျမ်းနေတယ်။
စစ်တပ် က နည်းနည်း ၊ လုံထိန်း က မလောက်မငှ နဲ့ လို့ သတင်းတွေ ဖတ်နေရတယ်။

အာဏာ ကို တည်ဆောက်ဖို့အတွက် ဒီလို မသမာတဲ့နည်း နဲ့ ပြည်သူ့သွေး
ကို မြေကျအောင်၊ လူမျိုးခြား ၊ ဘာသာခြားတွေ ဆီမှာ အစော်ကားခံရအောင်
လုပ်နေတယ် ဆိုရင် ခင်ဗျားတို့ ဒီအာဏာကို လက်လွှတ်ရချိန်နီးပြီ၊ ခင်ဗျားတို့ဟာ ကမ္ဘာမှာ ရှိရှိသမျှ အာဏာရှင်တွေ ကျဆုံးခဲ့သလို၊ ကျဆုံးဖို့
အရမ်းနီးကပ်လာပြီ လို့ပဲ သတိပေးမယ်။
ကဒါဖီ တို့၊
ဆဒမ်ဟူစိန် တို့ နောက်ကို လိုက်ဖို့ သာ ပြင်ထားကြတော့ လို့ အတိအလင်း ပြောချင်တယ်။ ဒီတခါ ခင်ဗျားတို့လုပ်ရပ် ပေါ်ပြီ ဆိုတာနဲ့ ပြည်သူက ခင်ဗျားတို့ ဘယ်လို လှည့်စား လှည့်စား လက်ခံတော့မှာ မဟုတ်ဘူး။

ချိုတူးဇော်

ဧရာဝတီ ဒိတ်လိုင်း DATE LINE သတင်း ဆွေးနွေးပွဲ သတင်း

ကိုအောင်ဇော် ကိုလင်းသန့် နှင့် ကိုခက်ထန်တို့ ဆွေးနွေးကြပါတယ်..။

စွန့်လွှတ်အနစ်နာ ခံခဲ့ရတာကို ပုံကြီးမချဲ့ချင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော

















အောက်စ်ဖို့ဒ်က မိတ်ဆွေဟောင်းတွေနဲ့ ရင်းရင်းနှီးနှီး စကားပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – Reuters)
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မိသားစုနဲ့ နှစ်အတန်ကြာ နေထိုင်ခဲ့တဲ့ အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ဒ်မြို့ကို သူ့ရဲ့ အသက် ၆၇ နှစ် မွေးနေ့ ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ပြန်လည် ရောက်ရှိ လည်ပတ်ခဲ့ပြီး မိတ်ဆွေဟောင်းတွေနဲ့ ဝမ်းမြောက်ဝမ်းသာ တွေ့ဆုံ ခဲ့ပါတယ်။
အောက်စ်ဖို့ဒ် အနောက်ပိုင်းက လူတွေအဖို့ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်ဘီးလေးစီးပြီး ဈေးဝယ် ထွက်တတ်တဲ့ ပိန်ပိန်သေးသေး အိမ်ရှင်မတယောက်၊ ဖော်ရွေပြီး ခင်မင်စရာ ကလေး ၂ ယောက် မိခင် အိမ်နီးနားချင်း တယောက် ဖြစ်ခဲ့တာကို အမှတ်ရကြပါတယ်။
၁၉၈၈ ခုနှစ်က မိခင်ကြီး ဒေါ်ခင်ကြည် နာမကျန်းဖြစ်လို့ မြန်မာပြည်ပြန်ခဲ့ရာက မြန်မာပြည် နိုင်ငံရေးထဲမှာ ပါဝင်လာရပြီး မိသားစုရှိရာကို မပြန်နိုင်ခဲ့တာ ၂၄ နှစ်တာ ကြာခဲ့ပါပြီ။
“ကျမ စိတ်မချမ်းသာပါဘူး။ ခဏခဏလည်း ပြောဖူးပါတယ်။ ကျမ အနစ်နာခံ စွန့်လွှတ်ခဲ့တာကို ပုံကြီးမချဲ့ချင်ဘူး။ ဒါ ကျမကိုယ်တိုင် ရွေးချယ်ခဲ့တာပါ” လို့ လန်ဒန်အခြေစိုက် ITV ရုပ်သံ အမေးအဖြေမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။
မြန်မာပြည်ရဲ့ ကံကြမ္မာကို ဦးဆောင်တာဝန်ယူဖို့နဲ့ မြန်မာစစ်ခေါင်းဆောင်တွေက ပြည်ဝင်ခွင့် ပြန်မပေးတော့မှာ စိုးရိမ်လို့ ခင်ပွန်းဖြစ်တဲ့ တိဘက်ရေးရာ ကျွမ်းကျင်သူ ဒေါက်တာ မိုက်ကယ်အဲရစ် ဆီးကျိတ်ကင်ဆာနဲ့ ကွယ်လွန် သွားခဲ့တာတောင် ပြန်မလာ နိုင်ခဲ့ပါဘူး။
“တကယ် အနစ်နာခံရတာက ကျမ ခင်ပွန်းနဲ့ သားတွေပါ။ အထူးသဖြင့် ကျမ သားတွေပါ။ ခင်ပွန်းဖြစ်သူက အသက်အရွယ် အရ ရင့်ကျက်နေပြီ။ ကျမသားတွေ ငယ်သေးတယ်။ မိဘနှစ်ပါးစလုံး အနားမှာ မရှိတော့ သူတို့ဘဝအတွက် အင်မတန် ခက်ခဲမယ်။ ကျမ ရင်ထဲ မကောင်းဘူး။ နောက်ဆုံးတော့ … ဪ၊ တခုလိုချင်ရင် တခုတော့ စွန့်လွှတ်ရမှာပဲလို့ ဖြေသိမ့်မိတယ်” လို့ သူက ဆက်ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အောက်စ်ဖို့ဒ်မြို့လေးဆီ ပြန်လာတာကို လက်ရှိ အောက်စ်ဖို့ဒ် တက္ကသိုလ်အုပ်ချုပ်ရေးမှူး၊ တချိန်က ဟောင်ကောင်ရဲ့ အုပ်ချုပ်ရေးမှူးဖြစ်တဲ့ မစ္စတာ ခရစ်ပတ်တန်က တရားဝင် အခမ်းအနားနဲ့ ကြိုဆိုခဲ့ပြီး စိန့်ဟျူးကောလိပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျောင်းနေဘက်တွေက သူ့ရဲ့ အသက် ၆၇ နှစ် မွေးနေ့ကို ကျင်းပပေးခဲ့တယ်။
အောက်စ်ဖို့ဒ်မှာ ဆက်နေနေတဲ့ သားငယ် ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းကို အော်စလို နိုဘဲလ် ဆုချီးမြှင့် ပွဲမှာကတည်းက အများက မြင်တွေ့နေရပေမယ့် အမေရိကန်မှာ နေနေတဲ့ သားကြီး အလက်ဇန်းဒြားကိုတော့ အခုထိ မတွေ့မမြင် ရသေးပါဘူး။
အောက်စ်ဖို့ဒ်ကို ဒေါ်အောင်ဆန်းစုကြည် ပြန်လာတဲ့အချိန်မှာ မြန်မာတွေ အပါအဝင် လူ ၄၀၀ လောက်က စောင့်ကြို နှုတ်ဆက်ခဲ့ကြ ပါတယ်။
မနေ့က ကျရောက်တဲ့ သူ့မွေးနေ့မှာ သွားလေရာ မွေးနေ့ဆုတောင်းပေးတဲ့ သူတွေနဲ့ လူတိုင်းက နှုတ်ခွန်းဆက်ကြတဲ့ အပြင် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝီလျံဟိတ်သ် ကလည်း အင်္ဂလန်ပါလီမန် အမတ်တွေကို မွေးနေ့ဆုတောင်း ပို့ပေးကြဖို့ ပြောပါသေးတယ်။
ဒါ့အပြင် လန်ဒန်စီးပွားရေးနဲ့ နိုင်ငံရေးသိပ္ပံကျောင်း (LSE) က စီစဉ်ကျင်းပတဲ့ စကားဝိုင်းမှာ ပါဝင်ဆွေးနွေးခဲ့ပြီးတော့ အဲဒီကျောင်းက ဒေါ်အောင်ဆန်းစုကြည်ကို မွေးနေ့ လက်ဆောင်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံကို ပေးအပ်ခဲ့ပါသေးတယ်။
အဲဒီဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ကုစားနိုင်မှာ မဟုတ်ဘူးလို့ ရာနဲ့ချီတဲ့ ကျောင်းသားကျောင်းသူတွေ၊ ပညာရှင်တွေကို ပြောကြားခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ လာမယ့်ကာလမှာ ခရီးကြမ်းဖြတ်ကျော်ရလိမ့်မယ် ဆိုတာကို သတိပြုမိစေဖို့ အတွက် မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု ရှိဖို့ ဘယ်လို ဆောင်ရွက်မလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ LSE က စကားဝိုင်း ကျင်းပခဲ့တာပါ။
“အချိန်က ကုစားမှာမဟုတ်ဘူး၊ အတိတ်ကအမှားတွေအတွက် ဝန်ခံရမှာဖြစ်တယ်။ ဒီမိုကရေစီဖော်ဆောင်ရေး၊ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပတ်သက်ပြီး ကျမတို့ မျှော်လင့်တဲ့ တိုးတက်မှုတွေက တရားဥပဒေ စိုးမိုးရေးရဲ့ အရေးကြီးမှုကို နားလည်တဲ့အပေါ်မှာ အများကြီးမူတည်တယ်” လို့လည်း သူက ဆိုပါတယ်။
ပြီးတော့ BBC သတင်းဌာနကို သွားရောက်ခဲ့ပါတယ်။ BBC မှာ ဒေါ်အောင်ဆန်းစုကြည် အကြိုက်ဆုံး ဒီဂျေ မစ္စတာဒေ့ဗ်လီး ထရာဗစ် ကို ခဏ ဝင်နှုတ်ဆက်ပါတယ်။ အခု စီးပွားဖြစ် ရေဒီယိုတခုမှာ ပြောင်းရွှေ့လုပ်ကိုင်နေပြီဖြစ်တဲ့ ဒီဂျေရဲ့ တေးဂီတ အစီအစဉ်ဟာ နေအိမ်အကျယ်ချုပ် ကာလများအတွင်း ဒေါ်အောင်ဆန်းစုကြည် မပြတ်နားဆင်ခဲ့တာပါ။
ဒီနေ့ ဇွန်လ ၂၀ ရက်နေ့မှာတော့ အောက်စ်ဖို့ဒ်မြို့ရဲ့ နာမည်ကျော် တက္ကသီလာကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ခဲ့ပြီး မနက်ဖြန်တော့ ဗြိတိသျှပါလီမန်မှာ မိန့်ခွန်း ပြောပါမယ်။
၂၂ ရက်နေ့မှာတော့ လန်ဒန်ရောက် မြန်မာ မိသားစုဝင်တွေနဲ့ တွေ့ဖို့ ရှိပါတယ်။ ပြည်တော်ပြန်ဖို့ စီစဉ်နေတဲ့ လူထုအချစ်တော် အဆိုတော်ကြီး ဒေါ်မာမာအေး၊ မြန်မာပြည်က အလည်ရောက်နေတဲ့ နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာ၊ ဆိုင်းဆရာ သီရိ မောင်မောင်၊ ပန်းချီနဲ့ ပါဖောမန့် အနုပညာရှင် ကိုထိန်လင်းတို့ ပါဝင်တဲ့ မြန်မာ့အနုပညာ စင်တင်ပွဲလည်း ပါမယ်လို့ ဧရာဝတီက စုံစမ်းသိရှိရပါတယ်။
လန်ဒန်မလာခင် အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဝင်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ၂၀၀၉ ခုနှစ်မှာ သူ့ကို ပေးအပ်ခဲ့တဲ့ “ယုံကြည်ချက်ရဲ့ သံတမန်” ဆုကို လက်ခံရယူပါတယ်။
နော်ဝေးမြို့တော် အော်စလိုကနေ ဒဗ္ဗလင်မြို့ကိုလာဖို့ ကမ္ဘာကျော် ရော့ခ်စတား ဘိုနိုက သူ့ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ သွားခေါ်ခဲ့ပြီး “အီလက်ထရစ်ဘားမား” စင်တင်ဂီတပွဲနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ AIDS ရောဂါ ကာကွယ်တားဆီးရေး လှုပ်ရှားမှုတွေမှာ ရှေ့တန်းကနေ ပါဝင်နေတဲ့ ဒဗ္ဗလင်မြို့သား အဆိုတော် ဘိုနိုဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ရည်ရွယ်ပြီး “ဆက်လျှောက်” ဆိုတဲ့ သီချင်းကို ရေးဖွဲ့သီဆိုခဲ့ဖူးပါတယ်။
အခမ်းအနားအဖွင့်မှာ ဘိုနိုက ဒေါ်အောင်ဆန်းစုကြည်ကို “ကမ္ဘာ္ဘကြီးက ခင်ဗျားအိမ်ပါ” ဆိုတဲ့ နှုတ်ဆက်စကား ပြောရာမှာ “ဒီမနက် အော်စလိုက ခင်ဗျားအိမ်၊ ဒီည လန်ဒန်ကလည်း ခင်ဗျားအိမ်၊ ဒီမွန်းလွဲမှာ ဒဗ္ဗလင် ကလည်း ခင်ဗျားအိမ်ပဲ ဆိုတော့ အိမ်ကနေ ကြိုပါရစေ” လို့ ပြောသွားခဲ့ပါတယ်။

လူ့အခွင့်အရေးလား (ဒါမှမဟုတ်) နိုင်ငံတော်လုံခြုံရေးလား















 ဆောင်းပါးရှင် ..အောင်မိုးဝင်း
ရခိုင်ပြည်မှာ ဖြစ်ပွားနေတဲ့ပြဿနာတွေနဲ့ ပတ်သက်ပြီး ရာဇဝတ်မှုကျူးလွန်ခဲ့သူတွေကို ဖမ်းဆီးအရေးယူလိုက်၊ နှစ်ဘက်သင့်သင့်မြတ်မြတ်နေလိုက်ကြရင်ပြီးတာပဲ လို့ လွယ်လွယ်ကူကူ မေတ္တာဂရုဏာရှင်ဆန်ဆန် ပြောကြတယ်။ သူတို့ပြောနေကြတဲ့ ဘက်နှစ်ဖက် ဆိုတာ ဘယ်သူတွေလဲ။
(က) အစ္စလာမ်ဘာသာဝင် နဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်တွေလား
ဘာသာပေါင်းစုံ ကိုးကွယ်နိုင်ခွင့်ရှိတဲ့နိုင်ငံမှာ စိုးရိမ်စရာမဟုတ်ပါ။ ထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ မေတ္တာရပ်ခံချက်တွေကို ဖတ်ကြည့်ရင်ရှင်းပါတယ်။ သာရေးနာရေးတွေမှာ လက်တွဲအတူတူလုပ်နေကြတဲ့ ပုံရိပ်တွေက သက်သေပြနေပါတယ်။
(ခ)  ကျူးကျော်သူတွေ နဲ့ ကျူးကျော်ခံသူတွေလား
ကျူးကျော်လာသူတွေဘာလုပ်လုပ်၊ ပြန်မတုန့်ပြန်နဲ့။ ညီညီညွတ်ညွတ်နေကြပါ။ ချစ်ကြပါ ဆိုတဲ့စကားတွေကိုတော့ နယ်ချဲ့အလိုတော်ရိတွေရဲ့နှုတ်ဖျားက ပြောလေ့ရှိပါတယ်။ တကယ်တော့ နိုင်ငံရေးဆိုတာ စိတ်ကူးယဉ် ရုပ်ရှင်ကားတကား လို ကိုယ်ဖြစ်ချင်တဲ့ ဇာတ်သိမ်းခန်းမျိုး ဘယ်ရနိုင်ပါ့မလဲ။ သမိုင်းပြဿနာတွေကို မပြောရဲပဲ အနုပညာဆန်ဆန်ကြွေးကြော် ဟန်ဆောင်နေမှုတွေ တွေဆိုတာ လူမုန်းမခံချင်တဲ့၊ နိုင်ငံရေးအသံကြောင်တွေ အဖြစ်သာ နားလည်လိုက်မိတယ်။
 “ ရိုလင်ဂျာ ဟာ တိုင်းရင်းသားမဟုတ်ဘူး ” ဆိုတဲ့ စကားတမျိုးတည်းနဲ့ တာဝန်ကျေသွားပြီ မထင်ပါနဲ့။ လူဝင်မှုကြီးကြပ်ရေးရဲတာဝန်သာဖြစ်တယ် ဆိုတဲ့ မှတ်ချက်တခုတည်း နဲ့ မလုံလောက်သေးပါဘူး။
အဲ့ဒီတိုင်းရင်းသား မဟုတ်တဲ့ ကျူးကျော်သူတွေရဲ့ ပြဿနာကို ဘယ်လိုတုန့်ပြန်မလဲ ၊ အချုပ်အခြာနယ်မြေကို ထိပါးလာသူတွေအပေါ် အရေးယူဖို့အတွက် လူထုနည်းကို ဘယ်လိုမြှင့်တင်မလဲ၊ မြန်မာနိုင်ငံက တိုင်းရင်းသားတွေဟာ ကိုယ့်နယ်မြေတွေမှ ထွက်ပြေးနေရတဲ့ အဖြစ်ဆိုးတွေကို ဘယ်လိုကာကွယ်မလဲ ဆိုတဲ့မေးခွန်းက အဓိကကျလာတယ်။ လတ်တလောဖြစ်နေတဲ့ ရာဇဝတ်မှုတွေ ဆိုတာ စဉ်းစားစရာ အချက်အလက်တခုလောက်သာ အသုံးဝင်နေပါလိမ့်မယ်။
အချက် (၃) ချက်ကိုတင်ပြချင်ပါတယ်။
(၁) လူ့အခွင့်အရေး လား၊ နိုင်ငံတော် လုံခြုံရေးလား


နိုင်ငံခြားရေးမူဝါဒ နှင့် နိုင်ငံတော်ကာကွယ်ရေး ဘာသာရပ်ကို သင်ကြားတုံးက အဖြစ်အပျက်တခုကို သတိယမိတယ်။ သတင်းထောက်တယောက်က အမေရိကန်သမ္မတဂျော့ဘုရှ် ကို ထပြီးမေးတယ်။ “အော်ကိုင်းဒါး နဲ့ အစ္စလာမ် စစ်သွေးကြွတွေကို ဖမ်းဆီးစစ်ဆေးတဲ့အခါမှာ အမေရိကန်တွေဟာ ရက်စက်ကြမ်းကြုတ်လွန်းတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်” ဆိုတော့ ဘုရှ်ကလည်း ပြန်ပက်တယ်။
 “နေစမ်းပါအုံး။ ဂျီနီဗာ သဘောတူညီမှုဆိုတာ နိုင်ငံရှိတဲ့ သူတွေက ရေးဆွဲထားတဲ့အချက်အလက်တွေပါ။ နိုင်ငံမရှိတဲ့ အော်ကိုင်းဒါး အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှု့အန္တရာယ်တွေကို တားဆီးဖို့အတွက် ကျနော့နိုင်ငံရဲ့ လုံခြုံရေးဟာ အဓိက အရေးကြီးဆုံးဖြစ်တယ်။ သူတို့ကို လူ့အခွင့်ရေးပေးစရာ လိုလို့လား” တဲ့။ တကယ်တော့ အမေရိကန်သမ္မတ ဘုရှ် တင်မကပါဘူး ။ နိုင်ငံရဲ့ ခေါင်းဆောင်တွေအားလုံးဟာ နိုင်ငံတော်လုံခြုံရေး နဲ့ အမျိုးသားအကျိုးစီးပွားကိုသာ ပထမဦးစားပေးအဖြစ် စဉ်းစားလေ့ရှိကြတယ်။ ပူတင်ရဲ့ “ချက်ချင်းညှာ” စစ်ပွဲ အပါအဝင်၊ နိုင်ငံတကာမှာ ဖြစ်ပျက်နေတဲ့ ဘာသာရေးအစွန်းရောက်တွေအပေါ် နှိမ်နင်းတဲ့ စစ်ဆင်ရေးတွေ၊ ပဋိပက္ခတွေကို ကြည့်ရင်သိသာထင်ရှားပါတယ်။
(၂)  အကြမ်းဖက်သမားတွေရဲ့ စိတ်ရောဂါကန်ပိန်း


နိုင်ငံတကာ မှာရှိတဲ့ အကြမ်းဖက်သမားတွေရဲ့ လုပ်ကိုင်ပုံလုပ်ကိုင်နည်းနဲ့  စိတ်ပိုင်းဆိုင်ရာတွေကို လေ့လာကြည့်တဲ့အခါ တူညီမှုတခုသွားတွေ့ရတယ်။ တိုင်းပြည်ရဲ့ထင်ရှားတဲ့ခေါင်းဆောင်တွေ နိုင်ငံတကာခရီးစဉ်ကို ထွက်လေ့ရှိတဲ့အခါတိုင်း သူတို့ကို အာရုံစိုက်လာနိုင်ဖို့အတွက် ကန်ပိန်းတခု၊ အဖြစ်အပျက်တခုကို ဖန်တီးလေ့ရှိကြတယ်။ သနားစရာကောင်းတဲ့ ဒုက္ခသည်တွေရဲ့ ပုံတွေကို ပြပြီး နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေကို အကူအညီတောင်းမယ်။ ထင်ရှားတဲ့ခေါင်းဆောင်တွေရဲ့ ခရီးစဉ်နဲ့ချိန်ကိုက်ပြီး သူတို့ရဲ့ အရေးတွေကို အော်ဟစ်မေးခွန်းထုတ်ကြမယ်။ ကြံစည်မှုပုံစံတွေက တပုံစံတည်းပါပဲ။ အထူးအဆန်းမဟုတ်ပါဘူး။
(၃)  နိုင်ငံရေးဆိုတာ အနုပညာတခုလို စိတ်ကူးယဉ်လို့ မရ


လူမျိုးရေးမုန်းတီးမှုတွေကို ဦးတည်နေပြီလား။ လူမျိုးဖြုတ်စစ်ပွဲတွေကို ဦးတည်သွားနေပြီလား လို့ သွေးရူးသွေးတမ်း စိုးရိမ်နေတဲ့သူတချို့ကို တခုပဲအကြံပေးချင်ပါတယ်။ ဧည့်သည်တွေဟာ လူလိုအလိုက်သိတတ်မယ်ဆိုရင် ဒီလို ပြဿနာတွေ ပေါ်ပေါက်လာမှာမဟုတ်ပါဘူး။ ပြဿနာတိုင်းမှာတော့ အပြစ်မဲ့ပြည်သူတွေ ကြားညှပ်တတ်တာ သဘာဝပါပဲ။ အသတ်ခံလိုက်ရတဲ့ အပြစ်မဲ့ ပြည်သူတွေကို ပြပြီး ကျူးကျော်လာသူတွေအပေါ် ဖေါ့တွေးနေတဲ့ သူတချို့အတွက် ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်ရဲ့ တုန့်ပြန်မှုတွေကို တင်ပြချင်ပါတယ်။ အစွန်းရောက်သမားတွေ၊ အကြမ်းဖက်သမားတွေနဲ့ပတ်သက်ရင် နိုင်ငံခေါင်းဆောင်တိုင်းဟာ မပျော့ညံ့သင့်ဘူး။ မိမိတိုင်းရင်းသားတွေအပေါ် မတရားသဖြင့် စော်ကားနေတဲ့ လူ့အရိုင်းအစိုင်းတွေကို ရှင်းထုတ်ပစ်ဖို့အတွက်  လုပ်စရာရှိတာကို ပြတ်ပြတ်သားသားလုပ်ကြရပါလိမ့်မယ်။
လွတ်လပ်တဲ့အာရှအသံရဲ့ ဂျွန်လ (၁၉) ရက်နေ့ညပိုင်းအစီအစဉ်မှာတင်ဆက်ခဲ့တဲ့ဆောင်းပါးလေးပါ။


သောတရှင်များခင်ဗျား
၂၀၀၂ ခုနှစ် အောက်တိုဘာလတုံးက ရုရှားပြည်ထောင်စုမှာ ချင်ချင်းအစ္စလာမ်စစ်သွေးကြွခွဲထွက်ရေး သမားတွေက မော်စကိုပြဇာတ်ရုံကိုစီးနင်းတိုက်ခိုက်၊ လူပေါင်း ၈၅၀ ကို ပြန်ပေးဆွဲခဲ့တဲ့ အဖြစ်အပျက်တခုကို မှတ်မိကြပါလိမ့်မယ်။  ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်ကလည်း အဲ့သလိုပြန်ပေးဆွဲမှုတွေကို ဓါတုဗေဒလက်နက်သုံးပြီး အလျော့မပေးစတမ်းလက်တုန့်ပြန်ခဲ့ပါတယ်။ ချင်ချင်းပြန်ပေးဆွဲသမား ၃၉ ယောက်နဲ့အတူ လူပေါင်း ၁၃၀ နီးပါးသေဆုံးခဲ့ပါတယ်။ ပူတင်ရဲ့ ရက်ရက်စက်စက်ဖြိုခွဲမှုကို လူ့အခွင့်ရေးရှုထောင့်မှကြည့်သူတွေက ဝေဖန်ပြစ်တင်ခဲ့ကြပေမဲ့ နိုင်ငံတော်လုံခြုံရေးရှုထောင့်ကကြည့်သူတွေကလည်း လိုအပ်တဲ့ အင်အားသုံးဖြေရှင်းမှု တခုလို့ဆိုပါတယ်။ တကယ်တော့ သမိုင်းစဉ်တလျှောက်တည်ရှိလာခဲ့တဲ့ မြို့ပြနိုင်ငံ ပြဿနာတွေနဲ့ စစ်အေးတိုက်ပွဲရဲ့ အမွေတွေက ရုရှားပြည်ထောင်စုကို စိတ်ကူးယဉ်ခွင့်မပေးခဲ့ပါဘူး။
“ ရုရှားသမ္မတ ပူတင် က ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားမှုဟာ အလွန်ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှုတခုဖြစ်တယ်။ ဒီလိုပြိုကွဲမှုအပေါ်မှာ သာမန်ရုရှားပြည်သူတွေအတွက် ဘာတခုမှ အကျိုးအမြတ်မရပဲ၊ အခွင့်ထူးခံ နိုင်ငံရေးသမားတွေနဲ့ အမျိုးသားရေးဝါဒီတချို့သာ အမြတ်အစွန်းရသွားတယ် လို့ မိန့်ခွန်းတွေမှာ ထုတ်ပြောလေ့ရှိတယ်။ ရုရှားပြည်ထောင်စုကို ဦးဆောင်တဲ့ ဘောရစ်ယဲ့ဆင် အောက်မှာ ရုရှားတွေရဲ့ ဆင်းရဲမွဲတေမှု့ဟာ ဆိုဗီယက်ယူနီယံကာလထက် ဆိုးဝါးလာခဲ့တယ်။ တိုင်းပြည်ရဲ့ စီးပွားရေးတခုလုံးဟာ လက်တဆုပ်စာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေလက်ထဲမှာ ကျရောက်သွားခဲ့သလို၊ အစ္စလာမ်အစွန်းရောက် လက်နက်ကိုင်အဖွဲ့တွေကလည်း၊ ရုရှားပြည်ထောင်စုဆီက ခွဲထွက်ဖို့ အတွက် စစ်ရေးလှုပ်ရှားမှုတွေကို စတင်လိုက်ကြတယ်”
တကယ်တော့ ဆိုဗီယက်ပြည်ထောင်စုမပြိုကွဲခင် သုံးလလောက်အလိုမှာ “ချက်ချင်းညှာ” ခွဲထွက်ရေး သမားတွေဟာ သူတို့ဒေသကို အာဏာသိမ်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသရဲ့ ပါလီမန်ကို ဖျက်သိမ်းပစ်လိုက်ပါတယ်။ လွတ်လပ်ရေးကြေငြာစာတမ်း ထုတ်ပြန်ခဲ့ပါတယ်။ ချင်ချင်းလူမျိုးမဟုတ်တဲ့ ယူကရိန်း၊ ရုရှား၊ အာမေးနီးယား ပြည်သူတွေ ထောင်ပေါင်းများစွာဟာ နှိပ်စက်မောင်းထုတ်ခံရတာကြောင့်တခြား ရုရှားပြည်ထောင်စုရဲ့ဒေသတချို့ဆီကို ထွက်ပြေးလာခဲ့ရပါတယ်။
“ ချုပ်ပြီးပြောရရင်၊ ပထမ ချက်ချင်းညှာစစ်ပွဲဟာ ၁၉၉၄ မှ ၁၉၉၆ ထိဖြစ်ပွားခဲ့ပြီး ပြည်သူ (၃) သောင်းနည်းပါးသေဆုံးခဲ့တယ်။ နှစ်သိန်းကျော် ဒဏ်ရာရခဲ့ပြီး၊  (၅) သိန်းကျော် ရွေ့ပြောင်းခဲ့ရတယ်။ ၁၉၉၆ မှာ ရုရှားသမ္မတ ယဲ့ဆင် နဲ့ ချင်ချင်းခေါင်းဆောင် မာ့က်ဒက်ဒေါ့ တို့ ငြိမ်းချမ်းရေး၊ စီးပွားရေး နဲ့ စစ်အတွင်းမှာ ပျက်ဆီးဆုံးရှုံးမှုတွေအတွက် ပြန်လည်တည်ဆောက်ရေးသဘောတူညီမှုတွေကို လက်မှတ်ရေးထိုးခဲ့ကြတယ်”
ရုရှားပြည်ထောင်စု နဲ့ ချင်ချင်းခွဲထွက်ရေးသမားတွေရဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုတွေက ထင်သလို ဖြစ်မလာခဲ့ပါဘူး။ ဆိုဗီယက်ပြည်ထောင်စု ဆီက သီးခြားခွဲထွက်ချင်တဲ့ “ချက်ချင်းညှာ” နယ်မြေမှာ စက်မှုလုပ်ငန်းတွေအပါအဝင် စီးပွားရေးတခုလုံးဟာ ချွတ်ခြုံကျလာခဲ့ပါတယ်။ ဒါကြောင့်လည်း “ချက်ချင်းညှာ” ခွဲထွက်ရေးခေါင်းဆောင်ရဲ့ တခါတုံးက လုပ်ဖေါ်ကိုင်ဖက်တွေဖြစ်တဲ့ အစွန်းရောက်စစ်သွေးကြွနှစ်ဦးက ခေါင်းဆောင်ပြီး ချင်ချင်းပါလီမန်ကို ဖျက်ဆီးပစ်လိုက်ပြီး အာဏာသိမ်းယူလိုက်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုရဲ့ “ဒက်ကက်စတန်” ပြည်နယ်ကို ဝင်ရောက်ကျူးကျော်လိုက်ပါတယ်။
“ ရုရှားပြည်သူတွေအတွင်းမှာလည်း မေးခွန်းတွေစတင်ရိုက်ခပ်နေပြီလေ။ ပြည်သူလူထုအတွက် ခိုင်ခိုင်မာမာခေါင်းဆောင်မှုပေးနိုင်မဲ့ နိုင်ငံခေါင်းဆောင်တယောက် လိုအပ်နေတယ်။ အထူးသဖြင့် ယဲ့ဆင်ရဲ့ ချင်ချင်းခွဲထွက်ရေး သမားတွေအပေါ်စစ်ဆင်ရေးကို အားမလိုအားမရဖြစ်နေခဲ့ကြတယ်။ အဆိုးဆုံးကတော့ Islamic International Brigade လို့ ခေါ်တဲ့အုပ်စုတွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေပဲ။ သူတို့ဟာ အာရပ်၊ တူကရီ အပါအဝင် ချင်ချင်းလူမျိုးမဟုတ်တဲ့ မူဂျာဟာဒင်း (၅၀၀၀) ကျော် ကို သယ်ယူလာပြီး ရုရှားပြည်ထောင်စုအပေါ် ဂျီဟတ်စစ်ပွဲဆင်နွဲဖို့အတွက် ချင်ချင်းစစ်ပွဲကို ဝင်ရောက်ပူးပေါင်းကြတယ်။ ယဲ့ဆင်ကိုယ်တိုင်လည်း ရုရှားပြည်သူရဲ့ဆန္ဒကို အကောင်အထည်ဖေါ်ပေးမဲ့ ပုဂ္ဂိုလ်ဟာ ဗလာတီမာ ပူတင် ဖြစ်တယ် ဆိုတဲ့အချက်ကို သဘောပေါက်နေတယ်။ ဒါကြောင့်လည်း ပူတင် ကို သမ္မတရာထူးအဖြစ် အမွေဆက်ခံပေးလိုက်တယ်။ ”
တကယ်တော့ ဗလာဒီမာပူတင်ဟာ လူငယ်ဘဝထဲက၊ သူ့ရဲ့ နိုင်ငံတော်ကို အင်အားကြီးမားတဲ့ နိုင်ငံတခုဖြစ်လာအောင် စွဲစွဲမြဲမြဲစိတ်ကူးလာသူတဦးဖြစ်ပါတယ်။ သူ့ရဲ့ Ph.D စာတမ်းတခုမှာ ဆိုရင် “ ဈေးကွက် ဆက်ဆံရေးဖွဲ့စည်းပုံအောက်မှာ၊ ဒေသဆိုရင် သဘာဝအရင်းအမြစ်တွေကို မဟာဗျူဟာကျကျ စီမံခန့်ခွဲမှု” ဆိုတဲ့ စာတမ်းကို တင်းသွင်းခဲ့ပါတယ်။ ဒါကြောင့်လည်း သူဟာ ၁၉၇၅ မှာ ဆိုဗီယက်ထောက်လှမ်းရေးရဲ့ ခြီးမြှောက်ခြင်းကို ခံခဲ့ရပါတယ်။ သူဟာ သူကိုယ်တိုင် ဂျူဒိုပြိင်ပွဲတွေမှာ ဝင်ရောက် ပြသပြီး၊ တိုင်းပြည်အတွက် ဘယ်လိုသန်မာတယ် ဆိုတာ ကို သရုပ်ဖေါ်ခဲ့တယ်။
ဗလာဒီမာ ပူတင်ရဲ့ ပထမ သမ္မတ သက်တမ်းမှာ၊ နယ်မြေလုံခြုံရေးအတွက် ချက်ချင်းစစ်သွေးကြွတွေရဲ့ အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှုတွေကို ရက်ရက်စက်စက်တုန့်ပြန်ခဲ့ပါတယ်။ တဘက်မှာတော့ ယဲ့ဆင်လက်ထက်က တိုင်းပြည်ရဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို လက်ဝါးကြီးအုပ်ပိုင်ဆိုင်ပြီး၊ အမျိုးသားရေးလုပ်ငန်းတွေအပေါ် လစ်လျူရှု၊ မာဖီးယားဂိုဏ်းတွေနဲ့ လဒ်ပေးလဒ်ယူ လုပ်နေတဲ့ လူ့မလိုင် အခွင့်အရေးသမားတွေကို ထိပ်တိုက်ရင်ဆိုင်ရှင်း လင်းပစ်ခဲ့တယ်။ သူတို့ပိုင်ဆိုင်တဲ့ မီဒီယာတွေကိုလည်း သိမ်းယူပစ်လိုက်တယ်။ သူ့နဲ့အတူ တိုင်းပြည်တိုးတက်ရေးအတွက် လက်တွဲလုပ်မယ်ထင်တဲ့ စီးပွားရေးသမားတွေကို ကမ်းလှမ်းခဲ့တယ်။ ချင်ချင်းစစ်သွေးကြွတွေနဲ့ဒုတိယစစ်ပွဲကိုဆင်နွဲလိုက်ပြီးကတည်းက ဖက်ဒရယ်အစိုးရရဲ့ ပရောဂျက်လုပ်ငန်းတွေကို စတင်လိုက်ပါတယ်။ ပြည်နယ်အသီးသီးဆီက ကိုယ်စားလှယ်တွေ ရဲ့ပါဝါကို တန်းတူအခွင့်အရေးပေးပြီး၊ ပြည်သူလူထုအတွက် လူမှုရေး၊ ပညာရေး၊ ထောက်ပံ့မှု လုပ်ငန်းတွေကို စတင်လိုက်ပါတယ်။  ဒါကြောင့်လည်း ပူတင်ရဲ့ ပထမ သမ္မတသက်တမ်း မှာ ရုရှားပြည်သူ ၈၃ ရာခိုင်နှုန်းကျော်က သူ့ကို ထောက်ခံသဘောတူခဲ့ကြတယ် လို့ စစ်တမ်းတွေအရ သိကြရတယ်။
သောတရှင်များခင်ဗျား
ယဲ့ဆင်လက်ထက် အသွင်ကူးပြောင်းရေးကာလတွေဟာ စစ်အေးတိုက်ပွဲရဲ့ အမွေ နဲ့ လစ်ဘရယ်စံနှုန်းတွေကို လွှမ်းမိုးအနိုင်ယူချင်တဲ့ အခွင့်အရေးသမားတွေရဲ့ အတားအဆီးတွေကြောင့် တိုင်းပြည်ဟာ မတည်မငြိမ်ဖြစ်ခဲ့ရတယ် လို့ သုံးသပ်ပြလေ့ရှိကြပါတယ်။ ကိုလိုနီစံနစ်ရဲ့ အမွေဆိုးတွေကို လက်ခံထားရတဲ့ ကျနော်တို့နိုင်ငံဟာ ယဲ့ဆင်လက်ထက် ကြုံတွေ့ရတဲ့ ပြဿနာတွေထက်  ကြုံတွေ့နိုင်တာကြောင့် ပိုပြီး သတိထားဖို့လိုပါလိမ့်မယ်။ တိုင်းပြည်ကို ခေါင်းဆောင်မဲ့သူတွေဟာ ခိုင်မာရှင်းလင်းတဲ့ ပြည်တွင်းရေးရာမူဝါဒတွေနဲ့ နိုင်ငံခြားရေးရာမူဝါဒတွေ၊ စီးပွားရေးစီမံကိန်းတွေကို စံနစ်တကျ ကိုင်စွဲပြီး ပြည်သူလူထုအပေါ်ပေးအပ်ခဲ့တဲ့ ကတိတွေကို တာဝန်ကျေဖို့လိုပါလိမ့်မယ်။ သောတရှင်တို့လည်း ထက်မြက်ခိုင်မာတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ဆုံဆည်းနိုင်ကြပါစေ။

 Aung Moe Win
on Thursday, June 21, 2012 at 1:52pm ·

မောင်တော၊ ဘူးသီးတောင်ဒေသ သတင်း






နိုင်ငံပိုင် သတင်းစာတွေမှာ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေ ငြိမ်သက်နေပြီလို့ ရေးသား တင်ပြနေသော်လည်း
တကယ့်လက်တွေ့တွင်မှု မတည်ငြိမ်မှုများ၊ မီးရှို့မှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သိရပါတယ်။

ယမန်နေ့ညကပင် စစ်တွေမြို့တွင် ၀န်ထမ်းတဦးလည်းဖြစ်သည့် ဘင်ဂါလီ အမျိုးသမီးတဦးက မိမိနေအိမ်ကို မီးရှို့မှုဖြင့် သက်ဆိုင်ရာ က ဖမ်းဆီးမိလိုက်ကြောင်း ဒေသခံ မျက်မြင်များက ပြောပါတယ်။

အလားတူ အခြား နေရာများတွင်လည်း အုပ်စုချင်း တိုက်ခိုက်မှုများ၊ မီးရှို့မှုများ ရှိနေဆဲဖြစ်ကြောင်း ဒေသခံ မျက်မြင်များက ဆိုနေကြပါတယ်။

ဒီကနေ့ သတင်းစာ ဖော်ပြချက်မှာတော့ မောင်တော၊ ဘူးသီးတောင်ဒေသက မီးရှို့မှု မဖြစ်ခဲ့တဲ့ ကျေးရွာ ၁၀ ခု စာရင်းကို ဖော်ပြထားပါတယ်။

ကယ်ဆယ်ရေးစခန်းရောက်တဲ့နေတဲ့ အဲဒီရွာတွေက ဒေသခံများကို ပြန်ပို့ပေးနေပြီ လို့ ဆိုပါတယ်။

ကျန်ရှိနေသူတွေကိုလည်း မကြာမီအချိန်အတွင်း နေရပ်ပြန်နိုင်အောင်လို့ စီစဉ်ပေးနေပါပြီ တဲ့။

Thursday, June 21, 2012  အိမ့်သံစဉ် 

ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးကို နိုင်ငံသားမဟုတ်ဘူးလို့ ပြတ်ပြတ်သားသားပြောခဲ့ ပြီ





















 မြန်မာနိုင်ငံက နိုဘယ်ငြိမ်းချမ်းရေးဆုရှင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ဥရောပနိုင်ငံကို ခရီးထွက်ခဲ့ ပါတယ် ။

နှစ်ပေါင်း-၂၄-နှစ်အတွင်းမှာ ပြည်ပနိုင်ငံကို ထွက်ခွာခဲ့ တာဖြစ်ပြီးနိုဘယ်ငြိမ်းချမ်းရေးဆုကိုလဲ လက်ခံယူခဲ့ ရပါတယ်။

ကမ္ဘာ့ခေါင်းဆောင်ကြီးများကို ဂုဏ်ပြုတဲ့ အ ခန်းအနားနဲ့  ဖိတ်ကြားပြီးဒေါ်အောင်ဆန်းစုကြည်ကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ

ခုအချိန်မှာကမ္ဘာကအာရုံစိုက်လာကြရပြီဖြစ်ပါတယ် ။ အဲဒီအချိန်မျိုးမှာဒေါ်အောင်ဆန်းစုကြည်ကို ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ 

ပြသနာနဲ့ အဓိကဖြစ်နေတဲ့ ဘင်္ဂလီလူမျိုးတွေရဲ့ ကမ္ဘာတခုလုံးကို လိမ်လည်လှည့်ဖျား ထားတဲ ရိုဟင်ဂျာလူမျိုးဆိုတာကို

အသိအမှတ်ပြုပါမလားဆိုတဲ့  မေးခွန်းကိုသတင်းထောက်တွေက မေးပါတော့တယ် ။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို

နာမည်နဲ့  လူမျိုးကို သိတောင် မသိဘူးဆိုပြီး အခုလို ဖြေကြားလိုက်ပါတယ်။

ဒါ့ ကြောင့် သမိုင်းလိမ်ဘ၈င်္လီလူမျိုးတွေရဲ  ပြသနာကို ဒေါ်အောင်ဆန်းစုကြည်ကအခုလို ဖြေရှင်းလိုက်ပြီးတဲ့ နောက်မှာ ဒီပြသနာဟာ

ဘယ်လိုမရှေ့ဆက်ခရီးသွားလို့  မရတော့ပါဘူး၊ ဘာကြောင့်လဲဆိုရင် -၈၈- မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ၊

ဦးတင်ဦး ( ဒုဥက္ကဋ္ဌ ဟောင်း -NLD ) ၊သတင်းစာဆရာကြီး ဦးဝင်းတင် ။ စာရေးဆရာ ဦးအောင်သင်း တို့ နဲ့ မြန်မာနိုင်ငံတနိုင်ငံလုံးက

ဗုဒ္ဒဘာသာဝင်တွေက လက်မခံကြတာကိုထုတ်ဖေါ်ပြောဆိုထားကြပြီးပါပြီ ။

သတင်းထောက်အားပြန်လည်ဖြေကြားချက်ကို ( ဆီလျှော်အောင် ) ဘာသာပြန်ပေးလိုက်ပါတယ်။။

What should it be with regarding their citizenship? Are they or they are not?

Daw Aung San Suu Kyi answered "I do not know because when you talkabout the rohingya, we are not quite sure who

you are talking about.As I said there is a problem about who we are referring to. There issomeone who say that those

people who claim to be rohingya are not theones who are actually native to Burma. But who are just come over

recently from Bangladesh. But, on the other hand, Bangladesh say "no". They don’t want them as refugees because

they are not native toBangladesh and they come over from Burma. So how do we sort this out?

Without rule of law, without proper Immigration processes, withoutproper policy, without appropriate implementation of the

law. This iswhy I said the root of all this is the rule of law going back to manydecades, not going back just to the crime

that is just admitted acouple of months ago."

( သူတို့ ( ရိုဟင်ဂျာ ) တွေရဲ့နိုင်ငံသားကိစ္စနဲ့ပတ်သက်လို့ဘာဖြစ်သင့်ပါသလည်း…နိုင်ငံသားဟုတ်လား..မဟုတ်ဘူးလား ( ရှေ့က

Citizenship ကိုရည်ညွန်းခြင်းဖြစ်ပါသည် )

ဖြေ….ကျမ မသိဘူး ဘာလို့လည်းဆိုတော့..အခု ရိုဟင်ဂျာဆိုပြီးရှင်ပြောနေတာကို ကျမ မသိတာ။ ရှင် ဘယ်သူ

အကြောင်းပြောနေတာလည်း ဆိုတာကိုကသေချာမှု့မရှိလှဘူး. ကျမပြောခဲ့သလိုပဲ…ကျမတို့ရည်ညွန်းပြောဆိုနေတဲ့သူတွေအတွက်

ပြသနာတော့ရှိနေတယ်..။..ရိုဟင်ဂျာ ပါလို့အခိုင်အမာပြောနေတဲ့သူတွေ်ကိုက မြန်မာနိုင်ငံဖွား ဇာတိချက်မြုတ်မှ မဟုတ်တာ။

သို့သော် ဘင်္ဂလားဒေ့ရှ်က ကျော်ဝင်လာသူတွေက ဘယ်သူတွေလည်း။တဘက်ကလည်း( ဘင်္ဂလားဒေ့ရှ်ကိုဆိုလိုသည် )

မဟုတ်ဘူးလို့ငြင်းတယ်။ဘင်္ဂလားဒေ့ရှ်က သူတို့ကို ဒုက္ခသည်အဖြစ်လက်မခံခြင်ဘူး။ဘာလို့လည်းဆိုတော့ သူတို့ဟာ ဘင်္ဂလားနွယ်ဖွား

ဇာတိချက်မြုတ်တွေမဟုတ်ဘူး..မြန်မာပြည်ကကျော်ဝင်လာသူတွေတဲ့..။ ဥပဒေရဲ့လုပ်ထုံးလုပ်နည်းတွေမပါပဲ..သင့်တော်တဲ့

လူဝင်မှု့ကြီးကြပ်ရေးလုပ်ငန်းစဉ်တွေမပါပဲ ၊ သင့်တော်တဲ့မူဝါဒတွေမရှိပဲ..သင့်တော်မဲ့ ဥပဒေတွေကို အကောင်ထည်ဆောင်ရွက်မှု့မရှိပဲ

….ဒီပြသနာတွေကို ကျမတို့ဘယ်လိုဖြေရှင်းမလည်း။ ဒါတွေရဲ့အရင်းမြစ်အကြောင်းတရားဟာ..ဥပဒေလုပ်ထုံးလုပ်နည်းတွေ

ဆယ်စုနှစ်ပေါင်းများစွာ နောက်ပြန်သွားနေတဲ့အတွက်ကြောင့်ဆိုတာ ကျမပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့်လအနည်းငယ်လောက်က ၀န်ခံထားခဲ့တဲ့

ရာဇ၀တ်ကြောင်းတွေတင်ပြန်သွားခိုင်းနေတာမဟုတ်ဘူးနော်------

   ကဲ- ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအစိုးရများက လေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီလိုသမိုင်းလိမ်လူမျိုးတွေ

အကြောင်းကိုဘာမှမသိဘူးလို့  ဖြေရှင်းပြောဆိုလိုက်တာဟာ တနည်းအားဖြင့် ဒီပြသနာကိုပြီးမြောက်သွားစေတဲ့ 

သမိုင်းဝင်တန်ဖိုးဖြတ်မရတဲ့ စကားတရပ်ဘဲ ဖြစ်ပါတယ်။  ဒါ့ကြောင့် ဒီအချိန်ဟာ ရခိုင်လူမျိုးတွေနဲ့ တကွဗုဒ္ဒဘာသာမြန်မာနိုင်ငံသူများ

တွေအဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ( ၆ရ )မြောက်မွေးနေ့ မှာ သက်တော်ရှည်ကျော် ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်နိုင်ပါစေလို့  မွေးနေ့ ဆုမွန်

တောင်းကြပါစို့ လား ။


ခိုင်အောင်ကျော် ( နယူးယောက် )

နိုင်ငံမဲ့ အကြောင်း (ကိုလွင်အောင်စိုး)

















နိုင်ငံမဲ့ (Stateless) ဆိုတာကို အနည်းငယ် ပြောပြလိုပါတယ်။ မြန်မာတွေ ပြည်ပကို ထွက်နေတာ အများကြီးရှိလို့ သိသူတွေလည်း အတော်များများ ရှိကြမှာပါ။

လက်ရှိ နိုင်ငံတကာရဲ့ အနေအထားမှာ ဘယ်သူမဆို အခြားနိုင်ငံတခုကို တရားဝင် ဝင်ရောက်လာပြီး ရက်ကျော် (Overstay) နေထိုင်ရင် (သို့) ခိုးဝင် (Illegal entry) လာရင် သက်ဆိုင်ရာနိုင်ငံရဲ့ (သူကြိုက်သလို ရေးဆွဲထားတဲ့) လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ ရင်ဆိုင်ရပါတယ်။ အဲဒီဥပဒေရဲ့ စီရင်ဆုံးဖြတ်ချက် မတိုင်မီ လ-ဝ-က ဥပဒေဘောင် အတွင်းကပဲ နေထိုင်ရပါတယ်။

အဲဒါကြောင့် အလုပ်လုပ်ခွင့် မရှိတာတို့၊ လက်ထပ်ရင် အသိပေး / ခွင့်တောင်းရတာတို့၊ အခြားနယ်မြေကို ကူးသန်း သွားလာခွင့် မရှိတာတို့၊ ကျောင်းတက်ခွင့် မရတာ၊ ကျန်းမာရေး ခံစားခွင့် မရှိတာ စတဲ့ နိုင်ငံသားတွေ ရတဲ့ အခွင့်အရေးမျိုးတွေ မရနိုင်တာကို လ-ဝ-က ဥပဒေ ချိုးဖောက်သူတွေဘက်က အရင် နားလည်ထားရမှာ ဖြစ်ပါတယ်။

ဒုက္ခသည် ရက်ဖြူဂျီ (Refugee) အဖြစ် လျှောက်ခွင့် ရှိတာ / မရှိတာ၊ ခံစားခွင့် ပြုတာ / မပြုတာမျိုးကလည်း နိုင်ငံတခုနဲ့တခု မတူကြပါဘူး။ လျှောက်ထားသူတွေကိုလည်း တဦးချင်းမှာ အမှုတခုချင်းအလိုက် (case by case) သီးသန့်စီ အထပ်ထပ် အချိန်ယူ စစ်ဆေးပုံချင်းလည်း မတူပါဘူး။ ဒီလိုကြားကာလတွေမှာ လူ့အခွင့်အရေး ခံစားခွင့်တွေကို နိုင်ငံသားတွေနဲ့ တန်းတူမရတာက လက်ရှိ နိုင်ငံတကာရဲ့ အခြေအနေပါပဲ။

လ-ဝ-က ဥပဒေကို ချိုးဖောက်သူမှန်သမျှ ပြည်နှင်ဒဏ် (Deportation) ပေးခံကြရပါတယ်။ မိခင်နိုင်ငံက လက်မခံလို့၊ ဒါမှမဟုတ် မိခင်နိုင်ငံက နိုင်ငံရေး (သို့) စီးပွားရေး (သို့) အခြားတခုခုအရ ပြန်လည် လက်မခံနိုင်စရာ အကြောင်းရင်းက ခိုင်လုံနေရင်တော့ ပြည်နှင်ဒဏ် ပေးလို့ မရတာကြောင့် လက်ခံပေးနိုင်မယ့် တတိယနိုင်ငံကို စီစဉ်ရပါတယ်။ တတိယနိုင်ငံလည်း မရှိဘူးဆိုရင် ရောက်ရှိရာနိုင်ငံမှာပဲ နိုင်ငံမဲ့ (Stateless) အဖြစ် နေထိုင်ရပါတယ်။ ဒုက္ခသည်အဖြစ် နေထိုင်ခွင့် ရရှိသွားပြီးတာတောင်မှ နိုင်ငံသား မဖြစ်သေးပါဘူး။ ဒါဟာလည်း နိုင်ငံမဲ့ (Stateless) ဖြစ်နေတာ တခုပါပဲ။

လ-ဝ-က ဥပဒေ ပေါ့လျော့ရင် ပြည်ပကနေ တိုင်းတပါးသားတွေ အစုလိုက် အပြုံလိုက် ဝင်လာနိုင်တာ နိုင်ငံတိုင်းက သိလို့ အတတ်နိုင်ဆုံး ကာကွယ်ကြပါတယ်။ နိုင်ငံကို ကာကွယ်ဖို့ ဆိုတဲ့အရေးမှာ ပြည်ပစစ်တပ်တွေ ကျူးကျော်ဝင်ရောက်လာတာကို ခုခံဖို့ တခုတည်း မဟုတ်ပါဘူး။ တရားဝင် လာရောက်ပြီး ရက်ကျော်နေထိုင်တာ၊ တရားမဝင် ခိုးဝင်တာတွေကိုလည်း ကာကွယ်ရပါတယ်။ နိုင်ငံရဲ့ ဝိသေသလက္ခဏာတွေ မပျက်စီးစေရဖို့အပြင် လုံခြုံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ အစစအရာရာကို ကာကွယ်ထားနိုင်ဖို့ အသေးစိတ် တွက်ချက်ပြင်ဆင်ပြီး စီမံရပါတယ်။

ပြည်ပမှ လာရောက်နေထိုင်သူတွေက လ-ဝ-က ဥပဒေ ချိုးဖောက်ထားရင် နိုင်ငံတကာမှာ လူသားချင်း စာနာထောက်ထားမှုအပိုင်းကို ထည့်တွက်လေ့ရှိကြပေမယ့် နိုင်ငံအလိုက် လူ့အခွင့်အရေးကိစ္စတွေမှာ အနိမ့်ဆုံး အဆင့် သတ်မှတ်ပုံချင်း မတူကြပါဘူး။ တိုင်းပြည်ရဲ့ ကြွယ်ဝချမ်းသာမှု၊ စာနာမှု၊ မိမိနိုင်ငံရဲ့ တန်ဖိုးကို ထိန်းသိမ်းမှု၊ စိုးရိမ်ကြောင့်ကျစရာ အနေအထားတို့အပေါ်မှာ မူတည်ရုံသာမက လ-ဝ-က ဥပဒေ ချိုးဖောက်သူတွေရဲ့ ရည်ရွယ်ချက်၊ တန်ဖိုးအနေအထား စတဲ့ အကြောင်းအမျိုးမျိုးတို့အပေါ်မှာလည်း မူတည်ပါတယ်။

ဒါကြောင့် ပြည်ပက လာရောက်ပြီး လ-ဝ-က ဥပဒေ ချိုးဖောက်ထားသူတွေအတွက် လူ့အခွင့်အရေးကိစ္စ တခုတည်းကို ရှေ့တန်းတင်ထားလို့ မရနိုင်ပါဘူး။ ဒုက္ခသည်အဖြစ် လျှောက်ထားရတဲ့ အကြောင်းရင်းတွေကို အမှန်အတိုင်း တင်ပြဖို့၊ ဥပဒေဘောင်ဝင်ဖို့ ဆိုတာတွေကလည်း သိပ်အရေးကြီးပါတယ်။ လူကုန်ကူးတာ (Human-trafficking) တွေကလည်း မဖြစ်မနေ တားဆီးရတဲ့ အရေးကြီး ပြဿနာတခု ဖြစ်နေပါတယ်။ ပြောစရာတွေက များလွန်းလှပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်နေတဲ့ကိစ္စတွေမှာ သေချာတာကတော့ လူဝင်မှုကြီးကြပ်ရေး ဥပဒေကို ခေတ်စနစ်နဲ့အညီ အသင့်တော်ဆုံးဖြစ်အောင် ပြန်လည်စိစစ် ပြင်ဆင်ဖို့ လိုအပ်ကောင်း လိုအပ်ပါလိမ့်မယ်။ ဝန်ထမ်း အနေအထားကိုလည်း အလားတူ စိစစ်ပြင်ဆင် စီမံထားဖို့ လိုပါလိမ့်မယ်။ နယ်ခြားဒေသတွေကနေ တရားမဝင် ခိုးဝင်လာသူတွေကို တားဆီးဖို့ လိုအပ်ရင် စစ်တပ်၊ ရဲ စတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်တာတွေကိုလည်း ခေတ်စနစ်နဲ့အညီ အကောင်းဆုံး ဖြစ်သင့်ပါတယ်။ ဒီလိုပဲ နိုင်ငံသားဖြစ်မှု အပေါ်မှာ တိုင်းပြည်ရှေ့ရေးကို မျှော်တွေး ကြံဆပြီး အမြဲတမ်း အကောင်းဆုံး ဖြစ်နေသင့်ပါတယ်။

လွင်အောင်စိုး
၂၁-၆-၂ဝ၁၂  

ဗိုလ်ချုပ်အောင်ဆန်း မင်ဒဲလားနှင့် ကျပ်တစ်သောင်းတန် (မောင်ဝံသ)























by Maung Wuntha on Thursday, June 21, 2012 at 12:06am ·
ယခုအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ မောင်ဝံ၀ံသ ပြောချင်လွန်းလို့ ဆောင်းပါး။

တစ်သောင်းတန်နဲ့ ဗိုလ်ချုပ်ပုံ
    ကျပ်တစ်သောင်းတန် ငွေစက္ကူထုတ်တဲ့သတင်းကြေညာပြီလို့ ကြားကြားချင်း မေးမိတာက ငွေစက္ကူဒီဇိုင်းမှာ ဘယ်လို ရုပ်ပုံပါသလဲဆိုတာပဲဗျ။ ကျွန်တော်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာပဲ ငွေစက္ကူအပေါ်က ရုပ်ပုံတွေအကြောင်းဆောင်းပါး ရေးခဲ့သေးတာကိုး။ သည်တော့ အခု တန်ဖိုးအကြီးဆုံး (လို့ယူဆရတဲ့) တစ်သောင်းတန် ငွေစက္ကူ ထုတ်မယ်ဆိုတော့ အများမျှော်လင့်နေသလို အမျိုးသား ခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းပုံ နဲ့ ထုတ်လိုက်လေမလားလို့ ထင်မိခဲ့တာဗျ။ ခုတော့ ဆင်ဖြူတော်နှစ်ကောင်ပုံနဲ့ ထုတ်လိုက်တာဆိုတော့ ငွေစက္ကူတွေပေါ်မှာ တိရစ္ဆာန် တစ်မျိုး ထပ်မံတိုးပွား လာတာပဲပေါ့ဗျာ။

ဒေါက်တာသန်းထွန်းစကား
    ဆင်ဖြူဆိုလို့ ဆရာကြီးဒေါက်တာသန်းထွန်းကို ပြေးသတိရလိုက်သဗျ။ ဆင်ဖြူတော်တွေကို တစ်ခမ်းတနား ဗိမာန်တွေနဲ့ထားပြီး အမွှန်းတင်ခဲ့တဲ့ တစ်ချိန်တစ်ခါတုန်းကပေါ့ဗျာ။ အချို့အချို့သော လူတွေက ဆင်ဖြူတော်တွေကို အထူးအဆန်းအဖြစ်လာကြည့်ရုံမက ထိုင်ပြီး ရှိခိုးတာတွေ ရှိခဲ့သတဲ့။ အဲဒီတော့ ဆရာသန်းထွန်းက တိရစ္ဆာန်ကို ရှိခိုးတယ်ဆိုတော့ ရှိခိုးတဲ့လူဟာ တိရစ္ဆာန်အောက် နိမ့်တဲ့လူပဲပေါ့လို့ မှတ်ချက် ချပါသတဲ့။ ကျွန်တော် အဲဒီစကားကြားတော့ မှတ်ပလားဟေ့လို့ ပြောမိပါတယ်ဗျ။

လက်အုပ်ချီနှုတ်ဆက်တဲ့အကျင့်
    ကျွန်တော်ကလည်း အသက်လေးနည်းနည်းရလာတော့ သတိထားတဲ့ ကြားက စကားတွေ ဟိုရောက်ဒီရောက်ဖြစ်တတ်တယ်ဗျာ။ ခုလည်း ကြည့်လေ၊ ဆင်ဖြူကို ရှိခိုးတဲ့အကြောင်း ပြောရင်း ဟိုတစ်ချိန်တစ်ခါက လူလူချင်း လက်အုပ်တချီချီနဲ့ ကြိုဆိုကြရတဲ့ မြင်ကွင်းကို သတိရပြီး ပြောချင်လာပြန်ပါ ရောလား။
    ကျွန်တော်က ပဲခူးမြို့မှာ ကြီးပြင်းလာသူဖြစ်ပြီး ကျွန်တော့်မိခင်ကြီးနဲ့ တစ်မျိုးလုံးတစ်ဆွေလုံးဟာ ကြခတ်ဝိုင်းကျောင်းတိုက်ကြီးရဲ့ ဒါယကာရင်းတွေ ဖြစ်ခဲ့တယ်။ ကျွန်တော့် ယောက္ခမကြီး ဦးကျော်လှိုင်က ကြခတ်ဝိုင်း ဂေါပကဥက္ကဋ္ဌကြီးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့တယ်။ သည်တော့ ကြခတ်ဝိုင်းသာသနာပြုအသင်းကြီးရဲ့ ဂါရ၀ြ့ပုကြိုဆိုနှုတ်ဆက်တဲ့ ထုံးဓလေ့အရ  တစ်ယောက်နဲ့ တစ်ယောက် ဆုံမိတာနဲ့ အပြန်အလှန် လက်အုပ်ချီ နှုတ်ဆက်တာ အကျင့်ဖြစ်နေတယ်ဗျာ။ သို့ပေမယ့် ပဒေသရာဇ် စိတ်ပေါက်နေသူတချို့က သူတို့ကို ပြည်သူတွေနဲ့ ကျောင်းသားကျောင်းသူလေး တွေက တန်းစီ လက်အုပ်ချီကြိုဆိုတာကို မောက်မာ ယစ်မူးစွာ ခံယူနေကြချိန်ကျတော့ ကျွန်တော့်ရဲ့ ရိုးကျိုးနှိမ့်ချစွာ တစ်ဖက်လူကို လက်အုပ်ချီကြိုဆိုနှုတ်ဆက်တဲ့ အကျင့်ကို တမင် ဖျောက်ဖျက်ပစ်လိုက် ရတယ်ဗျ။

မင်ဒဲလားပုံနဲ့ ငွေစက္ကူတွေ
    ကိုင်း အခု ငွေစက္ကူပေါ်က ရုပ်ပုံအကြောင်း ပြန်ကောက်ကြဦးစို့ဗျာ။
    တောင်အာဖရိကနိုင်ငံမှာ နိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတ နယ်လ်ဆင် မင်ဒဲလားရဲ့ ရုပ်ပုံ ရိုက်နှိပ်ထားတဲ့ ယူနစ်အသေးဆုံးကနေ အကြီးဆုံးအထိ ငွေစက္ကူများကို ထုတ်ဝေဖြန့်ချိသုံးစွဲသွားဖို့ စီစဉ်နေတယ်ဆိုတဲ့ ဘီဘီစီသတင်းတစ်ပုဒ်ကို ဖတ်လိုက်ရတဲ့ ဖေဖော်ဝါရီလတုန်းက ကျွန်တော်တို့နိုင်ငံမှာလည်း ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ငွေစက္ကူတွေ ပြန်လည် ထုတ်ဝေရင် ဘယ်လောက် ၀မ်းမြောက် ကြည်နူးဖွယ်ဖြစ်လိမ့်မလဲလို့ ရေးခဲ့တယ်ဗျ။

လွတ်မြောက်ခြင်း ၂၂နှစ်ပြည့်ချိန်
    တောင်အာဖရိကနိုင်ငံမှာ ရာစုနှစ်နဲ့ချီပြီး ကြီးစိုးလွှမ်းမိုးတွင်ကျယ်ခဲ့တဲ့ ]အပါသိုက်}ခေါ် အသားအရောင်ခွဲခြားမှုစနစ်ဆိုးကို ဒူးမထောက် လက်မမြှောက် အလျော့မပေးဘဲ မစေ့စပ်စတမ်း ရွပ်ရွပ်ချွံချွံ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့မှုကြောင့် ထောင်ထဲမှာ ၂၇ နှစ်နေခဲ့ရတဲ့ မင်ဒဲလားဟာ ၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာခဲ့တယ်။ သူ ပြန်လည် လွတ်မြောက်လာခဲ့ခြင်း ၂၂ နှစ်တင်းတင်းပြည့် မြောက်တဲ့နေ့မှာ အဲဒီ ငွေစက္ကူတွေ ထုတ်ဝေဖြန့်ချိမယ့် အစီအစဉ်ကို လက်ရှိသမ္မတ ဂျက်ကော့ ဇူးမားက ထုတ်ဖော် ကြေညာခဲ့တာ ဖြစ်တယ်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိ
    တောင်အာဖရိကနိုင်ငံက ဒေသခံတိုင်းရင်းသား လူမည်းများအတွက် သာမက ကမ္ဘာတစ်လွှားက လူမည်းများအတွက်ရော ခွဲခြားဖိနှိပ် ဆက်ခံခြင်း ခံနေကြရတဲ့ လူနည်းစု လူမျိုးစုဝင်များအားလုံး လူ့အခွင့်အရေးချိုးဖောက်ခြင်း ခံနေကြရသူ လူသားအားလုံးအတွက်ပါ မီးရှူးတန်ဆောင်တစ်ခုဖြစ်တဲ့ မင်ဒဲလားဟာ ကမ္ဘာ့အကြီးဆုံး အံချော်လွဲမှားမှုတွေထဲက တစ်ခုဖြစ်တဲ့ အသား အရောင် ခွဲခြားမှုစနစ်ဆိုးကို တစ်ဘ၀လုံး ပေးဆပ်စတေးပြီး ဆန့်ကျင်တိုက်ခိုက် ခဲ့တဲ့ သူ့ရဲ့လှုပ်ရှားမှုများအတွက် ၁၉၉၃ မှာ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ဆွတ်ခူးနိုင်ခဲ့တယ်ဗျာ။

အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့ခဲ့ပုံ
    နောက်တစ်နှစ် ၁၉၉၄ မှာ ကျင်းပတဲ့နိုင်ငံရဲ့ ပထမဆုံး ဒီမိုကရေစီ ရွေးကောက်ပွဲမှာ ဗင်ဒဲလားဦးဆောင်တဲ့ အာဖရိက အမျိုးသား ကွန်ဂရက် (ဗဃြ) က အဓိကပြိုင်ဘက်လူဖြူတွေရဲ့ ပါတီအပေါ် မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့တယ်ဗျ။ အခြေခံဥပဒေသစ်အရ သူ့ပါတီက တစ်ပါတီတည်း အစိုးရဖွဲ့နိုင်တဲ့အနေအထားမှာ ရှိခဲ့ပေမယ့် အင်မတန်မှ အမြော်အမြင်ကြီးမားတဲ့ မင်ဒဲလားက လူဖြူတွေပါ ပါဝင်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရဖွဲ့စည်းခဲ့တာကြောင့် သူ့ရဲ့လုပ်ရပ်ကို ကမ္ဘာက အံ့သြလေးစား ချီးကျူးခဲ့ကြတယ်ဗျ။ ဒါအပြင် မင်ဒဲလားဟာ သူ့ရဲ့ သမ္မတရာထူး ပထမသက်တမ်းကုန်ဆုံးချိန်မှာ ပြည်သူတွေရဲ့ တစ်ခဲနက်ထောက်ခံမှုကို ဆက်လက် ရရှိနေဆဲဖြစ်ပေမယ့် ဒုတိယရာထူး သက်တမ်းအတွက် ၀င်ရောက်ယှဉ်ပြိုင်အရွေးခံခြင်း မပြုတော့ဘူးဗျ။ အာဏာကို နည်းလမ်းမျိုးစုံသုံးပြီး ဆက်လက်ဆုပ်ကိုင်ထားနိုင်ဖို့ ကြိုးစားမှုတွေသာ တွင်ကျယ်လွှမ်းမိုးနေတဲ့ တိုက်ကြီးတစ်တိုက်အတွက် အင်မတန်မှ မြင့်မြတ်အဖိုးတန်တဲ့ အစဉ်အလာကောင်းတစ်ခုကို ချထားခဲ့တာပဲ ဖြစ်တယ်ဗျ။

အနားယူနေပါပြီ
    အခုအချိန်မှာ အသက် ၉၄ နှစ်ရှိနေပြီဖြစ်တဲ့ မင်ဒဲလားဟာ ကျန်းမာရေးလည်း ချို့တဲ့နေပြီဖြစ်တဲ့အတွက် အများပြည်သူ မြင်ကွင်းက နောက်ဆုတ်ပြီး သူ့ရဲ့ဇာတိရွာကလေးမှာ အေးအေးချမ်းချမ်း အနားယူနေပြီဖြစ်တယ်ဗျာ။

မှတ်လောက်သားလောက်စကား
    မြို့တော် ပရီတိုးရီးယားက ဗဟိုဘဏ်အဆောက်အဦမှာ ပြုလုပ်တဲ့ မင်ဒဲလားရုပ်ပုံပါတဲ့ ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေမယ့်အကြောင်း ထုတ်ပြန်ကြေညာတဲ့ အခမ်းအနားမှာ တောင်အာဖရိက နိုင်ငံရေးလက်ရှိသမ္မတ ဂျက်ကော့ဇူးမား ပြောသွားတဲ့စကားတစ်ခွန်းဟာ တကယ့်ကို မှတ်သား လောက်တယ်ဗျ။ မင်ဒဲလားအကျဉ်းထောင်က လွတ်မြောက်လာမှုကို ]မျှော်လင့်ခြင်း ခေတ်သစ်တစ်ခုရဲ့ နိဒါန်း} အဖြစ် တင်စားခဲ့တဲ့ ဇူးမားက မင်ဒဲလားရုပ်ပုံပါ ငွေစက္ကူတွေ ထုတ်ဝေမယ့်သူ့အစိုးရရဲ့အစီအစဉ်နဲ့ ပတ်သက်ပြီး ]]ယခုလို မကြီးကျယ် မခမ်းနားတဲ့ သာမည လုပ်ရပ်ကလေးနဲ့အတူ ကျွန်တော်တို့ တောင်အာဖရိကပြည်သူတွေက ဟောဒီနိုင်ငံပြည်သူတွေနဲ့ ကမ္ဘာ့လူသားထု တစ်ရပ်လုံးရဲ့ အကျိုးအတွက် စတေးပေးဆပ်ခဲ့တဲ့ ဘ၀တစ်ခုအပေါ် ကျွန်တော်တို့ရဲ့ လေးနက်တဲ့ကျေးဇူးတင်မှုကို ဖော်ပြကြမှာဖြစ်ပါတယ်}}လို့ ပြောဆိုခဲ့တာ ဖြစ်တယ်ဗျ။
    ဆိုလိုတာကတော့ မင်ဒဲလားရုပ်ပုံပါတဲ့ ငွေစက္ကူထုတ်ဝေတဲ့ လုပ်ရပ်ဟာ မင်ဒဲလားက တောင်အာဖရိက နိုင်ငံအပေါ် ပြုခဲ့ဖူးတဲ့ ကျေးဇူးနဲ့ နှိုင်းစာလိုက်ရင် ဘာမှမပြောပလောက်အောင် သေးမွှားသိမ်နုတ်လွန်းလှပါတယ်လို့ ၀န်ခံ ပြောဆိုလိုက်တာဖြစ်တယ်ဗျ။ နိုင်ငံ့ ဖခင်ကြီးတစ်ဦးအပေါ် နောက်မျိုးဆက် ခေါင်းဆောင်တစ်ဦးက ကျေးဇူးသိစိတ်အပြည့်နဲ့ ပြောဆိုလိုက်တဲ့ စကားမှန်း ပေါ်လွင်ထင်ရှားနေတယ်ဗျာ။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ
    မင်ဒဲလားနဲ့ ငွေစက္ကသစ်သတင်းကို ဖတ်လိုက်ရချိန်နဲ့ မရှေးမနှောင်းမှာ လွတ်လပ်ရေးဗိသုကာ အမျိုးသား ခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ ရိုက်နှိပ်ထားတဲ့ ငွေစက္ကူတွေ ထုတ်ဝေဖြန့်ချိသွားဖို့ အစီအစဉ်ရှိမရှိ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မေးမြန်းပြီး သက်ဆိုင်ရာ ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးက အဲသလို အစီအစဉ်မရှိပါဘူးလို့ ပြန်လည်ဖြေကြား သွားတဲ့အကြောင်း သတင်းစာမှာ ဖတ်လိုက်ရတယ်ဗျာ။
    အားလုံးသိကြတဲ့အတိုင်း ဗိုလ်ချုပ်အောင်ဆန်းဟာ တပ်မတော်ရဲ့ ဖခင်လည်းဖြစ်၊ နိုင်ငံ့လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်ရင်း တိုင်းပြည်အတွက် အသက်ကို စတေးပေးဆပ်သွားခဲ့သူလည်း ဖြစ်တယ်ဆိုတဲ့ အပေါ်မှာ မြန်မာနိုင်ငံသားအားလုံးဟာ တစ်သဘောတည်း ရှိကြပေမယ့် ၁၉၆၂ နောက်ပိုင်းကာလတစ်ခုအတွင်း မြန်မာပြည်သူလူထု အများစုကြီးရဲ့ ရင်ထဲမှာ ကသိကအောင့် မကျေမချမ်းဖြစ်စရာလေးတွေ ရှိခဲ့တယ်ဗျ။ ပြည်သူတွေရဲ့ ရင်ထဲက အသံအစစ်အမှန်ကို နားစွင့်နေရတဲ့ မီဒီယာလောကသားတစ်ဦးအနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာပြည်သူတွေက သူတို့မိဘဘိုးဘွားဘီဘင် အရင်းအချာတွေထက်တောင် ပိုပြီး လေးစားမြတ်နိုးတန်ဖိုးထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ အဲဒီနှစ်ငါးဆယ်ကာလ အထူးသဖြင့် ဒီဘက် ၂၄ နှစ်ကာလအတွင်း တမင် ရည်ရွယ်ချက်ရှိရှိ မှေးမှိန်ဖျော့တော့အောင်လုပ်ထားခြင်း ခံနေခဲ့ရတယ်လို့ ခံစားနေခဲ့ကြတာ ဖြစ်တယ်ဗျ။
    ဒီလို ခံစားခဲ့ရတာကလည်း အကြောင်းမဲ့မဟုတ်ဘူး။ အကြောင်းရင်း အလုံအလောက် ရှိတယ်ဗျ။ အထူးသဖြင့် ပါလီမန်ဒိမိုကရေစီခေတ်  ၁၉၄၈-၆၂ ကို သိမီလိုက်တဲ့လူကြီးတွေမှာရှိတဲ့ အကြောင်းရင်းက ပိုလို့တောင် လုံလောက်တယ်ဗျ။ ၁၉၆၂ နောက်ပိုင်း ဗိုလ်ချုပ်ရဲ့ အခန်းကဏ္ဍကို တဖြည်းဖြည်းချင်း ဘယ်လိုလျှော့ချလာခဲ့ကြသလဲဆိုတဲ့အကြောင်း သူတို့က ကောင်းကောင်းရှင်းပြနိုင်ကြတယ်ဗျာ။

ဧည့်ခန်းထဲ မချိတ်ရဲအောင်
    နိုင်ငံတော်က ဦးစီးကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားတွေကို တစ်ချိန်က နိုင်ငံအကြီးအကဲကိုယ်တိုင် တက်ရောက်ရာကနေ နောက်ပိုင်းမှာ ၀န်ကြီးအဆင့်လောက်သာ တက်ရောက်စေခဲ့တာ အစ၊ အစိုးရရုံးဌာန ကျောင်း တွေမှာ စတိတလောက်သာ ကျင်းပလာခဲ့တာ အလယ်၊ ငွေစက္ကူပေါ်မှာ ဗိုလ်ချုပ်ပုံအစား အခြားပုံတွေ ၀င်လာတာ အဆုံး ဗိုလ်ချုပ်ရဲ့အရေးပါမှု ဖျော့မှိန်လာမှုအပေါ် ထုတ်မပြောရဲပေမယ့် ပြည်သူတွေ ရင်ထဲ မသက်မသာ ခံစားလာခဲ့ကြရတာ အဲဒီကာလတွေဖြစ်တယ်ဗျ။ အခြေအနေ တရွေ့ရွေ့ ပိုဆိုးလာချိန်မှာ ဗိုလ်ချုပ်ပုံကိုတောင် ဧည့်ခန်းမှာ မချိတ်ဝံ့လောက်တဲ့အထိ ဖြစ်လာပြီး ထောင်ထဲ ဗိုလ်ချုပ်ပုံ သွင်းလာတာကိုတောင် တရားမ၀င်ပစ္စည်း ခိုးသွင်းမှုနဲ့  စွဲချက်အတင်ခံရတဲ့အထိ ဖြစ်လာခဲ့တာ အားလုံးအသိဖြစ်တယ်ဗျ။

အလွဲတစ်ခု ပြန်တည့်သွားပြီ
    ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းပုံရှေ့မှာ ဗိုလ်ချုပ်သမီးနဲ့ သမ္မတကြီးတို့ ကြည်လင်သော အပြုံးကိုယ်စီနဲ့ ရပ်နေကြတဲ့ပုံ သတင်းစာထဲပါလာပြီးတဲ့ နောက်မှာတော့ ကျွန်တော်တို့နိုင်ငံမှာ ရာစုတစ်ဝက်လောက် တည်ရှိနေခဲ့တဲ့ ]အလွဲ}တစ်ခု ပြန်တည့်သွားခဲ့ပြီလို့ ယူဆဖွယ်ရာ ဖြစ်ခဲ့တယ်ဗျာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ပြည်သူတွေဟာ သူတို့နှစ်ပေါင်းများစွာ လိုလားတောင့်တနေခဲ့ကြတဲ့ သမ္မတကြီးဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြတယ်ဆိုတဲ့ သတင်းထက် အဲဒီဓာတ်ပုံကြောင့် ပိုပြီး ]ဟတ်ထိ}သွားခဲ့ကြတာ ဖြစ်တယ်ဗျာ။ စစ်အစိုးရအဆက်ဆက်နဲ့ ပတ်သက်ပြီး သူတို့ရင်ထဲက မကျေလည်မှုတွေဟာ အဲဒီဓာတ်ပုံကြောင့် အတော်များတဲ့အတိုင်းအတာအထိ ပြေလျော့သွားခဲ့တာ ဖြစ်တယ်ဗျာ။
    ဒါကြောင့် ဒီအချက်ကို အလေးအနက်ပြုပြီး နိုင်ငံတော်အစိုးရအနေနဲ့ ဗိုလ်ချုပ်ပုံပါတဲ့ ငွေစက္ကူအသစ်တွေ ထုတ်ဝေခဲ့မယ်ဆိုရင် အစိုးရဟာ ပြည်သူတွေရဲ့ ချစ်ခင်နှစ်သက်မှုကို ထပ်မံရရှိမှာဖြစ်တဲ့အပြင် နိုင်ငံတော် အခုလျှောက်လှမ်းနေတဲ့ လမ်းကြောင်းနဲ့လည်း အံဝင် ခွင်ကျကွက်တိပဲလို့ ကျွန်တော်ကတော့ ယုံကြည်နေမိတယ်ဗျ။

maungwuntha@gmail.com
၁၄၊ ၀၆၊ ၂၀၁၂

မောင်စိန်ဝင်း (ပုတီးကုန်း) ၏ သတ္တိရှိသော သစ်တပင်

မောင်စိန်ဝင်း (ပုတီးကုန်း) ၏ သတ္တိရှိသော သစ်တပင်

မြက်ကြားကိုင်းကြား ၊ ချုံနွယ်ကြားမှာ
အားယူလျက် ၊ အညှောက်ထွက်၍
နွမ်းသွေ့သွေ့နှင့်
အလေ့ကျပေါက် အပင်ငယ် -

နွေရက်ရောက်၍
မြက်ခြောက်ကိုင်းခြောက်
ညှိုးသွေ့ပျောက်လည်း ၊ အညှောက်နုနု
နွေကိုတုကာ ၊ သေလုသေခင်
အသက်ရှင်ဆဲ ၊ မြင်ရဆဲ ..... ။


မိုးလဲဝင်ရော ၊ မြက်တောနှင့်ကိုင်း
နွယ်ပင်ရိုင်းတို့ ၊ ၀ိုင်းဝိုင်းပတ်လည်
ရှည်သန်ကြီးစိုး ၊  လွှမ်းအုပ်မိုး၍
အလေ့ကျပင် ၊ မတွေ့မြင်တော့
ရှင်မှ ရှင်သန်သေးရဲ့လား ..... ။

နွေနွေမိုးမိုး ၊ အမျိုးမျိုးဒဏ်
အဖိခံရင်း ၊ အံကိုတင်းလျက်
အသက်ဆက်ကာ ၊ အရွက်လည်းဖား
ကိုင်းဖျားလည်းရှည် ၊ ပင်စည်လည်းမြင့်
တဆင့်ဆင့်နှင့် ၊ ကြီးရင့်လာခဲ့ရပါသည်။

သို့နှင့် ....
နှစ်ပေါင်းလည်းကြာ ၊ သည်နေရာထက်
မြက်ရိုင်းမတွေ့ ၊ နွယ်မတွေ့တော့
အလေ့ကျပင် ၊ ရွက်နုလွင်၍
ပင်စည်ရင့်ရော် ၊ မိုးကိုမျှော်ကာ
ကန့်ကော်ပန်းတွေဝေလျက် ....


မောင်စိန်ဝင်း (ပုတီးကုန်း)

ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ်ပြည့်စာစောင် အပိုင်း ၁ ၊
၁၉၇၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်။ စာမျက်နှာ ၂၈၁ ။

ဒေါ်အောင်ဆန်းစုကြည် အောက်စဖို့ တက္ကသိုလ် မှ ဒေါက်တာဘွဲ့ ချီးမြင့်သည့် ဓါတ်ပုံ ဗွီဒီယိုမှတ်တမ်များ




















Oxford တက္ကသိုလ်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ( ပါရဂူဘွဲ့ ) ချီးမြင့်စဉ်။ ဒေါ်အောင်ဆန်းစုကြည်ပြောသော မိန့်ခွန်း ရုပ်သံ။






























ဓါတ်ပုံ..အစ်ကို ကျော်ဇွာမြင့် .. အစ်မကြီး Helen Ayekyaw
Aung San Suu Kyi has received an honorary degree from the University of Oxford


ဒေါ်အောင်ဆန်းစုကြည် အောက်စဖို့ တက္ကသိုလ် မှ ဒေါက်တာဘွဲ့ ချီးမြင့်သည့်  ဗွီဒီယိုမှတ်တမ်း
ကိုသန်းထွန်းအောင် ..မှ.။

နစ်နေမန်းမှ ...
ဒေါ်အောင်ဆန်းစုကြည် အောက်စဖို့ တက္ကသိုလ် မှ ဒေါက်တာဘွဲ့ ချီးမြင့်သည့်  ဗွီဒီယိုမှတ်တမ်း