ရခိုင်ပြည်မှာ ဖြစ်ပွားနေတဲ့ပြဿနာတွေနဲ့ ပတ်သက်ပြီး ရာဇဝတ်မှုကျူးလွန်ခဲ့သူတွေကို ဖမ်းဆီးအရေးယူလိုက်၊ နှစ်ဘက်သင့်သင့်မြတ်မြတ်နေလိုက်ကြရင်ပြီးတာပဲ လို့ လွယ်လွယ်ကူကူ မေတ္တာဂရုဏာရှင်ဆန်ဆန် ပြောကြတယ်။ သူတို့ပြောနေကြတဲ့ ဘက်နှစ်ဖက် ဆိုတာ ဘယ်သူတွေလဲ။
(က) အစ္စလာမ်ဘာသာဝင် နဲ့ ရခိုင် ဗုဒ္ဓဘာသာဝင်တွေလား
ဘာသာပေါင်းစုံ ကိုးကွယ်နိုင်ခွင့်ရှိတဲ့နိုင်ငံမှာ စိုးရိမ်စရာမဟုတ်ပါ။ ထင်ရှားတဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ မေတ္တာရပ်ခံချက်တွေကို ဖတ်ကြည့်ရင်ရှင်းပါတယ်။ သာရေးနာရေးတွေမှာ လက်တွဲအတူတူလုပ်နေကြတဲ့ ပုံရိပ်တွေက သက်သေပြနေပါတယ်။
(ခ) ကျူးကျော်သူတွေ နဲ့ ကျူးကျော်ခံသူတွေလား
ကျူးကျော်လာသူတွေဘာလုပ်လုပ်၊ ပြန်မတုန့်ပြန်နဲ့။ ညီညီညွတ်ညွတ်နေကြပါ။ ချစ်ကြပါ ဆိုတဲ့စကားတွေကိုတော့ နယ်ချဲ့အလိုတော်ရိတွေရဲ့နှုတ်ဖျားက ပြောလေ့ရှိပါတယ်။ တကယ်တော့ နိုင်ငံရေးဆိုတာ စိတ်ကူးယဉ် ရုပ်ရှင်ကားတကား လို ကိုယ်ဖြစ်ချင်တဲ့ ဇာတ်သိမ်းခန်းမျိုး ဘယ်ရနိုင်ပါ့မလဲ။ သမိုင်းပြဿနာတွေကို မပြောရဲပဲ အနုပညာဆန်ဆန်ကြွေးကြော် ဟန်ဆောင်နေမှုတွေ တွေဆိုတာ လူမုန်းမခံချင်တဲ့၊ နိုင်ငံရေးအသံကြောင်တွေ အဖြစ်သာ နားလည်လိုက်မိတယ်။
“ ရိုလင်ဂျာ ဟာ တိုင်းရင်းသားမဟုတ်ဘူး ” ဆိုတဲ့ စကားတမျိုးတည်းနဲ့ တာဝန်ကျေသွားပြီ မထင်ပါနဲ့။ လူဝင်မှုကြီးကြပ်ရေးရဲတာဝန်သာဖြစ်တယ် ဆိုတဲ့ မှတ်ချက်တခုတည်း နဲ့ မလုံလောက်သေးပါဘူး။
အဲ့ဒီတိုင်းရင်းသား မဟုတ်တဲ့ ကျူးကျော်သူတွေရဲ့ ပြဿနာကို ဘယ်လိုတုန့်ပြန်မလဲ ၊ အချုပ်အခြာနယ်မြေကို ထိပါးလာသူတွေအပေါ် အရေးယူဖို့အတွက် လူထုနည်းကို ဘယ်လိုမြှင့်တင်မလဲ၊ မြန်မာနိုင်ငံက တိုင်းရင်းသားတွေဟာ ကိုယ့်နယ်မြေတွေမှ ထွက်ပြေးနေရတဲ့ အဖြစ်ဆိုးတွေကို ဘယ်လိုကာကွယ်မလဲ ဆိုတဲ့မေးခွန်းက အဓိကကျလာတယ်။ လတ်တလောဖြစ်နေတဲ့ ရာဇဝတ်မှုတွေ ဆိုတာ စဉ်းစားစရာ အချက်အလက်တခုလောက်သာ အသုံးဝင်နေပါလိမ့်မယ်။
အချက် (၃) ချက်ကိုတင်ပြချင်ပါတယ်။
(၁) လူ့အခွင့်အရေး လား၊ နိုင်ငံတော် လုံခြုံရေးလား
နိုင်ငံခြားရေးမူဝါဒ နှင့် နိုင်ငံတော်ကာကွယ်ရေး ဘာသာရပ်ကို သင်ကြားတုံးက အဖြစ်အပျက်တခုကို သတိယမိတယ်။ သတင်းထောက်တယောက်က အမေရိကန်သမ္မတဂျော့ဘုရှ် ကို ထပြီးမေးတယ်။ “အော်ကိုင်းဒါး နဲ့ အစ္စလာမ် စစ်သွေးကြွတွေကို ဖမ်းဆီးစစ်ဆေးတဲ့အခါမှာ အမေရိကန်တွေဟာ ရက်စက်ကြမ်းကြုတ်လွန်းတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်” ဆိုတော့ ဘုရှ်ကလည်း ပြန်ပက်တယ်။
“နေစမ်းပါအုံး။ ဂျီနီဗာ သဘောတူညီမှုဆိုတာ နိုင်ငံရှိတဲ့ သူတွေက ရေးဆွဲထားတဲ့အချက်အလက်တွေပါ။ နိုင်ငံမရှိတဲ့ အော်ကိုင်းဒါး အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှု့အန္တရာယ်တွေကို တားဆီးဖို့အတွက် ကျနော့နိုင်ငံရဲ့ လုံခြုံရေးဟာ အဓိက အရေးကြီးဆုံးဖြစ်တယ်။ သူတို့ကို လူ့အခွင့်ရေးပေးစရာ လိုလို့လား” တဲ့။ တကယ်တော့ အမေရိကန်သမ္မတ ဘုရှ် တင်မကပါဘူး ။ နိုင်ငံရဲ့ ခေါင်းဆောင်တွေအားလုံးဟာ နိုင်ငံတော်လုံခြုံရေး နဲ့ အမျိုးသားအကျိုးစီးပွားကိုသာ ပထမဦးစားပေးအဖြစ် စဉ်းစားလေ့ရှိကြတယ်။ ပူတင်ရဲ့ “ချက်ချင်းညှာ” စစ်ပွဲ အပါအဝင်၊ နိုင်ငံတကာမှာ ဖြစ်ပျက်နေတဲ့ ဘာသာရေးအစွန်းရောက်တွေအပေါ် နှိမ်နင်းတဲ့ စစ်ဆင်ရေးတွေ၊ ပဋိပက္ခတွေကို ကြည့်ရင်သိသာထင်ရှားပါတယ်။
(၂) အကြမ်းဖက်သမားတွေရဲ့ စိတ်ရောဂါကန်ပိန်း
နိုင်ငံတကာ မှာရှိတဲ့ အကြမ်းဖက်သမားတွေရဲ့ လုပ်ကိုင်ပုံလုပ်ကိုင်နည်းနဲ့ စိတ်ပိုင်းဆိုင်ရာတွေကို လေ့လာကြည့်တဲ့အခါ တူညီမှုတခုသွားတွေ့ရတယ်။ တိုင်းပြည်ရဲ့ထင်ရှားတဲ့ခေါင်းဆောင်တွေ နိုင်ငံတကာခရီးစဉ်ကို ထွက်လေ့ရှိတဲ့အခါတိုင်း သူတို့ကို အာရုံစိုက်လာနိုင်ဖို့အတွက် ကန်ပိန်းတခု၊ အဖြစ်အပျက်တခုကို ဖန်တီးလေ့ရှိကြတယ်။ သနားစရာကောင်းတဲ့ ဒုက္ခသည်တွေရဲ့ ပုံတွေကို ပြပြီး နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေကို အကူအညီတောင်းမယ်။ ထင်ရှားတဲ့ခေါင်းဆောင်တွေရဲ့ ခရီးစဉ်နဲ့ချိန်ကိုက်ပြီး သူတို့ရဲ့ အရေးတွေကို အော်ဟစ်မေးခွန်းထုတ်ကြမယ်။ ကြံစည်မှုပုံစံတွေက တပုံစံတည်းပါပဲ။ အထူးအဆန်းမဟုတ်ပါဘူး။
(၃) နိုင်ငံရေးဆိုတာ အနုပညာတခုလို စိတ်ကူးယဉ်လို့ မရ
လူမျိုးရေးမုန်းတီးမှုတွေကို ဦးတည်နေပြီလား။ လူမျိုးဖြုတ်စစ်ပွဲတွေကို ဦးတည်သွားနေပြီလား လို့ သွေးရူးသွေးတမ်း စိုးရိမ်နေတဲ့သူတချို့ကို တခုပဲအကြံပေးချင်ပါတယ်။ ဧည့်သည်တွေဟာ လူလိုအလိုက်သိတတ်မယ်ဆိုရင် ဒီလို ပြဿနာတွေ ပေါ်ပေါက်လာမှာမဟုတ်ပါဘူး။ ပြဿနာတိုင်းမှာတော့ အပြစ်မဲ့ပြည်သူတွေ ကြားညှပ်တတ်တာ သဘာဝပါပဲ။ အသတ်ခံလိုက်ရတဲ့ အပြစ်မဲ့ ပြည်သူတွေကို ပြပြီး ကျူးကျော်လာသူတွေအပေါ် ဖေါ့တွေးနေတဲ့ သူတချို့အတွက် ရုရှားခေါင်းဆောင် ဗလာဒီမာ ပူတင်ရဲ့ တုန့်ပြန်မှုတွေကို တင်ပြချင်ပါတယ်။ အစွန်းရောက်သမားတွေ၊ အကြမ်းဖက်သမားတွေနဲ့ပတ်သက်ရင် နိုင်ငံခေါင်းဆောင်တိုင်းဟာ မပျော့ညံ့သင့်ဘူး။ မိမိတိုင်းရင်းသားတွေအပေါ် မတရားသဖြင့် စော်ကားနေတဲ့ လူ့အရိုင်းအစိုင်းတွေကို ရှင်းထုတ်ပစ်ဖို့အတွက် လုပ်စရာရှိတာကို ပြတ်ပြတ်သားသားလုပ်ကြရပါလိမ့်မယ်။
လွတ်လပ်တဲ့အာရှအသံရဲ့ ဂျွန်လ (၁၉) ရက်နေ့ညပိုင်းအစီအစဉ်မှာတင်ဆက်ခဲ့တဲ့ဆောင်းပါးလေးပါ။
သောတရှင်များခင်ဗျား
၂၀၀၂ ခုနှစ် အောက်တိုဘာလတုံးက ရုရှားပြည်ထောင်စုမှာ ချင်ချင်းအစ္စလာမ်စစ်သွေးကြွခွဲထွက်ရေး သမားတွေက မော်စကိုပြဇာတ်ရုံကိုစီးနင်းတိုက်ခိုက်၊ လူပေါင်း ၈၅၀ ကို ပြန်ပေးဆွဲခဲ့တဲ့ အဖြစ်အပျက်တခုကို မှတ်မိကြပါလိမ့်မယ်။ ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်ကလည်း အဲ့သလိုပြန်ပေးဆွဲမှုတွေကို ဓါတုဗေဒလက်နက်သုံးပြီး အလျော့မပေးစတမ်းလက်တုန့်ပြန်ခဲ့ပါတယ်။ ချင်ချင်းပြန်ပေးဆွဲသမား ၃၉ ယောက်နဲ့အတူ လူပေါင်း ၁၃၀ နီးပါးသေဆုံးခဲ့ပါတယ်။ ပူတင်ရဲ့ ရက်ရက်စက်စက်ဖြိုခွဲမှုကို လူ့အခွင့်ရေးရှုထောင့်မှကြည့်သူတွေက ဝေဖန်ပြစ်တင်ခဲ့ကြပေမဲ့ နိုင်ငံတော်လုံခြုံရေးရှုထောင့်ကကြည့်သူတွေကလည်း လိုအပ်တဲ့ အင်အားသုံးဖြေရှင်းမှု တခုလို့ဆိုပါတယ်။ တကယ်တော့ သမိုင်းစဉ်တလျှောက်တည်ရှိလာခဲ့တဲ့ မြို့ပြနိုင်ငံ ပြဿနာတွေနဲ့ စစ်အေးတိုက်ပွဲရဲ့ အမွေတွေက ရုရှားပြည်ထောင်စုကို စိတ်ကူးယဉ်ခွင့်မပေးခဲ့ပါဘူး။
“ ရုရှားသမ္မတ ပူတင် က ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားမှုဟာ အလွန်ကြီးမားတဲ့ ဆုံးရှုံးနစ်နာမှုတခုဖြစ်တယ်။ ဒီလိုပြိုကွဲမှုအပေါ်မှာ သာမန်ရုရှားပြည်သူတွေအတွက် ဘာတခုမှ အကျိုးအမြတ်မရပဲ၊ အခွင့်ထူးခံ နိုင်ငံရေးသမားတွေနဲ့ အမျိုးသားရေးဝါဒီတချို့သာ အမြတ်အစွန်းရသွားတယ် လို့ မိန့်ခွန်းတွေမှာ ထုတ်ပြောလေ့ရှိတယ်။ ရုရှားပြည်ထောင်စုကို ဦးဆောင်တဲ့ ဘောရစ်ယဲ့ဆင် အောက်မှာ ရုရှားတွေရဲ့ ဆင်းရဲမွဲတေမှု့ဟာ ဆိုဗီယက်ယူနီယံကာလထက် ဆိုးဝါးလာခဲ့တယ်။ တိုင်းပြည်ရဲ့ စီးပွားရေးတခုလုံးဟာ လက်တဆုပ်စာ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေလက်ထဲမှာ ကျရောက်သွားခဲ့သလို၊ အစ္စလာမ်အစွန်းရောက် လက်နက်ကိုင်အဖွဲ့တွေကလည်း၊ ရုရှားပြည်ထောင်စုဆီက ခွဲထွက်ဖို့ အတွက် စစ်ရေးလှုပ်ရှားမှုတွေကို စတင်လိုက်ကြတယ်”
တကယ်တော့ ဆိုဗီယက်ပြည်ထောင်စုမပြိုကွဲခင် သုံးလလောက်အလိုမှာ “ချက်ချင်းညှာ” ခွဲထွက်ရေး သမားတွေဟာ သူတို့ဒေသကို အာဏာသိမ်းပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသရဲ့ ပါလီမန်ကို ဖျက်သိမ်းပစ်လိုက်ပါတယ်။ လွတ်လပ်ရေးကြေငြာစာတမ်း ထုတ်ပြန်ခဲ့ပါတယ်။ ချင်ချင်းလူမျိုးမဟုတ်တဲ့ ယူကရိန်း၊ ရုရှား၊ အာမေးနီးယား ပြည်သူတွေ ထောင်ပေါင်းများစွာဟာ နှိပ်စက်မောင်းထုတ်ခံရတာကြောင့်တခြား ရုရှားပြည်ထောင်စုရဲ့ဒေသတချို့ဆီကို ထွက်ပြေးလာခဲ့ရပါတယ်။
“ ချုပ်ပြီးပြောရရင်၊ ပထမ ချက်ချင်းညှာစစ်ပွဲဟာ ၁၉၉၄ မှ ၁၉၉၆ ထိဖြစ်ပွားခဲ့ပြီး ပြည်သူ (၃) သောင်းနည်းပါးသေဆုံးခဲ့တယ်။ နှစ်သိန်းကျော် ဒဏ်ရာရခဲ့ပြီး၊ (၅) သိန်းကျော် ရွေ့ပြောင်းခဲ့ရတယ်။ ၁၉၉၆ မှာ ရုရှားသမ္မတ ယဲ့ဆင် နဲ့ ချင်ချင်းခေါင်းဆောင် မာ့က်ဒက်ဒေါ့ တို့ ငြိမ်းချမ်းရေး၊ စီးပွားရေး နဲ့ စစ်အတွင်းမှာ ပျက်ဆီးဆုံးရှုံးမှုတွေအတွက် ပြန်လည်တည်ဆောက်ရေးသဘောတူညီမှုတွေကို လက်မှတ်ရေးထိုးခဲ့ကြတယ်”
ရုရှားပြည်ထောင်စု နဲ့ ချင်ချင်းခွဲထွက်ရေးသမားတွေရဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုတွေက ထင်သလို ဖြစ်မလာခဲ့ပါဘူး။ ဆိုဗီယက်ပြည်ထောင်စု ဆီက သီးခြားခွဲထွက်ချင်တဲ့ “ချက်ချင်းညှာ” နယ်မြေမှာ စက်မှုလုပ်ငန်းတွေအပါအဝင် စီးပွားရေးတခုလုံးဟာ ချွတ်ခြုံကျလာခဲ့ပါတယ်။ ဒါကြောင့်လည်း “ချက်ချင်းညှာ” ခွဲထွက်ရေးခေါင်းဆောင်ရဲ့ တခါတုံးက လုပ်ဖေါ်ကိုင်ဖက်တွေဖြစ်တဲ့ အစွန်းရောက်စစ်သွေးကြွနှစ်ဦးက ခေါင်းဆောင်ပြီး ချင်ချင်းပါလီမန်ကို ဖျက်ဆီးပစ်လိုက်ပြီး အာဏာသိမ်းယူလိုက်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုရဲ့ “ဒက်ကက်စတန်” ပြည်နယ်ကို ဝင်ရောက်ကျူးကျော်လိုက်ပါတယ်။
“ ရုရှားပြည်သူတွေအတွင်းမှာလည်း မေးခွန်းတွေစတင်ရိုက်ခပ်နေပြီလေ။ ပြည်သူလူထုအတွက် ခိုင်ခိုင်မာမာခေါင်းဆောင်မှုပေးနိုင်မဲ့ နိုင်ငံခေါင်းဆောင်တယောက် လိုအပ်နေတယ်။ အထူးသဖြင့် ယဲ့ဆင်ရဲ့ ချင်ချင်းခွဲထွက်ရေး သမားတွေအပေါ်စစ်ဆင်ရေးကို အားမလိုအားမရဖြစ်နေခဲ့ကြတယ်။ အဆိုးဆုံးကတော့ Islamic International Brigade လို့ ခေါ်တဲ့အုပ်စုတွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေပဲ။ သူတို့ဟာ အာရပ်၊ တူကရီ အပါအဝင် ချင်ချင်းလူမျိုးမဟုတ်တဲ့ မူဂျာဟာဒင်း (၅၀၀၀) ကျော် ကို သယ်ယူလာပြီး ရုရှားပြည်ထောင်စုအပေါ် ဂျီဟတ်စစ်ပွဲဆင်နွဲဖို့အတွက် ချင်ချင်းစစ်ပွဲကို ဝင်ရောက်ပူးပေါင်းကြတယ်။ ယဲ့ဆင်ကိုယ်တိုင်လည်း ရုရှားပြည်သူရဲ့ဆန္ဒကို အကောင်အထည်ဖေါ်ပေးမဲ့ ပုဂ္ဂိုလ်ဟာ ဗလာတီမာ ပူတင် ဖြစ်တယ် ဆိုတဲ့အချက်ကို သဘောပေါက်နေတယ်။ ဒါကြောင့်လည်း ပူတင် ကို သမ္မတရာထူးအဖြစ် အမွေဆက်ခံပေးလိုက်တယ်။ ”
တကယ်တော့ ဗလာဒီမာပူတင်ဟာ လူငယ်ဘဝထဲက၊ သူ့ရဲ့ နိုင်ငံတော်ကို အင်အားကြီးမားတဲ့ နိုင်ငံတခုဖြစ်လာအောင် စွဲစွဲမြဲမြဲစိတ်ကူးလာသူတဦးဖြစ်ပါတယ်။ သူ့ရဲ့ Ph.D စာတမ်းတခုမှာ ဆိုရင် “ ဈေးကွက် ဆက်ဆံရေးဖွဲ့စည်းပုံအောက်မှာ၊ ဒေသဆိုရင် သဘာဝအရင်းအမြစ်တွေကို မဟာဗျူဟာကျကျ စီမံခန့်ခွဲမှု” ဆိုတဲ့ စာတမ်းကို တင်းသွင်းခဲ့ပါတယ်။ ဒါကြောင့်လည်း သူဟာ ၁၉၇၅ မှာ ဆိုဗီယက်ထောက်လှမ်းရေးရဲ့ ခြီးမြှောက်ခြင်းကို ခံခဲ့ရပါတယ်။ သူဟာ သူကိုယ်တိုင် ဂျူဒိုပြိင်ပွဲတွေမှာ ဝင်ရောက် ပြသပြီး၊ တိုင်းပြည်အတွက် ဘယ်လိုသန်မာတယ် ဆိုတာ ကို သရုပ်ဖေါ်ခဲ့တယ်။
ဗလာဒီမာ ပူတင်ရဲ့ ပထမ သမ္မတ သက်တမ်းမှာ၊ နယ်မြေလုံခြုံရေးအတွက် ချက်ချင်းစစ်သွေးကြွတွေရဲ့ အကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှုတွေကို ရက်ရက်စက်စက်တုန့်ပြန်ခဲ့ပါတယ်။ တဘက်မှာတော့ ယဲ့ဆင်လက်ထက်က တိုင်းပြည်ရဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို လက်ဝါးကြီးအုပ်ပိုင်ဆိုင်ပြီး၊ အမျိုးသားရေးလုပ်ငန်းတွေအပေါ် လစ်လျူရှု၊ မာဖီးယားဂိုဏ်းတွေနဲ့ လဒ်ပေးလဒ်ယူ လုပ်နေတဲ့ လူ့မလိုင် အခွင့်အရေးသမားတွေကို ထိပ်တိုက်ရင်ဆိုင်ရှင်း လင်းပစ်ခဲ့တယ်။ သူတို့ပိုင်ဆိုင်တဲ့ မီဒီယာတွေကိုလည်း သိမ်းယူပစ်လိုက်တယ်။ သူ့နဲ့အတူ တိုင်းပြည်တိုးတက်ရေးအတွက် လက်တွဲလုပ်မယ်ထင်တဲ့ စီးပွားရေးသမားတွေကို ကမ်းလှမ်းခဲ့တယ်။ ချင်ချင်းစစ်သွေးကြွတွေနဲ့ဒုတိယစစ်ပွဲကိုဆင်နွဲလိုက်ပြီးကတည်းက ဖက်ဒရယ်အစိုးရရဲ့ ပရောဂျက်လုပ်ငန်းတွေကို စတင်လိုက်ပါတယ်။ ပြည်နယ်အသီးသီးဆီက ကိုယ်စားလှယ်တွေ ရဲ့ပါဝါကို တန်းတူအခွင့်အရေးပေးပြီး၊ ပြည်သူလူထုအတွက် လူမှုရေး၊ ပညာရေး၊ ထောက်ပံ့မှု လုပ်ငန်းတွေကို စတင်လိုက်ပါတယ်။ ဒါကြောင့်လည်း ပူတင်ရဲ့ ပထမ သမ္မတသက်တမ်း မှာ ရုရှားပြည်သူ ၈၃ ရာခိုင်နှုန်းကျော်က သူ့ကို ထောက်ခံသဘောတူခဲ့ကြတယ် လို့ စစ်တမ်းတွေအရ သိကြရတယ်။
သောတရှင်များခင်ဗျား
ယဲ့ဆင်လက်ထက် အသွင်ကူးပြောင်းရေးကာလတွေဟာ စစ်အေးတိုက်ပွဲရဲ့ အမွေ နဲ့ လစ်ဘရယ်စံနှုန်းတွေကို လွှမ်းမိုးအနိုင်ယူချင်တဲ့ အခွင့်အရေးသမားတွေရဲ့ အတားအဆီးတွေကြောင့် တိုင်းပြည်ဟာ မတည်မငြိမ်ဖြစ်ခဲ့ရတယ် လို့ သုံးသပ်ပြလေ့ရှိကြပါတယ်။ ကိုလိုနီစံနစ်ရဲ့ အမွေဆိုးတွေကို လက်ခံထားရတဲ့ ကျနော်တို့နိုင်ငံဟာ ယဲ့ဆင်လက်ထက် ကြုံတွေ့ရတဲ့ ပြဿနာတွေထက် ကြုံတွေ့နိုင်တာကြောင့် ပိုပြီး သတိထားဖို့လိုပါလိမ့်မယ်။ တိုင်းပြည်ကို ခေါင်းဆောင်မဲ့သူတွေဟာ ခိုင်မာရှင်းလင်းတဲ့ ပြည်တွင်းရေးရာမူဝါဒတွေနဲ့ နိုင်ငံခြားရေးရာမူဝါဒတွေ၊ စီးပွားရေးစီမံကိန်းတွေကို စံနစ်တကျ ကိုင်စွဲပြီး ပြည်သူလူထုအပေါ်ပေးအပ်ခဲ့တဲ့ ကတိတွေကို တာဝန်ကျေဖို့လိုပါလိမ့်မယ်။ သောတရှင်တို့လည်း ထက်မြက်ခိုင်မာတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ဆုံဆည်းနိုင်ကြပါစေ။
Aung Moe Win
on Thursday, June 21, 2012 at 1:52pm ·
No comments:
Post a Comment