Saturday, June 2, 2012

ထိုင်း- မြန်မာနယ်စပ် ရောက် ဒေါ်အောင်ဆန်းစုကြည်

  • အိမ့်သံစဉ် ရေးသားတင်ပြသည်။

ဒီမနက် ၉ နာရီခွဲလောက်က မဲဆောက်လေဆိပ်ကို ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ဒီကနေ့မှာ ထိုင်း- မြန်မာနယ်စပ်က မယ်လ ဒုက္ခသည် စခန်းသို့ သွားရောက်ခဲ့ပါတယ်။ မယ်လ ဒုက္ခသည် စခန်းမှာ ၁၀ နာရီကျော်လောက်ရောက်ပြီး စခန်းမှာ ရှိတဲ့ ထိုင်း တာဝန်ရှိသူများနဲ့ မြန်မာဒုက္ခသည်များရဲ့ အခြေအနေကို မေးမြန်းပါတယ်။

ဒုက္ခသည် စခန်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဒုက္ခသည်တွေနဲ့ နီးနီးကပ်ကပ် အားပေးစကား မပြောလိုက်ရပါဘူး။ ဒုက္ခသည်တွေကတော့ ပျော်နေကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျက်နှာ ကို မြင်လိုက်ရလို့ ၀မ်းသာနေကြပါတယ်။
ဒုက္ခသည်စခန်းက အပြန်မှာတော့ ပထမ မှာတော့ ထိုင်းနယ်စပ်မှာ ဖွင့်လစ်ထားတဲ့ ဒေါက်တာ စင်သီယာမောင် မယ်တော် ဆေးခန်းကို လာရောက်မယ်လို့ သတင်းများထွက်ပေါ်နေခဲ့ပါတယ်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် သွားရောက်မှု မရှိဘဲ လေဆိပ်သို့ တန်သွားပြီး သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အားကိုးတကြီး မျှော်လင့်ချက်တကြီးနဲ့ စောင့်ဆိုင်းနေရတဲ့ မဲဆောက် မြန်မာများ ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြန်မောင်းသွားတဲ့ ကားထဲက လက်ပြတာလေးကိုပဲ နှစ်သိမ့်ရင်း မျက်ရည်တွေနဲ့ စိတ်မကောင်းစကားဆိုသူများလည်း ရှိကြပါတယ်။
ဒီအတွက်လည်း မဲဆောက်က မြန်မာ အလုပ်သမားတွေနဲ့ မြန်မာ အသိုင်းအ၀ိုင်းက အတော်စိတ်မကောင်းဖြစ် ပြီး ကျန်ရစ်ခဲ့ကြတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံသို့ ရောက်ရှိနေတဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်စုကြည် ယနေ့ထိုင်းမြန်မာ နယ်စပ်သို့ ရောက်ရှိလာစဉ့် မြင်တွေ့ ရတဲ့ ဓာတ်ပုံများကို စုစည်းတင်ပြလိုက်ပါတယ်။

မယ်လဒုက္ခသည် စခန်းရောက် ဒေါ်အောင်ဆန်းစုကြည်


ထိုင်းမြန်မာ နယ်စပ်ကို ဒီကနေ့ ရောက်ရှိလာခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီခေါင်ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်တမ်း ဓာတ်ပုံများကိုစုစည်းတင်ပြလိုက်ပါတယ်။
မယ်လစခန်းရှိ မြန်မာများ
လုံခြုံရေး က တင်းတင်းကျပ်ကျပ်
                    ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘော်ဒီကတ် မမလေးက မြန်မာတွေ မျက်စိကျနေ...

သံဇကာကြားထဲမှ ကလေးငယ်တစ်ဦး
ဒုက္ခသည်စခန်းရှိ နေအိမ်များ




စနစ်တကျ စီမံခန့် ခွဲ မှုကောင်းရန်လို ...


ဓာတ်ပုံ- FP
အိမ့်သံစဉ်

ပြည်ပရောက် မြန်မာအတိုက်အခံများထဲက ထင်ရှားသူတဦးဖြစ်တဲ့ ပါရဂူဘွဲ့ဆည်းပူးနေသူ ကိုမင်းဇင် က Foreign Policy အွန်လိုင်း မဂ္ဂဇင်းမှာ It’s time for Aung San Suu Kyi to get serious about management ဆိုတဲ့ “စနစ်တကျ စီမံဆောင်ရွက်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည် အရေးတကြီး လုပ်ဆောင်ဖို့ အချိန်တန်ပြီ” ခေါင်းစဉ်နဲ့ ရေးသား တင်ပြထားပါတယ်။

Foreign Policy မဂ္ဂဇင်းဆိုတာကလည်း အလွန်သြဇာ ကောင်းတဲ့ သတင်းဌာန တခုလည်း ဖြစ်ပါတယ်။
ကိုမင်းဇင်က ရေးသားတင်ပြထားချက်များအနေနဲ့ အထူးသဖြင့်တော့ NLD ပါတီ အနေနဲ့ သတင်းမီဒီယာများ နဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေဖို့ အတွက် အကြံပြု ရေးသားလိုက် တာ လည်း ဖြစ်ပါတယ်။ လူထု ဆက်ဆံရေး အားနည်းချက်များ များစွာရှိနေတယ်လို့ NLD ပါတီအပေါ် ဝေဖန်မှု တွေ ဆင့်ကဲ ထွက် ပေါ်လာ နေလို့လည်း ဖြစ်ပါတယ်။
မကြာသေးမီကပဲ NLD ခေါင်းဆောင်တဦးလည်းဖြစ်၊ ၀ါရင့် သတင်းစာဆရာကြီးတဦးလည်းဖြစ်တဲ့ ဦးဝင်းတင်က NLD ပါတီအပေါ် မီဒီယာများက ဝေဖန်ထောက်ပြပါမှ ပါတီဟာ ပိုမိုအားကောင်းလာမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။
မကြာမီမှာတော့ ဒီဆောင်းပါး အပြည့်အစုံကို ဧရာဝတီမှာ မြန်မာလို ဖတ်ရှု့နိုင်တော့မှာဖြစ်ပါတယ်။
အခုတော့ မူရင်းကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

This week, The New York Times covered Aung San Suu Kyi's visit to Thailand -- the first foreign trip for Burma's opposition leader in 25 years. Many people who have dealt with Suu Kyi and her political entourage over the years say that the Times report, which described a striking lack of organization in the upper ranks of the National League for Democracy (NLD), was spot-on.

Last week, Suu Kyi's staff turned down a request for a meeting from Paul Collier, one of the world's top economists. Their excuse: The Lady was busy. "Perhaps her staffers don't know who Collier is," one source in the opposition told me. "The Burmese opposition movement has missed the chance to benefit from a great mind." Meanwhile, government newspapers covered have reported that ministers and presidential advisors gave Collier plenty of time.

Prominent experts from the Burmese exile community, many of them with valuable experience acquired in their years abroad, say that the NLD is ignoring them even while the government is actively soliciting their services. "There is no proper mechanism set up by Suu Kyi for Burmese researchers to play a contributing role to the opposition movement," says a Burmese scholar who graduated from a top U.S. university and visited Rangoon a few months ago.

The NLD is also having problems with reporters. Lately there have been increasing tensions between the NLD and local journalists. In early May, a member of Suu Kyi's security staff manhandled a local photojournalist who tried to take pictures of the Lady. Local reporters say that the bodyguards abused them, saying: "You media people are doing this for money. We don't make a f---ing penny. We face jail time because we're doing politics."

Many NLD members suffered under the previous regime. But Suu Kyi, who holds to a rigorous moral code, rightly tends to dismiss those who bring this up. She once famously said: "If you choose to do something, then you shouldn't say it's a sacrifice, because nobody forced you to do it." Moreover, since many journalists (and activists-turned-journalists) were also imprisoned by the military regime for their political and professional work, the self-righteousness and arrogance of the NLD members are likely to backfire.

Local reporters have complained in the past few weeks that the NLD no longer issues open invitations to the media to cover important political events, such as Suu Kyi's recent meeting with India's Prime Minister Manmohan Singh.

Maung Wuntha, a well-respected veteran journalist and a former leading member of the NLD in 1988, told me that the NLD staffers who are close to Suu Kyi need to learn how to work in a more media-friendly manner: "Many of them tend to see journalists as careerists who do not have any principles and commitment to the interests of the country. This perception is a serious problem. Unless they realize that journalists are doing a public service, we aren't going to see any fundamental improvement in relations between politicians and reporters."

Another public criticism of Suu Kyi and her staff has come from an unexpected source: staunch NLD supporters outside of Burma. Eight major Burmese exile organizations -- including such dedicated and well-connected groups such as the Network for Democracy and Development, the Women's League of Burma, and the Human Rights Education Institute of Burma in Thailand - asked for some face time with Aung San Suu Kyi during her visit in Bangkok, but to no avail. For perhaps the first time since 1988, many prominent exiled activists came together to express their frustration in the Burmese-language media. "We feel sad," said Khin Ohmar, NDD chairwoman, told The Irrawaddy, a leading Burmese-language magazine. "We have worked tirelessly for our country since 1988. We can't go home, so while our leader's visiting us here, we all would like to meet her and exchange views and experiences."

You can find signs of frustration not only on the Thai-Burmese border, but also in the capitals of the United States and Europe. Several lobbyists who relentlessly advocated on behalf of Suu Kyi and her "principle-centered policy" of economic sanctions for decades are now disoriented by the Lady's apparent lack of coordination and inability to delegate. A dedicated Suu Kyi advocate told me he's been trying to get in touch with the NLD's information department for months to arrange a conversation between Suu Kyi and the president of a newly democratizing Asian country, but his correspondence has gone unanswered.

Of course, it's not fair to blame Suu Kyi for all these problems, given that the party's organization is still weak. Most party activists (including herself) have spent long periods in detention - perhaps the most important among many legitimate excuses for the problem. By now, though, it's high time for Aung San Suu Kyi and her party to step back, practice self-criticism, and think aloud about whether they have burned too many bridges too quickly in this transitional phase. Perhaps what Suu Kyi needs is not just an entourage, but a full-blown chief of staff with a proper team that is capable of strategic planning and management and can support her in the decision-making process. Moral courage and clarity are hugely important in politics, but you also need the capacity to cultivate your base and craft sound policies if you really want to get things done.

ကိုကျော်သူ ပွဲ ထပ်တိုး


Dear Friends,
Here is good news for you, U Kyaw Thu Show will be held in Singapore :
Date: 15 July 2012
Time: Sunday 3:00 PM to 8:00 PM
Venue: Jurong East Sports & Cultural Centre
21 Jurong East Street 31
Singapore 609517
Tickets are available at Peninsula Plaza, Thapyay Nu #02-55 & Yanant Thet #B1-07.
Please Join with us..

အလုပ်များလွန်းသဖြင့် Facebook မသုံးနိုင်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

AP သတင်းဌာန
ဇွန် ၂၊ ၂၀၁၂
အလုပ်များလွန်းသဖြင့် Facebook မသုံးနိုင်သေးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား...

ဒီမိုကရေစီဖော်ဆောင်ရေးအတွက် မျှော်လင့်ချက်ထားသော်လည်း မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က Facebook အသုံးပြုရန် မျှော်လင့်ထားခြင်းမရှိချေ။

အသုံးပြုသူ သန်း ၉၀၀ ရှိသော လူမှုကွန်ရက် Facebook နှင့် ထိတွေ့ရန် ဒေါ်အောင်ဆန်းစုကြည်တွင် အစီအစဉ်ရှိမရှိ ယမန်နေ့က ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် မေးခွန်းတစ်ခု ပေါ်ပေါက်လာသည်။
ပြီးခဲ့သည့် ၂၂ နှစ်အတွင်း ကာလများစွာ ထိန်းသိမ်းခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်က နည်းပညာသစ်တခုအား လေ့လာ အသုံးပြုရန် ပြဿနာ မရှိကြောင်း၊ သို့သော်လည်း အချိန်ပေးနိုင်ရန် ခက်ခဲဖွယ် ရှိကြောင်း ပြန်လည် ဖြေကြားလိုက်သည်။ အချိန်ပေးနိုင်သည့် ကာလသို့ ရောက်လျှင် Facebook သုံးမည်ဟုလည်း ပြောဆိုလိုက်သည်။
“နည်းပညာသစ်တွေ ပြောင်းလဲနေတဲ့ကာလမှာ ရှေ့ဆက်ပြီး ဘာဖြစ်လာမယ် ဆိုတာ ဘယ်တော့မှ မသိနိုင်ဘူး။ Facebook ဟာ အနာဂတ်မှာ ခေတ်စားချင်မှ စားတော့မယ်။ အဲဒီလိုဆိုရင်တော့ ကျမ Facebook သုံးတော့မှာ မဟုတ်ဘူး” ဟု ညီလာခံ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် စစ်အစိုးရလက်ထက်တွင် မြန်မာပြည်သားများ အင်တာနက် အသုံးပြုရာတွင် အစိုးရ၏ ပိတ်ဆို့မှုများနှင့် ကြုံခဲ့ရသည်။ ယမန်နှစ်က ရွေးကောက်ခံရပြီး ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ဆောင်ရွက်နေသည့် စစ်တပ်ကျောထောက်နောက်ခံပြုအစိုးရက ပိတ်ဆို့မှုအများစုကို ဖြေလျှော့ပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ထိန်းသိမ်းခံရရာမှ လွတ်မြောက်အပြီး မကြာမီ နေအိမ်တွင် အင်တာနက် အသုံးပြုခဲ့သည်။

news (moe ma kha)

''အမေရိကန်နဲ့ တရုတ်တို့အတွက် မြန်မာနိုင်ငံကို တိုက်ပွဲမြေပြင်နေရာလို သဘောထားခံရမှာကို ကျွန်မအမြဲတမ်း စိုးရိမ်နေပါတယ်''







ထိုင်းအဲယာဝေး လေယာဉ်မှုးက အရမ်းသဘောကောင်းပါတယ် ကျမကို လေယာဉ်ခေါင်းခန်းမှာ ထိုင်ဖို့ဖိတ်ခဲ့ပါတယ်.......ကျမ ပထမ တော့ စက်ခလုပ်တွေကြည့်ပြီးအံသြနေတာ...ဒါပေမဲ့ ဘန်ကောက်မြို့ရဲ့ အလင်းတွေက ကျမကို ညို့ယူဖမ်းစားသွားပါ တော့တယ်............ .အခုဘာတွေခြာနားနေပြီဆိုတာသိလိုက်ရပါတယ်..ကျမအတွေးထဲမှာ ဖြတ်ခနဲပေါ်လာတာက ကျမတို့ တိုင်းပြည်မှာ စွမ်းအင် နဲ့ပတ်သက်ပြီး ပေါ်လစိကောင်းကောင်းလိုနေတယ်ဆိုတာပါဘဲ...............

ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားဟာ ကမ္ဘာ ဘယ်အရပ်ရပ်မှာ ရောက်နေ၊ ရောက်နေ ကျွန်မတို့နိုင်ငံရဲ့ သံတမန်တွေပဲ။တကယ်တော့ သံရုံးမှာရှိနေတဲ့ ကျွန်မတို့ရဲ့ အရာရှိတွေကပဲ သံတမန်တွေမဟုတ်ဘူး။ကျွန်မတို့နိုင်ငံသားအားလုံးဟာကျွန်မတို့နိုင်ငံရဲ့သံတမန်တွေ ဖြစ်တယ်။
အဲဒီတော့ ကိုယ့်ရဲ့ နိုင်ငံရဲ့သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကိုယ်တိုင်ကလည်း သိက္ခာရှိရှိ နေရမယ်။

ကျွန်မတို့အနေနဲ့လည်း ကျွန်မတို့ နိုင်ငံရဲ့သိက္ခာကိုထိန်းသိမ်းသောအားဖြင့်ကျွန်မတို့နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကိုတတ်နိုင်သမျှ ကျွန်မတို့ ကာကွယ်ပေးရမယ်။အဲဒီဟာကိုလည်း ကျွန်မတို့ ကြိုးစားပြီးတော့ လုပ်ဆောင်သွားပါမယ်လို့ ကျွန်မ ပြောပါရစေ

မြန်မာနိုင်ငံမှာ အလုပ်အကိုင်သစ်တွေကို ဖန်တီးပေးနိုင်မယ့် ပြည်ပရင်းနှီးမြုပ်နှံမှုတွေ လိုလားတယ်။ မြန်မာနိုင်ငံက လူငယ်တွေအကြား အလုပ်လက်မဲ့နှုန်းမြင့်မားနေပြီး၊ အဆင့်မြင့်ပညာရေးထက် အခြေခံ ပညာနဲ့ သက်မွေးဝမ်းကျောင်းပညာရပ်တွေ လိုအပ်နေပါတယ်-ဒီ့အတွက် ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ မိမိတို့ အကျိုးအမြတ်တခုတည်းကိုမကြည့်ပဲ မြန်မာလူငယ်တွေ အလုပ်အကိုင်ရရှိစေမဲ့ ရင်းနှီးမြုပ်နှံမှုတွေကိုဘဲ လိုလား တယ်

မြန်မာနိုင်ငံမှာ မညီမျှမှုတွေ၊ အဂတိလိုက် စားမှုတွေကို တိုက်ဖျက်သွားဖို့ လိုအပ်နေတာမို့၊ မညီမျှမှုတွေနဲ့ အဂတိလိုက်စားမှုတွေကို ပိုဖြစ်စေမယ့် ရင်းနှီး မြုပ်နှံမှုမျိုးကိုတော့ မလိုလားဘူး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ထင်ရှားတဲ့ဂုဏ်သတင်းကြောင့် မေလ(၃၀)ရက် ဘန်ကောက်ကမ္ဘာ့စီးပွားရေး ဖိုရမ်ဖွင့်ပွဲအခမ်းအနား တက်ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့အလည်မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ကြယ်တစ်ပွင့်လို တောက်ပနေကြောင်း ဘန်ကောက်ကပေးပို့တဲ့ The Canadian Press သတင်း မှာ ရေးသားထားပါတယ်။

အစည်းအဝေးတက်ရောက်လာတဲ့ သံတမာန်တွေနဲ့ စီးပွားရေးသမားတွေဟာ သူတိုရဲ့လက်ကိုင်ဖုန်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဓါတ်ပုံရိုက်ယူနိုင်ဖို့အတွက် ၀ရုန်းသုန်းကားတိုးဝှေ့ နေခဲ့ကြပါတယ်။

အခမ်းအနားတက်ရောက်လာတဲ့ အာဆီယံအတွင်းရေးမှုးချုပ် ဆူရင်း-ပစ်ဆူဝမ်က အစည်းအဝေးခန်းမတစ်ခုလုံး လူတွေပြည့်နေတာပါဘဲ-ကျနော်တို့လို မိန့်ခွန်းပြောမဲ့လူတွေကြောင့်လား၊ ဒါမှမဟုတ် ဂုဏ်သရေရှိတဲ့ အမျိုးသမီးကြောင့်လား-ဆိုတာတော့ ကျနော်လည်း မသိပါဘူး-လို့ ဒေါ်အောင် ဆန်းစုကြည်ကို ရည်ညွှန်းပြောဆိုသွားပါတယ်။ .

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်တယ်.ဓါတ်ပုံတွဲရိုက်ချင်တယ်ဆိုတာတွေဟာ မြန်မာပြည်ကခပ်တိမ်တိမ်လူတွေတွေးသလိုအဖေကြောင့်ကျော်ကြားတဲ့သူ.အပြင်မှာမမြင်ဘူးတဲ့လူမိုလို့အထူးအဆန်းတွေ့ချင်တာဆိုတာတွေကမှားယွင်းကြောင်းအခုနိုင်ငံတကာအသိုင်းအဝိုင်းကသံတမန်တွေပညာရှင်တွေကသက်သေပြလိုက်ပါပြီ...

သူတို့ဟာဒီလိုစိတ်ရှိတဲ့လူတွေမဟုတ်တဲ့အတွက်ဟီလာရီကလင်တန်ကိုလဲဒီလိုမဆက်ဆံခဲ့သလို..ဟောလီဝုဒ် မင်းသား မင်းသမီးအကျော်အမော်တွေကိုလဲဒီလိုသဲသဲလှုပ်နေမဲ့လူတန်စားမဟုတ်ပါဘူး..
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြီးမားတဲ့ ဂုဏ်သိက္ခာတွေကို လေးစားဂုဏ်ယူတဲ့အတွက်တစ်သက်မှာ တစ်ခါတွေ့ကြုံခိုက် အမိအရ မှတ်တမ်းတင်နေချင်ကြတာပါ..

မြန်မာအစိုးရအနေဖြင့်လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွင်တရားဥပဒေစိုးမိုးခိုင်မာမှုအတွက် ချက်ချင်းလုပ်ဆောင်ရန်နှင့် တိုင်းပြည် တွင်း အကျိုးဖြစ်ထွန်းစေမည့်ရင်းနှီးမြုပ်နှံမှုများကို အားပေးဖော်ဆောင်သွားရန်လိုအပ်ကြောင်း မြန်မာနိုင်ငံသည်တရားဥပဒေစိုးမှုအပြင် နိုင်ငံခြားရင်းနှီးမြုပ်နှံ သူများအတွက်လုံခြုံစိတ်ချရသောအာမခံချက်လိုအပ်ကြောင်း..

။“ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမြုပ်သူတွေ အနေနဲ့ အင်မတန်မှကောင်းမွန်တဲ့ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဥပဒေတွေ ရှိနေခဲ့ရင်တောင်မှ ဒီဥပဒေကို သန့်ရှင်းလွတ်လပ်စွာ အသုံးပြုခွင့် ရတယ် မရဘူးဆိုတာကို သတိထားစေချင်ပါတယ် ”

မြန်မာ နိုင်ငံမှာ ဥပဒေကောင်းတွေ ရှိနေပြီး ယင်းဥပဒေကို အဓိကကျောရိုးဖြစ်တဲ့ တရားစီရင်ရေးဆိုင်ရာ တွင် သန့ှ်ရှင်းလွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ၊ကမ္ဘာပေါ်တွင် မည်မျှ ကောင်းသောဥပဒေပင်ဖြစ်ပါစေ လက်တွေ့အသုံးချမှုမရှိလျှင် အသုံးဝင်သည့် ဥပဒေတစ်ရပ် ဖြစ်လာမည် မဟုတ်ကြောင်း ...

မြန်မာနိုင်ငံ တွင်းအလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိစေသည့် ရင်းနှီးမြုပ်နှံမှုများ ဖန်တီးပေးရန်
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား စီးပွားရေး ကွာဟမှုသည် များစွာကြီးမားကြောင်း“ စီးပွားရေးကွာဟမှု ကျဉ်းမြောင်းသွားအောင် ကျွန်မတို့လုပ်ရမယ်။ ထိုင်းနိုင်ငံထဲကို များပြား တဲ့ရွေ့ပြောင်းလုပ်သားတွေ ရောက်ရှိနေတယ် ဆိုတာကျွန်မတို့နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိပဲဖြစ်တယ်”

ကမ္ဘာ့ စီးပွားရေး ဖိုရမ် ဆွေးနွေးပွဲတွင် ၄င်းအနေဖြင့် အထပ်ထပ်အခါခါပြောကြားခဲ့သည့် ကိစ္စရပ်သည် အကျင့်ပျက်ခြစားမှုနှင့် မျှတမှုမရှိသည်များအား အမြစ်ပြတ်ချေမှုန်းရန် လိုအပ်သည့် အကြောင်းဖြစ်သည်။

http://www.facebook.com/photo.php?fbid=237630356346980&set=a.166792386764111.31251.100003000533611&type=1

ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန့်ခွန်း

အိမ့်သံစဉ်
http://vimeo.com/43292917
<iframe src="http://player.vimeo.com/video/43292917" width="500" height="402" frameborder="0" webkitAllowFullScreen mozallowfullscreen allowFullScreen></iframe>
ဗွီဒီယိုကြည့်ရန်...
ဒီရုပ်သံကနေ ကမ္ဘာကလေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓါတ်နဲ့ အရည်အချင်းကို ထင်ရှားစွာ ထပ်မံမြင်တွေ့လိုက်ရပါတယ်
ကမ္ဘာက လေးစားအားကျရတဲ့ ခေါင်းဆောင်တစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံအတွက် ဂုဏ်ယူရသလို ကြည်နူးမှုလည်း ဖြစ်မိတယ်
မြန်မာနိုင်ငံမှာ ပညာရှင်များစွာ ရှိနေကြပေမယ့် လူမှန်နေရာမှန် ဖြစ်မှ မြန်မာပြည် လျင်မြန်စွာ တိုးတက်နိုင်မှာပါ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲ (World Economic Forum) မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁-၆-၂ဝ၁၂ က မိန့်ခွန်းပြောဆိုပြီး ဆွေးနွေးသွားခဲ့ပါတယ်။ ဒီမိုကရေစီ မီးရှူးတန်ဆောင်အဖြစ် ငြိမ်းချမ်းရေးနိုဘဲလ်ဆု ရလာပြီးနောက် ၂၄ နှစ်အတွင်းမှာ နိုင်ငံတကာ အသိုင်းအဝိုင်းကို ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကိုယ်ကျ ပြည်ပကို သွားရောက် ပြောဆိုတဲ့ မိန့်ခွန်းဖြစ်ပါတယ်။



ဒီအကြောင်းဟာ ကမ္ဘာ့ထိပ်တန်းသတင်း ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံကိုသာမက နိုင်ငံတကာ အသိုင်းအဝိုင်းကိုပါ အမှတ်တရဖြစ်စရာ၊ ရည်ညွှန်းကိုးကားစရာ၊ အထောက်အကူပြုနိုင်စရာတွေကို သမိုင်းဝင်ဖြစ်လောက်အောင် ဒေါ်အောင်ဆန်းစုကြည်က ပေးစွမ်းနိုင်ခဲ့တယ်လို့ သုံးသပ်လိုက်ပါတယ်။
ဒီရုပ်သံကနေ ကမ္ဘာကလေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓါတ်နဲ့ အရည်အချင်းကို ထင်ရှားစွာ ထပ်မံမြင်တွေ့လိုက်ရပါတယ်
ကမ္ဘာက လေးစားအားကျရတဲ့ ခေါင်းဆောင်တစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံအတွက် ဂုဏ်ယူရသလို ကြည်နူးမှုလည်း ဖြစ်မိတယ်
မြန်မာနိုင်ငံမှာ ပညာရှင်များစွာ ရှိနေကြပေမယ့် လူမှန်နေရာမှန် ဖြစ်မှ မြန်မာပြည် လျင်မြန်စွာ တိုးတက်နိုင်မှာပါ