Saturday, June 2, 2012

ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ မိန့်ခွန်း

အိမ့်သံစဉ်
http://vimeo.com/43292917
<iframe src="http://player.vimeo.com/video/43292917" width="500" height="402" frameborder="0" webkitAllowFullScreen mozallowfullscreen allowFullScreen></iframe>
ဗွီဒီယိုကြည့်ရန်...
ဒီရုပ်သံကနေ ကမ္ဘာကလေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓါတ်နဲ့ အရည်အချင်းကို ထင်ရှားစွာ ထပ်မံမြင်တွေ့လိုက်ရပါတယ်
ကမ္ဘာက လေးစားအားကျရတဲ့ ခေါင်းဆောင်တစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံအတွက် ဂုဏ်ယူရသလို ကြည်နူးမှုလည်း ဖြစ်မိတယ်
မြန်မာနိုင်ငံမှာ ပညာရှင်များစွာ ရှိနေကြပေမယ့် လူမှန်နေရာမှန် ဖြစ်မှ မြန်မာပြည် လျင်မြန်စွာ တိုးတက်နိုင်မှာပါ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ဆွေးနွေးပွဲ (World Economic Forum) မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ၁-၆-၂ဝ၁၂ က မိန့်ခွန်းပြောဆိုပြီး ဆွေးနွေးသွားခဲ့ပါတယ်။ ဒီမိုကရေစီ မီးရှူးတန်ဆောင်အဖြစ် ငြိမ်းချမ်းရေးနိုဘဲလ်ဆု ရလာပြီးနောက် ၂၄ နှစ်အတွင်းမှာ နိုင်ငံတကာ အသိုင်းအဝိုင်းကို ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကိုယ်ကျ ပြည်ပကို သွားရောက် ပြောဆိုတဲ့ မိန့်ခွန်းဖြစ်ပါတယ်။



ဒီအကြောင်းဟာ ကမ္ဘာ့ထိပ်တန်းသတင်း ဖြစ်လာခဲ့ပါတယ်။ မြန်မာနိုင်ငံကိုသာမက နိုင်ငံတကာ အသိုင်းအဝိုင်းကိုပါ အမှတ်တရဖြစ်စရာ၊ ရည်ညွှန်းကိုးကားစရာ၊ အထောက်အကူပြုနိုင်စရာတွေကို သမိုင်းဝင်ဖြစ်လောက်အောင် ဒေါ်အောင်ဆန်းစုကြည်က ပေးစွမ်းနိုင်ခဲ့တယ်လို့ သုံးသပ်လိုက်ပါတယ်။
ဒီရုပ်သံကနေ ကမ္ဘာကလေးစားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ဓါတ်နဲ့ အရည်အချင်းကို ထင်ရှားစွာ ထပ်မံမြင်တွေ့လိုက်ရပါတယ်
ကမ္ဘာက လေးစားအားကျရတဲ့ ခေါင်းဆောင်တစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံအတွက် ဂုဏ်ယူရသလို ကြည်နူးမှုလည်း ဖြစ်မိတယ်
မြန်မာနိုင်ငံမှာ ပညာရှင်များစွာ ရှိနေကြပေမယ့် လူမှန်နေရာမှန် ဖြစ်မှ မြန်မာပြည် လျင်မြန်စွာ တိုးတက်နိုင်မှာပါ

No comments:

Post a Comment