Sunday, July 1, 2012
ငွေစက္ကူများက ပြောသော .... မြန်မာ / ဗမာ (Myanmar/Burma) သုံးသပ်ချက်
ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အသုံးပြုခဲ့သော Burma ... ဟုသော အသုံးအနှုန်းနှင့်ပတ်သက်ပြီး လူငယ်များထဲတွင် ၀ိဝါဒကွဲပြားစရာ အငြင်းပွားစရာများ ဖြစ်လာနေပါသည်..။ တချို့ကလည်း အင်္ဂလိပ်လို Burma ဟု သုံးနှုန်းခြင်းကို မြန်မာလို ယခင်သုံးခဲ့သော ..ဗမာနိုင်ငံ/ဗမာလူမျိုးကို လက်ခံသည်ဟု ချေထိုးကာ ရေးသားနေကြသည်..။ တချို့ကလည်း ၁၉၈၂ မဆလ ဥပဒေက မြန်မာ လို့ သုံးနှုန်းခြင်းကိုထောက်ပြပြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာလိုပြောရာတွင် ဗမာနိုင်ငံ စသဖြင့်တွင်တွင်သုံးနေသကဲ့သို့ အဆင်းတွင် ဘီးတပ်နေကြသည်..။
ဒ်ါအောင်ဆန်းစုကြည် မိန့်ခွန်းတိုင်းတွင် မြန်မာနိုင်ငံလို့ အပြောများပါသည်..။ NLD ပါတီဆိုင်းဘုတ်များကို ဗမာလိုရေးလျှင်လည်း မြန်မာနိုင်ငံလို့ ရေးတာများပါသည်..။
သေချာသည်ကတော့ ဗမာ ပဲဖြစ်စေ မြန်မာပဲဖြစ်စေ လူမျိုးတစ်မျိုးသို့မဟုတ် ပြည်ထောင်စုတစ်ခုလုံးကို ကိုယ်စားပြုခဲ့ကြသည်ပဲဖြစ်သည်..။ ကိုလိုနီခေတ် ..ဗိုလ်ချုပ်၏ မိန့်ခွန်းအားလုံးတွင် ... ဗမာနိုင်ငံဟုပဲ သုံးနှုန်းခဲ့သောကြောင့် ဗိုလ်ချုပ်သုံးသော ဗမာနိုင်ငံဆိုသည်မှာ ပြည်ထောင်စုတစ်ခုလုံးကို ရည်ညွှန်းခဲ့သည်မှ မေးစရာမလိုသလို.. ပင်လုံစာချုပ် ချုပ်ဆိုခဲ့စဉ်ကလည်း စာချုပ်သည် .. Burma ဟုသော အသုံးအနှုန်းအောက်တွင်သာ ချုပ်ဆိုခဲ့ခြင်းဖြစ်သည်လည်း သတိရကြစေချင်ပါသည်..။
သို့သော် ...ယနေ့ခေတ်တွင် ..အင်္ဂလိပ်ဝေါဟာရတွင်တော့ ပြဿနာရှိလာပါသည်။ Burma ဟုသောစကားလုံးကို Myanmar ဟု အစားထိုးရာတွင်ဖြစ်သည်..။ ယခုမျိုးဆက်သစ်များက Myanmar ဟု စွဲနေကြသဖြင့် Myanmar ဟုခေါ်သင့်သည်ဟု ထောက်ပြကြသည်..။ အင်္ဂလိပ်ကိုလိုနီအခေါ် Burma ဟုသော စကားလုံးကို လက်မခံကြပေ...။
ယခင် ရှေးမှီနောက်မှီများနှင့် သမိုင်းကြောင်းများကို လေ့လာသူများက Burma ဟုသောစကားလုံးကိုလက်ခံကြသည်..။ ဗမာလိုဆိုလျှင်လည်း ..မြန်မာကို မငြင်းကြပေ..။
ကျွန်တော်တို့၏ အခေါ်အဝေါ်သမိုင်းကြောင်းတွင် တစ်ခုတော့ သတိပြုစရာ ရှိပါသည်..။ အင်္ဂလိပ်လို Burma ဟုသောအသုံးအနှုန်းမှ Myanmar ဟုသော အသုံးအနှုန်းကို ၈၈ အရေးအခင်းအပြီးတွင် အာဏာသိမ်း တပ်မတော်အစိုးရဖြစ်သော န၀တ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့) က ၁၉၈၉ မေလတွင် လုံးဝ ပြောင်းလဲခဲ့ခြင်းဖြစ်သည်..။ လူထုကရွေးကောက်တင်မြှောက်ထားသော အစိုးကက လူထု သို့မဟုတ် လွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် ပြောင်းလဲခဲ့ခြင်းမဟုတ်ပဲ အာဏာရှင်ဆန်ဆန်.. စာရွက်တစ်ရွက် (အမိန့်ကြော်ငြာစာတစ်ခု) ကြောင့် ပြောင်းလဲသွားသော အခေါ်အဝေါ်ဖြစ်သည်..။ ယခုနှစ်ပိုင်း နိုင်ငံတော်အလံပြောင်း ကဲ့သို့ပင်... မည်သူ့ကိုမျှ မတိုင်ပင် အစည်းအဝေးမခေါ် ၀န်ကြီးအဆင့်တောင်မသိဘဲ ၂၀၁၀ တွင် ( နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ) ၏ သေအံ့မူးမူးအချိန်တွင် နိုင်ငံတော်အလံပါ လဲသွားသကဲ့သို့တည်း..။ လုပ်ချင်တာ လုပ်ခဲ့ခြင်းဖြစ်သည်..။
Myanmar ဟု ပြောင်းလဲရခြင်း အကြောင်းပြချက်ကတော့ လက်ခံလောက်စရာပါ..။ မြန်မာလို့ ဗမာလိုသုံးနေမှတော့ အင်္ဂလိပ်လိုလည်း Myanmar လို့သုံးသင့်သလို သမိုင်းအရ.. ပြည်ထောင်စုနိုင်ငံတစ်ခုအနေဖြင့် Myanmar လို့ သုံးသင့်သည်ပေါ့...။ ဒါကို ငြင်းစရာတော့မရှိပါ..။ ယခုလည်း Myanmar လို့ ခေါ်နေကြပြီပဲ..။
သို့သော်....
အင်္ဂလိပ်တွေပေးခဲ့သော Burma ဟုသော အသုံးအနှုန်းသည် အင်္ဂလိပ်ခေတ်မှသည် လွတ်လပ်ရေးရပြီး နောက်ပိုင်း ပါလီမန်ဒီမိုကရေစီခေတ်..၊ တော်လှန်ရေးကောင်စီခေတ်အပြင် မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်အထိ) ၁၉၄၈ လွတ်လပ်ရေးရပြီးသည့်အချိန်မှ ၁၉၈၉ အထိ နှစ်ပေါင်း လေးဆယ်ကျော်တိုင်တိုင် အဘယ့်ကြောင့် မပြောင်းလဲပဲ သုံးနှုန်းခဲ့ကြသနည်း..။ ထိုနာမည်ကို ကြိုက်နှစ်သက်နေကြသဖြင့်လော..။ ဒါမှမဟုတ်.. သမိုင်းကြောင်းတွင် Burma ဟုသော အမည်က ပိုတည်တန့်သဖြင့်လော..။ ပြည်ထောင်စုအတွက် ပိုအဆင်ပြေသဖြင့်လော..။
နောက်မေးခွန်းတစ်ခုရှိပါသည်..။ အမိန့်ကြော်ငြာစာထုတ်ပြီး ..Myanmar ဟုသော အသုံးအနှုန်းကို ပြောင်းလဲခဲ့သော်လည်း နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာသော်လည်း Myanmar ဟုသောအမည်.. ဘာ့ကြောင့် လူသိနည်းသနည်း..။ Myanmar (Burma) ဟုပြောမှ ကမ္ဘာက သိသနည်း..။ ထိုမေးခွန်းများကို ဖြေကြည့်ကြရအောင်..။
(၁) နှစ်ပေါင်းများစွာ ပြည်တွင်းပြည်ပ လူထုမထောက်ခံခဲ့သော အာဏာသိမ်းအစိုးရ။
(၂) ပညာရှင်/ လူထုဆုံးဖြတ်ချက်/ လွှတ်တော် / ဆွေးနွေးမှုများဖြင့် အမည် ပြောင်းလဲခဲ့ခြင်း မဟုတ်ခြင်း။
(၃) ကမ္ဘာ့အလယ်တွင် မျက်နှာပျက်စရာ၊ မျက်နှာငယ်စရာ အထီးကျန်အဖြစ် နှစ်ပေါင်းများစွာ ဖြစ်ခဲ့ရခြင်း။
(၄) ယခင် စစ်အစိုးရလက်ထက် ကမ္ဘာတွင် သြဇာမညောင်းသလို မီဒီယာလွှမ်းမိုးမှုမရှိခြင်း။
(၅) Burma ဟူသည် နှစ်ပေါင်းရာချီကာ ကမ္ဘာက လက်ခံသုံးစွဲလာခဲ့သော အသုံးအနှုန်းတစ်ခုအဖြစ် အမြစ်တွယ်ခဲ့ခြင်း။
အစရှိသော အချက်များကြောင့်ဟု ယူဆစရာရှိပါသည်..။
မိမိ အယူအဆကမူ... နိုင်ငံတကာတွင် .Myanmar ..ဟု .. သုံးသော်လည်း နိုင်ငံတကာမှ မသိလျှင် .. (အသိအမှတ်မပြုလျှင်) Burma ဟု သုံးမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အမည်နာမထက် အနှစ်သာရ (ပြည်ထောင်စုအပေါ်သက်ရောက်မှု) က အရေးကြီးဆုံးပင်..။ ယနေ့အချိန်တွင် Myanmar သည်လည်း တိုင်းရင်းသားပေါင်းစုံပါသောပြည်ထောင်စုဟု ဆိုလို့ရသလို Burma သည်လည်း တိုင်းရင်းသားပေါင်းစုံ ပါသော ပြည်ထောင်စုဟု ကမ္ဘာက သိသည်ပင်..။ ကမ္ဘာပေါ်တွင် နိုင်ငံတစ်ခုအား နာမည်သုံးလေးမျိုးဖြင့် သိသော နိုင်ငံ များစွာရှိပါသည်..။ ဥပမာ (Holland/ Netherlands/ Dutch )၊ (England, United Kingdom, Great Britain)၊ (Thailand/Sirm)၊ (Cambodia/ Kampuchea/ Khmer)Officially ဆိုသည်မှာတော့ တစ်မျိုးတည်းရှိသည်ပင်..။ သို့သော် ကိုယ့်နိုင်ငံသား မည်သူက မည်သို့ လိုအပ်သလိုသုံးစွဲပါစေ.. မည်သည့်ဒီမိုကရေစီ အစိုးရကမှ ဥပဒေနဲ့ကိုင်တုတ်ကာ ပိတ်ပင်ခြင်းမရှိသလို အရေးယုခြင်းမရှိပေ..။
ယနေ့ အစိုးရသတင်းစာနှင့် စာပေစိစစ်ရေးတို့မှ လွတ်လပ်သော ဒီမိုကရေစီနိုင်ငံဖြစ်သော .. ထိုင်ဝမ် (Taiwan) နိုင်ငံကို ယနေ့အချိန်အထိ တရုတ်ကြီး၏အလိုကျ တရုတ်၏ပြည်နယ်အဖြစ်သတ်မှတ်ပြီး တရုတ်(တိုင်ပေ) - China (Taipae)ဟု နှစ်နှစ်ဆယ်ကျော်ခန့် အားမနာရှာမကျိုး ဖော်ပြနေခြင်း၊ ဂျာနယ်များတွင် ထိုကဲ့သို့ရေးရမည်ဟု မူများ ကျန်ရှိနေသေးခြင်းတို့သည် .. ယနေ့ နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် Myanmar မှ Burma ဖြင့် ..၀ဋ်ပြန်လည်ခြင်းပင်တည်း..။
ထို့ကြောင့် အောက်တွင် ဖော်ပြထားသော ငွေကြေးများကို ကြည့်ပြီး မြန်မာ/ဗမာ ...အသုံးအနှုန်း (Myanmar/Burma) စာလုံးပြောင်းလဲပုံများနှင့် ရုပ်ပုံပြောင်းလဲပုံများကိုလေ့လာရင်း မည်ကဲ့သို့ ခေါ်ဆိုရမည်ကို မိမိဘာသာ သုံးသပ်နိုင်ကြပါဟုသာ...။
1942-1944 ဂျပန်ခေတ်ပိုက်ဆံ
ကိုလိုနီခေတ်ဦးမှ 1947 တွင်သုံးနေဆဲ အင်္ဂလိပ်ပိုက်ဆံ..။
1948-1953 အထိ ထုတ်ဝေခဲ့သော လွတ်လပ်ပြီးစ မြန်မာပိုက်ဆံ..။ က ဒေါင်းရုပ်ပါဝင်လာခြင်း။
1965 (တော်လှန်ရေးကောင်စီခေတ်) ဗိုလ်ချုပ်ပုံစတင် ဖော်ပြလာသည်။
1979 (မဆလ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်။
1986 (မဆလ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်။ အသစ်ထုတ်ဝေလိုက်ငွေစက္က်ါထဲမှ ခုနှစ်ဆယ့်ငါးကျပ်တန်နှင့် သုံးဆယ့်ငါးကျပ်တန်အား တစ်နှစ်အကြာတွင် တရားမ၀င်ကြေညာလိုက်သဖြင့် ပြည်သူအများစု စီးပွားပျက်ကာ 8888 အရေးအခင်းဖြစ်ရန် အကြောင်းခံတစ်ခုဖြစ်ခဲ့..။
၈၈၈၈ အရေးအခင်းအပြီး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင် (န၀တ) လက်ထက် 1990 တွင် ထပ်မံထုတ်ဝေသည့် ကျပ်တန်..။ (ဗိုလ်ချုပ်ပုံ ပါသေးသည်) Myanmar ဟု စတင်ပြောင်းသည်။
1994 အတွင်း နအဖ (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) အစိုးရမှ စတင်ထုတ်ဝေသော ငွေစက္ကူများတွင် ဗိုလ်ချုပ်ပုံ စတင်ပျောက်ကွယ်သည်။ တိရစ္ဆာန်ပုံများ စတင်ပါဝင်သည်။
နေပြည်တော်အထိမ်းအမှတ် ထုတ်ဝေခဲ့သော ငါးထောင်တန်များ (ခြင်္သေ့အစား ဆင်ဖြူ ပါဝင်လာသည်)
          ယခု အစိုးရသစ်လက်ထက် ဒီမိုကရေစီခေတ်ဦးတွင် ..မကြာခင်ကထုတ်ဝေခဲ့သော တစ်သောင်းကျပ် မည်သည့်တိရိစ္ဆာန်မှ မပါဝင်တော့ပါ..။ 
ထိုငွေစက္ကူပုံများကို လေ့လာကြည့်သော် Myanmar ဟု စတင်သုံးစွဲချိန်ကစပြီး ငွေစက္ကူတွေမှာ ဗိုလ်ချုပ်ပုံ ပျောက်ကွယ်ခဲ့သလို ပြင်ပ ပြည်သူများကြားမှာလည်း ဗိုလ်ချုပ်ပုံ ပျောက်ကွယ်ခဲ့သည်မှာ ထူးခြားချက်ဖြစ်သည်..။ ယခုလည်း.. နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခွင့်မပေးပဲ (၄င်းတို့ပြောကြားချက်အရ) ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးကိုယ်တာခရီးစဉ်တွင် က Burma  ဟု လွတ်လပ်စွာ သုံးနှုန်းခြင်းကို Myanmar သုံးရန်  ဥပဒေ၏ ဖိအားဖြင့်ကြိုးစားကာ သူမ၏ အခန်းကဏ္ဍကို မှေးမှိန်အောင် ကြံစည်နေသလောဟုသာ..။ 
ဖွဲ.စည်းပုံ အခြေခံဥပဒေ ၁၉၄၇....၁၉၇၄ .... ၂၀၀၈ တို့တွင် ...အဓိပါယ်၊ သဘော အယူ အဆများ ဖွင့်ဆိုရာတွင် မြန်မာစာဖြင့် ရေးသားထားချက်များ အပေါ်တွင်သာ အခြေပြုရမည်။ဆိုသော ရည်ညွှန်းချက်ကြီးမှာ မည်သည့်အဓိပ္ပါယ်ဆောင်သနည်း..။ ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်လိုပဲ ပြောခဲ့ပါသည်..။ မြန်မာ/ဗမာ လို မပြောခဲ့ပါ..။
သမိုင်းဆိုတာ ညာလို့မရသလို.. အားလုံး ဆင်ခြင်သုံးသပ်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်..။
yan aung 
on Saturday, 
June 30, 2012 at 2:15am
သူမ၏ပါတီ အနိုင်ရရှိပါက မြန်မာနိုင်ငံကို ဦးဆောင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် AFP သို့ ပြောကြား
(Bangkok Post မှ 28 June 2012 ရက်စွဲပါ " Suu Kyi tells AFP willing to lead Myanmar if her party wins " သတင်းကိုဘာသာပြန်ဆိုသည်။)
အံ့မခန်းအောင်မြင်သော ဥရောပခရီးစဉ်ကို အပြီးသတ်အဖြစ်
ပဲရစ်မြို့တွင် ရောက်ရှိနေသော မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က AFP သတင်းဌာနနှင့်ပြောဆိုရာတွင်“သူမ
အနေဖြင့် တစ်နေ့နေ့တွင် နိုင်ငံကိုခေါင်းဆောင်ရန် ပြင်ဆင်ထားကြောင်း" ကြာသပတေးနေ့က ပြောကြားလိုက်သည်။ နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပြီးနောက် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပသို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ဥရောပ ၅ နိုင်ငံခရီးစဉ်တွင် နွေးနွေးထွေးထွေး ကြိုဆိုခံရခြင်းအပေါ် ကျေနပ်ပျော်ရွှင်မိသည်ဟုလည်း ပြောဆိုခဲ့သည်။ Burma ဟုလူသိများသော မြန်မာနိုင်ငံကို တစ်နေ့နေ့တွင် ခေါင်းဆောင်ရန်အတွက် အဆင်သင့်ဖြစ်ပြီလားဟု မေးမြန်းသောအခါ သူမက "ပါတီတွေအားလုံးရဲ့ ခေါင်းဆောင်တိုင်းဟာ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်ကို အမှန်တကယ် ယုံကြည်ကြတယ်ဆိုရင် ဒီအလားအလာအတွက် သူတို့ကိုယ် သူတို့ ပြင်ဆင်ထားကြလိမ့်မယ်လို့ ကျွန်မထင်ပါတယ်"ဟု ပြောကြားသည်။ "ဒါပေမယ့် ကျွန်မတစ်ချိန်လုံး စဉ်းစားနေတာကတော့ အဲဒီကိစ္စမဟုတ်ပါဘူး။ အမှန်တကယ် ကျွန်မစဉ်းစားနေတာကတော့ အနာဂတ်အတွက် ပြင်ဆင်နေတာထက် လက်ရှိပစ္စုပ္ပန်မှာ အာရုံစိုက်ဖို့ပါပဲ။ လက်ရှိပစ္စုပ္ပန်ဟာ လူတစ်ဦးရဲ့ အနာဂတ်မျှော်လင့်ချက်တွေကို ဆက်စပ်ပေးတာပါပဲ"ဟု ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကဆိုသည်။ ကမ္ဘာကျော် မြန်မာ့နိုင်ငံရေးခေါင်းဆောင်သည် ဆွစ်ဇာလန်၊ နော်ဝေး၊ အိုင်ယာလန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများတွင် နိုင်ငံခေါင်းဆောင်များက ကြိုဆိုနှုတ်ဆက်ကာ ကြီးမားသောလူထုပရိသတ်က ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုခြင်းခံရသော ဥရောပခရီးစဉ်ကိုအဆုံးသတ်ကာ သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။ "ကမ္ဘာတစ်လွှားနေရာတိုင်းက ပြည်သူတွေအားလုံးဆီက ရရှိတဲ့နွေးထွေးမှုကို ကျွန်မအသိအမှတ်ပြုပါတယ်။ ကမ္ဘာတစ်လွှား၊ မတူညီတဲ့ နေရာတွေက ပြည်သူများစွာဟာ မြန်မာနိုင်ငံမှာ ကျွန်မတို့ရုန်းကန်ခဲ့ရတာကို သိရှိထားကြပုံရပါတယ်။ ကျွန်မတို့နဲ့ တစ်သားထဲရှိနေကြတယ်ဆိုတဲ့ အင်အားကြီးမားတဲ့ အသိမျိုးကို ကျွန်မခံစားမိပါတယ်။ ဒါဟာတစ်ကယ်ကိုအံ့အားသင့်စရာပါ"ဟု သူမကဆက်လက်ပြောကြားသည်။ တစ်ချိန်က ဖိနှိပ်အုပ်ချုပ်သော စစ်အုပ်ချုပ်ရေးလက်အောက်သို့ ကျရောက်ခဲ့သော မြန်မာနိုင်ငံကို ယခုအခါ အရပ်သားတစ်ပိုင်းအစိုးရက စီမံခန့်ခွဲလျက်ရှိပြီး၊ ၂၀၁၅ တွင်ကျင်းပရန်ရှိသော အထွေထွေရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီတို့ ဝင်ရောက် ယှဉ်ပြိုင် မည် ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် ပိုမိုကြိုးစားလုပ်ကိုင်ရန် လိုအပ်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုသည်။ "ကောင်းတဲ့အရာတွေ ထွက်ပေါ်လာတာကမြင်ရဖို့ ၂၀၁၅ အထိ ကျွန်မတို့ မစောင့်နိုင်တော့ဘူးလို့ ကျွန်မထင်ပါတယ်"ဟု သူမက AFP သို့ ပြောကြားသည်။ "အရေးကြီးဆုံးကတော့ အခုလက်ရှိအချိန်ပါပဲ။ ၂၀၁၅ မှာ ဘယ်လိုပုံပေါ်လာမှာလဲဆိုတာကို အခုလာမယ့် ၃ နှစ်က ဆုံးဖြတ်ပေးလိမ့်မယ် ဆိုတဲ့အချက်ဟာ ကမ္ဘာကြီးသိအောင် ကျွန်မကြိုးစားနေတဲ့ မက်ဆေ့ခ်ျပါပဲ။ ဒါကြောင့် ပြည်သူတွေဟာ သူတို့နဲ့သက်ဆိုင်တဲ့လိုလားချက်တွေကို အကောင်အထည် ဖော်နိုင်မယ့် အင်အားပြည့်ဝလာအောင် လာမယ့် ၃ နှစ်အတွင်း သေချာလုပ်ဆောင်ကြရမှာဖြစ်ပါတယ်"ဟု မြန်မာဒီမိုကရေစီ ခေါင်းဆောင်က ပြောကြားသွားခဲ့သည်။ yangonchronicle
ဒေါင်းမာန်ဟုန် သတင်းများ
ရခိုင်အရေးနှင့်စစ်ရေးအမြင်
ကြီးမြတ်တဲ့ ပုဂ္ဂိုလ်တွေ ဆိုတာ သူတို့ရဲ့ ကလေးလေးဘဝက နှလုံးသားကို မဆုံးရှုံးသေးတဲ့သူဖြစ်တယ်လို့ Mencius ကဆိုခဲ့သည် ။  အသို့ဆိုခဲ့ လျှင် ရင့်ကျက်သူတစ်ယောက်ဖြစ်ဖို့ အတွက်မူ ငယ်ငယ်စာသင်ခန်း ထဲက သီအိုရီ သဘောသဘာဝ တွေ ကို ပြန်အမှတ်ရနေဖို့ မဖြစ်မနေလိုအပ်လှသည် ။
သိခြင်း ၊ နားလည်ခြင်း နှင့် ပညာ
အသက် ၁၆ နှစ်အရွယ် ဘဝတုန်းက စစ်မဟာဗျူဟာဘာသာရပ်တွေ ၊ တိုက်ပွဲသုံးသပ်ချက်တွေ ကို သင်ကြားခဲ့ရသည်။ တိုက်ပွဲ တစ်ခုအတွက် အချက်အချာမြေ ဟာအရေးပါကြောင်း ၊ အခြေခံစစ်ဥပဒေသတွေဖြစ်တဲ့ ချီ ၊တိုက်၊ ခံ ၊ ခွါ တွေ ။ တိုက်စစ် အမျိုးအစားတွေဖြစ်တဲ့  ဖောက်တိုက်စစ် ၊ လှည့်တက်စစ် ၊ စိမ့်ဝင်စစ် ၊ နဂါးပတ်တိုက်စစ် စသည်ဖြင့် အမျိုးအမျိုးအထွေထွေ သင်ကြားခဲ့ရသည် ။ အဲဒီအရွယ် အဲဒီကာလက ၊ အဲဒီအတွေးခေါ် မှာ အဲဒီဗျူဟာတွေဟာ သိပ် အဓိကမကျဘူးထင်မိသည်။ ပစ်အားနဲ့ စစ်ကစားမှု ၊ လက်ဦးမှု ရယူခြင်းတို့သာလျှင် စစ်ပွဲများအောင်နိုင်ခြင်းအတွက် အဓိကကျသည်လို့ ထင်ခဲ့မိတယ် ။  ဒါကြောင့်လည်း ဆရာတက္ကသိုလ် ဘုန်းနိုင် က “ သိတိုင်းလည်း နားမလည်ဘူး ၊ နားလည်တဲ့အဆင့် ရောက်တဲ့ အသိမှ သာ Knowladge လို့ခေါ်တာ ။ knowledge ကို ဝေဖန်သုံးသပ်နိုင်မှ သာ wisdom ဆိုတဲ့ ပညာဖြစ်တယ် ” လို့ ပညာရဲ့သဘောမှာ ဆိုထားခဲ့တာဖြစ်ပေမည် ။ စစ်ရဲ့ အနိဌာရုံတွေ ၊ စစ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို မြင်ဖူးကြားဖူးတိုင်းလည်း စစ်ဆိုတာကိုမသိပါ ၊ စစ်ကိုသိတိုင်းလည်း  စစ်ပညာကိုနားမလည်ပါ ။ စစ်ပညာနားလည်တိုင်းလည်း စစ်ပညာ  မတက်မြောက်ပါ ။
လက်တွေ့ဘဝ နှင့် ခံစားမှုသီအိုရီ
ချီလည်းကြွကြွ
ချလည်းကျစ်ကျစ်
ရပ်လည်းမှန်မှန်
ပြန်လည်းစိုက်စိုက်
ပိုက်လည်းညင်ညင်
အစဉ်သဖြင့်
တရားနှင့် ဓားနှင့်
(အမည်မသိရှေးစာဆို)
ရှေးအခါကတော့ စစ်ချီရင် အသံလုံခြုံရမည် (သတင်းလုံရမည်) ။ စစ်စခန်းချမယ်ဆိုရင်လည်း ကျစ်ကျစ်လစ်လစ် နဲ့ အစုလိုက်အဖွဲ့လိုက် စခန်းချရမည် ။ စစ်ကြောင်းရပ်ချိန် နှင့် စစ်ကြောင်းရပ်ရာနေရာ တို့ဟာလည်း အချိန်မှန် ၊ နေရာမှန် ဖြစ်ရမည် ။ ခွာစစ်ဆင်တဲ့အခါမှာလည်း ရည်မှန်းချက်နေရာကိုရောက်သည်ထိ အဆင့်ဆင့် တစိုက်မတ်မတ်ခွါစစ်ဆင်ရမည် ။ ရန်သူကို တိုက်တဲ့ အခါမှာလည်း အသံလုံမှု ၊ အလစ်အငိုကရယူ မှုနဲ့ အတူ ညင်ညင်သာသာ တိုက်ခိုက်ရမည် အစရှိသဖြင့် စစ်နည်းဗျူဟာသဘော တရား (တရား) နှင့် ဓါး ကို အစဉ်သဖြင့် တစ်သားတည်းသုံးနိုင်မှသာ စစ်ပွဲတိုင်းအောင်နိုင်ရာ၏လို့ ဆိုခဲ့ကြသည် ။ လက်နက်အမျိုးစား ထွန်းကားလာတဲ့ ဒီဘက်ခေတ်မှာတော့ လက်နက်နဲ့ ဗျူဟာတွေကို အချိုးကျကျ တွဲ သုံးနိုင်မှသာ စစ်ပွဲတို့အောင်နိုင် ကြရမှာဖြစ်ပါတယ်။
စစ်ဆိုတာဘယ်လိုဟာလဲ
လူအတော်များများ က လက်ခံထားတာဟာ စစ်ဆိုတာ အနိဌာရုံ ၊ စစ်ဆိုတာ တစ်ဖက်နဲ့တစ်ဖက် သွေးရဲရဲ ၊ သံရဲရဲ သတ်ကြတဲ့ပွဲ ဒီထက်လွဲလို့ ဘာမျှ မပိုပါဘူး ။ The Cold War ဆိုတဲ့အယူအဆတွေ ၊ Cyber Warfare ဆိုတဲ့ အသုံးနှုန်းတွေ ၊ Media Warfare ၊ Cultural Warfare ၊ Economic Warfare ၊ Political Warfare စတဲ့ အသုံးနှုန်း ၊ အယူအဆတွေကို တကယ်နားလည်လက်ခံ လာတဲ့ အခါ စစ်ဆိုတာ တစ်ဖက်နဲ့ တစ်ဖက် ပစ်ခတ် သတ်ဖြတ်ကြတယ်ဆိုတဲ့ အဓိပ္ပါယ်ထက် ပိုမိုလေးနက်တာတွေ ရှိနေတယ်ဆိုတာ သတိထားမိမှာပါ ။ စစ်ပညာရှင်ကလော့ဇ်ဝစ် ကတော့ “ စစ်ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ မူဝါဒတွေကို တစ်နည်းတစ်ဖုံ ပုံဖော်ခြင်း ” လို့ ဆိုခဲ့တယ် ။ အဲဒီတော့စစ်ဆိုတာ ဘာလဲ ။ မီဒီယာတွေနဲ့ တိုက်ရတဲ့စစ်တွေရှိမယ် ၊ နည်းပညာတွေနဲ့တိုက်ရတဲ့စစ်တွေရှိမယ် ၊ ယဉ်ကျေးမှုလွှမ်းမိုးအောင်လုပ်ပြီး စိတ်ဓာတ်စစ်ဆင်ရေးဆင်နွှဲရတာတွေရှိမယ်၊ စီးပွားရေး ၊ နိုင်ငံရေး အသာစီး နဲ့ ကိုယ်ပြောသမျှ ခေါင်းငြိမ်းလာရအောင်လုပ်မယ် … ဒီအရာတွေမှာ လက်နက်တွေမပါ ပါဘူး ၊ ပစ်ခတ်တာတွေ မရှိပါဘူး ။ ဒါဆိုရင် စစ်ဆိုတာ ဘာလဲ ။ တကယ့်တကယ်တော့ စစ်ဆိုတာ သူတပါးဆီမှာ အရှုံးမခံ ချင် တဲ့ သဘောတရား တစ်ခု ပါပဲ ။
စစ်တို့ရဲ့ခေတ်
စစ်ဆိုတာတွေကလည်းခေတ်နဲ့ အတူဖြတ်သန်းလာကြခဲ့ကြတယ် ။ ကျောက်ခေတ် ၊ သံခေတ် ၊ ယမ်းခေတ် ၊ နြူကလီးယားခေတ် နဲ့ လူသားအသိဥာဏ် ခေတ် တို့ပါ ။ ကျောက် ခတ်မှာတုန်း ကတော့ ကျောက်တွေ ကိုသုံးပြီးစစ်တိုက်ခဲ့ ကြတယ် ။ သံ ခေတ်မှာ ဓားလှံတွေ သုံးပြီး စစ်တိုက်ခဲ့ ကြတယ် ။ ယမ်းခေတ်မှာတော့ သေနတ်တွေ ၊ အမြှောက်တွေ ၊ တင့်ကားတွေ သုံးပြီး စစ်တိုက်ခဲ့ကြတယ် ။ နြူကလီးယား ခေတ်မှာတော့ လက်နက်ကိုပြပြီး စစ်တိုက်ခဲ့ကြတယ် ။ ယခုလူသားအသိဥာဏ်ခေတ်မှာတော့ Multi-dimensional Warfare ဆိုတဲ့ စီးပွားရေး ၊ ယဉ်ကျေးမှု ၊ နည်းပညာ ၊ လက်နက် ၊ မီဒီယာ ၊ နိုင်ငံရေး စတာတွေကို အချိုးကျကျ အသုံးချပြီးတော့သာ စစ်တိုက်ကြတော့တယ်။ စစ်ပညာရှင်ကြီး ဆွန်ဇု ရဲ့ “ အကောင်းဆုံး စစ်ဗျူဟာ ဆိုတာ ရင်ဆိုင်တိုက်ပွဲဖြစ်စရာမလိုပဲ ရန်သူကို သိမ်းပိုက်နိုင်ခြင်းသာ ဖြစ်တယ်ဆို “ တဲ့ အဆိုကို အပြည့်အဝ အသုံးချကြတော့တယ် ။
ပြည်မြန်မာ နှင့် အချက်အခြာမြေ
“ မြေပိုင်မှ သာစစ်နိုင်တယ်” တဲ့ ။ နည်းပညာတွေဘက်လောက်ပဲတိုးတက် တိုးတက် ၊ လက်နက်တွေ ဘယ်လောက်ပဲ ခေတ်မှီပါစေ မှန်ကန်နေသေးတဲ့ စစ်ပညာ သဘောတရားတစ်ခုပါပဲ ။ နိုင်ငံရေး မဟာဗျူဟာတွေ စဉ်းစားတဲ့ အခါ အင်မတန်ရှုပ်ထွေးပါတယ်၊ နိုင်ငံတကာဆက်ဆံရေးတွေ ၊ နိုင်ငံတကာဥပဒေ တွေ၊ စီးပွားရေးတွေ ၊ လူ့အခွင့်ရေးတွေ ၊ ပြည်သူလူထုရဲ့ ထောက်ခံ မှု အခြေနေတွေပါ ထည့်တွက်ပြီးစဉ်းစားကြရတယ် ။ အဲဒီတော့ တစ်နေရာကိုအာရုံစိုက်လိုက်တာနဲ့ တစ်နေရာမှာလွတ်သွားနိုင်တာတွေ ရှိတယ် ။ စစ်ရေး မှာတော့ အဲလိုမဟုတ် ကမ္ဘာ ကြီးတခြမ်းစာ ကို သဲမြေပုံလေးချကြည့်ရုံ နဲ့ ကမ္ဘာက စူပါ ပါဝါတွေရဲ့ power balance လုပ်နိုင်မဲ့ အနေထားတွေ ၊ ဘယ်သူ့စစ်စခန်းတွေကဘယ်မှာရှိတယ် ၊ ဘယ်သူ့ရဲ့ စီးပွားရေးထွက်ပေါက် (ဝါ) အုပ်ချုပ်ထောက်ပံ့ မှုလမ်းကြောင်းတွေက ဘယ်မှာ ၊ ဘယ်ပါဝါတွေက ဘယ်အကွက်တက်ရင် ဘယ်သူ့ကို ချက်စ် ဖို့ ဆိုတာ အရှင်းသားမြင်နေရပါတယ် ။ အာရှ-ပစိဖိတ် စစ်ရေး တခွင်စာ အတွက် စစ်အောင်နိုင်ရေး အတွက် အချက်အချာမြေဟာ ကျွန်တော်တို့ ရဲ့ မြန်မာ ။
ရခိုင်အရေး နှင့် Multi-dimensional Warfare
            သင်တန်းသား ဘဝတုန်းကတော့ စာသင်ခန်းထဲမှာ C5ISR (command, control, communications, computers, combat systems, intelligence, surveillance, and reconnaissance) ဆိုတဲ့ တိုက်ပွဲနည်းဥပဒေသတွေ ၊ သမာရိုးကျစစ်ပွဲ ၊ ပြောက်ကျားစစ်ပွဲ ၊ ဘက်စုံစစ်ပွဲ (Multi-dimensional Warfare) ဆိုတာတွေကို ကျက်ခဲ့ မှတ်ခဲ့ရတယ်။ သိပ်တော့ ထဲထဲဝင်ဝင်နားမလည်လှဘူး ။ ရခိုင်အရေးဖြစ်တဲ့ အချိန်မှာ ကျွန်တော်သဘောပေါက်လိုက်တာဟာ Multi-dimensional Warfare လို့ခေါ် တဲ့ ဘက်စုံစစ်ပွဲ ဟာ ဘယ်လိုအရာလဲ ဆိုတာပါပဲ ။ ဘာကြောင့် လဲဆိုတော့ နိုင်ငံအတွင်းမှာ local war အနေနဲ့ ဆင်နွှဲရတာရှိသလို ၊ နိုင်ငံတကာမျက်နှာစာမှာလည်း global war အနေနဲ့ ဖြေရှင်းရတာရှိတယ် ။ Local War မှာတော့ ရခိုင်တိုင်းရင်းသားတွေ ၊ မြန်မာတိုင်းရင်းသားတွေ ၊ ရဲ ၊ မီးသတ် ၊ တပ်မတော် ၊နိုင်ငံရေး ၊ လူမှုရေး ၊ဘာသာရေး အဖွဲ့စည်းတွေ ပါဝင်ခဲ့ရသလို ၊ ပရဟိတ အဖွဲ့တွေကလည်း ကူညီထောက်ပံ့ခဲ့ကြတယ် ။ Global War မှာတော့ သမ္မတကြီး တို့ လို ဒေါ်အောင်ဆန်းစုကြည် တို့လိုပုဂ္ဂိုလ်တွေ က ပါဝင်ဆင်နွှဲသလို ၊ နိုင်ငံတကာရောက်ရှိနေတဲ့ မြန်မာတွေ ၊ သမိုင်းပညာရှင်တွေ ပါဝင်ခဲ့ကြတယ် ။ နောက် Media Warfare မှာတော့ သတင်းတု ၊ သတင်းမှား ထုတ်လွှင့်တဲ့သတင်းဌာနတွေ နိုင်ငံတကာမှာ လိမ်ညာနေသူတွေကို ပြည်တွင်းမီဒီယာတွေ ၊ social network အသုံးပြုသူတွေ က စွမ်းစွမ်းတမံ တိုက်ထုတ်နိုင်ခဲ့တယ် ။ Technical Warfare သို့မဟုတ် Cyber Warfare မှာဆိုရင်လည်း မြန်မာ မျိုးချစ်နည်းပညာကျွမ်းကျင်သူတွေ က ပါဝင်ဆင်နွှဲခဲ့တယ် ။ဒါဟာ ကျွန်တော်တို့ စာသင်ခန်းထဲ မှာသင်ခဲ့ရတဲ့ Multi-dimensional Warfare ကြီးပါပဲ ။ Multi-dimensional Warfare မှာ လက်နက်ကိုင် တိုက်နေမှ တိုက်ပွဲဝင်စစ်သား မဟုတ်ပါဘူး ။ ကီးဘုတ် ကိုင် အန်းတာခေါင်းနေသူတွေဟာလည်း တိုက်ပွဲဝင်စစ်သားတွေပါပဲ ၊ ကလောင်ကိုင် သတင်းရေးသူ သတင်းထောက်တွေ ၊ သတင်းသမားတွေ ဟာလည်းတိုက်ပွဲဝင်စစ်သားတွေပါပဲ ။ ထမင်းတလုပ် ၊ ခေါက်ဆွဲ တထုပ် ဖြစ်ဖြစ် ကူညီထောက်ပံ့ ပရဟိတအဖွဲ့ ဝင်တွေ ၊ အလှုရှင်တွေဟာလည်း တိုက်ပွဲဝင်စစ်သားတွေပါပဲ ။
၂၁ ရာစုနှင့် စစ်ပွဲသဏ္ဍန်
၂၁ ရာစုဟာ နြူးကလီးယားခေတ်ကိုကျော်လွန်လို့ Knowledge is power ဆိုတဲ့  လူသားအသိဥာဏ်ခေတ်ကို ရောက်နေပါပြီ ။ ဘယ်နိုင်ငံ မှ လူပေါင်းများစွာ သေကြေပျက်ဆီး ပြီး ၊ အနိဌာရုံတွေ ကို လက်ဆုပ်လက်ကိုင် ပြနိုင်မဲ့ လက်နက်တစ်ခုတည်းကိုသုံးပြီးတိုက်တဲ့ စစ်ပွဲတွေကိုဆင်နွှဲမှာ မဟုတ်ပါ ။ Multi-dimensional Warfare ကို ရဲ့ပုံစံတွေထဲ က စိတ်ဓာတ်စစ်ဆင်ဖို့ အတွက် Cultural Warfare ၊ Media Warfare တွေ သုံးမယ် ၊ ခိုင်းသမျှ ကို ချည်ပြီးတုပ်ပြီးခေါင်းငြိမ့်စေမဲ့ Political Warfare တွေ ၊ Economic Warfare တွေ ၊ နိုင်ငံသားတွေ ၊ နိုင်ငံရဲ့ အုပ်ချုပ်မှု ယန္တရားအဖွဲ့စည်းတွေ ထဲမှာ ကိုယ့်လူလေးတွေထည့်ထားနိုင်မဲ့ စိမ့်ဝင်စစ် တွေ ၊နိုင်ငံ ရဲ့သတင်းအချက်အလက်တွေကို လိုသလို ထိမ်းချုပ်နိုင်မဲ့ Technical Warfare တွေ Cyber Warfare တွေကို ၊ လက်နက်တွေ ၊ စစ်အင်အားတွေ ကို လိုသလို အသုံးချပြီး သာ စစ်တိုက်ကြတော့ မှာပါ ။
နိဂုံး
အဖက်ဖက် က တိုက်ခိုက်လာနိုင်မဲ့ Multi-dimensional Warfare တွေ အတွက် ကျွန်တော်တို့ အလိုအပ်ဆုံးအရာ ကတော့ အမျိုးသားစည်းလုံးညီညွတ်ရေး နဲ့ ကျရာနေရာမှာစွမ်းစွမ်းတမံထမ်းဆောင်နိုင်မဲ့ အတက်ပညာရှင်တွေ ၊ မြန်မာသာမက ကမ္ဘာမှာသာဝင်ဆန့် နိုင်မဲ့ အသိပညာရှင်တွေ ပါပဲ ။
(ရုပ်ဆိုး)
ညီညွတ်ခြင်း နှင်းဆီ
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ကြီးမှူးကျင်းပသည့် ရခိုင်တိုင်းရင်းသားများ ပြန်လည်ဖွံ့ဖြိုးရေး ရံပုံငွေပဒေသာ ကပွဲကို ဒဂုံမြို့နယ် အမျိုးသားကဇာတ်ရုံတွင်ကျင်းပရာ ဇွန်လ ၃၀ ရက်နေ့ညပိုင်း မြင်းကွင်း ဓာတ်ပုံများ ။ ရရှိလာသော အလှူငွေနှင့် အ၀တ်အထည်များကို ဇူလိုင်လ ၁ နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ပုဂ္ဂလိက လေကြောင်းလိုင်းတစ်ခု၏ အကူအညီဖြင့် သွားရောက်လှူဒါန်းမည်ဟု ရုပ်ရှင်အစည်းအရုံးပြန်ကြားရေးဌာနမှ သိရသည်။
The Voice Weekly  news
အဖြူရောင် အမှာတမ်း
စကြာဝဠာ သင်္ကေတဖြစ်တဲ့
သမိုင်းအဖြစ်တည်ရှိနေတဲ့ ခြေရာတွေက
ငါတို့ ဒီမှာ ဒီမှာလို့ အပြုံးနဲ့
ငြိမ်ချမ်းရေးတေးဆိုရင်း ပါးစပ်လှုပ်လို့
လှမ်းပြောနေပါရဲ့...။
စကြာဝဠာ တစ်ထောင့်တစ်နေရာမှာ
နေရာတစ်ခု သူ့ကို ပေးခဲ့တယ်ဆိုရင်
ကမ္ဘာတစ်ခြမ်းက ပြဿနာတွေကို
ဖြေရှင်းပေးနိုင်မယ်ဆိုတာ လက်တွေ့သိပြီလေ..။
ချော်လဲခြင်းတိုင်း ချော်လဲလို့ မရသလို
ချော်လဲ ရောထိုင်နဲ့ ချော်လဲတုန်းက
သူတော်စဉ်ဖြစ်ဖို့ မရည်ရွယ်ခဲ့ဘူး..
ချော်လဲသူတိုင်းလည်း ဦးခိုက်ခဲ့တယ်
ဒါဟာ... ချော်လဲခြင်းတွေကို
ထိန်းသိမ်းနိုင်တဲ့ စွမ်းအားတွေနဲ့
သတ္တိရှိရှိ အောင်မြင်ခြင်း ခရီးဆက်ခဲ့လို့ပေါ့...။
မလဲကျခဲ့တဲ့ ခြေလှမ်းတွေနဲ့
ဘယ်နေရာမှာ ဘယ်လို လျှောက်ခဲ့ လျှောက်ခဲ့
လျှောက်လှမ်းခဲ့တဲ့ ခြေလှမ်းတိုင်းက
သမိုင်းမှတ်တိုင်ထဲမှာ အသစ်တွေနဲ့ပေါ့...။
တစ်ခုခု မြင်နိုင်ဖို့ဆိုတာ
ကြည့်နေတဲ့ မျက်လုံးအစုံနဲ့
အကွာအဝေး လိုတယ်..
အတိုင်းအတာ လိုတယ်..
အသိရှိဖို့ လိုနေတယ်..
ကမ်းလှမ်းတဲ့ အတက်ပညာလက် လိုတယ်လေ..။
ဒါပေမဲ့....
သူတို့ လက်ဆွဲ နူတ်ဆက်ဖို့
အခြေနေ မပေးသေးတဲ့အခိုက်
မတူညီသော လက်ချောင်းများက
ဟန်ချက်ညီညီ ငြိမ်းချမ်းရေး အသွင်ဆောင်လို့
သဘောတူညီမှုနဲ့ ဖိတ်ခေါ်နေပါရဲ့...။
ကဲ....
လက်တစ်ကမ်းမှာ ငြိမ်းချမ်းရေး လမ်းရှိပါတယ်..
လက်လှမ်းလို့ သူ ...ကြိုနေမြဲပေါ့...။
တက္ကသိုလ်မြတ်မင်း
ပြည်သူ့လွှတ်တော်တွင် တိုင်စာ ထောင်ချီ
ရန်ကုန်၊ ဇွန် ၃၀ ပြီးခဲ့သည့် နှစ်လအတွင်း ပြည်သူ့လွှတ်တော်၏ ရေးရာကော်မတီ အသီးသီးသို့ ရောက်ရှိလာသော တိုင်ကြားစာ ထောင်ချီ ရှိနေကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အပါအဝင် ရေးရာကော်မတီ ဥက္ကဋ္ဌများနှင့် ပြည်သူလူထု တွေ့ဆုံပွဲထံမှ သိရသည်။ မည်သူမဆို တက်ရောက်နိုင်သည့် ယင်းတွေ့ဆုံပွဲကို ရန်ကုန်မြို့တော် MICT Park ခန်းမဆောင်တွင် ယနေ့ ပြုလုပ်ခဲ့ပြီး နယ်ပယ် အသီးသီးမှ လုပ်ငန်းရှင်နှင့် လူထု ၄၀၀ နီးပါး တက်ရောက်ခဲ့သည်။ ဥပဒေရေးရာ အထူးကိစ္စရပ်များ ဆန်းစစ် လေ့လာရေး ကော်မတီတွင် တိုင်ကြားစာ အများဆုံး အဖြစ် ၁၂၀၀ ကျော် ရှိနေပြီး ကျန်ကော်မတီများတွင် တိုင်ကြားစာ ရာချီ ရှိနေကြောင်း ယင်းတွေ့ဆုံပွဲထံမှ သိရသည်။ ပြည်သူ့လွှတ်တော်တွင် ရေးရာ ကော်မတီ ၂၃ ခု ရှိသည်။ မြင်အောင် ကြည့်၊ ကြားအောင် နားထောင်၊ လွှတ်တော်မှာ တင်ပြ လုပ်ဆောင်ရန် လွှတ်တော် ကိုယ်စားလှယ်များကို မှာကြားထားကြောင်း သူရဦးရွှေမန်းက ဆိုသည်။ “လွှတ်တော် ကိုယ်စားလှယ်တွေကို ပြည်သူတွေ များများ ခိုင်းပါ”ဟု ၎င်းက ဆိုသည်။ ယင်းတွေ့ဆုံပွဲတွင် စီးပွားရေး နယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာ အခက်အခဲများ တင်ပြခဲ့သည်။ စတုတ္ထမြောက် လွှတ်တော် ပုံမှန် အစည်းအဝေးများကို လာမည့် ဇူလိုင်လ ၄ ရက်နေ့တွင် စတင် ကျင်းပမည် ဖြစ်ပြီး လယ်ယာမြေ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စသည့် ကိစ္စရပ်များ လွှမ်းမိုးဖွယ် ရှိနေသည်။ The Voice Daily Newsletter မှ
ABSDF ဥက္ကဌ ဟောင်း ဦးထွန်းအောင်ကျော်၏( နော်ဝေး၊အင်္ဂလန်၊ပြင်သစ်) ဒေါ်စုပွဲ သို့ တက်ရောက်ခဲ့သည့်မှတ်တမ်းများ
Paris, France 27 June 2012 photo ပုံများကို ဒီလင့်မှရယူပါတယ်။ https://www.facebook.com/media/set/?set=a.360008010738944.79820.102182949854786&type=1
အမှန်တရားကို ... ပြည်သူ ပြည်သား နှလုံးသားမှ သိနေသည်။ (ဒီဇိုင်းပုံ) ခွပ်ဒေါင်းအော်သံ
ညီညွတ်ကြ...
ကျောခြင်းကပ်.. လက်ခြင်းဆက်..
ဘယ်သူတွေ..ဘယ်လိုပင်ကြံစည်ကာမူ
အမှန်တရားကို ... ပြည်သူ ပြည်သား နှလုံးသားမှ သိနေသည်။
အညတရသူရဲကောင်းဆုရှင် ရခိုင်ဒုက္ခသည်များအတွက် ငွေလှူဒါန်း
အညတရသူရဲကောင်းဆုရှင် ရခိုင်ဒုက္ခသည်များအတွက် ငွေလှူဒါန်း
မိတ်ဆွေများအားလုံးခင်ဗျာ
တတိယအကြိမ်မြောက် အညတရသူရဲကောင်းဆုရှင်
ကိုလက်ျာထွန်းက သူရရှိထားသော ဆုငွေ ကျပ် (၁၀) သိန်းထဲမှ
ကျပ် (၄) သိန်း တိတိအား ရခိုင်ပြည်နယ်က ဘေးဒုက္ခကြုံတွေ့နေကြရရှာသော
ဒုက္ခသည်များအတွက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကတဆင့်
ပြန်လည်လှူဒါန်းခဲ့ပါတယ်။ (RFA ပါ သတင်းအား အောက်ပါ တွင် link တွင် ကြည့်ရှုပါရန်)
http://www.rfa.org/burmese/news/nonentity-hero-donation-06272012123413.html
ကိုလက်ျာထွန်းဟာ လက်ရှိ သာယာဝတီထောင်မှာ ဆက်လက်အကျဉ်းချ ခံနေရဆဲပင်
ဖြစ်ပါတယ်။ မိခင်ဖြစ်သူမှာလည်း ဘီးတပ်ကုလားထိုင်ဖြင့် သွားလာလှုပ်ရှားနေရပြီး
၎င်းရရှိခဲ့သည့် အညတရသူရဲကောင်းဆုအား အမဖြစ်သူတဦးမှ ကိုယ်စားလက်ခံရယူခဲ့သည်ဟု
သိရှိရပါသည်။
အလားတူစွာပင် လက်ရှိ မြင်းခြံထောင်တွင် အကျဉ်းချခံနေရဆဲဖြစ်သော အညတရသူရဲကောင်းဆုရှင်
ဒေါက်တာကျော်ကျော်မှလည်း ၎င်း၏ ဆုငွေထဲမှ ကျပ် (၂) သိန်းအား ဇနီးဖြစ်သူမှတဆင့်
နိုင်ငံရေးအကျဉ်းသားများအား ကူညီထောက်ပံ့ပေးနေသော ဦးဝင်းတင် ဖောင်ဒေးရှင်းသို့
ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
တတိယအကြိမ်မြောက် အညတရသူရဲကောင်းဆုရှင် (၅) ဦးတွင် ကိုကပ်ခန်ခွာအန်ထော်နီ နှင့် မလှလှမော်တို့
နှစ်ဦးသာ ပြန်လည်လွတ်မြောက်ပြီး ဖြစ်သော်လည်း ဆရာတော်ဦးခေမာစာရ (လက်ရှိ အင်းစိန်ထောင်)၊
ဒေါက်တာကျော်ကျော်နှင့် ကိုလက်ျာထွန်းတို့ (၃) ဦးမှာ လက်ရှိထောင်ထဲတွင် အကျဉ်းချခံနေရဆဲပင်
ဖြစ်ပါသည်။
အညတရသူရဲကောင်းဆု ကော်မတီအနေဖြင့် ပထမအကြိမ်အဖြစ် (၃) ဦး ။ (၁၇.၄.၂၀၁၁) မြန်မာနှစ်ဆန်း (၁) ရက်နေ့။
ဒုတိယအကြိမ်အဖြစ် (၄) ဦး။ (၂၀. ၁၁. ၂၀၁၁) အမျိုးသားအောင်ပွဲနေ့။
တတိယအကြိမ်အဖြစ် (၅) ဦး။ (၁၉.၆.၂၀၁၂) ဒေါ်အောင်ဆန်းစုကြည်မွေးနေ.- မြန်မာအမျိုးသမီးများနေ့။
၁ နှစ်ခွဲ ကာလအတွင်း စုစုပေါင်း အညတရသူရဲကောင်း (၁၂) ဦးအား ဆုချီးမြှင့်ကာ ဦးညွတ်ဂုဏ်ပြုနိုင်ခဲ့ပြီ
ဖြစ်ပါသည်။
ဆက်လက်ပြီး အမိမြေမှ သူရဲကောင်းများအား ဖော်ထုတ်ဂုဏ်ပြုသွားမည် ဖြစ်ပါကြောင်းနှင့်
စတုတ္ထအကြိမ်အတွက် စတင်၍ ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း
အသိပေးလိုက်ရပါတယ်ခင်ဗျာ။
လေးစားစွာဖြင့်
မင်းထက်ဇော်
အဖွဲ့ဝင်
အညတရသူရဲကောင်းဆုကော်မတီ
၂၀၁၂ ခုနှစ်၊ ဇွန်လ (၂၈) ရက်။
81-090 3682 2028
တော်ဝင်နှင်းဆီနှင့် သူမ၏၀တ်စုံများ
----ဒေါ်အောင်ဆန်းစုကြည်၏ ဒီဇိုင်နာသည်
ဒေါ်အောင်ဆန်းစုကြည်ပင်ဖြစ်သည်----
ရေးသားသူ-အေးမြကျော်
အဖြူရောင်ပန်းကနုတ်များ ထိုးထားသော ခရမ်းရင့်ရောင် ရင်ဖုံးအင်္ကျီနှင့် လိုက်ဖက်စွာ တွဲစပ်ထားသည့်အဖြူခံခရမ်းချိတ်ဝတ်စုံ၊ နို့နှစ်ရောင်ပ၀ါ ဖြူနှင့် တွဲဖက်ဝတ်ဆင်ခဲ့သည့် ၀ါညိုရောင်ဒူးနားချိတ်များနှင့်မရမ်းစေ့ရောင်ဝတ်စုံတို့သည် လွန်ခဲ့သော ရက်သတ္တပတ်ကသမိုင်းဝင် ဖြစ်ရပ် နှစ်ခုနှင့်အတူကမ္ဘာတစ်ဝန်းမှလူများ သတိထားမိခဲ့သည့် မြန်မာအမျိုးသမီးဝတ်စုံနှစ်စုံပင်ဖြစ်သည်။
    ဥရောပသို့ နှစ်ပေါင်း ၂၄ နှစ်ကြာမှ ပထမဆုံးအနေနှင့် သွားရောက်သော မြန်မာနိုင်ငံ၏မီးရှူးတန်ဆောင်ဟု     ကမ္ဘာ့မီဒီယာများ တင်စားနေကြသော ဒေါ်အောင်ဆန်းစုကြည်သည်  ထိုဝတ်စုံနှစ်စုံထဲမှ ခရမ်းရောင်ဝတ်စုံကို လွန်ခဲ့သော ၂၁နှစ်က ကိုယ်တိုင်   လက်ခံရယူနိုင်ခဲ့ခြင်း မရှိသည့် ငြိမ်းချမ်းရေးနိုဘယ်ဆု ပြန်လည်လက်ခံရယူသည့် အခမ်းအနားတွင် ၀တ်ဆင်ခဲ့သည်။ မရမ်း
စေ့ရောင် ၀တ်စုံကိုတော့ သမိုင်း ၀င်နေ့ရက်အဖြစ်  မှတ်ကျောက် အတင်ခံရသော  ဗြိတိန်ပါလီမန် တွင်မိန့်ခွန်းပြောကြားသည့်နေ့ တွင် နို့နှစ်ရောင်ပ၀ါခပ်ကြီးကြီး နှင့် တွဲဖက်ဝတ်ဆင်ခဲ့ပြီး နှစ်သက်တမ်းရာချီသည့် ၀က်မင်စတာခန်းမအတွင်းရှိ ကိန်းကြီးခန်းကြီး နိုင်သည့် မင်းပရိသတ် ၁၄၀၀ ၏ အာရုံကိုဖမ်းစားထားနိုင်ခဲ့သူမှာ ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်သည်။ အိန္ဒိယခေါင်းဆောင်နေရူး ပေးသည့်
ဗြိတိသျှစစ်ကုတ်အင်္ကျီနှင့် ဒေါင်းနင်းလမ်းသို့ လွန်ခဲ့သောနှစ်ပေါင်း ၆၀ကျော်က ဗိုလ်ချုပ် အောင်ဆန်းရောက်ရှိခဲ့သလို သမီးဖြစ်သူကလည်း ထိုမရမ်းစေ့ရောင် မြန်မာဝတ်စုံဖြင့် ဒေါင်းနင်း လမ်းသို့  သွားရောက်လည်ပတ်ခဲ့ သည်။  
    ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်သည် နှစ်ပေါင်း များစွာ ပျောက်ကွယ်နေသောမြန်မာနိုင်ငံ၏ ဂုဏ်ရောင်ဂုဏ် ၀ါကို ပြန်လည်တောက်ပအောင်စွမ်းဆောင်ပေးနိုင်ခဲ့သလို ကျက်သရေရှိတင့်တယ်သော မြန်မာ့ရိုး ရာ အမျိုးသမီးဝတ်စုံများကိုလည်း ကမ္ဘာ့ပရိသတ်နှင့် မိတ်ဆက်ပေး ခဲ့သည်။  
    ''ဥရောပက တချို့နိုင်ငံတွေ က မြန်မာဝတ်စုံကို သိပ်မသိကြဘူးလေ။ အခုတော့ အန်တီ့ကြောင့်ကျက်သရေရှိလှတဲ့ မြန်မာ့ရိုးရာ ၀တ်စုံကို တစ်ကမ္ဘာလုံးက သတိ ထားမိသွားတာကို ဂုဏ်ယူမိတယ်"ဟု နာမည်ရဖက်ရှင်ဒီဇိုင်နာ တစ် ဦးဖြစ်သော မလတ်လတ်ကပြော သည်။
    သူမ၏ ခရီးစဉ်တွင် ပထမ ဆုံးတက်ရောက် မိန့်ခွန်းပြောခဲ့ရသော ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်အစည်းအဝေးတွင် အစိမ်းရောင် ဇာပ၀ါနှင့်လိုက်ဖက်သော အစိမ်းရောင်ပွင့်ခက်များ ထိုးထားသည့်အင်္ကျီဖြူနှင့် ပန်းပွင့်အရောင်စုံများ ထိုးထားသောအနက်ရောင်လုံချည်နှင့်ဝတ်စုံ၊ ကမ္ဘာကျော်ရော့ခ်အဆိုတော် ဘိုနိုနှင့် အော်စလိုငြိမ်းချမ်းရေးဖိုရမ်တွင်  အနီရောင် လုံချည်နှင့်   လူငယ်အနည်းငယ်ဆန်သော အနီရောင်ပွင့်စိပ်အင်္ကျီ နှင့် ကုတ်အင်္ကျီအတွဲ အစပ်ဝတ်စုံ၊ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီး
နှင့်  သွားရောက်တွေ့ဆုံစဉ်က အနက်ခံရွှေအိုရောင်လုံချည်နှင့် ရွှေအိုရောင်ပ၀ါ တွဲဖက်ဝတ်စုံ၊
တော်ဝင်အိမ်ရှေ့မင်းသား ချားလ်တို့စုံတွဲနှင့်   တွေ့ဆုံစဉ်က ချယ်ရီ ရောင်ဝတ်စုံတို့မှာ   ဒေါ်အောင်
ဆန်းစုကြည်၏   ဂုဏ်အရှိန်အ၀ါနှင့်အတူ နိုင်ငံတကာသတင်းစာမျက်နှာများထက်တွင်   လူအ
များ၏အာရုံကို ဖမ်းစားနေရာယူ နိုင်ခဲ့သည်။
    ''အန်တီအောက်စဖို့ဒ်မှာ ကျောင်းတက်ကတည်းက   မြန် မာဝတ်စုံလေးတွေပဲ ၀တ်တယ် ဆိုတာဓာတ်ပုံတွေကနေ သိခဲ့ပါ တယ်။ အခုလို တစ်ကမ္ဘာလုံးက အလေးထား ဂုဏ်ပြုခံရတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဒေါ် အောင်ဆန်းစုကြည်နဲ့အတူ မြန်မာဝတ်စုံတွေကို တစ်ကမ္ဘာလုံးကသိလာကြတာကို အရမ်းဂုဏ်ယူမိတယ်။ ကိုယ်တိုင်လည်း အရင် က ရံဖန်ရံခါမှသာ ၀တ်တတ်တဲ့မြန်မာဝတ်စုံကို အန်တီ့ကြောင့် အမြတ်တနိုးနဲ့ အမြဲလိုဝတ်ဖြစ်နေပြီ''ဟု  ဒေါ်အောင်ဆန်းစု ကြည်ကို   
အစဉ်အမြဲအားပေး ထောက်ခံလျက်ရှိသော အဆိုတော်သံသာဝင်းက ပြောကြားသည်။
    မြန်မာနိုင်ငံတွင် လူသုံးအ များဆုံး လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်တွင် သုံးစွဲသူမိန်းကလေးအများစုမှာ ဒေါ်အောင်ဆန်း စုကြည်၏ ဥရောပခရီးစဉ်တွင် ၀တ်ဆင်သော ၀တ်ဆင်သည့်ဝတ်စုံများအကြောင်း တခုတ်တရ ပြောဆိုမှုများရှိပြီး ပုံမှန်သုံးစွဲသူ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ''နောက်တစ်ခါ နိုင်ငံခြားသွားရင် မြန်မာဝတ်စုံပဲ ၀တ်တော့မယ်''ဟု ရေးသားထားသည် ကို ဒေါ်အောင်ဆန်းစုကြည် ဗြိတိသျှပါလီမန်တွင် မိန့်ခွန်းပြောအပြီးမိနစ်ပိုင်းအကြာတွင် တွေ့ခဲ့ရသည်။
    ပေါင်တစ်ရာစွန်းစွန်းသာရှိ သော ခန္ဓာကိုယ် ပိန်ပါးပါးပေါ် တွင် အသက်၆၇ နှစ်အရွယ်နှင့် လိုက်
ဖက်သောအရောင်များကို တွဲဖက်ဝတ်ဆင်ကာ  အမြဲကြော့ရှင်းစွာ မြင်တွေ့ရသဖြင့် သူမတွင် ကိုယ်ပိုင်
ဒီဇိုင်နာရှိရမည်ဟု ခန့်မှန်းပြော ဆိုမှုများရှိသလို ဒေါ်အောင်ဆန်းစုကြည်၏ ၀တ်စုံများကို မည်သူက
တာဝန်ယူချုပ်လုပ်ပေးနေသလဲဟူသည်မှာလည်း မြန်မာပြည်သူများအကြား စိတ် ၀င်စားနေသည့် အကြောင်းအရာ ဖြစ်နေသည်။
    ''သူ့ရဲ့ပင်တိုင် ဒီဇိုင်နာက ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင်ပါပဲ။ အစ်မက သူဝတ်ချင် တဲ့
ဒီဇိုင်းလေးတွေကို ကိုယ်တိုင် စဉ်းစားတယ်။ ပြီးရင်ချုပ်တဲ့သူကို ပြောတယ်။   ဒီဇိုင်နာကတော့သူကိုယ်တိုင်ပါပဲ}} ဟု ဒေါ်အောင် ဆန်းစုကြည်နှင့် နီးစပ်သူတစ်ဦး ကပြောသည်။
    အမေရိကန်သမ္မတကတော် မီရှဲအိုဘားမား၏ ပင်တိုင်ဖက်ရှင်အကြံပေးမှာ နယူးယောက်မှ နာမည်ကျော် ဒီ ဇိုင်နာအိုင်ကရမ်ဂိုးဒ်ဖြစ်ပြီး ဗြိတိန်တော်ဝင်မင်းသမီးဒိုင် ယာနာ၏ ဒီဇိုင်နာမှာ နာမည်ကြီးဒီဇိုင်နာကက်သရင်းဝေါလ်ကာ ဖြစ်သည်။   ဒေါ်အောင်ဆန်းစုကြည်၏ ၀တ်စုံဖန်တီးသူမှာဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ဖြစ်သည်။
    ဒေါ်အောင်ဆန်းစုကြည် နေ အိမ်အကျယ်ချုပ်မှ လွတ်မြောက် အပြီး ၁၁ လခန့် ကြာမြင့်ချိန် တွင် သီးသန့်တွေ့ဆုံစဉ်က သူမ၏ ၀တ်စုံများနှင့် ပတ်သက်ပြီး မေး မြန်းခဲ့ဖူးရာ သူမအတွက် ပင်တိုင်ချုပ်ပေးသူ သုံးယောက်ခန့်ရှိ ကြောင်း ဖြေကြားခဲ့ဖူးသည်။
    ဒေါ်အောင်ဆန်းစုကြည် ၀တ်ဆင်လေ့ရှိသော မြန်မာဆန်ဆန်ရင်ဖုံးအင်္ကျီများတွင်   ထိုးထားလေ့ရှိသော ပန်းကနုတ်များကို အများစု သတိထားမိကြမည် ထင်ပါသည်။ထိုပန်းကနုတ် အများစုမှာ သူမ၏ကိုယ်ပိုင်စိတ်ကူးများဖြစ်သည်။စည်းစနစ်ကြီးသူ၊ တိကျသေသပ်သူပီပီ သူမ၀တ်ဆင်သော ၀တ်စုံအများစုကို သူမခန္ခာကိုယ်နှင့် ချပ်ရပ်နေမှသာ သဘောကျစိတ်တိုင်းကျသူတစ်ယောက်ဖြစ်ကြောင်းလည်းသူမနှင့်နီးစပ်သူများထံမှ သိရသည်။
    ဥရောပခရီးစဉ်တွင် ၀တ်ဆင်သော ဒေါ်အောင်ဆန်းစု ကြည်၏ ၀တ်စုံများကို ဂရုတစိုက် စောင့်ကြည့်ဖြစ်သည့်အပြင် ထူးခြားမှုတစ်ခုကို သတိထားမိသူမှာ အမျိုးသမီးရုပ်ရှင်ဒါရိုက်တာကြည်ဖြူသျှင်ပင်ဖြစ်သည်။
    ''အန်တီဘယ်နိုင်ငံသွား သွား မြန်မာဝတ်စုံပဲ ၀တ်လိမ့် မယ်ဆိုတာ ကြိုမှန်းဆပြီးသားပါ။ ဒါပေမဲ့ ဒီဥရောပခရီးမှာ ဒီမှာလို ပဲ အန်တီ့ရဲ့ အမှတ်သညာဖြစ်တဲ့ နှင်းဆီပန်းလေးတွေကို အစဉ်အ လာမပြတ် ပန်ဖြစ်တာ သတိထားမိတယ်။ အရမ်းလည်းသဘောကျမိတယ်''ဟု သူမကိုယ်တိုင် ပြည်ပ နိုင်ငံများသွားလျှင် မြန်မာဝတ်စုံ ကိုသာ အများဆုံးဝတ်ဆင်လေ့ရှိ သူ ဒါရိုက်တာကြည်ဖြူသျှင်က ပြောသည်။
    ဥရောပခရီးစဉ်သို့  သွားလာ ရာတွင် ၀တ်ဆင်ထားသော ၀တ် စုံအရောင်နှင့် လိုက်ဖက်သော နှင်းဆီပန်းရောင်စုံကို ပန်ဆင် လေ့ရှိပြီး ဒေါ်အောင်ဆန်းစုကြည် ၏ စုစည်းထားသော ဆံစုဘေး တွင် အမြဲလိုလိုမြင်တွေ့ရသည် မှာ အ၀ါနုရောင်နှင်းဆီပွင့်များ ဖြစ်သည်။ ထို့အပြင် ယဉ်ကျေး သော လူ့အဖွဲ့အစည်းကို တန်ဖိုး ထားသော နိုင်ငံများသို့ သွားသည် နှင့်အညီ အမြဲတမ်းစီးနေကျ ခြေ ညှပ်ဖိနပ်များအစား ခြေချောင်း များကိုမမြင်ရသည့် အဖြူနှင့်အ နက် လေဒီရှူးများ၊ တစ်ခါတစ်ရံ ဒေါက်မြင့်ရှူးများကို ၀တ်ဆင်ခဲ့ သည်မှာလည်း သူမအားတွေ့ဖူး နေကျပုံစံနှင့် အနည်းငယ်ခြားနားနေသည်။
    နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး  စကတည်းက သူ မ၀တ်ဆင်သော ၀တ်စုံများကို လူ အများ ဂရုပြုမိလာကြပြီး မြန်မာ မိန်းကလေးများ ခုံမင်မြတ်နိုးစွာ မြန်မာဝတ်စုံများ ၀တ်ဆင်လာ သည်အထိသူမ၏ ၀တ်စားဆင် ယင်မှုများက မြန်မာအမျိုးသမီး များအပေါ် လွှမ်းမိုးမှုရှိသည်။ သူ မ၏ ၆၆ နှစ်မြောက်မွေးနေ့နှင့် အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း နှင့် တွေ့ဆုံစဉ်က ၀တ်ဆင်သော
ပန်းပွင့်များထိုးထားသည့်ဝတ်စုံ၊    အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ်က     ၀တ်ဆင်ခဲ့သည့်အစိမ်းပုပ်ရောင်ဝတ်စုံစသောဝတ်စုံများက လူအများ သတိထားအမှတ်ရနေသည့် ၀တ်စုံများဖြစ် သည်။
    ''အန်တီ့ရဲ့ ၀တ်စားဆင်ယင်မှုဟာ မြန်မာမိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုမှာ အများကြီးသက်ရောက်မှုရှိပါတယ်။ ဒီတစ်နှစ်ဝန်းကျင်မှာ အန်တီစုဝတ်တဲ့ဝတ်စုံအတိုင်း တစ်ပုံစံတည်းချုပ် ပေးပါဆိုတဲ့ အပ်ထည်တွေ အများကြီး လက်ခံရတယ်။ ဆယ်ကျော်သက်လေးတွေကအစပဲ''ဟု ဒီဇိုင်နာ  မလတ်လတ်က  ပြောကြားသည်။
    ယနေ့ရန်ကုန်မြို့၏ နာမည်ကျော် ဗိုလ်ချုပ်ဈေးတွင် ဈေးဝယ် ထွက်မည်ဆိုပါက မြန်မာ့ရိုးရာအထည်ဆိုင်များတွင် ဒေါ်စုအဆင် အင်္ကျီစများ၊ ဒေါ်အောင်ဆန်းစု ကြည် လုံချည်ဟု အမည်ပေးထားသည့် ဒူးနားချိတ်လုံချည်များကို ၀ယ်ယူရရှိနိုင်ပါပြီ။
သမ္မတအိုဘားမား၏ နေ.တနေ. A Breakthrough Day for President Obama
June 28, 2012 Passing of Affordable Care Act at Supreme Court  Washington DC
ဒီနေ. သတင်းကောင်း ကြားရတယ် လို.ပြောရမယ်။ အမေရိကမှာ ဘယ်တုန်းကမှ မဖြစ်ဖူးသေးတဲ. သို.သော် ၂၀၁၀ က စလို. တဖြည်းဖြည်း နှင်. ရလာ တဲ.  သက်သာခြောင်ချိ အခြေခံ ကျန်းမာရေး ဥပဒေ ဒီနေ. ကစ သမိုင်းဝင်ခဲ.ပါပြီ။
ကောင်းမွန်တည်.မတ် တဲ. Reforms and laws ၇ီ ဖေါင်းမ် တွေ ကို နှစ်သက်ထောက်ခံသူတွေ အားလုံး ဒီနေ. အမေရိကမှာ ကျေနပ်နေကြတယ်။ လမ်းတော.မဆုံးသေးပါ၊ ဒါ ပေမဲ.--အရေးပါတဲ.ပထမခြေလှမ်းတော. စခဲ.ပြီ။ သမ္မတ အတွက်လည်း ပျော်စရာနေ.တနေ. ဖြစ်လောက်တယ်။ Affordable Care Act ဟာ ဒီ သမ္မတရဲ. Huminity Values လူသားဝါဒတန်ဖိုး တွေ သူပြောခဲ.တဲ. အတိုင်း တတ်နိုင်သမျှ အကောင်အထည် ပေါ်လာစေဖို. သိပ်အရေးကြီးတယ်။
အပြောနဲ. အလုပ်ညီ ဖို.နိုင်ငံရေး စင်ပေါ် ကပုဂ္ဂိလ်တွေ ကို  လူတွေက ပိုဖိအားပေးလေ.ရှိကြတယ်။ ဘာကြောင်.လဲ။ လုပ်ပိုင်ခွင်. ဆိုတာ လူတိုင်းမှာ မရှိပါ၊ စင်ပေါ်က နိုင်ငံရေးသမားတိုင်းဟာ--ဘာစနစ်ကိုပဲ ယုံယုံ--မိမိ ရ ထားတဲ. လုပ်ပိုင်ခွင်.ကို အစွမ်း ကုန် အသုံးချပြီး သူတို. ကိုယ်စားပြုထားတဲ. နိုင်ငံ၊ ပြည်နယ်၊ မြို. ရွာ၊ အသင်းအဖွဲ. အသီးသီး က အခြေခံ လူသားတွေ ရဲ. စိတ်ဆန္ဒတွေ ကို အလုပ်ဖြစ်အောင်လုပ်ပေးရပါတယ်။ မလုပ်ပေးနိုင်ခဲ.ရင် အငြင်းပွားစရာ တွေ ဖြစ်တတ်တဲ. သဘာဝ ကတော. နိုင်ငံတိုင်းမှာ ကြုံ နေ ရ တာပါ။။ လူမဲသမ္မတ အိုဘားမားလဲ အများကြီးဝေဖန်ခံ ရ ပါတယ်။
သမ္မတအို ဘားမား အဝေဖန်ခံရတဲ. အကြောင်းရင်းတွေ ကို သာမန် သဘော နဲ. အလွတ်ပြောကြရင် အောက်ပါ အချက်များ သွား တွေ.ရပါလိမ်.မယ်။
၁.  ရွှန်းရွှန်းဝေတဲ. ပညာတတ်၊စကားတတ် ဟန်နဲ. ရွှေးကောက်ပွဲ မတိုင်ခင် ပေး ခဲ.သမျှ ကတိတွေ ဟာ ရီ ပတ်ဘလစ်ကန် ရဲ. အတွင်းက တန်ပြန်အားတွေ ကို မတွန်းလှန်နိုင်တဲ. အတွက် ဖြစ်တယ်၊ ဒီ မို ကရက်တွေ နဲ. ရိ ပတ်ဘလစ်ကန် တွေ ကြားမှာ သူ ဟာ ထင်ထားသလောက် မမာဘူးဆိုတဲ.image  ရှိတယ်။
၂. အသားအရောင်ခွဲခြားမှု က ဥပဒေ တွေ နဲ. ဘယ်လောက်ပျောက် ကွယ်သွားအောင် လုပ်ထားလုပ်ထား အလွန် တရာ မှ လစ်ဘ၇ယ် တန် ဖိုးတွေ ကျင်.သုံးတဲ. အမေရိကလို နိုင်ငံ ငံမျိုးတောင်မှ လူမဲ သမ္မတ တယောက် သူ ရင်ဆိုင်ရတဲ. အခက်အ ခဲတွေ က သူ.ကိုမမွေးခင် ကတည်းက  (သူ မရွေး ချယ်ပါပဲ) သူ.မိဘတွေပေးခဲ.တဲ.သူ.  race နဲ. ဆိုင်တယ်၊
၃. အီ ရတ်နဲ. အာဖဂန် က ၂ခုသော စစ်မျက်နှာကြောင်. သမ္မတဟောင်း ဘုရှ် က ထားခဲ. အကြွေးတွေ နဲ. ပြည်တွင်းမှာပါ စီးပွားကြပ်တည်း မှု ရှိနေတဲ.အချိန်မှာ အထိခိုက်ခံရဆုံး အောက်ခြေ နဲ. လူလတ်တန်းစားတွေ ကို တပြိုင်ထဲ တချိန်ထဲမှာ ကျေနပ် အောင်လုပ်မပေးနိုင် တဲ.ပြဿနာရှိနေတယ်။ ဒီတော. ပြည်သူက (ဘုရှ် ကြောင်. အကြွေးထူခဲ.ရတာ စီးပွားရေးကျဆင်းခဲ.တာ သိပေမဲ. ) တက်လာတဲ. အစိုးရအုပ်ချုပ်ရေးရဲ. မူဝါဒ အပေါ်မှာသာ တာဝန်ယူခိုင်းစေတဲ. တောင်းဆိုမှု တွေ ဆူညံ နေဆဲ မို.ဖြစ်တယ်။
ရိပတ်ဘလစ်ကန် အတွင်းစည်းမှာတော. ထုံးစံ က မာသော ခိုင်သော  တန်ပြန် စိမ်ခေါ်နိုင်သော အတိုက်အခံ ကို (သူတို.ဆိုင်ရာ ပါတီ မူဝါဒကြောင်. ထိပ်တိုက်တိုးရ သည်.တိုင်) အတိုက်အခံ တကယ်မာ ရင် တကယ် လေးစားအသိအမှတ်ပြုရတဲ. ဒီမို ကရက်တစ် စံ နှုံးတွေ သေချာနေတာ တော. ဒီနိုင်ငံ မျိုးမှာငြင်းမရပါဘူး။  (မြန်မာ ပြည်နဲ.တော. တခြားစီပါပဲ။ ) အမေရိကမှာတော. ကောင်းမွန် တဲ. ဥပဒေတ ရပ် ပြည်သူ လူထု အတွက် စပြီး ပြဌာန်းတော.မယ်ဆို ရိဘတ်ဘလစ်ကန် ကစစ ၊ဒီမိုကရက် ပဲစစ ၊ အဆုံးမှာ သိပ် မကွဲပါဘူး။ ထုံးစံ အရ ပါတီ ၂ခု မူတွေ၊ နည်းနာ ကွဲလွဲ မှုတွေ၊ အကျိုးစီးပွားတွေ အတွက် တိုက်ကြခိုက်ကြပေမဲ.၊ သူတို.နိုင်ငံ ရဲ. တရားဥပဒေ နဲ. လူ. အခွင်. အရေး တွေ၊ ကိုတော. ပါတီ ၂ခုလုံးက လူကြီးလူကောင်းတွေက အထူး လေးစားစောင်.ရှောက် ကြပါတယ်။
 အထူးသဖြင်. အလုပ်လုပ်တဲ. လူတန်းစား ၊ လူလတ်တန်းစား များစွာ ရဲ. ကြားပိတ်မိနေတဲ. အခက်အခဲ တွေ ကို လစ်ဘရယ်အစိုးရတွေ က ဖြစ်သင်.တဲ. Reforms & Acts  တွေနဲ. အခြေအနေတွေ ကို တိုးတက်အောင်လုပ်ကြပါတယ်။ တလုံးထဲ ပြော ရရင် အများပြည်သူ ညိုညင် တဲ.၊ ရေ ရှည်ဆင်းရဲ စေတဲ. ကိစ္စတွေ မှာ သူတို. တွေ ဂုဏ်မယူရဲဘူး။ ဂုဏ်ယူလို.လဲမရဘူး။
Affordable Care Act ,of 2010--၂၀၁၀ ကျနိးမာရေး ဥပဒေ ဒီနေ.  တရားဝင် အသက်ဝင်ပြီ။
ခရိုနီတွေ၊ လက်ယာ အုပ်စု သူဌေးကြီးများ ဒီ နိုင်ငံ မှာလည်းရှိပါတယ်။ ကျန်းမာရေး Health Care Industry ဆိုတာ ဒီမှာ အမြတ်ကြီးစားတွေ အများဆုံးဖေါက်လွဲ ဖေါက်ပြန် ဖြစ်တဲ. လုပ်ငန်းကြီး   တခုပါ။   ဒိ health care industry  ပိုင်ရှငြ်ဲကီးတွေ လက် ထဲ မှာ ၀ိသမလောဘသမားတွေက  လူနာတွေ အပေါ် သူတို.ကြိုက်သလောက်ဈေးသတ်မှတ်နိုင်တယ်။  သူတို. လိုသလို profit margin အမြတ် ကိန်းဂဏန်းတွေ မြှင်.နိုင်ရန်၊ အတွက် သူတို. ပေးသော ကျန်းမာရေးဝန်ဆောင်မှု ရဲ. အရည်အသွေးကို ကြိုက်သလို လိုတိုးပိုလျှော.  လုပ်လို.ရတယ်။ အဲသလို  ကျန်းမာရေး industry  ၇ဲ.လိမ်စားမှု အမြတ်ထုတ်မှုတွေ ကို ဒီကပြည်သူတွေ အသိဆုံးပါ။ ကျန်းမာရေး ထိခိုက်လို. ရေရှည်ဆေးရုံတက်ရရင် ဒေ၀ါလီခံသွားရတဲ. မိသားစုတွေ ဒိနိုင်ငံမှာ အများကြီး။
Dream of Social Democrats --------သမ္မတ အိုဘားမား ဒီ ဥပဒေကြမ်းကို ၂၀၁၀မှာ စတင်တော. အကြီးအကျယ် တိုက် ခိုက် ခံခဲ.ရပါတယ်။ ဆေးရုံ ပိုင်ရှင်တွေ၊ health insurance ကျန်းမာရေး ကုမ္ပဏီပိုင်ရှင်တွေက ဒီ ဥပဒေ ကို ဆန်.ကျင်တဲ. လော်ဘီ အကြီးစားတွေ နဲ. အိုဘားမား ကို ဆန်.ကျင် ဖို.၀ါရှင်တန်  ဒီ စီ ကွန်ဂရက်စ်မှာ တပျော်တပါးကြီး လုပ်ကြတယ်။  ရိပတ်ဘလစ်ကန် တွေ ပထမဆုံး နှ ခေါင်းရှုံ. တဲ.၊ အိုဘားမားရဲ. အထွေထွေ ကျန်းမာရေး Affordable Care Act က ဒီလိုနဲ.ပဲ၊ တလိမ်.လိမ်.နဲ. ပဲ အစတည်လာခဲ.ပါတယ်။ ဒါပေမဲ. ပြဌန်း ခဲ. တဲ. ကျန်းမာရေး မှာ တရားကိုယ်ထည်ပိုင်းဆိုင်ရာ၊ အချက်အလက် အချို. ကို ချက်ချင်း လုပ်ဆောင်လို.မရသေး တဲ.  fruitless brief period ရလဒ် မဲ. ကာလတို တခုလဲ ရှိပါ သေးတယ်။
၂၀၁၀ မတ်လ နဲ. ဒီ နေ. ၂၀၁၂ ဂျွန် ၂၈ ကြား က ကာလတိုပါ။
၂၀၁၀ မတ် မှာ တင်သွင်း ခဲ.တဲ. Affordable Health Care Act မှာ ဒီ နိုင်ငံအတွက် အခြေခံ ကျတဲ. Sweeping changes တွေ အများကြီးပါပါတယ်။ ဒီိတော. အမြတ်အစွန်း အလွန်အကျူးရနေတဲ.သူတွေ က လော်ဘီ မျိုးစုံသုံးပြီးဆန်.ကျင်ခဲ.သော်လည်းဒီနေ. ဂျွန် ၂၈၊  ၂၀၁၂  မှာတော. ဒီ က American Health Care Industry  အမြတ်ကြီးစား လူ.လောဘ သမားတွေ စိတ်ဆင်းရဲ၇မဲ.၊ သို.သော် အခြေခံ ဆင်းရဲသားတွေ  နဲ. လူလတ်တန်းစားများ ဂုဏ်ယူရ မဲ.၊ တနည်း သမ္မတ အိုဘားမားကိုယ်တိုင် အရမ်းကြည်နူးနေမဲနေ. သမိုင်း  ၀င် နေ. တနေ.ဖြစ်ခဲ.ပါပြီ။
Washington D C Supreme Court ၀ါရှင်တန် ဒီ စီ က စူပရင်းကုတ် က  ဒီ Affordable Care Act ဥပဒေကို ဒီနေ. မှာ သမိုင်း ၀င် ပြဌ န်းလိုက်ပါပြီ။ ဒီ နှစ်  ၂၀၁၂ သြဂုတ် လ မှာ စ အသက်ဝင်ပါပြီ။ ၅၄ သန်း မျှသော ပုဂ္ဂလိက individual health insurance   ၀ယ်ထားသူတွေ ထဲ က ၁၃ သန်းမျှသော စားသုံးသူတွေ ဟာ refund တွေ ပြန် ရ ကြမှာ ဖြစ်ပါတယ်။
 ခြုံကြည်.ရင် အိုဘားမား ကို ဒီ နေ. အောင်ပွဲ ခံ စေခဲ. တဲ.   မှာ---
၁. ဈေးနှုံ များ မတန်တဆဖြစ်နေတာ ဆေး ရုံတွေ နဲ. Health insurance firms တွေ  ကြားမှာ ညှို ယူ ရ မှာ ဖြစ်တယ်။ မနာကျန်းတဲ. လူတယောက်ကို မကုသပေးချင်လို ရမယ်ရှာပြီး အရင်ထဲ က ဖြစ်နေတဲ. နာတာရျည် ရော ဂါ ကြောင်.၊ pre-existing conditions တွေ ကြောင်. ဆေးကုသခွင်. ညင်းပယ်ခဲ. ရင် ညင်းတဲ. ဖက်က တရားရင်ဆိုင်ရမှာဖြစ်တယ်။ ခုတော. Health care insurance companies တွေ ဆက်ညစ်ပတ်လို. မရနိုင်တော.ပါ။ နာနေတဲ.သူတယောက်ကို  မဖြစ်မနေ ကုသပေးရမယ်။ ဈေးနှုံး ကွာခြားချက် ကို ဘောင်ဝင် လျှင် အစိုးရက တာဝန်ယူပေးမှာဖြစ်တယ်။
၂.  Complete health care act  အပြည်.အ၀ ပြည်.စုံကောင်းမွန် တဲ. ဥပဒေ မဟုတ်သေးသည်.တိုင် ပထမဆုံးခြေလှမ်း အဖြစ် ဒီ နေ. မှာ တရားဝင်စ ခဲ. ပြီ။ တဖက်မှာလည်း  လူတိုင်း ရဲ. တဦးစီ တာဝန်ကိုလဲ ထည်.၀င်ပြဌန်းထားတယ်။ ၀င်ငွေ ရှိတဲ. သူတိုင်း ကို မြန်ကောင်းသက်သာပြီး လူတိုင်း တတ်နိုင် တဲ. Affordable health insurance  ၀ယ်ယူစေမှု အကြုံးဝင် လာပါတယ်။ ဒါဟာ ဈေးသက်သာသော ကျန်းမာရေး ဆိုင်ရာ  လူ. အခွင်.အရေး ရပိုင်ခွင်.  ဖြစ်ပြီး နိုင်ငံမှာ  အလုပ် လုပ်နေတဲ. လူတ ဦးစီရဲ. တာဝန်ခံမှု ကို ပါ ဆွဲ ချည်လိုက်ခြင်းဖြစ်တယ်။ ဖြစ်သင်.တယ်။  အစိုးရ က မတတ်နိုင်သူတွေ အတွက် ထောက်ပံ.ခြင်း ရှိ လင်.ကစား တ ဖက်က လဲ ဈေးနှုံး ချိုသာသော insurance ကို ၀ယ်ခိုင်းတာ- အမေရိကန်   မှာ အလွန်အရေးပါတဲ. စာမျက်နှာသစ် တခုဖြစ်တယ်။
ခြုံပြောရင် သတင်း နားထောင်တဲ. သူ တွေ ပျော်နေကြတယ်။  ဒီ တချက်နဲ. အမေရိက ဟာ ကျန်းမာရေး ၀န်ဆောင်မှုမှာ ဥရောပ၊ ဂျပ န် နဲ. သြစထေးလိယျတို.က အစိုးရ တွေ ကတာဝန်ယူတဲ.universal health care  system တွေ နဲ. နည်းနည်း နီး လာတယ်။
Fruits of Democracy------ ကြည်.ပါဦး။ ဒီ မိုကရေစီ ပြည်.၀တဲ.နိုင်ငံတွေ မှာ ကောင်းမွန်တဲ. ဥပဒေပြုမှု။ လက်တွေ.ဖေါ်ဆောင်မှုတွေ ကသိပ် မြန်ဆန်တယ်။ သူတို. လွှတ်တော်က အမတိတွေ က လဲ မြန်မာ ပြည်က ၀ိ သမသမားများလို ပိတ်ပိတ် မှောင်ေ မှာင် ကြီးတွေ ၊ အတင်း ညင်း ပယ်နေသူတွေ မဟုတ်ဖူး။ ဆန်.ကျင်ဖက်ပါတီ တွေ အကြား အကျိုးစီးပွားတွေ မတူလို. အတိုက်အခိုက်တွေ ရှိသည်.တိုင် အချိန်တန်တော. ကောင်းမြတ်တဲ. ဥပဒေတွေ ဟာ သပ်ယပ် အောင်မြင်စွာပေါ်ထွက်လာတယ်။
ဒါက တရားဥပဒေနဲ. လူ. အခွင်.အရေးတွေကို လေးစားဆောက်တည်တဲ. လူ.အဖွဲ.အစည်းတွေ မှန်သမျှ ရဲ. လက္ခဏာပါပဲ။ ရေခံမြေခံ ကောင်းလေတော. နိုင်ငံကောင်းတခုမှာ ဥပဒေကောင်းတွေဆိုတာ လူတိုင်းစားသုံးနိုင်တဲ. အသီးအပွင်.တွေပါပဲ။ ထုတ်ချင်းမြင်နေရတဲ. အမှား တွေ ကို လက်ရှိ လူ.ဘောင်ရဲ.လိုအပ်ချက်တွေ အတိုင်း မရ ရအောင် ဥပဒေနဲ.ပြင်ဆင်ကြတယ်။ ဒီတော. လူသားတွေ၊ စားသုံးသူ အလုပ်သမားတွေ အတွက် ဥပဒေတွေ တခု ပြီးတခုပေါ်ပေါက်လာရတယ်။ ဒီနိုင်ငံမှာ လွန် ခဲ. တဲ. နှစ်၁၀၀ ကျော် ကထဲက  စားသုံးသူတွေကိုကာကွယ်တဲ.၊ ခရိုနီ  ကြီးတွေ လောဘနဲ. ပိုင်ဆိုင်မှု တွေ ကို  ကန်.သတ် ထိန်းချုပ်တဲ. ၊ တဖန် မျှတစွာယှဉ်ပြိုင်ခြင်းကို အားပေးတဲ. Pro-consumer, anti- crony , anti-trust laws, Competition Laws တွေ ရှိခဲ.ပြီး  ဒီ ဥပဒေတွေ ရဲ. ဖေါင်ဒေးရှင်းခိုင်မာမှုကြောင်. လူအားလုံး ဖူလုံ ငြိမ်းချမ်းစွာနေနိုင်တဲ. Dream Land  ဆိုပြီး ဖြစ်လာခဲ.တာပါ။
 ဆင်းရဲ သားတွေ  ပျော်ရွှင်ပြီး စိတ်မဆင်းရဲရတဲ. နိုင်ငံ တွေ မှာ အများ ပြည်သူအောင်ပွဲခံ နိုင်တဲ.၊ တရားမျှတခြင်း တွေ အညွန်.တလူလူ လွင်.လို.၊  Justice days တွေ အများကြီး ရှိခဲ.ပါတယ်။ ဒီနေ.ဟာ အိုဘားမားအတွက်  နိုဘယ်ဆု ထက် ပိုအရေးကြီးတယ်။   နိုဘယ် ဆု ဆို တာ ဆု တခုမျှသာပါပဲ။ ဒီ နေ.  ရဲ. အောင်ပွဲ ကြောင်. တော. လူသန်းပေါင်းများစွာ အကျိုး ခံ စားရတော.မယ်။ သမ္မတ အိုဘာမား သူ.အပြော နှင်. သူ. အလုပ် ညီ
ညွတ်ခဲ.ပြီ။
ဒီ ဥပဒေရဲ sectional implementation အစိတ်အပိုင်းအချို.ကို အကောင်အထည်ဖေါ်ဆောင်မှု ၊ ဥပဒေအရ enforcement လုပ်နိုင်မှုအတွက် လုပ်စရာတွေ ကျန်ပါသေးတယ်။  ဒီနေ. ဂျွန် ၂၈ သမိုင်းဝင် ပထမခြေလှမ်းစပေါ်ခဲ.ပေမဲ. ၊ ပြည်.စုံ တဲ. အဆင်.အထိ ဆက်သွား ဖို.  လမ်း ရှည်ကြီး ကျန်ပါသေးတယ်။
 မြန်မာ.လွှတ်တော် နှင်.စပ်လျှင်း၍
 မြန်မာ.လွှတ်တော်မှာမကြာခင်ဘာတွေ ဖြစ်လာမလဲ။  (အမေရိက နိုင်ငံမှာလိုပဲ)ဲ ခိုင်ခံ.အရှုံး မပေးတဲ.၊ ပြည်သူ.၀ါဒီ အတိုက်အခံ တွေ ဖက်ကစတဲ.  ဥပဒေပြု  တိုက်ပွဲ ကြီးတွေ ဖြင်လာလိမ်.မယ်လို.မျှော်လင်.ထားတယ်။ NLDမဟုတ်သော အခြားအမတ်များလည်း  ဘယ်သူ.ခေါင်းစဉ်တပ်တပ်၊ ဘယ်ပါတီ ရဲ. တံဆိပ်ပဲ ချိတ်ချိတ်။ ပြည်သူလူထု ရဲ. အကျိုး အတွက်ဆို မိမိ အတ္တတွေ လောဘတွေ ကို နည်းနိုင်သမျှသတ်ပြီး၊ ကမ္ဘာကြီးမှာဖြစ်နေတာတွေ ကို လကိလှမ်းမဝေးကြပါစေနဲ.။ အမှားကို စင်ပေါ်က နေပြီးပြငိခွင်.ရထားတာ နည်းနည်းနောနော အခွင်.အရေးမဟုတ်ပါ။ ဒီ အခွင်.ကို လှပစွာ အသုံးချတတ် ဖို.လိုပါတယ်။
လွန်ခဲ.တဲ.  နှစ်၅၀ အတွင်းမှာ တိုင်းပြည်ကို ဖျက်စီးထားတဲ. သူ တွေ ဖြစ်လင်.ကစား----နောက် ၆လ အတွင်းမှာ     ပြည်သူလူထုအတွက် ပထမဆုံး လုပ်၇မဲ. အလုပ်က --ခရိုနီ ၂ ကျိတ် နှင်.  ခိုးသား၅၀၀ ကောင်းစားရေး ၂၀၀၈ ဥပဒေကို တချက်စီ ပြတ်ပြတ်သားသား ပြင်ဆင် ပြီးပြည် သူ. အကျိုးပြု ဥပဒေတွေ ပေါ်ပေါက်ရေးပဲ ဖြစ်ပါတယ်။
     စဉ်းစားကြည်.တယ်။  ကမ္ဘာကြီးမှာ လူတွေ တည်နေရာ မတူနိုင်ကြဘူး။ သို.သော်--
လူသားအချင်းချင်းစောင်.ရှောက်လိုတဲ. လူသားစိတ်ဆိုတာ ဓါတ်သဘောအရ  အတူတူပဲ ဖြစ်ရမယ်။  ဖိအားအကြိမ်ကြိမ် ပေးပြီး စိမ်ခေါ် ရယူ နိုင်ပါမှ၊ မြန်မာပြည်မှာ  မဆိုစလောက် သော အပြောင်းအလဲ လေးတွေ နဲနဲ လေးပဲ ဖြစ်လာရတယ်ဆိုတာ၊ အရမ်းကြီး လွဲနေပါတယ်။  မြန်မာ.လွှတ်တော်က အမတ်အားလုံး အမြန်ဆုံး အသိဝင် နားလည်ကြပါ။ ရုန်းကန် နေဆဲ  သန်းပေါင်းများ စွာသော ပြည်သူလူထုက တော. ခရီးရှည် ကြီး ဆက်သွားရပါ ဦးမယ်။   မတရားမှု မှန်သမျှ ဆက်ဆန်.ကျင်ရမှာဖြစ်ပါတယ်။   ဘယ်လောက်ပဲ ပတ်ဝန်းကျင်ကြမ်းတမ်းပါစေ၊ အချိန်တန်လာ ရင် အားထုတ်မှု တွေ  ပြည်.စုံလာတဲ. တနေ.မှာ သူ.အမြစ်နဲ.သူ ပြန် ရှင်သန်လာတဲ. နှစ်တိုင်းပေါ်နှစ်တိုင်းပျော် သန်စွမ်း  ခိုင်ခံ.တဲ. ဒီမိုကရေစီသစ်ပင် ကြီး အောက်မှာ မြန်မာပြည်က အများ သူသူငါငါ အားလုံး နားခို ရာ ရကြပါစေ။
Thanks.
aasw (aye aye soe win)
june 28, 2012
အဖိုး သခင်ကိုယ်တော်မှိုင်း
(ဓါတ်ပုံ . Zinyaw ni ) ထံမှယူပါသည်။
*** အဖိုး သခင်ကိုယ်တော်မှိုင်း ***
မငြိမ်းမချမ်း
စိတ်ဝမ်းမငြိမ် ၊ နှလုံးအိမ်မှ
အကြိမ်တရာ ၊ ကန်တော့ပါသည်
ချစ်စွာလေသော အို အဖိုး ။
တိုင်ရေးပြည်ရေး
ပေါက်နှင်ကျေးသို့ ။
ကြက်ဥသဖွယ်
တိတ်တောင်နှယ်သို့  ။
အမယ်ဘုတ်ချည်ငင် ၊ ရှုပ်ထွေးအင်သို့ 
စိတ်ဝမ်းညီညီ ၊ မြဲခိုင်ကျည်ပြီး
ညီနှင့်အကို ၊ ချစ်စေလို၏
မကင်းမပြတ် ၊ ဆွေမျိုစပ်သို့ 
အရပ်တကာ ၊ သူရောက်ပါသည်
ကဗျာစာဆို ဘဘမှိုင်း ။
ဆင်းရဲချမ်းသာ မခွဲပါပြီ
ပြည်ရွာငြိမ်းချမ်း ၊ သူကြိုးပမ်းစဉ်
ပန်းဖောက်ရထား ၊ ဆိုက်ခံငြားမို့ 
တိုင်းသားပြည်သူ ၊ ၀ှန်းဝှန်းဆူမျှ
ပြည်သူငိုပွဲ ၊ ခြိမ့် ခြိမ့် သဲခဲ့   ။
အို -  အဖိုး
မျှော်ကိုးခဲ့ ရာ ၊ ဖြစ်မလာလည်း
သစ္စတရား ၊ဆုပ်ကိုင်ထားသည့် 
သားတို့ ခေတ်တွင်း ၊ တိုက်ပွဲခင်း၍
ပြင်းထန်လှုပ်ရှားနေပါသည် ။
မငြိမ်းမချမ်း
စိတ်ဝမ်းမငြိမ် ၊ နှလုံးအိမ်မှ
အကြိမ်တရာ ၊ ကန်တော့ပါသည်
'' ချစ်စွာလေသော  အို -  အဖိုး ''
......။     ။ ......
မောင်ပြုပြင် ( ကျုံပျော် )
စာ - ( ၈၄ - ၈၅ )
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသို့ သတိရခြင်းအမှတ်တရ ပြန်လည်မျှဝေပါသည်။
ညိုလင်းထွဏ်း
(30.6.2012)
ဇေယျာသော်ရဲ့ ပါရီ မိန့်ခွန်း ကို နားဆင်ကြည့်ပါ
ဟစ်ဟော့ပ် အဆိုတော် တဖြစ်လဲ လွှတ်တော်အမတ် အသစ် စက်စက် ဇေယျာသော်ရဲ့ ပြင်သစ်နိုင်ငံ ပဲရစ် မှာ ပြောခဲ့တဲ့ မိန့်ခွန်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဥရောပ ခရီးစဉ် အတူသွားစဉ် အခုလို ပြောကြားခဲ့တာပါ။
ပါရီမြို့ စားကြီး Bertrand Delance ဆုမွန်လွှာ
အမေစု...သို့ 
ပါရီမြို့ ကြီးသူဖြစ်လာမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို  လာရောက်ဂါဝရပြုသူအားလုံး မြင်တွေ့ စေရန်
ကျေးဇူးပြုပြီး ကင်မရာများ အောက်သို့  နှိမ့်ပေးကြပါ ။
သူမကို အားလုံးက ဂါဝရပြုရန် မြင်တွေ့ ချင်ပါတယ် ။
ချစ်ခင်လေးစားရပါသော မဒမ် (ဂုဏ်သိက္ခာမြင့်မားသော အမျိုးသမီး) ခင်ဗျား
အသင်မြင်နေရတဲံ အတိုင်းပါဘဲ ။ လူဆိုတာ ခံစားချက်တွေ အများကြီးနဲ့ ပါ ။
အခုပြုလုပ်နေတဲ့ ဂုဏ်ပြု အခန်းအနားပွဲဟာ
သမရိုးကျ လုပ်ရိုးလုပ်စဉ်ကျင်းပခဲ့ဖူးတဲ့ အခန်းအနားထက် အင်မတန်မှ လူသားဆန်ပြီး
အနက်အဓိပါယ်များစွာ နက်ရှိုင်းစွာပါဝင်တဲ့တွေ့ ဆုံမှုပွဲလေးပါ ။
ကမ္ဘာကြီးပေါ်မှာ ကျွန်ုပ်တို့  မမြင်ဖူးခဲ့သော တကယ်မိတ်ဆွေရင်းချာလို
စိတ်ထဲကရင်းနှီးနေသော သူတွေရှိနေပါတယ် ။
အချို့ သောသူများအတွက် ရင်ဆိုနေရသော တိုက်ပွဲများဟာ တကယ့်ကိုခက်ခဲကြမ်းတမ်းလှပါတယ် ။
အဲဒီလို လူသားတွေအတွက် ဆိုးဝါးလှတဲ့ အခြေအနေတရပ်ကို
ဖယ်ရှားခြင်းဟာ အင်မတန်မြင့်မြတ်လှပါတယ် ။
အဲဒီလို ကြီးမားမြင့်မြတ်တဲ့ လူမျိုးတွေဟာ ကျွန်ုတို့ လူသားမျိုးနွယ်စု
ဆက်လက် ရှင်သန်ရေးအတွက် တိုက်ရိုက် ဆက်နွယ်နေပါတယ် ။
၂၀၀၄ ခုနှစ်ကာလများမှာ ကြက်ပျံမကျ စည်းကားတိုးတက်နေသော ပါရီမြို့ ကြီးရဲ့
အတိုင်အပင်ခံ အရာရှိကသူ့ ကိုယ်သူလည်း ဂုဏ်ပြုရာဖြစ်သော ပါရီမြို့ ကြီးသူဆု ကို
သင့်အား ဂုဏ်ပြု ပေးအပ်ရန် ဆုံးဖြတ်ချက်ချခဲ့ပါတယ် ။
အဲဒီကာလများမှာ သင့်ကို အပ်နှင်းနိုင်တဲ့ အခြေအနေ မရှိခဲ့ပါဖူး ။
လက်ထောက်အမျိုးသမီး Anni Daco က ၂၀၀၄ ခုနှစ်ထဲမှာဘဲ သင်ရဲ့ မိတ်ဆွေ
NCGUB ဝန်ကြီးချုပ်ကို ကိုယ်စားအပ်နှင်းခဲ့ပါတယ် ။
သင်ရဲ့ ကြိုးစားနေမှုတိုက်ပွဲကို အရှိန်မပျက် ဆက်လက်လုပ်သွားဖို့ လည်း သတင်းပါးခဲ့ပါတယ် ။
ပါရီမြို့ တော်က လူထုရင်ပြင် ကွင်းကြီးမှာ
သင့်ရဲ့ လှပမြင့်မြတ်တဲ့ ဓါတ်ပုံကြီးကို ချိတ်ဆွဲထားစေခဲ့ပါတယ် ။
အဓိပါယ်ကတော့ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက
ပါရီမြို့ သား မြို့ သူတွေရဲ့  အသည်းနှလုံးတနေရာမှာ
သင်ဟာဝင်ရောက် နေရာယူထားပြီးဖြစ်ပါတယ် ။
ငါတို့ တတွေဟာ သင့်ရဲ့ မိဘ ၂ ပါးကိုလည်း သိနေပါတယ် ။
သင့်ဖခင်နဲ့  မိခင်တို့ ရဲ့  တိုင်းပြည်နဲ့ လူမျိုးအပေါ်
သစ္စာရှိနေမှုတွေကပါ မြန်မာပြည်က လူထုတွေရွေးချယ်တင်မြောက်လိုက်သော
လွှတ်တော်အမတ်ဖြစ်လာသူမြန်မာ
 အမျိုးသမီးကို ဂုဏ်ပြုဆုပေးအပ်ရန် အထောက်အကူပြု အခြေအနေဖြစ်ခဲ့ပါတယ် ။
သင်ဟာ အလွန်ခက်ခဲသော အခြေအနေမျိုးစုံကို ရင်ဆိုင်ခဲ့ရတယ် ။
လူသားတဦး သိက္ခာရှိစွာအသက်ရှင်ရပ်တည်ဖို့  လူ့ အသိုင်းအဝိုင်း အဆောက်အအုံတခုကို
တည်ဆောက်နေတဲ့ကာလတွေမှာ ပြည်သူလုထုကို ကာကွယ်ဖို့  လူအများကို
ကိုယ်စားပြု အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းမှုလူတဦးခြင်းစီ ရသင့်ရထိုက်သော လွတ်လပ်ခွင့်ကို ကာကွယ်ရင်း
အာဏာရှင်စနစ်ကို ခုခံတွန်းလှန်ခဲ့ပါတယ် ။
ဒီလို စိတ်ဓါတ်တွေဟာ အင်အားတွေဖြစ်လာပြီး ကမ္ဘာလူထုအားလုံးရဲ့ 
လူသားတဦး ဂုဏ်သိက္ခာ လူသားဖြစ်တည်မှု
လူအများပါဝင်တဲ့ အုပ်ချုပ်မှု တို့ အတွက် စွမ်းဆောင်မှုတွေ ဖြစ်လာပြီး
ပါရီမြို့ ကြီးသူဆု ကို ပေးအပ်ရန် အတွက်ဖြစ်ပေါ်စေခဲ့သော အကြောင်းတရားတွေပါ ။
ကျွန်ုပ်တို့ ပါရီကလူထုလည်း တကယ်ကို ခံစားစေခဲ့ရပါတယ် ။
သင်ကြိုးပန်းဖြတ်သန်းခဲ့သော လမ်းခရီးဟာ သိပ်ခက်ခဲပြီး အင်မတန်မှ ချီးမွမ်းဂုဏ်ပြုထိုက်စေသာ
အကြောင်းအရာဟာနူးညံ့ခြင်းနဲ့ ပြည့်စုံပြီး တပါးသူ တယောက်ကို အလွယ်တကူ နားလည်ခံစား
သိရှိစေသည့်နည်းလမ်းဖြစ်ပြီးသင်၏ အကြမ်းမဖက် အနု နည်းလမ်းဖြင့်
အမျိုးသားများအားလုံးကို ပြန်လည်ရင်ကြားစေ့ ရေး လုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေခဲ့ပါတယ် ။
သင်ဟာ စေ့စပ်ဆွေးနွေးရေးကို လိုလားသူဖြစ်တယ် ။
စစ်ကို လိုလားသူမဟုတ်ပါ ။
ငြိမ်းချမ်းရေးကို လိုလားသော အမျိုးသမီးဖြစ်ပြီး
သူတပါးကို မထိခိုက်စေဘဲ ခုခံကာကွယ်ခဲ့သူဖြစ်တယ် ။
အထက်ပါအချက်အလက်တွေကို ပါရီမြို့ ကြီး သင့်ကိုချစ်တာဖြစ်ပါတယ် ။
သင်ချစ်ခင်လေးစားသော Victor Hugo (http://en.wikiquote.org/wiki/Victor_Hugo ) သည်လည်း
တကမ္ဘာလုံးက ချစ်ခင်လေးစား အမှတ်ရစေသလို ငါတို့ ကိုလည်း အမှတ်တရရှိနေဆဲပါ ။
အဲဒီ အမျိုးသားအတွက် ကျွန်ုတို့  အမြဲတန်းဂုဏ်ယူသွားမှာပါ ။
နိုင်ငံတကာက တန်ဖိုးထားတဲ့ Victor Hugo စာရေးဆရာဟာ ယနေ့  ၂၁ ရာစုမှာ ကြုံတွေ့ လာရမဲ့
အခက်အခဲတွေကို ရင်ဆိုင်ရမဲ့ အနာဂါတ်လူသားမျိုးနွယ်တွေအတွက်
ဆန်းသစ်ပြီး လာမည့် လက်ရှိအခြေအနေများနဲ့ ကိုက်ညီမည့် အချက်များကို စဉ်းစား ရှာဖွေပြီး ရေးသားခဲ့ပါတယ် ။
Victor Hugo ဟာ သေဒဏ်ပေးတဲ့ အပြစ်ပေးနည်းကို ဆန့် ကျင်ကန့် ကွက်ခဲ့တယ် ။
အရွယ်မရောက်သေးတဲ့ ကလေးလူငယ်တွေ အလုပ်ခွင်မှာ အသုံးပြုမှုကို ဆန့် ကျင်ခဲ့ပြီးဒီမိုကရေစီနှင်
ပညာရေးကို ဦးစားပေးစေခဲ့တယ် ။
Victor Hugo အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သကဲ့သို့ 
လူထုအများစုကိုယ်စား အုပ်ချုပ်မှုစနစ် ။ လူသားတဦးလွတ်လပ်ခွင့်တွေကို အနောက် ကမ္ဘာ နယ်ပယ်ဒေသတွေမှာ
ဆက်လက်ရှင်သန်နေစေရေးအတွက် ရပ်တန့် မသွားအောင် ပြုလုပ်နိုင်ခဲ့တယ် ။
ဒေါ်အောင်ဆန်းစုကြည် - သင်ရေးသားခဲ့တဲ့ အတိုင်းပါဘဲ
ကျွန်ုပ်တို့ မိတ်ဆွေကြီး Victor Hugo ရေးသားထားခဲ့တဲ့ အတိုင်းပါဘဲ ။
စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်တွေနဲ့ ကမ္ဘာကြီးရဲ့  အမွေအနှစ်တွေကို
အနာဂါတ်အတွက် ထိမ်းသိမ်းဖို့ လိုနေပါတယ် ။
ချစ်လှစွာသော မဒမ် ခင်ဗျား
ယ္ခုအချိန်မှာ ပါရီမြို့ ရဲ့  အသိသက်သေဖြစ်သော ဒီလို ဂုဏ်ပြုနေခြင်းဟာ ပြီးဆုံးအောင်မြင်မှု မှတ်တမ်းမဟုတ်ပါဖူုး ။
အောင်မြင်မှု ခရီးဆုံးထိသွားနိုင်ဖို့  တာထွက်တဲ့ အထိမ်းအမှတ်ဖြစ်ပါတယ် ။
သင်ဟာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် ကြိုးပန်းခဲ့တယ် ။
မြန်မာပြည်သူလုထု ဝမ်းမြောက်ဝမ်းသာ နေထိုင်စေနိုင်သော ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် နှင့်
အမျိုးသား ပြန်လည်သင့်မြတ်ရေး ပြန်လည်ရင်ကြားစေ့ရေး တို့ အတွက် ကြိုးပန်းခဲ့တယ် ။လုပ်နေဆဲဖြစ်တယ် ။
သင်ဟာ ကမ္ဘာကြီးနဲ့  လူ့ အခွင့်အရေးတွေ ထွန်းကားရေး အတွက် ချီနှောင်ပေးခဲ့သူဖြစ်တယ် ။
သင့်ကို ကျွန်ုပ်တို့ ပါရီမြို့ ကိုယ်စား တင်ပြချင်တာကတော့
ပါရီမြို့ ရဲ့  ဂုဏ်ထူးဆောင် မြို့ ကြီးသူ ချီးမြင့်ပေးနိုင်ခြင်းဟာ
ကျွန်ုပ်တို့ အနေဖြင့် သင့်အတွက် အရမ်းဂုဏ်ယူနေပါတယ် ။
သင်နှင့် ပါရီမြို့ ကြီးတို့  အကြားက ပေါင်းကူးတံတားတခုလည်း ဖြစ်ပါတယ် ။
ဒီလို ဆက်သွယ်မှုဟာ နောင်လာမည့် အနာဂါတ်ကာလများမှာ
လူသားဆန်သော အရင်းအမြစ်များ တည်ဆောက်မှုတွေ အတွက်
ထောက်ပံ့ပေးခြင်းလည်းဖြစ်ပါတယ် ။
(ပြင်သစ်နိုင်ငံမှ ကိုမောင်မောင်ထွေး၏ ဇနီး မမို့ မို့ မြင့်အောင်(လှိုင်မြို့ ) တိုက်ရိုက်ဘာသာပြန်ဆိုပြီး
နယ်သာလန်နိုင်ငံမှ ကိုဌေးတင့်က ပြန်လည်တည်းဖြတ်ပြီး ကွန်ပြူတာ ဖြင့် မှတ်တမ်းတင်ပါသည် ။)
U Htay Tint 
ရခိုင်နှင့် အစိုးရတပ်ဖွဲ့ သတ်ဖြတ်၍ ရိုဟင်ဂျာ ၆၅၀ သေဆုံးကြောင်း ဦးထွန်းခင်မှ စွပ်စွဲ
ခိုင်မောင်ဦး (မလေး)
လန်ဒန် အခြေစိုက် The Burmese Rohingya Organisation UK (BROUK)
အဖွဲ့ဥက္ကဌ ဦးထွန်းခင်မှ ရခိုင်လူမျိုးတွေနဲ့ အစိုးရတပ်ဖွဲ့ဝင်တွေက
ပူးပေါင်း သတ်ဖြတ်တဲ့ အတွက်  ရခိုင်ပြည်နယ် အကြမ်းဖက် ဆူပူမူ အတွင်း
ရိုဟင်ဂျာ  ၆၅၀ သေဆုံးကြောင်း ဗြိတိန်နိုင်ငံ ပါလီမန် မြန်မာ ဒီမိုကရေစီ
ရရှိရေးဆိုင်ရာ ပါတီ ပေါင်းစုံ အဖွဲ့ ရှေ့မှောက်မှာ လိမ်လည်
ပြောဆိုသွားခဲ့ပါတယ်။
Ethnic
 Rakhine Buddhists pass time in a Buddhist monastery used as a
collective shelter for those displaced by recent violence in Sittwe.
Photo: REUTERS
ဇွန်လ ၂၇ ရက်နေ့ ဗြိတိန်နိုင်ငံ ပါလီမန်ရဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ
ရရှိရေးဆိုင်ရာ ပါတီ ပေါင်းစုံ ဥက္ကဌ Baroness Kinnock ရှေ့မှောက်မှာ ခုလို
ဦးထွန်းခင်က ပြောဆိုသွားခဲ့ပါတယ်။
ဒါ့အပြင် ရွာပေါင်း ၂၂ ရွာမီးရှို့ ခံရပြီး လူပေါင်း ၁၂၀၀ ပျောက်ဆုံးကာ
ရိုဟင်ဂျာ ဘင်္ဂလီ လူပေါင်း ၈၀၀၀၀ ထိ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့
လိမ်လည် တင်ပြသွားခဲ့ပါတယ်။ ဒါ့ပြင် ဦးထွန်းခင်က ဒီပြဿနာကို ဖြစ်ပွားအောင်
 အစိုးရတွင်းက တင်းမာသူတွေနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက
အကွက်ချ စီစဉ်ခဲ့တယ်လို့ စွပ်စွဲ ပြောဆိုသွားပါတယ်။
ဒီလို ဗြိတိန် ပါလီမန်မှာ ဦးထွန်းခင် လိမ်လည် ထွက်ဆိုနိုင်အောင် စီစဉ် ပေးသူကတော့ များမကြာမီက A friend’s appeal to Burma (မြန်မာနိုင်ငံသို့ မိတ်ဆွေတဦး၏ မေတ္တာရပ်ခံချက်) ကို  ရေးသားသူ
 CSW မှ Benedict Rogers ဘဲ ဖြစ်ပါတယ်။ တခြား နောက်ထပ် ကူညီ ပေးသူတွေကတော့
ရခိုင်စီမံကိန်း ( Arakan Project) က Chris Lewa ဆိုတဲ့ အမျိုးသမီးနဲ့
Burma Campaign UK တို့ဘဲ ဖြစ်ပါတယ်။ 
ရခိုင် ဆူပူ အကြမ်းဖက်မူမှာ အစိုးရ စာရင်းအရ  သေဆုံးသူ ၈၀ ကျော်ဖြစ်ပြီး
 ဒဏ်ရာ ရတဲ့သူက ၅၀ ကျော် ရှိတယ်လို့ တရားဝင် ထုတ်ပြန်ကျေညာထားပါတယ်။
သေဆုံးသူတွေထဲမှာလည်း ရခိုင်ဦးရေက တ၀က်ထက် ပိုများပါတယ်။  ဒီအရေအတွက်ကို
နိုင်ငံတကာ အန်ဂျီအိုတွေကလည်း လက်ခံထားပါတယ်။
အခုလို  လူပေါင်း ၆၅၀ ထိ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတယ်လို့ ဗြိတိန်
 ပါလီမန်ထိ တက်ရောက်ပြီး လိမ်လည်တာဟာ ရခိုင်ပြည်နယ် တည်ငြိမ်ရေးကို
 ပျက်ပြားအောင်၊ ဆူပူ အကြမ်းဖက်မူကို ထပ်ဖြစ်အောင် နိုင်ငံခြားကနေပြီး
သွေးထိုးလုံဆော်နေတာနဲ့ တူတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ
 အတွင်းရေးမှူး ဦးဦးလှစောက ပြောပါတယ်။ ခုလို အခြေအမြစ် မရှိတဲ့
ကိန်းဂဏန်းတွေနဲ့ တင်ပြတာကို ဗြိတိန် ပါလီမန်က လက်ခံတာဟာလည်း အထူး
ဝမ်းနည်းစရာ ကောင်းတယ်လို့ သူက ဆိုပါတယ်။
အခုအရေးအခင်းမှာ ဘင်္ဂလီ ရိုဟင်ဂျာဆိုသူတွေဘဲ သေသေ၊
ရခိုင်တိုင်းရင်းသားတွေဘဲ သေသေ  အကုန်လုံးဟာ လူသားတွေ ဖြစ်ကြတဲ့ အတွက်
ဒီလို သေကြေ ပျက်စီးမူကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီက
မလိုလားဘူးလို့ ဘီဘီစီ (မြန်မာပိုင်း)နဲ့ အင်တာဗျူးမှာ ဦးဦးလှစောက
ပြောပါတယ်။
အခု ဖြစ်တဲ့ ရခိုင်ပြည်နယ် အကြမ်းဖက် ဆူပူမူမှာ ရိုဟင်ဂျာ ဘင်္ဂလီ လူမျိုး
 တစ်ခုတည်းသာ သေဆုံး ဒုက္ခရောက်ကြတာ မဟုတ်ဘဲ ရခိုင်တိုင်းရင်းသားတွေလည်း
သေဆုံး ဒုက္ခရောက်ခဲ့ကြပါတယ်။ ဒီလို ရခိုင် တိုင်းရင်းသားတွေ သေဆုံး
ဒုက္ခရောက်ခဲ့ကြတာကို တခွန်းတပါဒမှ မပြောဘဲ ဗြိတိန်ပါလီမန်မှာ တဖက်သတ်
လိမ်လည် ပြောဆိုတာကတော့ ကိုယ်ချင်းစာမဲ့ရာ ရောက်ပြီး အထူး ၀မ်းနည်း စရာဘဲ
ဖြစ်ပါတယ်။
အခုလို ဦးထွန်းခင်နဲ့ အပေါင်းအပါ တစ်စုရဲ့ လိမ်လည်တာကို ကမ္ဘာက သိအောင်
 ထပ်ဆင့် ဖြန့်ဝေ ပေးတာကတော့ Burma Campaign UK ဖြစ်ပါတယ်။ သူတို့
ဖြန့်ဝေတဲ့ စာကို အောက်မှာ ပူးတွဲ ဖေါ်ပြအပ်ပါတယ်။
BROUK ADDRESSES BRITISH PARLIAMENT ON ARAKAN CRISIS
The President of the Burmese Rohingya Organisation UK (BROUK), Tun
Khin together with Benedict Rogers (East Asia Team Leader, Christian
Solidarity Worldwide) and Chris Lewa (Co-co-ordinator for Arakan
Project) presented evidence of the persecution of Rohingyas in Arakan
State at a meeting in the British Parliament today. The meeting was
chaired by Baroness Kinnock, Chair of the All Party Parliamentary Group
for Democracy in Burma, and focused on the current crisis in Arakan
State, Burma.
Tun Khin told the parliamentary meeting that the current crisis was
well planned and organized by hardliners within the regime, who do not
want to see reforms in Burma, and the Rakhine National Development Party
 (RNDP). In recent months, there have been an increasing number of
anti-Rohingya activities, including seminars in Rangoon and in Arakan
State organized by RNDP, and anti-Rohingya demonstrations.
According to Tun Khin, at least 650 Rohingyas have been killed by
Rakhine and government forces, and at least 1200 are missing. More than
80,000 Rohingyas are displaced, 22 villages have been burned down and 14
 mosques destroyed. Bangladesh has refused entry to Rohingyas trying to
flee the violence, and has pushed back at least 16 boats from Sittwe.
The curfew imposed by President Thein Sein has only been applied to
Rohingyas and not Rakhine..During curfew time Rohingyas stayed in their
homes, while Rakhine and government authorities burned down Rohingya
villages and looted Rohingya shops in Sittwe and Maungdaw.
Tun Khin said: “We really need UN observers in Arakan State. Even
though the riot was stopped some Rohingya houses are still being burned
down by Rakhines, and in the last few days Rakhine police officers and
Paramilitary Forces joined together and have been arresting Rohingya
men, looting and raping Rohingya girls. We urge the British government
to put effective pressure on the Burmese regime to stop the killings and
 violence against the Muslim Rohingyas in Arakan and to restore peace
and security in the region, to allow the international community and
NGOs to provide immediate humanitarian assistance to all the victims
regardless of race or religion. We call for pressure on the regime to
ensure that displaced Rohingya people can return to their original
villages safely and freely. We call on the international community to
urge the Bangladesh government to keep its border open to Rohingyas
fleeing persecution and violence in Arakan. We also urge the Burmese
government to restore our citizenship and ethnic rights, to stop
anti-Muslim activities and racism in burma. There should be laws on
racism if the regime want to see durable peace in Burma. There is a
solution if the regime is willing to negotiate between the two
communities.”
For more information, please contact Tun Khin Tel; +447888714866
 http://www.narinjara.com/burmese/?p=998
 တနေ့ကတောင် အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနပြောခွင့်ရသူ  Ms Nuland က Rohingya State လို့သုံးနူန်းတာတွေ့လိုက်တယ်။ သူတို့လုပ်ရပ်တွေက ထိရောက်မူ့ရှိတယ်ဗျ။ ပိုက်ဆံတွေလိုသလောက်သုံးစွဲနိုင်ခဲ့လို့ဘဲ ဒီလိုအောင်မြင်မူ့တွေရတာပေါ့။ ဒီဗွီဘီ၊ဘီဘီစီ ဧရာဝတီတို့လို မြန်မာနိုင်ငံသားပုံရိပ်ရှိတဲ့အတိုက်အခံမီဒီယာတွေ စစ်အာဏာရှင်စံနစ်ဆန့်ကျင်ရေးတစိတ်တပိုင်းအဖြစ် ရိုဟင်ဂျာတွေကို စစ်အစိုးရကိုတိုက်ခိုက်ဖို့အတွက်အသုံးချခဲ့ရာကနေ အမေရိကန်၊ အီးယူ၊ ယူအန်အပါအဝင် နိုင်ငံတကာ အန်ဂျီအိုတွေ၊ အလူုရှင်တွေကပါ သနားကရုဏာသက်သွားလို့ ခုအခြေအနေအထိဖြစ်သွားရတာပါ။ ငွေပေးလို့ရနိုင်တဲ့ဟာတွေရှိသလို တပြားမှမကုန်ဘဲနဲ့ အလကားကြော်ငြာပေးခဲ့ကြလို့ ရိုဟင်ဂျာတွေအမြတ်ထွက်သွားကြတယ်။
သိပ်မကြာခင်မှာ မြန်မာအစိုးရက ဒီဖြစ်ရပ်တွေကိုဖွင့်ချတော့မယ်လို့မျှော်လင့်ရပါတယ်။ ကေ့စ်တခုတည်ဆောက်ဖို့အတွက် အချိန်လိုပါတယ်။ လောလောဆယ်တော့ အဖမ်းအဆီးတွေရှိနေတယ်။ အဓိကဇတ်လိုက်တွေဖြစ်နိုင်တဲ့ UNHCR တာဝန်ခံတွေ၊ အဲဒီဝန်ထမ်းတွေNGO အဖွဲ့တွေရဲ့ခေါ်တောဝန်ထမ်းတွေ၊ UNO, RSO,အယ်လကိုင်းဒါးနဲ့ဆက်စပ်မူ့တွေ၊ လက်နက်သိမ်းဆည်းမူ့တွေအပါအဝင် ဘူးသီးတောင်၊ မောင်တောဒေသကို မူဆလင်ပိုင်နက်နယ်မြေ့ပုလုပ်ချင်တဲ့ရည်ရွယ်ချက်တွေလဲပါနိုင်ပါတယ်။မိုးရွာတာကိုကျေးဇူးတင်ရမယ်၊ ခုပြသနာအေးသွားတာ မိုးရွာတာကပိုအဓိကကျပါတယ်။ တနေ့ကတောင် မောင်တောမှာ ရဲတယောက် သေနတ်အလုခံရသေးတယ်။ ဘယ်လောက်အတင့်ရဲသလဲ။ မြေပုံမှာလဲ သောက်သုံးရေကန်ကိုအဆိပ်ခပ်တယ်လို့ အလဲဗန်းသတင်းတက်လာတယ်။လောလောဆယ် ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီတင်ပြထားတဲ့ တတိယနိုင်ငံအစီအစဉ်ကိုစိတ်ဝင်စားပါတယ်။ သူတို့ကို အမေရိကန်ကလက်ခံမလား၊ အော်ဇီလား၊ မလေးရှားမှာရှိတဲ့ ရိုဟင်ဂျာနာမည်ခံဘင်္ဂလီတွေကိုတော အမေရိကန်က လက်ခံနေတယ်လို့ကြားရတယ်။ ရခိုင်ဘက်က ဘကုန်းတွေကိုလဲ အမေရိကကိုပို့လိုက်ပါ။ အဲဒီချိန်ကျမှ အမေရိကမှာRohingya State ပေးလိုက်ကြပေါ့။
Myanamar cupid mamber
The main ploblem is they are looking for own state ,own land..to
separate new state from rakhine state .there are one million bingali
 porpulation in there.other step they asking for ethnics (native)group
not even citizen. There are a lot of muslim live in other parts of
burma.We don't have any ploblem with religious.If they come to your
country ,will you give them own land?
by Yeyint Nge on Saturday, June 30, 2012 at
11:30pm ·
ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန် လူထု အံ့မခန်း ကြိုဆို
Saturday, June 30, 2012
အိမ့်သံစဉ်
မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၇ ရက်ကြာ ဥရောပ ခရီးစဉ် သွားရောက်ခဲ့ပြီး အပြန် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ နေအိမ် အထိ လမ်းတလျှောက် မြန်မာနိုင်ငံသူ နိုင်ငံ သားများ က သောင်းသောင်းဖျဖျ ကြိုဆိုရေး မြင်ကွင်း တချို့ပါ။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  မြန်မာကို ကမ္ဘာက သိအောင် လုပ်ပြနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတဦး ပီပီ အထူးသဖြင့် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီး တယောက်ပီပီ ကမ္ဘာမှာ ပြိုင်စံရှားလောက်အောင် နိုင်ငံရေး သဘောတရားအမြင်တွေနဲ့  အတွေးအခေါ် ဒဿနာပိုင်းဆိုင်ရာတွေကို ချပြနိုင်ခဲ့တာတွေဟာ နိုင်ငံ တကာ ခေါင်းဆောင်တွေ လက်ဖျားခါရ လောက်အောင် စံတင်နိုင်ခဲ့ပါတယ်။
ဒါကြောင့်လည်း နိုင်ငံတကာ ခေါင်းဆောင်တွေက လက်ခုပ်လက်ဝါးတီးကာ အသိအမှတ်ပြု ဂုဏ်ပြုခဲ့ကြတာပါ။
တိုင်းပြည်ရဲ့ တကယ့် သံကောင်း တမန်ကောင်း အဖြစ် ကမ္ဘာ့အလယ် တင့်တယ်စေခဲ့ပြီး မြန်မာ့ဂုဏ်ကို မြင့်မြင့် မားမား ဆောင်နိုင် ခဲ့တာကြောင့် အိမ်အပြန်လမ်း စောင့်ကြိုသူများက အနီရောင် ၀တ်စုံဝတ်သူက ၀တ်၊ အရောင် အသွေး စုံစုံလင်လင်နဲ့ NLD အလံတွေကတော့ လှုပ်ရမ်းပြီး စည်ကားနွေးထွေးစွာ ကြိုဆိုနေကြ တာပါ။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေနဲ့ပါတီဝင်တွေ၊ အနုပညာအသိုင်းအ၀ိုင်းနဲ့ နယ်ပယ် အသီးသီး အလွှာ အသီးသီးက လူငယ်၊ လူကြီး၊ လူလတ် ပေါင်းစုံတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြတာပါ။
photo  အွန်လိုင်းမှ ပုံများဖြစ်ပါတယ်(ခွင့်ပြုပါလို့ ..မေတ္တာရပ်ခံအပ်ပါတယ်)