Sunday, July 1, 2012

အညတရသူရဲကောင်းဆုရှင် ရခိုင်ဒုက္ခသည်များအတွက် ငွေလှူဒါန်း































အညတရသူရဲကောင်းဆုရှင် ရခိုင်ဒုက္ခသည်များအတွက် ငွေလှူဒါန်း

မိတ်ဆွေများအားလုံးခင်ဗျာ

တတိယအကြိမ်မြောက် အညတရသူရဲကောင်းဆုရှင်
ကိုလက်ျာထွန်းက သူရရှိထားသော ဆုငွေ ကျပ် (၁၀) သိန်းထဲမှ
ကျပ် (၄) သိန်း တိတိအား ရခိုင်ပြည်နယ်က ဘေးဒုက္ခကြုံတွေ့နေကြရရှာသော
ဒုက္ခသည်များအတွက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကတဆင့်
ပြန်လည်လှူဒါန်းခဲ့ပါတယ်။ (RFA ပါ သတင်းအား အောက်ပါ တွင် link တွင် ကြည့်ရှုပါရန်)
http://www.rfa.org/burmese/news/nonentity-hero-donation-06272012123413.html

ကိုလက်ျာထွန်းဟာ လက်ရှိ သာယာဝတီထောင်မှာ ဆက်လက်အကျဉ်းချ ခံနေရဆဲပင်
ဖြစ်ပါတယ်။ မိခင်ဖြစ်သူမှာလည်း ဘီးတပ်ကုလားထိုင်ဖြင့် သွားလာလှုပ်ရှားနေရပြီး
၎င်းရရှိခဲ့သည့် အညတရသူရဲကောင်းဆုအား အမဖြစ်သူတဦးမှ ကိုယ်စားလက်ခံရယူခဲ့သည်ဟု
သိရှိရပါသည်။

အလားတူစွာပင် လက်ရှိ မြင်းခြံထောင်တွင် အကျဉ်းချခံနေရဆဲဖြစ်သော အညတရသူရဲကောင်းဆုရှင်
ဒေါက်တာကျော်ကျော်မှလည်း ၎င်း၏ ဆုငွေထဲမှ ကျပ် (၂) သိန်းအား ဇနီးဖြစ်သူမှတဆင့်
နိုင်ငံရေးအကျဉ်းသားများအား ကူညီထောက်ပံ့ပေးနေသော ဦးဝင်းတင် ဖောင်ဒေးရှင်းသို့
ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။

တတိယအကြိမ်မြောက် အညတရသူရဲကောင်းဆုရှင် (၅) ဦးတွင် ကိုကပ်ခန်ခွာအန်ထော်နီ နှင့် မလှလှမော်တို့
နှစ်ဦးသာ ပြန်လည်လွတ်မြောက်ပြီး ဖြစ်သော်လည်း ဆရာတော်ဦးခေမာစာရ (လက်ရှိ အင်းစိန်ထောင်)၊
ဒေါက်တာကျော်ကျော်နှင့် ကိုလက်ျာထွန်းတို့ (၃) ဦးမှာ လက်ရှိထောင်ထဲတွင် အကျဉ်းချခံနေရဆဲပင်
ဖြစ်ပါသည်။

အညတရသူရဲကောင်းဆု ကော်မတီအနေဖြင့် ပထမအကြိမ်အဖြစ် (၃) ဦး ။ (၁၇.၄.၂၀၁၁) မြန်မာနှစ်ဆန်း (၁) ရက်နေ့။
ဒုတိယအကြိမ်အဖြစ် (၄) ဦး။ (၂၀. ၁၁. ၂၀၁၁) အမျိုးသားအောင်ပွဲနေ့။
တတိယအကြိမ်အဖြစ် (၅) ဦး။ (၁၉.၆.၂၀၁၂) ဒေါ်အောင်ဆန်းစုကြည်မွေးနေ.- မြန်မာအမျိုးသမီးများနေ့။
၁ နှစ်ခွဲ ကာလအတွင်း စုစုပေါင်း အညတရသူရဲကောင်း (၁၂) ဦးအား ဆုချီးမြှင့်ကာ ဦးညွတ်ဂုဏ်ပြုနိုင်ခဲ့ပြီ
ဖြစ်ပါသည်။

ဆက်လက်ပြီး အမိမြေမှ သူရဲကောင်းများအား ဖော်ထုတ်ဂုဏ်ပြုသွားမည် ဖြစ်ပါကြောင်းနှင့်
စတုတ္ထအကြိမ်အတွက် စတင်၍ ပြင်ဆင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း
အသိပေးလိုက်ရပါတယ်ခင်ဗျာ။

လေးစားစွာဖြင့်
မင်းထက်ဇော်
အဖွဲ့ဝင်
အညတရသူရဲကောင်းဆုကော်မတီ
၂၀၁၂ ခုနှစ်၊ ဇွန်လ (၂၈) ရက်။
81-090 3682 2028

No comments:

Post a Comment