ကိုကျော်သူ
Sunday, July 22, 2012
စင်ကာပူနိုင်ငံသို့ ဗြဟ္မစိုရ်ခြေလှမ်းတစ်လှမ်း
ကိုကျော်သူ
အပေါင်းလက္ခဏာတွေ အများကြီးတွေ့ပါတယ်
အပိုင်း (၁)
ဆောင်းပါး.. စပယ်ဖြူ
by Sabai Phyu on Sunday, June 24, 2012 at 5:10pm ·
မေး။
။ ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့
ပြည်သူ့လွှတ်တော် ဥက္ကဌ အပါအ၀င် လွှတ် တော် ရေးရာ ဥက္ကဌ တွေ နဲ့
ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဘာတွေ အဓိကထား ဆွေးနွေးဖြစ်ခဲ့ကြပါလဲ။
ကိုမင်းကိုနိုင်။ ။ အဓိကကတော့ဗျာ သူတို့ လွှတ်တော်ဆိုတာက ဥပဒေပြုတဲ့ကိစ္စက မူလတာဝန်ခံပဲ။ တခုတော့ ရှိတယ်ဗျ။ နိုင်ငံမှာတော့ အာဏာ အမြင့်ဆုံးနေရာပဲ။ အုပ်ချုပ်ရေးဆိုတဲ့ သမ္မတကိုတောင်မှ လွှတ်တော်ကနေ ရွေးရတာကိုးဗျ။ ဒီတော့ အစိုးရအဖွဲ့ပြီးသွားရင် လွှတ်တော်ရဲ့ကိစ္စက ပြည်သူတွေကို အကာအကွယ် အစောင့်အရှောက် ပေးနိုင်မယ့် ဥပဒေတွေ ပြ ဌာန်း ဖို့ရယ်၊ ပြည်သူတွေအတွက် မလိုဘဲ ၀န်ထုပ်ဝန်ပိုးဖြစ်နေတဲ့၊ ဖိနှိပ်ချုပ်ချယ်နေတဲ့ ဥပဒေဆိုးတွေကို အကုန်ဖျက်သိမ်းဖို့ရယ်၊ ဒီ ၂ ခုပါပဲ။ အဲဒီ ၂ ခုကိုပဲ ကျနော်တို့ဆွေးနွေးကြတာ။ ကျနော်တို့ ဆွေးနွေးမှုတွေက အဲဒီအထဲက ပြေး မလွတ်ပါဘူး။
မေး။ ။ ဘာကြောင့် ဆွေးနွေးခဲ့တယ်ဆိုတာနဲ့ ဆွေးနွေးမှုအပေါ် ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ အမြင်လည်း သိပါရစေ။
ဖြေ။ ။ ကျနော်တို့ လိုရင်းပြောရင်တော့ အပေါင်းလက္ခဏာတွေ အများကြီးတွေ့ပါတယ်။ သူတို့အနေနဲ့ အရပ်ဘက်ကိုပြောင်း လဲ လာပြီးတော့ အရပ်သားများအနေနဲ့ ကြိုးစားကြတယ် ဆိုတဲ့နေရာမှာ အရင်က ခေါက်ရိုးကျိုးနေတဲ့ အမိန့်နာခံမှုနဲ့ ခိုင်းမှ လုပ်မယ်ဆိုတဲ့လူတွေ အဲဒီပုဂ္ဂိုလ်တွေ ယနေ့အထိ ရှိတယ်၊ ကျန်နေတယ်ဆိုတာလည်း နားလည်ကြပါတယ်။ အဓိကကတော့ ဦးဆောင်ဦးရွက်ပြုတဲ့ လွှတ်တော်ထဲမှာ တာဝန်ထမ်းဆောင်ကြတဲ့လူတွေဟာ တကယ်ပြုပြင် ပြောင်းလဲချင်တဲ့ စိတ်ဆန္ဒရှိနေ ဖို့ပဲ။ ကျနော်မြင်တာကတော့ မနေ့က ကျနော်တို့တွေ့ခဲ့တဲ့အပေါ်မှာတော့ သူတို့ပြုပြင်ပြောင်းလဲရေးလုပ်ချင်စိတ် တကယ်ရှိပြီး ကြိုးစားနေတယ်လို့တော့ ယူဆလို့ ရတယ်။ ကျနော်တို့ ကိုယ်တိုင်ကလည်း ပြောထားပြီးသား ရှိတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်မယ့် ပုဂ္ဂိုလ်မှန်ရင် ဘယ်အင်အားစုနဲ့မဆို ကျနော်တို့ လက်တွဲမယ်ဆိုတာ၊ အဲဒါကြောင့် ကျနော်တို့မနေ့က တွေ့ဆုံဖြစ်ကြတာပါ။
မေး။ ။ အခုလို ပြည်သူ့လွှတ်တော် ဥက္ကဌ အပါအ၀င် လွှတ်တော်ရေးရာ ဥက္ကဌ တွေနဲ့ ဆွေးနွေးတယ် ဆိုတော့ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ၀င်ဖို့ ၈၈ မျိုးဆက်ကျောင်းသားတွေမှာ အစီအစဉ် ရှိလား။
ဖြေ။ ။ ကျနော်တို့က ရွေးကောက်ပွဲတခုတည်းကိုပဲ အာရုံစိုက်နေတဲ့လူတွေတော့ မဟုတ်ဘူးဗျ။ တဘက်ကနေပြီးတော့ နိုင်ငံ တကာမှာ ပြန်ကြည့်တဲ့အခါ ရွေးကောက်ပွဲ ၀င်ရင် ဘာလုပ်မလဲ။ ရွေးကောက်ပွဲ ၀င်ပြီးလို့ နိုင်မယ် ဆိုပါတော့၊ ပြီးတော့ ရော ရွေးကောက်ပွဲ နိုင်လို့ အလုပ်ဖြစ်ရဲ့လားဆိုတာ ဇင်ဘာဗွေ နိုင်ငံ လိုမျိုး ပြန်ကြည့်လိုက်ပါဗျာ။ အဲဒါဆိုရင် သုံးသပ်လို့ရပါတယ်။ ကျနော်တို့ ၁၉၉၀ ကို ပြန်ကြည့်ဗျာ။ အဲဒီတော့ တကယ်တမ်းက Instituion ခေါ်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ မခိုင်မာဘဲနဲ့ အားမကောင်းဘဲနဲ့ ဒီမိုကရေစီကို ရွေးကောက်ပွဲ နည်းလမ်းတခုတည်းနဲ့ ကူးပြောင်းတဲ့ အစဉ်အလာကို ကျနော် တို့က မစဉ်းစားဘူး။ ရွေးကောက်ပွဲဆိုတာက အတော်များများစဉ်းစားကြပြီး အဲဒါကို အာရုံစိုက်ကြတာများပါတယ်။ ကျနော် တို့ကတော့ ရွေးကောက်ပွဲက ရတဲ့ ရလဒ်ကို ပြန်ဖော်ဖို့အတွက် အရပ်ဘက် လူ့အဖွဲ့အစည်း အားကောင်းနေဖို့၊ အရပ်သား တွေ၊ ဒီမိုကရက်တစ်တွေ အားကောင်းနေဖို့ ကျနော်တို့ ပိုပြီး အာရုံ စိုက်တယ်။ http://burma.irrawaddy.org/archives/13731

အခုတလော ရေပန်းစားတဲ့တေးစီးရီးသစ်...
အခုတလော ရေပန်းစားတဲ့တေးစီးရီးသစ်.. .တဲ့
မိတယ် မိုက်တယ် ခိုက်တယ် ကြိုက်တယ်
ခစ်ခစ်ခစ် ...
ဒီလိုမျိုး ရေးတာ ထိတယ်..ဒါမျိုး အတို့ အထိ လေးနဲ့  ပလို့ ဂျိ မခံ ရအောင် ရေးတာ ကောင်းပါတယ်..။
Myanmar.Jokes
မိတယ် မိုက်တယ် ခိုက်တယ် ကြိုက်တယ်
ခစ်ခစ်ခစ် ...
ဒီလိုမျိုး ရေးတာ ထိတယ်..ဒါမျိုး အတို့ အထိ လေးနဲ့  ပလို့ ဂျိ မခံ ရအောင် ရေးတာ ကောင်းပါတယ်..။
Myanmar.Jokes
★ ၂၄ နှစ်မြောက် ၈ လေးလုံးအခမ်းအနားဖိတ်ကြားလွှာ- နယူးယောက်မြို့။ ★
၁၉၈၈ ဒီမိုကရေစီပြည့်သူ အရေးတော်ပုံကြီးသည် လာမည့် သြဂုတ်လ ၈ ရက်နေ့တွင် ၂၄ နှစ်ပြည့်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွ
နိုင်ငံရေးအကျဉ်းသားအချို့က
၂၄ နှစ်မြောက် ၈ လေးလုံးအခမ်းအနားကို မိဘပြည်သူများအနေဖြင့်အောက်
အချိန် - နေ့လည် ၂း၃၀ နာရီ မှ ၄း၃၀ အထိ
နေ့ရက် - သြဂုတ် ၅ ရက် ၂၀၁၂ ခုနှစ်။ (တနင်္ဂနွေ)
နေရာ - prject reach , 39 Eldridge St. 4th Floor , NY1002
ဆက်သွယ်ရန်
စန္ဒီ - ၉၁၇-၄၄၅-၉၂၂၂
ရွှေဝါ - ၃၄၇-၂၂၉-၄၃၀၉
နေတင့်မြင် - ၃၄၇-၉၄၄-၇၃၄၁
အောင်ခန့် - ၅၁၆-၈၀၈-၁၅၁၅
Ko Myoe
NLD လွှတ်တော်အမတ်များအား အင်ဒိုနီးရှားတက္ကသိုလ်မှ လာရောက်သင်တန်းပေး
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်အမတ်များ၊ လူငယ်များ၊
အမျိုးသမီးအဖွဲ့ဝင်များ၊ ပြန်ကြားရေးအဖွဲ့ဝင်များကို
အင်ဒိုနီးရှားတက္ကသိုလ်တခုဖြစ်သည့် Government Department of
Diponegoro Universityမှ ပရော်ဖက်ဆာက ဒီမိုကရေစီကောင်းမွန်သော
အုပ်ချုပ်မှုနှင့် နိုင်ငံရေးပါတီများ မြှင့်တင်ရေးအတွက်
လာရောက်ဆွေးနွေးသင်ကြားခဲ့ပါသည်။ ဒီမိုကရေစီကောင်းမွန်သော
အုပ်ချုပ်မှုနှင့် နိုင်ငံရေးပါတီများ မြှင့်တင်ရေးသင်တန်းကို ရန်ကုန်မြို့
တော်ဝင်နှင်းဆီ ခန်းမတွင် ၂၀၁၂ခုနှစ် ဇွန်လ ၁ရက်နေ့မှ ဇွန်လ ၆ ရက်နေ့အထိ
ပြုလုပ်သွားမည်ဖြစ်ပြီး တက်ရောက်သူ စုစုပေါင်း အယောက် ၄၀ ခန့် ရှိသည်ဟု
သိရပါသည်။
Burma VJ
ဆရာတော် အရှင်"ဝီရသူ သဘောထား ၇/၇၄"နှင့် မိုးမခမီဒီယာ ရပ်တည်ချက်..
အရှင်ဝီရသူ၊ ဇူလိုင် ၂၁၊ ၂၀၁၂
၁၃၇၄-ခု ဒုတိယဝါဆိုလဆန်း(၇) ၂၀-၇-၂၀၁၂-သောကြာနေ့
မောင်တောမြို့နယ်မှ စတင်ဖြစ်ပွားခဲ့သော ရခိုင်အရေးခင်းနှင့် ပတ်သက်၍
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ.အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထားအမှန်ကို ထုတ်ပြန်ကြေညာ
အပ်ပါ သည်။
(က) ၈-၆-၂၀၁၂-ရက်နေ့မှ စ၍ ရခိုင်ပြည်နယ်၊
မောင်တောမြို့တွင် တစ်ပြိုင်တည်း ဖြစ်ပွားခဲ့သော အရေးခင်းသည် ရခိုင်ကုလား
အဓိကရုဏ်းလည်း မဟုတ်ပါ။ ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်တို့
အကြားဖြစ်ပွားသော ဘာသာရေးပဋိပက္ခ လည်း မဟုတ်ပါ။ အမှန်အားဖြင့် အစွန်းရောက်
အစ္စလာမ်ဘာသာဝင် စစ်သွေးကြွများ ယုံကြည်လက်ခံထားသည့် ဂျီဟတ်စစ်ပွဲသာ
ဖြစ်ပါသည်။
(ခ) ၃-၆-၂၀၁၂-မှ ၈-၆-၂၀၁၂-အထိ
ရက်ပိုင်းအတွင်းသာကြာလိုက်သော တောင်ကုတ်အရေးအခင်းကို အကြောင်းပြု၍ မောတော၊
စစ်တွေ၊ ရသေ့တောင်မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော အရေးခင်းကို လူမျိုးရေး
အဓိကရုဏ်းဟု ဆိုဖွယ်ရှိသော်လည်း အကြမ်းဖက် ဘင်္ဂါလီကုလားများသည်
ဟိန္ဒူလူမျိုးစုတို့၏ အသက်အိုးအိမ် စည်းစိမ်ကိုပါ ပြောင်ပြောင်တင်းတင်း
ပစ်မှတ်ထား၍ ကျူးကျော်တိုက်ခိုက်ကြသည်ကို တွေ့ရသောကြောင့် ရခိုင်-ကုလား
လူမျိုးရေးအဓိကရုဏ်းမဟုတ်ဟု ဆိုခြင်းဖြစ်ပါသည်။ မှန်ပါသည်။
ဘင်္ဂါလီကုလားများကို ကာယကံ ဝစီကံတို့ဖြင့် မည်သို့မျှ စော်ကားပြစ်မှားခြင်း
မရှိခဲ့သော ဟိန္ဒူလူမျိုးများကိုပါ ပစ်မှတ်ထား၍ တိုက်ခိုက်ခြင်းကြောင့်
ရခိုင်-ကုလား လူမျိုးရေးအဓိကရုဏ်း မဟုတ်မှန်းသိသာ ထင်ရှားပေသည်။
(ဂ) အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် သောင်းကျန်းသူ ဘင်္ဂါလီကုလားများသည်
ဗုဒ္ဓရုပ်ပွားတော်၏ မျက်နှာတော်ကို ကျဆုံးသူ ရခိုင်သွေးဖြင့်
သုတ်လိမ်းသွားခြင်း၊ ကျောက်ဆင်းတုများ၏ ဦးခေါင်းတော်ကို
ဖြတ်တောက်သွားခြင်း၊ ကြေးဆင်းတုတော်များကို မီးတိုက်ခြင်း၊ နားရွက်တော်ကို
ဓားဖြင့်ခုတ်ဖြတ်ခြင်း၊ ဘုန်းတော်ကြီးများကို သတ်ဖြတ်ခြင်း၊
ဘုန်းတော်ကြီးကျောင်းများကို မီးရှို့ခြင်းစသည့် အဓမ္မလုပ်ရပ်များကို
ကြည့်လျှင် ဘာသာရေးပဋိပက္ခဟု ထင်ရဖွယ်ရှိသော်လည်း
အကြမ်းဖက်ဘင်္ဂါလီကုလားများသည် နစက ရုံးများ၊ စာသင်ကျောင်းများ၊
ဆေးရုံဆေးခန်းများကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ရဲစခန်းဝင်စီး၍
လက်နက်လုခြင်း၊ ပြည်ပမှလက်နက်များ စုဆောင်းထားခြင်းများ
ပြုလုပ်လာကြသောကြောင့် ဘာသာရေးပဋိပက္ခ မဟုတ်ဟု ဆိုခြင်းဖြစ်ပါသည်။
(ဃ) အမှန်အားဖြင့် ရခိုင်အရေးခင်းသည် မောင်တော၊ ဘူးသီးတောင်၊
စစ်တွေမြို့တို့ကို အပိုင်ကြံသော ရခိုင်ပြည်သိမ်းတိုက်ပွဲ (သို့မဟုတ်)
အစ္စလာမ်မစ်စတိတ် ထူထောင်လိုသော ဂျီဟတ်ဝါဒီ ဘင်္ဂါလီအကြမ်းဖက် စစ်သွေးကြွများ
ဆင်နွှဲသည့် ဂျီဟတ်စစ်ပွဲသာ ဖြစ်ပါသည်။
ဂျီးဟတ်စစ်ပွဲဖြစ်ကြောင်း
ရခိုင်ပြည်သူများ သိမ်းဆည်းရမိသော အချက်အလက်များ၊ ဘင်္ဂါလီကုလားများ၏
မျှော်စင်ဗလီပေါ်မှ အသံချဲ့စက်ဖြင့် ပြိုင်တူအမိန့်ပေးသော စကားများ၊
မော်လဝီဆိုသူ ခေါင်းဆောင်များ၏ ပြောစကားများ၊ ထောင်သောင်းချီ၍ ချီတက်လာသော
ကုလားအုပ်ကြီး၏ တပ်လှန့်ကြွေးကြော်သံများကို ကြည့်က သိနိုင်ပါသည်။
ထို့ကြောင့် ရခိုင်အရေးခင်းသည် အများပြည်သူများ ထင်ထားသလို
လူမျိုးရေးအဓိကရုဏ်းလည်း မဟုတ်ပါ။ ဘာသာရေးပဋိပက္ခလည်းမဟုတ်ပါ။
အစ္စလာမ်မစ်စတိတ်ထူထောင်ချင်သော စစ်သွေးကြွ အကြမ်းဖက်ဘင်္ဂါလီကုလားများ၏
ဂျီဟတ်စစ်ပွဲသာ ဖြစ်သည်ဟု ဆိုခဲ့ခြင်းဖြစ်ပါသည်။
(င)
ရခိုင်အရေးခင်း၌ အဓိကတာဝန်ရှိသော နစကကွပ်ကဲရေးမှူး
ဗိုလ်မှူးကြီးအောင်ကြီးနှင့် တပ်ဖွဲ့ဝင်တို့၏ ပေါ့လျော့မှု၊ ညံ့ဖျင်းမှု၊
သစ္စာဖောက်မှုတို့ကြောင့် ရခိုင်ပြည်သူများသည် သွေးဆာနေသော
လူရမ်းကားအကြမ်းဖက်သမားများ၏ ဒဏ်ကို ခါးစီးခံခဲ့ရခြင်းဖြစ်ပါသည်။
ထို့ကြောင့် ရခိုင်ပြည်နယ်အတွက်သာ မဟုတ်ဘဲ မြန်မာတစ်ပြည်လုံးအတွက်ပါ
အရေးပါသော ရခိုင်ခံတပ်ခေါ် ပြည်ထောင်စု တံခါးကြီးလုံခြုံရေးအတွက်
မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် အပြည်အဝရှိသော ဝန်ထမ်းကောင်းများ
ကိုသာ ရွေးချယ်ခန့်ထားဖို့ လိုကြောင်းနှင့် ရခိုင်ပြည်လုံခြုံရေး၊
အမျိုးသားလုံခြုံရေး၊ တိုင်းရင်းသားနှင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်
စည်းစိမ်တို့ လုံခြုံရေးအတွက် စိတ်ချယုံကြည်လောက်သော အစီအမံကောင်းများ
စီစဉ်ပေးဖို့ လိုအပ်ပါသည်။
(စ) ဒုက္ခသည် စခန်းများ၌
မီးလောင်အဖျက်ဆီးခံရသော ရခိုင်ပြည်သူများ၊ အထူးသဖြင့် သေဆုံးသွားသူတို့၏
မိသားစုများ စိတ်ဓာတ်ခွန်အား ပြည့်ဝစေဖို့ စိတ်ဓာတ်မြှင့်တင်ပေးရန်
အထူးလိုအပ်လှပါသည်။
(ဆ) ရခိုင်ပြည်သူများတွင် ကုလားမရှိသော
မြို့ရွာများမှာသာ နေလိုကြသူများ၊ လုံခြုံရေးအပြည့်အဝပေးလျှင်
ရွာပြန်နေမည်၊ အားကိုးရလောက်သည့် လုံခြုံရေး မပေးနိုင်လျှင်
လုံးဝပြန်မနေလိုကြသူများ၊ မိဘများခေါင်းချသွားရာ အရပ်မှာပဲ သေချင်သေပါစေ
ပြန်နေပါမည် ဆိုသူများရှိရာ အစိုးရအနေဖြင့် တိုင်းရင်းသားစစ်
ရင်သွေးစစ်များ၏ ဆန္ဒကို မိခင်စိတ်အပြည့်အဝထား၍
ဖြည့်ဆည်းပေးဖို့လိုအပ်ပါသည်။
(ဇ) ကုလားရွာများကြားတွင်
ပိတ်မိနေသော ရခိုင်ရွာများ၊ နတလရွာများတွင် ပြည်သူများသည်
အပြင်လည်းအထွက်ရဲ၊ မြို့လည်းမတက်ရဲဘဲ ရိက္ခာပြတ်လပ်နေသော ဒုက္ခသည်
စာရင်းမဝင်သော ဒုက္ခသည်များ ဖြစ်နေကြပါသည်။ အစိုးရ၏ အထောက်ပံ့ကိုလည်း မရ၊
NGO-တို့၏ အထောက်ပံ့ကိုလည်း မရ၊ မည်သည့်အထောက်ပံ့ကိုမျှ မရလျှင်
ရေရှည်ရပ်တည်ဖို့ ခဲယဉ်းနေသော ထိုကျေးရွာများအတွက် ထည့်၍စဉ်းစား
စီစဉ်ပေးဖို့ လိုပါသည်။
(ဈ) ဟိန္ဒူလူမျိုးများသည်
ဘင်္ဂါလီမူဆလင်ကုလားတို့၏ ပစ်မှတ်ထားတိုက်ခိုက်မှုကိုလည်း ခံရ၊
တိုင်းရင်းသားမဟုတ်၍ ပစ်ပယ်မှုကိုလည်း ခံနေရပါသည်။ အချို့ဟန္ဒူလူမျိုးများမှာ
မူဆလင်ကုလားများနှင့် ရောကာရွှေ့ပြောင်းခံရသည်ကို တွေ့ရပါသည်။
နွားကိုးကွယ်သူနှင့် နွားသတ်သူတို့ကို အတူယှဉ်တွဲထားပါက အင်းအားနည်းသည့်
ဟိန္ဒူလူမျိုးတို့သာ အနိုင်ကျင့်ခံရမည် ဖြစ်ပါသည်။
ထို့ကြောင့်
ကုလားများနှင့် ရောပါသွားသော ဟိန္ဒူလူမျိုးများကို အမြန်ဆုံးခေါ်ထုတ်ဖို့
လိုအပ်ကြောင်းနှင့် ဟိန္ဒူလူမျိုးတို့၏ ဒုက္ခကို တိုင်းရင်းသားတို့၏
ဒုက္ခလိုသဘောထားပြီး အလျင်အမြန် ကယ်တင်ဖို့ အကြောင်းသိစေအပ်ပါသည်။
(ည) ကျေးရွာများပြန်လည်တည်ဆောက်ရာတွင် လူနေအိမ်များကိုသာ စနစ်တကျ
မြေပုံကြမ်းဆွဲ၍ တည်ဆောက်ဖို့ပြင်ဆင်နေသော်လည်း မီးရှို့ခံရသော
ဘုန်းတော်ကြီးကျောင်းများအတွက် မည်သည့်လုပ်ဆောင်ချက်၊ ပြောဆိုချက်ကိုမျှ
အတွေ့ရှိရသေးပါ။ ဝါဆိုဖို့နီးကပ်နေသော်လည်း ဒုက္ခသည်ဘုန်းတော်ကြီးများ၏
အနာဂတ်မရေရာ အသေချာ သေးပါ။
ထို့ကြောင့် ဘုန်းတော်ကြီးကျောင်းများအတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်ပေးဖို့ အထူးလိုအပ်လှပါသည်။
(ဋ) UN-လက်အောက်ခံ NGO-များ INGO-များသည် ကုလားရွာများအတွက်သာ
ငွေကြေးသုံးစွဲနေပြီး ရခိုင်ပြည်သူတို့ အရေးကို အနည်းငယ်မျှပင်
ထည့်သွင်းစဉ်းစားမှု မရှိပါ။ အကြမ်းဖက် အစွန်းရောက်များသည် UN-လက်အောက်ခံ
အဖွဲ့စည်းများကို အသုံးချကာ ဂျီဟတ်စစ်ပွဲကို ဆင်နွှဲသွားခဲ့ကြသောကြောင့်
UN-လက်အောက်ခံ အဖွဲ့အစည်းများကိုယ်တိုင် လူမိုက်အားပေးလုပ်နေခြင်း၊
ရခိုင်တိုင်းရင်းသားများနှင့် ဟိန္ဒူအရေးကို ပစ်ပယ်ထားခြင်း၊
တရားမျှတမှုမရှိခြင်းကို တွေ့မြင်ခဲ့ရပေသည်။
ထို့ကြောင့် တရားမျှတမှုမရှိသော၊ လူမိုက်အားပေးလုပ်နေသော UN-လက်အောက်ခံ အဖွဲ့အစည်းများကို ပြင်းထန်စွာ ရှုတ်ချအပ်ပါသည်။
(ဌ) ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လူမြင်ကောင်းအောင် ဘင်္ဂါလီဒုက္ခသည်များကို
လက်မခံဘဲ ဟန်ဆောင်လုပ်ပြနေသော်လည်း ရခိုင်အရေးခင်းတွင်
အဓိကတရားခံများဖြစ်သော ရိုဟင်ဂျာဆိုသူ စစ်သွေးကြွများကို
တိတ်တစ်ဆိတ်လက်ခံဝှက်ထားပေးနေ သည်ဟု ရခိုင်ပြည်သူတို့
သည့်မြင်ခံစားနေရပါသည်။
ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်
အိမ်နီးချင်းကောင်းပီသစွာ အစွန်းရောက် အကြမ်းဖက်သမားများကို နှိမ်နှင်းဖို့
အတွက်- မြန်မာအစိုးရနဲ့ရော ရခိုင်ပြည်သူများနှင့်ပါ
ပူးပေါင်းဆောင်ရွက်ဖို့ လိုပါသည်။
(ဍ) ရခိုင်ကို အပိုင်သိမ်းဖို့
ကြံစည်သော အစွန်းရောက်စစ်သွေးကြွတို့၏ ဂျီဟတ်စစ်ပွဲကို ထောက်ခံအားပေးသော
မည်သည့်မူဆလင်ကို မဆို ရန်သူအဖြစ် သတ်မှတ်ပါသည်၊ ကိုယ့်အလုပ်ကိုယ်လုပ်၊
ကိုယ်စီးပွားကိုယ်ရှာ၊ ကိုယ့်တရားနှင့်ကိုယ်၊ ကိုယ့်မိသားစုနှင့်ကိုယ်
အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာ ကိုယ်ချမ်းသာနေလိုသော
မည်သည့်မူဆလင်ကို မဆို မိတ်ဆွေအပြစ်သက်မှတ်ပြီး လက်တွဲဆောင်ရွက်သွားမည်
ဖြစ်ပါသည်။
ထို့ကြောင့် ဂျီဟတ်စစ်ပွဲ ဆင်နွှဲသော တိရစ္ဆာန်များလို၊
မင်းမဲ့တိုင်းပြည်လို အုပ်စုဖွဲ့အနိုင်ကျင့်မှုများ ပြုလုပ်ခဲ့သော
ဘင်္ဂါလီအကြမ်းဖက်သမား လူရမ်းကားများနှင့် အဆက်အသွယ်ရှိခဲ့သူများ၊
အဆက်အသွယ်ရှိနေသူများ အဆက်အသွယ် ဖြတ်တောက်ဖို့ သတိပေးအပ်ပါသည်။
(ဎ) မြန်မာအစိုးရအနေဖြင့် ၁၉၄၂-ပုံစံမျိုးဖြင့် နယ်ချဲ့ကျူးကျော်ကာ
ရခိုင်ပြည်သိမ်းတိုက်ပွဲ (သို့မဟုတ်) ဂျီဟတ်စစ်ပွဲကို တစ်ဖက်သတ်
ဦးဆောင်ဆင်နွှဲလာသော ရိုဟင်ဂျာဆိုသူ နာမည်သူခိုး ဖိုးတွန်တီးများဖြစ်ကြသော
နယ်မြေဓားပြ အကြီးစားတို့အား ထိရောက်စွာ အရေးယူဖို့လိုသလို၊
ရခိုင်တံခါးလုံခြုံရေးနှင့် လူအုပ်ဖြင့် အနိုင်ကျင့်မှုပပျောက်ရေး၊
ရခိုင်ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို
အဓိကထားဆောင်ရွက်ရမည့် အပြင် အချုပ်အခြာအာဏာကို ကျူးကျော်စော်ကားလာသူ
မှန်သမျှကို မည်သည့်ဖိအားပေးမှုကိုမျှ ဂရုမစိုက်ဘဲ ခုခံကာကွယ်ဖို့လိုကြောင်း
အသိပေးအပ်ပါသည်။
(ဏ) "ရခိုင်များအား ဘင်္ဂါလီမူဆလင်များ၏ ခြိမ်းခြောက်မှုများ"
၁။ ရခိုင်များ နောက်ထပ် နှစ်လသာထမင်းစားနှင့်ကြ၊ ဗမာများပြန်လျှင် နင်တို့အသားကို ငါတို့စားမည်။
၂။ ဒီနေရာကို ငါတို့ပိုင်သွားပြီဆိုတာ မသိဘူးလား။
၃။ ငါတို့ကို ကမ္ဘာကကူညီနေတာ မသိဘူးလား။
၎။ ကမ္ဘာမှာ ငါတို့အမျိုးတွေ(လူမျိုးတွေ)အများကြီးရှိတယ်။ နင်တို့မှ မရှိဘူး။
၅။ နင်တို့မှာ သွားစရာသေလမ်းသာ ရှိတယ်။ ထမင်းဝဝစားထားကြ။
၆။ ဗမာအစိုးရကို ငါတို့ဝယ်ထားပြီ။
၇။ ဆော်ဒီမှာ ဗမာသံရုံးကို ငါတို့ကလစဉ်ပေးထားတာ၊ နင်တို့ပေးနိုင်သလား။
၈။ ငါတို့နောက်မှာ ကမ္ဘာကကူညီနေတယ်။
၉။ UN-ဟာ ငါတို့မိတ်ဆွေ၊ အမေရိကမှာ ငါတို့သမ္မတ အုပ်ချုပ်နေတယ်။
၁၀။ နင်တို့ ပါးစပ်ပိတ်ထားကြ။
၁၁။ နင်တို့မိန်းမများ ငါတို့ကို အားကိုးစေရမည်။
၁၂။ ရခိုင်များသေဖို့ပြင်ထား။
၁၃။ ဗမာပြည်လည်း ငါတို့လူအုပ်ချုပ်မယ်။
၁၄။ နင်တို့မြေနဲ့ နင်တို့ပစ္စည်းထားခဲ့။ အခုထွက်သွားကြ။
၁၅။ မသေချင်ပြန်မလာကြနဲ့။
၁၆။ နောက်ထက် ဒီမြေမှာ မင်းတို့လုံးဝ မနေစေရ။
၁၇။ အလ္လာဝဂ်ကဘာ၊ အလ္လာဝဂ်ကဘာ၊(အလ္လာသခင်သာ အကြီးမြတ်ဆုံး)
အလ္လာ-ဘီစတိုဘာ၊ အလ္လာ-ဘီစတိုဘာ(အလ္လာသခင် ကောင်းချီးပေးပါ)
၁၈။ နိုင်ငံခြားမှာ စစ်သင်တန်းတက်ထားတဲ့ ငါတို့လူတွေရောက်နေတာ မသိဘူးလား။
၁၉။ နိုင်ငံခြားက ငါတို့အမျိုး (၅၀၀) စစ်သင်တန်း ဆင်းလာတာမသိဘူးလား။
၂၀။ ဒီနေရာကို ပြန်လာရဲလျှင် လာကြည့်။
၂၁။ ငါတို့မှာ ချမ်းသာတဲ့မူဆလင်နိုင်ငံတွေ အများကြီးရှိတာ မသိဘူးလား။
၂၂။ နင်တို့ဘာအားကိုးရှိလို့ ငါတို့ကို နှင်ထုတ်မှာလဲ။
၂၃။ ဗမာအစိုးရလည်း ငါတို့ဘက်က။
၂၄။ ဆော်ဒီဗမာသံရုံးဟာ ငါတို့ငွေကိုယူထားတာ။
၂၅။ အားလုံးမှာ ငါတို့ငွေတွေ။
၂၆။ မင်းတို့မှာ ဘာရှိလို့လဲ။
၂၇။ ဗမာပြည်ကို ငါတို့အုပ်ချုပ်မှာ နင်တို့ကို အရှင်မထားဘူး။
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မန္တလေး။
Email-wirathu2012@gmail.com
ဇူလိုင် ၂၀၊ ၂၀၁၂
(နိုင်ငံတကာသတင်းများတွင် အီရန်ကဲ့သို့သော နိုင်ငံများ၊
ဘာသာရေးအစွန်းရောက်အဖွဲ့များနှင့်
နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များကိုယ်တိုင်က မြန်မာပြည်တွင်
မူဆလင်ဘာသာဝင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ် မျိုးတုံးနေပြီဟု
သတင်းထုတ်ပြန်ခြင်း၊ ကန့်ကွက်မှုများ ပြုလုပ်နေခြင်းတို့ကြောင့်
ပြည်တွင်းမှ အများသူငှာ ပြည်သူတို့ လေးစား ယုံကြည်မှု ရှိသူ လူ၊
ပုဂ္ဂိုလ်တို့၏ မိမိဂုဏ်သိက္ခာ အမည်နာမကို တာဝန်ယူ ဖော်ထုတ်ပြီး
သဘောထားပြောဆိုချက်တို့ကိုလည်း သိရှိနိုင်စေရန် အရှင်ဝီရသူ၏
သဘောထားကို မူရင်းအတိုင်း မိုးမခမီဒီယာက ထုတ်ပြန်လိုက်သည်။
မိမိတို့၏ သဘောထားမှာလည်း ဒေသဆိုင်ရာ အကြမ်းဖက်မှု အဓိကရုဏ်း၊
ပဋိပက္ခကြီးအဖြစ် ရှုမြင်ပါသည်။ ရခိုင်ဒေသခံများ၊ နယ်စပ်ဒေသက
ဘင်ဂါလီလူမျိုးစုများ၊ ဗုဒ္ဓဘာသာ၊ ဟိဒ္ဒူဘာသာ၊ မူဆလင်ဘာသာ၊
ခရစ်ယာန်ဘာသာဝင်များ အားလုံး ထိခိုက်ခံစားနေရသော အရေးအခင်းတခု အဖြစ်
မြင်ပါသည်။ ရိုဟင်ဂျာဆိုသည့် အငြင်းပွားဖွယ်ရာ စကားရပ် အသုံးအနှုန်းကို
မိုးမခမီဒီယာက လက်ခံခြင်းမရှိပါ။
မိုးမခမီဒီယာ news + ဒီမိုဝေယံဖေ့ဘုတ်
https://www.facebook.com/demowaiyen/posts/482970241718004
ကမ္ဘာတည်သေ၇ွ့ အာဇာနည်နေ့ ဘယ်တော့မှ ဒို့ မမေ့နိုင်ပါ။
ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင် ၆၅ နှစ်မြောက် အာဇာနည်နေ့၊ ဥက္ကံတိုက်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် ကျင်းပသည့် အခမ်းအနားတွင် တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ရေး တည်ဆောက်ရန် တပ်မတော်ကို ၀ိုင်းဝန်းလက်တွဲခေါ်ယူရန် တိုက်တွန်းသည့် စကားများပြောကြားခဲ့သည်။
ပြည်သူသာအမိ ပြည်သူသာ ဖြစ်စေချင်တဲအကိုတိုရဲလှုပ်ရှားမူကိုလေးစာပါတယ်.. ကိုထွန်းဝေ
မှိုင်းပြောတဲ့ရေချမ်းစင်
by Victor Tan on Sunday,
July 22, 2012 at 6:53am ·
မှိုင်းပြောတဲ့ရေချမ်းစင်
ခိုဖြူပျံသန်း စဉ်အေးချမ်းမို့
အေးချမ်းလိုသူ အေးလိုသူသည်
ခိုဖြူကိုလွှတ် စိတ်ဝယ်ညွတ်လျက်
ကျွတ်လွတ်သူတို့ဆန္ဒတည်း…။
သခင်ကိုယ်တော်မှိုင်း
ဖိုးဖိုးမှိုင်းပုံ
မြင်းတိုင်းတမ်းတ သတိရသည်…။
ဘဘမှိုင်းခေတ် ကျွန်စံနစ်ကို
အမြစ်ပါမကျန် တွန်းလှန်နိုင်ခဲ့…။
ယခုကြုံရစ် အာဏာာရှင်စံနစ်ကို
နှိုတ်ပစ်လို့လည်း မရ
တူးစွလို့လည်း မဖြစ်
တွယ်ရစ်နေတဲ့ စစ်ကျွန်အမြစ်
ရာစုနှစ်တစ်ဝက်ပင်ရောက်လာပါပေါ့လား..။
ရွှေချိုးဖြူ တကူထဲကူတဲ့ခေတ်
ခိုဖြူတွေ တလန်းလန်း
ပျံသန်းနေတဲ့ခေတ်ကို
လွမ်းနေလို့မရ
တ-နေလို့မဖြစ်တော့ပါ…။
တော်လှန်ရေးအဖုံဖုံ
ဘ၀ အစုံစုံမှ ကြုံခဲ့ရ ဆုံခဲ့ရတဲ့
အတွေ့အကြုံဘ၀တွေကို
မသွေဖမ်းချူ သင်္ခန်းစာယူပြီး
မူသစ်စံနစ်သစ် အကြံသစ်နဲ့
အမှန်ဖြစ်အောင်
အကျိုးတော်ဆောင်
အမျိုးဂုဏ်ရောင်အသွယ်သွယ်တောက်
ဒီမိုပန်းတိုင်တကယ်လျှောက်
နောက်ပြန်မသွား
ကြောက်မနေနိုင်အား…။
ကိုယ့်တိုင်းပြည် ကိုယ်တကယ်ချစ်
ပစ်ဝင်ပါတော့လား…။
မှိုင်းပြောတဲ့ရေချမ်းစင်
ရေမထမ်းချင်လို့ ..ရေမရ
ေ၀ေနယ်အက်ိဳး
တကယ်သယ်ပိုးချင်ရင်
ဝိုင်းအပြင်မှာမနေပါနဲ့
တိုင်းပြည်တခွင်ဝင်လာခဲ့
မှိုင်းရေစင်ကို ပြင်ပါလှဲ့…။
တက္ကသိုလ်ဘုန်းကြွယ်
(ဇူလိုင် ၂၁ ၂၀၁၂)
သခင် ကိုယ်တော်မှိုင်း (၁၈၇၆ - ၁၉၆၄)။
1. အမည်ရင်း - မောင်လွမ်းမောင်။
2. မိဘအမည် - ဦးစံဒွန်း + ဒေါ်အုန်း။
3. မွေးသက္ဗရာဇ် - ၁၈၇၆ ခု၊ မတ်လ ၂၃ ရက်၊ မြန်မာ သက္ကရာဇ် ၁၂၃၇ တပေါင်းလပြည့်ကျော် ၁၄ ရက် ကြာသပတေးနေ့ ။
4. မွေးဖွားရာဒေသ - ရွှေတောင်မြို့နယ်၊ ဝါးလယ်ရွာ။
5. ကလောင် အမည်ခွဲများ - ရွှေတောင် မောင်လွန်း၊ မစ္စတာ မောင်မှိုင်း၊ ပဏ္ဍိလေး၊ မောင်သမာဓိ၊ မစောညွန့် ။
6. မွေးချင်း - မွေးချင်း ၅ ယောက်အနက် ဒုတိယမြောက်။
ကိုဝိုင်ဝိုင်ကေ တင်ပေးတဲ့ သခင်ကိုယ်တော်မှိုင်း အတ္ထုပ္ပပါတင်ပြလိုက်ပါသည်…။
ကိုယ်ရေး ဖြစ်စဉ်။
၁၈၈၃၊ ခုနှစ်သား အရွယ်တွင် ဦးလေး တော်စပ်သူ ဦးပဉ္စင်း ဦးသီရိနှင့် အတူ မန္တလေးမြို့သို့ လိုက်ပါ လာပြီး မြတောင် ကျောင်းတိုက် မြတောင် ဆရာတော် ဘုရားကြီး၊ ကျီးသဲ လေးထပ် ပထမ ဆရာတော်ကြီး (ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန - ရုံးချုပ်၊ စာတည်း အဖွဲ့က စုဆောင်း ပြုစုတဲ့ နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း၊ ပအကြိမ်ထုတ် ၂ဝဝ၃၊ ဧပြီ) ထံတွင် ကိုရင်ဝတ်ဖြင့် ပညာ သင်ယူ ခဲ့သည်။ ရှင်အမည် ပဏ္ဍိတ။
၁၈၈၅ နိုဝင်ဘာ ၂၉ (၁၂၄၇ တန်ဆောင်မုး လဆုတ် ၈ ရက်) တွင် သီပေါ ဘုရင်နှင့် မိဖုရား ပါတော်မူသည့် အနဋ္ဌာရုံ မြင်ကွင်းကို 'စာတော်ဝန် ဦးခဲ' ကျောင်း လက်ရန်း ပေါ်မှ မြင်တွေခဲ့၊ ကြေကွဲ မျက်ရည် ကျခဲ့သည်။ ထိုနေ့မှာပင် စိတ်ပျက်ပြီး သပိတ် တစ်လုံး သင်္ကန်း တစ်ထည်နှင့် စစ်ကိုင်းဘက် တောထွက်ခဲ့သည်။ စစ်ကိုင်း၊ မုံရွာ၊ အလုံ၊ ကြေးမုံ၊ ချောင်းဦး၊ မောင်းထောင်၊ ဘုတလင်၊ ကနီ ဒေသ များသို့ ခြောက်နှစ်ခန့် လှည့်လည် စာသင်ခဲ့သည်။ အဂ္ဂိရတ် ဖိုထိုးခြင်း ဝါသနာ ပါသည်။
၁၈၉၄ မှာ ဖခင် ဦးစံဒွန်း ကွယ်လွန် ခဲ့ပြီး၊ အသက် (၁၉) နှစ် အရွယ်တွင် ရဟန်း ဘဝမှ လူဝတ် လဲခဲ့သည်။ ၁၈၉၇ အသက် ၂၂ အရွယ်မှာ အစိုးရစစ် ၇ တန်း စာမေးပွဲကို မုံရွာမြို့ အလွတ် ပညာ သင်ကျောင်းမှ ရဟန်း အမည် ပဏ္ဍိတဖြင့် ဝင်ရောက် ဖြေဆို အောင်မြင် ခဲ့သည်။
၁၈၉၈ မှာ မော်လမြိုင်သို့ ရောက်ပြီး၊ 'မြန်မာတိုင်း' သတင်းစာတွင် ပဏ္ဍိလေး ကလောင် အမည်ဖြင့် ကဗျာများ၊ စာများ ရေးခဲ့သည်။ ၁၉ဝဝ မှာ ရန်ကုန်သို့ ရောက်လာပြီး ဆူးလေ ဘုရားလမ်းရှိ 'ဇမ္ဗူ ကျက်သရေ စာပုံနှိပ်တိုက်' တွင် စာစီ အဖြစ် ဝင်လုပ်သည်။ ၁၉ဝ၃ ခုမှာ ရန်ကုန် ကြည့်မြင်တိုင် ငါးကြော်ဖိုရပ်နေ ဆန် စပါး ပွဲစား ဦးနု၊ ဒေါ်နှင်း တို့၏ သမီး ဒေါ်ရှင်နှင့် လက်ထပ်သည်။ ဇမ္ဗူ ကျက်သရေ စာပုံနှိပ်တိုက်မှ တဆင့် 'ရန်ကုန်တိုင်း သတင်းစာတိုက်' သို့ ပြောင်းရွှေ့ လုပ်ကိုင်ကာ ဇတ်စာများ ရေးသား ခဲ့သည်။ ၎င်း သတင်းစာ တိုက်မှ တဆင့် မော်လမြိုင်မြို့ 'မြန်မာတိုင်း' သတင်းစာတွင် အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ပြန်ပြီး၊ ပဏ္ဍိလေး၊ မောင်သမာဓိ ကလောင် အမည်များဖြင့် ဆောင်းပါးများ ရေးသား ခဲ့သည်။ မော်လမြိုင် ရာဇဝင် ဝတ္ထုကို ရွှေတောင် မောင်လွန်း အမည်ဖြင့် ၁၉ဝ၅ ခုနှစ်တွင် စတင် ရေးသား ခဲ့သည်။ ၁၉ဝ၇ တွင် 'မော်လမြိုင် နတ်လမ်းညွှန်' ကို မစောညွန့် ဟူသော ကလောင် အမည်ဖြင့် ရေးသား ခဲ့သည်။
၁၉ဝ၇ ခုမှာ မြန်မာတိုင်း သတင်းစာ ရပ်နား ခဲ့သဖြင့်၊ ဟင်္သာတမြို့ 'အမရဝတီ ပုံနှိပ်တိုက်' သို့ စာပြု၊ စာပြင် အယ်ဒီတာ အဖြစ် ခေတ္တ ဝင်လုပ်ခဲ့ သေးသည်။ ၁၉၁၁ ခု သူရိယ သတင်းစာ စတင် ထုတ်ဝေ သည်နှင့် အယ်ဒီတာ အဖြစ် တာဝန် ယူပြီး၊ ခေါင်းကြီးနှင့် ဘုန်းကြီးပျံ ဒီပနီကို ရေးသား ခဲ့သည်။
နယ်ချဲ့ ဆန့်ကျင်ရေး စိတ်ဓာတ်၊ အမျိုးသား ရေးစိတ်ဓာတ် ပြင်းထန်သော ဆရာကြီးသည် အမည် ရှေ့တွင် မစ္စတာ ထည့်ခေါ်သည်ကို မနှစ်မြို့ ရှုတ်ချ လိုသည်။ ထို့ကြောင့် ၁၉၁၂ တွင် 'သူရိယ သတင်းစာ' တွင် ရက်ခြား ရေးသားသော ကြာဋီကာ ဆောင်းပါးများ မှစ၍၊ မစ္စတာ အမည်တပ် မြန်မာ များကို သိက္ခာ ချသော အားဖြင့် ရာဇဝင်လာ အမည်ဆိုး တခု ဖြစ်သော ဦးကြီး၏ ချဉ်ပေါင် ရွက်သည် မောင်မှိုင်း ဝတ္ထုတွင် လူရှုပ် လူပွေ လူယုတ်မာ အဖြစ် ပါဝင်သော မောင်မှိုင်း၏ အမည် ရှေ့တွင် မစ္စတာ တပ်၍ မိမိ ကလောင် အမည်ကို မစ္စတာ မှိုင်းဟု စတင် သုံးစွဲ ခဲ့သည်။
၁၉၁၄ မှာ ဇနီး ဒေါ်ရှင် ကွယ်လွန်ခဲ့၊ သား သမီး လေးဦး ကျန်ရစ်ခဲ့သည်။
၁၉၁၉ ခု၊ ဇူလိုင်လ ဝိုင်အမ်ဘီအေ အသင်းချုပ်ကြီးက ကြီးမှူး၍ ဦးပု၊ ဦးဘဘေနှင့် ဦးထွန်းရှိန် တို့ကို ဘိလပ်သို့ ကိုယ်စားလှယ် အဖြစ် လွှတ်၍ ဟုမ္မရူး အတွက် အရေး ဆိုခိုင်းသော အခါ 'သြဒိဿ မတ္ထနာ လေးချိုးကြီး' ရေးသားပြီး ကောင်းချီး သြဘာ ပေးခဲ့သည်။
၁၉၂၁ ခုနှစ်တွင် အမျိုးသား ကောလိပ် ပေါ်ပေါက် လာသော အခါ သူရိယ သတင်းစာ အယ်ဒီတာ အဖြစ်မှ နုတ်ထွက်ပြီး၊ အမျိုသား ကောလိပ်၌ မြန်မာစာနှင့် ရာဇဝင် ပါမောက္ခ္ခ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ထိုနှစ်တွင် ဂျော့ဘုရင် သားကြီး ဝေလ မင်းသားအား ချီးကျူး ဂုဏ်ပြု ရတု ရေးပေးရန် ဦးမေအောက်က ပန်ကြားရာ 'မြန်မာ နိုင်ငံကို ကျွန်ပြုသည့် အင်္ဂလိပ် ဘုရင်မ၏ မြေးကို ချီးကျူးသော စာ မရေးလို' ဟု ပြောကာ ငြင်းပယ် ခဲ့သည်။
၁၉၂၃ 'မြန်မာ့ရီဗျူး' ဂျာနယ်တွင် ဘိုးဘိုးအောင် ကလောင် အမည်ဖြင့် ဆောင်းပါးများ ရေးခဲ့သည်။ ဗဟန်း နေရှင်နယ် ကောလိပ် ပျက်သောအခါ ဒဂုန် မဂ္ဂဇင်းတွင် အယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင် ခဲ့သည်။ ၁၉၂၇ မှာ 'ဗြိတိသျှ ဘာမား မဂ္ဂဇင်း' နောင် 'ဓူဝံ မဂ္ဂဇင်း' တွင် ကြီးမှူး အုပ်ချုပ်သူ အဖြစ် တာဝန်ယူ ခဲ့သည်။
၁၉၂၈ - ၂၉၊ တောပုန်းကြီး စံဖဲ ကြိုးမိန့် ကျသည့် အမှုတွင် အယူခံ ကိစ္စ ဦးဆောင်၍ ဆောင်ရွက် ပေးခဲ့သည်။ မြင်းခြံထောင်တွင် စံဖဲကို သွားရောက် တွေ့ဆုံ အားပေး ခဲ့သည်။ ၁၉၃ဝ ဆရာစံ ဦးဆောင်သည့် တောင်သူ လယ်သမား အရေးတော်ပုံကြီးတွင် သူရိယ သတင်းစာ၌ 'ဂဠုန်ပျံ ဒီပနီ ဋီကာ' ဆောင်းပါးများ ရေးသား အားပေး ခဲ့သည်။ ၁၉၃၃ မှာ 'နေရှင်နယ်' မဂ္ဂဇင်းတွင် ဝင်ရောက် ကူညီ ဆောင်ရွက် ပေးခဲ့သည်။
၁၉၃၄၊ နိုဝင်ဘာလ ၃ဝ ရက်၊ ၁၂၉၆ ခု တန်ဆာင်မုန်း လဆုတ် ၁ဝ ရက်၊ တက္ကသိုလ် အမျိုးသားနေ့ ကျင်းပသည့် အခမ်းအနားတွင် သဘာပတိ အဖြစ် ဆောင်ရွက် ခဲ့သည်။ 'ဝဍ္ဎကုဇိန သာသနနံ' အမည်ပါ သဘာပတိ မိန့်ခွန်းကို ပြောကြား ခဲ့သည်။
၁၉၃၄ ခုနှစ်၊ တို့ ဗမာ အစည်းအရုံး၏ ပထမ အကြိမ် သခင် ကွန်ဖရင့်ကြီးကို ရေနံချောင်းတွင် ကျင်းပသော အခါ အစည်းအရုံး၏ နာယက အဖြစ် တင်မြှောက်ခြင်းကို လက်ခံ ခဲ့ပြီး၊ ထိုမှစ၍ မစ္စတာ မောင်မှိုင်း အမည်မှ သခင် ကိုယ်တော်မှိုင်း အမည်သို့ ခေါ်တွင် စေရန် ကြေညာ ခဲ့သည်။
၁၉၃၅၊ ဒီဇင်ဘာလထုတ် 'ဟံသာ မဂ္ဂဇင်း' တွင် ပါသော ဆောင်းပါးများကို သခင် ကိုယ်တော်မှိုင်း၏ ဆရာလွန်း ဟူ၍ လည်းကောင်း၊ ဆရာလွန်း၏ သခင် ကိုယ်တော်မှိုင်း ဟူ၍ လည်းကောင်း လက်မှတ် ရေးထိုး ခဲ့သည်။
၁၉၃၆၊ ဇွန်လ (၁၂၉၈ နယုန် - ဝါဆို) မြင်းခြံ၊ ကိုးဆောင် ကျောင်းတိုက်ကြီး အတွင်း၌ ကျင်းပသော တို့ ဗမာ အစည်းအရုံး၏ ဒုတိယ အကြိမ် ညီလာခံသို့ တက်ရောက် ခဲ့သည်။
၁၉၃၈၊ ဧပြီလ ၂၂ ရက်တွင် ပုသိမ်တွင် တရား ဟောရာ၌ 'လွတ်လပ်ရေးကို လက်ဝါးဖြင့် တောင်းနေရုံနှင့် မရနိုင်၊ သူပုန် ထရမည်' ဟု ဟောပြော ခဲ့သည်။
၁၉၃၉၊ ဇန်နဝါရီလ ၁၄ ရက်၌ ကျင်းပသော လူထု အစည်းအဝေးကြီးတွင် အရှင်းရှင် စနစ်ကို ရူံ့ချ ခဲ့သည်။ ဧပြီ ၆ - ၉ ရက်တွင် သခင် သိန်းမောင် အဖွဲ့မှ ဦးစီး ကျင်းပသည့် တို့ဗမာ အစည်းအရုံး၏ စတုတ္ထ အကြိမ် ညီလာခံ ကျင်းပရာ မော်လမြိုင်သို့ တက်ရောက် ခဲ့သည်။ ဇွန်လ ၂၂ ရက်၊ ပုသိမ်တွင် ကျင်းပသော အစည်းအဝေး တစ်ခုတွင် 'ဗြိတိသျှ အစိုးရ ဒဏ်ချက်ကြောင့် မြန်မာတို့ ဆင်းရဲနွမ်းပါး ငတ်မွတ် ခေါင်းပါး ဖြစ်ရသည်' ဟု တရား ဟောခဲ့သည်။ ဇွန်လ ၂၇ ရက်၊ ငါးသိုင်းချောင်းသို့ အသွား ပုသိမ် ဘူတာ၌ ဆရာကြီးအား ဆိုက်ကား သမား မောင်သန်းစိန် ဆိုသူက တုတ်ဖြင့် ရိုက်ခဲ့သည်။ ဇွန်လ ၂၈ ရက် ပုသိမ် ခရိုင် ရာဇဝတ် တရားသူကြီးက ဆရာကြီးအား နှစ်လ တရား ဟောခြင်း မပြုရန် တားမြစ် ခဲ့သည်။ ဒီဇင်ဘာလ ၄ ရက်၊ ကြည့်မြင်တိုင်၌ ကျင်းပသော လူထု အစည်းအဝေးကြီးတွင် 'ဆိုရှယ်လစ် ဝါဒသည် ဗုဒ္ဓ တရားတော်နှင့် ညီညွတ်သည်' ဟု ဟောပြော ခဲ့သည်။
၁၉၄ဝ၊ ဇန်နဝါရီ ၁၃ - ၁၄ တွင် ကျင်းပသော မြန်မာ နိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား အစည်းအရုံး ဒုတိယ နှစ်လည် ညီလာခံတွင် 'ဗြိတိသျှ နယ်ချဲ့ စနစ်ကို တွန်းလှန်၍ ဆိုရှယ်လစ် စနစ်' တည်ဆောက်ရန် တိုက်တွန်း ခဲ့သည်။
၁၉၄၁၊ ဇန်နဝါရီ ၁ ရက်နေ့မှာ နိုင်ငံရေး လှုပ်ရှားမှု၊ နယ်ချဲ့ ဆန့်ကျင်ရေး လုပ်ဆောင်မှု ကျယ်ပြန့် လာသောကြောင့် ဗြိတိသျှ အစိုးရ၏ ရန်သူတော် နံပါတ် (၁) အဖြစ် ကြေညာခြင်း ခံခဲ့ ရသည်။ မန္တလေးနှင့် ပဲခူး ညီလာခံသို့ တက်ရောက် ခဲ့သည်။
၁၉၄၁ - ၄၂၊ ခုနှစ်တွင် ဗြိတိသျှ အစိုးရကို တော်လှန်သည့် မြေအောက် တော်လှန်ရေး လုပ်ခဲ့သည်။ ၁၉၄၃၊ ဂျပန်ခေတ်တွင် ရွှေတောင်ကြား လမ်း၌ တပည့်များနှင့် အတူနေပြီး၊ ဂိုဏ်းပေါင်းစုံ သံဃာတော်များ ညီညွတ်ရေး အတွက် သာသနာ့ အစည်းအရုံးကြီး ဖွဲ့စည်းပြီး နှစ်နှစ်ကြာမျှ ကြိုးပမ်း ဆောင်ရွက် ခဲ့သည်။
၁၉၄၄ - ၄၅၊ ခုနှစ်တွင် ဂျပန် ဆန့်ကျင်ရေး သမား အဖြစ် ဂျပန်တို့ လိုက်လံ ဖမ်းဆီး သဖြင့် ထိန်ကုန်းရွာသို့ တိမ်းရှောင် ခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ် ကြီးပြီးသော အခါ ရန်ကုန်မြို့သို့ ပြန်လာပြီး၊ တို့ ဗမာ အစည်းအရုံး ဌာနချုပ် ပြန်လည် ဖွင့်လှစ်သည့် အခါ ဥက္ကဌ အဖြစ် တင်မြှောက်ခြင်း ခံရသည်။
၁၉၄၈ ခု၊ စက်တင်ဘာလ ၁၉ ရက်၊ ရွှေတိဂုံ စေတီတော် တောင်ဘက်စောင်းတန်း၌ ပြုလုပ်သော (၁၉) ကြိမ်မြောက် ဦးဝိစာရနေ့တွင် နိုင်ငံတော် အေးချမ်း သာယာရေး အဖွဲ့ကို ဖွဲ့စည်းပြီး၊ ပြည်တွင်း ငြိမ်းချမ်းရေးကို စတင် ဆောင်ရွက် ခဲ့သည်။
၁၉၅ဝ ဇန်နဝါရီ၊ လွတ်လပ်ရေးနေ့ နှစ်ပတ်လည်တွင် 'အလင်္ကာ ကျော်စွာဘွဲ့' ကို အစိုးရမှ ချီးမြှင့် ခဲ့သည်
၁၉၅၂ ခုနှစ်တွင် ကမႝာ့ ငြိမ်းချမ်းရေးကို စတင် ဆောင်ရွက်သည်။ ပီကင်း၌ ကျင်းပသော အာရှနှင့် ပစိဖိတ် ဒေသ နိုင်ငံများ၏ ငြိမ်းချမ်းရေး ကွန်ဖရင့်သို့ တက်ရောက်သည်။ မေလ ၁ဝ - ၁၄ ရက်နေ့ထိ ဂျူဗလီဟောတွင် ကျင်းပသော ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဗမာနိုင်ငံ) က ဆရာကြီးအား ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခဲ့သည်။
၁၉၅၃ တွင် တရုတ်ပြည် မွန်ဂိုလီးယား၊ ဟန်ဂေရီ၊ ဆိုဗီယက် ယူနီယံသို့ ခရီး လှည့်သည်။
၁၉၅၄၊ ဒီဇင်ဘာ ၂ဝ ရက် မော်စကိုတွင် ကျင်းပသည့် ကမ္ဘာ့ စတာလင်ဆု ရွေးချယ် ပေးအပ်ရေး အဖွဲ့ကြီးက ဆရာကြီးအား ၁၉၄၅ ခုနှစ် အတွက် 'ငြိမ်းချမ်းရေး စတာလင်ဆု' အပ်နှင်းရန် ဆုံးဖြတ် ခဲ့သည်။ ၁၉၅၅ မတ်လ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီခွဲ အချိန်တွင် မြို့တော် ခန်းမ ရှေ့၌ ငြိမ်းချမ်းရေး စတာလင်ဆု ပေးအပ်ပွဲ ကျင်းပပြီး၊ အပြည်ပြည် ဆိုင်ရာ စတာလင် ငြိမ်းချမ်းရေး ဆုပေးရေး ကော်မတီ ဥက္ကဌ မစ္စတာ နီကိုလေ တီခိုနော့ (ဗ်) က ဆရာကြီးအား ငြိမ်းချမ်းရေး ဆုလက်မှတ်နှင့် ဆုရွှေတံဆိပ် အပ်နှင်း ခဲ့သည်။ ငြိမ်းချမ်းရေး ဆုတံဆိပ်နှင့် အတူ ငွေသား ရူဘဲလ်ငွေ တသိန်း (အဲဒီအချိန်က ပေါက်ဈေး အရ မြန်မာငွေ တသိန်း နှစ်သောင်း ငါးထောင်ခန့်) ရရှိသည်။ မတ်လ ၂၄ ရက်နေ့မှာ နိုင်ငံတော် သမ္မတကြီးက တီခိုနော့ (ဗ်)နှင့် ဆရာကြီး တို့ကို ဂုဏ်ပြု ဧည့်ခံပွဲ တရပ် ကျင်းပ ပေးခဲ့သည်။
၁၉၅၅ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန် ထောင်ကြီး အတွင်း ကျင်းပသည့် စာဆိုတော်နေ့ အခမ်းအနားသို့ တက်ရောက် အကန်တော့ ခံသည်။ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် နိုင်ငံတော် သမ္မတ အိမ်တော်တွင် ကျင်းပသည့် ထမင်းစားပွဲတွင် ဗမာနိုင်ငံ ငြိမ်းချမ်းရေး ကွန်ဂရက် ဥက္ကဌ အနေဖြင့် ဆိုဗီယက် ဝန်ကြီးချုပ် ဘူဂနင်နှင့် ကွန်မြူနစ် ပါတီ ပထမ အတွင်းရေးမှူး ကရုရှက် တို့ကို ငြိမ်းချမ်းရေး လက်ဆောင်များ ပေးအပ် ခဲ့သည်။
၁၉၅၆ ခုနှစ်တွင် မြန်မာနိုင်ငံ အရပ်ရပ်သို့ လှည့်လည်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး များကို ဟောပြော ခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ စ၍ ၃ ရက်တိုင် ကျင်းပသည့် မိုးညှင်းမြို့တွင် ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (ဗမာနိုင်ငံ) ၏ ကချင်ပြည်နယ် ညီလာခံ တက်ရောက် ခဲ့သည်။ မတ် ၃ဝ ရက် အိမ်တော်ရာ (၁၄) စခန်း စရပ်ကြီး၌ မန္ဈလေး လေးပြင်လေးရပ် ဆရာတော် ၁၄၃ ပါးကို ပြည်တွင်း ငြိမ်းချမ်းရေး ပန်ကြားလွှာ တစောင် တင်ဆက် လျှောက်ထားပြီး သြဝါဒ ခံယူ ခဲ့သည်။
၁၉၅၇ တွင် သီဟိုဠ်နှင့် အိန္ဒိယသို့ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဖရင့် အတွက် သွားရောက် ခဲ့သည်။
၁၉၆ဝ သြဂုတ်လ ၁ဝ ရက်တွင် အရှေ့ဂျာမနီ ဟမ်းဘတ် တက္ကသိုလ်က ဆရာကြီးအား ဂုဏ်ထူးဆောင် ပညာ ပါရဂူ (ဒေါက်တာဘွဲ့) အပ်နှင်း ဂုဏ်ပြု ခဲ့သည်။ ဂျာမနီသို့ ဆေးကု သွားခဲ့သည်။
၁၉၆၂ ခုနှစ်မှ စ၍ ပြည်ထောင်စု မြန်မာနိုင်ငံ စာရေးဆရာ သမဂ္ဂ၏ နာယကကြီး အဖြစ် ဆောင်ရွက် ခဲ့သည်။
၁၉၆၃ သြဂုတ်လ ၆ ရက်၊ ညနေ ၄ နာရီမှာ မြို့တော် ခန်းမတွင် ကျင်းခသည့် ဟီရိုရှီးမားနေ့ အခမ်းအနားသို့ ငြိမ်းချမ်းရေး ကွန်ဂရက် ဥက္ကဌ အနေဖြင့် သဝဏ်လွှာ ပေးပို့ ခဲ့သည်။
ပြည်သူ့ သမိုင်း အလျဉ်တွင် ပါဝင် ခဲ့သော နယ်ချဲ့ ဆန့်ကျင်ရေး ခေါင်းဆောင်ကြီး၊ စာပေ ဖခင်ကြီး သခင် ကိုယ်တော်မှိုင်းသည် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ကြိုးပမ်း ဆောင်ရွက် ရင်းဖြင့် ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်၊ ကြာသပတေးနေ့ နံနက် ၁ နာရီခွဲတွင် လူကြီး ရောဂါဖြင့် ကွယ်လွန် ခဲ့သည်။ ဆရာကြီး၏ ဈာပနအတွက် အာဏာသိမ်း နေဝင်း စစ်အုပ်စုက ပထမ ကျပ်ငွေ တစ်သောင်း၊ နောက်ထပ် ကျပ်ငွေ ၅ ထောင်၊ စုစုပေါင်း ကျပ်ငွေ တသောင်းခွဲ ကူညီခဲ့သည်။ သတင်းစာ တိုက်များက နေ၍ ဆရာကြီး သခင် ကိုယ်တော်မှိုင်း ဈာပန ရံပုံငွေ ဖွင့်ခဲ့သည်။ ဇူလိုင်လ ၂၉ ရက်၊ ညနေ ၅ နာရီတွင် ဆရာကြီး၏ ရုပ်ကလာပ်ကို စမ်းချောင်း ချမ်းသာလမ်း နေအိမ်မှ နေ၍ စမ်းချောင်း ပဒုမ္မာ ကွင်းရှိ အာဏာသိမ်း စစ်အုပ်စု ဆောက်ပေးသည့် မဏ္ဍပ်သို့ ရွှေ့ပြောင်း ခဲ့သည်။ သြဂုတ်လ ၈ ရက်၊ နေ့လည် ၂ နာရီ အချိန်မှာ ဆရာကြီး ရုပ်ကလာပ်ကို စမ်းချောင်း မဏ္ဍပ်မှ ရွှေတိဂုံ ဘုရားလမ်းရှိ ကန်တော်မင် ပန်းခြံသို့ ပို့ဆောင် ဂူသွင်း ခဲ့သည်။ဆရာကြီး ကွယ်လွန်ချိန်တွင် သားသမီး နှစ်ယောက်၊ မြေး ၁၅ ယောက်၊ မြစ် ၆၁ ယောက် ကျန်ရစ်ခဲ့သည်။
------------------------------------
သခင်ကိုယ်တော်မှိုင်းအလွန်။
================
၁၉၇၆ ခုနှစ်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း အသက် ၁ဝဝ ပြည့် အမှတ်တရလုပ်ရန် ကြိုးစားသူ ရန်ကုန်တက္ကသိုလ်ကျောင်းသား အများအပြား ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရပြီး ၁၉၉၆ ခုနှစ်တုန်းတွင် သခင်ကိုယ်တော်မှိုင်း အသက် ၁၂ဝ ပြည့် အမှတ်တရ ထုတ်ဝေသော စာအုပ်မှာလည်း ဆရာကြီး၏ပုံကို စာအုပ်မျက်နှာဖုံးများ ဖော်ပြခွင့် မရခဲ့ချေ။ ထိုအပြင် ရွှေတိဂုံစေတီတော် တောင်ဘက်မုခ်ရှိ ဆရာကြီး၏ ဂူဗိမာန်ကို ဝင်ခွင့်မပေးတော့သည့်အတွက် အများသူငါ သွားရောက်ဂါရဝပြုခွင့်မရသည်မှာ နှစ်ပေါင်း ၂ဝ ကျော်ပြီဖြစ်သည်။ စာပေလက်ရာများတွင် ‘တို့ဗမာ ဝတ်ရွတ်စဉ်’ ဘာသာရေးစာအုပ်မှလွဲ၍ အခြားစာအုပ်များ ပြန်လည်ထုတ်ဝေနိုင်ခြင်း မရှိချေ။
=======================================
ကျောင်းသားများထံသို့--
ရေးသူ-သခင်ကိုယ်တော်မှိုင်း
ဆရာဟာ အသက် ၁၃ နှစ်သားလောက်ကဘဲ ၀ံသာနုစိတ်ဓာတ် ၀င်စားလာခဲ့တယ်။ မန္တလေးမြို့-မြတောင်တိုက်တွင်၊ စာသင်စဉ် ၁၀ နှစ်သားလောက်က သီပေါဘုရင် အင်္ဂလိပ် ဘမ်းသွားတာကို မြင်ခဲ့ရသဖြင့်၊ အလွန်အကြူး ၀မ်းနည်းခဲ့တယ်။ ဗမာဘုရင်ကို ဘမ်းသွားပုံ ဟာ ကြက်ဘမ်း၊ ဘမ်းသကဲ့သို့ ဖြစ်သဖြင့်၊ မကျေမနပ် ဖြစ်ခဲ့တယ်။ ခလေးပင် ဖြစ်သော်လည်း တိရစ္ဆာန်လောက်မှ မလွတ်လပ်ပါကလားလို့- စဥ်းစားမိခဲ့တယ်။ ဒုလ္လဘတရားဖြစ်သော အလွန်တရာမှ ရခဲတဲ့ လူ့မနုဿဘ၀ကို ရနေသော်လည်း၊ နွား-ကျီးလောက်တောင် နေရာမကျဘူး။ တိရစ္ဆာန်ဘုံကိုကြည့်။ စာကလေးဟာ၊ လက်မလောက်ပဲ ငယ်သော်လဲ-လင်းဋဟာ-စာက လေးပေါ်တွင်၊ ဘုရင်မလုပ်နိုင်။ ခြေလေးချောင်း သတ္တ၀ါများကို ကြည့်ဦး။ နွားတို့ မည်သည် ထားရာနေတယ်။ စိတ် သဘော နူးညံ့အောက်ကျတယ်၊ ခြေလေးချောင်း ရှိတဲ့ နွားဟာ-သတ္တိမရှိပင် ဖြစ်လင့်ကစား ပါးစပ်ပြဲသောကျားသည်၊ နွားအုပ်ကြီးထဲကို မ၀င်ရဲဘူး။ဒီတရားတွေဟာ၊ သဘာဝနိယာမ တရားအတိုင်းဘဲ။ ငရဲတို့ တိရစ္ဆာန်တို့-ကာမဘုံတို့ သုဂတိလားတယ်တို့ ဆိုတာတွေဟာ၊ ကံအားလျော်စွာ နေကြဘို့ ထိုင်ကြဘို့ဘဲ။ သဘာဝအတိုင်း ဖြစ်ကြတာဘဲ။ ငရဲသားဟာ ငရဲမှာဘဲ နေနိုင်တယ်။ ဗြဟ္မာ၂၀ကို မတက်နိုင်ဘူး။
အီတလီတို့-အင်္ဂလိပ်တို့ လိုက်ပီး ဓမြတိုက်နေကြတယ် ဆိုတာတွေဟာ၊ ရှေးတုံးက ဗမာ တွေ လုပ်ခဲ့သလိုဘဲ။
အခုအခါမှာ၊ ကျုပ်တို့တတွေဟာ၊ အင်္ဂလိပ်ချဲ့တဲ့ စနစ်ထဲ ရောက်နေကြတယ်။ ဘာနဲ့ တူသလဲဆိုတော့၊ လယ်သမား လက်အောက် ရောက်တဲ့ နွားနဲ့ တူနေကြတယ်။
အခုတော့-တို့တတွေ ကျွန်ဖြစ်နေတော့ အုပ်ချုပ်ရေး တောင်းကြတယ်။ လွတ်လပ်ရေး လိုချင်တယ် ပြောကြတယ်။
ဒါပေမဲ့၊ ရှေးတုံးက ကျုပ်တို့တတွေလဲ နိုင်ငံချဲ့ခဲ့တာပဲ။ အာသံတို့၊ မဏိပူရတို့၊ အက်ဂဘတ် တို့၊ ဆေးဂုတို့ဆိုတာတွေဟာ၊ကျုပ်တို့ အင်ပိုင်ယာ အပါအ၀င်တွေဘဲ။ အဲတာဘဲ ကြည့်တော့။ မှန်ကင်းတလှဲ့ ထင်းတလှဲ့တွေဘဲ။ ၀မ်းနည်းဘွယ် ဘာမှ မရှိဘူး။ အင်္ဂလိပ်တွေလဲ ကျွန်ဘ၀က တက်လာတာဘဲ။ ရှေးတုံးက၊ ဒင်းတို့တတွေဟာ၊ ရောမ လူမျိုးတွေအောက် ပြားပြားဝပ်နေခဲ့ရ တာဘဲ။ ရောမတိုင်းပြည်ကို၊ လူရိုင်းတွေ ၀င်တော့မှ၊ အင်္ဂလိပ်လူမျိုးတွေကို၊ ရောမလူမျိုးတွေက "မင်းတို့ဟာ၊ မင်းတို့လုပ်ကြတော့၊ ငါတို့ တော့မတတ်နိုင်ဘူး" ဆိုပြီး၊ ပစ်ပြေးကြတာဘဲ။ အဲဒီတော့မှ အင်္ဂလိပ်တွေ လွတ်လပ်ရေးကို၊ အချောင်ရကြတာဘဲ။ သတ္တိကြောင့် မဟုတ်ဘူး။ လူရယ်လို့ ဖြစ်လာရင် လွတ်လပ်ခြင်း မရတာဟာ၊ ဒုက္ခအကြီးဆုံးဘဲ။ လောကီဘက်လုပ်ရင်၊ လောကုတ္တရာနဲ့ ဆန့်ကျင်ဘက်ပါကလားဆိုတာ ရိပ်မိတယ်။ ဦးပုညရေးတဲ့ စာတခုရှိတယ်။ ၀ိဇယဇာတ်ထဲမှာလား သေသေချာချာတော့ မမှတ်မိဘူး။ အဲဒီအထဲမှာ- ၀ိဇယမင်းသားကို ပင်လယ်မျှောတဲ့အခမ်းမှာ ထင်တယ်။ "ဘုရားအကြိုက်၊ တရားလိုက်လျင်လဲ လူ၌ အရေးညံ့ တတ်သည်" လို့ ဆိုတယ်။ လောကုတ္တရာတရား လိုက်အား ကြီးတော့လဲ လောကီမှာ ဓမ္မနောက်ပိတ်ခွေး ဖြစ်တတ် တယ်။ လောကုတ္တရားက ဘယ်လိုဆို သလဲ ဆိုတော့ သည်းခံရင် မြတ်တယ်တဲ့။ ခေါင်းခြေထောက်နဲ့ ကန် ရင်လဲ ခံရမယ်တဲ့။ ဒါမှ နိဗ္ဗာန်ရမယ်တဲ့။ ခေတ်သမယ အားလျော်စွာဆိုရင်၊ ကျုပ်တို့တတွေဟာ လောင်းရိပ်မိနေကြတယ်။ တခြားမကြည့်နဲ့ တက္ကသိုလ်ဟာ တကဲ့ပညာ တွေ သင်ကြားပေးဘို့ ဆိုပေတယ်လို့၊ တက္ကသိုလ် က ပညာ တတ်တွေဟာ၊ လူရာမ၀င်နိုင်ပါဘူး။ ခိုင်းစားဘို့ သင်ပေးတာဘဲ။ အင်္ဂလိပ်က ခိုင်းစားဘို့ဘဲ။ အလွန်ဆုံးဖြစ်၊ ငါးထောင်စားဘဲ။ ငါးထောင်စားခေါင်းဆောင် ဘာကောင်တွေက၊ အင်မတန် ကြီးကျယ်ကြတယ်။ ဘာနဲ့တူ သလဲ ဆိုတော့ လယ်သမားတွေနဲ့ အင်မ တန်တူတယ်။လယ်ရှင်တွေက-လယ်သမားကို "မင်းငါ့လယ် ထွန်-စပါး ၂၀ ပေးမယ်" ဆိုတာလိုဘဲ။ ဒီကောင်တွေ-ခိုင်းတာ လုပ် နေကြရတာဘဲ။ခွေးမသားခေါင်းဆောင်တွေ ယောင်တောင်-ပေါင်တောင်နဲ့။ အားပြိုင်ကြ-ဆဲကြတယ်။ ကျုပ်တို့ နားလယ်တာ တော့ စားကျက်လုနေတာ တွေ့ရတာဘဲ။ ပြောတော့ ဥပဒေပြုအမတ်တဲ့၊ ၅၀၀၀ိ စား အကောင်တွေ ဘာမှ မလုပ်နိုင်ဘူး။ သူတို့တတွေ- အရက်တွေမူးပြီး ဆဲတာတွေတော့ ပုလိပ်ကမဖမ်းဘူး။ တချို့ အကောင်တွေ လဲ-ညီလာခံသဘင်ဆိုတဲ့ ဥပဒေပြု လွှတ်တော်အစည်းအဝေး အပျော် လာကြတာဘဲ။ တချို့ကောင်တွေ- ပုလင်းပိုက်ပြီး ငိုက်နေကြတာဘဲ။ "၀ုံးဝုံး" ဆိုပြီး လက်ခုတ်တီးမှ နိုးကြတာဘဲ။ ဟိုတုံးက အခု ငါးပွင့်ဆိုင်ခေါင်းဆောင်ဆိုတဲ့၊ ဘဖေတို့၊ အခုသစ်တောရေးဝန်ကြီးချုပ် ဖြစ်နေတဲ့-မောင်ပုတို့၊ ထွန်းရှိန် တို့ပေါ့။ အင်္ဂလန်ပြည်သွားပြီး ဟုမ္မရူးတောင်းကြတယ်။ ကျုပ်ကတော့- ဒီဟာမျိုးတွေဟာ တောင်းတိုင်းပေးတာမျိုး မဟုတ်ဘူးလို့ စဉ်းစားမိတယ်။ ကျုပ်တို့လဲ ကြည့်ပါလား-အာသံတို့ မဏိပူရတို့ ဆိုတဲ့ နယ်တွေကို သာသာကြည်ကြည် ပြန်ပေးခဲ့တာမှ မဟုတ်ဘဲ။ အင်္ဂလန်ပြည်ဆိုတာလဲ- ဘာမှ ရှိတာမဟုတ်ဘူး။ ဆားတို့ မီးသွေးတို့လောက်သာ ရှိတာ။ ခွေးမသားတွေ အူခြောက်နေတာ။ သူတို့တတွေ-မိုင်ပေါင်း ခုနှစ်ထောင်ကျော်ကလာတာ ငတ်လို့ပေါ့။ ဟိုတုံးက-ယိုဒယားတို့ ဘာတို့ဆိုတာ သွားတိုက်ခဲ့ရတာဘဲ။ အခုလဲ အင်္ဂလိပ်က မတားရင်၊ ယိုးဒယားလောက်တော့ တို့ခြေ အောက် ရောက်သေးရဲ့ ရသေးရဲ့ ထင်တယ်။ အဲဒီ တိုက်စဉ်တုံးကတော့-အခုလိုမဟုတ်ဘူး။ ရှင်ဘုရင်ကို မိပီဆိုရင် " နန်းကိုစိုးချင်သေး လား။ စိုးချင်ရင် သစ္စာပြု၊ သစ္စာရေသောက်၊ သမီးကညာဆက်၊ ရွှေပန်း-ငွေပန်းဆက်၊ အဆောင်တွေ-ဘာတွေဖြုတ်ချ။ တို့ဗမာမင်းက-ထီး ၈ စင်း ဆောင်း တယ်၊ မင်းတို့ လေးစင်းသာ ဆောင်း" ဒါလောက်လုပ်တာဘဲ။အင်းဝကို ယိုးဒယားက ဆက်သရတယ်ဆိုတာလဲ ဆင် ၃-၄ ကောင် လောက်ပဲ။
ရွှေဆိုလဲ ၁ ပိဿာ ၂ ပိဿာလောက် ဆက်ရတာဘဲ။ သ္မီးကညာ ဆက်တယ်ဆိုတာကတော့ ကျုပ်တို့ ဗမာဘုရင်တွေ ဂွကျတာဘဲ။ မိန်းမတွေ သိတ်များတာဘဲ။ သူ့ခေတ်နဲ့သူမို့ ယူရတာဘဲ။ စစ်တိုက်ရတာ သိတ်မလွယ်ဘူး။ ပင်လယ်ခရီးက လှေနဲ့ သွားရတယ်ဆိုရင်လဲ၊ လေထဲ လှိုင်းထဲ လှေပါသွားတာမျိုးဘဲ။ တခါတလေ-ယိုးဒယားက သူပုန်ထတယ်ဆိုရင် အင်းဝက ၃လ လောက်ကြာမှ ကြားရတာ ဘဲ။ အဲဒီတော့လဲ သူတို့ရဲ သ္မီးကညာဟာ ဗမာဘုရင်ရဲ့ မိဖုယားဖြစ်နေရင်၊ တော်ရုံတန်ရုံနဲ့ သူပုန်မထ၀ံ့ဘူးပေါ့။ သ္မီးမျက်နှာ ထောက် ထားနေရသေးတာကိုး။ အဆုံးကျတော့ သ္မီးကညာ ဆိုတာ ဒဇာခံပေါ့လေ။ ကျုပ်တို့ တောစွန် တောင်ကြားက အသက် ၂၀-၂၂ နှစ်လောက် ရန်ကုန်ရောက်လာတယ်။ ဂျီ-စီ-ဘီ-အေ အသင်းတွေကလဲ ပေါ်လာတော့ တအားတက်မိတယ်။
အသင်းအစည်းအဝေးတွေတော့ သွားမတက်ပါဘူး၊ စိတ်ကိုကလဲ တယ်ဟန်မယ် မထင်ပါဘူး။ ခေါင်းဆောင်မဲ့ အကောင်တွေ ကြည့်ရတာလဲ၊ တယ်အားရစရာ မကောင်းပါဘူး။ ယောက်ျားမပီသတဲ့ ကောင်တွေသာ များတာဘဲ။ မျက်နှာသနပ်ခါးတွေနဲ့။ ဗိုလ်ကတော်စိတ် ပေါက်နေတဲ့ ကောင်တွေဘဲ။ ဘာ-ညာဆိုတဲ့အကောင်တွေက သိတ်များနေတော့၊ ကျုပ်တို့လဲ ရှော့နေကြတာဘဲ။
နောက်ဆုံးရေးတဲ့ ခွေးဂဏ္ဌိဆိုတဲ့ ကျမ်းဟာ-အခုလက်ရှိ ခေါင်းဆောင်တွေဟာ-ဘုန်းကြီးကျောင်းက ခွေးတွေနဲ့ တူတဲ့အကြောင်း ဘဲ။ အဲဒီလိုနဲ့နေရင်း သခင်ကလေးတွေ ပေါ်လာတယ်။ အလကား တွေ့ကရာ ရှောက်ဆဲနေတဲ့ ကောင်ကလေးတွေဘဲလို့ အမှတ် ထား တယ်။ဒါနဲ့ ဗစိန်တို့၊ ဘလူတို့ ထောင်တဖုတ်ဖုတ်ကျနေတာ တွေ့ရတော့ အင်း အသင့်အတင့် တော့ ဟန်လာပြီ။ စိတ်ဓါတ်တွေ ပြောင်းနေတယ်ဆိုတာ စဉ်းစားမိတဲ့...။
လွန်ခဲ့တဲ့ ခွေးမသား ခေါင်းဆောင်တွေ၊ လွတ်လပ်အောင် လုပ်တဲ့နည်းလမ်း မတွေ့လို့ဘဲ။ ဘာမဆို ကြိုးစားရင် ရမှာဘဲ။ ဘုရားဆုတောင် တောင်းရင်ရတာဘဲ။ ဇွဲကြီးကြီးနဲ့သာ လုပ်ဘို့ လိုတာဘဲ။ ကာလဒေသ ပယောဂကို ကြည့်ပြန်တော့၊ လူကောင်းသူကောင်းခေတ် ရောက်ပြီဆိုတာ သိတယ် ဒါကြောင့်မို့လို့လဲ သခင်နာမယ်ယူပြီး၊ ရေနံချောင်းကွန်ဖရင့် လိုက်ပီး ကူခဲ့တာဘဲ။ လူငယ်တွေနဲ့ ပေါင်းပြီး မသေခင်-တပွဲတလမ်း စမ်းချင်တာပါဘဲ။ နောက်က-လူကြီးတွေ လုပ်ကြတာက၊ ကိုယ့်ခေါင်းဆောင် မကောင်းမှန်းသိရက်နဲ့၊ တချို့က ကြည်ညိုနေကြတုံးဘဲ။ တည်မိတဲ့ ဘုရားတော့ ဠင်းတဘဲနားနားဆိုပီး၊ သဘောထားကြတယ် ထင်တယ်။ တခြားမကြည့်နဲ့လေ။ စားကျက်မရခင်-နိုင်ငံရေးလုပ်ကြတာဘဲ၊ အမ်အေ ဦးသိန်းမောင်တို့ များဆိုရင် အဲဒီ [ဆွဲချ] ဆိုတဲ့ ရာထူးရနေတဲ့ ဦးသိန်းမောင်ပေါ့။ ၁၀၀၀ိ-စား ကစတယ်ဆိုရင်ဘဲ ပုသိန်သားတွေ ရင်ဘတ်ကို ခြေကန်ထွက်တာဘဲ။ နိုင်ငံရေးဟာ ကုသိုလ်တပဲ-ငရဲတပိဿာ ဆိုပြီး၊ အခုတော့ ငရဲတပိဿာဘဲ လုပ်နေတာဘဲ။ ဝေဿန္တရာဇာတ်မှာ ကြည့်ပါလား။ တောထွက်တဲ့ ပါရမီ မထဲ့ခဲ့ဘူး။ ဘာကြောင့်လဲ။ သဒ္ဓါကြောင့် မဟုတ်ဘူး။ တိုင်းပြည်က ဝေဿန္တရာကို ဆင်ဖြူတော် လှူပစ်ရမလားဆိုပြီး အလိုမရှိတာနဲ့ ထွက်ရတာဘဲ။ ဟိုတုံးကလဲ ဒီမိုကရေစီခေတ်နဲ့ဘဲတူတယ်။ နိုင်ငံကို ဖြုန်းတီး အောင် လုပ်တဲ့ ရှင်ဘုရင်၊ အသုံးကြီးတဲ့ ရှင်ဘုရင်ဆိုပြီး နှင်ထုတ်ပြစ်တာဘဲ။
ကျောင်းသားတွေဟာ အမှန်အားဖြင့်၊ နိုင်ငံရေးနဲ့ မသက်ဆိုင်သော်လဲ၊ သူတို့ကို ကြည့်ပီး ကျုပ်က သိတ်အားရတာဘဲ။ ဘာပြုလို့လဲ။ သူတို့တတွေက တိုင်းပြည်ဘက်က ပါနေတာကိုး။ အစိုးရကဆိုလဲ သူတို့ကို လူဆိုးစာရင်းထဲ သွင်းထားတာဘဲ။
ကျုပ်တို့ နယ်လှဲ့တရားဟောရင်းနဲ့ ရှေးအဖိုးကြီးတယောက်နဲ့ တွေ့တယ်။ သူက 'ဘဲ့နယ် ယောဂီဆရာမှိုင်း ဆရာမှိုင်းနဲ့ ဆိုပီး၊ မိုးညှင်းယောဂီနဲ့လဲ မတူပါလားလို့ မေးတယ်' ဘယ်တူမလဲ၊ ကျုပ်တို့က သခင်ဖြစ်ချင်တဲ့ ယောဂီဘဲ။ ကျုပ်တို့တတွေ နိဗ္ဗာန်ရောက် အောင် ကြိုးစားနေကြတာဘဲ။ မိုးညှင်းဆရာတော်ကြီးကို ပင့်ဖိတ်ပြီး တရားဟောတာလဲ နိဗ္ဗာန် လိုချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ချင်လို့ဘဲ။ တပြည်လုံး နိဗ္ဗာန်ရောက်ကြရင်လဲ ကောင်း သားဘဲ။ မိုးညှင်းဆရာတော်ကြီးကတော့၊ တပြည်လုံးက လူတွေ သည်းခံတတ်တဲ့ တရားရှိ အောင်၊ ဆင်းရဲတဲ့ဘ၀နဲ့ တင်းတိမ်နေနိုင်အောင်၊ ကြေနပ်နေအောင် ဟောတာနဲ့တူတယ်။ နိဗ္ဗာန်ကို ကျုပ်တို့ကတော့ မရောက်နိုင် သေးတာနဲ့ မသွားချင်သေးဘူးလို့ ပြန်ပြောခဲ့တယ်။ ကျောင်းသားတွေက ကျုပ်ကို မဖိတ်ပေမဲ့-လာချင်နေတာ-ကြာလှပြီ။ ကျောင်းသားတွေက အလံတောင်ပေါ်ကနေပီး ဖိတ်ရင် တောင် လာမှာဘဲ။ အမှန်မှာဆိုတော့ အလုပ်လုပ်တယ်ဆိုတာ သမ္ပတ္တိခေတ်၊ ၀ိပ္ပတ္တိခေတ် ကြည့်လုပ်ကြ ဆိုဘဲ။ ခွေးမသားတွေ မကောင်းလို့ ကျုပ်တို့တတွေ ယောင်ချာချာနေရတယ်။ အဲဒီ ရှေးခေါင်း ဆောင်တွေ၊ ဘိလပ်ပြန်တွေ ခွေးမသား တွေ အကြောင်းပြောတော့ ပုဂံ-ငသယောက်က အကောင်တွေ စဉ်းစားမိတယ်။ ဒီကောင်တွေက အလကားကောင်တွေ၊ လက်ကြောတင်းအောင် မလုပ်ချင်။ အမှန်ကတော့ မြို့မှာနေတာ လူညာတွေဘဲ။ ဘော်ကြော့နေချင်ကြတာဘဲ။ ဒါနဲ့ ခုနင်ကပြောတဲ့ ပုဂံငသယောက်က၊ လူပျင်းတွေ-ရွှေမြို့တော် အင်းဝတက်ပြီး၊ အလုပ်ရှာကြတာကိုး။ ထီးတော်မိုးလိုလို၊ အိပ်ဖန်စောင့်လိုလို။ အိပ်ဖန်တော်စောင့် ဆိုတာ ဒရ၀မ်ဘဲ။ ဒီကောင်တွေ ဘာလုပ်သလဲ သိလား။ လှေခါးရင်းကစောင့်-ခွေးလိုစင်းပြီး တငိုက်ငိုက်နဲ့ စောင့်ကြတာပေါ့။
ဒါနဲ့ တနေ့ကြတော့ ရွာပြန်ကြမှာကိုး။ သူတို့က လှေသမားတွေကို ပြောလိုက်တယ်။ [ငသယောက်။ တူရွင်းတိုင်သားတို့-ငါတို့ တန်ခူးလဆန်း ၆ရက်နေ့ ပြန်မယ်] လို့မှာလိုက်သတဲ့။
ရွာရောက်တော့ ရွာသားတွေက ဝေါနဲ့ ယဉ်နဲ့ ဆီးကြိုကြသတဲ့။
တောကလူတွေက ရှင်ဘုရင်အကြောင်း သိချင်လို့ မေးကြသတဲ့။ "တို့တော့ သူငယ်ချင်း-ရုပ်သေးထဲက ရှင်ဘုရင်သာမြင်ဘူး တယ်။ အရုပ်ထဲကလို ချွန်သလား" မေးတယ်။
"ဟာ သိပ်ချွန်တာဘဲလို့ ဖြေလိုက်သတဲ့"
"ရှင်ဘုရင့်အသက် တို့လက်ထဲမှာ" လို့ပြောသတဲ့။
ရှင်ဘုရင့်နား အိပ်ရတာ-ဂျပိုးသိတ်ကိုက်တာဘဲတဲ့ ပြောကြသေးတယ်။
ရှင်ဘုရင်ဆိုလို့ တခါမှ မြင်ဘူးတာ မဟုတ်ဘူး။ ခွေးမသားတွေ ဒီလီကိတ်တွေလဲ ဒီအတိုင်းဘဲ။ ဘိလပ်နန်းတော်ရင်းက ပြန်လာကြ တဲ့ အကောင်တွေဘဲ။
အခုကာလ ကျောင်းသားတွေရဲ ပါးစပ်ဟာ အင်မတန်စူးတယ်။ ဟိုတခါ သတင်းစာထဲ ဖတ်လိုက်ရတယ်။ ဗမာပြည်က ခေါင်း ဆောင် တွေဟာ ကိုယ့်ကိုယ်ကို သတ်သေသင့်တယ်လို့ စကားပြောပြိုင်ပွဲတခု ဆုံးဖြတ်လိုက်တယ်။
အဲဒီလို ဖြစ်ပီးလို့မှ မကြာခင် ထိပ်တင်ဝဟာ ကိုယ့်ကိုယ်ကို သတ်သေတယ် ကြားရတာဘဲ။ ထိပ်တင်ဝဟာ ငါးပွင့်ဆိုင်ရဲ့ ဘုရား ပေါ့။ တိုင်းပြည်က သာကီဝင် တောင့်တတော့ ထိပ်တင်ဝ ဘမ်းပြပြီး ဒီကောင်တွေ အလုပ်လုပ်ကြတာဘဲ။ ဘုရားလဲပီး ငြမ်းလဲ ကန်ချ ဆိုတာလို ထိပ်တင်ဝလဲ နိုင်ငံရေးစွန့်ပြီး လယ်သွားထွန်နေတာဘဲ။ မကြာခင် ကိုယ့်ဟာကို သေနပ်နဲ့ ပစ်သတ် သေတာဘဲ။ အဲဒါဟာ ဘမ်းပြ လမ်းပြဘဲ။
အဲဒီတော့ ကျောင်းသားတွေဟာ ဘယ်လောက် တံခိုးရှိတယ် ဆိုတာဘဲ ကြည့်တော့။ ယခု ကျောင်းသားတွေဟာလဲ စုရုံးမိကြပီ၊ တိုင်းပြည်ရဲ့ အကျိုးရှိမဲ့ အလုပ်တွေသာ လုပ်ကြပေတော့။ ကျုပ်တို့တော့ ဒီညီလာခံသဘင် အောင်ဘို့ ဆုတောင်းတာဘဲ။
[ဤမိန့်ခွန်းကို သခင်ကိုယ်တော်မှိုင်းကိုယ်တိုင် ပြန်လည်ဘတ်ရှု ပြင်ဆင်ပြီးမှ ပုံနှိပ်ပါသည်။]
[အောက်ပါတို့သည် ဗမာနိုင်ငံလုံးဆိုင်ကျောင်းသားများ၏ ပုသိန် ညီလာခံသဘင်ကို၊ ဖွင့် လှစ်စဉ်က သခင် ကိုယ်တော်မှိုင်း မိန့်ဆို ချက်များဖြစ်သည်။ နဂါးနီတိုက်ထုတ် 'ဗမာ့အရေး' စာအုပ်၊ ပထမတွဲ၊ က ကူးယူဖော်ပြပါတယ်။ မူရင်းရသာ မပျက်အောင် စာလုံးပေါင်း ကအစ မူရင်းအတိုင်း ကူးယူဖော်ပြပါတယ်။]
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် တရားသူကြီးဦးမြင့်စိုးမှ လာဘ်စား၍ အမိန့်ချမှတ်မှုအပေါ် ကျေးရွာသူ ရွာသားများမှ မတရားမှု ပပျောက်ရေး လှုပ်ရှားမှုနှင့် ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးစာ...
http://www.demowaiyan.org/2012/07/blog-post_22.html
ယနေ့ ဒီမိုဝေယံသို့ ပေးပို့လာတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်မှ တရားသူကြီးဦးမြင့်စိုး၏ လာဘ်စားမှုအပေါ် မကျေနပ်သူ ပြည်သူများမှ မတရားမှု ပပျောက်ရေး လှုပ်ရှားမှု (အကျင့်ပျက် လာဘ်စားမှုတွေ ပြည့်နေတဲ့ တရားရေးမဏ္ဍိုင်) အကြောင်းပေးစာကို ဖော်ပြလိုက်ပါတယ်..။
သို့
ဝန်ကြီးချုပ် ဦးသာအေး
စစ်ကိုင်းဒေသကြီး အစိုးရ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
အကြောင်းအရာ။ ။ ၂၉၊၃၊၂၀၁၂ ရက်နေ့တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနကားနှင့် အရပ်သား ထော်လာဂျီကားတို့ ယာဉ်တိုက်မှု ဖြစ်စဉ်အား တရားသူကြီး၏ ဆုံးဖြတ်ချက်ကို တရားမျှတမှုမရှိ၍ တိုင်ကြားခြင်း။
အထက်ပါ အကြောင်းရာပါကိစ္စနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အပိုင် တရော်ကျင်းရွာ ရေကျော်အလွန်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ယာဉ်မောင်း ဦးရန်အောင်လင်းသည် ယာဉ်အမှတ် ၄ခ/၂၂၅၂ ကို အရက်သေစာ သောက်စားပြီး မဆင်မခြင် မောင်းနှင်လာစဉ် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ သပြေအေးရွာမှ ထော်လာဂျီအား ပြင်းထန်စွာ ဝင်တိုက်မိရာ သပြေအေးရွာမှ မောင်တင်ဝင်းပိုနှင့် ကနီမြို့နယ် မိုးကောင်းရွာမှ မကြည်မြ တို့မှာ နေရာတွင်ပင်ပွဲချင်းပြီး သေဆုံး သွားခဲ့ကြပါသည်။ ၎င်းအပြင် သပြေအေး ရွာသားများဖြစ်ကြသော မောင်ဖြိုးဝေထွန်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး နံရိုးလေးချောင်း ကျိုးသွားခဲ့ပါသည်။
ထော်လာဂျီမောင်းသူ မောင်ဖိုးဇော်မှာ ညာဘက်ပေါင်ကျိုးပြီး အသည်းအက်ကာ မောင်ခင်မောင်သည်လည်း ပြင်းထန်သော ဒဏ်ရာများ ဖြင့် ဆေးရုံသို့ ချက်ခြင်းတက်ရောက် ကုသခဲ့ရပါသည်။ ထိုသို့ဖြစ်ပွားပြီးနောက် ချောင်းမရဲစခန်းမှ စခန်မှူး ဦးတင်အောင်မိုး ရောက်ရှိလာကာ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ပါသည်။ ၄င်းနောက် ကနီမြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ပါသည်။ ထိုသို့တရားစွဲဆိုစဉ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ ကလေးဝလမ်းပိုင်း အပိုင်မှ ဦးကျော်စွာမြင့်သည် အမှုကို ကျေအေးစေရန် စစ်ကိုင်းတွင် တစ်ကြိမ်၊ မုံရွာတွင်နှစ်ကြိမ် ညှိုနှိုင်းခဲ့ပါသည်။ နစ်နာကြေးအနေဖြင့် (၄၂)လေးဆယ့်နှစ်သိန်း ပေးမည်ဟုလည်း နှုတ်ကတိဖြင့် ပြောခဲ့ပါသည်။ သို့သော် ထိုကတိကို လုံးဝ ထိန်းသိမ်းခြင်း မရှိပါ။
ကနီမြို့နယ်တရားရုံးမှလည်း အကြိမ်ကြိမ် ရုံးချိန်းဆင့်ခေါ်၍ ကာယကံရှင်များက သွားရောက် ပါသော်လည်း အကြိမ်များစွာ စစ်ဆေး ခြင်း မပြုဘဲ ပြန်လွှတ်ခဲ့ပါသည်။ နောက်ဆုံးတွင် ကနီမြို့နယ် တရားသူကြီး ဦးမြင့်စိုးသည် (၁၆၊၇၊၂၀၁၂) ရက်နေ့တွင် တဘက်သတ် ဆန်သော အမိန့်ကို ချမှတ်ခဲ့ပါသည်။ ထော်လာဂျီမောင်းနှင်သူ မောင်ဖိုးဇော်ကို ထောင်ဒဏ်သုံးနှစ်ချမည် အကယ်၍ တစ်နှစ်သာ ကျခံစေလိုပါက ငွေငါးသိန်း ပေးရမည်ဟု သိက္ခာမဲ့စွာ တောင်းခဲ့ပါသည်။ ကာယကံရှင်များသည် ဆင်းရဲနွမ်းပါး လှသည့်အတွက် သူတစ်ပါး ဆိုင်ကယ်ကို ငှါးရမ်း၍ ပေါင်နှံပြီး ၎င်းငွေကို ပေးခဲ့ရပါသည်။
သောက်စားမူးယစ်၍ မဆင်မခြင်မောင်းနှင်လာသည့်အတွက် လူ နှစ်ဦးပွဲချင်းပြီး သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာ ရစေခဲ့သော ယာဉ်မောင်း ဦးရန်အောင်လင်းမှာမူ (၉) ကိုးလသာ ထောင်ဒဏ်ကျစေခဲ့ပါသည်။ ထိုကဲ့သို့ တရားသူကြီး၏ မလျှော်ကန်စွာ ဆုံးဖြတ်မှုကို မကျေနပ်သည့် အတွက် သပြေအေးရွာသူ ရွာသားများ၊ မိုးကောင်းရွာသူ ရွာသားများ၊ တရော်ကျင်းရွာသူ ရွာသားများစုပေါင်း၍ တရော်ကျင်းရွာတွင် (၁၇၊ ၇၊၂၀၁၂) နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ ကြပါသည်။ ထိုသို့ဖြစ်ပွားစဉ် ယင်းမာပင်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်တို့ ရောက်ရှိလာပြီး ကာယကံရှင်များ၏ မကျေနပ်ချက်များကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ တိုက်ရိုက် တိုင်ကြားရန် လမ်းညွှန်ခဲ့သည့်အတွက် ယခုလို တိုင်ကြားရခြင်းဖြစ်ပါသည်။ သို့အတွက် ၀န်ကြီးချုပ်အနေနှင့် တရားမျှတမှုဖြစ်စေရေးအတွက် လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးပါရန် ကာယကံရှင်များနှင့် ရွာသူ၊ ရွာသားများက အထူးမေတ္တာ ရပ်ခံအပ်ပါသည်။
ကာယကံရှင်များနှင့် သက်ဆိုင်သူတို့၏ လက်မှတ်များ
ဦးကြည်မောင်၊ ဦးရွှေလှိုင်၊ ဦးသန်းမောင်၊ ဦးဌေးလင်း
ဦးခင်မောင်၊ ဦးတင်ဝင်းလှိုင်(ကားပိုင်ရှင်)၊ ဦးသောပါက(ရွာသူ ရွာသားများကိုယ်စား)
(နောက်ဆုံးရရှိတဲ့ သတင်းအရ မုံရွာ ခရိုင်တရားသူကြီးပါ သုံးဦးအဖွဲ့မှ အထက်ပါ ကိစ္စနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ကာ ယနေ့မှ စ၍ စစ်ဆေးနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။)
ဒီမိုဝေယံ
(ဓာတ်ပုံ) မတရားမှု ပပျောက်ရေး လှုပ်ရှားမှုမှ အရှင်သောပါက (ဝဲဘက်က ဆရာတော် အရှင်သောပါက Peace in Burma now မန္တလေးမဟာမြတ်မုနိ ဘုရားကြီးအတွင်း ငြိမ်းချမ်းရေး ဆန္ဒပြပွဲ ဖော်ထုတ်ခဲ့တဲ့ ဂျာမဏီ ဆရာတော် ဖြစ်ပါတယ်)အား ကျေးရွာသူ ရွာသားများနှင့်အတူ တွေ့ရစဉ်.
သတင်း၊ ဓာတ်ပုံများ ဘလော့ဂ်မှာ ဆက်လက် ကြည့်ရှုပါရန်.. http://www.demowaiyan.org/2012/07/blog-post_22.html
ဒီမိုဝေယံ
ပါတီကြီးတစ်ခုအနေဖြင့်မသင့်လျော်ပါ
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက် ၇၅လမ်း၊ ၃၃x၃၄ ကြား အတွင်း ပြည်ထောင်စုကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ် ကို စည်ပင်လမ်းနယ်နိမိတ်အတွင်း ဒူးကြားလမ်းအိမ်ရှေ့ လူများထင်သာမြင်သာနေရာတွင် ဖြစ်သလိုလာရောက်ထောင်သွားပါ
ပေးပို့ သူ Asteroid Czways
တူပါသတဲ့ ဗျာ ...
Khu Daun
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက်
ဒေါ်ခင်ကြည်ရဲ့ အရိပ်အဖြစ် သရုပ်ဆောင်ရန်
ရွေးချယ်ထားသူများအထဲမှ.... မဇာခြည်လင်း....။
http://www.facebook.com/photo.php?fbid=391938707520610&set=a.143887825659034.20874.100001134518299&type=1&theater
“ဇူလိုင်တမ်းချင်း”
“ဇူလိုင်တမ်းချင်း”
by Ye Yint Thet Zwe on Saturday, July 21, 2012 at 1:49pm ·
(တမ်းချင်း -၁)
ညဟာ
တိတ်ဆိတ်ငြိမ်သက်စွာ
အမှောင်ထဲမှာ သက်ဝင်လှုပ်ရှား
အရိပ်များ ရွေ့လျား
တီးတိုးရေရွတ်သံများ
နာကျင်ကြေကွဲသံများ
“ဘယ်တော့မှ အရှုံးမပေးဘူးကွ”
အံကြိတ်မာန်တင်းသံများ
သမဂ္ဂအဆောက်အဦ
အုတ်ပုံတွေကြားက
အုတ်ပုံတွေအောက်က
ပေတရာလမ်းမတွေအောက်က
ရာဇ၀င်မှာ မော်ကွန်းထိုးရမယ့်
အရိုးတွန်သံတွေ
နှစ်ငါးဆယ်လုံးလုံး
ဘယ်သူမှ မကြားကြဘူးလား
ဆဲဗင်းဇူလိုင်ဆိုတာ
ကျောင်းသားသမဂ္ဂရဲ့ သမိုင်းနိဂုံး
အဆုံးသတ်မဟုတ်တာ အသေအခြာ
တိုက်ပွဲခေါ်သံဟာ အဲဒီကစခဲ့တာဘဲ။
(တမ်းခြင်း နှစ်)
“ရာဇ၀င် အတ္ထုပ္ပတ္တိလည်း ရှိရမယ်
မော်ကွန်းလည်း ထိုးလောက်တယ်
မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်”
သီချင်းသံကို ကြားရတိုင်း
နှလုံးသွေးစက်
မျက်ရည်စက်လက် ဖြစ်ရတယ် ။
လွန်ခဲ့တဲ့
နှစ်ပေါင်းခြောက်ဆယ့်ငါးက
ဒီလို ကြေကွဲစရာ
အဖြစ်ဆိုးတွေနဲ့ ကြုံရလိမ့်မယ်လို့ 
ဘယ်သူကမှ ထင်ခဲ့ကြမှာမဟုတ်ဘူး
အသက် သုံးဆယ့်နှစ်နှစ်ဆိုတာ
လူ့ဘ၀ရဲ့ အားကောင်းဆဲအရွယ်မှာ
ကြွေလွင့်သွားခဲ့ရတဲ့ အာဇာနည်များနဲ့ အတူ
တိုင်းပြည်ရဲ့ ကံကြမ္မာပါ ရေစုံမျောခဲ့
ဗိုလ်ချုပ်တို့  ဖြစ်စေချင်တဲ့ တိုင်းပြည်မျိုး
ခင်ဗျားတို့ ကျနော်တို့  ခေတ်မှာ ဖြစ်ကိုဖြစ်ရမယ် ။
(တမ်းခြင်း - ၃ )
“ဆရာမသေခင် ဆရာတို့ တိုင်းပြည်ကြီးမှာ
တကယ့် လွတ်လပ်ရေးနဲ့  ငြိမ်းငြိမ်းချမ်းချမ်း
ညီညီညွတ်ညွတ် ဖြစ်တာကို မြင်သွားချင်တာပါဘဲ”။
ဒါဟာ .......
ငြိမ်းချမ်းရေးဖခင်ကြီး သခင်ကိုယ်တော်မှိုင်းရဲ့
နှလုံးသားထဲက လာတဲ့အသံဖြစ်တယ် ။
ခင်ဗျားတို့ ကျနော်တို့
ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးတုန်းကလဲ
တမ်းတမ်းတတ တိုင်တည်ကြတဲ့
“ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ”
အဲဒီလိုမျိုး တတိုင်းပြည်လုံးက
ရိုကျိုးရတဲ့ အဖိုး
ဆန္ဒနဲ့ဘ၀ တထပ်ထဲမကျခဲ့ရပဲ
သူချစ်တဲ့ တိုင်းပြည်ကြီးကို
ထာားသွားခဲ့တာ
ဟောဒီ ဇူလိုင်လပါပဲ ။
ကြေကွဲဘွယ်ဖြစ်ရပ်မှတ်တမ်း
ဇူလိုင်ရဲ့တမ်းချင်းမှာ
သူတို့ချစ်တဲ့ သူတို့ဖြစ်စေချင်တဲ့
လမ်းကိုဆက်ဖေါက်
လမ်းကိုဆက်လျှောက်
သွေးနဲသူတွေအတွက်
သမိုင်းမှာ နေရာမရှိဘူးဆိုတာယုံ ။
ရဲရင့်သက်ဇွဲ
ရိက္ခာ သိက္ခာ လိပ်ပြာ
လူ့ဘဝမှာ လူသားတစ်ဦးအဖြစ် မွေးဖွား လာခဲ့ရင် စား၊ဝတ်၊နေရေးဟာ အရေးအကြီး ဆုံးမရှိမဖြစ် လိုအပ်တဲ့ အရာတွေပါ။ တစ်နည်း ပြောရရင်လူသားတစ်ဦး အတွက် စား၊ဝတ်၊ နေရေးကို ဖန်တီးပေးနိုင်တဲ့၊ ဖြေရှင်းပေးနိုင် တဲ့ ငွေကြေးဟာ လူ့ဘဝမှာ မရှိမဖြစ်အရေး အကြီးဆုံးအရာဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါ ဘူး။ဒီငွေကြေးကို ရိက္ခာလို့တင်စားပြောချင် ပါတယ်။ ဒါပေမဲ့ လူသားတစ်ဦးရဲ့ ဘဝတစ် ခုကို သူ့ရဲ့ စား၊ ဝတ်၊ နေရေးအတွက်ငွေ ကြေးရိက္ခာကို ရှာဖွေစုဆောင်းရင်းနဲ့ပဲ ဘဝတစ်ခုကို သက်သက်ကုန်ဆုံးသွားစေ ခဲ့မယ်ဆိုရင်တော့ သူဟာ လူဖြစ်ကျိုးမနပ်သေး ပါဘူး။ဒီထက်ပိုဆိုးတာက ဒီရိက္ခာငွေကြေးရဖို့ အရေး
(၁)အရှက်အကြောက် ကင်းမဲ့သဖြင့်လည်းကောင်း
(၂)သူတစ်ပါးထံမှ ကျီးကန်းကဲ့သို့ လုယူရဲသဖြင့် လည်းကောင်း
(၃)သူတစ်ပါး ပျက်စီးအောင် ချောက်တွန်းသဖြင့်လည်းကောင်း
(၄)အခွင့်အလမ်း သာရာသို့ ပြေးဝင်သဖြင့် လည်းကောင်း
(၅)ဘယ်သူသေသေ ငတေမာရင် ပြီးရောဟု ရက်စက်သဖြင့် လည်းကောင်း
(၆)အကုသိုလ်နည်းလမ်းဖြင့်လည်းကောင်း
(ဓမ္မပဒ၁၈၊၆၊၂၄၄)
ငွေကြေးရရင်ပြီးရောဆိုပြီး ဒီနည်းလမ်း တွေနဲ့ရှာဖွေကြမယ် ဆိုရင်တော့ လူဖြစ်ကျိုး မနပ်ရုံမက လူဖြစ်ရှုံးကိုရှုံးပါတယ်။ လူရယ် လို့ ဖြစ်လာတဲ့ ဘဝတစ်ခုကို ငွေရရင်ပြီးရော ဆိုပြီး အရှုံးခံရင်း လူ့ဘဝတစ်ခုကို အရှုံးနဲ့ဖြုန်းတီးပစ် လိုက်တဲ့လူတွေ လူ့ဘဝမှာ အများကြီး ရှိခဲ့ပါတယ်။ ရှိနေပါတယ်၊ ရှိနေဦးမှာပါ။ဒါဟာ ရိက္ခာငွေကြေးကို အလွန်အမင်းဦးစားပေး ကြလို့ လူဖြစ်ကျိုးမနပ်တဲ့ဘဝတွေ၊လူဖြစ် ရှုံးကြရတဲ့ဘဝတွေရဲ့ အကြောင်းတရားတွေပါ။
သိက္ခာ
တချို့တချို့သော လူတွေကတော့ သိက္ခာ ကိုဦးစားပေး အရေးထားတတ်ကြပါတယ်။ သိက္ခာရှိဖို့၊ သိက္ခာတက်ဖို့၊ သိက္ခာမကျ ဖို့ကို အမြဲကြိုးစားလေ့ ရှိကြပါတယ်။လူ့ဘဝရဲ့ အရေးအကြီးဆုံး မရှိမဖြစ် လိုအပ်နေတဲ့ စား၊ ဝတ်၊နေရေး အတွက် ငွေကြေး ရိက္ခာကို ရှာဖွေ ရာမှာလည်း သိက္ခာကျစေမယ့် ရှာဖွေနည်းတွေ ကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ဖို့ ကြိုးစားဖြစ် ကြပါတယ်။ သိက္ခာရှိမယ်၊ သိက္ခာ တက်မယ် လို့ ယူဆရတဲ့အလုပ်တွေကို မိမိသိက္ခာရှိဖို့၊ သိက္ခာတက်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်ကိုင် ဖြစ်လာအောင် ကြိုးစားလေ့ ရှိကြပါတယ်။ ဒါပေမဲ့ လိုတာထက်ပိုပြီး သိက္ခာကို အလွန်အမင်း ဦးစားပေးအလေးထားလွန်းလာတဲ့ သူဟာ သူသိက္ခာတက်ဖို့အရေး သူ့မှာမရှိတဲ့ ဂုဏ်တွေကို ရှိချင်ဟန်ဆောင်တဲ့ သာဌေတွေကို ကျင့်သုံးလာ တတ်ပါတယ်။သူသိက္ခာမကျဖို့အရေး သူ့မှာ ရှိတဲ့ အပြစ်တွေကို ဖုံးကွယ်တဲ့ မာယာတွေကို ကျင့် သုံးလာတတ်ပါတယ်။ တကယ်တော့ သိက္ခာ ဆိုတာ ကိုယ့်ကိုချစ်ခင် လိုလားတဲ့သူတွေက ကိုယ့်ကို သိက္ခာတင်ပေး နိုင်သလို၊ကိုယ့်ကိုမလို မုန်းထားတဲ့သူတွေကလည်း ကိုယ့်ကိုသိက္ခာချ နိုင်တဲ့အရာမို့ လူ့ဘဝမှာ အားမကိုး လောက် တဲ့၊ မခိုင်မြဲတဲ့ အရာတစ်ခုပါ။ သူတစ်ပါးက ကိုယ့်ကိုတင်လို့၊ချလို့ရတဲ့သိက္ခာကို အလေး ဂရုထား လွန်းပြီး နေထိုင်နေမိတဲ့ လူတစ် ယောက်ရဲ့ ဘဝဟာလည်း လူဖြစ်ကျိုး မနပ် သေးပါဘူး။ သူတစ်ပါးရဲ့ အမြင်ပေါ်မှာ မှီခို နေရတဲ့ဘဝဟာ ခိုင်မာမှုမရှိ၊ လုံခြုံမှုမရှိ၊ လွတ်လပ်မှုမရှိတဲ့ဘဝပါ။ ဒါကြောင့် တစ်နည်း လူဖြစ်ရှုံးနေပါသေးတယ်။ ဒါဟာ သိက္ခာကို အလွန်အမင်း ဦးစားပေးကြလို့ လူဖြစ်ကျိုး မနပ်တဲ့၊ လူဖြစ်ရှုံးကြရတဲ့ ဘဝတွေရဲ့ အကြောင်းတရားပါ။
လိပ်ပြာ
တကယ်တော့လူ့ဘဝမှာ တကယ်အနှစ် ရှိတဲ့ အရေးအကြီးဆုံးအရာဟာ ကိုယ့်ရဲ့ စိတ်လိပ်ပြာသန့်စင်နေဖို့ပါပဲ။ မြတ်စွာဘုရား က မေတ္တသုတ်ထဲမှာဖြောင့်မတ်မှန်ကန်ဖို့၊ မိမိ ကိုယ်မိမိ မလိမ်မညာဘဲ ဖြောင့်မတ်မှန်ကန် နေဖို့ သုဇူစ၊ သုဟုဇူစဆိုပြီး နှစ်ထပ်နှစ်ခါ မှာကြား လမ်းညွှန်ခဲ့ပါတယ်။ ဟုတ်ပါတယ်။ သူ တစ်ပါးရဲ့ ပြစ်တင်ကဲ့ရဲ့မှုကိုကြောက်ရွံ့လို့၊ သူတစ်ပါးရဲ့ ချီးမွမ်းမြှောက်စားမှုကို လိုလား လို့ ဟန်ဆောင် သိက္ခာရှိဖို့ ကြိုးစားနေခြင်း ထက်၊ မိမိလုပ်ကိုင်ပြုမူ ပြောဆိုသမျှ အားလုံး ဟာ ဖြူစင်မြင့်မြတ်တဲ့ စိတ်အရင်းခံနဲ့ လုပ် ကိုင်ပြုမူပြောဆိုနေဖြစ်ဖို့က အရေးအကြီးဆုံး ပါ။
မိမိရရှိထားတဲ့ လူ့ဘဝတစ်ခုကို နေထိုင် ဖြတ်သန်းနေစဉ်တစ်လျှောက်မိမိပြုလုပ်သမျှ အလုပ်အားလုံးကို မြတ်စွာဘုရားရဲ့ အဆုံး အမ၊ တရားတော်တွေ အတိုင်း လိုက်နာလုပ်ကိုင် ဖြစ်နေကြစေဖို့ မကောင်းမှု အကုသိုလ် ဒု စရိုက်တွေကို ရှောင်ကြဉ်ရာမှာလည်း ကိုယ့် သိက္ခာ မကျရုံလေး ဟန်ဆောင်ပန်ဆောင် သာဌေလေး နဲ့ မရှောင်ကြဉ်ဘဲ စိတ်လိပ်ပြာ ထဲကကိုမနှစ်မြို့စက်ဆုပ်ရွံရှာလို့ လုံးဝမလုပ် အပ်တဲ့၊ရှောင်ကြဉ်အပ်တဲ့အရာတွေအဖြစ် နက်နက်ရှိုင်းရှိုင်း နားလည်လက်ခံပြီး ရှောင် ကြဉ်တာမျိုး ဖြစ်နေရမှာပါ။ကောင်းမှုကုသိုလ် သုစရိုက်များကို လုပ်ဆောင်ရာမှာလည်း ကိုယ့်သိက္ခာရှိရုံလေး၊ ကိုယ့်သိက္ခာတက် ရုံလေး ဟန်ဆောင်ပန်ဆောင် မာယာလေးနဲ့ မလုပ်ဆောင်ဘဲ၊ စိတ်လိပ်ပြာထဲကကို နှစ် သက်မြတ်နိုးလို့ လုပ်ကိုလုပ်ရမယ့်အရာတွေ အဖြစ် နက်နက်ရှိုင်းရှိုင်း နားလည် လက်ခံပြီး လုပ်ဆောင်တာမျိုးဖြစ်နေရမှာပါ။လူဆိုတာ သူတစ်ပါးကိုညာလို့ရပေမယ့်ကိုယ့်ကိုယ်ကိုယ် တော့လုံးဝ လိမ်ညာလို့မရပါဘူး။ လူ့လောက ကြီးမှာ ကိုယ်လုပ်သမျှ ကုသိုလ်အားလုံး၊ ကိုယ်ရှောင်ကြဉ်သမျှ အကုသိုလ်အားလုံး အတွက် ကိုယ့်ရဲ့စိတ်လိပ်ပြာ လုံခြုံကျေနပ် အားရပြီး နေရတဲ့ဘဝကသာ လူဖြစ်ကျိုးအနပ် ဆုံးဘဝပါ။
ရွှေဇီးကွက်
တနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲမယ့် ရှစ်လေးလုံးအခမ်းအနား မင်းကိုနိုင်ပြောကြား
ဒီကနေ့အခြေအနေဟာ ရှစ်လေးလုံး လူထုလှုပ်ရှားမှုမှာ ပြည်သူအားလုံး
ပါဝင်ခဲ့တဲ့ ရလဒ်၊ ပြည်သူတွေ တကယ်ညီညွတ်မယ် ဆိုရင် ဘာမဆို
ပြုပြင်ပြောင်းလဲလို့ရတယ်၊ သမိုင်းအသစ်ကို ပြည်သူတွေ ကျက်သရေရှိရှိ
ရေးထိုးလို့ရတယ်ဆိုတာ ရှစ်လေးလုံးက အခိုင်အမာ သက်သေပြခဲ့တယ် လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကပြောပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနား ကျင်းပရတဲ့ ရည်ရွယ်ချက်မှာ အညတရ အာဇာနည်တွေရဲ့အခန်းကဏ္ဍကို ဦးညွတ် ဂုဏ်ပြုဖို့၊ ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်တဲ့နေရာမှာ
နောက်ကြောင်းမလှည့်ဘဲ ရှေ့ကို အရှိန်အဟုန်ကောင်းကောင်းနဲ့ ချီတက်နိုင်ရေး အားလုံးပါဝင်နိုင်ဖို့ စတဲ့အချက်တွေ အဓိက ပါဝင်တယ်လို့ ကိုမင်းကိုနိုင်ကပြောပါတယ်။
ဒါအပြင် ရှစ်လေးလုံး အခမ်းအနားကို ငြိမ်းချမ်းစွာ ဆင်နွဲပြီး အမိုးအကာ
အောက်မှာ အေးချမ်းစွာအစီအစဉ်တွေကို ပြီးဆုံးအောင်ဆောင်ရွက်မှာ
ဖြစ်တယ်လို့ဆိုပါတယ်။
အာဏာပိုင်တွေဘက်ကလည်း ဒီမိုကရေစီ ကျင့်စဉ်ကို တကယ် လိုက်နာမယ် ဆိုရင် အခမ်းအနားကျင်းပ ခွင့်ပြုဖို့နဲ့ ပူးပေါင်း ပါဝင်ဖို့ပါ ကိုမင်းကိုနိုင်က ဖိတ်ခေါ်လိုက်ပါတယ်။
မအင်ကြင်းနိုင်ကဆက်သွယ်မေးမြန်းထားပါတယ်။
နောက်ကြည့်မှန်ဟာ အညတရပြည်သူတွေရဲ့ ကူညီပံပိုးမှုကို မှတ်တမ်းတင်ထားကြောင်း မင်းကိုနိုင်ပြော..
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကတည်းက ရေးသားခဲ့ပေမယ့် အခုမှ ထုတ်ဝေဖြန့်ချိခွင့် ရခဲ့တဲ့ နောက်ကြည့်မှန် လုံးချင်းဝတ္ထုဟာ စစ်အာဏာရှင် လွတ်မြောက်ရေး ကျောင်းသား လှုပ်ရှားမှုမှာ ပြည်သူတွေရဲ့ ကူညီပံပိုးမှု ကို မှတ်တမ်းတင်ထားတာ ဖြစ်တယ်လို့ စာရေးသူ ၈၈ မျိုးဆက်
ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။
“အဓိက ကျနော်ပြခဲ့တဲ့ အကြောင်းအရာကတော့ အညတရ ပြည်သူတွေ အကြောင်းဗျ၊ ကျောင်းသား လှုပ်ရှားမှုနဲ့ ဒီမိုကရေစီ အရေးတော်ပုံ တလျှောက်လုံး ပြည်သူတွေဟာ ဘယ်လိုပါဝင်ခဲ့တယ် ဆိုတာကို ကျနော် မှတ်တမ်းတင်ချင်တယ်။ သူတို့ရဲ့ အားပေးကူညီမှု မရှိဘဲ ကျောင်းသားတွေ မရပ်တည်နိုင်ဘူး ဆိုတာ ကျနော်ပြောချင်တယ်။ ကျနော် အမြဲပြောလေ့
ရှိတယ်။ ကျောင်းသားတွေဟာ ကျောင်းသား လှုပ်ရှားမှုမှာ နောက်ဆုံး ကျန်ခဲ့တာဟာ ပန်းပွင့်တွေနဲ့ တူတယ်ဆိုရင် ပင်စည်နဲ့ အမြစ်ခေါ်တဲ့
ပြည်သူတွေ မရှိပဲနဲ့ ပွင့်မလာပါဘူးလို့ …မြေကြီးထဲဝင်ပြီး ရေရှာ
ထွက်နေရတဲ့ အညတရ ပြည်သူတွေရဲ့ အခန်းကဏ္ဍကို တူးဖေါ်ပြီး ပန်းချီကားဆန်ဆန် ကျနော်တင်ပြတာပါ။”
လုံးချင်းဝတ္ထုမှာ ကိုယ်တိုင် လက်မှတ်ရေးထိုးပေးဖို့ ကိုမင်းကိုနိုင်ဟာ မြောင်းမြမြို့ကို ဒီကနေ့ ရောက်ရှိလာပြီး အလားတူ ပုသိမ်မြို့မှာလည်း လက်မှတ် ရေးထိုးပွဲကို မနက်ဖြန် ပြုလုပ်မှာ ဖြစ်ပါတယ်။
နောက်ကြည့်မှန် ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတင်ထုတ်ဝေဖြန့်ချိခဲ့ပြီး ရန်ကုန်၊ မန္တလေးမြို့တွေမှာ ကိုယ်တိုင် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒါအပြင် နောက်ကြည့်မှန် လုံးချင်းဝတ္ထုကို ဒါရိုက်တာ ၀င်းထွန်းထွန်းက ၀ယ်ယူခဲ့ပြီး အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ဒါရိုက်တာ ချိုတူးဇော်ကို လက်ဆောင်ပေး ရိုက်ကူးစေမယ်လို့ သတင်းတွေက ဆိုပါတယ်။ ဇာတ်ညွှန်းကိုတော့ အကယ်ဒမီ မြင့်ဦးဦးမြင့်က ခွဲပေးမယ်လို့ သိရပါတယ်။
ဒါပေမယ့် ၀တ္ထုဇာတ်ကြောင်းဟာ ရှစ်လေးလုံး အရေးတော်ပုံကို စတင်ခဲ့တဲ့ တက္ကသိုလ် ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေကို အခြေခံထားတာ ဖြစ်ပြီး အခုချိန်ထိ ရန်ကုန်တက္ကသိုလ်ဟာ အရင်က အခြေအနေမျိုး မဖြစ်သေးတာကြောင့် ရုပ်ရှင်ဇာတ်လမ်း အဖြစ် ရိုက်ကူးဖို့ မလွယ်သေးဘူးလို့ ကိုမင်းကိုနိုင်က ပြောပါတယ်။ —
RFA Burmese
မြန်မာ့ပညာရေးဘာကြောင့်နိမ့်ကျသွားရသလဲ ၊ ဘယ်လိုမြှင့်တင်ကြမလဲ?
by Htun Aung Gyaw on Saturday, July 21, 2012 at 11:51pm ·
မြန်မာ့ပညာရေးဘာကြောင့်နိမ့်ကျသွားရသလဲ ၊ ဘယ်လိုမြှင့်တင်ကြမလဲ?
ဘာကြောင့်နိမ့်ကျသွားရသလဲ?
၁၉၆၂ခုနှစ်တွင်စစ်တပ်မှတည်ဆဲအခြေခံဥပဒေကိုချိုးဖေါက်၍တိုင်းပြည်အာဏာကိုသေနတ်မိုးဒမြ တိုက်ပြီးရယူခဲ့သည်။ ထိုနှစ် ဂျူလိုင် ၇ ရက်နေ့တွင် ကျောင်းသားများက “မင်းတို့သုံးယောက်ပေါင်းမှ ၄တန်းတောင်အောင်ရဲ့လား” ဟုသရော်ပြောင်လှောင်စိန်ခေါ်မှုကိုတုံ့ ပြန်သည့် အနေဖြင့် ဂျာမန်လုပ် ဂျီသရီးစက်သေနတ်အသစ်များကိုအစမ်းသဘောအသုံးပြုပြီးပညာတတ်ကျောင်းသားများကိုရက်စက်နာကျဉ်းစွာပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထို့အပြင်သမိုင်းဝင်ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအ ဆောက် အဦကြီးကိုဒိုင်းနမိုက်ဖြင့်ဖေါက်ခွဲဖျက်ဆီး ပြစ်ခဲ့သည်။ ထိုအချိန်မှစ၍မြန်မာနိုင်ငံရှိရန်ကုန်တက္ကသိုလ်ကြီးသည်မြန်မာကျောင်သားများနှင့်အရှေ့တောင်အာရှနိုင်ငံများ ရှိကျောင်းသားများ၏ပညာရင်နို့သောက်ဆို့ရာထိပ်တန်းအဆင့်မြင့်တက္ကသိုလ်ကျောင်းကြီး ဘဝမှ လျှောကျပြီးစစ်အစိုးရအလိုကျဆိုရှယ်လစ်ပညာရေးခေါင်းစဉ်အောက်တွင်ခေါင်းမပါ သော စစ် ဗိုလ်များ၏ လက်ဝါးကြီးအုပ် ချယ်လှယ်မှုကြောင့်အဆင့်အတန်းမမှီသောဘွဲ့ရများကိုသာမွေးထုတ်ပေး သည့် တက္ကသိုလ် ဘဝသို့ကျ ရောက်သွားခဲ့ရသည်။ပညာရေးဝန်ကြီးဒေါက်တာညီညီအပါအဝင် လက် တည့်စမ်းဆိုရှယ်လစ်ပညာရေးစံနစ်အောက်တွင်မြန်မာကျောင်းသားများအလူးအလဲခံစားရင်းတိုင်း ပြည် ကြီးတခုလုံးနိမ့်ကျသည့်ပညာရေးကြောင့်စီးပွါးရေးချွတ်ခြုံကျခါ ကမ္ဘာ့လူမွဲစာရင်းဝင်နိုင်ငံဘဝသို့ ကျရောက်သွားခဲ့ရသည်မှာရင်နာစ ရာပင်ဖြစ်သည်။
ဗိုလ်နေဝင်းသည်တိုင်းပြည်မွဲတေသွားရခြင်းနှင့်ပညာရေးနိမ့်ကျသွားရခြင်း၏အဓိကတရားခံဖြစ်သည်၊ အာဏာရစစ်ခေါင်းဆောင် ဘဝ တွင်နိုင်ငံခြားတိုင်းပြည်များသို့သွားရောက်၍နှစ်စဉ်ဆေးဝါးကုသခြင်း၊ ဇိမ်ခံခြင်းတို့ကိုခံစားရင်း အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ မလေးရှား၊ စင်ကာပူ တို့တဖြေးဖြေးတိုး တက်ဖွံ့ဖြိုးလာသည်ကို မျက်ဝါးထင်ထင်တွေ့မြင်နေသူမှာဗိုလ်နေဝင်းအပြင်အခြားသူမရှိချေ။ ထိုနိုင်ငံများတိုးတက်လာမှုကို သိသော်လည်းမိမိပြည်သူများတိုးတက်မှု၊ တိုင်းပြည်ကမ္ဘာအဆင့် မှီနိုင်ငံဖြစ်ဖို့ထက်မိမိအာဏာတည် မြဲရေးကိုသာဦးစားပေးအလေးထားခဲ့ခြင်း၊ လက်ဝဲအစွန်းရောက်များကိုမိမိအစိုးရအဖွဲ့ထည်းတွင်ပါဝင်စေခြင်းကြောင့်ထိုသူများကပညာရေးစံနစ်တွင်မူလတန်းမှစ၍အင်္ဂလိပ်ဘာသာစာပေသင်ကြားမှုကိုအင်္ဂလိပ်မုန်းတီးစိတ်ဖြင့်လျှော့ချပြီးအင်္ဂလိပ်ဘာသာမှလွဲ၍သင်ကြားနေသောဘာသာရပ်အားလုံးတို့ကိုမြန်မာစာနှင့်အစားထိုးသင်ကြားစေသဖြင့် ကျောင်းသားများအင်္ဂလိပ်စာညံ့ဖျင်းလာပြီးဘာသာရပ်အားလုံးကိုလေ့လာရာတွင်ကမ္ဘာအရပ်ရပ်ရှိသိပ္ပံ၊ဝိဇ္ဇာဘာသာရပ်တို့ကိုပြည့်ပြည့်စုံစုံအင်္ဂလိပ်စာဖြင့်ရေးသားထုတ်ဝေထားသောစာအုပ်စာတမ်းများကိုမဖတ်ရှုနိုင်တော့ဘဲရှိခဲ့သည်။ အင်္ဂလိပ်စာနှင့်ထုတ်ဝေထားသောစာပေတို့ကဲ့သို့မြန်မာပြန်စာအုပ်များမရှိခြင်းကြောင့်ယနေ့ မြန်မာ နိုင်ငံသားများကမ္ဘာ့အလယ်တွင်လေ့လာအားနဲလာခဲ့ပြီးဗဟုသုတချို့တဲ့သောလူဆင်းရဲ များအဖြစ် မျက်နှာငယ်ခဲ့ရခြင်းဖြစ်သည်။
ဒုတိယတရားခံမှာဗိုလ်သန်းရွှေဖြစ်သည်၊ ဆရာဖြစ်သူကိုအာခံ၍ဆရာ့လမ်းစဉ်အတိုင်းအာဏာ ကိုင်စွဲရေး လမ်းစဉ်ကိုလိုက်သူမှာလည်း သူပင်ဖြစ်သည်။ ဗိုလ်နေဝင်းနှင့်ဗိုလ်သန်းရွှေတို့သည်အာဏာ ကိုင်စွဲထားရေးတွင်တူကြသော်လည်းစီးပွါးရေးလမ်းစဉ်တွင်မူလုံးဝကွဲပြားခြားနားကြသည်။ ဗိုလ်နေဝင်းကဆိုရှယ်လစ်စီးပွါးရေးဟုကြွေးကျော်ပြီးတိုင်းပြည်တွင်းရှိစီးပွါးရေးလုပ်ငန်းရှင်များအားလုံးကိုအရင်းရှင်တံဆိပ်ကပ်ခါစီးပွါးရေးလုပ်ငန်းအားလုံးကိုပြည်သူပိုင်သိမ်းပစ်ခဲ့သည့်အတွက်အရှေ့ တောင် အာရှ၏ထိပ်တန်းနိုင်ငံဘဝမှလူမွဲနိုင်ငံဘဝသို့နှစ်တိုတိုအတွင်းကျရောက်သွားခဲ့ရသည်။ ဗိုလ်နေဝင်းသည်အမျက်စောင်မာန်ကြီးသည်၊ တကိုယ်ကောင်းဆန်လွန်းသည်၊ သူတကိုယ် တည်း တိုင်းပြည်၏အညွန့်ကိုခူးစားရင်းတိုင်းပြည်ကြီးတဖြေးဖြေးဆင်းရဲနွံ့တွင်းသို့နှစ်နေသည်ကို တဆိမ့် ဆိမ့်ကြည့်နေနိုင်သူဖြစ်သည်။ အင်ဒိုနီးရှားအာဏာရှင်ဆူဟာတိုကိုအားကျပြီးအင်ဒိုနီးရှားနိုင်ငံ ကဲ့သို့ ရေနံထွက်မလားဟုတွေးပြီးရေနံဖြင့်ချမ်းသာနိုင်မလားဟုစိတ်ကူးနှင့်ကျိုးစားကြည့်ခြင်းကျွန်းသစ်များ ကိုခုတ်ရောင်းခြင်းမှလွဲ၍တိုင်းပြည်၏သဘာဝသံယံဇာတများတံခါးပိတ်ဝါဒကျင့်သုံး၍ကိုထိမ်းထားခဲ့ သူ ဖြစ်သည်။
ဗိုလ်သန်းရွှေသည်စီးပွါးရေးကိုသူ့လူယုံများအတွက်သာဖွင့်ပေးသည့်ခရိုနီစီးပွါးရေးစံနစ်ကိုဖန်တီးခဲ့ခြင်းသည်ဗိုလ်နေဝင်းနှင့်လုံးဝကွဲသည့်မူဝါဒဖြစ်သည်။ အလီဘာဘာလက်သစ်များဖြင့်ပြည်သူပြည်သား များအားလုံးနှင့်သက်ဆိုင်သောသဘာဝသံယံဇာတများကိုနိုင်ငံခြားသို့ဗြောင်ဈေးပေါပေါနှင့်ရောင်းချခဲ့သဖြင့်အဖိုးတန်ကျွန်းသစ်တောများ၊သစ်မာတောများဗိုလ်သန်းရွှေလက်ထက်တွင်လျှင်မြန်သောနှုန်း ဖြင့်ပြုံးတီးသွားခဲ့ပြီးမိုးခေါင်ရေးရှားမှုဒဏ်၊ရာသီဥတုဖေါက် ပြန်၍ ရေကြီးသည့်ဒုက္ခ၊ စသည်တို့ကို ပြည်သူများခါးစည်းခံခဲ့ကြရသည်။ ခရိုနီခေတ်ပျက်သူဌေးများ၊ နှင့်၎င်းတို့နှင့်ပင်းစားနေသောဗိုလ်ချုပ် များသန်းထောင်နှင့်ချီချမ်းသာလာသော်လည်းပြည်သူတို့ထမင်းနပ် မှန်အောင်မစားနိုင်သည့်အထိ ငတ်မွတ်ဆင်းရဲခဲ့ပြီးဆင်းရဲချမ်းသာကွာဟမှုနက်ရှိုင်းစွာဖြစ်ပေါ်လာခဲ့သည်။
ဗိုလ်နေဝင်းလက်ထက်မှစတင်၍ပညာတတ်လူတန်းစားများကိုနှိမ်ထားပြီး စစ်သားများကအထက်မှနေ ၍အုပ်ချုပ်ထားမှုကြောင့်ပညာတတ်လူတန်းစားများမြန်မာနိုင်ငံမှတစိမ့်စိမ့်ပြည်ပသို့ထွက်ခွါသွားခဲ့ကြသည်။ အခြားအကြောင်းတခုမှာ စက်ရုံအလုပ်ရုံများကိုပြည်သူပိုင်သိမ်းပြစ်လိုက်ခြင်းကြောင့် အလုပ် အကိုင်ရှားပါးလာပြီးအကျိုးဆက်အားဖြင့်ဘွဲ့ရ အလုပ်လက်မဲ့များမှိုလိုပေါက်လာခဲ့သည်၊ တိုင်းပြည်တွင်လိုအပ်နေသည့်ဆရာဝန်ပေါက်စများကအစအလုပ်မရသဖြင့်ပြည်ပသို့ထွက်ကြရသည်။ ပြည်ပသို့ထွက်ကြခြင်းကြောင့်ဥဏှောက်ယိုစီးမှုကိုဖြစ်စေခဲ့သည်။
ဗိုလ်သန်းရွှေလက်ထက်တွင်နဂိုကကျဆင်းနေသည့်ပညာရေးစံနစ်ကိုပြန်လည်မြှင့်တင်ရန်မစဉ်းစားဘဲလူထုနစ်နာချက်များကိုမကြည့်နိုင်တော့သဖြင့်ဆန္ဒပြတောင်းဆိုခဲ့ကြသောကျောင်းသားများကိုအင် အားမစုစည်းနိုင်စေရန်ရည်ရွယ်ပြီးဒေသကောလိပ်များကိုစာသင်ကြားရန်ပစ္စည်းပစ္စယမပြည့်စုံဘဲနှင့် မြို့ပြနှင့်ဝေးသောနေရာများတွင်ဖွင့်၍အင်အားဖြိုခွဲခဲ့ပြန်သည်။ ၁၉၈၈ ခုနှစ်မှ ၁၉၉၈ အတွင်းတက် ရောက်သင်ကြားခဲ့ကြသောကျောင်းသားများသည်တနှစ်တွင်စာသင်ရက် ၄လ ထက်မကျော်ဘဲ စာမေးပွဲများကိုလျော့လျော့ပေါ့ပေါ့နှင့်လုပ်ပြီးမြန်မြန်ဘွဲ့ရမြန်မြန်ကျောင်းမှထွက်ဆိုသည့်နိမ့်ကျသည့်အတွေးအခေါ်ဖြင့်ကျောင်းများတွင်ကျောင်းသားများအရည်အချင်းပြည့်ပညာတတ်မြောက်ရေးထက် ကျောင်းများတွင်ကျောင်းသားအင်အားစုများစုပြုံမနေစေရေးကိုရည်ရွယ်ချက်ရှိရှိဖြင့်ပြုလုပ်ခဲ့သည်။ စာမေးပွဲဖြေနိုင်မဖြေနိုင်လက်မှတ်ထိုး၍စာမေးပွဲခန်းသို့ဝင်သောသူတိုင်းကိုအအောင်ပေးခြင်းဖြင့်အ ရည်အသွေးနိမ့်ဘွဲ့ရများကိုတက္ကသိုလ်များမှထုတ်လုပ်ပေးစေခဲ့သည်။ နိုင်ငံလိုအပ်ချက်ဖြစ်သည့်အရည်အချင်းပြည့်မှီသည့်ဘွဲ့ရကျောင်း သားများပေါ်ထွန်းလာရေးထက်၊ အရပ်သားပညာရေးစံနစ်ကိုအရည်အချင်းညံ့ဖျင်းစေရန်အကွက်ချ၍ ထားပြီးတဖက်မှလည်း စစ်တပ် ဦးစီးဖွင့်လှစ်သည့်ဆေးတက္ကသိုလ်၊ အင်ဂျင်နီယာကောလိပ်တို့တွင်မူ အရည်အသွေးပြည့်မှီသော အသင်အပြကောင်းသောဆရာများ၊ ပြည့်စုံသောဓါတ်ခွဲခန်းပစ္စည်းများ၊ ကျောင်းသုံးစာရွက်စာတမ်း များ၊ လုံလောက်သောသင်ရိုးညွှန်းတန်းစာအုပ်များတို့ကိုထား၍သင်ကြားစေခြင်း ဖြင့် ခွဲခြားထား ခဲ့သည်။
ယခင်ကကျောင်းသားများက “မင်းတို့သုံးယောက်ပေါင်းရင်တောင် ၄ တန်းအောင်ရဲ့လား”ဟူသော လှောင်ပြောင်မှုကိုလက်စားခြေသည့်အနေနှင့် “မင်းတို့ကျောင်းသားတွေငါတို့စစ်ကျောင်းဆင်းတွေ လောက်အရည်အချင်းမရှိပါဘူးကွာ” ဟုပြောနိုင်ရန်အကွက်ချထားသလားဟုပင်တွေးစရာဖြစ်နေပေ သည်။အရပ်သားတက္ကသိုလ်ကျောင်းဆင်းများထက်စစ်ကျောင်းဆင်းများကပိုသိပိုတတ်ပိုတော် ကြောင်းကို ပြသရန်အလွန်ယုတ်ညံ့သည့်အတွေးအခေါ်ဖြင့်အကောင်အထည်ဖေါ်နေခြင်းဖြစ်သည်။ မြေးဖြစ်သူကိုမူစင်ကာပူတွင်နေ့ချင်းပြန်လေယာဉ်နှင့်ကျောင်းထားသည်။ အရပ်သားကျောင်းသားများအတွက်မူထရံကာသက်ကယ်မိုးကောလိပ်များကိုတည်ဆောက်စေ၍၊ စာသင်နေချိန်တွင်မိုးယိုခြင်း၊ အရည်အချင်းပြည့်ဝသောဆရာများနည်းပါးခြင်း၊ သင်ရိုးညွှန်းတန်းစာအုပ်များလုံလောက်စွာမရှိခြင်းကြောင့် ရေရှည်တွင်ပညာရေးအရည်အသွေး ရှိသူများမှာစစ်ကျောင်းဆင်းများသာဖြစ်၍တိုင်းပြည်ကိုအုပ်ချုပ်မည့်သူများမှာလည်းစစ်အသိုင်းအဝိုင်းမှပင်ဖြစ်စေရမည်ဟုယုတ်ညံ့စွာစီမံကိန်းချ၍လုပ်ခဲ့သည်ဟုမြင်သည်။
အမှန်စဉ်စစ်တနှစ်တနှစ်တွင်စစ်တက္ကသိုလ်မှကျောင်းဆင်းများ ၇၀၀- ၁၀၀၀ ထက်မပိုချေ။ ထိုအရည် အတွက်လောက်နှင့်နိုင်ငံတွင်းရှိ ပြည်သူသန်း ၆၀ လိုအပ်ချက်ကိုမဖြည့်ဆည်းပေးနိုင်ချေ။ အမေရိကန် ရှိကော်နယ်တက္ကသိုလ်တခုထည်းတွင်ပင်တနှစ်လျှင် ဘွဲ့ယူသူ ၆၀၀၀ ခန့်ရှိသည်။ အမေရိကန်နိုင်ငံကဲ့သို့တိုးတက်ဖွံ့ဖြိုးသောနိုင်ငံတွင်ပင်အရည်အချင်းရှိသောဘွဲ့ရများနှစ်စဉ်သိန်းနှင့်ချီ ပြီးလိုအပ်လျက်ရှိသည်။တနှစ်တနှစ်တက္ကသိုလ်ပေါင်း ထောင်နှင့်ချီရှိသောထိုနိုင်ငံတွင်နှစ်စဉ်ဘွဲ့ရသူ နှစ်သိန်းခန့်ရှိသည်။ ထိုကြောင့်မဖွံ့ဖြိုးသေးသောမြန်မာနိုင်ငံကိုအရည်အချင်းပြည်မှီသောဘွဲ့ရစစ်ကျောင်းဆင်း လက်တ ဆုပ်စာနှင့်ဦးဆောင်ရန်စဉ်းစားတွေးခေါ်ပြီးလုပ်နေသောစီမံကိန်းသည်တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးအတွက်အလွန်အန္တရယ်ရှိသည်။
ဒုတိယပိုင်းတွင်နိမ့်ကျနေသောမြန်မာ့ပညာရေးကိုဘယ်လိုမြှင့်တင်သင့်သည်ကိုတင်ပြပါ့မည်။
လေးစားလျက်
ထွန်းအောင်ကျော်
မြန်မာ့ပညာရေးဘာကြောင့်နိမ့်ကျသွားရသလဲ ၊ ဘယ်လိုမြှင့်တင်ကြမလဲ?
ဒုတိယပိုင်း
ဘယ်လိုမြှင့်တင်ကြမလဲ?
နိမ့်ကျနေသောပညာရေးစံနစ်ကိုမြှင့်တင်ဘို့ကြိုးစားရာတွင်ဘာအားနည်းချက်တွေရှိသလဲဆိုတာကိုအရင်လေ့လာပြီးထိုအားနည်းချက်တွေကိုအားသာချက်ဖြစ်လာရန်ပြောင်းလဲပြစ်ဖို့လိုသည်။
၁။ တကယ်တတ်ကျွမ်းသည့်ဆရာဆရာမများကိုခန့်အပ်ဖို့လိုသည်။ မဆလခေတ်၊ ငြိမ်ပိခေတ်၊ နအဖ ခေတ်တလျှောက်လုံးဆရာ၊ ဆရာမများ၏အရည်အသွေးတိုးမြှင့်ရေးကိုပြုလုပ်ခြင်းမရှိဘဲစားဝတ်နေ ရေး ကြပ်တည်းနေသောဆရာ၊ ဆရာမများကိုလုံလောက်သောလစာတိုးမပေးဘဲရွှေဥာဏ်တော်စူး ရောက်စွာဖြင့် အကျင့်စာ ရိတ္တပျက်စီးယိုယွင်းစေသည့်စာလဲသင်ဈေးလဲရောင်းဆိုသည့်၊ အခွင့်အ ရေး ကိုပေးပြီး ပညာရေးနှင့်လားလားမှမသက်ဆိုင် သည့်ကျောင်းတွင်အပိုဝင်ငွေရရန်ဆရာတပိုင်း၊ ဈေးသည် တပိုင်းဘဝသို့တွန်းပို့ခဲ့သည်။ ထို့ကြောင့်ဆရာများကကျောင်းသားများကို စာသင်ကြားပေး ရေးတွင်စိတ်မဝင်စားတော့ဘဲကျောင်းတွင်ဈေးရောင်းအိမ်တွင်ကျူရှင်ပြပြီး၊ကျောင်းစာ သင်ခန်းထဲတွင် စာကိုဟုတ်တိ ပတ်တိမသင်ကြားချင်သောအဿပြာဆရာများအဖြစ်ဖျက်စီးပြောင်း လဲပစ်လိုက်ခြင်း ကြောင့် ကလေးသူငယ်များကိုအကျင့်စာရိတ္တကောင်းမွန်ရန်၊ ပြည်သူပြည်သားများကို ကြင်နာသနား ပြီး ရိုးရိုးကျင့်မြင့်မြင့်ကြံစိတ်ဓါတ်ဖြင့်အများအကျိုးဆောင်ရွက်လိုစိတ်ရှိလာအောင်သင် ကြားပေးရ မည့်ဆရာဆရာမများအကျင့်စာရိတ္တပျက်စီးလာသောအခါတိုင်းပြည်ပညာရေးနှိမ့်ကျလာ ခြင်းမှာ အဆန်း မဟုတ်ချေ။ ထို့ကြောင့်အကျင့်စာရိတ္တကောင်းသောဆရာဆရာမများကိုမွေးထုတ်ပေးရ မည်။ အကျင့်စာရိတ္တကောင်းသောဆရာဆရာမများဖြစ်လာစေရန်လခလုံလောက်စွာပေးရမည်။
၂။ ဒုတိယလုပ်ရမည့်အချက်မှာပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများလွတ်လပ်စွာဖွင့်လှစ်သင်ကြားခွင့်ကိုပေး ရမည်။ ဗိုလ်နေဝင်းလက်ထက်အလွတ်ပညာသင်ကျောင်းများအားလုံးကိုပြည်သူပိုင်သိမ်းလိုက်ပြီး နောက်မြန်မာနိုင်ငံပညာရေးအဆင့်အတန်းနိမ့်ကျသွားခဲ့ရသည်။ အကြောင်းမှာပုဂ္ဂလိကကျောင်းများ သည်တော်ပေ့ကျွမ်းပေ့ဆိုသည့်ဆရာ၊ဆရာမများကိုဈေးကြီးကြီးပေးငှားပြီးသင်ကြားစေသဖြင့်ထို ကျောင်းများသို့တက်ရောက်နိုင်သောကျောင်းသားများသည်အစိုးရကျောင်းများထက်အောင်ချက် ကောင်းပြီးစာတော်ကြသည်။ အစိုးရအနေနှင့်နှစ်စဉ်တိုးလာနေသောကျောင်းသားဦးရေအတွက်လိုအပ်သည့်ကျောင်းများဆောက် လုပ်ခြင်း၊ တိုးချဲ့ခြင်းတို့ကိုလုပ်နိုင်သောအင်အားမရှိဘဲနှင့်ပုဂ္ဂလိကကျောင်းများကိုအရင်းရှင်ကျောင်း များဟုကင်ပွန်းတပ်ပြီးပြည်သူပိုင်သိမ်းလိုက်ခြင်းကြောင့်အစိုးရအားနည်းချက်ကိုပုဂ္ဂလိကကျောင်းများမှဝင်ရောက်ပခုံးထမ်းဖြည့်ဆည်းမှုကိုရိုက်ချလိုက်သလိုဖြစ်စေခဲ့သည်။ ဖြစ်သင့်သည်မှာအစိုးရ ကျောင်းများတွင်အရည်အချင်းပြည့်မှီသောဆရာဆရာမများရရှိအောင်ဆရာအတတ်သင်ကောလိပ် များကိုငွေကုန်ကြေးကျခံရင်းနှီးမြှုပ်နှံမှုဖြင့်အထူးကြပ်မတ်ပေးပြီးဆရာကောင်းများကိုမွေးထုတ်ပေးရေးသာဖြစ်သည်၊ ပုဂ္ဂလိကကျောင်းများကိုအစိုးရကျောင်းများထက်သာသဖြင့်လိုက်ပိတ်ပင်နေစရာမလို။ ပုဂ္ဂလိကကျောင်းများသည်အစိုးရလိုအပ်ချက်ကွက်လပ်ကိုဖြည့်ဆည်းပေးသည့်ပညာရေးကဏ္ဍ၏အကူဒေါက်တိုင်များဖြစ်သည်ဟုမှတ်ယူနိုင်ရမည်၊ တတ်နိုင်လျှင်အားပေးရမည်။
၃။ ကာကွယ်ရေးအသုံးစားရိတ်ကိုလျော့ချ၍ ပညာရေးအသုံးစားရိတ်ကိုတိုးသုံးခြင်းဖြင့်ပြည်နယ်များ တွင်အထူးလိုအပ်နေသောနေရာများ၌မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများကိုတည် ဆောက် ပေးရမည်။ မြို့ကြီးပြကြီးများတွင်မြို့အင်္ဂါနှင့်ညီညွတ်သောတက္ကသိုလ် ၊ ကောလိပ် များကို တည်ဆောက်ခြင်း၊ တိုးချဲ့ခြင်းတို့ကိုပြုလုပ်ခြင်းဖြင့်မြို့ပြများစည်ကားလာခြင်း၊မြို့ပြတွင်ရှိခြင်းကြောင့် အိမ်မှသော်၎င်း၊ အဆောင်များမှသော်၎င်းကျောင်းတက်ရာတွင်ဘတ်စကားများ၊ ကားများရှိခြင်း ကြောင့် ကျောင်းသို့လွယ်ကူစွာသွားနိုင်ခြင်း တို့ကြောင့်ကျောင်းသား များစိတ်လက်ရွှင်လန်းစွာစာ သင်ကြားနိုင်သဖြင့်ထူးချွန်သောကျောင်းသားများဖြစ်လာနိုင်ပေသည်။
၎။ ကျောင်းသင်ရိုးညွှန်းတမ်းများကို နှုတ်တိုက်ထမင်းခွံ့ပညာရေးမှဆွေးနွေးဝေဖန်၍သင်ကြားသော စံနစ်သို့ပြောင်းနိုင်ရေးသည်အလွန်အရေးကြီးသောအချက်တခုဖြစ်သည်။ မြန်မာပြည်ပညာရေးစံနစ်၏ အဓိကပြုပြင်ရမည့်အချက်မှာဆရာပြောသမျှကိုလိုက်မှတ်ပြီး အာဂုံဆောင်အလွတ်ကျက်ဖြေဆိုသော အလေ့အထဖြစ်သည်။ အနောက်နိုင်ငံများတွင်ဆရာကစာသင်သားများအားဖတ်ရှုလေ့လာရမည့်အပိုင်းများ၊ အခန်းများကိုစာ မျက်နှာဖြင့်ဖေါ်ပြပေးပြီးထိုအခန်းများကိုမိမိဖာသာလေ့လာစေသည်။ ထို့နောက်ကျောင်းသားများတဦး ချင်းလေ့လာဖတ်သိသမျှကိုအတန်းတွင်းဆွေးနွေးပြီးသူ့အမြင်ကိုယ့်အမြင်ကိုဖလှယ်စေသည်၊ ကျောင်းသားများအမြင်ဖလှယ်မှုများထဲမှလိုအပ်သည်တို့ကိုဆရာကဖြည့်စွက်ဆွေးနွေးပေးသည်။ တခါတရံဆရာမမြင်သည်တို့မတွေးမိသည်တို့ကိုကျောင်းသားများကသိမြင်ပြီးတင်ပြလာသည့်အခါဆရာဖြစ်သူအတွက်ပါအမြတ်ထွက်သည်လည်းရှိသဖြင့်ထိုသင်ကြားသည့်စံနစ်သည်နှစ်ဦးနှစ်ဖက်အကျိုးရှိသည်။ အကြောင်းအရာတခုကိုဖက်ပေါင်းစုံ၊ရှုဒေါင့်ပေါင်းစုံမှကြည့်၍လေ့လာခြင်းသည်အလွတ်ကျက်စရာမလိုဘဲအမှန်တကယ်မှတ်သားနားလည်မှုကိုရသဖြင့်တန်ဖိုးရှိသည်။
၅။ ကျောင်းသားရပိုင်ခွင့်များကိုကာကွယ်ပေးနိုင်သည့်အပြင်ဘက်စုံပညာရေးတိုးတက်မှုကိုတွန်းအား ပေးနိုင်သည့်ကျောင်းသားသမဂ္ဂများပေါ်ထွန်းလာရေးသည်အရေးကြီးသည်။ ကျောင်းသားသမဂ္ဂခေါင်း ဆောင်များကိုရွေးချယ်ခြင်း၊ သမဂ္ဂအတွင်းနိုင်ငံရေးအရငြင်းခုံခြင်း၊စကားရည်လုခြင်း တိုင်းပြည်အခြေ အနေတို့ကိုသုံးသပ်ခွင့်ရလာခြင်း၊ တို့ကြောင့်နိုင်ငံရေးရည်ကြွယ်ဝလာပြီးတချိန်ချိန်တွင်ပြည်သူများက ဘယ်သူက မျိုးချစ်စိတ်ရှိသည်အတွေ့အကြုံရှိသောနိုင်ငံရေးသမားကောင်းဖြစ်သည်ဟုရွေးချယ်နိုင် သဖြင့် တိုင်းပြည်အတွက်အကျိုးရှိသည်။ထို့ပြင်ကျောင်းသားသမဂ္ဂသည်အဆင့်မြင့်ပညာရေးကို ကျောင်းသားများကကျောင်းအုပ်ချုပ်ရေးတွင်ပါဝင်ဆွေးနွေးရွေးချယ်ခွင့်တို့ကိုပြုလုပ်နိုင်သဖြင့်ပညာ ရေးအရများစွာအကျိုးရှိ သည်။
၆။ အဆင့်မြင့်ပညာရှင်များပေါ်ထွန်းရေးတွင်အရေးကြီးသည့်အချက်ကြီးများထဲမှနောက်ဆုံးအချက်မှာ စာကြည့်တိုက်များဖြစ်သည်။ အနောက်နိုင်ငံများတွင်စာကြည့်တိုက်များကိုတက္ကသိုလ်များတွင်အထူးငွေကုန်ကြေးကျခံပြီးထားသည်မှာအလွန်အားရစရာကောင်းသည်။ဥာဏ်အမျှော်အမြင်အလွန်ကြီးသည့်လုပ်ရပ်ဖြစ်သည်။ တက္ကသိုလ် စာကြည့်တိုက်များသည်တက္ကသိုလ်ကျောင်းသားများ၏အဓိကပညာရှာမှီးရာနေရာများဖြစ်သည်။ စာကြည့်တိုက်စံနစ်သည်အလွန်ပွင့်လင်းပြီးကျောင်းသားအရပ်သားမခွဲခြားဘဲမည်သူမဆိုစာကြည့် တိုက်တွင်းသို့ဝင်ရောက်လေ့လာနိုင်သည်။ စာကြည့်တိုက်များ၏ပေါ်လစီသည်အထူးအတုယူစရာကောင်းသည်။
၁။ ကျောင်းသားများအနေနှင့်ကျောင်းသားကဒ်ပြားများဖြင့်စာကြည့်တိုက်မှစာအုပ်စာတမ်းများကိုလ နှင့် ချီ၍ငှားနိုင်ခွင့်ရှိခြင်း။
၂။ မည်သည့်စာကြည့်တိုက်မဆိုစာကြည့်တိုက်တွင်းရှိစာအုပ်စင်များတွင်းသို့အရပ်သားကျောင်းသား မရွေးဝင်ရောက်ပြီးမိမိဖတ်လိုသော စာအုပ်စာတန်းများကိုရှာဖွေရယူပြီးစာကြည့်တိုက်တွင်းရှိ စားပွဲ ကုလားထိုင်များတွင်ထိုင်၍ဖတ်ရှုနိုင်ခြင်း။ အပြင်လူများအနေနှင့်စာကြည့်တိုက်တွင်းရှိစာအုပ်ကိုငှား ရမ်း လိုသော်စာကြည့်တိုက်မှူးများထံတွင်မှတ်ပုံတင်၍သတ်မှတ်ငွေပေးပြီးငှားနိုင်သည်။
၃။ မိမိစာကြည့်တိုက်တွင်မရှိသည့်စာအုပ်စာတမ်းများကိုလိုချင်ပါကစာကြည့်တိုက်မှူးထံအကြောင်း ကြား၍ဝယ်ခိုင်းနိုင်ခွင့်ရှိသည်။ အကယ်၍မစောင့်နိုင်ပါက (Inter Library Loan) စာကြည့်တိုက် အချင်းချင်းငှားရမ်းခြင်းသဘောတူညီချက်အရစာအုပ်ရှိ သောစာကြည့်တိုက်ကိုအကြောင်းကြား ပြီး လှမ်း၍မှာယူငှားရမ်းနိုင်သည်။
၎။ စာကြည့်တိုက်တွင်းတွင်လိုအပ်သောစာရွက်စာတမ်းများကိုမိမိဖါသာအကြွေထည့်၍ကူးယူ နိုင် သောမိတ္တူကူးစက်များစာအုပ်စင်ဒေါင့်များတွင်ထားရှိပေးထားပြီးမည်သည့်စာကိုမဆို မိမိကူးယူလို သောစာများကိုစိတ်ကြိုက်ကူးယူနိင်ခွင့်ရှိသည်။
၅။ စာကြည့်တိုက်တွင်းရှိကွန်ပြူတာခန်းများတွင်ကျောင်းသားများအချိန်မရွေးဝင်ရောက်ပြီးအင်တာ နက်ကိုအသုံးပြုနိုင်သဖြင့်ကမ္ဘာအရပ်ရပ်တွင်ရှိမည်သူနှင့်မဆိုဆက်သွယ်နိုင်သလို၊လေ့လာလိုသော ဘာသာရပ်များကိုလည်းတားဆီးပိတ်ပင်ခံရမှုမရှိဘဲလေ့လာနိုင်ခွင့်ရှိသည်။
၆။ အရေးကြီးဆုံးအချက်မှာစာကြည့်တိုက်မှူးများ၏အခန်းကဏ္ဍဖြစ်သည်။ မှီငြမ်းစားပွဲ (Reference Desk) ရှိစာကြည့်တိုက်မှူးများ၏ တာဝန်မှာကျောင်းသားများ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးရေး ပင်ဖြစ်သည်။ ၎င်းတို့သည်ကျောင်း သားများအပြင်၊ ပြင်ပမှလာရောက်လေ့လာသူမည်သူ မဆို ကို လိုအပ်သည့်စာအုပ်စာတမ်းများကိုအကူအညီတောင်းခံလာပါကရှာဖွေပေးခြင်း၊ ဘာသာရပ်အလိုက် မည်သည့်စာအုပ် စင်တွင်ရှိသည်ကိုညွှန် ပြပေးခြင်း၊ စာကြည့်တိုက်တွင်းရှိဝင်ရောက်သူများ၏လိုအပ် ချက်ကိုဖြည့်ဆည်းပေးရမည့်တာဝန်ကိုယူ ထားသူများဖြစ်သည်။ ကိုယ်အမူအရာနှုတ်အမူအရာချို သာပြီးအလွန်ဖေါ်ရွေသူများဖြစ်သည်။ပြုံးပြုံး၊ ပြုံးပြုံး နှင့်ကျောင်းသားများလိုအပ်ချက်များကိုအားတက် သ ရောကွန်ပြူတာမှနေ၍ရှာဖွေပေးခြင်း၊ သွားရမည့်နေရာကိုလမ်းညွှန်ပေးခြင်းတို့ကိုစိတ်ပါလက်ပါ လုပ်ပေးကြသည်။
၇။ စာကြည့်တိုက်များတွင်စာအုပ်စာတမ်းများငှားရမ်းခြင်း၊ ပြန်လည်လက်ခံယူခြင်းတို့ကိုပြုလုပ်သော စားပွဲ ကို Circulation desk ဟုခေါ်သည်။ ကျောင်းသား၊အရပ်သားများကိုစာအုပ်စာတမ်းများရှာဖွေ ပေးသောစာကြည့်တိုက်မှူးများထိုင်နေသောစားပွဲကို Reference Desk ဟုခေါ်သည်။ စာကြည့်တိုက် တိုင်းတွင်လူအများသုံးရန်ခွင့်ပြုထားသောကွန်ပြူတာအခန်းများရှိသဖြင့်ကျောင်းသားများသာမဟုတ်အရပ်သားများပါကျောင်းသားမဟုတ်သော်လည်းကိုယ်စိတ်ဝင်းစားရာကိုလေ့လာနိုင်ခွင့်ရှိသည်။
၈။ အမေရိကန်နိုင်ငံတွင်နိုင်ငံတော်ပိုင်စာကြည့်တိုက်များ၊ တက္ကသိုလ် စာကြည့်တိုက်များ နှင့်အသင်း အဖွဲ့များမှဖွင့်လှစ်ထားသောစာကြည့်တိုက်များလည်းအများအပြားရှိသည်။ နိုင်ငံတော်ပိုင်စာကြည့် တိုက်များတွင်လည်းအသင်းဝင်ပြီးပါကစာကြည့်တိုက်တွင်းရှိ စာအုပ်စာတမ်းများကိုငှားယူနိုင် ခွင့်ရှိ သည်။ အသင်းဝင်ကြေးပေးစရာမလိုဘဲမှတ်ပုံတင်ပြပြီးအသင်းဝင်နိုင်သည်။ စာအုပ်စာတမ်းများအပြင် ဗီဒီယိုခွေများ၊ အသံသွင်း တိတ် ခွေများ လည်းငှားသည်။ စာကြည့်တိုက်တိုင်းတွင်တူညီသည့် အချက် တခုမှာစာကြည့်တိုက်တွင်းရှိမည် သည့်စာအုပ်စင်သို့မဆိုကိုယ်တိုင်သွားရောက် မွှေနှောက်ရှာဖွေခွင့် ရှိခြင်းပင်ဖြစ်သည်။ လေ့လာသူကိုယ်တိုင်စာကြည့်တိုက်တွင်းရှိစာအုပ်စာတမ်းများကိုကြည့်ရှုခွင့်ရှိသဖြင့်မူလကိုယ်ရှာဖွေလိုသောစာအုပ်အပြင်မိမိလေ့လာလိုသောဘာသာရပ်မှမိမိနှင့်သက်ဆိုင်သောအလားတူစာအုပ်စာ တမ်းများကိုတပြုံတခေါင်းကြီးတွေ့နိုင်ပြီးပိုမိုလေ့လာဖတ်ရှူခွင့်ရရှိသွားခြင်းဖြစ်သည်။ ထိုအခါမိမိလေ့လာလိုသောဘာသာရပ်ကိုကျယ်ကျယ်ပြန့်ပြန့်ဖတ်ရှုလေ့လာနိုင်သဖြင့်ဗဟုသုတကြွယ်ဝသူအဆင့်မြင့်ပညာရှင်များဖြစ်လာကြသည်မှာပွင့်လင်းကောင်းမွန်သောစာကြည့်တိုက်စံနစ်ကြောင့် ဖြစ်သည်။
တိုင်းပြည်တခုတွင်ပွင့်လင်းကောင်းမွန်သောစာကြည့်တိုက်အများအပြားရှိခြင်းသည်ပညာရေးတိုးတက်မှု၏အဓိကလိုအပ်ချက်ကြီးပင်ဖြစ်သည်။
ကျွနုပ်၏အတွေ့အကြုံ
၁၉၆၉-၁၉၇၃ တက္ကသိုလ်ကျောင်းသားဘဝကတနေ့တွင်ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်စာကြည့်တိုက် ကြီးသို့သွား ရောက်ပြီးစာကြည့်တိုက်မှူးထံတွင် ၁၉၆၂ ခုနှစ်သတင်းစာများကိုဖတ် ချင်သည့် ကြောင်း တောင်းသည့် အခါစာကြည့်တိုက်ဝန်းထမ်းကအမည်နှင့်ကျောင်းသားကဒ်ကိုတောင်း သည်၊ ထိုနောက်ဘာကြောင့် ကြည့်ချင်သည်ကိုစာရွက်တွင်ရေးခိုင်းသည်။ နောက်အကြောင်းကြားမည်ဟု ပြောလွှတ်လိုက်သည်၊ ကျောင်းပြီးသည့်အထိဘာအကြောင်းကြားစာမှရောက်မလာသလို စာကြည့် တိုက် ဝန်ထမ်း၏တင်းမာသောမျက်နှာထားကြောင့်စာကြည့်တိုက်သို့ထပ်မရောက်တော့ချေ။ မြန်မာပြည်တွင်ကျောင်းသားများစာကြည့်တိုက်တွင်းရှိစာအုပ်စာတမ်းများကိုဝင်ရောက်ကြည့်ရှုခွင့်လုံးဝမရှိချေ၊ ထိုအကြောင်းအချက်ကလည်းလူနေမှုအဆင့်အတန်းနှင့်ဆိုင်နေမည်လားဟုတွေး စရာရှိ သည်။စာကြည့်တိုက်တွင်းသို့ဝင်ရောက်ပြီးမိမိလိုအပ်သောစာအုပ်စာတမ်းများကိုအနောက်နိုင်ငံများကဲ့သို့ကြည့်ခွင့်ပေးမည်ဆိုလျှင်စာအုပ်ခိုးယူခြင်း၊စာရွက်များဖြဲယူခြင်းများကိုဘယ်လိုပုံစံနှင့်တားဆီးကြမလဲ။ ပေးအပ်ထားသောအခွင့်အရေးကောင်းကိုအလွဲသုံးစားမပြုရန်ဘယ်လိုဥပဒေနည်းဥပဒေတွေနဲ့ ကာကွယ်မလဲဆိုသည်ကိုစဉ်းစာကြရမည်။ အဘယ့်ကြောင့်ဆိုသော်မဆလခေတ်အဆက်ဆက်၊ နဝတ/နအဖခေတ်အဆက်ဆက်စာရိတ္တမဏ္ဍိုင်ကျိုးပေါက်ပျက်စီးနေခဲ့သည့်မြန်မာ့လူမှုရေးအဆောက် အအုံကြီးကိုပြန်လည်တည့်မတ်ရန်မှာလွန်စွာမှပင်ခက်ခဲမည်ဟုယုံကြည်မိပါသည်။ သို့ရာတွင်မမှိတ်မသုံကြိုးစားပါကတနေ့တွင်ကမ္ဘာကလေးစားရသောအကျင့်သိက္ခာနှင့်ပြည့်စုံသော ပညာတတ်လူငယ်များပေါ်ထွန်းလာနိုင်မည်ဖြစ်ပါသည်။
ထွန်းအောင်ကျော်
ဂျူလိုင် ၁၉ ရက် ၊၂၀၁၂ ခုနှစ်

မြန်မာ့ပညာရေးဘာကြောင့်နိမ့်ကျသွားရသလဲ ၊ ဘယ်လိုမြှင့်တင်ကြမလဲ? ဒုတိယပိုင်း
by Htun Aung Gyaw on Sunday, July 22, 2012 at 12:00am ·

Subscribe to:
Posts (Atom)