Sunday, July 22, 2012

NLD လွှတ်တော်အမတ်များအား အင်ဒိုနီးရှားတက္ကသိုလ်မှ လာရောက်သင်တန်းပေး








 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်အမတ်များ၊ လူငယ်များ၊ အမျိုးသမီးအဖွဲ့ဝင်များ၊ ပြန်ကြားရေးအဖွဲ့ဝင်များကို အင်ဒိုနီးရှားတက္ကသိုလ်တခုဖြစ်သည့် Government Department of Diponegoro Universityမှ ပရော်ဖက်ဆာက ဒီမိုကရေစီကောင်းမွန်သော အုပ်ချုပ်မှုနှင့် နိုင်ငံရေးပါတီများ မြှင့်တင်ရေးအတွက် လာရောက်ဆွေးနွေးသင်ကြားခဲ့ပါသည်။ ဒီမိုကရေစီကောင်းမွန်သော အုပ်ချုပ်မှုနှင့် နိုင်ငံရေးပါတီများ မြှင့်တင်ရေးသင်တန်းကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမတွင် ၂၀၁၂ခုနှစ် ဇွန်လ ၁ရက်နေ့မှ ဇွန်လ ၆ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး တက်ရောက်သူ စုစုပေါင်း အယောက် ၄၀ ခန့် ရှိသည်ဟု သိရပါသည်။
Burma VJ

No comments:

Post a Comment