Sunday, July 22, 2012

★ ၂၄ နှစ်မြောက် ၈ လေးလုံးအခမ်းအနားဖိတ်ကြားလွှာ- နယူးယောက်မြို့။ ★







၁၉၈၈ ဒီမိုကရေစီပြည့်သူ အရေးတော်ပုံကြီးသည် လာမည့် သြဂုတ်လ ၈ ရက်နေ့တွင် ၂၄ နှစ်ပြည့်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင်လျှောက်လှမ်း နေပြီ ဆိုသော်လည်းပြည်တွင်းစစ်မီးသည် ဆက်လက်တောက်လောင်နေဆဲဖြစ်သည်။


နိုင်ငံရေးအကျဉ်းသားအချို့ကို ဖမ်းဆိးထိန်းသိမ်းထားဆဲဖြစ်၍ ဒီမိုကရေစီစနစ်ကို တင်းပြည့် ကျပ်ပြည့် အကောင်အထည်မဖော်နိုင်သေးပေ။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ချက်ခြင်းရပ်စဲရေး၊ ကျန်ရှိနိုင်ငံရေးအကျဉ်းသားအား လုံးလွတ်မြော်က်ရေးနှင့် တင်းပြည့်ကျပ်ပြည့်ဒီမိုကရေစီစနစ်ပေါ်ပါက်ရေးကို ရှေ့ရှုပြီး နယူးယောက်ရှိ ၈၈ မျိုးဆက်ကျောင်းသားများနှင့်မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသူများစုပေါင်း၍ ၈ လေးလုံးနှစ်ပတ်လည်းအခမ်းအနားတရပ်ကို နယူးယောက်မြို့တွင်ကျင်းပသွားမည်ဖြစ်ကြောင်း မိဘပြည်သူများကိုလေးစားစွာအသိပေးအပ်ပါသည်။

၂၄ နှစ်မြောက် ၈ လေးလုံးအခမ်းအနားကို မိဘပြည်သူများအနေဖြင့်အောက်ပါအစီစဉ်အတိုင်း မည်သူမဆိုပူးပေါင်းပါဝင်နိုင်ကြောင်းလေးစားစွာဖိတ်ကြားအပ်ပါသည်။

အချိန် - နေ့လည် ၂း၃၀ နာရီ မှ ၄း၃၀ အထိ
နေ့ရက် - သြဂုတ် ၅ ရက် ၂၀၁၂ ခုနှစ်။ (တနင်္ဂနွေ)
နေရာ - prject reach , 39 Eldridge St. 4th Floor , NY1002

ဆက်သွယ်ရန်
စန္ဒီ - ၉၁၇-၄၄၅-၉၂၂၂
ရွှေဝါ - ၃၄၇-၂၂၉-၄၃၀၉
နေတင့်မြင် - ၃၄၇-၉၄၄-၇၃၄၁
အောင်ခန့် - ၅၁၆-၈၀၈-၁၅၁၅

Ko Myoe

No comments:

Post a Comment