Sunday, July 22, 2012

တနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲမယ့် ရှစ်လေးလုံးအခမ်းအနား မင်းကိုနိုင်ပြောကြား


တနိုင်ငံလုံးအတိုင်းအတာနဲ့ဆင်နွှဲမယ့် ရှစ်လေးလုံးအခမ်းအနား မင်းကိုနိုင်ပြောကြား

ဒီကနေ့အခြေအနေဟာ ရှစ်လေးလုံး လူထုလှုပ်ရှားမှုမှာ ပြည်သူအားလုံး
ပါဝင်ခဲ့တဲ့ ရလဒ်၊ ပြည်သူတွေ တကယ်ညီညွတ်မယ် ဆိုရင် ဘာမဆို
ပြုပြင်ပြောင်းလဲလို့ရတယ်၊ သမိုင်းအသစ်ကို ပြည်သူတွေ ကျက်သရေရှိရှိ
ရေးထိုးလို့ရတယ်ဆိုတာ ရှစ်လေးလုံးက အခိုင်အမာ သက်သေပြခဲ့တယ် လို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကပြောပါတယ်။

ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနား ကျင်းပရတဲ့ ရည်ရွယ်ချက်မှာ အညတရ အာဇာနည်တွေရဲ့အခန်းကဏ္ဍကို ဦးညွတ် ဂုဏ်ပြုဖို့၊ ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်တဲ့နေရာမှာ
နောက်ကြောင်းမလှည့်ဘဲ ရှေ့ကို အရှိန်အဟုန်ကောင်းကောင်းနဲ့ ချီတက်နိုင်ရေး အားလုံးပါဝင်နိုင်ဖို့ စတဲ့အချက်တွေ အဓိက ပါဝင်တယ်လို့ ကိုမင်းကိုနိုင်ကပြောပါတယ်။

ဒါအပြင် ရှစ်လေးလုံး အခမ်းအနားကို ငြိမ်းချမ်းစွာ ဆင်နွဲပြီး အမိုးအကာ
အောက်မှာ အေးချမ်းစွာအစီအစဉ်တွေကို ပြီးဆုံးအောင်ဆောင်ရွက်မှာ
ဖြစ်တယ်လို့ဆိုပါတယ်။

အာဏာပိုင်တွေဘက်ကလည်း ဒီမိုကရေစီ ကျင့်စဉ်ကို တကယ် လိုက်နာမယ် ဆိုရင် အခမ်းအနားကျင်းပ ခွင့်ပြုဖို့နဲ့ ပူးပေါင်း ပါဝင်ဖို့ပါ ကိုမင်းကိုနိုင်က ဖိတ်ခေါ်လိုက်ပါတယ်။

မအင်ကြင်းနိုင်ကဆက်သွယ်မေးမြန်းထားပါတယ်။

No comments:

Post a Comment