Tuesday, June 5, 2012

NLD ပါတီမှ ကိုယ်စားလှယ် ဦးဝင်းထိန် ဥရောပ လစ်ဘရယ် ဒီမိုကရက် ထိပ်သီး ညီလာခံတက်


Tuesday, June 05, 2012  အိမ့်သံစဉ်

ကွယ်လွန်သူ ဦးကြည်မောင်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန် ( ၁၉၉၅ ခုနှစ်၊ ဓာတ်ပုံ- Getty Images)


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ မိတ္ထီလာမြို့ နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် ဟာ ဇွန်လ ၄ ရက်နေ့ စတင်ကျင်းပတဲ့ The Summit of Alliance of Liberal Democrats for Europe (ALDE) and Council of Asian Liberals and Democrats (CALD)ကို တက်ရောက်ဖို့ Belgium နိုင်ငံ၊ Brussels ကို ဆိုက်ရောက်လာတယ်လို့ သိရပါတယ်။

ဦးဝင်းထိန်ဟာ ၄ ရက်တာ ကျင်းပမယ့် ထိပ်သီးညီလာခံတက်ရောက်စဉ်အတွက် ဇွန်လ ၅ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီပါတီ NLD ကိုယ်စား မိန့်ခွန်းပြောကြားရန် ရှိကြောင်း သိရပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဝင်းထိန်ဟာ လွန်ခဲ့တဲ့ နှစ် နိုဝင်ဘာလအတွင်းက အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကိုလည်း ဆွေးနွေးပွဲ တက်ရောက်ခဲ့ပါသေးတယ်။

ဦးဝင်းထိန်သည် ဒေါ်အောင်ဆန်းစုကြည် အားထားရသူများထဲက တဦးအပါအ၀င်လည်းဖြစ်ပါတယ်။

http://blog.irrawaddy.org/2012/06/nld.html

ကိုမင်းကိုနိုင်နှင့် အဖွဲ့ ယနေ့ တာချီလိတ်မြို့ကို ရောက်


မင်းကိုနိုင် ဦးဆောင်သော ၈၈ မျိုးဆက်ကျောင်းသားများ တာချီလိတ်မြို့သို့ ရောက်ရှိစဉ် ဒေသခံများက ကြိုဆိုစဉ် - ဓာတ်ပုံ - ၈၈ မျိုးဆက်ကျောင်းသားများ

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဟာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းအတွက် နယ်လှည့်ခရီးစဉ်များ သွားလျှက်ရှိရာ ယနေ့ ဇွန်လ ၄ရက်နေ့ နေ့လည် ၂နာရီ မိနစ် ၃၀ တွင် ရန်ကုန်မှ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့သို့ လေယာဉ်ဖြင့် ရောက်ရှိလာကြောင်း သတင်းရရှိပါတယ်။

ဒေသခံများနှင့်တွေ့ဆုံပြီး ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းအတွက် အပြန်အလှန်ဆွေးနွေးကြ
မှာဖြစ်ကြောင်း လည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နော်ဝေ ၄ ရက် ခရီးစဉ်

  news ..zarny  win


.

ဒီလ ၁၅ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် နော်ဝေနိုင်ငံကို ရောက်ပါမယ်။

နောက်ဆုံးတော့ ဒေါ်အောင်ဆန်းစုကြည် ဒီကို လူကိုယ်တိုင် လာနိုင်မယ် ဆိုတဲ့အတွက် ၀မ်းသာမိတယ် လို့ နော်ဝေ ၀န်ကြီးချုပ် Mr Stoltenberg က ပြောလိုက်ပါတယ်။

လတ်တလော ထုတ်ပြန်ထားသမျှ ခရီးစဉ် အချက်အလက်က ဒီလိုပါ။

ဇွန် ၁၅၊ သောကြာ - သတင်းစာ ရှင်းလင်းပွဲ (TBC) (ညနေ ၆း၃၀)
ဇွန် ၁၆၊ စနေ - အော်စလိုမြို့တော်ခန်းမ ဟောပြောပွဲ (နေ့ခင်း ၁း၀၀)
ဇွန် ၁၇၊ တနင်္ဂနွေ - ရတ်ဖ်တိုဖောင်ဒေးရှင်းနဲ့ တွေ့ဆုံပွဲ ဘာဂန်၊ (The Rafto House in Bergen)
ဇွန် ၁၈၊ တနင်္လာ - အော်စလို ဖိုရမ် ဖွင့်ပွဲ (Losby Gods)



Aung San Suu Kyi in Norway

At the invitation of Prime Minister Jens Stoltenberg, Aung San Suu Kyi will visit Norway from 15 to 18 June. During her visit, she will give her Nobel Lecture and take part in the annual Oslo Forum Mediators’ Retreat, amongst other things.

“I am delighted that Aung San Suu Kyi can at last be here in person to be celebrated as Nobel Peace Prize Laureate. Norway has long supported democratic forces in Myanmar and welcomes the political reforms. We are honoured that Aung San Suu Kyi has accepted our invitation and that Norway will be one of the first countries she visits now that she is able to leave Myanmar,” said Mr Stoltenberg.

Aung San Suu Kyi will meet Mr Stoltenberg during her visit. She will give her Nobel Lecture in Oslo City Hall on 16 June. On Sunday 17 June she will visit Bergen and the Rafto Foundation, Aung San Suu Kyi was awarded the Rafto Prize in 1990.

In 2010, Aung San Suu Kyi was released from house arrest in Myanmar after many years’ struggle for democracy and human rights. As leader of the opposition party National League for Democracy, she was elected to the lower chamber of Myanmar’s parliament in April this year. She was awarded the Nobel Peace Prize in 1991, but was under house arrest at the time. Her husband and two sons received the prize on her behalf.

DRAFT PROGRAM
Friday 15 June at 18:30

PRESS CONFERENCE

Location: tbc


Saturday 16 June at 13:00

THE NOBEL LECTURE

Location: Oslo City Hall


Sunday 17 June

MEETING WITH THE RAFTO-FOUNDATION

Location: The Rafto House in Bergen


Monday 18 June

Attending the opening session of the Oslo Forum

Location: Losby Gods

More details will follow.


ညွှန်း - http://tsforum.event123.no/UD/MediaAccreditationAungSanSuuKyi/hjem.cfm


zarny win