Tuesday, June 5, 2012

NLD ပါတီမှ ကိုယ်စားလှယ် ဦးဝင်းထိန် ဥရောပ လစ်ဘရယ် ဒီမိုကရက် ထိပ်သီး ညီလာခံတက်


Tuesday, June 05, 2012  အိမ့်သံစဉ်

ကွယ်လွန်သူ ဦးကြည်မောင်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းထိန် ( ၁၉၉၅ ခုနှစ်၊ ဓာတ်ပုံ- Getty Images)


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ မိတ္ထီလာမြို့ နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် ဟာ ဇွန်လ ၄ ရက်နေ့ စတင်ကျင်းပတဲ့ The Summit of Alliance of Liberal Democrats for Europe (ALDE) and Council of Asian Liberals and Democrats (CALD)ကို တက်ရောက်ဖို့ Belgium နိုင်ငံ၊ Brussels ကို ဆိုက်ရောက်လာတယ်လို့ သိရပါတယ်။

ဦးဝင်းထိန်ဟာ ၄ ရက်တာ ကျင်းပမယ့် ထိပ်သီးညီလာခံတက်ရောက်စဉ်အတွက် ဇွန်လ ၅ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီပါတီ NLD ကိုယ်စား မိန့်ခွန်းပြောကြားရန် ရှိကြောင်း သိရပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဝင်းထိန်ဟာ လွန်ခဲ့တဲ့ နှစ် နိုဝင်ဘာလအတွင်းက အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကိုလည်း ဆွေးနွေးပွဲ တက်ရောက်ခဲ့ပါသေးတယ်။

ဦးဝင်းထိန်သည် ဒေါ်အောင်ဆန်းစုကြည် အားထားရသူများထဲက တဦးအပါအ၀င်လည်းဖြစ်ပါတယ်။

http://blog.irrawaddy.org/2012/06/nld.html

No comments:

Post a Comment