Monday, July 16, 2012

မိသားစု စုံညီ ဗိုလ်ချုပ်ပြတိုက်ဆီ




မမေ့နိုင်စရာ ဇူလိုင်၁၉ အာဇာနည်နေ့ သို့ ရောက်တိုင်း မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူပြည်သားများ အားလုံး မိသားစု ကိုယ်စီဖြင့် ဗိုလ်ချုပ်ကြေးရုပ်ရှေ့ သို့ သွားရောက်ကာ ဂါရ၀ပြုကြ ၍သော် လည်းကောင်း၊ ရန်ကုန်မြို့ ရှိ ဗိုလ်ချုပ်ပြတိုက် (ဗိုလ်ချုပ်အောင်ဆန်းနေအိမ်) သို့ သွားရောက် ကြည့်ရှုကာ ဂုဏ်ပြု၍သော် လည်းကောင်း ရှိခဲ့သည်မှာ အထင်ကရ ပုံရိပ် ဟုဆိုရပေမည်။ ထို့ အတူ သရုပ်ဆောင် အကယ်ဒမီ ထွန်းအိန္ဒြာဗို မိသားစုဧ။် သားဖြစ်သူ အောင်ဗိုကောင်းသန့် အား အာဇာနည်နေ့ ရောက်တိုင်း ဗိုလ်ချုပ်ကြေးရုပ်နှင့် ဗိုလ်ချုပ် ပြတိုက်သို့ သွားရောက် ကြည့်ရှုစေ ခဲ့ကြသည့် မိခင်ဖခင်တို့ ဧ။် ရင်တွင်းခံစားမှု မည်သို့ မည်ပုံရှိမည် ကို ပေါ်ပြူလာစာဖတ် ပရိသတ် ကြီး သိရှိစေရန် သွားရောက်တွေ့ ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။

ဗိုလ်ချုပ်ပြတိုက်က အပြန်မှာတော့ ထွန်းအိန္ဒြာဗို ကဇူလိုင် ၁၉ အာဇာနည်နေ့ ပတ်သက်ပြီး အခု လိုပြောပြပါတယ်။ “သားသားကိုဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးများအကြောင်းသိအောင်အကြမ်းဖျင်း လေးတော့ပြောပြ ဖြစ်ပါတယ်။ ညညဆို ပုံပြင် ပြောရင်းနဲ့ ဗိုလ်ချုပ် ဇာတ်လမ်း အကြောင်း ပြောတာ ရှိတယ်။ တခြားပုံပြင် ပြောတာတွေရှိ သလို၊ ဗိုလ်ချုပ် အကျိုး အကြောင်းပြောပြ တာလေးတွေ ရှိပါတယ်။ သိပ်အသေးစိတ် တော့ နားလည်နိုင်စွမ်း မရှိသေး ဘူးပေါ့လေ။ ဒါပေမဲ့ ကျွန်မတို့ မြန်မာနိုင်ငံ ရဲ့ကျေးဇူးရှင် ကြီး အဖြစ်တော့ သူသိသွားပြီ။ ကျွန်မတို့ ငယ်ငယ်ကတော့ ဗိုလ်ချုပ် အကြောင်းကို စာထဲမှာ သင်ရ တယ်။

နောက် ပိုင်းတော့ ဗိုလ်ချုပ် အကြောင်းတွေ လုံးဝ ပျောက်ကွယ် သွားတယ်။ စာထဲမှာ သင်တဲ့ အချိန်ကနေ တကယ် နားလည်နိုင်စွမ်းရှိတဲ့ အရွယ်ရောက် လာတော့ ဗိုလ်ချုပ် အကြောင်း တွေက ပျောက်ကွယ်ခံနေရပြီ။ သားတို့ကို အဲဒီလို မဖြစ်ရလေအောင် ငယ်ငယ်ကတည်း ကပြောပြတယ်။ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ ပြတိုက်ကို လာပြ တယ်။ ဗိုလ်ချုပ်ရဲ့အတု ယူ ဖွယ်လေးတွေကို အကျယ်ချဲ့ပြီး ဝေဝေဆာ ဆာ ပြောပြတယ်။ကိုယ့်တိုင်းပြည်ကိုယ်ပြန် ပိုင်ဆိုင်ဖို့အတွက် ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီး တွေ အသက်ပေးသွားကြ ရတယ်ဆိုတာကို တော့ တိုင်းသူပြည်သားတိုင်း သိသင့်တာ ပေါ့။ အဲဒါကို ပြန်ပြီး ဖော်ထုတ်သင့်ပါတယ်။

အခု လည်း စပြီးပြန်လုပ်နေကြပါပြီ။ အာဇာနည်နေ့က တအား ဝမ်းနည်းစ ရာကောင်းတဲ့နေ့ ဖြစ်သလို၊ မမေ့အပ်တဲ့နေ့ လည်းဖြစ်တယ်။ တိုင်းပြည် အတွက် အသက် စွန့်သွား ကြ တဲ့ ခေါင်းဆောင်ကြီးများကို အားကျဖွယ်ရာ လူငယ်များလည်း ပေါ်ထွန်းလာဖို့ ကောင်းတဲ့နေ့ အဖြစ်နဲ့ သားလေးကို အဲဒီအကျိုး အကြောင်းတွေကို နားလည်အောင်၊ သား လေး တိုင်းပြည်ကို ချစ်တတ်အောင်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာကို တန်ဖိုးထားတတ်အောင် အစပျိုး ပြောပြဖို့ကောင်းတဲ့ နေ့လေး ပေါ့။ သူတို့ စိတ်ထဲမှာ အစပျိုး သင်ကြားပေးဖို့ အတွက် ဒီလိုနေ့ လေးက ရှိသင့်တယ်။ ရှိလည်းရှိရမယ်။ အာဇာနည် ခေါင်း ဆောင်ကြီးတွေက အသက်ပေးသွား တဲ့နေ့ဆိုတော့ သတ် သတ်မှတ်မှတ် နဲ့လည်းရှိရတယ်။သူတို့နဲ့ ပတ်သက်တဲ့ အကျိုး အကြောင်းတွေ အားလုံးကို လည်းကလေးတိုင်း သေချာနား လည်အောင်ပြောပြသင့်တယ်။

ကျွန်မ တို့ငယ်ငယ်တုန်းက ကျတော့ ဗိုလ်ချုပ်တို့ ကျ ဆုံးတဲ့ အချိန်မှာ ဥသြဆွဲလို့ရှိရင် ရောက်ရာ အရပ်ကရပ်ပြီး အလေးပြုရတယ်။ ကားတွေ လည်းရပ်ရတယ်။ လူတွေ လည်း ရပ်ရတယ်။ လုပ် လက်စ အလုပ်ပါ ရပ်ပြီးတော့ အလေးပြုကြရတယ်။ ရေဒီယို ကနေတစ်ပြည်လုံးကို လွှင့်ပေးတယ်။အဲဒါမျိုးက ဖြစ်သင့်တယ်။ အခုအချိန် မှာ ပျောက် ကွယ်သွားတာ ဝမ်းနည်းစရာ ကောင်းတယ်။ ပျောက်ကွယ်နေတာကိုပြန်လည် ဖော်ထုတ်သင့်ပါတယ်။ အရင်တုန်းက ထက်ကြီးကျယ် ခမ်းနားတဲ့ အာဇာနည်နေ့ ရဲ့ နှစ် ပတ်လည်နေ့ အဖြစ် ကျင်းပသင့်တယ်။ ကျွန်မတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ အသွေး အသား ထဲမှာကိုက မျိုးချစ်စိတ်ဓာတ်နိုးကြွလာအောင် ကြီးကျယ် ခမ်းနား တဲ့ အပြင် အဆင် များ၊ ကြီးကျယ် ခမ်းနားတဲ့တင်ဆက်မှုများနဲ့ပြန်ပြီး ဖော် ထုတ်သင့်ပါတယ်”

ခိုင်ဝေလွင် ဓာတ်ပုံ-အောင်ဇော်မင်း(Popular journal)

မင်းသားခေါင်းဆောင်းထားတဲ့ဘီလူး..အမေ…သိပါလေစ..။"




"သားတရားစီရင်ခန်း မှာ မိခင်အစစ်အမှန်ဖြစ်လို့ ဘီလူးမကအတင်းဆွဲနေတော့ သားငယ်နာမှာကို စိုးရိမ်ပြီး သားငယ်ကိုလက်လွှတ်ခဲ့ရပေမဲ့………
မဟောသဓာမင်းသားလိုတရားမျှတစွာဆုံးဖြတ်တဲ့…. ဘုရားအလောင်းလိုလူမျိုးမရှိဘူးဆိုတာရယ်..၊
ဆုံးဖြတ်တဲ့သူကိုယ်တိုင်က.. မင်းသားခေါင်းဆောင်းထားတဲ့ဘီလူး….။
ဝန်းရံသူအများစုကလဲဘီလူးတွေ တွေဆိုတာကို……….အမေ…သိပါလေစ..။"


တချိန်ကအမေဟာ….အခြေခံဥပဒေကို ပြင်ဖို့ကြိုးစားထားတော့ လွှတ်တော်ထဲကိုဝင်ဖို့ ကျမ်းကြိမ်မဲ့ကိစ္စ နဲ့မ၀င်တော့..ကျွန်တော်အပါအ၀င်လူတွေကအားမရဘူး….
တချို့ဆို အမေ့ကို…ဝေဘန်ကြတယ်….၊
ဘာလို့……မ၀င်တာလဲပေါ့…၊တချို့ဆိုတော်တော်ဆိုးတယ်..”မဲပေးထားတာကို…..နားမလည်ဘူးလား” ဆိုတဲ့အသုံးအနှုံးတွေနဲ့…….
တချို့မီဒီယာတွေအစ….ဝေဘန်ကြတာပေါ့….၊
ဆူးညှောင့်ခလုပ်တွေနဲ့ပြည့်နေတဲ့သားရဲတွေရှိတဲ့တောအုပ်ထဲကို..အမေ့ကို…ဓားတစ်ချောင်းထဲနဲ့လွှတ်နေတာ..ဆိုတာကျွန်တော်တို့မသိခဲ့ကြဘူး….

ဒါပေမဲ့…အမေ၀င်ခဲ့တယ်…….၊

သူပြင်မယ်လို့ခိုင်ခိုင်မာမာသံဓိဌာန်ချထားတဲ့…အခြေခံဥပဒေကိုလေးစားလိုက်နာဖို့ကျမ်းကျိမ်စာသားကိုသူကပြန်ပြီး….ရွတ်ဆိုနေရတာတွေ့ကြတော့.အတွေးတိမ်တိမ်တွေး….အတ္တကြီးပြီး..လတ်တလောအကျိုးရလာဒ်ကိုသာ…မက်မောတတ်တဲ့(နေ့စဉ်ပေးနေကြမုန့်ဘိုးကိုသာမက်မောပြီး…မိသားတစ်စုလုံးတိုက်ကြီးခြံကြီးတွေနဲ့လူလိုသူလို နေဘို့စုနေတာကိုနကန်းတစ်လုံးမှမသိတဲ့..ကလေးရဲ့ဦးနှောက်ကိုပိုင်ဆိုင်ထားသလိုမျိုး)အကျင့်ပိုင်ရှင်ကျနော်တို့မြန်မာလူမျိုးတွေက(ကျွန်တော်အပါဝင်ပေါ့)…၀မ်းသာစွာ.…..ကြည့်နေကြပေမဲ့…

ပညာဥာဏ်ရင့်သန်ပြီး..ဆင်ခြင်တတ်တဲ့…အမေကတော့ပျော်မယ်မထင်ပါဘူး….

ကဲ..အခုနောက်ပိုင်းပြည်သူတွေစိတ်အ၀င်စားဆုံး…ဒုသမ္မတကိုလဲ….ပြည်သူတွေရဲ့မကြိုက်တဲ့…ကုလားခါးပိုက်ဆောင်၊ရန်ကုန်ုမြို့ကိုညစ်ပတ်စုတ်ပြတ်သွားအောင်လုပ်ခဲ့တဲ့တရားခံ…ကို
သွားလေသူကြီးစိတ်တိုင်းကျ…ရွေးချယ်ဖို့အတွက်
(အမေပြင်ဆင်မယ်လို့ရည်ရွယ်ထားခဲ့တဲ့…နာဂစ်ဥပဒေရဲ့……အလှပဆုံး…“ကီး”လေးတွေကိုအသုံးပြုပြီး……..လွှတ်တော်ကြီးကရွေးချယ်ခဲ့တယ်…..)
အဲဒီအတွက်ခံစားရမှာအမေပါ…အမေ့နေရာမှာဆိုရင်….ကျွန်တော်တို့..ဘယ်လိုခံစားရမလဲ……။

တစ်ဘက်ကကြည့်ရင်တော့….၊ကြားဖြတ်ရွေးကောက်ပွဲမှာစုတ်ပြတ်သတ်အောင်ရှုံးသွားခဲ့တဲ့….ကြံျ့ဖွတ်ပါတီ..က..သူတို့ရဲ့အရှုံးတွေရယ်..၊အမေနိုင်ငံတကာမှာရွှေထီးဆောင်းအောင်မြင်ခဲ့တာတွေရယ်…..လူထုချစ်ခင်တာတွေရယ်….သူတို့လက်ထက်နှစ်ပေါင်းများစွာမှာ…..ဘယ်သူမှမလုပ်နိုင်ခဲ့တဲ့…မြန်မာကိုကမ္ဘာကသိအောင်၊လေးစားအောင်…အမေက..အကျယ်ချုပ်ကလွတ်ပြီးတစ်နှစ်အတွင်းမှာပဲလုပ်ပြလိုက်တာတွေရယ်……၊

အဲဒါတွေအတွက် ..အမေ့ကို…..လက်စားချေချင်စိတ်အပြည့်ရှိနေတယ်ဆိုတာကို….အမေသိပါလေစ...
ပူးသတ်တာက ပိုပြီးအန္တရာယ်များတယ်…၊

ကဲ့အခုလဲ….လွှတ်တော်မှာ…ခြုခိုတိုက်ခိုက်ခံခဲ့ရတယ်……၊
အုပ်ချုပ်သူလူတန်းစားအသုံးမကျလို့…လူ့အခွင့်အရေးချိုးဖေါက်လို့၊.အာဏာရှင်မို့လို့….လူထုကိုနှိပ်ကွပ်လို့..စီးပွားရေးပိတ်ဆို့ခံတာကမ္ဘာသိပါ…၊ကမ္ဘာကနောင်ကျဉ်အောင်ဒဏ်ခတ်ခဲ့တာကိုပြုပြင်ပြောင်းလည်းမှုအပေါ်မှာမူတည်ပြီး..တဖြည်းဖြည်းချင်းပြန်ဖွင့်ပေးနေတာပါ…..၊ဗြိတိသျပါလီမန်မိန့်ခွန်းမှာ……အမေစုလဲတရားဝင်ဖိတ်ခေါ်ထားတာလဲရှိပါတယ်….
ကျွန်တော်တို့လဲစီးပွားရေးပိတ်ဆို့တာကိုလက်မခံပါဘူး….၊

လွတ်တော် အစီအစဉ်ထဲ ဆွေးနွေးဘို့ ပါဝင်ထားခြင်း မရှိပဲ ရုတ်တရက် အရေးကြီး တင်ပြစရာရှိလို့ပါ ဆိုပြီးပါလာတဲ့ စာရွက်ကို ထုတ်ပြီး စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးအကြောင်းကို ဆွေးနွေးတာမျိုးနဲ့လုပ်လိုက်တာပါ၊အလစ်အငိုက်ပါ။
ဟင်းကောင်းလာပေးတယ်ဆိုရင်တောင်…ဟင်းကောင်းထည့်မဲ့ကိုယ့်အိမ်ကပန်းကန်ကို..သန့်ရှင်းထားရမှာဖြစ်သလို…ဧည့်သည်လာရင်တောင်..အိမ်သာမှဧည့်လာမှာပါ...၊
အခုကတိကျတဲ့အာမခံမှုနဲ့ ဥပဒေတွေမရှိတာနဲ့ကို ..တပ်လန်တာတွေများနေတာလဲ..အားလုံးအသိပါ...၊
ဆန်ရှင်ကိုဂိတ်တစ်ဂိတ်လို၊ရေဘုံဘိုင်တစ်ခုလို...ထင်လို့မရပါဘူး..၊ဂိတ်ဖွင့်ထားပြီးလမ်းပျက်နေလို့မရသလို..၊ရေဘုံဘိုင်ဖွင့်ပြီး...လက်ခုတ်နဲ့ခံလို့မရပါဘူး...၊ရေပုံးကောင်းကောင်း၊ရေစည်ကောင်းကောင်းတော့ကိုယ့်ဘက်ကလုပ်ပေးရမှာပါ...၊

၊တရုတ်၊နဲ့မြောက်ကိုရီးယားရဲ့မိတ်ဘက်နိုင်ငံကြီးတစ်ခုကို..အမေရိကန်က..ချက်ချင်းဖွင့်ပေးလို့ရမလားဆိုတာလဲတစ်ဘက်ကစဉ်းစားသင့်ပါတယ်.....

အဲဒီတော့..အမေစုကိုပြောချငပါတယ်...
အခုပြောပြတဲ့မေးခွန်းတွေကိုအရေးကြီးအနေနဲ့...လွှတ်တော်မှာ....ပြန်လည်တင်ပြသင့်ပါတယ်...

(၁) ဆန်ရှင်ပိတ်ဆို့မှုကာလအတွင်း....မြန်မာပြည်သူလူလူထုအပေါ်...အစိုးရနဲ့..တိုင်းရင်းသားစီးပွားရေး လုပ်ငန်း ရှင်များ(ခရိုနီများ)အနေနဲ့...၊မြောက်များလှစွာသောနိုင်ငံတော်သယံဇာတများစွာကို..ထုတ်ယူရောင်းချသည့်နည်းလမ်း ဖြင့်...ပြည်သူလူထုရဲ့စားဝတ်နေရေးနဲ့..လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် အမှန်တကယ်အနစ်နာခံဆောင်ရွက် ပေးခဲ့ခြင်းရှိ ခဲ့ လား? ကုန်ကျခဲ့သည့် သယံဇာတတန်ဘိုးပမာဏရဲ့ တစ်ဝက်ပင် ပြည်သူများအကျိုးခံစားရ လား??

(၂) ဆန်ရှင်ပိတ်ဆို့မှုကာလအတွင်း နိုင်ငံတော်အစိုရ၀န်ကြီးဌာနများရဲ့ စီမံကိန်းများဆောင်ရွက်မှုနဲ့...၊ဘတ်ဂျက် သုံးစွဲမှု ဘယ်လောက်ရှိလဲ.??...အဲဒီငွေကြေးတွေကုန်ကျခဲ့သလောက် နိုင်ငံသားများအတွက် အမှန်တကယ် ရာနုန်းပြည့် အကျိုးသက်ရောက်မှုရှိရဲ့လား??

(၃) ဆန်ရှင်ကာလအတွင်း တရုတ်၊ မြောက်ကိုးရီးယားနိုင်ငံများနဲ့ မဟာဗျူဟာဆိုင်ရာ စစ်ရေးအရပူးပေါင်း ဆောင်ရွက်ရာတွင် နိုင်ငံတော်အတွက်အကျိုးအမြတ်များများရရဲ့လား?

(၄) ဆန်ရှင်ကာလအတွင်း ခရိုနီများ အခွန်မဆောင်တာ ဘာ့ကြောင့်လဲ..၊ပြည်သူလူထုအတွက် စိုက်ထုတ်သုံးစွဲထားလို့အခွန်မဆောင်ကြတာလား..၊လှုတာနဲ့အခွန်တွေကို လျှော်ပေးလိုက်ကြတာပါလား....၊သူတို့အား လုပ်ပိုင်ခွင့်ပေးထားမှုများဘာတွေရှိပါသလဲ..၊၊တရားဝင်နှင့်တရားမ၀င်လုပ်ငန်းများအတွက်...အခွန်မဆောင်သောခရိုနီ များကို..ပြည်သူ့တွေရဲ့ အစိုးရတစ်ရပ်အနေဖြင့် တည်ဆဲဥပဒေအရ ဖေါ်ထုတ်အရေးယူဖို့အစီအစဉ်ရှိပါသလား...၊???

(၅) ဆန်ရှင်ကာလ အတွင်း တိုင်းပြည်စီးပွားရေးမကောင်းသည့်အတွက်...ပြည်သူ့စားဝတ်နေရေး တိုးတက် အောင်မြင်စေရေးစေတနာအမှန်ဖြင့်၊ ကိုယ့်ကိုယ်ကိုအားကိုးပြီးတိကျသောစီးပွားရေးဆိုင်ရာမူများ ချမှတ် ဆောင်ရွက်ခဲ့ခြင်းရှိပါသလား....၊ဥပမာ ပွင့်လင်းမြင်သာစွာ အပြိုင်အဆိုင်ယှဉ်ပြိုင်ရွေးချယ်စေပြီးမှ လုပ်ပိုင်ခွင့် ပေးခြင်း၊အဂတိတရားကင်းရှင်းခြင်း၊လက်သိပ်ထိုးမဆောင်ရွက်ခြင်း၊မတရားသိမ်းပိုက်မှုမရှိခြင်း၊လက်ဝါးကြီးမအုပ်ခြင်း၊နည်းများဖြင့်သာ အောင်မြင်စွာ..၊ဆောင်ရွက်ခဲ့ကြပါသလား...၊ဘယ်နည်းလမ်းများအသုံးပြုပါသလဲ??

(၆) ဆန်ရှင်ကာလအတွင်း အစိုးရက နိုင်ငံခြားမှ နိုင်ခြားငွေဒေါ်လာသန်းပေါင်းများစွာအသုံးပြုဝယ်ယူခဲ့သော..၊ ပစ္စည်းများ အရည်အသွေး၊ နိုင်ငံတကာပေါက်ဈေးနဲ့ အဆင့်အတန်းကိုက်ညီရဲ့လား.....မှီရဲ့လား၊ မကိုက်ညီရင် ဒေါ်လာသန်းမည်မျှဆုံးရှုံးခဲ့ပါသလဲ...၊သက်ဆိုင်သူများကိုဖေါ်ထုတ်အရေးယူခြင်းရှိပါရဲ့လား..၊???

(၇)` မဆလ ခေတ်က ကမ္ဘာ့လယ်တွင် လက်မထောင်ခဲ့သောဘီပီအိုင်စသည့် စက်မှု ၁/၂ ၀န်ကြီးဌာန ပိုင်စက်ရုံများမှ Product များဘာလို့အရည်အသွေးညံ့သွားရပါသလဲ..၊ ဘာလို့ဝက်ဝက်ကွဲ့ရှုံးပေါ်ခဲ့ပြီးဘာလို့ တာဝန်ရှိသူများအား အရေးယူခြင်းမရှိခဲ့တာလဲ...၊ ဆန်ရှင်ကာလပြည်သူများက ပြည်တွင်းဖြစ်ပဲ အားကိုးရမည့် အချိန်တွင် ဘာကြောင့် အရည်အသွေးအညံ့ဆုံးများဖြစ်သွားရတာပါလဲ...၊???

(၈) ဆန်ရှင်ကာလ စီးပွားရေးပိတ်ဆို့ခံထားရသော ပြည်သူများကို ဂရုတစိုက်ဖြည့်ဆည်းပေး ရမည့်အစား..လယ်ယာမြေတွေဘာ့ကြောင့်သိမ်းဆည်းခဲ့ပါသလဲ...၊???

(၉) ဆန်ရှင်ကာလ နဲ့မသက်ဆိုင်ပဲ ဆန်ရှင်ပိတ်ဆို့သည့်တိုင်အောင် အစိုးရအနေနဲ့လုပ် နိုင်စွမ်းတဲ့ ဖုန်း၊ကားများဈေးနှုန်းအဆရာကျော်ကြီးမြင့်အောင်လုပ်ထားခြင်းကို...ဆန်ရှင်ပိတ်ဆို့ခံပြည်သူများသက်သာချောင်ချိရေးအတွက်ဘာလို့ မပြောင်းလဲခဲ့ပါသလဲ၊???

(၁၀) ဆန်ရှင်အားလုံးပွင့်ရင်ဖြစ်လာမဲ့ ၀င်ဆောင့်မှုဒဏ်ကို ခံနိုင်ဖို့ ဘာတွေပြင်ဆင်ထားပါသလဲ.. .၊ဥပမာ...၊လျှပ်စစ်မီး၊မိုဘိုင်း၊အင်တာနက်၊လမ်း၊စတဲ့Infra တွေ၊ ရင်းနှီးမြူပ်နှံသူတွေအတွက်အာမခံနိုင်မဲ့.. သူတို့လက်ခံနိုင်တဲ့ လုပ်ထုံးလုပ်နည်း၊ဥပဒေ၊နောက်တစ်ခုကနိုင်ငံတကာနဲ့ပြော ဆိုနိုင်မဲ့တို့နိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ၊ ထူးချွန်သူတွေ၊ပညာတတ်တွေ အဆင်သင့်ဖြစ်ပြီလား..ပြည့်စုံပါပြီလား၊.. .နိုင်ငံရဲ့အသက်သွေးကြောဖြစ်တဲ့ ကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှုတွေအတွက် အမှားမခံပဲနဲ့ အဆုံးအဖြတ်ပေးနိုင်မဲ့ ပညာရှင်ခေါင်းဆောင်တွေ ဌာနဆိုင်ရာတွေမှာ.. အသင့်ရှိနေပြီလား???

(၁၁) မိမိတို့နိုင်ငံက ၁၉၄၈ ကတည်းကလွပ်လပ်ရေးရရှိခဲ့တာပါ...အဲဒါကြောင့် အခုကာလကို စစ်ပြီးခေတ်ကာလပုံစံမျိုး အနေအထားနဲ့ပြောဆိုခြင်းတွေမပြုဖို့နဲ့ ပြောဆိုမယ်ဆိုရင် ယခင်စစ်အစိုးရသာလျင် အဓိကတရားခံကြီးအဖြစ် ပိုမိုသိသာလာပြီး အရင်အစိုးရကို ကာကွယ်ပေးထားတဲ့အခြေခံဥပဒေကိုပြင်ဆင်ဖို့ အမြန်လိုအပ်လာမှာဖြစ်ပါတယ်။

ဒါလေးတွေမေးပေးပါလို့...
ဆောင်းပါးရှင် Pa Yit

လိမ္မာချင်ယောင်ဆောင်ပြီးမုန့်ဖိုးမတောင်းပါနဲ့


ဆောင်းပါးရှင်-ရန်အောင်

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေရန် တွန်းအားပေးသည့် အနေနှင့် ချမှတ်ထားသည် စီးပွားရေးအရေးယူပိတ်ဆို့ မှုများကို သက်တမ်းထပ်မတိုးရန် မြန်မာနိုင်ငံသို့ရောက်ရှိ နေသော အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးကုန်သွယ်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ ဒုတိယ၀န်ကြီးဥိးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွေမန်းက တိုက်တွန်းတောင်းဆိုခဲ့ကြောင်း ယနေ့ကျင်းပ ပြုလုပ်နေသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် သူရဦးရွှေမန်းကပြောကြား-နေပြည်တော်။ဇူလိုင် ၁၆
မြန်မာနိုင်ငံဟာ သဘာဝသယံဇာတပေါကြွယ်ဝတာနဲ့အပြိုင် တစ်ဖက်မှာ အိန္ဒိယ တစ်ဖက်မှာ တရုတ် နဲ့ ပထ၀ီနိုင်ငံရေးအရကော မဟာဗျူဟာကျတဲ့အတွက် အရေးပါတဲ့နိုင်ငံတစ်ခုပါ။ တရုတ်ကြီးရဲ့ အနောက်ခရီးတိုတိုနဲ့ရောက်ဖို့ သွားနိုင်တဲ့လမ်းဖြစ်သလို အနောက်အုပ်စုရဲ့ အရှေ့ဘက်ကို ဖောက်ထွက်နိုင်တဲ့ ကုန်းတွင်းထွက်ပေါက်တစ်ခုလည်းဖြစ်ပါတယ်.။

အခု စီးပွားရေးပိတ်ဆို့မှုတွေ ဖွင့်ပေးမယ်လို့ အိုဘာမားက ပြောလာပါတယ်.။ အဲဒီမှာ ပြဿနာရှိလာပါတယ်..။ ကိုယ့်နိုင်ငံက မဟာဗျူဟာအရ Diplomacy အရ နိုင်ငံတကာဆက်ဆံရေးမှာ .အလုံးစုံ ပြောင်းလဲနိုင်ပြီလား..။ သူတို့ဆီက အခွင့်အရေးတော့လိုချင်တယ်..။ ကိုယ့်ဘက်က တကယ်ကော အခွင့်အရေးယူနိုင်တဲ့ အရည်အချင်း ရှိနေပြီလား။

ယခင်အစိုးရလက်ထက်မှာ လွှတ်တော်ဥက္ကဌကြီးကိုယ်တိုင် ဗိုလ်ချုပ်ကြီးဘ၀နဲ့ ၂၀၀၈ နိုဝင်ဘာမှာ မြောက်ကိုရီးယားကို သွားခဲ့တဲ့ ခရီးကကော ပွင့်လင်းမြင်သာမှု ရှိပါရဲ့လား..။ အန်ကယ်ဆမ်ကြီးက ထိုကိစ္စကြီးကို မသိချင်ယောင်ဆောင်ပြီး စီးပွားရေးကို လုံးဝ ဖွင့်ပေးပါ့မလား..။

အခု စီးပွားရေးပိတ်ဆို့မှုအတွက် ဦးဆောင်တောင်းဆိုနေသူ လွှတ်တော်ထဲက ပြည်သူ့ကိုယ်စားပြုဆိုသူတွေထဲက အစိတ်သားကကော ဒါကြီးတွေကို မသိချင်ယောင်ဆောင်ပြီး စီးပွားရေးပိတ်ဆို့မှု ဖွင့်ပေးရေးအဆိုကို ထောက်ခံနေကြတာ ရယ်စရာကောင်းပါ့..။ မိမိနိုင်ငံရဲ့ စစ်ရေးအရ မဟာဗျူဟာအရ ဆက်ဆံခဲ့တဲ့ ကိစ္စတွေက ကိုယ့်နိုင်ငံရဲ့ စီးပွားရေးပိတ်ဆို့မှုကို အထောက်အကူဖြစ်ခဲ့ခြင်းရှိမရှိကို မသုံးသပ်ပဲ.. ဟိုလူ့အပြစ်တင်.. ဒီလူ့အပြစ်တင်နဲ့....။

လွှတ်တော်ထဲမှာကောဒီလိုစစ်ရေးဆိုင်ရာ/မဟာဗျူဟာဆိုင်ရာကိုဦးတည်ပြီး နိုင်ငံတိုးတက်ရေးအတွက် ဆွေးနွေးမှုတွေ၊ ထောက်ပြချက်တွေကို လက်ခံရဲပါ့မလား...။

မြန်မာနိုင်ငံဟာ Future 'Asia Democracy Leader ပါ။
အဘယ် ကြောင့် ဆိုသော် မြန်မာ့ ဒီမိုကရေစိ သည် တရုတ်အတွက် Democracy ပြုပြင် ပြောင်း လဲရေး ကို တခုတည်းသော တွန်းအားဖြစ်နေသလို မြောက်ကိုရီးယားကဲ့သို့နိုင်ငံများအတွက်လည်း ဒီအပြောင်းအလဲဟာ ...အင်မတန် အလေးဂရုပြုနိုင်စရာ .. အထီးကျန်ဖြစ်နိုင်စရာ အခြေအနေပါ။

မဟာဗျူဟာအရ သုံးသပ်ကြည့်ခြင်းပါ..။

ယောင်းမမြင်းစီးထွက်ကြရင်လည်း မမြင်အောင်တော့ လုပ်ကြပေါ့ဗျား....။ ယောင်းမကြီးမြင်းစီးပြပြီး မုန့်ဖိုး လက်ဖြန့်တောင်းနေတာကတော့ ကြည့်မကောင်းပါဘူး..။

သေချာတာကတော့ စီးနေတဲ့ယောင်းမကြီးကို လွှတ်မပစ်ပဲ ၀ှက်ထားပြီး လိမ်မ္မာချင်ယောင်ဆောင်လို့ ...မုန့်ဖိုးမတောင်းပါနဲ့ခင်ဗျား..

Yan aung

အာဇာနည်ဗိမာန်ကအရိုးတွန်သံ


by Victor Tan on Monday, July 16, 2012 at 3:01pm ·




အာဇာနည်ဗိမာန်ကအရိုးတွန်သံ

ဇူလိုင် ၁၉ မိုးက
မျက်ရည်တွေဖြိုးကြွ
အတိုးချ မကြေပွဲ
ကြေကွဲခြင်းများစွာနဲ့
တိမ်လိပ်ငယ်ပမာ
တရိပ်ရိပ်တက်လာ
စိတ်မသက်သာစရာအတိ
မချိတင်ကဲ ရင်ထဲက ငိုကြွေး
ဘ၀င်ထဲက ပူဆွေးရတဲ့
အာဇာနည်သွေးနဲ့
ရေးခဲ့တဲ့ အာဇာနည်နေ့ပါ…။

ဤနေ့ဤရက်ကို အစဉ်အဆက်
လေးလေးနက်နက် ယုံကြည်ချက်နဲ့
ဂုဏ်တက် အဆင်းလှ
ကျင်းပခဲ့ကြတာ နှစ်လချိန်ခါ
အတော်ကြာခဲ့ပါလေပြီ။

နအဖခေတ်ရောက်မှ
မှောက်မှောက်မှားမှား
ဖေါက်ဖေါက်ပြားပြား ကြောက်သလားမမေးနဲ့
အာဇာနည်ချွေး အာဇာနည်သွေးနဲ့
ရေးခဲ့တဲ့ သမိုင်းလမ်းကြောင်းကို
ပြန်ပြောင်းမပြောချင်
သမိုင်းတွင်တဲ့ဗိုလ်ချုပ်အောင်ဆန်းစကား
ပြန်ကြားရပါလျှင် မွှေးမျှင်တန်းတန်း
ကျောကချမ်း မနောကဆန်း
သဘောကကြမ်းလာပြီး
လမ်းတခွင်မှာ လှမ်းမမြင်နိုင်အောင်
အဆန်းထွင်ပြီး ရာဇ၀င်ကိုပြင်…။

မသိကျိုးကျွန် အလွန်မိုက်မဲ
သတ္တိကဲလိုက်ပုံများ
ယုံနိုင်ဖွယ်မရှိ လူသိထင်ရှား
အလွန်ကျော်ကြားတဲ့
နေ့ရက်များကိုပါ
ဖယ်ရှားရှောင်ကွေ့
အာဇာနည်နေ့ အကုန်မေ့သတဲ့…။

တော်လှန်ရေးနေ့ကိုလဲ
တပ်မတော်နေ့တဲ့…။

အာဇာနည်အကြောင်း ရေမြောင်းထဲလောင်း
သမိုင်းလမ်းကြောင်း
ပြောင်းချင်သလိုပြောင်းပေမယ့်
သူရဲကောင်းဗိမာန်က
အာဇာနည်တွေရဲ့အရိုးတွန်သံတွေဟာ
မိုးစွန်ဘ၀ဂ်ဖျားထိ ညံသွားပါလိမ့်မယ်…။

တက္ကသိုလ်ဘုန်းကြွယ် (ဇူလိုင် ၁၅ ၂၀၁၂)

ယနေ့ ထောက်ကြန့်မြို့နယ်တွင် လယ်မြေ အသိမ်းခံရသော တောင်သူလယ်သမားများမှ ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်

Monday, July 16, 2012

July 15, 2012
လယ်ယာမြေ အသိမ်းခံရသော လယ်သမားများ ထောက်ကြံ့မြို့ လမ်းသစ်လမ်းရှိ မတူကွဲပြား ခြားနားခြင်းပါတီရုံးရှေ့မှ ဆန္ဒဖော်ထုတ်ရန် စတင်ထွက်ခွါလာစဉ်..
မတူကွဲပြား ခြားနားခြင်း ပါတီ ဥက္ကဌ ဦးနေမျိုးဝေမှ ဦးဆောင်နေစဉ်ပုံ(၃)လယ်ယာမြေ အသိမ်းခံ လယ်သမားများ ဆန္ဒဖော်ထုတ်သည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာရန်ကုန်-ပဲခူး ကားလမ်းမပေါ်သို့ ဆန္ဒပြချီတက်လာကြစဉ်..
မင်္ဂလာဒုံ-စက်မှုဇုန်(၁)၊ သင်္ကန်းကျွန်းကြီးရွာမှ လယ်ယာမြေ အသိမ်းခံရသဖြင့် ဆန္ဒဖော်ထုတ်ရန်အတွက် ချီတက်လာကြသော တောင်သူများ
လယ်ယာမြေ အသိမ်းခံ လယ်သမားများ ဆန္ဒဖော်ထုတ်သည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာရန်ကုန်-ပဲခူး ကားလမ်းမပေါ်သို့ ဆန္ဒပြချီတက်လာကြစဉ်
ဆန္ဒဖော်ထုတ် ပြသကြသော တောင်သူ လယ်သမားများအား လိုက်လံ စောင့်ရှောက် ပေးနေကြသော လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ..
လှည်းကူးမြို့နယ်၊ မြနန္ဒာပန်းခြံတွင်းရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် တွေ့မြင်ရသော ဆန္ဒဖော်ထုတ်ကြသော တောင်သူလယ်သမားများအား တွေ့မြင်ရစဉ်..
"ဥပဒေနှင့်အညီ လုပ်မှာလား ညှိနှိုင်းဖြေရှင်းမှာလား" ဆိုသည့် ဆိုင်းပုဒ် ကိုင်ဆောင်ကာ ဆန္ဒဖော် ထုတ်နေသော လယ်မြေအသိမ်းခံ တောင်သူလယ်သမားတစ်ဦး
လယ်မြေအသိမ်းခံ တောင်သူလယ်သမားများ လှည်းကူးမြို့နယ်၊ မြနန္ဒာပန်းခြံတွင်း စုဝေးရောက်ရှိ နေကြစဉ်...
သတင်း၊ ဓာတ်ပုံ ဒီမိုဝေယံ၊ ဒီမိုကောင်းကင်

စေတနာ ၀ဿန် ဂီတ ရန်ပုံငွေပွဲ အကြို

Monday, July 16, 2012  အိမ့်သံစဉ် 


၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှာ MCC မှာ ကျင်းပဖို့စီစဉ်ထားတဲ့ စေတနာ ၀ဿန် ဂီတ ရန်ပုံငွေရှာဖွေပွဲအတွက် ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့က Mr. Guitar စားသောက်ဆိုင်မှာ မြန်မာနိုင်ငံ က ထင်ရှားတဲ့ အနုပညာရှင်တွေနဲ့ အကြိုညှိနှိုင်းဆွေးနွေးပွဲလေး တခု လုပ်ခဲ့ပါတယ်။


ညှီနှိုင်းဆွေးနွေးပွဲလေးမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ၈၈မျိုးဆက် ကျောင်းသားတွေ အနေနဲ့ မြန်မာနိုင်ငံတ၀ှမ်းက လူမှု အခက်အခဲတွေကို ကူညီဖြေရှင်းပေးတဲ့ နေရာမှာ အသုံးပြုသွားဖို့ အတွက် စေတနာ ၀ဿန် ဂီတ ရန်ပုံငွေ ရှာဖွေပွဲလုပ်လိုကြောင်း ပြောကြားခဲ့ပါတယ်။





ဂီတ အနုပညာ မောင်နှမများရဲ့ ၀ိုင်းဝန်းကူညီပံ့ပိုးပေးနိုင်ရေး ဆွေးနွေးကြတဲ့ ဒီပွဲလေးမှာပဲ အနုပညာရှင် မောင်နှမတွေ က သဒ္ဒါပေါက်ပြီး အလှူငွေတွေထည့်ဝင်သွားခဲ့ပါတယ်။



ဒီဆွေးနွေးပွဲလေးမှာတော့ နံမည်ကျော် အနုပညာရှင်များနဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို့က အမှတ်တရ စု ပေါင်း ဓာတ်ပုံလည်း ရိုက်ခဲ့ကြပါသေးတယ်။



လာမယ့် စက်တင်ဘာ ၁ ရက်နေ့မှာ ကျင်းပမယ့် စေတနာဝဿန် ဂီတ ရန်ပုံငွေပွဲက ရလာမယ့် ရန်ပုံငွေတွေကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကချင်ပြည်နယ်က ဒုက္ခသည်တွေ၊ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေနဲ့ အခြား လို အပ်လို့ လာရောက်အကူအညီတောင်းနေကြတဲ့ လူမှုဒုက္ခသည်တွေကို ပြန်လည် လှူဒါန်း သွားမှာဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးဖြစ်တဲ့ ကိုဥာဏ်လင်းကလည်း ဧရာဝတီကို ရှင်းပြပါတယ်။



“ဒီရန်ပုံငွေပွဲက ရလာတဲ့ ငွေကြေးတွေကို အခု ကျနော်တို့ဆီ လာပြီး အကူအညီတောင်းထားတဲ့ သူတွေနဲ့ ၈၈ က လှူဒါန်းမှုတွေ လုပ်နေတဲ့ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်အပါအ၀င် လိုအပ်နေတဲ့ သူတွေကို ပြန်ပြီး အကူအညီ ပေးသွားဖို့ ဖြစ်ပါတယ်” လို့ ကိုဥာဏ်လင်းက ဆိုပါတယ်။



အုပ်ချုပ်ရေးမှူးနှင့် စစ်တပ် လယ်သမားများကို တားမြစ်ခြင်း






















 လယ်ထဲဆင်းလာသော ပန်းတောင်းမြို့နယ် လယ်သမားများ

 လယ်ထဲဆင်းလာသော ပန်းတောင်းမြို့နယ် လယ်သမားများ



 ဒီမှာ စရစ်နေပြီ  အပြောတစ်မျိုး လက်တွေ့ ကြတော့ အနိုင်ကျင့်တာဘဲ




















   သတင်း  ကိုရဲမင်းထွန်းFace Book

ယနေ့ ဒီမိုဝေယံသို့ ပေးပို့လာတဲ့စာ..

ယနေ့ ဒီမိုဝေယံသို့ ပေးပို့လာတဲ့စာ..
http://www.demowaiyan.org/2012/07/blog-post_16.html
မောင်းတော အခြေစိုက် နစကမှူးအား ရေကြည်အိုင်သို့ ခေါ်ယူစစ်ဆေးနေခြင်း



မောင်းတောမြို့မှာ ဖြစ်ပေါ်ခဲ့တဲ့ ဘင်္ဂလီများရဲ့ အကြမ်းဖက်မှုအတွင်း အဓိက တာဝန်ရှိတဲ့ မောင်တောမြို့ အခြေစိုက် နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးအား ရေကြည်အိုင်သို့ ခေါ်ယူစစ်ဆေးနေပြီ ဖြစ်ကြောင်း ဒီမိုဝေယံသို့ ပေးပို့လာတဲ့ ပေးစာအား ဖော်ပြလိုက်ရပါတယ်..။

ပြီးခဲ့တဲ့ ဇွန်လက ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်ခဲ့သော လူမျိုးရေးပဋိပက္ခများနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်ရှိ နစကမှူး ဗိုလ်မှူးကြီးအောင်ကြီးအား ရေကြည်အိုင်သို့ ခေါ်ယူစစ်ဆေးနေပြီ ဖြစ်ကြောင်း နစကရှိ လ၀က၀န်ထမ်းတစ်ဦး၏ ပြောဆိုမှုအား ကိုးကား ဖော်ပြအပ်ပါသည်။ ၎င်းနှင့်အတူ အရာရှိငယ်နှစ်ဦးလည်း ပါသွားကြောင်း သိရှိရပါသည်။ ၁၂-၆-၂၀၁၂ရက်နေ့ထုတ် စာစောင်ပါ နိုင်ငံသား အားလုံးနှင့်ဆိုင်သည့် တရားဥပဒေ စိုးမိုးရေးဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်မှ ဒီလိုပြဿနာတွေဖြစ်ရင် ကျွန်မအတွေးက ကိစ္စနှစ်ခုဆီကို ရောက်သွားတယ်။ နံပါတ်တစ်ကတော့ တရားဥပဒေစိုးမိုးရေးပဲ။ နှစ်ကတော့ လှုံဆော်တဲ့သူများ ရှိသလားဆိုတဲ့ စိုးရိမ်ပူပန်မှု ဟု ပြောသွားတာရှိပါတယ်။ တရားဥပဒေ စိုးမိုးရေးဟု ဆိုရာမှာ တစ်နည်းအားဖြင့် နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်မှု၊ ခိုးဝင်မှု၊ စိမ့်ဝင်မှု တို့ကို၊ တားမြစ်ထိမ်းသိမ်းခြင်း၊ စောင့်ကြပ်ခြင်း၊ ၀င်ရောက်မှု/စိမ့်ဝင်မှုတို့ကို တားမြစ်ရာမှာ ၀န်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုကိုပါ ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ရမှာဖြစ်ပါတယ်။

ယခင်နှစ်များနှင့် နှိုင်းယှဉ်လျှင် ယခု(၃)/(၄)နှစ်ခန့်ဝန်းကျင်မှာ တစ်ဖက်နိုင်ငံမှ လူမျိုးစုများ စိမ့်ဝင်မှုမှာ ပိုမိုများပြားလာကြောင်း၊ အချို့ဆိုရင်နယ်စပ်မှ တစ်ဆင့် ပြည်မအတွင်းပိုင်း အထိတောင် ရောက်ရှိသွားပြီဖြစ်ကြောင်း၊ နစကဌာနချုပ်သည် နယ်ခြားစောင့် တပ်များညွှန်ချုပ်ရုံး(ကကကြည်း) လက်အောက်ခံတပ် ဖြစ်ကြောင်း၊ ညွှန်ကြားရေးမှူးမှာ ဗိုလ်ချုပ်မောင်မောင်အုန်း ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် နစကသို့ မကြာမကြာ လာရောက်စစ်ဆေးလျှက်ရှိကြောင်း၊ တစ်ခါတစ်ရံ ဇနီးပါ ပါလာကြောင်း၊ တစ်ခါကဆိုရင် သားသမီးများနှင့် သားမက်ပါ ပါလာကြောင်း၊ ကကကြည်းမှ ၎င်း၏မိသားစုများ ပါလာသည်ကို နှစ်သက်မှုမရှိလို့လား၊ အမှန်တစ်ကယ် အရေးကြီး ကိစ္စရှိလို့လားတော့ မသိပါဘူး၊ လာသည့်လေယာဉ်ဖြင့် နေပြည်တော်ကို ချက်ခြင်းပြန်လာရန် ညွှန်ကြားခဲ့ပေမဲ့ ဗိုလ်ချုပ်သာပြန်သွားပြီး ၎င်းဇနီးနှင့် သားသမီး သမက်များမှာ နစကမှာ ကျန်ရှိခဲ့ပါတယ်။

ဗိုလ်ချုပ်မောင်မောင်အုန်း၏ ဇနီးမှာ အတောင်းအရမ်း အလွန်ကြမ်းပြီး တော်တော်လေးလည်း ယောင်္ကျားအပေါ် သြဇာညောင်းတယ်လို့ သိရှိရပါကြောင်း၊ ကျွန်တော်တို့ရဲ့ နစကအကြောင်းကိုလည်း တော်တော်များများ သိနေတဲ့အတွက် တော်တော် လေ့လာထားတယ်လို့ ယူဆရကြောင်း၊ နယ်မြေမှူးတွေအထိကို ခေါ်ယူပြီး လစဉ်ငွေပို့ပေးရန် နယ်မြေအလိုက် သတ်မှတ်ပေးခဲ့ကြောင်း၊ လစဉ်အပြင် ရံဖန်ရံခါ လိုအပ်တာတွေကိုလည်း ပို့ပေးရကြောင်း၊ နိုင်ငံတော်မှ ဈေးနှုန်းချိုသာစွာ ရောင်းချပေးသည့် ကားဘိုးငွေကိုလည်း ကျွန်တော်တို့မှ ရှာဖွေပေးခဲ့ရကြောင်း၊ ပုံမှန်ထက် လိုအပ်ချက်တွေ ပိုမိုများပြားလာသည့်အတွက် နယ်မြေမှူးများနှင့် နစက ၀န်ထမ်းများအနေဖြင့် မနိုင်ဝန်ထမ်း မတတ်သာသည့်အတွက် လူမျိုးခြားစိမ့်ဝင်မှုတွေကို အချို့အခါမှာ လျစ်လျှူရှုခဲ့ပြီး မမြင်ချင်ယောင် မသိချင်ယောင် ဆောင်ခဲ့ရတာတွေ အများကြီးရှိခဲ့ပါကြောင်း၊

ဗိုလ်မှူးကြီးအောင်ကြီးမှာ အင်မတန် သဘောထားပြည့်ဝပြီး အထက်အရာရှိများ အပေါ်တွင် သစ္စာရှိသူ တစ်ယောက်ဖြစ်ကြောင်း၊ ပင်ကိုယ်အနေဖြင့် စည်းကမ်းကောင်းပြီး အမှားမရှိအောင် ကိုယ့်ကိုယ်ကို ထိမ်းသိမ်းနိုင်စွမ်းရှိသူလို့ နာမည်ကောင်းရှိသူ တစ်ယောက် ဖြစ်သော်လည်း မတော်လောဘရှိတဲ့ အထက်လူကြီးများနှင့် ကြုံကြိုက်သည့်အတွက် ယခုကဲ့သို့ ရေကြည်အိုင်ကိုခေါ်ပြီး အစစ်ဆေး ခံနေရပြီဖြစ်ကြောင်း၊ တစ်ဖက်နိုင်ငံမှ နိုင်ငံခြားသားများ စိမ့်ဝင်မှုကို ပြန်လည် ဖော်ထုတ်စစ်ဆေးမည်ဆိုပါက အင်မတန် လွယ်ကူပါကြောင်း၊ ကာလတစ်ခုနှင့်ချိန်ပြီး ၎င်းလူမျိုးခြားတွေရဲ့ မြန်မာရည်လည်မှုကို ကြည့်လိုက်ရင် အထူးအထွေ စစ်ဆေးစရာပင် မလိုကြောင်း၊ နစကရှိ လ၀က ၀န်ထမ်းတစ်ဦးမှ ပြောပြခဲ့ပါသည်။

၎င်းကပင်ဆက်လက်၍ ငွေကို လူတိုင်း ခုံမင်နှစ်သက်ပါကြောင်း မလိုဘူးဆိုတဲ့သူမရှိပါကြောင်း၊ သို့သော် ကိုယ့်တိုင်းပြည်ရဲ့ ဘာသာတရား၊ လူမျိုးရေးနှင့် ပတ်သက်လာပါက ချင့်ချိန် ရမှာဖြစ်ကြောင်း၊ ဒါကြောင့်တရားဥပဒေစိုးမိုးရေး ဆိုရာမှာ လုပ်ပိုင်ခွင့်ရှိတဲ့ အာဏာပိုင်တွေနဲ့ အကြီးအကဲများ ပေါ်တွင်လည်း တရားဥပဒေစိုးမိုးရေး သက်ရောက်မှုရှိဖို့ အရေးကြီးကြောင်း၊ ယခု ရခိုင်အရေး ကိစ္စကိုကြည့်ပြီး နိုင်ငံတော်အနေဖြင့် ဘာဆက်လုပ်သင့်တယ် ဘာတွေဘယ်လိုပြုပြင်ရမလဲ၊ ကြပ်မတ်ရမလဲဆိုတာ သိသင့်ပြီ ဖြစ်ပါကြောင်း ပြောဆိုပါတယ်..။

တိုင်းပြည်ကို ပါးစပ်ကမချစ်ဘဲ အလုပ်ဖြင့်ချစ်ကြပါလို့ ပြောခဲ့တာလည်း ယခင်ကဗိုလ်ချုပ်တွေ ဗိုလ်ချုပ်ကြီးတွေ ကဘဲ အကြိမ်ကြိမ် ပြောခဲ့ကြာတာလည်း သူတို့ပါဘဲလို့ အဆိုပါ ၀န်ထမ်းက ပြောပြခဲ့ပါတယ်။ အဆိုပါ ၀န်ထမ်း၏ ပြောပြချက် အသံဖိုင်ကို မိမိတို့ သတင်းအဖွဲ့မှ ရရှိထားပြီး ၎င်း၏ ခွင့်ပြုချက်ရရှိပါက ဆက်လက်ဖော်ပြ ထုတ်လွှင့် ပေးမည်ဖြစ်ပါသည်။ အဆိုပါ ၀န်ထမ်းမှ လစာအပေါ်တွင်သာ ရည်တည်နေရသဖြင့် မိသားစုဘ၀ အခက်ခဲများ ဖြစ်လာနိုင်ပါသော်ကြောင့် ခွင့်ပြုချက်ရရှိမှသာ အသံဖမ်းယူထားမှုအား ဆက်လက်ဖော်ပြမည်ဖြစ်ပါကြောင်း ပြည်သူလူထုနှင့် နိုင်ငံတော်မှသိစေရန် တင်ပြလိုက်ရပါတယ်ခင်ဗျား။

တာဝန်သိသူ..

နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီး ဆက်စပ်သတင်း ပြန်ဖတ်ရန် http://www.narinjara.com/burmese/?p=1229


ဒီမိုဝေယံ သတင်း

မြန်မာနိုင်ပြီ ဒို့ မြန်မာနိုင်ပြီ




ဇူလိုင် ၁၅ ရက်ညက ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ခြေစစ်ပွဲအောင် မြန်မာ ယူ-၂၂ အသင်း ဂုဏ်ပြုပွဲကို တက်ရောက်လာတဲ့ ဖိုးလပြည့်။
ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ရဲ့ ဇနီး
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်။

Photo..အဘ ဥက္ကာကိုကို

ပူးပေါင်းပါဝင်ကြပါရန် ဖိတ်ကြားခြင်း


ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအင်အားစုနှင့် လုပ်ဖေါ်ကိုင်ဖက်များ ခင်ဗျား


မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်း ဒေသအတွင်း ဖြစ်ပွါးနေသည့် ပဋိပက္ခသည် မြန်မာနိုင်ငံ၏ အနာဂတ် လုံခြုံရေးနှင့် ငြိမ်းချမ်းရေးအတွက် ကြီးမားသော ဆိုးကျိုးသက်ရောက်မှုကို ဖြစ်နိုင်သည့်အတွက် ဂျပန်ရောက် မြန်မာနိုင်ငံသားများ အနေဖြင့် မိမိတို့၏ သဘောထား ဆန္ဒများကို ထုတ်ဖေါ်ပြသရန် အချိန်ကျရောက်ပြီ ဖြစ်ပါသောကြောင့် လာမည့် ဇူလှိုင်လ(၁၈)ရက်နေ့ ဗုဓ္ဒဟူးနေ့တွင် တိုကျိုမြို့ ရှီဘူယရှိ UN ရုံးအရှေ့သို့ လာရောက် ပူးပေါင်း ပါဝင်ပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။


တာဝန်ယူ ကျင်းပပေးသောအဖွဲ့အစည်း

ညီညွတ်သော တိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်) AUN-Japan


နေ့ရက်။        ။ ၂၀၁၂ ခုနှစ် ဇူလှိုင်လ (၁၈)ရက်၊ ဗုဓ္ဒဟူးနေ့

အချိန်။          ။ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီ အထိ

နေရာ။          ။ ရှီဘူယ UN အဆောက်ဦးရှေ့

သမ္မတ ဦးသိန်းစိန်၏ Siem Reap မိန့်ခွန်း



သမ္မတ ဦးသိန်းစိန် ကမ္ဘောဒီးယား နိုင်ငံ Siem Reap တွင် မိန့်ခွန်းပြောကြားစဉ်။ ဓာတ်ပုံ- daylife

ရာစုနှစ်ဝက်ကျော် အဖက်ဖက်က နောက်ကျကျန်ခဲ့တဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံတခုအနေနဲ့ ကမ္ဘာ့ အလယ် အားလုံး အသိအမှတ်ပြုလာသည်အထိ ကြိုးစားအားထုတ်သွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ကမ္ဘောဒီယားနိုင်ငံ Siem Reap မြို့မှာ လွန်ခဲ့တဲ့ သောကြာနေ့က မိန့်ခွန်းပြောသွားခဲ့ပါတယ်။

Siem Reap မြို့က အမေရိကန်နဲ့ အာဆီယံ စီးပွားရေးဆွေးနွေးပွဲမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီကလင်တန်နဲ့လည်း ဦးသိန်းစိန်တို့ဟာ အလွတ်သဘောတွေ့ကြပြီး ဒီအပြင်အမေရိကန် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့လည်း တွေ့ဖြစ်ကြပါတယ်။



သမ္မတကြီး ဦးသိန်းစိန်၏ ဆီရမ်ရိ မိန့်ခွန်း

မင်္ဂလာပါ-

လေးစားအပ်ပါသော အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီး၊ အာဆီယံအတွင်းရေးမှူးချုပ် နှင့်တကွ ကြွရောက် လာကြသော ဧည့်သည်တော်များခင်ဗျား-

ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ပြည်သူများအားလုံး ဟန်ချက်ညီ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုများကို ရှင်းလင်း တင်ပြလိုပါတယ်။

ဒီကနေ့ ဒီအချိန်ဟာ ကျွန်တော်တို့မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့တဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်း အလွန် အရေးကြီးတဲ့ သမိုင်းကြောင်း အလှည့်အပြောင်း အချိန်အခါကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ သန်းပေါင်း (၆၀)ကျော် ရှိတဲ့ နိုင်ငံသားတွေ၊ အမျိုးပေါင်း (၁၀၀)ကျော်တဲ့ ဘာသာစကား၊ ယဉ်ကျေးမှု အသီးသီးနဲ့
တိုင်းရင်းသား လူမျိုးစုတွေ နေထိုင်လျက်ရှိတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ပထဝီအနေအထားအရ ကမ္ဘာ့အင် အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယအကြားတည်ရှိနေပါတယ်။

ဒီ့ပြင် အရှေ့တောင် အာရှဒေသမှာ မဟာဗျူဟာမြောက် တည်ရှိပြီး၊ သယံဇာတအရင်းအမြစ်တွေပေါများတဲ့ ကျွန်တော်တို့ နိုင်ငံဟာ ကမ္ဘာ့နိုင်ငံ များအကြားမှာ ဖွံ့ဖြိုးမှု နောက်ကျလျက် ရှိပါတယ်။

ရာစုနှစ် ထက်ဝက်နီးပါး ကြာခဲ့ပြီးမှ ဒီကနေ့ဆိုရင် ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းကို ဦးတည်ပြီး ညင်သာတဲ့အပြောင်းအလဲနဲ့ နိုင်ငံသစ် တည်ဆောက်ရေးကို ကြိုးပမ်းနေပါတယ်။

စစ်ဘက်အုပ်ချုပ်ရေးစနစ် အောက်မှ ရုန်းထွက်ပြီး၊ လက်နက်ကိုင် ပဋိပက္ခတွေလည်း ချုပ်ငြိမ်းတဲ့၊ ထာဝရငြိမ်းချမ်းရေး ပတ်ဝန်းကျင်မှာ နိုင်ငံဖွံ့ဖြိုး တိုးတက်စေမယ့် ဒီမိုကရေစီ ခေတ်သစ်သို့ ချီတက်နေတဲ့ အထူးအရေးကြီးတဲ့ အချိန် ဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရရဲ့ ပြေပြစ်မျှတတဲ့ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတစ်ရပ် ဖော်ဆောင်ရေးနဲ့ နိုင်ငံတော်သစ် တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ အခက်အခဲ၊ အကျပ်အတည်း အမျိုးမျိုး ကြုံတွေ့ကြရမယ် ဆိုတာကို ကြိုတင် မျှော်မှန်းထားပြီး ဖြစ်ပါတယ်။

လက်ရှိ အချိန်အထိလည်း စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရတာ အားလုံးအသိဘဲ ဖြစ်ပါတယ်။ အစိုးရသစ် ပေါ်ထွက်လာချိန်မှာ မယုံကြည်နိုင်သော သံသယမျက်လုံးများနဲ့ အကဲခတ် စောင့်ကြည့်ခဲ့ကြသော် လည်းဘဲ အချိန်ကာလ ရှည်ကြာလာတာနဲ့အမျှ ကျွန်တော်တို့ အစိုးရရဲ့ စစ်မှန်တဲ့ သဘောထား၊

မှန်ကန်ပြီး ပွင့်လင်းမြင်သာတဲ့ ကြိုးပမ်း အားထုတ်မှုတွေကြောင့် ထောက်ခံ အားပေးလာကြပြီ ဖြစ်ပါတယ်။
တစ်ဘက်မှာလည်း စောင့်ကြည့်ဦးမယ် ဆိုတဲ့သူတွေ ရှိသလို၊ ကျွန်တော်တို့ နိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဆက်လက်ထားရှိ ဖိအားပေးဖို့ တိုက်တွန်းနေတဲ့သူတွေလည်း ရှိနေဆဲဖြစ်ပါတယ်။

သို့သော်လည်း ကျွန်တော်တို့အစိုးရရဲ့ ပကတိ အခြေအနေမှန်၊ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေကို စာနာ နားလည်ကြသူ တွေလည်း အများအပြား ရှိနေပါတယ်။

ဧည့်သည်တော်များခင်ဗျား-

အစိုးရသစ် အပြောင်းအလဲဖြစ်လာတာနဲ့အညီ မြန်မာနိုင်ငံသား အားလုံးဟာ အပြောင်းအလဲကို လိုလားလျက်ရှိ ပါတယ်။ ကျွန်တော်တို့ အစိုးရရဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အားလုံးဟာ ပြည်သူတွေရဲ့ မျှော်လင့် ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ဘဲ ဖြစ်ပါတယ်။

ကျွန်တော်တို့အစိုးရအဖွဲ့ အနေနဲ့ ပြုပြင်ပြောင်းလဲမှု (၃) ရပ်ကို တစ်ပြိုင်တည်း ဖော်ဆောင်လျက်ရှိ ပါတယ်။

ပထမဆုံးပြုပြင်ပြောင်းလဲမှုကတော ရာစုနှစ်ဝက်ခန့် ကျင့်သုံးခဲ့တဲ့ ဗဟိုဦးစီးအုပ်ချုပ်မှု စနစ်အောက်က ရုန်းထွက်ပြီး ရင့်ကျက်ခိုင်မာတဲ့ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းနိုင်ဖို့ ဖြစ်ပါတယ်။ ဒါဟာ ဒီမိုကရက်တစ်
အလေ့အထတွေ ကွယ်ပျောက် နေခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံနဲ့ ပြည်သူတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီး ဘဲ ဖြစ်ပါတယ်။ အခြေခံအဆောက်အဦတွေ အားနည်းခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်၊ လွှတ်တော်အသစ် အပြင်၊ တရားစီရင်ရေးကဏ္ဍ ကိုလည်း ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေအုံးမှာဖြစ်ပါတယ်။

ခေတ်သစ်၊ စနစ်သစ် နဲ့ ကိုက်ညီခြင်းမရှိတော့တဲ့ ဥပဒေများကိုလည်း ဖျက်သိမ်းခြင်း၊ ပြင်ဆင်ပြဌာန်းခြင်း တို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီ့ပြင် နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးနေတဲ့ ဗျူရိုကရေစီစနစ်နဲ့ အစိုးရ ဝန်ထမ်းတွေ ရဲ့ စိတ်ထားကိုလည်း ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။

အားလုံးသိပြီးဖြစ်တဲ့အတိုင်း NLD ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ရင်းနှီးပွင့်လင်းစွာ တွေ့ ဆုံခဲ့ပြီး မတူညီတာတွေ ဘေးဖယ်ထား၊ တူညီတာတွေ လက်တွဲ လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒါ့ပြင် တိုင်းရင်း သား ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများမှ ခေါင်းဆောင်တွေ၊ ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ စာပေ/စာနယ်ဇင်း သမားတွေ၊ ကဏ္ဍမျိုးစုံမှ လူပေါင်းများစွာနဲ့ တွေ့ဆုံ ညှိနှိုင်းမှုတွေ ပြုလုပ်ပြီး လက်တွဲခေါ်ဆောင်ခဲ့ ပါတယ်။

နိုင်ငံရေးအကျဉ်းသား ရာပေါင်းများစွာကို အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် မျှော်မှန်းပြီး ပြန် လွှတ်ပေးခဲ့သလို၊ သတင်းနဲ့ ဆက်သွယ်ရေး နည်းပညာများ ပွင့်လင်းစွာ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးခဲ့ပါ တယ်။

ထိန်းချုပ် ကန့်သတ်မှုတွေ ပယ်ဖျက်ပေးခဲ့ပါတယ်။ ပြည်ပရောက် နိုင်ငံသားတွေ ပြန်လာနိုင်အောင် လည်း ဖိတ်ခေါ်ခဲ့ပါတယ်။ စာပေထုတ်ဝေရေး စိစစ်မှုလုပ်ငန်းစဉ်တွေကို အဆင့်ဆင့် လျှော့ချပေးခဲ့ပါတယ်။

မကြာခင်ကာလမှာ လွတ်လပ်ပွင့်လင်းစွာ ဆောင်ရွက်နိုင်တဲ့ မီဒီယာဖြစ်လာအောင် ဥပဒေနဲ့အညီ လုပ်ဆောင်ပေးဖို့လည်း ကတိကဝတ်ပြုထားပြီး ဖြစ်ပါတယ်။

နိုင်ငံရေးပါတီများ၊ လူမှုရေးအဖွဲ့အစည်းများကို ဥပဒေနဲ့အညီ ဖွဲ့စည်းခွင့်ပြုခဲ့သလို ဆယ်စုနှစ်ပေါင်းများစွာ ခွင့်ပြုခြင်းမရှိခဲ့တဲ့ အလုပ်သမား အစည်းအရုံး ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် ခွင့် စတဲ့ အခြေခံလူ့အခွင့်အရေးများ အတွက် ဥပဒေများကို ပြဌာန်းခွင့်ပြု ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒုတိယပြုပြင်ပြောင်းလဲမှုကတော့ စစ်ပွဲများမှသည် ငြိမ်းချမ်းရေးဆီ သို့ လို့ဆိုနိုင်ပါတယ်။ ကမ္ဘာပေါ်မှာ အရှည်ကြာဆုံး ပြည်တွင်းစစ်လို့ မှတ်ယူနိုင်တဲ့ ပဋိပက္ခတွေဟာ ကျွန်တော်တို့ နိုင်ငံလွတ်လပ်ရေးနဲ့ အတူ ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်း (၆၀)ကျော် ကြာခဲ့ပြီဖြစ်ပါတယ်။

ဒီပဋိပက္ခတွေကို ပြီးခဲ့တဲ့ တစ်နှစ် အတွင်းမှာ ပုံစံအသစ်၊ ဒိုင်ယာလော့ အစစ်အမှန်နှင့် စေ့စပ် ညှိနှိုင်းခဲ့ရာမှာ ယခုဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁၀) ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ လက်မှတ်ရေးထိုး ခဲ့ပြီး ဖြစ်ပါတယ်။

နောက်ဆုံး ကျန်နေ သေးတဲ့ ကချင်ပြည်နယ်မှ KIO/KIA နဲ့လည်း သဘောတူညီချက် ရရှိနိုင်အောင် စစ်မှန်သော ငြိမ်းချမ်းရေးရလိုမှု ဆန္ဒတွေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ မကြာမီ ကာလမှာ အောင်မြင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

တတိယပြုပြင်ပြောင်းလဲမှုကတော့ ဗဟိုဦးစီးစီမံကိန်း စီးပွားရေးစနစ်ကို ဈေးကွက် စီးပွားရေး စရိုက်လက္ခဏာ များ ပီပြင်စွာနဲ့ စီးပွားရေး တိုးတက်မှုရရှိလာအောင် ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတယ်။ မိုက်ခရိုစီးပွားရေး အနေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မဟာဗျူဟာကို ချမှတ်အကော င်အထည်ဖော် ဆောင် ရွက်လျက်ရှိပါတယ်။

လိုက်လျောညီထွေရှိမယ့် အသေးစား ချေးငွေဆိုင်ရာ ဥပဒေများ ကိုလည်း ဟန်ချက်ညီ ပြဌာန်းပေးပြီး ဖြစ် ပါတယ်။

မက်ခရိုစီးပွားရေး အဆောက်အအုံ တောင့်တင်း ခိုင်မာစေဖို့အတွက် ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ နိုင်ငံတကာ အဖွဲ့ အစည်းများမှ ကျွမ်းကျင်ပညာရှင်တွေရဲ့ အကူအညီများကို ရယူပြီး ပြုပြင်ပြောင်းလဲမှု များ မြှင့်တင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

အမျိုးမျိုးအဖုံဖုံ ဖြစ်နေတဲ့ ပြည်တွင်းငွေလဲနှုန်းကိုလည်း ပြင်ပဈေးကွက်နဲ့အညီ ဖြစ်ပေါ်လာအောင် ဆောင်
ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲမှု (၃) ရပ်ကို တစ်ပြိုင်တည်း ဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင်ရပြီး အောင်မြင်မှုရရှိဖို့ အထူးကြိုးစားရပါတယ်။

ဥပမာအားဖြင့်- လတ်တလောဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့တဲ့ ပြဿနာမျိုးကို ကျွန်တော်တို့ အောင်မြင်အောင် ကြိုးစားထိန်းသိမ်းနိုင်ခဲ့ ပါတယ်။

ဒီမိုကရေစီနိုင်ငံသစ်ကို တည်ဆောက်ရာမှာ ပြည်ပနိုင်ငံအချို့က ချမှတ်ခဲ့တဲ့ ပိတ်ဆို့ အရေးယူမှုများကြောင့် ကမ္ဘာ့ဘဏ်၊ IMF၊ ADB နဲ့ UNDP တို့ထံမှ အကူအညီမရနိုင်တဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့ ပြည်သူများရဲ့ အကျိုးစီးပွားအတွက် ကမ္ဘာ့နိုင်ငံများထံမှ အတတ် ပညာတွေ
သင်ယူပြီး၊ ဒီနိုင်ငံတွေနဲ့ စီးပွားရေးဆက်သွယ်ဆောင်ရွက်ဖို့ ဆန္ဒ ပြင်းပြသော်လည်း ပိတ်ဆို့အရေးယူမှုများက ကန့်သတ်ထားဆဲ၊ အခက်အခဲ ကြုံနေရဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံနိုင်အောင် ဖိတ်ခေါ်နေသလို ရင်းနှီး မြှုပ်နှံမှုကော်မရှင်ကိုလည်း မူဝါဒ (၄) ရပ်ချမှတ်ပြီး ဆောင်ရွက်စေလျက်ရှိ ပါတယ်။

ဒီမူဝါဒ (၄) ရပ်ကို တင်ပြရမယ် ဆိုရင် (၁) နိုင်ငံသားများ၏ အကျိုး စီးပွားကို မထိခိုက်စေဖို့၊ (၂) နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေဖို့၊ (၃) အချုပ်အခြာအာဏာကို မထိခိုက်စေဖို့နဲ့ (၄) သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက် စေဖို့တို့ဘဲ ဖြစ်ပါတယ်။

ဒီ့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှ ဥပဒေ ပြဌာန်းပြီး နိုင်ငံတကာမှာ ကျင့်သုံးတဲ့ စံနှုန်းများနဲ့အညီ ရင်းနှီးမြှုပ်နှံသူများ အကျိုးစီးပွားနဲ့ နိုင်ငံအကျိုးစီးပွားတို့ မျှတစွာခံစားနိုင်ရန် စတင်ဆောင်ရွက်လျက်ရှိပါတယ်။

အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် ကျွမ်းကျင်တဲ့ နိုင်ငံရပ်ခြားက ပညာရှင်တွေထံမှ အကြံဉာဏ် များ ရယူဆောင်ရွက်လျက် ရှိပါတယ်။

နိဂုံးချုပ်အနေနဲ့ယနေ့ အာရှရဲ့ဖွံ့ဖြိုးတိုးတက်မှုအခြေအနေဟာ ကမ္ဘာမှာ အရေးပါလာတာကို တွေ့မြင်နေ ရပြီ ဖြစ်ပါတယ်။

အာရှဒေသအဖွဲ့ဝင် နိုင်ငံများအချင်းချင်း အပြန်အလှန်လေးစားမှု၊ အားလုံး လိုက်နာနိုင်မယ့် စည်းကမ်းဥပဒေ များ ထားရှိ ကျင့်သုံးမှုတို့ကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကောင်းဆုံးအနေအထားသို့
တက် လှမ်းနိုင်မှာဖြစ်ပါတယ်။

ဒီနေရာမှာ နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့အတူ ပါရှိလာတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနဲ့ သဘာဝဘေးအန္တရာယ်ရန်ကို ကာကွယ်ဖို့အတွက် အစိမ်းရောင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဟန်ချက်ညီ
ဖွံ့ဖြိုးတိုးတက်မှုတို့ကို အရည်အသွေး ပြည့်မီတဲ့ နည်းပညာများနဲ့ ကျွန်တော်တို့တစ်တွေ ရင်ဆိုင်သွားနိုင်မှာဖြစ် ပါတယ်။

ဒီအခက်အခဲတွေကို အာရှနိုင်ငံများ အချင်းချင်း အပြန်အလှန် အကူအညီပေးပြီး ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှု များ ဆောင်ရွက် နိုင်မယ်လို့ ယုံကြည်ပါတယ်။ အာရှဒေသတွင်း ပွင့်လင်း တံခါးဖွင့်ဝါဒ လိုက်နာကျင့်သုံးသွားရင် ကမ္ဘာကြီး ငြိမ်းချမ်း သာယာဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မှာ ဖြစ်တယ်လို့ ခံယူမိပါတယ်။

ကျွန်တော်တို့နိုင်ငံအနေနဲ့ နှစ်ပေါင်း (၆၀) ကျော် အထီးကျန်ပြီး ဖွံ့ဖြိုးမှု နောက်ကျ ကျန်ခဲ့ရပါတယ်။ အာရှမှာ မိတ်ဆွေနိုင်ငံအများက အလေးထား အသိအမှတ်ပြုခံရမယ့် ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ရောက်ရှိ
လာအောင် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားပါ့မယ်။

အာဆီယံအဖွဲ့ကြီးရဲ့ RICH ASEAN 2030 အစီအစဉ်မှာ ကျွန်တော်တို့ အစွမ်းကုန် ပူးပေါင်း ပါဝင်သွားမှာ
ဖြစ်သလို ကမ္ဘာ့နိုင်ငံ အများစုနဲ့ပါ အပြန်အလှန် နားလည် ယုံကြည်မှု၊ မိတ်ဝတ်မပျက် ဆက်ဆံမှုတို့ကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကြုံတွေ့လာရမယ့် စိန်ခေါ်မှုများကို ရင်ဆိုင်သွားမယ်လို့ ကတိပြု ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။


by Khon Ja (ဘာသာပြန်ပို့စ်တင်ပေးသူ)

ပြုပြင်ပြောင်းလဲမှုများ ဆက်လုပ်ပါဟု ကလင်တန်ကတိုက်တွန်း



 ပြုပြင်ပြောင်းလဲမှုများ ဆက်လုပ်ပါဟု ကလင်တန်ကတိုက်တွန်း


( 13 July 2012 ရက်စွဲပါ Reuters မှ Arshad Mohammed ရေးသားသော Keep up reforms, Clinton urges Myanmar ကိုဘာသာပြန်ဆိုသည်)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်က မြန်မာနိုင်ငံသမ္မတအားစီးပွားရေးနှင့်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ကို ဆက်လက် ဖက်တွယ်ထားရန် တိုက်တွန်းခဲ့သည်။

“ကျွန်မတို့ကတော့ ဒီအတိုင်း ဆက်သွားစေလိုပါတယ်။ ကျွန်မတို့အားလုံး ကတိတွေပေးပြီးသားပါ”ဟု ကလင်တန်က ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ကလင်တန်နှင့် ဦးသိန်းစိန်တို့သည် အမေရိကန်ပြည်ထောင်စုက အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ငွေကြေး ဝန်ဆောင်မှုများပေးခွင့်ပြုရန် အရေးယူမှုများဖြေလျော့ပေးပြီး နှစ်ရက်အကြာတွင် ကမ္ဘောဒီးယားနိုင်ငံ Siem Reap ၌ ပြုလုပ်သော စီးပွားရေးကွန်ဖရင့်တွင် တွေ့ဆုံခဲ့ကြသည်။

“ကျွန်တော်တို့ နှစ်နိုင်ငံဆက်ဆံရေး ရုတ်ခြည်းတိုးတက်လာတာတွေ့ရတာ ကျေနပ်အားရမိပါတယ်။ သမ္မတအိုဘားမားက အရေးယူမှုတွေ ဖြေလျော့ပေးတာကိုလည်း ဝမ်းသာပါတယ်”ဟု ၎င်းတို့နှစ်ဦး စကားမပြောမီ ဓါတ်ပုံအရိုက်ခံရာတွင် ဦးသိန်းစိန်က ပြောကြားခဲ့သည်။

“ရာစုနှစ်တဝက်ခန့်အကြာယနေ့အချိန်မှာတော့ မြန်မာနိုင်ငံဟာငြိမ်းချမ်းတဲ့အသွင်ကူးပြောင်းရေးကတဆင့် နိုင်ငံတော်အသစ် တည်ဆောက်ဖို့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေပါပြီ၊ စစ်အုပ်ချုပ်ရေးမှတဖြည်းဖြည်း ပြောင်းလဲပြီး၊တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကိုလုပ်ကိုင်ရင်းဒီမိုကရေစီခေတ်သစ်ဆီကိုသွားနေတဲ့အချိန်မှာ မြန်မာနိုင်ငံဟာအရေးကြီးလှတဲ့လမ်းဆုံလမ်းခွကိုရောက်နေပါပြီ”ဟုဦးသိန်းစိန်ကကွန်ဖရင့်တွင် ပြင်ဆင်လာသော မိန့်ခွန်းအား ပြောကြားသည်။

သမ္မတအိုဘားမားကအရေးယူမှုများ ဖြေလျော့ပေးခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများကိုထောက်ခံသော အားကောင်းသည့် လက္ခဏာတစ်ခု ဖြစ်သည်။ သို့သော် အိုဘားမားကပြောကြားရာတွင် မြန်မာနိုင်ငံ၏ မပြီးဆုံးသေးသော လုပ်ဆောင်မှုများတွင် ပွင့်လင်းမြင်သာမှုမရှိသော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်စီးပွားရေးတွင် စစ်တပ်၏ကဏ္ဍတို့နှင့်ပတ်သက်၍ ကြီးစွာစိုးရိမ်မှုများရှိဆဲ ဖြစ်ကြောင်းပြောခဲ့သည်။

သစ်၊ ကျောက်မျက်ရတနာ၊ ဓါတ်ငွေ့တို့ကြွယ်ဝသော နိုင်ငံတွင်ကျယ်ပြန့်စွာ ဆင်းရဲမွဲတေလျက်ရှိသော်လည်း မိသားစု(၂၀)ပင်မရှိသော မြန်မာခရိုနီ အရင်းရှင်များသည် စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကူအညီဖြင့် ကြီးပွားချမ်းသာလျက်ရှိကြသည်။

ကလင်တန်နှင့် ဦးသိန်းစိန်တို့သည် တစ်နာရီခန့်တွေ့ဆုံခဲ့ကြောင်း အကြီးတန်းအမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက သတင်းထောက်များသို့ ပြောကြားခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ကလင်တန်က ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်း များ မှ ဝန်ထမ်း(၁၀)ဦးခန့်ကို ဖမ်းဆီးထားပြီး၊ အချို့ကို ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်၍ သတင်းများအပေါ် စိုးရိမ်မှုကိုပြောခဲ့ကြောင်း ပြောသည်။

ကလင်တန်ကကွန်ဖရင့်တွင်စကားပြောကြားခဲ့ရာတွင်ဦးသိန်းစိန်အားအချိန်တိုအတွင်းခရီးအများကြီးရောက်အောင် ရွေ့နိုင်ခဲ့သောခေါင်းဆောင်ဟု ချီးကျူးခဲ့သည်။

ကလင်တန်က မြန်မာဟုအမည်တပ်ခြင်းမရှိဘဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၏အရေးကြီးမှု၊ စီးပွားရေးနှင့် ပတ်သက်၍ ကောင်းမွန်သော လုပ်ပုံကိုင်ပုံများ၏ အရေးကြီးမှုနှင့် ၎င်းတို့၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါပုံတို့ကို အလေးအနက်ထား ပြောကြားခဲ့သည်။

“အစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသောဒေသနှင့် ရေတိုအတွက်သာတိုးတက်မှုရှိသော တစ်ဦးနှင့် တစ်ဦးကြား မှ ခြားနားချက်များမှာစံများနှင့် တစ်ဦးချင်းပိုင်ဆိုင်မှုအကာအကွယ်ပေးခြင်း၊ လူတိုင်းအတွက်ညီမျှသော လုပ်သာကိုင်သာ မှု သေချာစေမည့်ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများဖြင့် ခန့်မှန်းရလွယ်ကူစေခြင်း တို့ဘဲ ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

ဦးသိန်းစိန်ကပြောကြားရာတွင် ၎င်းသည်ပြုပြင်ပြောင်းလဲရေးအတွက် ကတိကဝတ်များပေးပြီးဖြစ်ကြောင်း၊ စီးပွားရေးကို လစ်ဘရယ်ဖြစ်စေခြင်း၊ ဆန္ဒပြခြင်းများ၊ ခွင့်ပြုခြင်းနှင့် ဒီမိုကရေစီစနစ်ဆီသို့ ချီတက်ခြင်းများကို ကြိုးပမ်း လုပ်ဆောင်ခဲ့ကြောင်း သို့သော် နိုင်ငံခြားတိုင်းပြည်များက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော အရေးယူမှုများနှင့် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများထံမှ ရန်ပုံငွေများမရရှိမှုနှင့်ပတ်သက်၍ စောဒကတက်ခဲ့သည်။

“မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီးတဲ့နောက် မြန်မာပြည်သူများဟာ တိုင်းပြည်မှာ စစ်မှန်တဲ့ ပြောင်းလဲမှုများကို မြင်တွေ့လိုပါတယ်”ပာု သမ္မတဦးသိန်းစိန်က အင်္ဂလိပ်ဘာသာဖြင့် ပြောကြားခဲ့သည်။
yangonchronicle

နိုင်ငံသမီးရှုမငြီး.....ဆရာတင်မိုး




နိုင်ငံသမီးရှုမငြီး.....
သူမွေးဖွားရာပြည်မြန်မာကိုစာနာစိတ်နဲ့လမ်းသစ်ဖွင့်သည်..မြင့်မြတ်ပေသော....အို....သမီး...
လမ်းကွေ့များစွာ...ပန်းမွေ့ ရာဟု..ပညာအသိ..သမာဓိဖြင့်သတိထိန်းကာလျှောက်လှမ်းလာသည်...ခိုင်မာပေသော...အို....သမီး.
ဖခင်အောင်ဆန်းလျှောက်သည့်လမ်းဖြင့်...ရဲစွမ်းသတ္တိ မီးတိုင်ငြှိလျက် မိမိနိုင်ငံ..အသစ်ဖန်ဖို့ ..အမှန်တရားလက်ကိုင်ထားသည်..စွန့်စားပေသော....အို....သမီး...
အဖ၏သွေး.အမိသွေးကြောင့် ယဉ်ကျေးတည်ကြည်ပညာရည်ဖြင့်...မျိုးမည်၏ဂုဏ်သင်းပျံ့ထုံ၏...စွယ်စုံပေသော...အို....သမီး...
နိုင်ငံသမီးရှုမငြီး.....၏..ဦးစီးခေါင်းဆောင်..ပွဲတိုင်းအောင်လိမ့်...နောင်တခေတ်တွင်မော်ကွန်းတင်၍စင်စစ်ဂုဏ်ပြုကြမည်တည်း......(တင်မိုး)
Helen Ayekyaw

အာဇာနည်နေ့ အခမ်းအနား သို့ နိုင်ငံရေး ပါတီ တစ်ပါတီလျှင် ၅ဦး တက်ရောက် ခွင့်ရရှိ......



ရွေးကောက် ပွဲကော်မရှင်မှ အာ ဇာနည်နေ့အခမ်းအနားတက်ရောက်ရန် ဖိတ်ကြားပြီး ၅ဦးထက်မပိုရန် တားမြစ် ကြောင်း နိုင်ငံရေး ပါတီများထံမှသိရသည်။
အာဇာနည်နေ့ အခမ်းအနား သို့ နိုင်ငံရေးပါတီများမှတစ်ပါတီလျှင်၅ဦးသာ တက်ရောက်ရ မည်ဖြစ် ကြောင်း သိရသည်။

ရွေးကောက် ပွဲကော်မရှင်မှ အာ ဇာနည်နေ့အခမ်းအနားတက်ရောက်ရန် ဖိတ်ကြားပြီး ၅ဦးထက်မပိုရန် တားမြစ် ကြောင်း နိုင်ငံရေး ပါတီများထံမှသိရသည်။

''ရွေးကောက်ပွဲကော်မရှင်က အာဇာနည်နေ့အခမ်းအနားတက်ဖို့ဖိတ်ပါတယ်။ သို့သော် ၅ဦး ထက်မပိုရဘူး လို့တော့ပြောတယ်။ အန်ကယ်လ်တို့ပါတီအ နေနဲ့အာဇာနည်နေ့ အခမ်းအနား ကိုတက် ရောက်ဖို့ စာရင်း ပေးပြီးပါပြီ'' ဟုဒီမိုကရေစီ နှင့်ငြိမ်းချမ်းရေး ပါတီအထွေထွေ အတွင်းရေး မှူး ဦးမျိုးညွှန့် ကပြောသည်။

ရွေးကောက်ပွဲကော်မရှင်မှ ဇူလိုင်၁၁ရက်တွင်အကြောင်းကြား ခဲ့ပြီးယမန်နှစ် ကဖိတ်ကြားခြင်း မရှိသော နိုင်ငံရေးပါ တီများ ကိုပါဖိတ်ကြားသည်ဟုသိရသည်။

''မနှစ်ကမဖိတ်ဘူး။ဖိတ်စာ မ ရတာလည်းဖြစ်နိုင်ပါတယ်။အာဇာနည်နေ့ အခမ်းအနား တက်ရောက် ဖို့ဖိတ်ကြား ခံရ တာဝမ်းသာပါတယ်။ အလုပ်တွေအရမ်းရှုပ် နေလို့ အခမ်းအနား ကိုတော့ တက်ရောက် နိုင်မှာ မဟုတ်ဘူး''ဟုချင်းအမျိုးသားပါတီ ဥက္ကဋ္ဌဦးဇိုဇမ်ကပြောသည်။

အာဇာနည်နေ့အခမ်းအနား သို့နိုင်ငံရေး ပါတီတစ်ပါတီလျှင် ၅ဦးတက် ရောက်ခွင့်ရှိသော်လည်း ချင်း အမျိုး သား ပါတီမှာ အခမ်းအနား သို့တက်ရောက်နိုင် မည်မဟုတ်ကြောင်း သိရသည်။

အေးမြမြထွန်း - Yangon Media Group

နိုင်ငံကျက်သရေဆောင် ဝါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ခေတ်စကား..





























နိုင်ငံကျက်သရေဆောင် ဝါရင့်သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ရဲ့ ခေတ်စကား..

နေစကြာနိုင် ရဲ့ " ခေတ်လူငယ်များ မှတ်စု " ဂျာနယ်ဖတ်ရတယ်။
ကြုက်တယ် ။ အားပေးပါတယ် ။ ခေတ်လူငယ်တွေဟာ ခေတ်နဲ့ အတူနေ ၊ အတူတွေး ၊ အတူရေးရမှာဘဲ ။ ခေတ်နဲ့ ကွာလို့ မဖြစ်ဘူး၊၊ ဒါပေမယ့် ခေတ်နဲ့ အတူ ဘယ်လိုနေမလဲ ။ ခေတ်နဲ့ နေဖို့ ဆိုတာကိုယ်တိုင် ခေတ်နဲ့ အတူ လိုက်နေရတယ်။ တဲ့တဲ့ပြောရရင် ခေတ်လမ်းကို လျောက်နေရမယ် ။ ဒါမှခေတ်နဲ့ အတူ နေနိုင်မယ် ။
ခေတ်နဲ့ အတူ နေတယ်ဆိုရာမှာ ခေတ်ရဲ့ သဘော သရုပ်လက္ခဏာတွေကို မှတ်သားနေဖို့ လည်းလိုသေးတယ်။  ခေတ်နဲ့ တော့အတူ လျောက်နေပါရဲ့ 
 ခြေလှမ်းတွေကို မေ့ကုန်ရင်တော့ အကျိုးမထူးနိုင်ဘူး ။

ဒါကြောင့် ခေတ်ရဲ့ သရုပ်တွေကိုလည်း မှတ်သားရမယ်။ ခြုံငုံစဉ်းစားရမယ်။
"ခေတ်လူများ၏မှတ်စု " ဟာ ဒိတာဝန်ကို ထမ်းနေတယ် လို့  ယုံတယ်။

                                                               ဟံသာဝတီဦးဝင်းတင်
                                                                     ၁၄.၇.၂၀၁၂

  The Young Generations' Note Journal and Media Training Centre

ဆရာ တင်မိုး ၏ ဒေါ်အောင်ဆန်းစုကြည်

 
ဒေါ်အောင်ဆန်းစုကြည်. 
 အောင်ဆန်းတဲ့စုကြည်.
 အောင်ဆန်းဆိုဗိုလ်ချုပ်သမီး.
 ကြီးမြတ်ဂုဏ်ရည်။.
 အာဇာနည်မြန်ပြည်ရဲ့ချစ်သမီး. 
 ယနေ့အရေးမှာဖြင့်ဖအေ့သွေးပီပီမို့. 
 ဘာမထီခေါင်းဆောင်စိတ်ကယ်နဲ့.
 မြန်မာပြည်ဒေါင်းတောင်နမိတ်တွေနဲ့. 
 ကျောင်းခေါင်ရိပ်အနီးမှာလ. 
 ကောင်းအောင်ဟိတ်ကြီးပါဘိ.
 ခေါင်းဆောင်ထိပ်သီး. 
 (တင်မိုး).
Helen AyeKyaw

လုပ်ကြံ ပေးပို့သော သတင်းမှား ဓာတ်ပုံများဖြင့် ဘာသာရေးအသွင် ဖန်တီးဆန္ဒပြနေခြင်းအား ကန့်ကွက်ပါတယ်




လုပ်ကြံ ပေးပို့သော သတင်းမှား ဓာတ်ပုံများဖြင့် ဘာသာရေးအသွင် ဖန်တီးဆန္ဒပြနေခြင်းအား ကန့်ကွက်ပါတယ်...။
ဓာတ်ပုံ မူရင်းလင့်ခ် http://www.daylife.com/photo/05V4cBlaPXdl0?__site=daylife&q=Rohingya
We are strongly oppose liar report images.
AP သတင်းဋ္ဌာနရဲ့ ဇူလိုင်လ ၁၃ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးရှေ့မှာ အင်ဒိုနီးရှား အစ္စလာမ်မစ် Islamic Defenders Front အဖွဲ့မှ ဆန္ဒပြခေါင်းဆောင်နဲ့ အချေအတင် ပြောဆိုနေကြတဲ့ပုံပါ။

ှဆန္ဒပြသူတွေ ကိုင်ဆောင်လာတဲ့ ပုံရဲ့ ညာဘက်ထောင့်မှာ စစ်တွေမြို့မှာ ရခိုင်တိုင်းရင်းသား နေအိမ်တွေ မီးရှို့ခံရစဉ် ရိုက်ကူးထားတဲ့ ပုံနဲ့ ၂၀၀၇ စက်တင်ဘာ ၂၆ရက်နေ့ ရွှေဝါရောင် တော်လှန်ရေးအတွင်းက ဗဟန်းကြားတောရလမ်းမှာ လုံထိန်းတွေနဲ့ ထပ်တိုက်ရင်ဆိုင်စဉ်က ပုံကို မဆီမဆိုင် ဘင်္ဂလီရိုဟင်ဂျာများ အကြမ်းဖက် တိုက်ခိုက်ခံရသယောင် ဖော်ပြထားပြီး၊ အနီရောင်နဲ့ ဝိုင်းထားတဲ့ပုံကတော့ ဖေ့စ်ဘွတ်ခ်မှာ ပျံနှံနေတဲ့ (၂၀၀၉ခုနှစ်က ရသေ့တောင်မြို့က ဟုထင်ပါသည်) ရခိုင်အမျိုးသမီးငယ်တဦးအား ဘင်္ဂလီများမှ သတ်ဖြတ်ထားတဲ့ ပုံအား ထင်ယောင်ထင်မှား ဖော်ပြထားသလို ခရမ်းရောင် ဝိုင်းထားတဲ့ ပုံကတော့ ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်နေ့က စစ်တွေမြို့ ဗျိုင်းဖြူရွာမှာ ဘင်္ဂလီ အကြမ်းဖက်များရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ရတဲ့ ရခိုင်တိုင်းရင်းသားများအား စစ်တွေ နာရေးအဖွဲ့ယာဉ်ပေါ်မှာ တင်ထားစဉ် ရိုက်ကူးထားတဲ့ ပုံများအား ဘင်္ဂလီ ရိုဟင်ဂျာများ အကြမ်းဖက်မှုကြောင့် သေဆုံးရသယောင် ဖော်ပြထားပါတယ်..။
တောင်ကုတ်မှာ အကြမ်းဖက် သတ်ဖြတ်ခံရတဲ့ အစ္စလာမ် ဘာသာဝင်များရဲ့ ပုံနဲ့ ယှဉ်တွဲကာ အမှန်နဲ့ အမှားဓာတ်ပုံများအား ယှဉ်တွဲ လုပ်ကြံ ဖော်ပြထားခြင်း ဖြစ်ပါတယ်..။

အဆိုပါ AP သတင်းဋ္ဌာနရဲ့ ဂျကာတာမှ ဆန္ဒပြပွဲ ဓာတ်ပုံများဟာ ပြည်ပက ဘင်္ဂလီ အဖွဲ့အစည်းများမှ လုပ်ကြံဖန်တီး ပေးပို့ထားတဲ့ ပုံများအား အင်ဒိုနီးရှားမှ ဆန္ဒပြသူများမှ အဖြစ်မှန်အား မသိရှိပဲ ကိုင်ဆောင် ဆန္ဒပြနေတယ်လို့ ယူဆရပါတယ်...။

အထက်ပါ AP သတင်းဓာတ်ပုံများဟာ မမှန်မကန် ဖော်ပြထားတဲ့ ပုံတွေ ပါရှိနေတဲ့ အတွက် ပြည်ပ အခြေဆိုက် BBC,VOA,RFA,DVBနဲ့ Irrawaddy သတင်းဋ္ဌာနများမှ မိမိတိုင်းပြည်နဲ့ လူမျိုးအရေးကို ကြည့်ပြီး အမှန်အတိုင်း ပြန်လည် ဖြေရှင်း ဖော်ပြဖို့ လိုအပ်ပါလိမ့်မယ်..။ ဖေ့စ်ဘွတ် ပရိသတ်များ အနေနဲ့လည်း အပြုသဘော ဝေဖန်ရေးသားပြီး English ဘာသာကျွမ်းကျင် သူများမှ ဓာတ်ပုံပါ အဖြစ်မှန်များအား ရေးသားဖော်ပြပြီး သက်ဆိုင်ရာ နိုင်ငံများရှိ အင်ဒိုနီးရှားသံရုံးများသို့ ပေးပို့စေလိုပါတယ်..။ ထို့အပြင် မြန်မာအစိုးရမှလည်း ဓာတ်ပုံပါ အဖြစ်မှန်အား အာဏာပိုင်ချင်း ပေးပို့ဖို့ လိုအပ်ပါလိမ့်မယ်...။

လှုံဆော် ဖော်ပြနေခြင်းမဟုတ်ပါ မြန်မာလူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့ အဆိုပါ လိမ်လည် လုပ်ဆောင်ချက်အား ပြန်လည် ဖြေရှင်းနိုင်စေရန် ဖော်ပြရခြင်းဖြစ်သည်..။ ဆဲဆိုနေသည့် ကွန်မာန့်များ ရေးသားနေမည့် အစား အဖြစ်မှန် သတင်းမှန် အတွက် ပူပေါင်းပါဝင် ကူညီလုပ်ဆောင် ကြပါ..။
သတင်း ဒီမိုဝေယံ

မြောက်ဘက်ခြမ်းလည်း အာရုံထားဖို့လို့ 



Sunday, July 15, 2012 အိမ့်သံစဉ်

http://blog.irrawaddy.org/2012/07/blog-post_4309.html



မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွေမှာ မရိုးသားတဲ့ ရွှေ့ကွက်တွေနဲ့ ထောင်ချောက်တွေကို သတိထားမိသူတွေ ရှိပေ မယ့် ဒီ ထောင် ချောက်တွေထဲကိုပဲ အမြဲ ၀င်ရောက်မိလျှက်သား ဖြစ်ဖြစ်နေတတ်တာ စဉ်းစားစရာပါ။

ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ပတ်သက်ပြီးလည်း မြန်မာ့ဒီမိုကရေစီ ဒေါ်အောင်ဆန်းစုကြည်က ဒီဖြစ်ရပ် ရဲ့ နောက်ကွယ်မှာ တခု ခု ရှိလေမလားလို့ သူ သံသယရှိတဲ့အကြောင်း ပြောခဲ့ပါသေးတယ်။

ဒါနဲ့ပတ်သက်ပြီးလည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးတယောက် ပြောတာ မှတ်မိတယ်။ အဲဒီ ပဋိပက္ခနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာ အစ္စလာမ်ဘာသာဝင်တချို့ ဆန္ဒပြစဉ် ထိမ်းသိမ်းပေးခဲ့ ပြီးနောက် ပြောတာလည်းဖြစ်ပါတယ်။

“ကျနော်တို့ နိုင်ငံမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ပုံသေနည်းကြီးတခုလို ဖြစ်နေပြီဗျ၊ တခုခုဖြစ်တိုင်း ဘာသာ ရေး၊ လူမျိုးရေး အဓိ က ရုဏ်းတွေ ဖြစ်တာက ဟိုး ကိုလိုနီ ခေတ်ကတည်းကနေ ဒီကနေ့ ခေတ်အထိ မရိုးနိုင်တဲ့ လမ်းဟောင်းကြီးပဲ။ အဲဒီဟာ တွေကို တချို့တချို့သော အစိုးရတွေက လုပ်သလို၊ တချို့တချို့သော မသမာတဲ့ အုပ်စုတွေကလည်း လုပ်တယ်ဗျ။ ဒီနည်း လမ်းကြီးကို ပညာတတ်တွေ၊ မြန်မာနိုင်ငံမှာ ရှိတဲ့ လူတွေကလည်း သိနေပါပြီ၊ ရိုးအီနေပါပြီ။ ဒါပေမယ့် အဲဒီ ထောင်ချောက် ထဲကို အကြိမ်ကြိမ် သိလျှက်နဲ့ ဆင်းသက် နေကြတယ်။ အဲဒီတော့ ဘာဖြစ်လို့ ဆင်းသက် နေကြသလဲ ဆိုတဲ့ အဖြေကို ကျ နော်တို့ စဉ်းစားရမယ်။ အဲဒီအဖြေရဲ့ အကြောင်းတရားကို ကျနော်တို့ မရှာဖွေကြည့်နိုင်ဘဲ ဘယ်လိုမှ ပြဿနာကို ရှင်းလို့ ရ မှာ မဟုတ်ဘူး” လို့ ကိုမြအေး က ဆိုပါတယ်။

ဒါကြောင့် ဒီဖြစ်စဉ်တွေကို သေချာ ပြန်ကြည့်မိတယ်။ မြန်မာနိုင်ငံ အနောက်ဖက်က အန္တရာယ်ဟာ သတိထားရမှာ ဖြစ်သလို မြန်မာပြည်မြောက်ဘက်က ဘေးဆိုးကြီးလည်း မေ့သွားလို့ မဖြစ်ပါဘူး။

ဘာကြောင့်လည်းဆိုတော့ ဒီအနောက်ဘက်ခြမ်း ပြဿနာဟာ မရိုးသားတာ ပေါ်လွင်လာပါတယ်။

နောက်ဆုံး အကျိုးရလာဒ် ထွက်သွားသူတွေက မြန်မာနိုင်ငံရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ အမြဲရှိနေစေ ချင်သူတွေပါ။ အခုဆို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ ဒီမိုကရက်တွေက မြန်မာနိုင်ငံရေးမှာ တပ်မတော် ရဲ့ အခန်းကဏ္ဍ လျှော့ချ ရေး ကြိုးစားနေကြချိန်မှာ ဒီဖြစ်စဉ်ထွက်ပေါ်လာခဲ့တာပါ။

အခုတော့ အမုန်းမီးတွေ မွေးထားပြီး စစ်တပ်ကို ရခိုင်ပြည်သူတွေကိုယ်တိုင် တောင်းဆိုရတဲ့အခြေ အခင်း အကျင်း ကို ဖန်တီးထားပြီးလျှက်သား ဖြစ်နေပါပြီ။ ဒါကြောင့် စစ်တပ်ဟာ မြန်မာ့နိုင်ငံရေးမှာ မရှိမဖြစ် အမြဲ လိုအပ်ချက်ဖြစ်နေစေချင်တဲ့ လူတန်းစားတွေ အမြတ်ရသွားပြီး ရခိုင်ပြည်နယ်သားတွေကတော့ မိအေး ၂ ခါ နာဖြစ်ရပြီ။

နောက်တခုအမြတ်ရသွားသူတွေက တပြည်လုံး လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး အစိုးရဆီမျက်နှာမူလာတဲ့အတွက် အာရုံလွဲ သွားစေချင်သူများ၊ မြစ်ဆုံဆည် စီမံကိန်းနဲ့ တရုတ်နိုင်ငံ ဆန့်ကျင်ရေးကို မလိုလားတဲ့ သူတွေပါပဲ။
အစိုးရက လျှပ်စစ်မီး လုံလောက်အောင် နိုင်ငံသားတွေအပေါ် မပေးနိုင်မှု၊ တာဝန်မကျေမှုနဲ့ မြန်မာ့ အသက် ဇီဝိန်ကို အာခံ တွင်းထဲ ငုံထားတဲ့ တရုတ်နိုင်ငံဘက်ကို အာရုံ မလှည့်နိုင်အောင် ဒီ ဖြစ်စဉ်ရဲ့ နောက်ကွယ်က ဖန်တီးခဲ့ကြသူတွေ ရှိတာ တဖြည်းဖြည်းတွေးလေ ရုပ်လုံးပေါ်လာလေပါဘဲ။

ရခိုင်မျိုးချစ်တွေနဲ့ ရခိုင်ပြည်နယ်တွင်း ပြည်သူတွေကတော့ ဓားစာခံတွေ ဖြစ်နေရတယ်။ နောက်ကွယ်က လက်တွေလည်း အလျှိုအလျှိုနဲ့ ပုံပေါ်လာခဲ့ပါတယ်။

ပထမဆုံး မြစ်ဆုံဆည် စီမံကိန်း ဆန့်ကျင်ရေး ပေါ်ထွက်လာတယ်။ မြစ်ဆုံဆည် စီမံကိန်းဆိုတာ မြန်မာ တမျိုးသားလုံး ရဲ့ အသက်ဝိဥာဉ် ကင်းမဲ့ သွားစေမယ့် ဧရာဝတီမြစ်ကြီး ကွယ်ပျောက်သွားမယ့် အရေး မို့ နိုင်ငံသားကောင်းတိုင်း တာဝန်ကျေ စွာ မိမိတို့ရဲ့ ဆန္ဒကို ထုတ်ဖော်ခဲ့ကြတယ်။ ပြည်သူ့အသံ အဓိက ထားတယ်ပြောတဲ့ အစိုးရ မြစ်ဆုံ ဆည်စီမံကိန်းကို ရပ်နား ထားလိုက်တယ်။ ဒါပေမယ့် ဘယ်အချိန် ဘယ်က ပြန် စမယ်ဆိုတာ မသေချာဘူး။

သူတို့ တရုတ်နိုင်ငံ အနေနဲ့က မြန်မာ နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေထဲမှာ အမြင့်ဆုံးနဲ့ ဦးဆောင်နေ တယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာကတည်းက တရုတ် နိုင်ငံဟာ မြန်မာနိုင်ငံသားတွေအပေါ် ဂုတ်သွေးစုပ်နေခဲ့တယ်။
လမ်းစဉ်ပါတီခေတ်ကတည်းက ပါတီချင်းဆက်ဆံရေး၊ နိုင်ငံချင်း ဆက်ဆံရေးဆိုတဲ့ စကားလုံးတွေနဲ့ ဦးနေ၀င်း အစိုးရနဲ့ လည်း ဆက်ဆံသလို ဗမာပြည် ပါတီနဲ့လည်း ပါတီချင်း ဆက်ဆံတယ်။ မြန်မာနိုင်ငံရဲ့ လက်နက် ကိုင်တော်လှန်ရေးမီးတွေ ရဲ့ လက်သည်အစိပ်အပိုင်းဟာ တရုတ်ဖြစ်နေတာ သတိထားမိသူ ရှိကြမယ်ထင် တယ်။

တဖက်ကလည်း တရုတ်ဟာ မြန်မာကိုသာမက ကမ္ဘာမှာပါ အတု အပနဲ့ စစ်ဆင်နေတယ်။ ဈေးပေါပေါ အရည်အချင်းမမီ ပစ္စည်းတွေနဲ့ ဆင်း ရဲတဲ့ ဖွံ့ဖြိုးဆဲ တတိယ နိုင်ငံတွေကို သူ့နိုင်ငံ ရင်ဆိုင်နေရတဲ့ လောင်စာဆီ အခက်အခဲ ဖြေရှင်းနိုင်ရေးနဲ့ တရုတ်နိုင်ငံ လုပ် လက်နက်တွေ ကို ရောင်း နိုင်ရေးတွေအတွက် အကျိုး စီးပွား တခုတည်းကိုသာ ကြည့်ပြီး နိုင်ငံသားတွေအကျိုး ဘယ်တုန်း က မှ မကြည့်ဘဲ ၀ိသမစီးပွားရေးတွေ လုပ်နေကြ တယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက တန်ဘိုးကြီး တွင်းထွက် သယံဇာတနဲ့ သစ်တောထွက်ပစ္စည်းက အစ သတို့သမီး အလယ် စစ်ဗိုလ်ချုပ်တွေအဆုံး အကုန် သူ ၀ယ်ယူ သိမ်းပိုက်ပါတယ်။

လူ့အခွင့်အရေးဆိုတာလည်း မလေးစား၊ ဒီမိုကရေစီဆိုတာ နားထဲတောင် မကြားချင်တဲ့ တရုတ်နိုင်ငံဟာ စစ်အာဏာရှင် လက်ထက်အဆက်ဆက် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ မြန်မာပြည်ရဲ့ မြောက်ဘက်ပိုင်းကနေ တံခါး မရှိ ဓားမရှိ စိတ်ကြိုက်ဖန်တီး ထားခဲ့တယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုမှာ တရုတ်နိုင်ငံက အမြင့်ဆုံးနေရာယူထားဆဲဖြစ်တာပါ။ အခု ဘဏ္ဍာ နှစ်မှာတော့ အမေရိကန် ဒေါ်လာ ၈.၁၇ ဘီလျံရှိပါတယ်။ တရုတ်က ရေအားလျှပ်စစ်စီမံကိန်းဘက်မှာ အမေရိကန် ဒေါ်လာ ၅ ဘီလျံ ကျော် ရှိပြီး ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ ဆိုင်ရာမှာတော့ အမေရိကန် ဒေါ်လာ ၂.၅ ဘီလျံကျော်ရှိတာကို တရားဝင် စာရင်း ဇယားများအရ သိရပါတယ်။

တရုတ်က ၀ယ်ယူတဲ့ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း သယ်ယူမှုတွေကြောင့် ရခိုင်ပြည်နယ်ကနေ ဟို မြောက်ဖျား ကချင်ပြည်နယ်အထိ လမ်းတလျှောက် ကျေးရွာတွေနဲ့ သဘာဝ ပတ်ဝန်းကျင်တွေ ဘယ်လောက်ပျက်သုန်းနေ တယ်ဆိုတာလည်း သတင်းများမှာ ပေါ်လွင်နေပါပြီ။ ဒါပေမယ့် သူတို့ ဘာ လူ့အခွင့်အရေး၊ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးကိုမှ ဂရုမစိုက်ပဲ ဆက်ပြီး ဂက်စ် ပိုက်လိုင်းတွေ သွယ်တန်းနေဆဲပါ။

၁၉၈၈ ခုနှစ်က ရှစ်လေးလုံး ဒီမိုကရေစီတော်လှန်ရေးကြီးကို စစ်တပ်က ရက်ရက်စက်စက် သတ်ဖြတ်ဖြိုခွင်း ခဲ့ပြီးနောက် စစ်တပ်က အာဏာသိမ်းပြီး ဈေးကွက်စီးပွားရေး စနစ်ဖော်ဆောင်မယ် လို့ ကြွေးကြော် ခဲ့ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်ခဲ့တယ်။

ဒီမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံလာတဲ့ ပမာဏက အမေရိကန် ဒေါ်လာ ဘီလျံပေါင်း ၂၀ လောက်ရှိပါတယ်။ ဒီအထဲမှာ တရုတ် နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံတာက အမေရိကန် ဒေါ်လာ ဘီလျံ ၁၂. ၃၂ ရှိကြောင်းကို ရန်ကုန် အခြေဆိုက် ရိုက်တာ သတင်းထောက် ဦးအောင်လှထွန်းရေးသားတဲ့ သတင်းတပုဒ်မှာ လည်း ဖော်ပြ ထားပါတယ်။

တရုတ်ရဲ့ မြန်မာအပေါ် ၀ါးမြိုမှုက ကျယ်ပြန့်ပါနေပြီလည်းဖြစ်ပါတယ်။ အခုဆို မန္တလေးမြို့ဟာ ပြည်မကြီး တရုတ် လူမျိုး အများစု နေထိုင်ရာ ဖြစ်နေပြီဆိုတာလည်း ဂျပန်သတင်းစာကြီးတစောင်က ဖော်ပြပါ တယ်။ မန္တလေးဟာ အခုတော့ တရုတ်မြို့တော်ကြီးဖြစ်နေပြီ။ ပြည်မကြီး တရုတ်တွေလည်း မြန်မာပြည်မှာ တရားဝင် နိုင်ငံသားအဖြစ် မှတ်ပုံတင်လည်း ကိုယ်စီ ရှိနေကြတာ မအံ့သြတော့ပါ။

တရုတ်နိုင်ငံအနေနဲ့ ရေးအားလျှပ်စစ်စီမံကိန်းတွေမှာ အမေရိကန် ဒေါ်လာ ၅ ဘီလျံလောက်ရင်းနှီးထားတာတွေ ဒီအတိုင်း အဆုံးအရှုံး မခံလိုပါဘူး။ ဒါကြောင့်လည်း တရုတ်အစိုးရပိုင် ကုမ္ပဏီ CPI က ဒေသခံတွေကို လိုက်စည်းရုံးနေတာဖြစ်တယ်။

ကချင်ပြည်နယ်က လာတဲ့ သတင်းတွေအရ ဒေသခံရွာသားတွေကို တရုတ် ကုမ္ပဏီက ဖျားယောင်းစည်းရုံး မှုတွေ လုပ်နေ ပြီး မြစ်ဆုံဆည် စီမံကိန်းဟာ ဒေသခံတွေ အလုပ်လက်မဲ့ပြဿနာကို ဖြေရှင်းပေးရာ လည်းရောက်ပြီး လျှပ်စစ်မီး လည်း ရမှာ ဖြစ်ကြောင်း၊ နောက် ဖွံ့ဖြိုးမှု အကူအညီတွေလည်း ရမှာဖြစ်တယ် လို့ ပေါက်ဖော်ကြီးတွေက လုပ်လာနေပါပြီ။

ဒေသခံတွေရဲ့ သဘောတူညီမှုနဲ့ လုပ်တာပါဆိုတဲ့ အကြောင်းပြချက်တွေ၊ ဟန်ပြ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး လုပ်ပြပြီး တမျိုးသားလုံးရဲ့ အသက်သွေးကြောကို စုပ်ယူဖို့ ဟန်ပြင်နေပါပြီ။

ဒါကြောင့် မြန်မာနိုင်ငံသားအပေါင်းတို့ အနေနဲ့ အနောက်ဖက်ခြမ်းကိုချည်းပဲ အာရုံကျမနေပဲ ဖြန့်ကျက် အာရုံထားပြီး မြန်မာပြည် မြောက်ဘက်ကိုလည်း သတိထားစေလိုတဲ့အတွက် ဤဆောင်းပါးကို ရေးသား လိုက်ပါတယ်။


လင်းသန့်။