Monday, July 16, 2012

နိုင်ငံသမီးရှုမငြီး.....ဆရာတင်မိုး




နိုင်ငံသမီးရှုမငြီး.....
သူမွေးဖွားရာပြည်မြန်မာကိုစာနာစိတ်နဲ့လမ်းသစ်ဖွင့်သည်..မြင့်မြတ်ပေသော....အို....သမီး...
လမ်းကွေ့များစွာ...ပန်းမွေ့ ရာဟု..ပညာအသိ..သမာဓိဖြင့်သတိထိန်းကာလျှောက်လှမ်းလာသည်...ခိုင်မာပေသော...အို....သမီး.
ဖခင်အောင်ဆန်းလျှောက်သည့်လမ်းဖြင့်...ရဲစွမ်းသတ္တိ မီးတိုင်ငြှိလျက် မိမိနိုင်ငံ..အသစ်ဖန်ဖို့ ..အမှန်တရားလက်ကိုင်ထားသည်..စွန့်စားပေသော....အို....သမီး...
အဖ၏သွေး.အမိသွေးကြောင့် ယဉ်ကျေးတည်ကြည်ပညာရည်ဖြင့်...မျိုးမည်၏ဂုဏ်သင်းပျံ့ထုံ၏...စွယ်စုံပေသော...အို....သမီး...
နိုင်ငံသမီးရှုမငြီး.....၏..ဦးစီးခေါင်းဆောင်..ပွဲတိုင်းအောင်လိမ့်...နောင်တခေတ်တွင်မော်ကွန်းတင်၍စင်စစ်ဂုဏ်ပြုကြမည်တည်း......(တင်မိုး)
Helen Ayekyaw

No comments:

Post a Comment