Monday, July 16, 2012

မင်းသားခေါင်းဆောင်းထားတဲ့ဘီလူး..အမေ…သိပါလေစ..။"




"သားတရားစီရင်ခန်း မှာ မိခင်အစစ်အမှန်ဖြစ်လို့ ဘီလူးမကအတင်းဆွဲနေတော့ သားငယ်နာမှာကို စိုးရိမ်ပြီး သားငယ်ကိုလက်လွှတ်ခဲ့ရပေမဲ့………
မဟောသဓာမင်းသားလိုတရားမျှတစွာဆုံးဖြတ်တဲ့…. ဘုရားအလောင်းလိုလူမျိုးမရှိဘူးဆိုတာရယ်..၊
ဆုံးဖြတ်တဲ့သူကိုယ်တိုင်က.. မင်းသားခေါင်းဆောင်းထားတဲ့ဘီလူး….။
ဝန်းရံသူအများစုကလဲဘီလူးတွေ တွေဆိုတာကို……….အမေ…သိပါလေစ..။"


တချိန်ကအမေဟာ….အခြေခံဥပဒေကို ပြင်ဖို့ကြိုးစားထားတော့ လွှတ်တော်ထဲကိုဝင်ဖို့ ကျမ်းကြိမ်မဲ့ကိစ္စ နဲ့မ၀င်တော့..ကျွန်တော်အပါအ၀င်လူတွေကအားမရဘူး….
တချို့ဆို အမေ့ကို…ဝေဘန်ကြတယ်….၊
ဘာလို့……မ၀င်တာလဲပေါ့…၊တချို့ဆိုတော်တော်ဆိုးတယ်..”မဲပေးထားတာကို…..နားမလည်ဘူးလား” ဆိုတဲ့အသုံးအနှုံးတွေနဲ့…….
တချို့မီဒီယာတွေအစ….ဝေဘန်ကြတာပေါ့….၊
ဆူးညှောင့်ခလုပ်တွေနဲ့ပြည့်နေတဲ့သားရဲတွေရှိတဲ့တောအုပ်ထဲကို..အမေ့ကို…ဓားတစ်ချောင်းထဲနဲ့လွှတ်နေတာ..ဆိုတာကျွန်တော်တို့မသိခဲ့ကြဘူး….

ဒါပေမဲ့…အမေ၀င်ခဲ့တယ်…….၊

သူပြင်မယ်လို့ခိုင်ခိုင်မာမာသံဓိဌာန်ချထားတဲ့…အခြေခံဥပဒေကိုလေးစားလိုက်နာဖို့ကျမ်းကျိမ်စာသားကိုသူကပြန်ပြီး….ရွတ်ဆိုနေရတာတွေ့ကြတော့.အတွေးတိမ်တိမ်တွေး….အတ္တကြီးပြီး..လတ်တလောအကျိုးရလာဒ်ကိုသာ…မက်မောတတ်တဲ့(နေ့စဉ်ပေးနေကြမုန့်ဘိုးကိုသာမက်မောပြီး…မိသားတစ်စုလုံးတိုက်ကြီးခြံကြီးတွေနဲ့လူလိုသူလို နေဘို့စုနေတာကိုနကန်းတစ်လုံးမှမသိတဲ့..ကလေးရဲ့ဦးနှောက်ကိုပိုင်ဆိုင်ထားသလိုမျိုး)အကျင့်ပိုင်ရှင်ကျနော်တို့မြန်မာလူမျိုးတွေက(ကျွန်တော်အပါဝင်ပေါ့)…၀မ်းသာစွာ.…..ကြည့်နေကြပေမဲ့…

ပညာဥာဏ်ရင့်သန်ပြီး..ဆင်ခြင်တတ်တဲ့…အမေကတော့ပျော်မယ်မထင်ပါဘူး….

ကဲ..အခုနောက်ပိုင်းပြည်သူတွေစိတ်အ၀င်စားဆုံး…ဒုသမ္မတကိုလဲ….ပြည်သူတွေရဲ့မကြိုက်တဲ့…ကုလားခါးပိုက်ဆောင်၊ရန်ကုန်ုမြို့ကိုညစ်ပတ်စုတ်ပြတ်သွားအောင်လုပ်ခဲ့တဲ့တရားခံ…ကို
သွားလေသူကြီးစိတ်တိုင်းကျ…ရွေးချယ်ဖို့အတွက်
(အမေပြင်ဆင်မယ်လို့ရည်ရွယ်ထားခဲ့တဲ့…နာဂစ်ဥပဒေရဲ့……အလှပဆုံး…“ကီး”လေးတွေကိုအသုံးပြုပြီး……..လွှတ်တော်ကြီးကရွေးချယ်ခဲ့တယ်…..)
အဲဒီအတွက်ခံစားရမှာအမေပါ…အမေ့နေရာမှာဆိုရင်….ကျွန်တော်တို့..ဘယ်လိုခံစားရမလဲ……။

တစ်ဘက်ကကြည့်ရင်တော့….၊ကြားဖြတ်ရွေးကောက်ပွဲမှာစုတ်ပြတ်သတ်အောင်ရှုံးသွားခဲ့တဲ့….ကြံျ့ဖွတ်ပါတီ..က..သူတို့ရဲ့အရှုံးတွေရယ်..၊အမေနိုင်ငံတကာမှာရွှေထီးဆောင်းအောင်မြင်ခဲ့တာတွေရယ်…..လူထုချစ်ခင်တာတွေရယ်….သူတို့လက်ထက်နှစ်ပေါင်းများစွာမှာ…..ဘယ်သူမှမလုပ်နိုင်ခဲ့တဲ့…မြန်မာကိုကမ္ဘာကသိအောင်၊လေးစားအောင်…အမေက..အကျယ်ချုပ်ကလွတ်ပြီးတစ်နှစ်အတွင်းမှာပဲလုပ်ပြလိုက်တာတွေရယ်……၊

အဲဒါတွေအတွက် ..အမေ့ကို…..လက်စားချေချင်စိတ်အပြည့်ရှိနေတယ်ဆိုတာကို….အမေသိပါလေစ...
ပူးသတ်တာက ပိုပြီးအန္တရာယ်များတယ်…၊

ကဲ့အခုလဲ….လွှတ်တော်မှာ…ခြုခိုတိုက်ခိုက်ခံခဲ့ရတယ်……၊
အုပ်ချုပ်သူလူတန်းစားအသုံးမကျလို့…လူ့အခွင့်အရေးချိုးဖေါက်လို့၊.အာဏာရှင်မို့လို့….လူထုကိုနှိပ်ကွပ်လို့..စီးပွားရေးပိတ်ဆို့ခံတာကမ္ဘာသိပါ…၊ကမ္ဘာကနောင်ကျဉ်အောင်ဒဏ်ခတ်ခဲ့တာကိုပြုပြင်ပြောင်းလည်းမှုအပေါ်မှာမူတည်ပြီး..တဖြည်းဖြည်းချင်းပြန်ဖွင့်ပေးနေတာပါ…..၊ဗြိတိသျပါလီမန်မိန့်ခွန်းမှာ……အမေစုလဲတရားဝင်ဖိတ်ခေါ်ထားတာလဲရှိပါတယ်….
ကျွန်တော်တို့လဲစီးပွားရေးပိတ်ဆို့တာကိုလက်မခံပါဘူး….၊

လွတ်တော် အစီအစဉ်ထဲ ဆွေးနွေးဘို့ ပါဝင်ထားခြင်း မရှိပဲ ရုတ်တရက် အရေးကြီး တင်ပြစရာရှိလို့ပါ ဆိုပြီးပါလာတဲ့ စာရွက်ကို ထုတ်ပြီး စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးအကြောင်းကို ဆွေးနွေးတာမျိုးနဲ့လုပ်လိုက်တာပါ၊အလစ်အငိုက်ပါ။
ဟင်းကောင်းလာပေးတယ်ဆိုရင်တောင်…ဟင်းကောင်းထည့်မဲ့ကိုယ့်အိမ်ကပန်းကန်ကို..သန့်ရှင်းထားရမှာဖြစ်သလို…ဧည့်သည်လာရင်တောင်..အိမ်သာမှဧည့်လာမှာပါ...၊
အခုကတိကျတဲ့အာမခံမှုနဲ့ ဥပဒေတွေမရှိတာနဲ့ကို ..တပ်လန်တာတွေများနေတာလဲ..အားလုံးအသိပါ...၊
ဆန်ရှင်ကိုဂိတ်တစ်ဂိတ်လို၊ရေဘုံဘိုင်တစ်ခုလို...ထင်လို့မရပါဘူး..၊ဂိတ်ဖွင့်ထားပြီးလမ်းပျက်နေလို့မရသလို..၊ရေဘုံဘိုင်ဖွင့်ပြီး...လက်ခုတ်နဲ့ခံလို့မရပါဘူး...၊ရေပုံးကောင်းကောင်း၊ရေစည်ကောင်းကောင်းတော့ကိုယ့်ဘက်ကလုပ်ပေးရမှာပါ...၊

၊တရုတ်၊နဲ့မြောက်ကိုရီးယားရဲ့မိတ်ဘက်နိုင်ငံကြီးတစ်ခုကို..အမေရိကန်က..ချက်ချင်းဖွင့်ပေးလို့ရမလားဆိုတာလဲတစ်ဘက်ကစဉ်းစားသင့်ပါတယ်.....

အဲဒီတော့..အမေစုကိုပြောချငပါတယ်...
အခုပြောပြတဲ့မေးခွန်းတွေကိုအရေးကြီးအနေနဲ့...လွှတ်တော်မှာ....ပြန်လည်တင်ပြသင့်ပါတယ်...

(၁) ဆန်ရှင်ပိတ်ဆို့မှုကာလအတွင်း....မြန်မာပြည်သူလူလူထုအပေါ်...အစိုးရနဲ့..တိုင်းရင်းသားစီးပွားရေး လုပ်ငန်း ရှင်များ(ခရိုနီများ)အနေနဲ့...၊မြောက်များလှစွာသောနိုင်ငံတော်သယံဇာတများစွာကို..ထုတ်ယူရောင်းချသည့်နည်းလမ်း ဖြင့်...ပြည်သူလူထုရဲ့စားဝတ်နေရေးနဲ့..လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် အမှန်တကယ်အနစ်နာခံဆောင်ရွက် ပေးခဲ့ခြင်းရှိ ခဲ့ လား? ကုန်ကျခဲ့သည့် သယံဇာတတန်ဘိုးပမာဏရဲ့ တစ်ဝက်ပင် ပြည်သူများအကျိုးခံစားရ လား??

(၂) ဆန်ရှင်ပိတ်ဆို့မှုကာလအတွင်း နိုင်ငံတော်အစိုရ၀န်ကြီးဌာနများရဲ့ စီမံကိန်းများဆောင်ရွက်မှုနဲ့...၊ဘတ်ဂျက် သုံးစွဲမှု ဘယ်လောက်ရှိလဲ.??...အဲဒီငွေကြေးတွေကုန်ကျခဲ့သလောက် နိုင်ငံသားများအတွက် အမှန်တကယ် ရာနုန်းပြည့် အကျိုးသက်ရောက်မှုရှိရဲ့လား??

(၃) ဆန်ရှင်ကာလအတွင်း တရုတ်၊ မြောက်ကိုးရီးယားနိုင်ငံများနဲ့ မဟာဗျူဟာဆိုင်ရာ စစ်ရေးအရပူးပေါင်း ဆောင်ရွက်ရာတွင် နိုင်ငံတော်အတွက်အကျိုးအမြတ်များများရရဲ့လား?

(၄) ဆန်ရှင်ကာလအတွင်း ခရိုနီများ အခွန်မဆောင်တာ ဘာ့ကြောင့်လဲ..၊ပြည်သူလူထုအတွက် စိုက်ထုတ်သုံးစွဲထားလို့အခွန်မဆောင်ကြတာလား..၊လှုတာနဲ့အခွန်တွေကို လျှော်ပေးလိုက်ကြတာပါလား....၊သူတို့အား လုပ်ပိုင်ခွင့်ပေးထားမှုများဘာတွေရှိပါသလဲ..၊၊တရားဝင်နှင့်တရားမ၀င်လုပ်ငန်းများအတွက်...အခွန်မဆောင်သောခရိုနီ များကို..ပြည်သူ့တွေရဲ့ အစိုးရတစ်ရပ်အနေဖြင့် တည်ဆဲဥပဒေအရ ဖေါ်ထုတ်အရေးယူဖို့အစီအစဉ်ရှိပါသလား...၊???

(၅) ဆန်ရှင်ကာလ အတွင်း တိုင်းပြည်စီးပွားရေးမကောင်းသည့်အတွက်...ပြည်သူ့စားဝတ်နေရေး တိုးတက် အောင်မြင်စေရေးစေတနာအမှန်ဖြင့်၊ ကိုယ့်ကိုယ်ကိုအားကိုးပြီးတိကျသောစီးပွားရေးဆိုင်ရာမူများ ချမှတ် ဆောင်ရွက်ခဲ့ခြင်းရှိပါသလား....၊ဥပမာ ပွင့်လင်းမြင်သာစွာ အပြိုင်အဆိုင်ယှဉ်ပြိုင်ရွေးချယ်စေပြီးမှ လုပ်ပိုင်ခွင့် ပေးခြင်း၊အဂတိတရားကင်းရှင်းခြင်း၊လက်သိပ်ထိုးမဆောင်ရွက်ခြင်း၊မတရားသိမ်းပိုက်မှုမရှိခြင်း၊လက်ဝါးကြီးမအုပ်ခြင်း၊နည်းများဖြင့်သာ အောင်မြင်စွာ..၊ဆောင်ရွက်ခဲ့ကြပါသလား...၊ဘယ်နည်းလမ်းများအသုံးပြုပါသလဲ??

(၆) ဆန်ရှင်ကာလအတွင်း အစိုးရက နိုင်ငံခြားမှ နိုင်ခြားငွေဒေါ်လာသန်းပေါင်းများစွာအသုံးပြုဝယ်ယူခဲ့သော..၊ ပစ္စည်းများ အရည်အသွေး၊ နိုင်ငံတကာပေါက်ဈေးနဲ့ အဆင့်အတန်းကိုက်ညီရဲ့လား.....မှီရဲ့လား၊ မကိုက်ညီရင် ဒေါ်လာသန်းမည်မျှဆုံးရှုံးခဲ့ပါသလဲ...၊သက်ဆိုင်သူများကိုဖေါ်ထုတ်အရေးယူခြင်းရှိပါရဲ့လား..၊???

(၇)` မဆလ ခေတ်က ကမ္ဘာ့လယ်တွင် လက်မထောင်ခဲ့သောဘီပီအိုင်စသည့် စက်မှု ၁/၂ ၀န်ကြီးဌာန ပိုင်စက်ရုံများမှ Product များဘာလို့အရည်အသွေးညံ့သွားရပါသလဲ..၊ ဘာလို့ဝက်ဝက်ကွဲ့ရှုံးပေါ်ခဲ့ပြီးဘာလို့ တာဝန်ရှိသူများအား အရေးယူခြင်းမရှိခဲ့တာလဲ...၊ ဆန်ရှင်ကာလပြည်သူများက ပြည်တွင်းဖြစ်ပဲ အားကိုးရမည့် အချိန်တွင် ဘာကြောင့် အရည်အသွေးအညံ့ဆုံးများဖြစ်သွားရတာပါလဲ...၊???

(၈) ဆန်ရှင်ကာလ စီးပွားရေးပိတ်ဆို့ခံထားရသော ပြည်သူများကို ဂရုတစိုက်ဖြည့်ဆည်းပေး ရမည့်အစား..လယ်ယာမြေတွေဘာ့ကြောင့်သိမ်းဆည်းခဲ့ပါသလဲ...၊???

(၉) ဆန်ရှင်ကာလ နဲ့မသက်ဆိုင်ပဲ ဆန်ရှင်ပိတ်ဆို့သည့်တိုင်အောင် အစိုးရအနေနဲ့လုပ် နိုင်စွမ်းတဲ့ ဖုန်း၊ကားများဈေးနှုန်းအဆရာကျော်ကြီးမြင့်အောင်လုပ်ထားခြင်းကို...ဆန်ရှင်ပိတ်ဆို့ခံပြည်သူများသက်သာချောင်ချိရေးအတွက်ဘာလို့ မပြောင်းလဲခဲ့ပါသလဲ၊???

(၁၀) ဆန်ရှင်အားလုံးပွင့်ရင်ဖြစ်လာမဲ့ ၀င်ဆောင့်မှုဒဏ်ကို ခံနိုင်ဖို့ ဘာတွေပြင်ဆင်ထားပါသလဲ.. .၊ဥပမာ...၊လျှပ်စစ်မီး၊မိုဘိုင်း၊အင်တာနက်၊လမ်း၊စတဲ့Infra တွေ၊ ရင်းနှီးမြူပ်နှံသူတွေအတွက်အာမခံနိုင်မဲ့.. သူတို့လက်ခံနိုင်တဲ့ လုပ်ထုံးလုပ်နည်း၊ဥပဒေ၊နောက်တစ်ခုကနိုင်ငံတကာနဲ့ပြော ဆိုနိုင်မဲ့တို့နိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ၊ ထူးချွန်သူတွေ၊ပညာတတ်တွေ အဆင်သင့်ဖြစ်ပြီလား..ပြည့်စုံပါပြီလား၊.. .နိုင်ငံရဲ့အသက်သွေးကြောဖြစ်တဲ့ ကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှုတွေအတွက် အမှားမခံပဲနဲ့ အဆုံးအဖြတ်ပေးနိုင်မဲ့ ပညာရှင်ခေါင်းဆောင်တွေ ဌာနဆိုင်ရာတွေမှာ.. အသင့်ရှိနေပြီလား???

(၁၁) မိမိတို့နိုင်ငံက ၁၉၄၈ ကတည်းကလွပ်လပ်ရေးရရှိခဲ့တာပါ...အဲဒါကြောင့် အခုကာလကို စစ်ပြီးခေတ်ကာလပုံစံမျိုး အနေအထားနဲ့ပြောဆိုခြင်းတွေမပြုဖို့နဲ့ ပြောဆိုမယ်ဆိုရင် ယခင်စစ်အစိုးရသာလျင် အဓိကတရားခံကြီးအဖြစ် ပိုမိုသိသာလာပြီး အရင်အစိုးရကို ကာကွယ်ပေးထားတဲ့အခြေခံဥပဒေကိုပြင်ဆင်ဖို့ အမြန်လိုအပ်လာမှာဖြစ်ပါတယ်။

ဒါလေးတွေမေးပေးပါလို့...
ဆောင်းပါးရှင် Pa Yit

No comments:

Post a Comment