Monday, July 16, 2012

မိသားစု စုံညီ ဗိုလ်ချုပ်ပြတိုက်ဆီ




မမေ့နိုင်စရာ ဇူလိုင်၁၉ အာဇာနည်နေ့ သို့ ရောက်တိုင်း မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူပြည်သားများ အားလုံး မိသားစု ကိုယ်စီဖြင့် ဗိုလ်ချုပ်ကြေးရုပ်ရှေ့ သို့ သွားရောက်ကာ ဂါရ၀ပြုကြ ၍သော် လည်းကောင်း၊ ရန်ကုန်မြို့ ရှိ ဗိုလ်ချုပ်ပြတိုက် (ဗိုလ်ချုပ်အောင်ဆန်းနေအိမ်) သို့ သွားရောက် ကြည့်ရှုကာ ဂုဏ်ပြု၍သော် လည်းကောင်း ရှိခဲ့သည်မှာ အထင်ကရ ပုံရိပ် ဟုဆိုရပေမည်။ ထို့ အတူ သရုပ်ဆောင် အကယ်ဒမီ ထွန်းအိန္ဒြာဗို မိသားစုဧ။် သားဖြစ်သူ အောင်ဗိုကောင်းသန့် အား အာဇာနည်နေ့ ရောက်တိုင်း ဗိုလ်ချုပ်ကြေးရုပ်နှင့် ဗိုလ်ချုပ် ပြတိုက်သို့ သွားရောက် ကြည့်ရှုစေ ခဲ့ကြသည့် မိခင်ဖခင်တို့ ဧ။် ရင်တွင်းခံစားမှု မည်သို့ မည်ပုံရှိမည် ကို ပေါ်ပြူလာစာဖတ် ပရိသတ် ကြီး သိရှိစေရန် သွားရောက်တွေ့ ဆုံမေးမြန်း ဖြစ်ခဲ့ပါသည်။

ဗိုလ်ချုပ်ပြတိုက်က အပြန်မှာတော့ ထွန်းအိန္ဒြာဗို ကဇူလိုင် ၁၉ အာဇာနည်နေ့ ပတ်သက်ပြီး အခု လိုပြောပြပါတယ်။ “သားသားကိုဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးများအကြောင်းသိအောင်အကြမ်းဖျင်း လေးတော့ပြောပြ ဖြစ်ပါတယ်။ ညညဆို ပုံပြင် ပြောရင်းနဲ့ ဗိုလ်ချုပ် ဇာတ်လမ်း အကြောင်း ပြောတာ ရှိတယ်။ တခြားပုံပြင် ပြောတာတွေရှိ သလို၊ ဗိုလ်ချုပ် အကျိုး အကြောင်းပြောပြ တာလေးတွေ ရှိပါတယ်။ သိပ်အသေးစိတ် တော့ နားလည်နိုင်စွမ်း မရှိသေး ဘူးပေါ့လေ။ ဒါပေမဲ့ ကျွန်မတို့ မြန်မာနိုင်ငံ ရဲ့ကျေးဇူးရှင် ကြီး အဖြစ်တော့ သူသိသွားပြီ။ ကျွန်မတို့ ငယ်ငယ်ကတော့ ဗိုလ်ချုပ် အကြောင်းကို စာထဲမှာ သင်ရ တယ်။

နောက် ပိုင်းတော့ ဗိုလ်ချုပ် အကြောင်းတွေ လုံးဝ ပျောက်ကွယ် သွားတယ်။ စာထဲမှာ သင်တဲ့ အချိန်ကနေ တကယ် နားလည်နိုင်စွမ်းရှိတဲ့ အရွယ်ရောက် လာတော့ ဗိုလ်ချုပ် အကြောင်း တွေက ပျောက်ကွယ်ခံနေရပြီ။ သားတို့ကို အဲဒီလို မဖြစ်ရလေအောင် ငယ်ငယ်ကတည်း ကပြောပြတယ်။ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ ပြတိုက်ကို လာပြ တယ်။ ဗိုလ်ချုပ်ရဲ့အတု ယူ ဖွယ်လေးတွေကို အကျယ်ချဲ့ပြီး ဝေဝေဆာ ဆာ ပြောပြတယ်။ကိုယ့်တိုင်းပြည်ကိုယ်ပြန် ပိုင်ဆိုင်ဖို့အတွက် ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီး တွေ အသက်ပေးသွားကြ ရတယ်ဆိုတာကို တော့ တိုင်းသူပြည်သားတိုင်း သိသင့်တာ ပေါ့။ အဲဒါကို ပြန်ပြီး ဖော်ထုတ်သင့်ပါတယ်။

အခု လည်း စပြီးပြန်လုပ်နေကြပါပြီ။ အာဇာနည်နေ့က တအား ဝမ်းနည်းစ ရာကောင်းတဲ့နေ့ ဖြစ်သလို၊ မမေ့အပ်တဲ့နေ့ လည်းဖြစ်တယ်။ တိုင်းပြည် အတွက် အသက် စွန့်သွား ကြ တဲ့ ခေါင်းဆောင်ကြီးများကို အားကျဖွယ်ရာ လူငယ်များလည်း ပေါ်ထွန်းလာဖို့ ကောင်းတဲ့နေ့ အဖြစ်နဲ့ သားလေးကို အဲဒီအကျိုး အကြောင်းတွေကို နားလည်အောင်၊ သား လေး တိုင်းပြည်ကို ချစ်တတ်အောင်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာကို တန်ဖိုးထားတတ်အောင် အစပျိုး ပြောပြဖို့ကောင်းတဲ့ နေ့လေး ပေါ့။ သူတို့ စိတ်ထဲမှာ အစပျိုး သင်ကြားပေးဖို့ အတွက် ဒီလိုနေ့ လေးက ရှိသင့်တယ်။ ရှိလည်းရှိရမယ်။ အာဇာနည် ခေါင်း ဆောင်ကြီးတွေက အသက်ပေးသွား တဲ့နေ့ဆိုတော့ သတ် သတ်မှတ်မှတ် နဲ့လည်းရှိရတယ်။သူတို့နဲ့ ပတ်သက်တဲ့ အကျိုး အကြောင်းတွေ အားလုံးကို လည်းကလေးတိုင်း သေချာနား လည်အောင်ပြောပြသင့်တယ်။

ကျွန်မ တို့ငယ်ငယ်တုန်းက ကျတော့ ဗိုလ်ချုပ်တို့ ကျ ဆုံးတဲ့ အချိန်မှာ ဥသြဆွဲလို့ရှိရင် ရောက်ရာ အရပ်ကရပ်ပြီး အလေးပြုရတယ်။ ကားတွေ လည်းရပ်ရတယ်။ လူတွေ လည်း ရပ်ရတယ်။ လုပ် လက်စ အလုပ်ပါ ရပ်ပြီးတော့ အလေးပြုကြရတယ်။ ရေဒီယို ကနေတစ်ပြည်လုံးကို လွှင့်ပေးတယ်။အဲဒါမျိုးက ဖြစ်သင့်တယ်။ အခုအချိန် မှာ ပျောက် ကွယ်သွားတာ ဝမ်းနည်းစရာ ကောင်းတယ်။ ပျောက်ကွယ်နေတာကိုပြန်လည် ဖော်ထုတ်သင့်ပါတယ်။ အရင်တုန်းက ထက်ကြီးကျယ် ခမ်းနားတဲ့ အာဇာနည်နေ့ ရဲ့ နှစ် ပတ်လည်နေ့ အဖြစ် ကျင်းပသင့်တယ်။ ကျွန်မတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ အသွေး အသား ထဲမှာကိုက မျိုးချစ်စိတ်ဓာတ်နိုးကြွလာအောင် ကြီးကျယ် ခမ်းနား တဲ့ အပြင် အဆင် များ၊ ကြီးကျယ် ခမ်းနားတဲ့တင်ဆက်မှုများနဲ့ပြန်ပြီး ဖော် ထုတ်သင့်ပါတယ်”

ခိုင်ဝေလွင် ဓာတ်ပုံ-အောင်ဇော်မင်း(Popular journal)

No comments:

Post a Comment