Friday, June 1, 2012

ကျက်သရေ ရှိတဲ့ ဒို့ အမေ ...

ကျက်သရေ ရှိတဲ့ ဒို့ အမေ ...


ထင်ရှားနေမှာ ကမ္ဘာကျော်လို့ 
ကျော်ကြားချစ်တာ ပြည်သူချစ်လို့ 

လူထုအကျိုး သယ်ဆောင်ပိုးက
ရှိခိုးကော်ရော် မင်းပူဇော်လိမ့်..။

ပူဇော်ထိုက်သူ ဒို့ အမေ သည်
နေရာတိုင်းမှာ ကြယ်တစ်ပွင့်မို့ 

ဂုဏ်သရေရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်
ပတ္တမြားမှန်ရင် နွံမနစ်ဘူးလေ

အောင်ဆန်းသွေးမို့  ဒို့ ယုံကြည်နေ...။

ကိုထွန်းဝေ

(အမေက ဘယ်အချိန်ကြည့်ကြည့် ပန်းပန်လျက်ဘဲနော် ...)