Sunday, July 15, 2012

သွေးနဲ့ရေးတဲ့ မှတ်တမ်း




ဆယ်နာရီ သုံးဆယ့်ခုနှစ်မိနစ်၊ 47 ခုနှစ် ဂျူလိုင်လ 19 ရက်
ကမ္ဘာပြိုတဲ့သတင်း
တစ်တိုင်းပြည်လုံး   …. ဆွံ့အ
တစ်မျိုးသားလုံး    …..  တိတ်ဆိတ်
လှည်းနေလှေအောင်း မြင်းဇောင်းမကျန် …. အသက်မဲ့
ဖျပ်ကနဲ .. ခဏလေးပါပဲ
တစ်တိုင်းပြည်လုံး  … ပွက်ပွက်ညံဟီး
တစ်မျိုးသားလုံး  …   ဟုန်းဟုန်းလောင်မြိုက်
လှည်းနေလှေအောင် မြင်းဇောင်းမကျန်  … ကူကယ်ရာမဲ့ ငိုကြွေးမြည်တမ်း။

မြေကြီးကို ယုံစား
အားပြုပြီး ရပ်နေရသူတွေကို
မြေကြီးကသစ္စာဖေါက်တာ ခံလိုက်ရသလိုမျိုး
ကယ်ရာမဲ့မဲ့၊ သွေးရူးသွေးတန်း
အမိရယ် အဖရယ်လို့မှ ခေါ်စရာမရှိတော့
ကမ္ဘာပျက်တဲ့မှတ်တမ်း
သွေးရောင်လွှမ်းခဲ့ချိန်။

ခြောက်ဆယ့်ငါးနှစ် ကြာခဲ့ပြီ
ဆိုပေမယ့်လည်း  …   …
တိုင်တစ်ဝက်အလံလွှင့်ထူ
ဥသြသံနားစွင့်

တိတ်

ဆိတ်

ငြိမ်

သက်

….
….

ဥက္ခောင်းကိုညွှတ်
(ကျနော်တို့အားလုံး)
ဒီနေ့ထိ လွမ်းဆွတ်နေတုန်း။


ကိုကြည်နိုင်

==========================================

အခုကဗျာလေးက ကျွန်တော်တို့မြို့(မောင်ထင်စာကြည့်တိုက်) မှာ ပြုလုပ်မယ့် နံရံကပ်စာစောင်ရယ်၊
အမျိုးသားဒီမိုကရေစီအဖွဲ့  မြို့နယ်ရုံးမှာ ပြုလုပ်မယ့် နံရံကပ်စာစောင်ရယ် အတွက် ကျနော် ရေးဖြစ်ခဲ့တာလေးပါ။

No comments:

Post a Comment