Sunday, June 24, 2012

ကမ္ဘာဦးရဲ့ နေ့ လိုပဲ နွေနံနက်ခင်းရဲ့ လှပုံထူး






















ဆောင်းရာသီဟာ
သူစိုက်ပျိုးသမျှ
ကုန်စင်အောင်ရိတ်သိမ်းမသွားခဲ့ဘူး
နွေရာသီရဲ့ ဖြစ်ပုံများ
အနွေးထည်ခြုံလို့ 
ရီရအခက် ငိုရအခက်
တဆောင်းလုံးမက်ခဲ့ရတဲ့ အိပ်မက်
ငါတို့  … ကြေကွဲဘို့ အတွက်တော့မဟုတ်ဘူး ……..။

နွေဦးတဲ့
လေရူးက ပွေပွေ
အလို …. မိုးတွေကလည်းစွေစွေ
နွေဦး … နွေဦး … နွေဦး
မျှော်သူကို ရင်ကွဲအောင် မလုပ်နဲ့ 
တောင်းပန်တယ် …..။

နွေဆိုတာ …..
လှတ ပတ အပျိုမလေးတွေရဲ့ 
ကြွကြွရွရွဟန်တွေ မပါရင်
ဒါ … နွေမဟုတ်ဘူး
သိမ်မွေ့ လျှင်မြန် အုပ်ဖွဲ့ ပျံသန်း
ကြမ်းကြမ်းတမ်းတမ်း ထိုးနှက်တိုက်ခိုက်
အဲဒီ … ခြင်မိုက်တွေ မပါရင်လည်း
ဒါ … နွေမဟုတ်ဘူး
မိုးအောက်မြေပြင်အလှဆင်
အိမ် လမ်း တံတား ပြုပြင်မှုများမတွေ့ ရရင်
ဒါ … နွေမဟုတ်ဘူး …။

ငါရောက်နေတဲ့ ၀င်ရိုးစွန်းအရပ်က
နွေရဲ့ ပြဇာတ်ကို  ခင်းကျင်းပြသကြည့်တာပါ။

စိတ်ကူးတွေ ၀တ်လစ်စလစ်
လမ်းတွေပေါ်မှာ
ကမ်းခြေပေါ်မှာ အိပ်မက်တွေ
နွေဦးနဲ့  ဖူးပွင့်ခဲ့ကြတယ်…..။

ရဲရင့်သက်ဇွဲ
၁၆၀၆၂၀၁၂

No comments:

Post a Comment