Saturday, June 23, 2012

အမေစု မျက်ဝန်း ပုလဲဥ














ဆောင်းပါးရှင် ကိုဌေးတင့်

၁၇ ဇွန်လ Grand Hotel ရှေ့ မှာ လူအနဲငယ်ဘဲ အဝင်အထွက်ရှိတော့တယ် ။
၁၅ ရက်နေ့ တုံးက ပင်လယ်ပင်လို ဖြစ်နေတဲ့ လူအုပ်ကြီးက
အမေစု ကျန်းမာပါစေ မိုးလုံးညံ အသံတွေက တစ္ဆေခြောက်ခဲ့သလိုဘဲလေ။
လျှပ်စစ်ကုလားထိုင်ကားလေးနဲ့  ကျောင်းသားတပ်မတော်အဖွဲ့ ဝင်ဟောင်း
ဒုက္ခိတ ၂ နဲ့  ကျောင်းသားရဲဘော်တစု ကတော့
အမေစု ကို နော်ဝေမှာ နေသမျှ စောင့်ရှောက်ဖို့  သံဓိဌန်ချထားကြတယ် ။
ညနေပိုင်းမှာ  မိုးဆွေနေတဲ့ အော်စလိုမှာ ည ၇ နာရီကျော်တာနဲ့  မိုးစက်လေးတွေကျလာတယ် ။
အေးမြတဲ့ လေညှင်းက အနွေးထည်ကို ဖေါက်ပြီး ကျူးကျော်လာခဲ့တယ် ။
မိနစ်ပေါင်းများစွာကျော်ဖြတ်ပြီး နာရီတွေကျော်လာတော့ လူတွေလည်း တုံရီလာတာပေါ့ ။
ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကို ကြံ့ ကြံ့ ခံနိုင်ဖို့  တခုတည်းသော ရည်မှန်းချက်က
အမေစု ကားပေါ်ကအဆင်း ဟော်တယ် အဝင်မှာ နှုတ်ဆက်ဖို့ နဲ့  ကာကွယ်ဖို့ ပါ ။
ည ၉ နာရီ မိနစ် ၄၀ လောက်မှာ အမေစု စီးလာတဲ့ မာစီဒီးကားကို လုံခြုံရေးကားတွေနဲ့ 
ဟော်တယ်ထဲဝင်လာတယ် ။ခရီးပန်းလာတဲ့ အမေစု အနားယူဖို့  ကားတခါးဖွင့်ပြီး
လေးအေားက တချက်ဝေ့လိုက်တော့ ဟော်တယ်ထဲ တက်သုတ်ရိုက်ပြီး ဝင်သွားတယ် ။

ကျွန်တော်တို့  အမေစုကို လာနှုတ်ဆက်ပါတယ် ဆိုတဲ့ အသံက ရုပ်တရက် ထွက်လာတယ် ။
သံယောဇဉ်ကြိုးကွင်းနဲ့  အမေစုကို ပစ်ပြီး ဖမ်းလိုက်သလို အမေစု ရဲ့  သွယ်လျတဲ့ ခန္တာ တုန့် ကနဲဖြစ်သွားတယ် ။
သားတို့ တတွေ စောင့်နေကြပါလားဆိုတဲ့ စေတသိတ်က နောက်ကြောင်းကို ခြေဦးလှည့်စေလိုက်တယ် ။

မြင်ကွင်းထဲက ဒီမိုကရေစီနဲ့  လွတ်လပ်ရေးအတွက် တော်လှန်ရေးမှာ အသက်ပေးရင်း ခြေထောက်တွေ မိုင်းထိခဲ့လို့ လမ်းမလျှောက်နိုင်တော့တဲ့ ကျောင်းသားတပ်မတော်က ဒုက္ခိတ ၂ယောက်နဲ့  ကျောင်းသားတပ်ဖွဲ့ ဝင်ဟောင်းတစု ။
လူထုခေါင်းဆောင် ။ ကမ္ဘာငြိမ်းချမ်းရေးဆုရှင် ။ နော်ဝေအစိုးရရဲ့  အထူးဧည့်သည်တော် အမေစု နှလုံးသားထဲက အမေဆိုတဲ့ မေတ္တာက
ဒုက္ခိတ ၂ ယောက်စီကို သွားလိုက်တယ် ။ သူတို့ နဲ့  လက်ဆွဲ နှုတ်ဆက်လိုက်တယ် ။
သားတို့ ရယ် မင်းတို့ လက်တွေက အေးစက်နေပါလား ။ အမေ့ကို ဘယ်အချိန်ထဲက လာပြီးစောင့်နေကြတာလဲ ။
ဟော်တယ် အတွင်းက မီးရောင်ပြပြကြောင့် အမေစု မျက်ဝန်းမှာ ပုလဲတွေဥသွားတာ ထားဝယ်သား ကွန်မန်ဒို ကျောင်းသားကြီးတွေ့ လိုက်ရတယ် ။ အမေစုကို လက်ပြပြီး လာချောင်းကြည့်ဖို့ စောင့်နေတဲ့ သူတွေ
မမျှော်လင့်ထားတဲ့ အမေစု သူတို့ ကို  အရှင်လတ်လတ်ကြီး လာပြီး လက်ဆွဲနှုတ်ဆက်တော့ လျှပ်စစ်ကားလေးပေါ်မှာ
မတ်တပ်ရပ်ပြီး ပြန်နှုတ်ဆက်ဖို့ ခုန်ဆွ ခုန်ဆွဖြစ်နေတာပေါ့ ။
အမေစုကို မတ်တပ်ရပ်ပြီး နှုတ်မဆက်နိုင်ပါ ခွင့်လွတ်ပါလို့  ပြန်ပြောပေးကြပါ ။

နယ်စပ်ဒေသတွေမှာ တော်လှန်ရေးတိုက်ပွဲတွေကို နှစ် ၂၀ ကျော် စစ်တိုက်လာတဲ့ ကို - - - -။
ထားဝယ်သား ကျောင်းသား ကွန်မာန်ဒိုကြီး ။ အမေ့ မေတ္တာ အကြင်နာ ငတ်နေတဲ့ စစ်ဘီလူးကြီး
ငွေဥတွေနဲ့  အမေ ။ ခြေပျက်နေတဲ့ သူငယ်ချင်းတက်ကြွမှုတွေ ကြည့်နေရင်း
နှစ် ၂၀ ကျော် ပျောက်ဆုံးနေတဲ့ ကျေနပ်ခြင်း ဝမ်းသာခြင်း ပီတိဖြစ်ခြင်း လုံခြုံခြင်းတွေ ဝင်ရောက်လာတယ် ။
ဒူးတွေမှာ ခွန်အားတွေ ဆုတ်ယုတ်သွားတယ် ။ မတ်တပ်ရပ်ဖို့ ခွန်အားတွေ ဆုတ်ယုတ်သွားတယ် ။
ကို - - - က လမ်းမပေါ် လဲကျမလို ဖြစ်သွားတော့ အမေစုက ဖက်ပြီးပြီး ထိမ်းလိုက်တယ် ။
ဦးခွန်သာမြင့်က ကောင်လေး စိတ်ထိမ်းပါဆိုပြီး အတင်းဝင်ဆွဲတယ် ။
တောင်းပန်ပါတယ် အမေ ။
ကျွန်တော်တို့ လို အဆင့်အတန်းရဲ့ လက်တွေက အမေစုလို မြင့်မြတ်တဲ့သူနဲ့  ထိတွေရလောက်အောင်
မတန်မရာဖြစ်နေဆဲပါ ။ ကျွန်တော်တို့  တိုင်းပြည်အတွက် ရှေ့ တန်းစစ်မြေပြင်မှာ လူတွေကို ပစ်ခတ်ခဲ့ဖူးတယ် ။
သွေးတွေ စွန်းခဲ့ဖူးတယ် ။ သန့် ရှင်းသော မြင့်မြတ်သော အမေစု နဲ့ လားလားမှ မထိုက်တန်ပါဖူး အမေ ။
စစ်မြေပြင်က လာခဲ့တဲ့ သားတို့ တတွေကို ခွင့်လွတ်ပါအမေစု ။

ကျောင်းသားတပ်ဖွဲ့ ဝင်၂ ဦးကတော့ မယုံကြည်လောက်တဲ့ အမေစုရဲ့  မေတ္တာနဲ့  နှုတ်ဆက်တာကို
ကြက်သေလို ဖြစ်နေတယ် ။ အမေစု ကလက်ဆွဲနှုတ်ဆက်လာတာကို အိမ်မက်လို ထင်နေမိခဲ့တယ် ။
တယောက်နဲ့  တယောက် ပုခုံးနဲ့ တွန်းပြီး တကယ်လက်တွေ့ ဆိုတာ စစ်ဆေးကြည့်မိတယ် ။
ဥရောပ ရောက်ကထဲက တွေ့ သမျှ လက်ဆွဲနှုတ်ဆက်ဖို့ ချောင်းနေတတ်တဲ့ သူ၂ ဦး
အမေစု ကို လက်ဆွဲ နှုတ်ဆက်ဖို့  တွန့် နေကြတယ် ။ အမေစုရဲ့  ကြီးမားတဲ့ အရှိန်အဟုန်က ကန့် သန့် နေတယ် ။
အမေစုက ရဲရဲဝန့် ဝန့် ရှေ့ တလှမ်းတိုးလာတော့ မရဲတရဲလေး လက်ကို ထုတ်ပြီး နှုတ်ဆက်လိုက်တယ် ။
အမေစုရဲ့  မေတ္တာလှိုင်းက လက်ချောင်းတွေကတဆင့် သူတို့ နှလုံးသားထဲကိုဝင်သွားတယ် ။
ယောကျာင်္းရင့်မကြီးတွေလို့ ခံယူသူတွေ မျက်ရည်တွေ အတောမသတ်ဖြစ်သွားတယ် ။
သူတို့ ပြန်ပြောကြတယ် ။ ငါတို့ သေပျော်သွားပြီတဲ့ ။

၂၀၀၃ ဒီပဲရင်းမှာ ပြည်တွင်းကလူငယ်တွေ
အမေစုအတွက် အသက်ပေးပြီး အရိုက်ခံရင် သေသွားတယ်ဆိုတာ နားလည်သွားပြီတဲ့ ။

မေတ္တာတရားကြီးမားတဲ့ အမေစု အတွက် အရာရာကို စွန့် လွတ် အနစ်နာခံနေတဲ့ လူတွေကို
ဂုဏ်ပြုရင်း အဖြစ်မှန်ကို တင်ပြလိုက်ပါတယ် ။
 Htay Tint on Saturday,
 June 23, 2012 at 6:09pm ·

No comments:

Post a Comment