Wednesday, June 13, 2012

အမေ့အတွက် ယုံကြည်မှု ခွန်အားတွေ အဖြစ် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။



ဥရောပ ခရီးစဉ်မှာ အမေ့မျက်ဝန်း ၀မ်းနည်း ရိပ်တွေနဲ့ ထွက်ခွာရမယ် ဆိုတာ သိနေပါတယ်။ အမေ့ရင်ကို ခိုလှုံနေတဲ့ သားသမီးတွေရဲ့ အသက် အိုးအိမ် ဖျစ်စီးခံနေရတာကို ရင်ထဲမှာ မချိအောင် နာနေမယ်ဆိုတာလည်း ယုံကြည်ပါတယ်။ အမေ့ရင်ထဲမှာရော အမေ့အတွေးထဲမှာ ဘာတွေ ရှိနေလဲဆို အတိအကျ မပြောနိုင်ပေမယ့် အမေ့မျန်းဝန်းတွေက တခုခုကို သတိပေးနေသလို ခံစားရပါတယ်။ အခု သွားတဲ့ ဒီခရီးစဉ်ဟာ ဘယ်သူတွေ အတွက်လည်း ဆိုတာ အမေ့ကို ယုံကြည်သူ၊ လေးစားသူ အားလုံးက နားလည်ကြပါတယ်။ ဒီခရီးစဉ်မှာ နိုင်ငံတကာက မေးမယ့် ခက်ခဲတဲ့ မေးခွန်းတွေနဲ့လည်း အမေ ကြုံရဦးမယ်။

စိတ်ချပါ အမေ .... စေတနာ မေတ္တာတရား ဖြူစင်တဲ့ အမေ့ မေတ္တာတွေ ရောင်ပြန်ဟတ်မှာပါ။ အမေက အရာအားလုံးကို ကျော်လွှားနိုင်ခဲ့တဲ့ သူဆိုတာ လက်တွေ့ ယုံကြည်ပြီးသားပါ။ မနက်ဖြန် အမေသွားမယ့် ခရီးစဉ်မှာ ခရီးလမ်း တလျောက် ချောမွေ့အောင်မြင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

No comments:

Post a Comment