Wednesday, June 13, 2012

ကမ္ဘာကျော် ဘောလုံး သမား ဂိုးသွင်းကောင်းတဲ့ Leonel Messi ပြောပြီ "TERRORISTS " တဲ့

                                                     leonel Messi
ဘာဆီလိုနားမှာ ကန်နေတဲ့ ဘောလုံး သမားတောင် ယနေ့ 13ရက် မနက်မှာ ရိုဟင်ဂျာများကို ဗမာပြည်ထဲမှာ  "TERRORISTS " လို့ အမည်တပ်ပြီးကြေငြာဝင်နေပြီဖြစ်ပါတယ်။
မြန်မာအစိုးရရဲ့ လုံခြုံရေးအားနည်း တဲ့ ရခိုင်ပြည်နယ် စစ်တွေနဲ့ အခြားနေရာတွေမှာဆိုရင် ဒီပြဿနာဖြစ်လာလို့ အကျိုးမြတ်ရသွားတဲ့ အစိုးရအနေနှင့်အခုဒီပြဿနာက လွှတ်တော်ထဲက စစ်တပ်ရယူထားတဲ့ ထိုင်ခုံများကို လှုပ်မယ်ဆိုရင် အကုန်လုံး ဒုက္ခများကုန်မယ်လို့ နမူနာပြလိုက်တာ မဟုတ်ဘူးလား။
ကချင်ပြည်နယ်က ပြည်တွင်းစစ်နှင့် စစ်ဘေးဒုက္ခတွေကိစ္စ ပြောအားကျသွားတယ်။
လျှပ်စစ်မီးကိစ္စ အသံပျောက်သွားတယ်။ ပြည်က တရားဆွဲဆိုဖို့ကိစ္စ အပါဝင်ပေါ့။အလုပ်သမားပြဿနာ အထွေထွေ ဘေးချိတ်ခံရတယ်။
ကျွန်တော်တို့ မြင်သလောက်ကြားသလောက်နဲ့ တွေးလဲရတယ်၊ နည်းနည်းလေ နက်နက်နဲနဲတွေးလို့လဲ ရတယ်။ ဟိုတုန်းက ကျောင်းသားတွေ၊ သံဃာတွေ၊ ပြည်သူတွေကို ရိုက်နက်ခဲ့တာလဲ ဒီစစ်သားတွေပဲ၊ ခု ဒီရိုဟင်ဂျာအရေးကို ကိုင်တွယ်နေတာလဲ ဒီစစ်သားတွေပဲ ကွာတာတစ်ခုတော့ ရှိတယ်။ ဟိုတုန်းက အမိန့်ပေးခဲ့တာ စစ်အစိုးရ၊ ခေါင်းမရှိတဲ့ကောင်တွေ၊ ခု စီစဉ်ညွှန်ကြားနေတာက နိုင်ငံတော် သမ္မတ။ ကျွန်တော်တို့ နိုင်ငံရဲ့တည်ရှိမှုဟာ မနက်ဖြန်၊ သဘက်ခါနဲ့ ပြီးသွားမှာမဟုတ်ပါဘူး။ နိုင်ငံခေါင်းဆောင်တွေအနေနဲ့ သူတို့လုပ်ရပ်၊ ဆုံးဖြတ်ချက်တိုင်းဟာ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ အကျိုးသက်ရောက်မှုအများကြီး ရှိသလို မှန်မှန်မှားမှား သမိုင်းမှာ ကျန်ခဲ့မှာပါ။ နိုင်ငံရေးရဲ့ အလျား၊အနံဆိုတာ ဘယ်သူကမှ အတိအကျမမြင်နိုင်ပါဘူး။ ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေ အပြစ်တင်မစောကြပါနဲ့။ နိုင်ငံခေါင်းဆောင်တွေမှာ ချိန်ဆစရာအများကြီး ရှိနေပါတယ်။ ကိစ္စတိုင်းကို တဖက်တည်းမကြည့်ပါနဲ့၊ တဖက်တည်းမတွေးပါနဲ့၊ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်ဖြစ်သင့်တယ်လို့ထင်တာတွေကိုပဲ မတွေးပါနဲ့။ သူတို့ စွန့်လွှတ်ခဲ့တာ၊ သူတို့စွန့်စားနာကျင်ခဲ့ရတာ ကိုယ်တွေလို facebook ပေါ်မှာ ကွန့်မန့်ပေးရုံ status ရေးရုံမဟုတ်ပါဘူး။
ဒီလိုသာအော်လိုက်ချင်တယ်...
သခင်အောင်ဆန်း!!! ရာဇ၀င် ရိုင်းရတော့မယ် အဖိုးရေ...
ကိုယ့်တိုင်းပြည်မှာ ကိုယ်နေပြီး ဒုက္ခသည်စခန်းက လူတွေလောက်တောင် မငြိမ်းချမ်းရတော့ဘူး အဖိုးရေ...
ကျွန်တော်တို့ တိုင်းပြည်မှာ ခေါင်းဆောင်ဆိုတဲ့သူတွေ
ခေါင်းရှောင်နေကြတယ် အဖိုးရေ...
ကိုယ့်အမျိုးသားတွေကို ပစ်ခဲ့တဲ့သေနတ်တွေက ခုတော့ ကျည်တွေ `အ´ နေကြပြီ အဖိုးရေ. လို့ သာအော်ပြီး တင်ပြရမလို ဖြစ်နေပါရဲ့ ဗျာ...။
MC . Hein Lay 
6.13.2012
 



























No comments:

Post a Comment