Thursday, July 19, 2012

zay ya ရဲ့ ငြိမ်းချမ်းစွာ နေရစ်တော့။


ဘယ်သူတွေ ထားလို့ ဘယ်သူတွေ စားခဲ့ရသလဲ
ဘယ်သူတွေ သေလို့ ဘယ်သူတွေ နေခဲ့ရသလဲ

သူသာလျှင် အမိ၊ သူသာလျှင် အဖ လို့
ဘယ် အခါ ကများ ပြောခဲ့ဖူးသလဲ၊

ပြည်သူတွေ လက်မခံပါဘူး ဆိုတဲ့ တစ်နေ့မယ်
ကျုပ်တို့လည်း မနေပါဘူး ဆိုခဲ့တဲ့ -

ကျုပ်ရဲ့ အဖေ
ခင်ဗျားရဲ့ အဖေ
သူတို့တွေ မေ့ဖို့ ကြိုးစား တဲ့
ကျုပ်တို့ရဲ့ ဘာမထီတွေ

သည်ကနေ့ - သည်ရက်မှာ -
မိုးလည်း ညိုခဲ့၊ မြေလည်း ပြိုခဲ့တယ်၊
သူရို့တွေလည်း
အားမနာ လျာမကျိုး
ဆက်လက်ပြီး မြိုခဲ့တယ်

ပြန်လှည့် မကြည့်ပါနဲ့ ဒီမြေကို
ပြန်လှည့် မသိပါစေနဲ့ ဒီလူတွေကို၊

သမိုင်းဟာ အထပ်ထပ်ကျော့တယ် ကြားဖူးလား
သမိုင်းဟာ အထပ်ထပ်အပြင်ခံရသတဲ့ ကြားဖူးလား

သပိတ် မသွပ်၊ ဆွမ်း မသွတ်ရ
ဓာတ်ပုံ မချိတ်၊ သံဃာ မပင့်ရ
ဆင်ဖြူကို ရင်မှာ ပိုက် - ငုတ်တုတ် မိုက်နေတဲ့ သူတို့တွေ
ခုထက်ထိ - အဖေ့ ကို ကြောက်နေကြတုန်းပဲ။

- အဟက် -
အဖေ...
ပြန်လှည့် မကြည့်ပါနဲ့ ဒီမြေကို
ပြန်လှည့် မသိပါစေနဲ့ ဒီလူတွေကို

ငြိမ်းချမ်းစွာ နေရစ်တော့။

.........................
July 19th 2012 at 7:30 AM

No comments:

Post a Comment