Thursday, July 19, 2012

ဗိုလ်ချုပ်မရှိတဲ့ အချိန် ရင်နင့်စရာ ရှားပါး ဓါတ်ပုံ ပါ




ဒီနေ့ အာဇာနည်နေ့အကြိုအဖြစ် အလွန်တန်ဖိုးရှိတဲ့ ရှားပါးဓာတ်ပုံလေးတစ်ပုံ ရခဲ့ပါတယ်။
ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီး ထွက်ရှိလာတဲ့ ဒီးဒုတ်ဂျာနယ်(၄.၈.၁၉၄၇) ထုတ်မှာ ပါခဲ့တဲ့ ပုံလေးပါ။
ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၊ သခင်သန်းထွန်းကတော် ဒေါ်ခင်ခင်ကြီးတို့ ညီအစ်မ၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးအောင်ဆန်းဦးတို့ ကလေးဘ၀။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီး ရိုက်ကူးခဲ့တဲ့ သမိုင်းဝင်ပုံလေးဖြစ်ပါတယ်။


သိမ်းဆည်းထားပြီး မျှဝေထုတ်ပေးခဲ့တဲ့ ဆောင်းပါးရှင် ဆရာချမ်းငြိမ်းကို ကျေးဇူးအထူးတင်ပါ တယ်။

(ဖေဖေ-ဒက်ဒီ- ပါပါ ဟု တတွတ်တွတ် ဆိုငို မြည်တမ်းလျှက်ရှိသော လူမမယ်ကလေးငယ်များကို ဒေါ်ခင်ကြည်သည် အမျိုးမျိုး နှစ်သိမ့်ရတော့၏..... ဆိုတဲ့ ပုံစာလေးက ရင်နင့်စရာပါ)

အဘ ဥက္ကာကိုကို

No comments:

Post a Comment