Thursday, July 12, 2012

ရန်ကုန် စီးပွားရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဖွဲ့စည်း ကြောင်း ထုတ်ပြန်ကြေငြာချက် ။

ဗကသများ အဖွဲ့ချုပ် (အထက်ဗမာပြည်လုပ်ငန်းကော်မတီ)


ရန်ကုန် စီးပွားရေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဖွဲ့စည်း ကြောင်း ထုတ်ပြန်ကြေငြာချက် ။
ကျောင်းသား သမဂ္ဂ တွေ သာမက လူထုလူတန်းစား အသီးသီးမှာ ကိုယ်စားပြုတဲ့ အဖွဲ့အစည်းသမဂ္ဂတွေ ပေါ်ထွန်းလာဖို့လိုပါတယ်။
ဒါကို အစိုးရအနေနဲ့ အပြုသဘောနဲ့ အကောင်းမြင်လက်ခံကြိုဆိုဖို့လိုတယ်။ ဒီလို ပေါ်လာတာဟာ လူထုလူတန်းစားအသီးသီး ကို ကိုယ်စားပြုတဲ့ အသံတွေ အမြင်တွေ အစိုးရနဲ့ လွယ်လွယ်ကူကူ ဆက်သွယ်၊ ဆက်ဆံ ပြောဆိုနိုင်ရေးအတွက် အများကြီး အထောက်အကူ ဖြစ်စေမှာပါ။
အစိုးရအနေနဲ့ ဒီအဖွဲ့အစည်းတွေဟာ “လမ်းပေါ်ထွက်ရေး” လမ်းစဉ်ကနေ၊ “စားပွဲဝိုင်းမှာ ညှိနှိုင်းဆွေးနွေးအဖြေရှာရေး” လမ်းစဉ် ကို ဦးတည်ဖို့ အလားအလာကောင်းတွေ အထောက်အပံ့တွေ လို့ မြင်မှ၊ လက်ခံမှသာ ဒီမိုကရေစီ ရှင်သန်ထွန်းကားတဲ့ လူ့အဖွဲ့အစည်းတရပ်ဆီကို အမှန်တကယ် ဦးတည်ပြောင်းလဲ နိုင်မှာ ဖြစ်ပါတယ်။ ဒီလို အဖွဲ့အစည်းတွေ ပေါ်လာတာ
ပြည်သူက ပြောင်းလဲ ဖို့ အသင့်ပါလို့ ပြသနေတာပါ။

အစိုးရ က သာ ဘာလဲ၊ ဘယ်လဲ မေးခွန်းထုတ်ရပါတော့မယ်။

ချိုတူးဇော်

No comments:

Post a Comment