Thursday, July 12, 2012

လူ




တစ်ကျပ်နှစ်ကျပ်
ငွေမမှတ်နဲ့
ထင်ဟပ်မရှိ
ချမ်းသာဘိလဲ
မရှိဒါန
စောင့်သီလဖယ်
အတ္တခိုလှုံ
မသိခြုံသော်
လူ့ဘုံလောက
သင်ရောက်ရလဲ
ဗာလအသွင်
အပြစ်တင်သည်
သင်သည်အရှုံး
လည်၌ကုံးသို့
အဆုံးမကောင်း
သင်လွန်ညောင်းသော်
ကောင်းရာဂတိ နည်းပါ၏။

သို့တည်းမဟုတ်
ဒါနထုပ်နှင့်
အယုတ်အလတ်
အမြတ်မရွေး
အလှူပေး၍
ရှေ့ရေးသံသရာ
မျှော်တွေးခါဖြင့်
ကျင့်ပါသီလ
မြတ်ဓမ္မကို
ဆဆရှုပွား
အဆုံးလားသော်
များဖြာသုခ
သင်သည်ရမည်
မျချအမှန် မယွင်းတည်း။


                                     မင်းကြည်ညို

No comments:

Post a Comment