Thursday, July 12, 2012

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဟာ စစ်တွေမြို့က ဒုက္ခသည် စခန်းတွေကို ဒီကနေ့ သွားရောက်



ရခိုင်ပြည်နယ်ကို ရောက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ
ဟာ စစ်တွေမြို့က ဒုက္ခသည် စခန်းတွေကို ဒီကနေ့ သွားရောက်ပြီး အလှူငွေနဲ့ အသုံးအဆောင် ပစ္စည်းတွေ ပေးအပ်ခဲ့ကြပါတယ်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ကိုဂျင်မီတို့ ဦးဆောင်တဲ့ ၈၈ မျိုးဆက်
ကျောင်းသားတွေဟာ ဒီကနေ့ နေ့လည်က စစ်တွေ မြို့မ ပရိယတ္တိ စာသင်တိုက် နဲ့ မင်းဝံ ဒုက္ခသည်စခန်း အပါအဝင် စခန်း ၆ ခုကို သွားရောက်ပြီး အလှူငွေ ၅ သိန်းစီ ပေးအပ် လှူဒါန်းခဲ့သလို ဒုက္ခသည် စခန်းတွေက မွေးကင်းစ ကလေးငယ် တွေရဲ့ မိခင်တွေကိုလည်း ကျပ် ၁ သောင်းစီ ပေးအပ်ခဲ့ပါတယ်။

ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဟာ ညနေပိုင်းမှာ စစ်တွေမြို့က “ဝံလက်” လူမှု
ကယ်ဆယ်ရေး နဲ့ ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ရုံးခန်းမှာ မြို့မိမြို့ဖတွေ၊ လူမှုရေး အသင်းအဖွဲ့ တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

RFA News

No comments:

Post a Comment