Thursday, July 12, 2012

အမေရိကန် သံအမတ်ကြီး ရန်ကုန် ရောက်၊ ၊ နေပြည်တော် အမြန်သုပ်ခြေတင်မည်




မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စုရဲ့ နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း ပထမဆုံး သံအမတ်ကြီးဖြစ်သူ မစ္စတာ ဒဲရက် ဂျေ မစ်ချဲလ်ဟာ ယနေ့ ဇူလိုင်လ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံ သို့ ရောက်ရှိလာပြီဖြစ်ပြီး ခရီး ရောက်မဆိုက် နေပြည်တော်သို့ သွားကာ သမ္မတ ဦးသိန်းစိန်ထံ သံအမတ် ခန့်အပ်လွှာပေးမည်ဟု ရန်ကုန်အခြေဆိုက် အမေရိကန် သံရုံးက ယနေ့ထုတ်ပြန်ကြေညာသည်။

ယခင်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ်နှင့် မူဝါဒ ရေး ရာ ညှိနှိုင်းရေးမှူး တာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။ ဒဲရက်မစ်ချဲလ်သည် ၂၀၀၁ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ မဟာ ဗျူ ဟာနှင့် နိုင်ငံတကာ လေ့လာရေး ဌာနရှိ အာရ ဌာနခွဲ၌ အကြီးတန်း အရာရှိအဖြစ်လည်းကောင်း၊ ညွှန်ကြားရေးမှူး တာဝန်ယူ၍ လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။

No comments:

Post a Comment