Thursday, July 5, 2012

သားသမီးချင်း ကိုယ်ချင်းစာပါ









သားသမီးချင်း ကိုယ်ချင်းစာပါ
(ဆဲဗင်းဗူလိုင်နှစ်၅၀ပြည့်နေ့သို့)

ဆဲဗင်းဇူလိုင် မမေ့နိုင်မို့
အပြိုင်ဆင်နွှဲ ဆွမ်းကျွေးပွဲတွေ…
ဝမ်းနည်းကြေကွဲ အမှတ်တရပွဲတွေ…
အမြဲလိုလို ကျင်းပသည်ကို
အူတိုမျိုးက ဆင်းသက်လာကြတဲ့
အစိုးရက တားမြစ်ကြပြန်သတဲ့…။

အနာပေါ်တုတ်ကျ နာတတ်လှတဲ့
သဘာဝမို့…တားကြမြစ်ကြ
အရေးယူကြနဲ့ သွေးတွေဆူကြွ
ဖေးကူမ,မဘဲ ဘေးလူတွေမမြင်ရအောင်
အမှောင်ချ လိုက်တဲ့သဘောပါ…။

မိမိကျူးလွန်းခဲ့တဲ့ သမိုင်းအမှားကို
အတိုင်းသားမမြင်ရအောင်
အရိုင်းသမားတွေက ဖယ်ရှားနေခြင်းမျှသာ…။

အိတ်ထဲမှာကလောင်တို
လက်နက်ဆို နတ္ထိ
အပ်တိုတချောင်းပင်မရှိတဲ့
ကျောင်းသားပြည်သူ
ရှင်လူရဟန်းများအား
ဓါးဓါးချင်း လှံလှံချင်း
စစ်ခင်းမယ် အပြိုင်နော်
စိန်ခေါ်တဲ့ မိစ္ဆာခေါင်း(နေ၀င်း)
အလောင်းမလှ
ပြောင်းကြွ သွားခဲ့ရပါလေပြီ…။

သွေးကွက်သွေးအိုင် ပွက်ပွက်လှိုင်ခဲ့တဲ့
ခုနစ်ရက်ဇူလိုင်ကို
ဆယ်သက်တိုင်တိုင် မေ့နိုင်မည်မဟုတ်ပါ…။

အာဏာရူး စစ်ဘီလူးတွေ
အထူးကျဆုံးစေရမည်…။

တက္ကသိုလ်ဘုန်းကြွယ် (ဇူလိုင် ၄ ၂၀၁၂)

No comments:

Post a Comment