Thursday, July 5, 2012

အမျိုးအားနဲ့ နိုးကြားကြလော့




































အမျိုးအားနဲ့ နိုးကြားကြလော့

ကမ္ဘာမှာ ဗမာရယ်လို့
ထယ်ဝါတဲ့ပုံရုပ်
မြင့်မြတ်တဲ့ဂုဏ်ပုဒ်ကို
ဖေါ်ထုတ်လိုက်တဲ့…ဦးသန့်…။


အညံ့မခံ အရှုံးမပေး
ငြိမ်းချမ်းရေးနိုဗဲဆု
ဘယ်သူတုတု အတုမရှိ
ဂုဏ်ပြုမိတဲ့…အမေစု…။

ယခုတစ်ခါ
မြန်မာနိုင်ပြီ
၅-ကြိမ်မြောက်အာရှအိုလံပစ်ဘော်လုံးပွဲဆီ
တိုင်းပြည်ရဲ့ အရေးတရပ်
ပေးအပ်တဲ့တာဝန် ကျေပွန်ခဲ့ပြီ….။

ယနေ့မှစ နလံမထ
နာတာရှည်ဘ၀က
အမှန်ကုန်းကွ ရုန်းထနိုင်သည်သာမက
တကမ္ဘာလုံးက ချီးမွမ်းကြလေပြီ….။

ကမ္ဘာအလယ်… တင့်တယ်မြင့်မား
ဝင့်ကြွားနိုင်အောင် မောင်မယ်ငါတို့
ကြိုးစားစို့….။

ကောင်းကင်တမွတ် ကြယ်ကိုဆွတ်လည်း
မလွတ်စတမ်း ဆွတ်မြန်းနိုင်အောင်
ဂုဏ်ရောင်မညှိုးတဲ့ အမျိုးအားနဲ့
နိုးကြားကြလော့….. ထလော့မြန်မာ
မြန်မာထလော့….။

တက္ကသိုလ်ဘုန်းကြွယ (ဇူလိုင် ၄ ၂၀၁၂)

No comments:

Post a Comment