Thursday, July 5, 2012

ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်ပြုတဲ့ သူများထဲမှာ နိုင်ငံရေး အကျဉ်းသား အချို့ပါဝင်





ဖော်ပြပါသတင်းအား ကြိုဆိုလိုက်ပြီး ကျန်ရှိနိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ထပ်မံတောင်းဆိုအပ်ပါတယ်..

ယနေ့ လွတ်ငြိမ်းခွင့် ပေးလိုက်သူများထဲတွင် နိုင်ငံရေးအကျဉ်းသားအချို့ ပါဝင်ကြောင်း သိရပြီး ၎င်းတို့မှာ ကလေး ထောင်က ကိုအေးအောင်၊ သရက် ထောင်က ကိုသန်းဇော်၊ ပြည် ထောင်က ကိုပြည့်ဖြိုးအောင်၊ ကသာ ထောင်က ကိုအောင်အောင်ဦးတို့ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ အခြားနိုင်ငံရေးအကျဉ်းသား ပါဝင်ခြင်း ရှိ၊ မရှိကို ဆက်လက်စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါသည်။

Eleven Media Group

၁၉၈၉ ခုနှစ်တွင် သန်လျင် ရေနံချက် စက်ရုံ ဗုံးဖေါက်ခွဲမှုဟူသော စွပ်စွဲချက်ဖြင့် မတရားစွပ်စွဲပြီး သေဒဏ်ချမှတ်ခံရတဲ့ အညတြသူရဲကောင်းဆုရှင် သန်လျင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုသန်းဇော်နှင့် နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လည်လွတ်မြောက်လာမှု
အတွက် ဝမ်းမြောက်စွာ ကြိုဆိုအပ်ပါတယ်..။
သတင်း .. ဒီမိုဝေယံ

No comments:

Post a Comment