Friday, July 6, 2012

အာဏာရှင်အားလုံး ဆင်ခြင်နိုင်အောင်လို့

အမှန်တရား ၀ှက်ထားလို့မရ




ဘယ်ဇာတ်လမ်း ဘယ်မှတ်တမ်းမှာမဆို
လူကြမ်း လူသရမ်းတို့ရဲ့သွားရာလမ်းဟာ
မပြန်လမ်း ငရဲခန်းသာ မြန်းရမှာကို
လန်းနေတဲ့ အာဏာရှင်တွေ
မဆင်ခြင်မိလေရော့သလား။

မကောင်းမှုမှာ ဆိတ်ကွယ်ရာမရှိ
ဖုံးဖိကျော်လွှား ၀ှက်ထားလို့မရ
အရှိတရားဟာ ဖိထားလိုလဲမပိ
ဖုံးဖိလို့လဲမလုံ ဟိုပုံပြင်ထဲကလို
ငါ့ဘုရင်ဂျို(ချို)ပေါက်နေတဲ့ဇာတ်လမ်း
ဆန်းစစ်ပြီးပြန်ကြည့် အရှိတရား
အမှန်တရားဟာ ပျောက်ပျက်၍မသွား
တနေ့မှာ ဘွားကနဲပေါ်
တအားပဲကျော်သွားနိုင်တယ်။

အများမသိ အများမမိစေချင်ရင်
ရှိအောင်မဖန်တီး အပြစ်ကြီးကိုမကျူးလွန်
ထူးချွန်အောင်နေတတ် အနေမြတ်မှ
ကောင်းလဒ်အထွေထွေ
အကြောင်းရပ်အဆင်ပြေပြီး
လူ့ပြည်မှ လူဖြစ်ကျိုးနပ်ပေလိမ့်မည်။

မည်သူ့ကိုညာညာ
ကိုယ့်နှလုံးသားကို ကိုယ့်မှာ
ဘယ်လိုမှ ညာလို့မရပါ။

(အာဏာရှင်အားလုံး ဆင်ခြင်နိုင်အောင်လို့ပါ)

တက္ကသိုလ်ဘုန်းကြွယ် (ဇူလိုင် ၅ ၂၀၁၂)
by Victor Tan on Friday, July 6, 2012 at 7:33am ·

No comments:

Post a Comment