Friday, July 6, 2012

ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်

ဇူလိုင် ၇ ရက် ကျောင်းသားအရေးတော်ပုံကို သက်ဆိုင်ရာက အကြမ်းဖက် နှိမ်နင်းခဲ့တာဟာ အင်မတန်ဝမ်းနည်းဖွယ်ရာဖြစ်ကြောင်းနဲ့ ဖျက်ဆီးခံခဲ့ရတဲ့ သမဂ္ဂအဆောက်အဦးကို ကျောင်းသားတွေ ပြန်လည် တည်ဆောက်ခွင့်ရသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
ပြောဆိုလိုက်ပါတယ်။
ဒါ့အပြင်သူက ပြီးခဲ့တဲ့ဥရောပ ခရီးစဉ်အတွင်း သက်ဆိုင်ရာအစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံအပေါ် ကူညီနိုင်မယ့်နည်းလမ်းတွေကို အကျိုးရှိစွာ ဆွေးနွေးနိုင်ခဲ့ကြောင်း စသဖြင့် RFA ကိုထုတ်ဖေါ် ပြောဆို လိုက်ပါတယ်။
အပြည့်အစုံကို ဦးခင်မောင်စိုးတင်ဆက်တဲ့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာနားဆင်ပါ။

No comments:

Post a Comment