Tuesday, July 10, 2012

ကချင်ပြည်နယ်မှာ မိုးတွေရွာ


 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

ဧရာဝတီပျက်ဆီးမှာ သိပ်ကြောက်လိုက်တာ---

အမိုးမပါ မိုးရွာလိုက်တော့
သက်မဲ့ မဟုတ်သော လူသားတွေမှာ
ဖျားလိုက် နာလိုက် ၀မ်းလျှောလိုက်
ပြေးလိုက် ပုန်းလိုက် ငရဲမီးလိုက်
စားချင်ပေမယ့် အစာပြတ်ခိုက်
ဆူညံလိုက်တာ ယမ်း ခွဲသံ
ငိုသံတိုးလို့ မေ့လျှောနေ
အော်သံတိုးလို့ မကြားနိုင်ပေ
လူတွေသေလို့ မျက်ရည်ဝေ
မေခ မလိခ ပေါင်းစုံရာ
ဧရာဝတီမြစ်ကြီးဖြစ်ပေါ်လာ
မိခင်များစွာကျသော မျက်ရည်
မြစ်ဆုံကနေစီးဆင်းလာပေါ့
ဧရာဝတီကျေးဇူးသိသူ မျက်ရည်များ
ရောနှောကာ ပေါင်းပြီး စီးတော့
မျက်ရည်မြစ်ကြီး ဖြစ်ပေါ်လာ။

စစ်တွေရပ်ပါစေ မဆုတောင်းနဲ့
ဒုက္ခ မဖြစ်ပါစေ မဆုတောင်းနဲ့
စစ်ဖြစ်အောင် လုပ်သူတွေကို တား
ဒုက္ခဖြစ်အောင် လုပ်သူတွေကို တား။

အားပေးမှုတွေ၊
ယုံကြည်စွာနဲ့ထောက်ခံမှုတွေ
သြဘာသံတွေကြားကလူ
သွေးပွက်ပွက် ဆူနေတဲ့မြေပြင်
စိတ်ညစ်စရာတွေ ပြည့်နေတဲ့နေရာ
မပြည့်စုံမူတွေနဲ့ ညီးညူနေတဲ့နေရာ
အသံတွေ ကြားနေရတဲ့ မီးရောင်ကြားက လူ
ဒီလူတွေအကြောင်း၊ အောင်ပွဲရဲ့အကြောင်း
သမိုင်းမှာမရေးပါနဲ့------
ဘုရားသခင်သိပါတယ်။          ။

အောင်မြင့်သန်း
July 9,2012

No comments:

Post a Comment