ဦးမောင်အေး (ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ငြိမ်း) ဒုတိယ
ဗိုလ်ချုပ်မှူးကြီးဟောင်း) သည် ဦးနှောက်သွေးကြောရောဂါကြောင့် ဆေးကုသမှု
ခံယူနေရကြောင်း စုံစမ်းသိရှိရပါသည်။
ဦးမောင်အေးသည် ဇူလိုင်လ ၈ ရက်နေ့တွင် ကျန်းမာရေး အခြေအနေကြောင့် ရန်ကုန်မြို့ရှိ တပ်မတော်...စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရပြီး ယနေ့ (ဇူလိုင်လ ၉ ရက်နေ့) တွင် စင်ကာပူနိုင်ငံရှိ Mount Elizabeth ဆေးရုံသို့ သွားရောက်ဆေးကုသမှု ခံယူဖွယ် ရှိကြောင်း စုံစမ်းသိရှိရပါသည်။
ဦးမောင်အေးသည် ဒီဇင်ဘာလ ၂၅ ရက် ၁၉၃၇ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး DSA အပတ်စဉ် (၁) ဆင်းဖြစ်ကာ ၁၉၅၅ ခုနှစ်တွင် တပ်မတော်သို့ စတင်ဝင်ရောက်ခဲ့သူဖြစ်သည်။
၎င်းသည် ထိုအချိန်မှစ၍ တပ်မတော်တွင် ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးအဖြစ် ၂၀၁၁ ခုနှစ် မတ်လတွင် ရာထူးမှ အနားယူသည်အထိ တပ်မတော်တွင် နှစ်ပေါင်း ၅၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
Emg
"Myanmar's number two general in former junta suffers stroke"
Updated: 6h 49m ago.
Vice-Senior General Maung Aye, who rose to be deputy chairman of the State Peace and Development Council, was admitted to hospital in Naypyitaw.
"He is sick and will go to Singapore for treatment," said Htay Oo, general secretary of ruling Union Solidarity and Development Party (USDP). "His condition is not that serious," he added.
The USDP is the political arm of the military establishment, which ruled the country through various regimes from 1962.
Myanmar has been under nominal civilian rule since the pro-military USDP came to power after winning a general election in November 2010.//DPA

No comments:
Post a Comment