Tuesday, July 10, 2012

ကြားရသမျှ

byကိုသန်းထွန်းအောင်
on Tuesday, July 10, 2012 at 2:07am ·
သမတကြီး က တော့ မိန့်ခွန်းထဲ ထည့်ပြော သွား ပါ ဘီ ခင်ဗျာ ၊ အစိုးရ အဖွဲ့ က ပြုပြင် ပြောင်း လဲ
တွေ လုပ်လိုက်တာ ၊ ပထမ အဆင့်တောင် ပြီး သွားလို့ ဒုတိယ အဆင့် ကို အရှိန် အဟုန် နဲ့ ဆက်
လုပ် ပ မယ် တဲ့ ခင် ဗျာ ၊ ပထမ အဆင့် က ဘယ် လို များ ပြီး သွား သလဲ မသိ လိုက် ရ ပါ ခင်ဗျာ
အခု ဒုတိယ အဆင့် လုပ် တာ ကို တော့ အခု ယူရို ဘောပွဲ ကြည့် သလို ပွဲစဉ် ဇယား ထုတ် ပေးထား
ရင်တော့ အိပ် ရေး ပျက် ရင် ပျက် ပ လေ့ စေ ၊ သေ ချာ လေး တော့ စောင့် ကြည့် ပ မယ် ခင် ဗျာ။

ကြားနေ ရတာ က တော့ ဝန်ကြီး ဌာန တွေ အများကြီး မထား တော့ ဘူး ။ ဒေါ်လာဈေး ကို တထောင်
ဝန်ကျင်လောက် ဖြစ်အောင်ဆွဲ တင် မယ် ၊ ဝန်ဆောင်မှု လုပ်ငန်းတွေ ကို ပုတ်ဂလိကကို အကုန် လွှဲမယ်
ပြန်ကြားရေး နဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာန တွေ ပေါင်းမယ် ၊ ဆက်သွယ်ရေး ဝန်ကြီးဌာန ၊ ပို့ဆောင်ရေး
ဝန်ကြီးဌာနတွေ ပေါင်းမယ် ၊ ပြည်ထဲရေးနဲ့ လူဝင်မှု ပေါင်းမယ် ၊ ပို့ဆောင်ရေးနဲ့ မီးရထား ဝန်ကြီးဌာန
တွေ ပြန်ပေါင်းမယ် လို့ ကြားနေရပါတယ်။

ဟို အရင် ဦးစောမောင် တက်ခါစ ငြိမ်ပိ လက်ထက် ဝန်ကြီး ဌာန တွေ ထက် မနဲ ၊ ဦးနေဝင်း ခေတ်
တော်လှန်ရေးကောင်စီ တက် ခါ စ လောက် မများ ၊ တဲ့ ဝန်ကြီး ဌာ န ဦးရေ ၊ ပျန်းမျှခြင်း အစိုးရ ပေါ့
ခင် ဗျာ ။ တကယ် တမ်း ဘယ်လို ပြောင်း လဲ တယ် ဆို တာ ကို တော့ တီဗွီ မှာ ကြေ ငြာ တော့ မှ
သိ ရ မှာ ပါ ခင် ဗျာ။

အမေစု က လည်း ပြု ပြင် ပြောင်း လဲ ရေး တွေ လုပ် ရင် ပညာရေး ကို အခြေ ခံ မှ စ ပြီး ပြု လုပ် ဘို့
လို ကြောင်း ပြော သွား ပါ တယ်။ အမှန် ဆုံး ပါ ခင်ဗျာ ၊ ကျွန်တော် တို့ နိုင်ငံ ပညာ ရေး က တွေး
ကြည့် လေ ရင် မော စရာ ကောင်း လေ ပါ ဘဲ ၊ မတွေး ဘဲ ၊သတင်း ဘဲ နားထောင် ၊ တီဗွီ ဘဲ ကြည့်
သတင်း စာ ကို ဘဲ ဖတ် မယ် ဆိုရင် တော့ အို ကေ သလို လို ပါ။ မနှစ် က ဆေး တက္ကသိုလ် ဝင်ခွင့်
နောက်ဆုံး အမှတ် က ၅၅၀ ဆိုလား ပါ ခင်ဗျ ၊ ၆ ဘာ သာ ကို အမှတ်ပေါင်း ၅၅၀ ရ တယ် ဆိုတာ
နဲနဲ နောနော မဟုတ်ရ ပါ။ ပျန်းမျှ အမှတ် ၉၀ ကျော်ပါ။ အင်း ဘယ်လိုများ ရ ကြ ပါ လိမ့်၊ မြန်မာစာ
ဘိုင်အို ဆိုတာ က ၇၀ ကျော် ရ ဘို့ ဆိုတာ ၊ ကျွန်တော် တို့ ငယ် ငယ် က အိမ် မက် တောင်
မ မက်ဘူး ပါ ခင် ဗျာ။

တလော က စာစောင် တခု ထဲ မှာ ရီစရာ ရေး တာ လေး ဖတ် လိုက် ရ ပါ တယ်။ တိုင်း ပညာရေးမှူး
က ကျောင်းတွေ ကို စစ် ဆေး ရေး သွား တာ လေး ရေး ထား တာပါ။ စစ်ဆေးရေး အဖွဲ့ က ကျောင်း
တ ကျောင်း ရောက် တော့ ၊ သင်ထောက်ကူ ၊ ကဘာလုံး ပုံစံတူ ၊ လေး ကိုင်ပြီး ၆ တန်း ကျောင်းသား
တယောက် ကို မေးခွန်း မေး ပါ သတဲ့ ၊ မေး တဲ့ မေး ခွန်း က ၊ ကဘာကြီး က ဘာ လို့ နှစ်ဆယ့်သုံး
နှစ်ပိုင်း တ ပိုင်း ဒီဂရီ စောင်း နေ ရ ပါ သလဲ လို့ မေး ပါ တယ်။

ကျောင်း သား က ပြာ ပြာ သလဲ ဖြစ် သွားပြီး ၊ သူ ဖြေလိုက် ပုံ က ၊ ဟာ အဲ လို စောင်း သွား တာ
ကျွန်တော် လုပ်တာ မဟုတ်ပါ ဘူး ခင်ဗျ ၊ ကျွန်တော် ဒီ ကဘာလုံး ကို တခါ မှ မကိုင်ဘူး ပါဘူး ခင်ဗျ
လို့ အဖြေ ပေး ပါတယ် ၊ အတန်း ပိုင် ဆရာ မ က လဲ ၊ ဟုတ်ပါ တယ် ၊ ဒီ ကလေး က ဒီလောက်
အဆော့ မသန်ပါဘူး ၊ တခြား ကလေးတွေ ဆော့ လိုက် လို့ စောင်း သွား တာ ပါ လို့ ဖြေ ပါ တယ်။

ပထဝီ သင် တဲ့ ဆရာ မ က တော့ ဝင် ပြော ပေး ပါ တယ် ၊ ဟုတ်ပါ တယ် ရှင့် ၊ ‘ဒီ ကဘာ လုံး က
စောင်း သွား တဲ့ ကိတ်စ က ၊ ကလေး တွေ ဆော့ တာ မဟုတ်ရပါဘူး ရှင့် ၊ ကျွန်မ က သူတို့ ကို
ပေး မဆော့ ပါဘူး ၊ ရို ရို သေ သေ ဘီရို ထဲ သိမ်း ပါ တယ် ၊ အမှန် က ဒီ ကဘာ လုံး ကြီး က
ကျောင်း အုပ်ကြီး က ၊ မြို့ က ယူ လာ က တဲ က ၊ အ စောင်း ကြီး ယူ လာ တာ ပါ တဲ့ ခင် ဗျ။

ဒီလို မေးတာ ဖြေတာတွေ လဲ ကြားရရော ၊ တိုင်း ပညာရေးမှူး ရဲ့ မျက်နှာ က ဒေါသ နဲ့ နီရဲ လာ ပါ
တယ် ၊ ဒါ နဲ့ ကျောင်းအုပ်ကြီး က ပြေ ရာ ပြေ ကြောင်း ပြော ရ ရှာ ပါ တယ်၊ ဟုတ် ပါ တယ်ခင်ဗျာ
ဒီ ကဘာလုံး ကို တခြား စာအုပ်တွေ ၊ ဗလာစာအုပ် တွေအများကြီး နဲ့ ရော သယ်မိ လို့ စာအုပ်ပိ ပြီး
စောင်း သွား တာ ပါ ခင် ဗျာ ၊ နောက် တခါ ဆို ရင် ဒီလို မစောင်း အောင် ဂရုစိုက် ပ မယ် ဆို ပြီး
မျက်နှာ သေ လေး နဲ့ ပြော ရှာ ပါ တယ်။

မြို့နယ် ပညာရေးမှုး က လဲ စိတ်မကောင်း ဖြစ် သွား တဲ့ မျက် နှာ နဲ့ ၊ ဆရာကြီး ရာ ၊ ကဘာလုံး
စောင်း နေတာ မြင် ရင် လဲ ၊ စော စော စီး စီး ၊ ကိုယ့် အား ကိုယ် ကိုး ပြီး ၊ မိဘ ဆရာ အသင်း
ရံပုံငွေ နဲ့ ပြင်ထား ရော ပေါ့ ဗျာ ၊ အခု တော့ ပြော စရာ ဖြစ် ပြီ ပေါ့ ၊ တိုင်း ပညာ ရေးမှူး ကြီး
ခင်ဗျာ ၊ နောက် ကို ဒီလို မဖြစ် စေ ရ ပါ ဘူး ခင် ဗျ၊ အခု ဘဲ ရုံးစာ ထုတ်ပ မယ် ၊ ကျွန်တော့
မြို့နယ် တွေ ထဲ က ကျောင်း တွေ အား လုံး ၊ ကဘာလုံး ကို ဂရုစိုက် ထိမ်းသိမ်းဘို့ နဲ့ စောင်း နေတာ
ရှိရင် ချက်ချင်း ပြန်ပြင် ဘို့ ၊ လိုအပ် ရင် အထက် ကို တင် ပြ ဘို့ ရုံးစာ ထုတ် ပ မယ် ခင် ဗျာ တဲ့ ။

တိုင်းပညာရေးမှူးကြီး လဲ နထင် ကို သွေးတိုး သွား တာ ဘဲ အဖတ် တင် ပါ တယ် ၊ ဖြေ တဲ့ လူ တွေ
က အလွန် မရှိ ပါဘူး ၊ မေး တဲ့ လူ ရဲ့ အပြစ် ပါ ခင် ဗျာ ။ ပညာရေး ကို ပြု ပြင် ပြောင်း လဲ ရေး
လုပ် မယ် ဆို ရင် ၊ အောက် ခြေ မူ လ တန်း အဆင့် က စ ပြီး ၊ ပြောင်း နိုင် မှ သေချာ မှာ ပါ။

နောက်တခု က ကျွန်တော်တို့ တတွေ အင်္ဂလိပ်စာ ၊ အင်္ဂလိပ် စကား ကို ဒီ နေ့ အထိ ၊ တန်းဝင် အောင်
အဆင့်မီအောင် မပြောနိုင်တာ ၊ စကား ပေါက် အောင် မပြော နိုင်တာ တွေ ပါ ၊ တနေ့ က
အင်တာနက် မှာ အီဂျစ်နိုင်ငံ ဆိုင်ရာ မြန်မာသံ အမတ် နဲ့ အီဂျစ် ရုပ်မြင်သံကြား တို့ အင်တာဗျူး တာ
တွေ့ ရ ပါတယ် ၊ သံအမတ်ကြီး ခမျာ ၊ ကိုယ်ပြော မဲ့ စကား လူငှား ပြော ရ တာ တွေ ၊ ကြား ထဲ က
စကားပြန် လုပ်ပေး တဲ့ ဗမာ သံမှူး လား ၊ ရုံးအုပ် လားတော့ မသိပါ ခင်ဗျာ ၊ ရက်စ် နိုး အောရိုက်
အိုးနင်း ခွက်နင်း နဲ့ ရှင်း ပြ တာ ၊ ရိုဟင်ဂျာ အရေး ၊ ကိုယ့် နိုင် ငံ က ဘဲ တရားခံ ဖြစ် ရ မဲ့ ပုံပါ။

အင်္ဂလိပ်စာ က လဲ ဗျာ ၊ ဆယ်တန်း အထိ လဲ နှစ် တိုင်း သင် ရ ၊ တက္ကသိုလ်ရောက် တော့ လဲ ထပ်
သင် လိုက် ရတာ ၊ ဆယ် နှစ် ဆယ် မိုး ၊ အမျိုး မျိုး သင် ခဲ့ ရ ပေ မဲ့ ၊ တိုး မပေါက် သေး ပါ
ခင် ဗျာ ။ သူများ နိုင်ငံ တွေ ၊ ပညာသင်သွားရလို့ ဒုတိယဘာသာ စကား ၊ ဂျာမန် ၊ ဂျပန် ၊ ရုရှ
ပြင်သစ် ၊ စပိန် ၊ ဘာ ဘဲ သင်သင် ၊ ဘာ သာ စကား ထပ် သင် ဘို့ က ၊ အချိန် ၆ လ က နေ
၉ လ အထိ အများ ဆုံးပေါ့ ခင်ဗျာ ။ ကျွန်တော် တို့ က အင်္ဂလိပ်စာ ကို ၁၀ နှစ် ၁၀ မိုး မက
သင် ခဲ့ ကြ ရ ပြီး ၊ ကိုယ် ပြော တာ လဲ သူများ နား မလည်၊ သူ များ ပြော နေ တာ လဲ ကိုယ်
နား မလည် ဖြစ် နေ ရတာ ၊ ဘာ ကြောင့် လဲ ဆို တာ ပြန် သုံး သပ်ဘို့ လို နေ ပါ ဘီ။

တကယ်တော့ ဘယ်ဘာသာ စကား က မှ အခက်ဆုံး ဆို တာ မရှိ ပါဘူး ၊ ပါတ်ဝန်းကျင် ရှိရင်
တတ်ပါတယ် ၊ မွေး ကတဲက အင်္ဂလန် မှာ မွေး လာ တဲ့ ခလေး တို့ ၊ ဘို အိမ် မှာ စားပွဲထိုး တို့
မာလီ တို့ ဂိတ်စောင့် တို့ လုပ် လာ တဲ့ လူ တွေ မှာ ပညာ အခြေခံ မရှိဦးတော့ အင်္ဂလိပ် လို
မွှတ်နေအောင် ပြောနိင် ဆို နိုင် ရှိကြပါတယ် ၊ အင်္ဂလိပ် လို မပြော တတ် တဲ့ သူ ကို အင်္ဂလန် ကို
၆ လ လောက် ပို့ထားရင် ၊ ခန နေရင် ၊ သူ လဲ မွှတ် နေအောင် ပြော တတ် မှာ ပါ။

အင်္ဂလိပ်စကား ပြော တတ်ဘို့ ရာ ပထမ ဦးဆုံး က အသံထွက်မှန် ရ ပါ မယ်၊ အသံမှန် ကို သိမှ
သူများ ပြောတာ ကိုယ် မှန်မှန် ကန်ကန် ကြား ပြီး နားလည် နိုင် မှာပါ ၊ ကိုယ့် အသံ က လဲ
အသံထွက် မှန် မှာ ၊ သူ များ က ကိုယ် ဘာ ကို ဆို လို တယ် ဆို တာ သိမှာပါ။ ခု များ တော့ ဗျာ
မြန်မာပြည် က အင်္ဂလိပ်စာ ဆရာ ဆရာမ တွေ က အဆင့် မီမီ ပြော နိုင် တဲ့ သူ နည်း ပါ တယ်။
အများ စု က တလွဲ တွေ ပြော နေ တာ များ ပါ တယ်။ ကျွန်တော် တို့ က အင်္ဂလိပ်စာ ကို ၁၀ နှစ် ၁၀
မိုး မက သင် ခဲ့ ကြ ရ ပြီး ၊ ကိုယ် ပြော တာ လဲ သူများ နား မလည်၊ သူ များ ပြော နေ တာ လဲ
ကိုယ်နား မလည် ဖြစ် နေ ရတာ ၊ အဓိက အချက် က စာ အမှန် ၊ အသံ အမှန် ကို မသင် ခဲ့ ရ လို့ ပါ။

ကျွန်တော် တို့ က အင်္ဂလိပ်စာ ကို ၁၀ နှစ် ၁၀ မိုး မက သင် ခဲ့ ကြ ရ ဆိုတာ ၊ တလွဲ တွေ သင်
တလွဲ တွေ အသင် ခံ ရ ပြီး အချိန် ကုန် ၊ အကျိုး မရှိ ဖြစ် နေတာပါ။ ပညာရေး ကို ပြု ပြင်
ပြောင်း လဲ မယ် ဆိုရင် လဲ ၊ အင်္ဂလိပ်စာ ဆရာ ဆရာမတွေ ကို နေးတစ် စပီကာ တွေ ခေါ်ပြီး
သေချာ သင် ၊ စာ စ သင် မဲ့ သူ က စ မမှား အောင် ကြို တင် ပြင် ဆင် သင့် ပါ ဘီ ခင် ဗျာ။
နောင် မျိုး ဆက် သစ် တွေ ကို ၊ နိုင်ငံ တကာ မှာ ယှဉ်ပြော ရင် အင်္ဂလိပ် စကား ကို တန်းဝင် အောင်
အဆင့်မီအောင် မပြောနိုင်တာ ၊ စကား ပေါက် အောင် မပြော နိုင်တာ တွေ မဖြစ် စေသင့် တော့ ပါ ခင်ဗျာ ၊

ဒီ နေ့ နိုင်ငံရေး လောက ထဲ က လူ တွေ အလုပ် လုပ် ဘို့ လို နေ ပါ ဘီ၊ ဝေ ဘန် လေ ကန် ၊ တဦး
ကို တဦး အပုပ်ချ တာ တွေ လုပ် နေမဲ့ အစား ၊ သူများ ညံ့ ကြောင်း ပြော ချင် လို့ ၊ ကိုယ် တော်
ကိုယ် တတ် ကြောင်း ၊ အကျိုး မရှိ အချိန် ကုန် ခံ မဲ့ အစား ၊ ကိုယ် လုပ် တာ ကို ၊ နိုင်ငံ နဲ့ လူ မျိုး
အကျိုး ဦးတည် ပြီး လုပ် ပေး ကြ ပါ ခင် ဗျာ။

ဘာ ဘဲ လုပ် လုပ် ၊ ဥပဒေ အထိမ်း အကွပ် လို ပါ တယ် ၊ ဥ ပဒေ ချမှတ် ပြီး ရင် ၊ ဥပဒေ ပါ
ရည်ရွယ်ချက် ကို ဘယ် သူ က ဘဲ အကောင် အထည် ဖော် ဖော် ၊ လမ်း လွဲ စရာ မရှိ ပါဘူး ခင်ဗျာ
ပညာရေး မှာ အစိုး ရ က သာ မက ၊ ပုတ်ဂလိက ၊ နိုင်ငံတကာ က ပါ ဝင် ရောက် ဆောင်ရွက် ခွင့်
ပေး ဘို့ လို ပါ တယ်။ အစိုးရ တက္ကသိုလ် ၊ အစိုးရ ကျောင်း ၊ မှ တပါး အခြား မရှိ ဆို တာ က
တိုးတက် ဘို့ အကြောင်း မရှိ ပါဘူး ခင် ဗျာ ။ စင်္ကာပူတို့ မလေးရှား တို့ ယိုးဒယား တို့ မှာ လဲ
သူတို့ နိုင်ငံပညာရေး မှာ အစိုး ရ က သာ မက ၊ ပုတ်ဂလိက ၊ နိုင်ငံတကာ က ပါ ဝင် ရောက်
ဆောင်ရွက်နေ တာတွေ တွေ့ ရ မှာ ပါ။

အခုလဲ ကြားနေရတာ က အရင် အာအိုင်တီကြီး ကို အရင်လို ဘဲ ဆယ်တန်း အောင် တဲ့ ကျောင်း သား က စပြီး
ပြန် လက် ခံတော့ မယ် ဆို တာ ပါ။ ကျွန်တော်တို့ ကျောင်းတော်ကြီး က ပိတ်ထား တာ ကြာ
ဘီဆိုတော့ နှမြောစရာပါ။ မနှစ် က စပြီး အဆောက် အဦးတွေ ပြင်နေတာ တွေ့ ရ ပါ တယ်။ ဆောက်
လုပ်ရေး လုပ်ငန်း ပိုင်ရှင်တွေ ၊ အင်ဂျင်နီယာဘွဲ့ရ လုပ်ငန်းရှင်တွေ ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း
က လူ တွေ အစည်းအဝေးတွေ ခေါ်ပြီး ကိုယ် တတ် နိုင် တာ ကိုယ် ပြင် ပေး နေ တာ တွေ့ ရ ပါတယ်။
ခေါင်မိုး မိုးယိုတာ ပြင်နိုင်တဲ့ လူ က တမျိုး ၊ ကျောင်းရှေ့ ရေပန်းကြီး ကို အရင် က အတိုင်း ပြန် လုပ်
ပေးတဲ့ သူ က လုပ် ပေး ၊ အေ ဘီ စီ ဒီ ဘလောက် တွေ ကို အရင် က အတိုင်း ၊ ကုတင် တို့ ဘီရို
တို့ ပြန် လှူတဲ့ လူ က လှူ ၊ အခန်း တွေ ဆေး သုတ် တာ တောင် အရင် ခေတ် က အရောင် လေး
တွေ ပြန် သုတ် တာ နဲ့၊ ဗကျာင်း ကြီး က အခု အတော် လှ နေပါ ဘီ။

လှူတဲ့ သူ တွေ က လဲ စိတ်ကူးလေး တွေ ကောင်း ကြ သဗျာ ၊ လှူ ရင်း နဲ့ ၊ ဖဲ သမား အလှူ ရှင်
တယောက် ဆို ရင် ၊ သူ ကျောင်း တက် တုံး ၊ အေ ဘလောက် မှာ ဖဲ ရိုက် တုံး အဆောင်မှူး ဦးဘမြင့်
လိုက်ဖမ်း လို့ ဘီ ဘလောက် ဘက် ဆင်းပြေး တာ မှာ သုံး ခဲ့ ရ တဲ့ ဖြတ်လမ်း လေး ၊ အခု ခြုံ တွေ
ဖုံး နေ လို့ လမ်း ပျက် နေ တာ မြင်တော့ ၊ တ သ သ နဲ့ ပေါ့ ဗျာ ၊ အခု အဲဒီ ဖြတ်လမ်း လေး ကို
ထူး ရှယ် ၊ ပြန် ပြင် ထား ပါ တယ် ၊ နောင် လာ နောက် သား ဖဲ သမား များ ၊ အစဉ် အလာ မပျက်
ဆက် ပြီး အသုံး ပြု နိုင် အောင် ပါ တဲ့ ခင် ဗျာ။

သူ က ပြောတာ က ၊ အခု လို အောင် မြင် တဲ့ ဆောက်လုပ်ရေး လုပ်ငန်း ရှင် အင်ဂျင်နီယာကြီး
တယောက်ဖြစ်လာဘို့ က အာအိုင်တီ မှာ ဖဲ ရိုက်ခဲ့ တဲ့ အလေ့အကျင့် တွေ က ကောင်းကောင်း
အထောက်အပံ့ ပြု ပါ တယ် တဲ့ ခင်ဗျ ၊ ကိုယ့် မှာ ရှိ တဲ့ အခွင့် အရေး ကို အကောင်း ဆုံး အသုံးချ
တတ်တာ ၊ မလိုအပ် ဘဲ လောမကြီး အောင် မှင် နဲ့ နေ တတ် တာ ၊ ဘယ် သူ က ဘာ ဖြစ် လောက်လဲ
အမှန်ဆုံး ခန့် မှန်း တတ်တာ ၊ ရှေ့ ဖြစ် လာ နိုင်တဲ့ ဖြစ် နိုင် ခြေ ကို သုံးသပ် တတ်တာ ၊ ရှေ့ ဆက်
ပြီး လုပ် သင့် မလုပ်သင့် စက်ကန့် ပိုင်း အတွင်း ဆုံးဖြတ် တတ်တာ ၊ ကိုယ့် မှာ ငွေ ပြတ် သွား ရင်
ချက် ချင်း အဆင် ပြေ အောင် ဖန်တီး တတ် တာ ၊ အနိုင် အရှုံး လောကဓံ ကို တည်တည် ငြိမ်ငြိမ် နဲ့
ရင် ဆိုင် ဖြေ ရှင်း တတ် တာ ၊ လူ့လောက ကို ဖြတ်သန်း ဘို့ လိုအပ် တဲ့ အရည်အချင်း တွေ ကို
ဖဲ ရိုက်ရင်း လေ့ ကျင့် ယူ ရ ပါ တယ် တဲ့ ခင် ဗျ ၊ ယောက်ကျားကောင်း တို့ တတ် အပ် တဲ့
ပညာ တွေ ထဲ မှာ လဲ ဖဲ ရိုက် တတ်ဘို့ လို ပါ တယ် တဲ့ ခင် ဗျ ၊ သူ ပြော တာ လေး ကို ကြုံ
လို့ ပြော ပြ တာ ပါ ခင် ဗျာ ၊ ဘုရား ဟော စကား မဟုတ် လို့ လိုက် လုပ် စရာ မလို ပါ ခင် ဗျာ။

အခု အာအိုင်တီ မှာ လက် ခံ မဲ့ ကျောင်း သား တွေ က အရင် လို ဖား တပိုင်း ငါး တပိုင်း အဆင့်
လိုက် ၊ ဖားလောင်း က နေ အေဂျီတီအိုင် ဘီတက် ဘီအီး ဘွဲ့ ကို တဆင့်ချင်း ပြောင်း တာ မျိုး မဟုတ်
ဘဲ တခါ တဲ ဘီအီး ဘွဲ့ ကို တန်း တက် ရ မှာ ပါ တဲ့ ခင် ဗျ ၊ အသစ် တွေ ဘယ် လို ပြောင်း ပြောင်း
အဟောင်း ကို တော့ တလည် လည် ပါ။ ဒါပေမဲ့ ဝင်ခွင့် အမှတ် က တော့ မြင့် ပါ လိမ့် မယ်
အခု ပုံစံ ပြောင်း လိုက် လို့ ရ လာ မဲ့ အင်ဂျင်နီယာ တွေ အရည်အချင်း ရှိ မရှိ က တော့ အနည်းဆုံး
၆ နှစ် တော့ စောင့် ကြည့် ရ ဦး မှာ ပါ ၊ တကယ် တန်း ကျ တော့ ၊ သင် တဲ့ ဆရာ တွေ
အရည် အချင်း ရှိ မရှိ ၊ ကြည့် ယုံ နဲ့ ခန့် မှန်း လို့ ရ ပါ တယ်။ ဆရာ က ဘာ မှ မ တတ် ဘဲ
တပည့် ကောင်း ရ ဘို့ ၊ မျော် လင့် လို့ မဖြစ် နိုင် ပါ ခင် ဗျာ ။

ပြု ပြင် ပြောင်း လဲ ရေး ဆို လို့ ၊ အခု တလော တယ် လီဖုန်း ၅၀ဝ၀ တန် ကိတ် စ သွေး အေး သွား
သလို ဖြစ် နေ ပါ တယ် ။ ကျွန်တော် က လာအို ကို ခန အလည် ရောက် ပါ တယ်။ လာအို မှာ
ဂျီအက်အမ် ဖုန်းနံပါတ် တခု ၊ ဆင်းကဒ် တခု ကို ၁ ဒေါ်လာခွဲပါ။ ဘာ မှတ်ပုံတင် မှ ပြစရာ မလို
ပါဘူး ။ မြို့လည်ခေါင် ဥယာဉ် ထဲက ခိုစာ ရောင်း တဲ့ အဒေါ်ကြီး ရဲ့ ဈေးဘန်း ထဲ က ဝယ်လာတာပါ
အဲဒီမှာ ဖုန်းကဒ် ဆင်းကဒ် က ပေါ မှ ပေါ ပါ ၊ ထမင်းဆိုင် အရက် ဆိုင် ၊ အကြော်ဆိုင် ၊ ဆိုက်ကား
ဂိတ် ၊ ဓါတ်ဆီ ထဲ့ တဲ့ နေ ရာ ၊ ဘယ် နေ ရာ ဝယ် ဝယ် ၊ ဈေး အတူ တူ ပါ ခင် ဗျာ။

ကျွန်တော်ပြောတာ တော့အပ် ကဒ် ကို ပြော တာ မဟုတ်ပါ။ ဖုန်းနံပါတ် ပါ တဲ့ ဆင်းကဒ် ကို ပြော
တာပါ။ အဲဒီ ဖုန်းနံပါတ် ကို ကိုယ် က ကြိုက် သွား လို့ ၊ အပိုင် လို ချင် တယ် ၊ ဒါ မှ မဟုတ် ဖုန်း
က ဘယ်ထား မိ သွားလို့ ပျောက်သွား တာ ကို ၊ အဲဒီ နံပါတ် ဘဲ ပြန် ရချင် တယ် ဆို ရင် တော့
မှတ်ပုံတင် ပြ ပြီး စာရင်း သွင်း ထားဘို့ လို ပါ တယ် တဲ့။ ဈေး ချို လိုက် တာ ဗျာ။

မေး ကြည့် တော့ ၊ ကမ်ဘောဒီးယား မှာ က ပို ပြီး ဈေး ချို ပါ သတဲ့ ဗျ ၊ တဒေါ်လာ ဝန်းကျင်ဘဲ
ပေး ရ ပါ သတဲ့ ခင် ဗျ။ ကျပ် ၁၀ဝ၀ တောင် မပြည့် ပါဘူး ။ ဘယ်လို များ ဖြစ် ရ ပါ သလဲ ခင် ဗျာ
မြန်မာ့ဆက်သွယ်ရေး က လူ တွေ ၊ အဲဒီ နိုင်ငံ တွေ မှာ ဘယ် လို လုပ် သလဲ ဆို တာ မေးကြည့်
ပါဦး ၊ သတင်းစာ ထဲ မှာတော့ ၊ အင်ဖရာ စထြပ်ချာ ၊ ဘက်ဘုံး ၊ ဖိုင်ဘာအော့တစ် တွေ ၊ နေရှင်နယ်
နက်ဝပ်ခ် တွေ စတေရှင် တာဝါ တွေ အများကြီး ထောင် ရ လို့ ဗမာပြည် က ဈေးကြီး နေ တယ်
ဖတ်ရ ပါ တယ် ၊ ဟို နိုင်ငံ တွေ မှာ လဲ တိုင် တွေ အများကြီး ထောင် ထား တာ တွေ့ ခဲ့ ပါတယ်။
ကြိုး တို့ ဘာ တို့ လဲ ၊ဗမာပြည် မှာ လို ဘဲ ဖိုင်ဘာကြိုး သုံး ပါ သတဲ့ ၊ အပ် ချည်ကြိုး ကို တော့
ဘယ် နိုင်ငံ က မှ မသုံး ပါဘူး ထင် ပါ တယ် ၊ နား တော့ မလည် ပါဘူး ၊ တွေ့ ခဲ့ ကို တာ ပြော ပြ တာပါ

သေချာ တာ က တော့ ၊ ဗမာ ပြည် ထဲ က ရှိ သမျှ ငတုံး တွေ အကုန် စု ထား ပြီး အလုပ် လုပ် နေ
တာ က မြန်မာ့ဆက်သွယ် ရေး လုပ်ငန်း ဖြစ် မယ် ထင် ပါ တယ် ၊ တယောက် ၂ ယောက် တုံး ယုံ
လောက် နဲ့ တော့ အခြေအနေ ဒီ လောက် မ ဆိုး နိုင် ပါ ဘူး ခင် ဗျာ။ ဘေး ဘီ နိုင် ငံ တွေ ကို
နဲနဲ ပါး ပါး လဲ တီးခေါက် လေ့ လာ ကြည့် ကြ ပါ ဦး ခင် ဗျာ။

အာဆီယံ နိုင်ငံ တွေ ထဲ မှာ တော့ စီ အယ်လ် အမ် ဗွီ ဆို ပြီး ဖွံ့ဖြိုးမှု အားနည်း တဲ့ လေး နိုင်ငံ ၊
ကမ်ဘောဒီးယား ၊ လာအို ၊ မြန်မာ ၊ ဗီယက်နမ် ဆို ပြီး သတ်မှတ်ထား ပါတယ် ၊ ဗီယက်နမ် က တော့
ဆရာကြီး နိုင်ငံ ဖြစ်လာတော့ မှာကြောင့် ဒီ စာရင်း ထဲ က ထွက် ပါ တော့ မယ် ၊ ကျန် ခဲ့ တဲ့
၃ နိုင်ငံ မှာ မြန်မာ က တခြား ၂ နိုင်ငံ ကို ရင်ဘောင် မတန်း နိုင် တော့ ဘူး လား ခင် ဗျာ။
ဗနာက် ကျ နေ ပါ ဘီ၊ နောက် ကျ တာ ကို ဘယ် လောက် ဝေး ဝေး မှာ ၊ တယောက် ထဲ ဘိတ် ဖြစ်
နေ တယ် ဆိုတာ ကို သဘော ပေါက် ဘို့ လို ပါ တယ် ခင် ဗျာ။

မြန်မာ ပြည် မှာ ၊ ဘယ် သူ တွေ က ၊ ဘာ တွေ ကို ဘယ် လို ပြောင်း ပြောင်း
အများပြည်သူ အတွက် အကောင်း တ က အကောင်း ဆုံး တွေ သာ ရ နိုင် တွေ့ နိုင် ဖြစ် ပ စေ ပ ဗျား ။

AZAWGYI(MMCP)

No comments:

Post a Comment