Tuesday, July 10, 2012

အ၀ီစိမသွားခင် ပြင်ဆင်ထားလော့



















တနင်္လာနေ့၊ ဂျူလိုင်လ ၉၊ ၂၀၁၂

ဦးမောင်အေး (ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ငြိမ်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း) ဦးနှောက်သွေးကြော ရောဂါကြောင့် ဆေးကုသမှု ခံယူနေ
Share

ဦးမောင်အေး (ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ငြိမ်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း) သည် ဦးနှောက်သွေးကြောရောဂါကြောင့် ဆေးကုသမှု ခံယူနေရကြောင်း စုံစမ်းသိရှိရပါသည်။

ဦးမောင်အေးသည် ဇူလိုင်လ ၈ ရက်နေ့တွင် ကျန်းမာရေး အခြေအနေကြောင့် ရန်ကုန်မြို့ရှိ တပ်မတော်...စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရပြီး ယနေ့ (ဇူလိုင်လ ၉ ရက်နေ့) တွင် စင်ကာပူနိုင်ငံရှိ Mount Elizabeth ဆေးရုံသို့ သွားရောက်ဆေးကုသမှု ခံယူဖွယ် ရှိကြောင်း စုံစမ်းသိရှိရပါသည်။

ဦးမောင်အေးသည် ဒီဇင်ဘာလ ၂၅ ရက် ၁၉၃၇ ခုနှစ်တွင် မွေးဖွားခဲ့သူဖြစ်ပြီး DSA အပတ်စဉ် (၁) ဆင်းဖြစ်ကာ ၁၉၅၅ ခုနှစ်တွင် တပ်မတော်သို့ စတင်ဝင်ရောက်ခဲ့သူဖြစ်သည်။

၎င်းသည် ထိုအချိန်မှစ၍ တပ်မတော်တွင် ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးအဖြစ် ၂၀၁၁ ခုနှစ် မတ်လတွင် ရာထူးမှ အနားယူသည်အထိ တပ်မတော်တွင် နှစ်ပေါင်း ၅၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

အ၀ီစိမသွားခင် ပြင်ဆင်ထားလော့

အာဏာချင်းပြိုင်
ဒင်းတို့သာအနိုင်ရသလို
ဖျားနာတာချင်းပြိုင်လည်း
ဒင်းတို့ပဲ အနိုင်ရမှာမလွဲ..။

မကောင်းမှုဆိုတာ
ဆိတ်ကွယ်ရာ မရှိပါ..။

ကိုယ်ပြုသမျှကံ
ကိုယ်ထံ အမှန်ပြန်လာမည်…။

ဗိုလ်သန်းရွှေ ဗိုလ်တင်အောင်မြင့်ဦး
ခုတော့ ဗိုလ်မောင်အေး
အဖေါ်ကလေး သုံးယောက်
အ၀ီစိကို တထောက်မနား
အရောက်သွားရတော့မှာမို့
ကြောက်ဖျားတွေမိ
အဖေါ်တွေ ညှိနေကြပါပြီတဲ့လေ…။

သေပြီးတဲ့နောက်
ငရဲမင်းထံမှောက်ရောက်ရင်
ဘယ်လိုတင်လျှောက်ကြအုံးမလဲ
ခုကတည်းက စဉ်းစားထား
အပြစ်များလျှော့ အနေကြော့အောင်
မျော့နေတဲ့ထိ စောင့်နေအုံးမှာလား..။

ခုနေအခါ..သင်တို့ရောဂါကို
အာဏာပြန်အပ် စည်းစိမ်တွေထပ်ပြီး
ကပ်တွေကျော် လာဘ်တွေခေါ်ပေးမယ်ဆိုရင်
ခုံမင်မလွဲ ပေးအပ်ကြမှာပဲမဟုတ်လား…။

ဒီလိုဧကန် အမြင်မှန်ရရင်
မသေခင်မှာ အသင်တို့အဟုတ်
လုပ်နိုင်တဲ့အလုပ်ကို မဆုတ်မနစ်
လုပ်ဖြစ်ခဲ့ပါရင် သင်တို့အပြစ်
ပြန်လှန်စစ်ပြီး
အသစ်အမိန့်ကလေး ချမှတ်ပေးပါလိမ့်
ကောင်းပိမ့်အကျိုးသာ မြော်ကိုးပါတော့…။

တက္ကသိုလ်ဘုန်းကြွယ်
ဇူလိုင် ၁၀ ၂၀၁၂

No comments:

Post a Comment